brand logo
Kategori
Cek Kesehatan
Komunitas

Bagikan

ဝက်ခြံအမာရွတ်နဲ့ ချိုင့်ခွက်တွေကို ဘယ်နည်းလမ်းတွေနဲ့ ကုသနိုင်မလဲ

ဝက်ခြံဖြစ်ပြီဆိုတာနဲ့ မကုတ်မိ၊ မဖဲ့မိဖို့တော်တော်သတိထားရပါတယ်။ ဝက်ခြံဆို ညှစ်ဖို့အဆင်သင့်ဖြစ်နေတဲ့လက်တွေကိုလည်း ထိန်းရသေးတယ်။ ဘာလို့ဆို ဝက်ခြံကိုအထိန်းမတော်ရင် အမာရွတ်တွေဖြစ်ကျန်ခဲ့မှာ စိုးရလို့ပါပဲ။

ဝက်ခြံအမာရွတ်နဲ့ ချိုင့်ခွက်တွေကို ဘယ်နည်းလမ်းတွေနဲ့ ကုသနိုင်မလဲ

ဒါပေမယ့် ဘယ်လောက်သတိထားထား အမာရွတ်နဲ့ ချိုင့်ခွက်ဆိုတာ ဝက်ခြံဖြစ်ပြီးတိုင်း ကျန်ရစ်ခဲ့နိုင်တဲ့အမှတ်အသားပါ။ မျက်နှာကို တစ်ခုခုလိမ်းလိုက်ရုံနဲ့ ဝက်ခြံကြောင့်ဖြစ်သမျှ အမာရွတ်တွေ ပျောက်သွားမယ်ဆို ဘယ်လောက်ကောင်းမလဲနော်။

အမာရွတ်ချိုင့်ခွက်ပျောက်ကင်းဖို့ဆိုတာ ဒီလောက်မလွယ်ပါဘူး။ အထူးသဖြင့် သက်သာဖို့တောင် ခက်ခဲခဲ့တဲ့ ဝက်ခြံအကြီးတွေဆိုရင်ပေါ့။ ဒီလိုဝက်ခြံအမာရွတ်တွေကို အရေပြားအလှပြုပြင်ရေးကုထုံးတွေနဲ့ ကုသမှ အသားအရေချောမွတ်ပြီး ပြန်လည်လှပနိုင်မှာပါ။ ဘယ်လိုနည်းတွေနဲ့ ကုသနိုင်မလဲ –

(၁) Microdermabrasion (အရေပြားအလွှာသစ်ကုထုံး)

သေးငယ်တဲ့ ခရစ္စတယ်ထိပ်ချွန်လေးတွေပါတဲ့ကိရိယာလေး သုံးပြီး အရေပြားအပေါ်ယံက ဆဲလ်သေအလွှာကို အသာအယာပွတ်တိုက်ဖယ်ရှားပေးတဲ့ ကုထုံးဖြစ်ပါတယ်။ ကုထုံးနောက်ပိုင်းမှာ အရေပြားအလွှာသစ်ဖြစ်ပေါ်လာစေပြီး ဝက်ခြံအမာရွတ်တွေကို ပါးစေ၊နူးညံ့စေတဲ့အတွက် ပိုမိုနူးညံ့စိုပြေတဲ့အသားအရေကို ပိုင်ဆိုင်နိုင်မှာပါ။ ပြန်ကောင်းချိန် (၁၀) ရက်ကနေ (၃) ပတ်အထိ ကြာနိုင်ပါတယ်။

(၂) Laser Treatment (လေဆာကုထုံး)

အရေပြားတစ်ရှူးအသစ်ဖြစ်ပေါ်စေဖို့ လေဆာသုံးပြီး အရေပြားအပေါ်ယံလွှာကို နှိုးဆွတဲ့ကုသမှုဖြစ်ပါတယ်။ ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်ချိုင့်ခွက်တွေကို ပြန်ဖြည့်ပြီး အသားအရေတင်းရင်းညီညာစေဖို့ ကော်လဂျင်(collagen)တွေထုတ်ပေးပါတယ်။ နာကျင်မှုမရှိစေဖို့ ထုံဆေးသုံးမှာဖြစ်ပြီး မိနစ်ပိုင်းကနေ တစ်နာရီအတွင်း ကြာမြင့်နိုင်ပါတယ်။

(၃) LED Therapy (အလင်းကုထုံး)

အလင်းကုထုံးကို အသားအရေကို ပြန်လည်ကောင်းမွန်စေဖို့၊ အသစ်တဖန်ပြန်လည်နုပျိုစေဖို့၊ ညီညာလှပစေဖို့ အသုံးပြုတာဖြစ်ပါတယ်။ အလင်းရောင်ခြည်လှိုင်းတွေက အရေပြားရဲ့အလွှာတွေထဲ ထိုးဖောက်ဝင်ရောက်ပြီးကုသပေးတာဖြစ်ပါတယ်။ ရောင်ရမ်းမှုတွေကိုသက်သာစေတယ်၊ အသားအရေတင်းရင်းစေတယ်၊ညီညာစေတယ်၊ ရောဂါပိုးဝင်ခြင်းကိုကုသပေးတယ် စတဲ့ အကျိုးရလဒ်တွေကိုမူတည်ပြီး အရေပြားအလွှာတွေအပေါ်မတူညီတဲ့အလင်းလှိုင်းတွေနဲ့ကုသပေးတာပါ။ နာကျင်မှုမရှိဘဲ ခွဲစိတ်စရာလည်းမလိုတဲ့ကုထုံးဖြစ်ပါတယ်။

(၄) Chemical Peel (ဓာတုဆေးသုံး အရေပြားအလွှာသစ်ကုထုံး)

Chemical peeling ဟာ ဓာတုဆေးကိုအရေပြားမှာ လိမ်းပြီး ပြန်ခွာချရတဲ့ ကုသမှုပါ။ နေလောင်ကွက်တွေ၊ ဝက်ခြံအမာရွတ်တွေ၊အရေးအကြောင်းတွေလိုမျိုးတွေ အရေပြားအလွှာဟောင်းနဲ့အတူပါသွားပြီး နုပျိုချောမွတ်တဲ့အသားအရေအလွှာသစ် ဖြစ်ကျန်စေပါလိမ့်မယ်။ ဝက်ခြံနဲ့ အမာရွတ်တွေရှိတဲ့ အပေါ်ယံအရေပြားအလွှာကို ဓာတုဆေးတစ်မျိုးကိုအသုံးပြုပြီးဖယ်ရှားကာ ပိုမိုနုပျိုကျန်းမာတဲ့ အရေပြားအလွှာတစ်ခုကိုဖန်တီးခြင်းဖြစ်ပါတယ်။

(၅) Filler Injections (ဆေးထိုးခြင်း)

Filler ထိုးတယ်ဆိုတာ အမာရွတ်တွေ၊ချိုင့်ခွက်တွေ၊ မညီမညာတဲ့အသားအရေဧရိယာတွေကို ညီညာအောင်ဖြည့်ပေးတဲ့ ကုသမှုဖြစ်ပါတယ်။ ကော်လဂျင်နဲအဆီတို့လိုမျိုး ကုထုံးက ဖြည့်စွက်လိုက်တဲ့ပစ္စည်းကို အရေပြားမှစုပ်ယူဖို့အတွက် ၄ လတစ်ကြိမ်၊ သို့ ၆ လတစ်ကြိမ် ထပ်ကာထပ်ကာပြန်လုပ်ဖို့လိုပါလိမ့်မယ်။ ကုထုံးက မိနစ်ပိုင်းလောက်ပဲကြာတာဖြစ်ပြီး နာကျင်မှုလည်းမရှိပါဘူး။ ဆေးထိုးလိုက်တဲ့နေရာတဝိုက်လေးမှာပဲ နည်းနည်းကျိန်းစပ်ရုံသာဖြစ်စေပါလိမ့်မယ်။

(၆) Surgical Procedure (ခွဲစိတ်ကုထုံး)

ဝက်ခြံအကြီးတွေ၊ အမာရွတ်များတဲ့ မျက်နှာအသားအရေကို ပုံမှန်ပြန်ဖြစ်စေဖို့ အမာရွတ်တစ်ရှူးခွဲစိတ်ဖယ်ရှားတဲ့ကုထုံးကသာ အသင့်တော်ဆုံးပါ။ အမာရွတ်အားလုံးမဖယ်ပေးနိုင်ပေမယ့် မထင်ရှားအောင်ပြုလုပ်ပေးနိုင်ပါလိမ့်မယ်။ ပျက်စီးနေတဲ့ တစ်ရှူးကိုဖယ်ရှားပြီး အဲဒီဧရိယာမှာ အရေပြားပြန်ညီညာအောင်ကုသပေးတဲ့ အသေးစားခွဲစိတ်မှုဖြစ်ပါတယ်။ ကုသမှုက တစ်နာရီတောင်မကြာသလို ထုံဆေးနဲ့သာ ခွဲစိတ်တာဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာနဲ့ဆိုင်သော အကြံပေးခြင်း၊ ရောဂါရှာဖွေခြင်းနဲ့ ကုသခြင်းများ မလုပ်ဆောင်ပေးပါ။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
Ditinjau secara medis olehHello Sayarwon Panel
Ditulis oleh Yun Sandi Nan Mon · Tanggal diperbarui 06/06/2022