ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကလူတိုင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ လုံခြုံဘေးကင်းတဲ့ လိင်ဆက်ဆံခြင်း အကြောင်းအရာတွေကို ဆွေးနွေးခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ဆွေးနွေးတယ်ဆိုတာထက် ပိုပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး နဲ့ ကျန်းမာပျော်ရွှင်သော လိင်မှုဘဝ လမ်းညွှန်ကဏ္ဍမှာ လိင်ပညာပေး၊ လိင်ပိုင်းဆိုင်ရာ ရောဂါတွေ ကာကွယ်ခြင်း၊ အကာအကွယ်အသုံးပြုခြင်း၊ လိင်မှုစွမ်းဆောင်ရည် ကျဆင်းခြင်းနဲ့ အခြားသော ကျန်းမာပျော်ရွှင်စေမည့် လိင်မှုဘဝ လမ်းညွှန်ချက်များကို ဖော်ပြပေးထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးက အရွယ်ရောက်ပြီးသူတိုင်းနဲ့ သက်ဆိုင်ပါတယ်။  လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ဗဟုသုတတွေကို မှန်ကန်စွာ ရရှိထားမှ ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို အထိအခိုက် ကင်းကင်းနဲ့ တည်ဆောက်နိုင်မှာပါ။ ဒီတစ်ခေါက်တော့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်မှုတွေ လုပ်ဆောင်နိုင်စေဖို့ ကိုယ်တိုင်ရဲ့ လိင်မှုရေးရာ သိရှိထားမှုတွေက မှန်ကန်ရဲ့လား ဆိုတာကို ဆောင်းပါးလေးကို ဖတ်ရင်း အတူတူ အဖြေထုတ်ကြည့်ဦးစို့နော်။ ကဲ ....... လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား ......... လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား လိင်မှုရေးရာ အမှန်အမှား အဖြေမထုတ်ခင် မေးခွန်းလေးတွေကို အရင် သေချာအောင် ဖတ်ကြည့်ပေးပါနော်။ ၁. တစ်ကိုယ်ရေ အာသာဖြေတာက စိတ်ဖိစီးမှု သက်သာစေတာ အပြင် များစွာသော ကျန်းမာရေး ကောင်းကျိုးတွေ ရှိပါတယ်။ ၂. လူတစ်ယောက်မှာ လိင်ကတဆင့် […]

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကို ရှာဖွေမည်။

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ပြောင်းဆွဲနည်း တွေက တကယ်ပဲ လိင်တံကြီးစေသလား။

ပြောင်းဆွဲနည်း ဆိုတာ အမျိုးသားတွေ လိင်တံကြီးအောင်၊ ထောင်မတ်အောင် သုံးကြတဲ့ နည်းလမ်းတစ်ခုပါ။ လိင်တံနဲ့ ပတ်သက်ပြီး မိမိကိုယ်ကို စိတ်တိုင်းမကျတဲ့ အမျိုးသားတွေက ပြောင်းဆွဲတဲ့ နည်းကိုလည်း သုံးလေ့ရှိပါတယ်။ ဒါက တကယ်ပဲ လိင်တံကို ကြီးစေမှာလား။ ပြောင်းဆွဲနည်း ဆိုတာ ဘာလဲ။ ပြောင်းဆွဲနည်းဆိုတာ ပြွန်ပုံစံ အချောင်းကို လိင်တံမှာ စွပ်ပြီး လေစုပ်တာ ဖြစ်ပါတယ်။ လေစုပ်အားနဲ့ သွေးတွေကို လိင်တံထဲ စီးဆင်းစေတာပါ။ အရင်တုန်းကတော့ လက်ညှစ်ပြွန်လေးတွေ ရှိပြီး နောက်ပိုင်း တိုးတက်လာတော့ ဘက်ထရီနဲ့ စက်တွေ ပေါ်လာပါပြီ။ Penis pump လို့ ခေါ်ကြပါတယ်။ ပြောင်းဆွဲနည်း က လိင်တံကို ကြီးစေသလား။ ပြောင်းဆွဲတာကို လိင်တံမထောင်မတ်နိုင်တဲ့ အမျိုးသားတွေမှာ သုံးလေ့ရှိပါတယ်။ ဆေးပညာအရကို သုံးတာပါ။ သူ့ရဲ့ အလုပ်လုပ်ပုံက လေစုပ်အားနဲ့ သွေးတွေ […]


သားဆက်ခြားခြင်း

လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်း (Implant) ရဲ့ ကောင်းကျိုးဆိုးပြစ်တွေက ဘာတွေများလဲ.......

သားဆက်ခြားတာက အိမ်ထောင်ရှင်လေဒီလေးတွေအတွက် အရေးပါတဲ့ ကိစ္စတစ်ရပ်ပါ။ ဒီလို သားဆက်ခြားနည်းတွေထဲမှာ သန္ဓေတားဆေးသောက်တာ၊ ဆေးထိုးတာ၊ သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း ( IUD ) ထည့်တာ၊ လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်း (Implant) ထည့်တာ၊ ကွန်ဒုံးသုံးတာဆိုပြီး အမျိုးမျိုး ရှိပါတယ်။ ဒီလို နည်းလမ်းတွေထဲမှာမှ နေ့တိုင်း ဆေးသောက်ရတာကို မေ့သွားမှာ စိုးလို့၊ ဆေးထိုးရမှာ ရက်ကျော်သွားမှာစိုးလို့ ရေရှည်ခံတဲ့ သားဆက်ခြားနည်း တစ်ခုခုကိုပဲ သုံးချင်တယ်။ ဒီလို ရေရှည်ခံတဲ့ သားဆက်ခြားနည်းတွေထဲမှာမှ လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်း(Implant)ကိုပဲ အသုံးပြုချင်တယ်ဆိုတဲ့ လေဒီလေးတွေ ရှိလား ....... ဒါဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်း(Implant)ဆိုတာ ဘာလဲ လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်းဆိုတာ မီးခြစ်တံအရွယ်အစား ရှိတဲ့ ပျော့ပျောင်းတဲ့ ပစ္စည်းလေးပါ။ ထုံဆေးပေးပြီး လက်မောင်းရဲ့ အရေပြားအောက်ကို ထည့်သွင်းပေးရပါမယ်။ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ဆက်ဆံရင်း ဖြစ်လာနိုင်တဲ့ ထိခိုက်ဒဏ်ရာ ၇ခု

လိင်ဆက်ဆံတယ်ဆိုတာက ကိုယ်နဲ့ ကိုယ့်အဖော်ကြားမှာ သံယောဇဉ်တွေ တိုးလာဖို့ပါ၊၊ ခန္ဓာကိုယ်ချင်း ထိတွေ့မှု၊ စိတ်ချင်း ရင်းနှီးမှုတွေကြောင့် အတူနေတာက စိတ်ကျေနပ်မှုကို ရစေပြီး သက်သောင့်သက်သာ ဖြစ်စေပါတယ်၊၊ ဒါပေမယ့် တစ်ခါတလေမှာ အချစ်လွန်ပြီး ထိခိုက်ဒဏ်ရာရတာတွေ ရှိတတ်ပါတယ်၊၊ ဒါကြောင့် လိင်ဆက်ဆံရင်း နဲ့ ထိခိုက်ဒဏ်ရာရခဲ့ရင် ဘာတွေလုပ်ရမလဲဆိုတာ ပြောပြပေးပါမယ်၊၊ လိင်ဆက်ဆံရင်း ဖြစ်လာနိုင်တဲ့ ထိခိုက်ဒဏ်ရာ ၇ခု မွေးလမ်းကြောင်းပြဲတာ ထိုးသွင်းဆက်ဆံတဲ့အခါ ကြမ်းသွားတာ ဒါမှမဟုတ် sex toys တွေနဲ့ ထိုးမိတဲ့အခါ ဖြစ်တတ်ပါတယ်၊၊ နည်းလမ်း မွေးလမ်းကြောင်း ဘယ်လောက်ပြဲသွားလဲဆိုတာပေါ် မူတည်ပါတယ်၊၊  သေးသေးလေး၊ အပေါ်ယံလေးပဲဆိုရင် အိမ်မှာတင် သက်သာအောင်ကုလို့ရပါတယ်၊၊ ကြီးလွန်းတယ်၊ သွေးထွက်များတယ်ဆိုရင်တော့ ချုပ်ဖို့လိုနိုင်လို့ ဆေးရုံ၊ ဆေးခန်းသွားသင့်ပါတယ်၊၊ အိမ်မှာသက်သာစေတဲ့ နည်းတွေကတော့ နာတာ သက်သာစေဖို့ အကိုက်အခဲပျောက်ဆေး သောက်ပါ၊၊ ရေနွေးဇလုံထဲမှာ တစ်ခါစိမ်ရင် ၁၀-၁၅မိနစ်နဲ့ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်ဆက်ဆံတဲ့ အိပ်မက်တွေ မက်တာ ဘာကြောင့်လဲ

အိပ်မက်ဆိုတာမျိုးက ကိုယ်ထိန်းချုပ်လို့ရတာ မဟုတ်တဲ့အတွက် သူမက်ချင်တာ မက်မှာပါ။ အိပ်မက်တွေက သိပ္ပံနယ်ပယ်မှာ ခုထက်ထိ ဖြေရှင်းရခက်တဲ့ ပုစ္ဆာတွေ ဖြစ်နေတုန်းပါပဲ။ အိပ်မက်ထဲမှာ ပျော်စရာတွေ၊ ဝမ်းနည်းစရာတွေ၊ ကြောက်စရာတွေ အကုန်ကြုံရနိုင်ပါတယ်။ ဒီလိုပဲ လိင်ဆက်ဆံတဲ့ အိပ်မက်တွေလည်း မက်တတ်ပါသေးတယ်။ လိင်ဆက်ဆံတဲ့ အိပ်မက်တွေ မက်တာ ဘာကြောင့်လဲ။ လူတစ်ယောက်က တစ်ညကို ၂နာရီလောက် အိပ်မက်တတ်ကြပါတယ်။ ဒါပေမယ့် အများစုက မမှတ်မိကြပါဘူး။ လိင်ဆက်ဆံတဲ့ အိပ်မက်တွေကလည်း ဒီအိပ်မက်တွေထဲက တစ်ခုပါပဲ။ လူတိုင်း မမက်တတ်ကြပေမယ့် မက်ကြတဲ့သူကလည်း မနည်းလှပါဘူး။ လိင်ဆက်ဆံတဲ့ အိပ်မက်တွေနဲ့ ပတ်သက်ပြီး လေ့လာချက်တွေ ရှိနေပေမယ့် ဒါတွေက ဘာလို့မက်တာလဲ။ ဘာအဓိပ္ပာယ်လဲဆိုတာကိုတော့ သေချာမသိကြသေးပါဘူး။ တချို့သီအိုရီတွေမှာ လူသားတွေ ဖြစ်ချင်တာကို မက်တယ်လို့ ပြောကြပါတယ်။ တချို့ကလည်း ဒါက ဦးနှောက်က သူသိမ်းထားတဲ့ မှတ်ဉာဏ်အပိုင်းအစတွေကို ဆက်ချင်သလို […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

သုက်လွှတ်မြန်တာ ကို ဆေးမလိုဘဲ ဒီလိုဖြေရှင်းနိုင်ပါတယ်။

သုက်လွှတ်မြန်တယ်ဆိုတာက အမျိုးသားတွေ အိပ်ရာပေါ်မှာ စိုးရိမ်ရတဲ့ ပြဿနာတစ်ခုပါ။ လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ရင် ပြစ်မျိုးမှဲ့မထင်ဖြစ်ချင်တဲ့ အမျိုးသားတွေအတွက် သုက်လွှတ်မြန်တာ က အားနည်းချက်တစ်ခုလို  ခံစားရမှာပါ။ ပိုဆိုးတာက အမျိုးသားတွေရဲ့ ထုံးစံအတိုင်း ဆေးခန်းပြရမှာ၊ ဒါကို တစ်ယောက်ယောက်ကို ဖွင့်ပြောရမှာ ရှက်ကြပါတယ်။ ဒီတော့ သုက်လွှတ်မြန်တာက မသက်သာဘဲ လိင်မှုကိစ္စမှာ ထိခိုက်လာတာ၊ မှားယွင်းတဲ့ နည်းလမ်းတွေနဲ့ ကုသမိတာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုမဖြစ်ရအောင်  သိပ္ပံနည်းကျ စမ်းသပ်ထားပြီး ကိုယ်တိုင်လိုက်လုပ်လို့ရတဲ့ နည်းလမ်းလေးတွေကို မျှဝေပေးလိုပါတယ်။ သုက်လွှတ်မြန်တာ ဘယ်လိုမျိုးလဲ ဆေးပညာမှာတော့ သုက်လွှတ်မြန်တယ်ဆိုတာကို ထိုးသွင်းပြီး တစ်မိနစ်အတွင်းမှာ သုက်လွှတ်တာ ၆လအတွင်း လိင်ဆက်ဆံတဲ့ အကြိမ်တော်တော်များများမှာ သုက်ထိန်းလို့မရတာ သုက်လွှတ်မြန်တာကြောင့် စိတ်ဖိစီးတာ၊ မိမိကိုယ်ကို အားမလိုအားမရ ဖြစ်ပြီး လိင်ဆက်ဆံဖို့ စိတ်မပါတော့တာ စတဲ့ အချက်တွေနဲ့ သတ်မှတ်ပါတယ်။ သုက်လွှတ်မြန်တာ က […]


လိင်မှတဆင့်ကူးစက်သော အခြားရောဂါများ

ဆီးခုံသန်း အတွက် အိမ်တွင်းကုသနည်းများ

လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေထဲမှာ ဘက်တီးရီးယားလည်း မဟုတ်၊ ဗိုင်းရပ်စ်လည်း မဟုတ်ဘဲ အင်းဆက်ဖြစ်နေရဲ့နဲ့ ပါနေတဲ့ ရောဂါတစ်ခု ရှိပါတယ်။ ဒါကတော့ ဆီးခုံသန်း ပါ။ သန်းတွေ အများစုက အနီးကပ်ထိတွေ့မိရုံနဲ့ ကူးစက်တတ်တာဖြစ်ပြီး ဆီးခုံသန်းကတော့ လိင်ကတဆင့် ကူးစက်ပါတယ်။ ဆီးခုံသန်း က လိင်ကနေတဆင့် ဘယ်လိုကူးစက်တာလဲ။ မိမိရဲ့ အဖော်မှာ ဆီးခုံသန်း ရှိတယ်ဆိုရင် အတူနေရင်းကနေ မိမိဆီကို ရောက်လာတတ်ပါတယ်။ ဒါကတော့ တွေ့ရအများဆုံးပါ။ လိင်ဆက်ဆံလို့ မဟုတ်ဘဲ ကူးနိုင်တဲ့ အခြေအနေလည်း ရှိပါတယ်။ ဒါကတော့ သန်းတွယ်နေတဲ့ အတွင်းခံတွေ၊ အိပ်ရာခင်းတွေကို မျှဝေသုံးစွဲတာ ဆီးခုံက သန်းက ခန္ဓာကိုယ်ရဲ့ တခြားနေရာ (ဥပမာ ခေါင်း၊ ချိုင်းမွေး)ကို ရောက်သွားပြီး ဒီကနေတဆင့် ကူးစက်တာပဲ ဖြစ်ပါတယ်။ ဆီးခုံသန်းရဲ့ အဓိက ပြဿနာက ဘာလဲ။ ဆီးခုံသန်းရဲ့ […]


သားဆက်ခြားခြင်း

ကိုယ်ဝန်ရရှိမှုနဲ့ ပတ်သက်လို့ သိထားမိနိုင်တဲ့ အလွဲများ

စုံတွဲတွေအနေနဲ့ အတူနေတဲ့အခါ ကိုယ်ဝန်လည်း မရချင်ဘူး။ သားဆက်ခြားနည်းတွေ အကာအကွယ်တွေလည်း မသုံးချင်ဘူးဆိုပြီး ရုပ်ရှင်တွေထဲမှာ ကြားဖူးတဲ့ နည်းလမ်းတွေ၊ ပုရိသတွေကြားမှာ အချင်းချင်းပြောထားတဲ့ နည်းတွေနဲ့ ကိုယ်ဝန်မရအောင် လုပ်လို့ရတယ်ဆိုပြီး ကိုယ်ဝန်ရရှိမှုနဲ့ ပတ်သက်လို့ လွဲမှားစွာ သိထားမိနိုင်တဲ့ အချက်လေးတွေ ရှိနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ပုရိသတွေ သိထားတဲ့ ကိုယ်ဝန်ရရှိခြင်း၊ မရရှိခြင်း အယူအဆတွေမှာ ဘာတွေက လွဲမှားနေလဲဆိုတာကို ဆောင်းပါးလေး ဖတ်ရင်း မှားနေတာရှိရင် အမှန်လေး ပြင်ပြီး မှတ်လိုက်ဦးစို့နော်။ ကိုယ်ဝန်ရရှိမှုနဲ့ ပတ်သက်လို့ သိထားမိနိုင်တဲ့ အလွဲများ ကိုယ်ဝန်ရရှိမှုနဲ့ ပတ်သက်လို့ သိထားတာတွေက မှန်ရဲ့လားဆိုတာကို ဆောင်းပါးလေး ဖတ်ရင်း ဆန်းစစ်ကြည့်လိုက်ကြပါဦး။ Myth 1 - ရေထဲမှာ လိင်ဆက်ဆံရင် ကိုယ်ဝန် မရနိုင်ဘူး။ မှားပါတယ်။ တကယ်ကတော့ ရေထဲမှာပဲ လိင်ဆက်ဆံဆက်ဆံ၊ ကုန်းပေါ်မှာပဲ အတူနေနေ ကိုယ်ဝန်ကတော့ […]


လိင်မှတဆင့်ကူးစက်သော အခြားရောဂါများ

လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများ

ရောဂါတွေ အများကြီး ရှိတဲ့အထဲကမှ အခုတစ်ခေါက်တော့ လိင်ဆက်ဆံမှုကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေအကြောင်း နည်းနည်းလောက် ပြောပြချင်ပါတယ်။ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများ က ပျော်ရွှင်စရာကောင်းတဲ့ စုံတွဲတွေကြားက ဆက်ဆံရေးတွေကို ပျက်စီးစေနိုင်သလို အနာဂတ် မိသားစု စီမံကိန်းအပေါ်မှာပါ ထိခိုက်တာတွေ ဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် လိင်ဆက်ဆံရာကနေ ကူးစက်တတ်တဲ့ အဖြစ်များတဲ့ ရောဂါတွေအကြောင်းနဲ့ ကာကွယ်နည်းတွေကို အတူတူလေ့လာရအောင်လား Helloဆရာဝန် ပရိသတ်ကြီးရေ ..... ဘာလဲ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါ (STDs) ဆိုတာ........ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများ (STDs) ဒါမှမဟုတ် လိင်ဆက်ဆံရာကနေတဆင့် ကူးစက်တတ်တဲ့ရောဂါများ (STIs)ဆိုတာက လူတစ်ဦးဆီကနေ အခြား တစ်ဦးဆီကို လိင်ဆက်ဆံရာကနေ တဆင့်ကူးစက်တတ်တဲ့ ရောဂါတွေပါ။ ဒီလို ကူးစက်ခံရမှုက များသောအားဖြင့် မိန်းမကိုယ်နဲ့ ဆက်ဆံမှုကနေ ကူးစက်နိုင်သလို။ ပါးစပ်နဲ့ […]


သားဆက်ခြားခြင်း

ကော့ပါး IUD နဲ့ ဟော်မုန်းIUD ဘာကွာသလဲ

IUD ဆိုတာ သားအိမ်ထဲထည့်တဲ့ ပစ္စည်းရယ်လို့ အသိများကြပါတယ်။ သူ့မှာ ဟော်မုန်းပါတာရယ်၊ မပါတာရယ်ဆိုပြီး ၂မျိုးရှိပါတယ်။ ဟော်မုန်းမပါဘူးဆိုတာက ကော့ပါးနဲ့ လုပ်ထားတာပါ။ ဟော်မုန်းပါတာက ပရိုဂျက်စတင် (ပရိုဂျက်စတုန်း) ပါတာပါ။ သားအိမ်ထဲထည့်တဲ့ နည်းနဲ့ သန္ဓေတားမယ်ဆိုရင် ဒီနှစ်ခုထဲက ဘယ်ဟာကို ရွေးချယ်သင့်သလဲဆိုတာကို ပြောပြပေးပါမယ်။  IUDတွေရဲ့ အလုပ်လုပ်ပုံ ကော့ပါး IUD ကော့ပါး  IUDက ကော့ပါးလို့ခေါ်တဲ့ ကြေးနီနဲ့ ပလတ်စတစ်နဲ့ လုပ်ထားတာပါ။ ကြေးနီက သုက်ပိုးကို သေစေတဲ့ သတ္တိရှိပါတယ်။ သုက်ကောင်က မမျိုးဥနဲ့ မတွေ့ခင် ကော့ပါးနဲ့ အရင်ထိတွေ့မိတဲ့အတွက် သေသွားပြီး မျိုးမအောင်နိုင်တော့ပါဘူး။ မတော်တဆ မျိုးအောင်သွားခဲ့ရင်တောင် သားအိမ်မှာ သွားတွယ်လို့မရအောင် တားဆီးပေးပါတယ်။ ဟော်မုန်းIUD ပရိုဂျက်စတင်ဟော်မုန်းအမျိုးအစား ( levonorgestrel) ပါဝင်ပါတယ်။ သူက အာနိသင်ပြဖို့ တစ်ပတ်လောက်စောင့်ရပါတယ်။ ဒါကြောင့် ရာသီစလာတဲ့ရက်ကနေ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်ဆက်ဆံပါ များရင် မိန်းမကိုယ် ကျယ်လာနိုင်သလား

မိန်းမကိုယ် ကျဉ်းဆေးတွေကို အွန်လိုင်းမှာ အများအပြားတွေ့လာရတာက အမျိုးသမီးတွေက ကိုယ့်ရဲ့ မိန်းမကိုယ်နဲ့ ပတ်သတ်ပြီး အကျဉ်းအကျယ်တွေကို အာရုံစိုက်လာာတယ်ဆိုတဲ့ လက္ခဏာပါပဲ။ အမျိုးသားတွေက မိမိအိမ်ထောင်ဖက်အပေါ်မှာ စိတ်ပျက်သွားမှာကို စိုးရိမ်တာလည်း ပါနိုင်ပါတယ်။ မိန်းမကိုယ်က ထင်ထားသလောက် ကျဉ်းလွယ်ကျယ်လွယ်တဲ့ အင်္ဂါရပ်မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတာ ဆက်ကြည့်ရအောင်။ မိန်းမကိုယ် ရဲ့ ကျုံ့နိုင် ဆန့်နိုင်စွမ်း မိန်းမကိုယ် (တစ်နည်းအားဖြင့် မွေးလမ်းကြောင်း)ရဲ့ ကျုံ့နိုင် ဆန့်နိုင်စွမ်းက အံ့သြစရာပါ။ မြင်သာအောင် ပြောရရင်  မျက်နှာသုတ်ပဝါတစ်ခုကို လုံးထွေးပြီး ခြေအိတ်ထဲကို ထည့်လိုက်ပါ။ ပြီးရင် ခြေအိတ်အဝကို လက်နှစ်ဖက်နဲ့ ညှစ်ပြီး ပိတ်ထားပါ။ ခြေအိတ်က မိန်းမကိုယ်ပါ။ မျက်နှာသုတ်ပဝါက မိန်းမကိုယ် ကြွက်သားတွေပါ။ ညှစ်ပိတ်ထားတဲ့ လက်နှစ်ဖက်က တင်ပဆုံကွင်းထဲက ကြွက်သားတွေပါ။ လက်တွေ့မှာလည်း မိန်းမကိုယ်က ဒီလို အကြားအလပ်မရှိအောင် ပြည့်ကျပ်နေတာပါ။ ဒါ့ပြင် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း