ကိုယ်ဝန်ဆောင်မေမေ ဝက်ခြံပေါက်တဲ့အခါ
အရင်က ဝက်ခြံ မပေါက်ပါဘူး။ အခု ကိုယ်ဝန်ဆောင်မှပဲ ပေါက်လိုက်တဲ့ဝက်ခြံတွေ စိတ်တောင်ညစ်လာပြီဆိုတဲ့သူတွေရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါနော်။ ဒီဆောင်းပါးလေးက ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်လာတဲ့ ဝက်ခြံတွေကို ဘယ်လိုသက်သာအောင် လုပ်ရမလဲဆိုတာကို ပြောပြပေးထားတာပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ ပေါက်တဲ့ ဝက်ခြံ
ကိုယ်ဝန်ဆောင်ချိန်မှာ ဝက်ခြံပေါက်တာက ဖြစ်လေ့ရှိတဲ့ အရေပြားပြဿနာတစ်ခုပါ။ အရင်က ဝက်ခြံမပေါက်တတ်ဘူးဆိုရင်တောင် ကိုယ်ဝန်ဆောင်ချိန်မှာဟော်မုန်းပြောင်းလဲမှုကြောင့် ဝက်ခြံဖြစ်လာနိုင်ပါတယ်။ ကိုယ်ဝန်ဆောင် ပထမ ၃ ပတ်ကာလအတွင်းမှာ ဟော်မုန်းပမာဏမြင့်တက်မှုကြောင့် ဝက်ခြံတွေဖြစ်ရတာပါ။
ကိုယ်ဝန်ဆောင်ချိန်မှာ ဝက်ခြံပေါက်တာက မေမေတိုင်းဖြစ်တာတော့ မဟုတ်ပါဘူး။ ဘယ်သူ့မှာဝက်ခြံပေါက်နိုင်လဲဆိုတာကိုလည်း ခန့်မှန်းရခက်ပါတယ်။တကယ်လို့ သင့်အနေနဲ့ ရာသီလာချိန်မှာ ဝက်ခြံပေါက်တတ်သူဆိုရင်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ ဝက်ခြံဖြစ်နိုင်ခြေက အခြားသူတွေထက်ပိုများပါတယ်။ တကယ်လို့ သင့်အနေနဲ့ ကိုယ်ဝန်ဆောင် ပထမ ၃ လပတ်ကာလမှာ ဝက်ခြံမထွက်ဘူးဆိုရင် နောက်ကျန်နေတဲ့ ဒုတိယ ၃ လပတ်ကာလမှာရော တတိယ ၃ လပတ်ကာလမှာပါ ဝက်ခြံပေါက်နိုင်ခြေနည်းသွားပါလိမ့်မယ်။
ကိုယ်ဝန်ဆောင်ချိန်မှာပေါက်တဲ့ ဝက်ခြံတွေကို ဘယ်လိုဖြေရှင်းမလဲ……..
ဝက်ခြံက အလှပျက်စေတဲ့အရာဖြစ်တာကြောင့် ကျန်တဲ့အချိန်တွေမှာ ဆေးဝါးတွေ၊ လိမ်းဆေးတွေသုံးပြီး ပျောက်ကင်းအောင် လုပ်လို့ရပေမယ့် ကိုယ်ဝန်ဆောင်မေမေအနေနဲ့ကတော့ မွေးမလာသေးတဲ့ဘေဘီလေးကို ထိခိုက်မှုနည်းစေဖို့အတွက် သဘာဝဆေးနည်းတွေကို အသုံးပြုတာက အကောင်းဆုံးဖြစ်မှာပါ။
ပန်းသီးရှာလကာရည် တစ်ဆ ရေသုံးဆတို့ကိုရောစပ်ပြီး ဂွမ်းစလေးနဲ့တို့လို့ ဝက်ခြံတွေပေါ်မှာ လိမ်းပေးလို့ရပါတယ်။ မျက်နှာပေါ်က အဆီပိုတွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်မှာပါ။
မျက်နှာပေါ်က အဆီပိုတွေကို ဖယ်ရှားပေးပြီး အနာကျက်စေနိုင်ပါတယ်။ မုန့်ဖုတ်ဆါုဒါ လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာကို ရေလက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ရောစပ်ပြီး ဝက်ခြံတွေပေါ်မှာ အုံပေးပါ။ခြောက်သွားရင်ရေဆေးချပေးပါ။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။