အိတ်ခ်ျအိုင်ဗီရှိနေသူတွေအတွက် အန္တရာယ်ကင်းတဲ့ စားသောက်နေထိုင်နည်း

မီးဖိုချောင်ကို သန့်ရှင်းအောင်ထားပါ
အိတ်ခ်ျအိုင်ဗီဗိုင်းရပ်စ်ကြောင့် ခန္ဓာကိုယ်ရဲ့ ခုခံအားကျဆင်းတာကြောင့် ဘက်တီးရီးယားတွေရန်က ကာကွယ်နိုင်ဖို့ ခက်ပါတယ်။ ချက်တဲ့ပြုတ်တဲ့နေရာတွေနဲ့ မီးဖိုခန်း၊ ထမင်းစားပွဲ စတဲ့မျက်နှာပြင်တွေကို ပွတ်တိုက်သန့်စင်ပါ။ သန့်စင်တဲ့ ဇွန်း၊ ပန်းကန်၊ အိုးတွေပဲသုံးပါ။ ဘယ်အစားအစာကိုပဲဖြစ်ဖြစ် မထိတွေ့ရသေးခင် အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် လက်ကိုဆပ်ပြာနဲ့ဆေးပါ။
ဒီလိုနေရာတွေမှာ အရသာရှိတဲ့စားကောင်းသောက်ဖွယ်တွေ အဝစားနိုင်သလို လူလည်းစုံ၊ ရောဂါပိုးမွှားလည်းစုံ နိုင်ပါတယ်။ ဘယ်သူကိုင်ထားမှန်းမသိတဲ့ ဇွန်း၊ ညှပ်တွေရဲ့ လက်ကိုင်တွေကနေ ရောဂါပိုးရနိုင်တယ်။ ဒါကတော့ ပါတီတွေနဲ့ အလှူပွဲတွေ၊ ကိုယ်တိုင်ယူစနစ် စားသောက်ဆိုင်တွေလည်း အတူတူပါပဲ။ အကောင်းဆုံးက ပူပူနွေးနွေးချက်ထားတဲ့ အစားအစာပဲ စားတာကောင်းပါတယ်။
လမ်းဘေးစာတွေ မစားပါနဲ့
လမ်းဘေးစာဆိုတာ street food လို့ခေါ်တဲ့ လမ်းဘေးဆိုင်လေးတွေက ရောင်းတဲ့ အစားအသောက်တွေပါ။ လမ်းမှာ ဆိုင်လေးတွေနဲ့ခင်းပြီး သန့်ရှင်းသပ်ရပ်စွာနဲ့ရောင်းကြပေမယ့် ကိုယ့်အတွက်တော့ မသင့်တော်ဘူးဆိုတာ သတိရပါ။ သူတို့ရဲ့သန့်ရှင်းမှုက တခြားသူတွေကျန်းမာရေးအတွက် အဆင်ပြေပေမယ့် ကိုယ်ခံအားနည်းသူအတွက်က လမ်းပေါ်ကလွင့်လာပြီးကပ်ငြိမယ့် အမှုန်တွေ၊ ပိုးမွှားတွေကို ကြောက်ရပါဦးမယ်။
သောက်တာလည်း ဂရုစိုက်ပါ
ရေနဲ့ တခြားသောက်စရာတွေကလည်း ပိုးမွှားပါနိုင်တာပဲလေ။ ရေသန့် သို့မဟုတ် ကျိုချက်တဲ့ ရေပဲသောက်ပါ။ အချိုရည်ဝယ်သောက်ချင်လည်း ခပ်ပေါပေါရေခဲတုံးတွေနဲ့ဖျော်တာမျိုး ဝယ်မသောက်ပါနဲ့။ သစ်သီးဖျော်ရည်တွေဆိုလည်း ကိုယ်တိုင်ဖျော် သို့မဟုတ် သန့်ရှင်းမှုဂရုစိုက်တဲ့ဆိုင်ကပဲသောက်ပါ။