brand logo
Kategori
Cek Kesehatan
Komunitas

Bagikan

ဝက်ခြံတွေတိုင်း ကုသနည်းကအတူတူပဲလား..........

လူတိုင်းလိုလိုမှာဖြစ်နေတဲ့ အရေပြားပြဿနာတစ်ရပ်ရှိနေပါတယ်။ ဒါကတော့ ဝက်ခြံပါ။ ဒီတစ်ခေါက်တော့ ဝက်ခြံပျောက်ချင်လို့ ဝက်ခြံပျောက်နည်းဆိုတိုင်း လိုက်လုပ်နေပေမယ့် မပျောက်တာကြောင့် စိတ်ပျက်နေသူတွေရှိလား၊ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပေးပါနော်။

ဝက်ခြံတွေတိုင်း ကုသနည်းကအတူတူပဲလား..........

ဝက်ခြံအမျိုးအစားတွေကဘာတွေလဲ…………..

ဝက်ခြံကအမျိုးအစားအမျိုးမျိုးရှိပါတယ်။ ဝက်ခြံ အမျိုးအစားကွာခြားမှုအလိုက် အရွယ်အစား၊ အရောင် နဲ့ နာကျင်မှုကလည်း ကွာခြားနိုင်ပါတယ်။

Whiteheads ဝက်ခြံ – အရေပြားအောက်ဘက်မှာရှိနေတတ်ပြီး အရမ်းမကြီးတဲ့ ဝက်ခြံအမျိုးအစားပါ။ ညှစ်လိုက်တဲ့အခါ အဖြူရောင်အနှစ်လေးတွေထွက်တတ်ပါတယ်။ နှာခေါင်းဘေးတဝိုက်နဲ့ မေးစေ့မှာ အဖြစ်များပါတယ်။

Blackheads (ဆားဝက်ခြံ) – အရေပြားပေါ်မှာ ခပ်မဲမဲအရောင်နဲ့မြင်သာပါတယ်။ နှာခေါင်းနဲ့ T- Zone မှာအဓိကပေါက်တတ်ကြပါတယ်။

Papules ဝက်ခြံ – သေးငယ်ပြီး အရောင်က ပန်းရောင်ခပ်သန်းသန်းဖုလေးတွေပါ။ အရေပြားပေါ်မှာ မြင်သာပါတယ်။

Pustules ဝက်ခြံအရေပြားပေါ်မှာ သိသာထင်ရှားတဲ့ ဖုကြီးတွေပါ။ အခြေမှာ နီရဲနေပြီး ထိပ်ဘက်မှာ ပြည်လိုမျိုးစုစုလေးရှိနေတတ်ပါတယ်။

Nodules ဝက်ခြံ – ဝက်ခြံတွေထဲမှာမှ တော်တော်လေးကြီးတဲ့ ဝက်ခြံမျိုးပါ။ ကြီးမားပြီး အစိုင်အခဲကြီးသလို အရေပြားထဲမှာ စူးစူးနစ်နစ်တွယ်ဆက်နေကြပါတယ်။ ထိလိုက်ရင်ကို နာနေတတ်ပါတယ်။

Cysts ဝက်ခြံ – အရေပြားပေါ်မှာ မြင်သာတဲ့ ဝက်ခြံမျိုးပါ။ နာကျင်နီရဲနေတတ်ပြီး ဝက်ခြံတစ်ခုလုံးက ပြည်တွေနဲ့ ပြည့်နေတတ်ကြပါတယ်။ အမာရွတ်ကျန်နိုင်ခြေအများဆုံး ဝက်ခြံအမျိုးအစားပါ။

ဝက်ခြံအမျိုးအစားအလိုက် ကုထုံးကွာခြားသလား……….

ဝက်ခြံအမျိုးအစားအလိုက် ကုထုံးကလည်း ကွာခြားနိုင်ပါတယ်။

Whiteheads ဝက်ခြံအတွက် ကုထုံး –တစ်နေ့ကို မျက်နှာကို ၂ ကြိမ်ကနေ ၄ ကြိမ်အထိသန့်စင်ပေးပါ။ မျက်နှာပေါ်က အဆီပိုတွေကို ဖယ်ရှားနိုင်ဖို့အတွက်ပါ။ပြီးရင်တော့ မျက်နှာပေါ်က ဝက်ခြံရှိတဲ့နေရာတွေကို မုန့်ဖုတ်ဆော်ဒါကို ခပ်ပျစ်ပျစ်ဖျော်ထားတဲ့အနှစ်လေးလိမ်းပေးပါ။ မိနစ်အနည်းငယ်ထားပြီးရေစင်အောင်ဆေးချပေးပါ။

Blackheads (ဆားဝက်ခြံ)အတွက် ကုထုံး –ရေနွေးငွေ့ခံပေးပါ။ စက်ဝိုင်းပုံစံအတိုင်းနှိပ်နယ်ပေးပြီး ဆဲလ်သေတွေကိုဖယ်ရှားပေးပါ။ အစိုဓါတ်ထိန်းခရင်မ်လူးပေးပါ။

Papules ဝက်ခြံအတွက် ကုထုံး – ဒီဝက်ခြံအမျိုးအစားအတွက်ခရမ်းချဉ်သီးက အဆင်အပြေဆုံးပါ။ မျက်နှာကို သန့်စင်ပြီးရေခြောက်အောင်သုတ်ပေးပါ။ပြီးရင် မျက်နှာကိုခရမ်းချဉ်သီးအရည်လေးတွေလိမ်းပေးပါ။ မိနစ် ၃၀လောက်ထားပြီးရေနွေးနွေးလေးနဲ့ဆေးချလိုက်ပါ။

Pustules ဝက်ခြံအတွက် ကုထုံး –ရှားစောင်းလက်ပပ်ကိုအသုံးပြုပေးပါ။ ညအိပ်ရာမဝင်ခင် မျက်နှာကို သန့်စင်နေအောင်သစ်ပြီး ရှားစောင်းလက်ပပ်လိမ်းလို့ အိပ်ပေးပါ။ မနက်နိုးတဲ့အခါ မျက်နှာသစ်ချလိုက်ပါ။

Nodules ဝက်ခြံအတွက် ကုထုံး –ဝက်ခြံပေါ်မှာ benzoyl peroxide ဒါမှမဟုတ် salicylic acid ကိုသုံးပေးပါ။ အဆီတွေကို သိသိသာသာလျော့ပါးစေမှာပါ။

Cysts ဝက်ခြံအတွက် ကုထုံး – ဒီဝက်ခြံကတော့ အိမ်တွင်းကုထုံးထက် တတ်သိနားလည်တဲ့အရေပြားဆရာဝန်တွေနဲ့ပြသကြည့်တာ အကောင်းဆုံးဖြစ်မှာပါ။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
Ditinjau secara medis olehHello Sayarwon Panel
Ditulis oleh Aye Thi Mon · Tanggal diperbarui 28/10/2021