အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ

[embed-health-tool-due-date]လူတိုင်းဟာ သူတို့ရဲ့ ဘဝသက်တမ်းတလျှောက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အရေပြားမှိုပိုး ကူးစက်တာကို ခံစားရဖူးမှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ၊ စိုထိုင်းဆ များတာ၊ ရာသီဥတုပူနွေးတာတွေက မှိုပိုးကူးစက်တတ်တဲ့ အကြောင်းရင်းခံတွေပါ။ ကလေးလေးတွေမှာဆိုရင် မှက္ခရု လူကြီးတွေမှာဆိုရင် ပေါင်ခြံမှာ ပွေးပေါက်တာ၊ သဲဝဲစားတာတွေက အဖြစ်များတဲ့ အရေပြားမှိုရောဂါတွေ ပါ။ အရေပြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ မှိုပိုးတွေက လူတိုင်းရဲ့ အရေပြားတိုင်းမှာ ရှိနေနိုင်ပြီး စိုထိုင်းဆ များလာတဲ့အခါ၊ ပူးနွေးအိုက်စပ်ပြီး လေဝင်လေထွက် မကောင်းချိန်တွေမှာ သဲဝဲ၊ ပေါင်ခြံပွေး နဲ့ ခြေသည်းမှိုစွဲတာတွေ ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အဖြစ်များတဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာများ မှိုပိုးအများစုက လူသားတွေကို မထိခိုက်စေပေမယ့် အချို့သော မှိုပိုးတွေကတော့ ထိခိုက်စေနိုင်ပါတယ်။ မှိုပိုး ကူးစက်မှုက […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အသားအရေ ထိန်းသိမ်းခြင်း

ခွဲစိတ်မှု မပါတဲ့ အလှအပဆိုင်ရာ ပြုပြင်ခြင်း နှင့် ပတ်သက်ပြီး သင် သိထားသင့်သည်များ

ခွဲစိတ်ပြုပြင်မှုမပါတဲ့ အလှအပဆိုင်ရာ ပြုပြင်ခြင်းဆိုတာ ဘာလဲ။ ခွဲစိတ်ပြုပြင်မှုမပါပဲ အလှအပဆိုင်ရာ ပြုပြင်ခြင်းဟာ သင့်ရဲ့ ပြင်ပပုံပန်းသွင်ပြင်ကို ခွဲစိတ်စရာမလိုပဲ ပိုပြီးလှပလာအောင် ပြုပြင်တဲ့နည်းလမ်းတွေကို ဆိုလိုပါတယ်။ သင့်ရဲ့ ပြင်ပပုံပန်းသွင်ပြင်ကို ပိုကြည့်ကောင်းလာအောင် ဒီလိုနည်းလမ်းတွေကို ရွေးချယ်ပြုပြင်ခြင်းဟာ သင့်ကျန်းမာရေးနှင့် မသက်ဆိုင်တဲ့ ပုဂ္ဂိုလ်ပိုင်းဆိုင်ရာ ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။ သင့်ရဲ့ အသားအရေဆိုင်ရာ ချို့ယွင်းချက်တွေကို ပြုပြင်ကုသခြင်းအားဖြင့် မိမိကိုယ်ကို ယုံကြည်မှု ရှိခြင်းနှင့် မိမိရဲ့ ရုပ်ပိုင်းဆိုင်ရာအပေါ် ကျေနပ်မှုရှိခြင်းမှာလည်း ပိုပြီးကောင်းမွန်လာအောင် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ သင့်ရဲ့အသားအရေဆိုင်ရာ အခြေအနေများ။ အသက်ကြီးလာခြင်း၊ နေရောင်နှင့် ထိတွေ့ခြင်းကြောင့် အသားအရေပျက်စီးခြင်း သို့မဟုတ် အသားအရေတွင် အနာတရဖြစ်ခြင်းများကြောင့် ဒီချို့ယွင်းချက်တွေဟာ ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။ ဒီလိုခွဲစိတ်ပြုပြင်မှုမဟုတ်ပဲ အလှအပဆိုင်ရာ ပြုပြင်ခြင်း နည်းလမ်းတွေဟာ ယနေ့ခေတ်မှာ အန္တရာယ်ကင်းပြီး ထိရောက်တဲ့အတွက် ၂၀၁၅မှ […]


အသားအရေ ထိန်းသိမ်းခြင်း

အိုမင်းရင့်ရော်သော အသားအရေကို ကာကွယ်ဖို့ အဓိကအစားအစာ (၅)မျိုး

သင် အသက်အရွယ်ကြီးပြင်းလာသည်နှင့်အမျှ အသားအရေသည် အိုမင်းရင့်ရော်လာမည် ဖြစ်သည်။ အရေးအကြောင်းများ၊ အသားခြောက်ခြင်း၊ အမည်းစက်များထွက်ပေါ်လာပြီး သင်၏ရုပ်သွင်ကို ထိခိုက်လာနိုင်ပါသည်။ ထိုသို့ပြောင်းလဲခြင်းဖြစ်စဉ်ကို နှေးကွေးစေချင်သည်ဆိုလျှင် အစားအသောက်သည် အထိရောက်ဆုံးနှင့် အလွယ်ကူဆုံးနည်းလမ်းဖြစ်ပါသည်။ အောက်ဖော်ပြပါ အစားအစာများကို စားသုံးခြင်းဖြင့် တိုးတက်မှုကိုသင့်မြင်တွေ့နိုင်ပါသည်။   ရေ ရေသည် ခန္ဓါကိုယ်အတွက် အရေးပါဆုံးဖြစ်သည်။ သင်၏ ခန္ဓါကိုယ်သည် ရေနှင့်အဓိက ဖွဲ့စည်းတည်ဆောက်ထားပြီး သင့် အသားအရေကို နူးညံ့ချောမွေ့စေနိုင်ပါသည်။ ရေအလုံအလောက်သောက်ခြင်းဖြင့် အသားရေခြောက်သွေ့ခြင်းကို လျော့ကျစေနိုင်ပါသည်။ ကျွန်ုပ်တို့သည် ရေကို သောက်သုံးရေနှင့် တခြားအဖျော်ယမကာနှင့် အစားအသောက်များ (ဥပမာ-စွပ်ပြုတ်) မှ ရရှိသည်။ သင်သည် ရေကိုဆာမှသောက်ခြင်းထက် တစ်နေ့ကို ရေ (၈)ခွက်လောက် သောက်သင့်သည်။ ရေကို ခန္ဓါကိုယ်မှ လိုအပ်သည်ထက်ပို၍ သောက်နိုင်ပြီး ပိုသောရေကို ခန္ဓါကိုယ်မှ စွန့်ထုတ်ပါလိမ့်မည်။ သင်သည် အပြင်ထွက်စားသောအခါ ရေတစ်ခွက်တော့ […]


ဝက်ခြံ

ဝက်ခြံအမာရွတ်တွေ ဘယ်လိုဖြစ်လာသလဲ

လူတိုင်းအတွက် ဝက်ခြံသည် စိုးရိမ်ပူပန်ရသော ကိစ္စရပ်ဖြစ်ပါသည်။ ဝက်ခြံပျောက်သွားသည့်တိုင်အောင် ဝက်ခြံထက်ပျောက်ကင်းရန် ပိုကြာသော အမာရွတ်ကျန်ခဲ့နိုင်ပါသည်။ ဝက်ခြံအမာရွတ် မည်သို့ဖြစ်ပေါ်နိုင်သလဲ သိထားခြင်းအားဖြင့် ကာကွယ်ခြင်းများပြုလုပ်နိုင်ပါသည်။   ဝက်ခြံအမာရွတ်သည်မည်သို့ဖြစ်ပေါ်လာသနည်း။ လူတိုင်းသိထားသည်မှာ ချွေးပေါက်ပိတ်လျှင် ဝက်ခြံဖြစ်ပေါ်နိုင်ပါသည်။ ချွေးပေါက်ပိတ်လျှင် အဆီ၊ အညစ်အကြေး၊ ဘက်တီးပိုးမွှားများပေါက်ပွား၍ ရောင်ရမ်းခြင်းများဖြစ်ပေါ်နိုင်ပါသည်။ ဝက်ခြံကို မကိုင်ရ၊ သူ့ဟာသူပျောက်ကင်းသည်အထိစောင့်ရမည်ဟု ပြောကြသည်။ သို့သော် အရေပြားဆရာဝန်အချို့သည် ထိုအဆိုကို မှားယွင်းသည်ဟုဆိုကြသည်။ ကုသမှုမယူလျှင် အဆီဝက်ခြံ ကဲ့သို့သော ဝက်ခြံအချို့သည် အမည်းစက်နှင့် အမာရွတ်များကျန်ခဲ့နိုင်ပါသည်။ ဝက်ခြံများကို မှားယွင်းစွာညှစ်မိလျှင် အမာရွတ်ကျန်ခဲ့နိုင်ပါသည်။ ရောင်ရမ်းမှုများလေလေ အမာရွတ်ဖြစ်နိုင်ချေများလေလေ ဖြစ်ပါသည်။ သို့သော် ဆားဝက်ခြံနှင့် အဆီဖုများသည် အမာရွတ်မဖြစ်ပေါ်နိုင်ပါ။ ထို့ကြောင့် မကြာမကြာ အရေပြားဆရာဝန်ထံသို့သွား၍ ဝက်ခြံကုသမှုခံယူရပါမည်။ ကာကွယ်မှုယူထားရပါမည်။   ဝက်ခြံအမာရွတ်အမျိုးအစားများမှာ အဘယ်နည်း။ ဝက်ခြံကိုညှစ်ထုတ်ပြီးပါက အမာရွတ်ကျန်နိုင်ပါသည်။ တစ်ခါတစ်ရံ အမာရွတ်များ ခုံးတက်လာပါက အသားတက်သော အမာရွတ်မျိုးဖြစ်ပေါ်နိုင်ပါသည်။ သို့သော် ရှားပါသည်။ […]


အသားအရေ ထိန်းသိမ်းခြင်း

အသားအရေ အသစ်တဖန် ပြောင်းလဲကောင်းမွန်လာစေအောင် ပြုပြင်ခြင်း နှင့် အကျိုးတရားများ

နေရောင်ခြည်ကြောင့် အသားအရေပျက်စီးခြင်းနှင့် ဝက်ခြံထွက်ခြင်းတို့ကြောင့် သင့်အရေပြားပေါ်မှာ အမာရွတ်နှင့် အမည်းစက်များ ကျန်ရစ်တတ်ပါတယ်။ ဒါတွေကို ပျောက်ကင်းစေဖို့အတွက် ဆေးဝါးများအပြင် သေချာတဲ့နည်းလမ်းတစ်ခုကတော့ Skin resurfacing (အသားအရေအသစ်တဖန် ပြောင်းလဲကောင်းမွန်စေ အောင် ပြုပြင်ခြင်း) ပဲဖြစ်ပါတယ်။Skin resurfacing လုပ်ခြင်းကြောင့် ရရှိလာမယ့်အကျိုးတရားတွေကို ဆွေးနွေးဖော်ပြပေးမှာဖြစ်ပါတယ်။ Skin resurfacing နည်းနှင့် ဘယ်လို အသားအရေပျက်စီးမှုကို ကုသနိုင်မလဲ Skin resurfacing နည်းဟာ အပေါ်ယံပျက်စီးယိုယွင်းနေတဲ့ အရေပြားအလွှာကို ပျော်ကျစေပြီး အောက်ဖက်မှချောမွေ့၍ ယိုယွင်းပျက်စီးမှုနည်းပါးတဲ့ အရေပြားအလွှာပေါ်ပေါက်လာအောင် ပြုလုပ်ပေးတဲ့ကုသနည်းဖြစ်ပါတယ်။ ဒီနည်းဟာ အရေပြားပြဿနာတော်တော်များများကို ဖြေရှင်းပေးနိုင်ပြီး ကျန်းမာကြံ့ခိုင်ပြည့်ဖောင်းတဲ့အသားအရေကို ပိုင်ဆိုင်စေမှာဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ • အိုမင်းရင့်ရော်ခြင်း (သို့) မျက်နှာအမူအရာများ ထပ်ခါထပ်ခါပြုလုပ်ခြင်း (ဥပမာ-ရယ်မောခြင်း) တို့ကြောင့် ဖြစ်ပေါ်လာတဲ့ မျက်လုံးနှင့်ခံတွင်း အနီးတစ်ဝိုက်ရှိ အရေးအကြောင်းများ • နေရောင်ခြည်ကြောင့် အသားအရေပျက်စီးခြင်း၊ အညိုရောင်အစက်များ […]


အသားအရေ ထိန်းသိမ်းခြင်း

အရေပြားအိုမင်းရင့်ရော်ခြင်း

အရေပြားဟာ များစွာသော အရေးကြီးတဲ့ လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ရတဲ့ ခန္ဓါကိုယ်ရဲ့အကြီးမားဆုံးသော အင်္ဂါအစိတ်အပိုင်း ဖြစ်ပါတယ်။ အန္တရာယ်ပေးနိုင်တဲ့ အရာများကို ကာကွယ်ပေးနိုင်ရုံသာမက ပြင်ပပတ်ဝန်းကျင်နှင့် ထိတွေ့နေရတဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အရေပြားဟာ မိမိတို့ပုံပန်းသဏ္ဍာန်ပေါ်မှာလည်း သက်ရောက်မှုရှိပါတယ်။ သို့သော်လည်း အချိန်ကြာလာတာနှင့်အမျှ အရေပြားဟာ အိုမင်းရင့်ရော်လာပြီး လှပမှုစွမ်းရည်ကို ကျဆင်းစေပါတယ်။ အရေပြားအိုမင်းရင့်ရော်စေတဲ့အကြောင်းအရင်းတွေကို နားလည်သိရှိထားရင် အိုမင်းရင့်ရော်မှုကို နှေးကွေးစေမှာ ဖြစ်ပါတယ်။ ဘယ်လိုအကြောင်းအရာတွေကြောင့် အရေပြားအိုမင်းရင့်ရော်စေပါသလဲ။ အရေပြားအိုမင်းရင့်ရော်ခြင်းဆိုတာ သဘာဝဖြစ်စဉ်တစ်ခုပါ။ အသက်ကြီးပြင်းလာတာနှင့်အမျှ ခန္ဓါကိုယ်တွင်း ဇီဝဖြစ်စဉ်များမှာ အရင်ကလောက် ကောင်းမွန်စွာမလုပ်ဆောင်နိုင်တော့ပါ။ ဒီလိုအခြေအနေဟာ ခန္ဓါကိုယ်တွင်း collagen (အရေပြားတင်းရင်းစေသောကော်လာဂျင်) နှင့် elastin (ကျုံ့နိုင်ဆန့်နိုင်စွမ်းရည်) များ ကျဆင်းခြင်း၊ ဆဲလ် အသေများကွာကျခြင်းကို နှေးစေပြီးဆဲလ်အသစ်ဖြစ်ပေါ်နိုင်စွမ်းကို ကျဆင်းစေကာ အရေပြားအောက်ရှိအဆီလွှာများကိုလည်း ဆုံးရှုံးစေပါတယ်။ ဒီလိုဖြစ်ရပ်တွေဟာအရေပြားကိုအိုမင်းရင့်ရော်စေတာပါ။ • နေရောင်ခြည်ကြောင့် အရေပြားပျက်စီးခြင်း နေရောင်ခြည်မှပါရှိတဲ့ […]


ဝက်ခြံ

ဝက်ခြံထွက်ခြင်းနှင့် စိတ်ခံစားမှုအကြောင်း

ဝက်ခြံထွက်ခြင်းဟာ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုများရှိပြီး စိတ်ခံစားမှုအပေါ်များစွာ လွှမ်းမိုးထားပါတယ်။ အများစုဟာ ဆယ်ကျော်သက်အရွယ်မှာ ဝက်ခြံထွက်ခြင်းပြဿနာနှင့် ကြုံတွေ့ရတတ်တဲ့အတွက် ဝက်ခြံထွက်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့စိတ်ခံစားမှုများနှင့် ဝက်ခြံထွက်လာရင် ဘယ်လိုကိုင်တွယ်သင့်တယ်ဆိုတာ နားလည်သိရှိဖို့အရေးကြီးပါတယ်။ ဝက်ခြံထွက်ခြင်းကြောင့် ဖြစ်ပေါ်လာသောစိတ်ခံစားမှုများ ဝက်ခြံထွက်ခြင်းဟာ အလွန်အဖြစ်များတဲ့ အရေပြားပြဿနာတစ်ခုဖြစ်ပြီး ခံစားရသူတွေကို စိတ်ပျက်စေပါတယ်။ ဒီအချက်ဟာ ဆယ်ကျော်သက် လူငယ်တွေအတွက် ပိုမိုဆိုးရွားစေပါတယ်။ ဆယ်ကျော်သက် လူငယ်တွေဟာ ပုံပန်းသွင်ပြင်ကို အင်မတန်ဂရုစိုက်တတ်ကြပြီး ရွယ်တူများနှင့် ယှဉ်တတ်တဲ့အလေ့အကျင့်ဟာ သဘာဝပါ။ ရွယ်တူသူငယ်ချင်းများကြား ကိုယ်တစ်ဦးတည်း ဝက်ခြံပေါက်တယ်ဆိုရင် လွန်စွာရှက်တတ်၊ မဝံ့မရဲဖြစ်ပြီး အကြောက်အရွံ့ကြီးတတ်ပါတယ်။ ဒါဟာ ဘဝအတွက် ဆိုးရွားတဲ့သက်ရောက်မှုရှိပြီး စစ်မှန်တဲ့ ပုံပန်းသွင်ပြင်ကို ဖုံးကွယ်တတ်ကြပါတယ်။ ဝက်ခြံထွက်သူတချို့ဟာ မျက်နှာကိုဖုံးဖို့အတွက် ဆံပင်ရှည်ထားတတ်ကြပြီး တချို့ကတော့ ဝက်ခြံအဖုအထစ်အချိုင့်တွေကို ဖုံးကွယ်ဖို့ မိတ်ကပ်ထူထူကြီးတွေ လိမ်းတတ်ကြပါတယ်။ ဆယ်ကျော်သက်လူငယ်တွေဟာ ဘေးပတ်ဝန်းကျင်ရဲ့ အမြင်နှင့်သုံးသပ်ချက်များကို အရမ်းဂရုစိုက်တတ်ကြပါတယ်။ အမှတ်မထင်နောက်ပြောင်လိုက်ခြင်းကိုပင် […]


ဝက်ခြံ

လူကြီး ဝက်ခြံပေါက်ရခြင်း အကြောင်းအရင်း (၅) ဖြာ

လူအများစုသည်ဆယ်ကျော်သက်အရွယ် ကျော်လာသည့်တိုင် ဝက်ခြံအမြောက်အမြား ပေါက်နေကြပါတယ်။ လူကြီးဝက်ခြံဆိုတာဟာ တွေ့ရများတဲ့ အရေပြားပြဿနာတစ်ခုပါ။ လေ့လာမှုများအရ ဝက်ခြံပေါက်ခြင်းသည် အသက် (၁၀)နှစ်မှ (၂၉)နှစ်ကြား လူရွယ်များရဲ့တစ်ဝက်လောက်မှာ တွေ့ရှိရပါတယ်။ ဤဆောင်းပါးတွင် လူကြီးဝက်ခြံပေါက်ခြင်းရဲ့အကြောင်းအရင်း (၅)ဖြာကို ဆွေးနွေးမှာဖြစ်ပါတယ်။ ရာသီပန်းပွင့်ချိန်ပြောင်းလဲတတ်သောဟော်မုန်းဓါတ်များ ဝက်ခြံဟာအသက် (၂၀)မှ (၄၀)နှစ်ကြား အမျိုးသမီးများမှာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ရာသီပေါ်နေချိန်မှာ ခန္ဓါကိုယ်တွင်းဟော်မုန်းဓါတ်များအပြောင်းအလဲရှိလို့ဖြစ်ပါတယ်။ များသောအားဖြင့် ရာသီမပေါ်ခင် (သို့) ရာသီပေါ်ချိန်အစမှာ ဝက်ခြံပေါက်ခြင်းဟာ ပိုမိုဆိုးရွားတတ်ပါတယ်။ ခန္ဓါကိုယ်တွင်းဟော်မုန်းများထွက်ခြင်းကြောင့်ဖြစ်တဲ့ ဝက်ခြံများဟာမဖြစ်အောင်ကာကွယ်ဖို့ ခက်ခဲပါတယ်။ သို့သော်လည်း ဝက်ခြံပျောက်ကင်းစေရန် ဆေးဝါးများ အသုံးပြုနိုင်ပါတယ်။ ဆေးအချိုးအစားအနည်းငယ်သာ ပါသောOestrogen (သို့) Progesterone ကိုယ်ဝန်တားဆေးများ၊ ကျားဟော်မုန်းဓါတ် လျော့နည်းစေသောandrogen ဆန့်ကျင်ဆေးဝါးများ ဖြစ်တဲ့ Spironolactone (သို့) နှစ်မျိုးပေါင်းထားသောဆေးများကို အသုံးပြုနိုင်ပါတယ်။ ဖော်ပြပါသောက်ဆေးများကိုသင့်တော်တဲ့လိမ်းဆေးများနှင့် တွဲသုံးရင် ပိုမိုအဆင်ပြေကောင်းမွန်ပါတယ်။ စိတ်ဖိစီးမှုရှိချိန်ထွက်လာသောဟော်မုန်းများ(stress hormones) Stress […]


အသားအရေ ထိန်းသိမ်းခြင်း

အကြည့်ရဆိုးတဲ့ အဆီခဲကို ဘယ်လိုကုသကြမလဲ

၁။ အကြည့်ရဆိုးသော အဆီခဲ (cellulite) ဆိုသည်မှာ အဘယ်နည်း အဆီခဲဆိုသည်မှာ ကျန်းမာရေးအခြေအနေရောဂါတစ်ခု မဟုတ်ပါ။ အရေပြားအောက်မှ အဆီသာဖြစ်ပါသည်။ အရေပြားအောက်မှအဆီများ အပေါ်ယံအရေပြားကို ဆန့်ကျင်ကာ တိုးထွက်လာခြင်းကို ခေါ်ပါသည်။ အန္တရာယ်မဖြစ်စေနိုင်သော်လည်း စိတ်မသက်မသာခံစားရနိုင်ပါသည်။ ခြေထောက်၊ ပေါင်၊ တင်ပါး၊ ဗိုက်စသည့်နေရာများတွင် ရုပ်ဆိုးသော အဆီခဲဖြစ်နိုင်ခြေများပြားပါသည်။ အဆိုပါအဆီခဲများသည် အဝလွန်သောလူများတွင်သာ ဖြစ်ပွားခြင်းမဟုတ်ပါ။ အဆီခဲသည် အသက်အရွယ်မျိုးစုံ ကျားမ မရွေး ဖြစ်ပေါ်တတ်ပါသည်။ သို့သော် မိန်းကလေးများသည် ယောက်ျားလေးများထက် ဖြစ်ပွားနှုန်းများသည်ကို မြင်တွေ့ရပါသည်။ ၂။ ဘာတွေက အဆီခဲဖြစ်ပေါ်စေနိုင်သလဲ။ အဆီခဲဖြစ်ပေါ်နိုင်သော အချက်အလက်များစွာရှိပါသည်။ အောက်ပါတို့မှာ အဖြစ်အများဆုံးကိစ္စရပ်များဖြစ်သည်။ အစားအသောက်အဆင်မပြေခြင်း အားကစားမလုပ်ခြင်း ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်း အသားအရည်အမျိုးအစား ဇီဝကမ္မဖြစ်စဉ် မတည်ငြိမ်မှု တို့ဖြစ်ပါသည်။ အဆီခဲ အကြောင်းသိထားခြင်းဖြင့် ကုသရေးအစီအစဉ်ရေးဆွဲရာတွင် အကူအညီပေးပါသည်။ ၃။ အဆီခဲ၏ ကုသမှုများ နေထိုင်မှုပုံစံပြောင်းလဲခြင်း ယခု နည်းလမ်းသည် အစားအသောက်မမှန်သောလူများနှင့် လေ့ကျင့်ခန်းမှန်မှန်မလုပ်သော လူများတွင် […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံပင်ပြန်ပေါက်ခြင်းဖြစ်စဉ်

ဆံပင်ပြန်ပေါက်ခြင်းဖြစ်စဉ်သည် တစ်ဦးနှင့်တစ်ဦး မတူနိုင်ပါ။ ပျမ်းမျှအားဖြင့် ရက်သတ္တပတ် ၄ ပတ်မှ၆ ပတ်အထိ ကြာမြင့်တတ်သဖြင့် ရလဒ်ကောင်းရရန် စိတ်ရှည်သင့်သည်။ ထိုသို့ သင်စောင့်ကြည့်နေစဉ် သိသာသောပြောင်းလဲမှု တွေ့ချင်မှ တွေ့ပေလိမ့်မည်။ ခုဆောင်းပါးတွင် သင်၏ဆံပင်ပြန်ပေါက်ခြင်းဖြစ်စဉ်အကြောင်း သင်သိလိုသည်များကို ဖော်ပြထားပါသည်။ သင့်အနေဖြင့်ဆံပင်ကျွတ်ခြင်းဖြစ်စဉ်နှင့် ရင်ဆိုင်ရပါက ထိုအရာသည် ပုံမှန်ဖြစ်ပြီး ဆံပင် ကြီးထွားမှုသံသရာ၏ အစိတ်အပိုင်းဖြစ်ပါသည်။ ဆံပင်ကြီးထွားခြင်းဖြစ်စဉ်တွင် ဆံပင်လျှင်မြန်စွာ ရှည်ထွက်ခြင်းအဆင့်ဖြင့်စတင်ပြီး ဆံပင်ကျွတ်ခြင်းနှင့် ဆံပင်တည်မြဲခြင်းဖြစ်စဉ်ကေ နာက်ကလိုက်သည်။ ဆံပင်ကြီးထွားမှုသံသရာတွင် အဆင့်သုံးဆင့် ပါဝင်ပါသည်။ အေနာဂျင်(Anagen)၊ ကတ်တဂျင်(Catagen) နှင့် တယ်လိုဂျင် (Telogen) တို့ဖြစ်ပါသည်။ ဆံပင်ကြီးထွားမှုကို ပိုမိုနားလည်စေရန် အဆင့်တစ်ဆင့်ချင်းစီကိုလေ့လာကြည့်ပါစို့။ (၁) ကဏ္ဍဦး အေနာဂျင် အဆင့် အေနာဂျင်အဆင့်သည် ဆံပင်လျင်မြန်စွာရှည်သည့် အဆင့်ဖြစ်သည်။ ဆံမျှင်တို့၏ အမြစ်တွင်ရှိသော ဆဲလ်များက လျှင်မြန်စွာပွားများသည်။ ဆံပင်အသစ်တစ်ချောင်းဖြစ်ပေါ်လာသောအခါ အရင်းတုတ်သောနေရာက […]


အသားအရေ ထိန်းသိမ်းခြင်း

အာရှအသားအရေနှင့် ပတ်သက်ပြီး သင်မသိသေးသော အချက်များ

အာရှ လူမျိုးများ၏ အသားအရေသည် အခြားအသားအရေ အမျိုးအစားများနှင့် မတူညီကြောင်း ကျွန်ုပ်တို့အားလုံးသိကြပါသည်။ သို့သော်မည်သည့်အရာက ကွဲပြားစေသည်ကိုသင်သိပါသလား။ မတူညီသော မျိုးရိုးဗီဇနှင့် ရာသီဥတု အခြေအနေများကြောင့်ပဲ ဖြစ်ပါတယ်။ ထိုဂုဏ်သတ္တိများကြောင့် အာရှတိုက်သားများသည် မတူကွဲပြားသော အသားအရေထိန်းသိမ်းမှုနည်းလမ်းများ လိုအပ်ပါသည်။   အာရှလူမျိုးများ၏ အသားအရေသည် အိုမင်းရင့်ရော်မှု နှေးသည်။ အာရှတိုက်သူအမျိုးသမီးတစ်ဦးသည် အခြားသက်တူရွယ်တူ အမျိုးသမီးများထက် ပိုငယ်သည်ဟုထင်ရသည်။ ဘယ်အရာက အာရှအသားအရေကို အိုမင်းရင့်ရော်မှုမှ ခုခံနိုင်စေတာလဲ။ လျှို့ဝှက်ချက်ကတော့ အာရှအသားအရေရဲ့ အရေပြားအလွှာ dermis က ထူလို့ပဲဖြစ်ပါတယ်။ ဒီ dermis အရေပြားအလွှာမှာ ကော်လာဂျင် နှင့် ကျုံ့ဆန့်တစ်ရှူး တို့ပါဝင်ပါတယ်။ ၎င်းတို့ဟာနူးညံ့ပျော့ပျောင်းပြီး တင်းရင်းတဲ့အသားအရေကိုဖြစ်စေတဲ့အဓိက တွယ်ဆက်ဆဲလ်တွေပဲဖြစ်ပါတယ်။ သင့်အရေပြားမှာ ကော်လာဂျင် နှင့် ကျုံ့ဆန့်တစ်ရှူး များများရှိလေ အရေးအကြောင်းတွေ နည်းလေလေပါပဲ။   အာရှအသားအရေသည် အမာရွတ်ဖြစ်လွယ်သည်။ အာရှအသားအရေသည် အမာရွတ်(အထူးသဖြင့် ဝက်ခြံအမာရွတ်များ)ဖြစ်ရန်လွယ်ကူသည်။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း