brand logo
Kategori
Cek Kesehatan
Komunitas

Bagikan

ဓါတ်မတည့်ဖြစ်လွယ်တဲ့အသားအရေပိုင်ရှင်တွေ ဒီ(၈)ချက်ကို သတိထားနော်

ဓါတ်မတည့်ဖြစ်လွယ်တဲ့အသားအရေပိုင်ရှင်တွေ ဒီ(၈)ချက်ကို သတိထားနော်

ဓါတ်မတည့်ဖြစ်လွယ်တဲ့အသားအရေပိုင်ရှင်တွေ ဒီ(၈)ချက်ကို သတိထားနော်

ဓါတ်မတည့်ဖြစ်လွယ်တဲ့အသားအရေပိုင်ရှင်တွေမှာ သူများတန်းတူဘယ်တော့မှနေလို့မရပါဘူး။ အသားမှာထိတွေ့မယ့်ဘယ်အရာကိုမဆို ကိုယ်နဲ့တည့်ပါ့မလား သတိထားနေရတာ မလွယ်လှပါဘူး။ တစ်ရှူးအစို(wet tissue)လေးသုံးလိုက်တာတောင် ဓါတ်မတည့်ရင်သေပြီဆရာပဲ။

ဒါတောင်ပြင်ပက လာရောက်ထိတွေ့နိုင်တဲ့ ရာသီဥတု၊ ဖုန်မှုန့်၊ ဓါတ်မတည့်အမှုန်အမွှား စတဲ့ပြဿနာတွေမပါသေးဘူး။ တခုခုနဲ့ ဓါတ်မတည့်ဖြစ်လာပြီဆို အရေပြားမှာ နီလာတာ၊ခြောက်သွေ့လာတာ၊ စပ်ဖျဉ်းဖျဉ်းဖြစ်တာ၊ ယားတာ၊ တင်းနေတာ၊ အဖတ်တွေကွာတာ၊ အဖုအပိမ့်တွေဖြစ်တာတွေ လက္ခဏာပြတတ်ပါတယ်။ အသားအရေထိန်းပစ္စည်း(skin care)တွေနဲ့ အလှကုန်တွေသုံးတဲ့အခါလည်း သိပ်ကိုသတိထားရတဲ့ ဒီလိုအသားအရေပိုင်ရှင်တွေအတွက် ဘယ်တော့မဆို ထည့်စဉ်းစားရမယ့်ဆောင်ရန်ရှောင်ရန်လေးတွေ ဆက်ပြီးဖတ်ကြည့်ရအောင်နော်…

(၁) ဘာဝယ်ဝယ် Label ကိုဖတ်ပါ

ဘယ် Skin care ၊ ဘယ်အလှကုန်ဝယ်ဝယ် ဘူးမှာ “ ဓါတ်မတည့်လွယ်အသားအရေအတွက်” ဆိုတဲ့ စကားလုံးမျိုး ပါသလား၊ ဘယ်အသားအရေအတွက်ဆိုတာဖော်ပြထားသလား Label အရင်ဖတ်ကြည့်ပါ။ပြီးရင် ဘာတွေနဲ့ထုတ်လုပ်ထားလဲ သိရဖို့ ပါဝင်ပစ္စည်းကိုကြည့်ပါ။ ကျန်တာနားမလည်ဘူးဆိုရင်တောင် အနံ့တု၊အရောင်တု၊ဆပ်ပြာ စတာတွေပါမနေဖု့ိ ရှာကြည့်ပါ။ ဓါတ်မတည့်လွယ်အသားအရေအတွက် ပါဝင်ပစ္စည်းနည်းလေကောင်းလေပါပဲ။ Hypoallergenic လို့ဖော်ပြထားတာကိုရွေးပါ။

(၂) အာနိသင်ပြင်းတဲ့ မျက်နှာသစ်ဆေးတွေရှောင်ပါ

လူသုံးများတဲ့ မျက်နှာသစ်ဆေးတွေမှာ ဓါတ်မတည့်လွယ်အသားအရေအတွက် မသင့်တော်တဲ့ ဓါတုပစ္စည်းတွေပါနိုင်ပါတယ်။ပြောရရင် sensitive skin အတွက် သီးသန့်ထုတ်လုပ်တဲ့ အမျိုးအစားတွေကိုပဲရွေးသုံးသင့်တာပါ။ ခုနလို ဓါတုပစ္စည်းတွေက အသားအရေကိုခြောက်သွေ့ယားယံတာ၊ အဖုထွက်စေတာ၊ အဖတ်ကွာစေတာတွေဖြစ်လာနိုင်တယ်။alcohol ၊ethylene glycol monobutyl acetate၊sodium hypochlorite၊trisodium phosphate တို့ပါဝင်တာတွေရှောင်ပါ။

(၃)ရေအကြာကြီးမချိုးပါနဲ့

ရေချိုးတာသိပ်ကြာနေရင် အရေပြားမှာရှိတဲ့ သဘာဝအဆီတွေ တဖြည်းဖြည်း လျော့ပါးကုန်ပါလိမ့်မယ်။ရေချိုးချိန်ကြာတာက အသားအရေကိုပိုခြောက်သွေ့စေပြီး၊ တင်းတာ၊ အက်ကွဲတာတွေဖြစ်စေနိုင်တယ်။ ဒါ့ကြောင့် ပုံမှန်အချိန်အတိုင်းအတာအတွင်းပဲချိုးပါ၊ အကြာကြီးမချိုးပါနဲ့။

(၄) ဆပ်ပြာစိမ်မထားပါနဲ့

ဒီအသားအရေပိုင်ရှင်တွေဟာ ရေချိုးဆပ်ပြာကြော်ငြာတွေထဲကလို ဆပ်ပြာမြှုပ်လေးတွေနဲ့(ရေချိုးဆပ်ပြာများများနဲ့) ကြာကြာနှပ်နေလို့မဖြစ်ပါဘူး။ ဖြူစင်မွှေးပျံ့နေဖို့ဆိုပြီး ဒီလိုချိုးလိုက်ရင် အပေါ်မှာပြောခဲ့သလို အဆီတွေကုန်ခမ်းပြီး ချိုးပြီးတဲ့အခါအသားတအားခြောက်ပါလိမ့်မယ်။ ယားယံတာ၊ ဓါတ်မတည့်တာဖြစ်လွယ်လာပါလိမ့်မယ်။ ချိုင်း၊ပေါင်ခြံ စတဲ့ ကြိုကြိုကြားကြားနေရာတွေကိုပဲ ဆပ်ပြာပိုသုံးချင်သုံးပါ။ ဒါပေမယ့် ဆပ်ပြာတိုက်ထားပြီး စိမ်ပြေနပြေ ချေးတွန်းနေတာမျိုး ၊ခြေသည်းလက်သည်းတိုက်နေတာမျိုးမလုပ်ပါနဲ့။

(၅) အရင်စမ်းကြည့်ပါ

Skin care တစ်ခုခုဝယ်မယ်ဆို လက်အရေပြားပေါ်မှာ နည်းနည်းအရင်စမ်းကြည့်ပါ။ ဒါမှကိုယ်နဲ့တည့်မတည့်သိနိုင်မှာပါ။ ထူးခြားတဲ့ ဓါတ်မတည့်တာဖြစ်လာရင် မသုံးပါနဲ့တော့။

(၆) Scrub မလုပ်ပါနဲ့

အသားခြောက်သွေ့သူတွေ၊ ဓါတ်မတည့်ဖြစ်လွယ်တဲ့သူတွေဆို အရေပြားဆဲလ်သေဖယ်ရှားတာတွေ မကြာခဏလုပ်ဖို့မသင့်ပါဘူး။ ပိုဆိုးစေနိုင်တယ်လို့ အရေပြားကျန်းမာရေးပညာရှင်တွေက သတိပေးကြပါတယ်။

(၇)မွှေးပျံ့နေတာတွေ မမက်ပါနဲ့

ကိုယ့်ဆီကမွှေးပျံ့တဲ့ရနံ့လေးထွက်နေရင် သဘောကျကြတာချည်းပါပဲ။ အနံ့လေးကောင်းတယ်၊မွှေးတယ်နဲ့ ဦးစားပေးရွေးရင် မှားပါလိမ့်မယ်နော်။ အမွှေးရနံ့ပြင်းတဲ့ အလှကုန်တွေ၊ skin careတွေက ဓါတ်မတည့်လွယ်အသားအရေကိုကောင်းကောင်းဒုက္ခပေးနိုင်ပါတယ်။ အမွှေးနံ့မပြင်းတဲ့ အနံ့သင်းသင်းလေးတွေကိုရွေးပါ။

(၈) အစိုဓါတ်ဖြည့်ပါ

ခြောက်သွေ့တဲ့အသားအရေကပြဿနာဖြစ်လွယ်ပါတယ်။ ဒါ့ကြောင့်ရေချိုးပြီး၊ သန့်စင်ပြီးတာနဲ့moisturizerလေးနဲ့ အစိုဓါတ်ထိန်းပါ။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
Ditinjau secara medis olehHello Sayarwon Panel
Ditulis oleh Yun Sandi Nan Mon · Tanggal diperbarui 05/11/2020