ပန်းနာရင်ကျပ်

ပန်းနာရင်ကျပ်ဆိုတာ လေပြွန်တွေ ကျဉ်းပြီးရောင်ရမ်းတာအပြင် အချွဲတွေလည်း ထွက်တဲ့ အဆုတ်ရောဂါပါ။  အသက်ရှူရင် တရွှီရွှီမြည်တာ၊ ချောင်းဆိုးတာ၊ အသက်ရှူရခက်တာတွေ ဖြစ်တတ်ပါတယ်။ ဘာကြောင့် ပန်းနာရင်ကျပ်ဖြစ်ရတာလဲ။ ဘယ်လိုထိန်းချုပ်မလဲဆိုတာကို ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ပန်းနာရင်ကျပ်

ပန်းနာရင်ကျပ်ရောဂါ အကြောင်း သိကောင်းစရာ

ပန်းနာရင်ကျပ်ရောဂါ က မြန်မာနိုင်ငံရဲ့ အဖြစ်အများဆုံး အသက်ရှူလမ်းကြောင်းရောဂါတွေထဲမှာ နံပါတ် ၆ချိတ်ပါတယ်။ မျိုးရိုးလည်း လိုက်တတ်တာကြောင့် အဖြစ်များတဲ့ရောဂါ တစ်မျိုး ဖြစ်ပါတယ်။ ပန်းနာရင်ကျပ်နဲ့ ပတ်သက်ပြီး ဘယ်လိုအချက်အလက်တွေက သိထားသင့်သလဲဆိုတာ မျှဝေပေးလိုပါတယ်။ ပန်းနာရင်ကျပ်ရောဂါ ဆိုတာ ပန်းနာရင်ကျပ်ဆိုတာ လေပြွန်တွေ ရောင်ရမ်းတဲ့ရောဂါပါ။ လေပြွန်တွေ ရောင်ရမ်းတဲ့အတွက်ကြောင့် ကျဉ်းမြောင်းလာပြီး ချွဲတွေနဲ့ ပြည့်လာတာကြောင့် အသက်ရှူရကျပ်လာပြီး တရွှီရွှီနဲ့ မောလာပါတယ်။ နာတာရှည်ရောဂါဖြစ်ပြီး အမြစ်ပြတ်ကုသဖို့ မလွယ်ပါဘူး။ ဒါပေမယ့် ဆောင်ရန် ရှောင်ရန်တွေကို လိုက်နာရင်တော့ လူကောင်းအတိုင်း နေသွားနိုင်ပါတယ်။ ပန်းနာရင်ကျပ်ရောဂါ ဘာကြောင့်ဖြစ်တာလဲ။ ပန်းနာရင်ကြပ် ဘာကြောင့် ဖြစ်တာလဲဆိုတာ အတိအကျ မပြောနိုင်သေးပါဘူး။ မျိုးဗီဇနဲ့ ပတ်ဝန်းကျင်က အချက်အလက်တွေကြောင့်လို့ပဲ ယူဆထားကြပါတယ်။ ဒါပေမယ့် ပန်းနာရင်ကျပ်သမားတွေမှာ ရင်ကျပ်ထစေတဲ့ ပစ္စည်းလေးတွေ ရှိပါတယ်။ ဒါကို triggersလို့ ခေါ်ပါတယ်။ ဥပမာ […]

ပန်းနာရင်ကျပ် ကို ရှာဖွေမည်။

ပန်းနာရင်ကျပ်

ပန်းနာရင်ကျပ်ရောဂါ ပြန်ထနေတဲ့အခါ သဘာဝအတိုင်းသက်သာအောင် ဘယ်လိုလုပ်ကြမလဲ။ ။

ပန်းနာရင်ကျပ်ရောဂါ ဆိုတာ ဒီနေ့သက်သာလိုက်၊ နောက်နေ့ကျ ပြန်ထလိုက်နဲ့ ဖြစ်လိုက်ပျောက်လိုက်ဖြစ်နေတဲ့ နာတာရှည်ပြဿနာတစ်ခုပါ။ သောက်ဆေးတွေလည်း မှန်မှန်သော်ကနေရက်နဲ့ အခန့်မသင့်လို့ မတည့်တာတစ်ခုခုနဲ့ပြန်တွေ့ခဲ့ရင် ပန်းနာရင်ကြပ်ရောဂါ ပြန်ထသွားတတ်ပါတယ်။ ဒီတော့ ဒီလို ပန်းနာရင်ကျပ်ရောဂါပြန်ထနေတဲ့အချိန် ဘာတွေလုပ်ရမလဲ ။ ။ ပန်းနာရင်ကျပ်ရောဂါ ထိနေချိန် ဒါတွေလုပ်ကြည့်ပါ။ ဆေးမှန်မှန်သောက်ပါ။ နာတာရှည် ပန်းနာရင်ကျပ်သမားတွေအတွက် စွဲသောက်နေရတဲ့ဆေးက အရေးအကြီးဆုံးပါ။ ဆေးကို မှန်မှန် မပျက်မကွက်သောက်ဖို့ အရေးကြီးတဲ့အပြင် ရှူဆေးဆိုလည်း နည်းလမ်းမှန်မှန်နဲ့ ရှူပေးဖို့အရေးကြီးပါတယ်။ ဆေးက ပန်းနာရင်ကြပ်မသားတွေအတွက် အရေးကြီးတယ်ဆိုပေမယ့် အခြားနည်းလမ်းလေးတွေလည်း လိုအပ်ပါသေးတယ် ။ ဒါလေးတွေလုပ်ကြည့်ပါ။ ကော်ဖီသောက်ပါ - ကော်ဖီမှာပါတဲ့ ကဖင်းဓါတ်က လေပြွန်တွေကို ပွင့်စေတာကြောင့်ပါ။ တစ်ချို့လေ့လာချက်တွေအရ ကဖင်းဓါတ်ကလေပြွန်ကို ၄ နာရီတိုင်အောင် ပွင့်စေတယ်လို့ဆိုပါတယ်။ ရေနွေးငွေ့ရှူပါ - ရေချိုးတဲ့အခါ ရေနွေးစိမ်ချိုးတာတို့၊ ချွေးထုတ်ခန်းသွားတာမျိုးတွေက ပန်းနာရင်ကျပ်သမားတွေအတွက် […]


ပန်းနာရင်ကျပ်

ပန်းနာရင်ကြပ်ရောဂါနဲ့ ပတ်ဝန်းကျင် သက်ရောက်မှု ။ ။

အာလုံးသိကြမှာ။ ပန်းနာရင်ကြပ်သမားတွေ ဆောင်းရာသီကို ကြောက်ကြတယ်ဆိုတာ။ ဆောင်းတွင်းမှာပြင်ပကလေအေးတွေကြောင့် လေပြွန်တွေ ကျဉ်းနေမယ့် အပြင် ပြင်ပက အမှုန်တွေကို နဂိုတည်းက ဓါတ်မတည့်အတွက် ချွဲပိုထပြီး အသက်ရှူရပိုကြပ်စေပါတယ်။ ဒါပေမယ့် ပန်းနာရင်ကြပ်သမားတွေအပေါ် သက်ရောက်တာဆောင်းရာသီ တစ်ခုတည်းမဟုတ်ပါဘူး။ အခြား ရာသီဥတုနဲ့ သဘာဝ ပတ်ဝန်းကျင် အခြေအနေကလည်း သက်ရောက်သေးတာကြောင့် တစ်ခုချင်းစီအကြောင်း ဆက်ကြည့်လိုက်ရအောင် ။ ။ Heat ( အပူချိန်) လေပူတွေကို ရှူသွင်းလိုက်တဲ့ခါ နဂိုကျဉ်းပြီးသား လေပြွန်တွေကို ပိုကျဉ်းသွားတဲ့အပြင် ဖုန်ထတဲ့နွေရာသီကြောင့် ချွဲပိုထပြီး အသက်ရှူပိုကြပ်သွားတတ်ပါတယ်။ Cold( အအေး ) ။ အပူထက်စာရင် အအေးက ပန်းနာရင်ကြပ်သမားတွေကို အသက်ရှူပိုကြပ်စေမှာပါ။ အေးတဲံလေတွေက လေပြွန်တွေထဲမှာ ရှိတဲံ တစ်ရှူးတွေကို ခြောက်သွားစေပြီး လေပြွန်ပိတ်မလို အခြေအနေတောင် ဖြစ်သွားစေပါတယ်။ ဒီလို အချိန်မျိုးတွေမှာဆို လည်စည်းလေးကို မျက်နှာအောက်နားလောက်မှာ […]


ပန်းနာရင်ကျပ်

ပန်းနာရင်ကြပ်ရှူဆေး Inhaler ရှူတဲ့အချိန် လုပ်မိတတ်တဲ့ အမှားများ ။ ။

ပန်းနာရင်ကြပ် ရောဂါကို အားလုံးကြားဖူးကြမှာပါ။ အေးတဲ့ ရာသီဥတုမှာ၊ ဓါတ်မတည့်တဲ့ အရာတွေနဲ့ ထိမိတဲ့အခါမှာ၊ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်တဲ့အခါမျိုးတွေမှာ အသက်ရှူရကြပ်ကြပ်လာတာ ပန်းနာရင်ကြပ် သမားတွေရဲ့ အဓိကဝေဒနာတစ်ခုပါ။ ဒါကို သက်သာစေဖို့အတွက် သူတို့သွားလေရာ ဆောင်သွားရတဲ့ ရှူဆေးဘူးလေးတွေရှိပါတယ်။ ဒီနေ့ပြောပြပေးမှာကတော့ ခုမှ ရှူဆေးစရှူမယ့်သူတွေရော၊ ရှူနေတာကြာပြီဖြစ်တဲ့သူတွေရောသိထားသင့်တဲ့ Inhaler ရှူတဲ့အချိန် လုပ်မိတတ်တဲ့ အမှားများအကြောင်းပဲ ဖြစ်ပါတယ်။ မှားတဲ့နည်းတွေနဲ့လုပ်မိရင် ဆေးအာနိသင် ထိရောက်တာ နည်းသွားပါလိမ့်မယ်။ Inhaler ရှူတဲ့အချိန် လုပ်မိတတ်တဲ့ အမှားများ။ ။ ( ၁ ) ဆေးဘူးကို လှုပ်ဖို့ မေ့သွားတာ။ ရှူဆေးဘူးကို မလှုပ်ဘဲ တန်းရှူတဲ့သူတွေ အများကြီးပါ။ ဒါဟာမှားနေပါတယ်။ ရှူဆေးထဲမှာပါတဲ့ ပါဝင်ပစ္စည်းတွေ သေချာ ရောအောင်လုပ်မှ ဆေးအာနိသင့်ထိထိရောက်ရောက်ရမှာ ဖြစ်လို့ မရှူခင် ဆေးဘူးကို ၁၅မိနစ်လောက် […]


ပန်းနာရင်ကျပ်

ပန်းနာရင်ကျပ်ရှိတဲ့သူတွေအတွက် ဆောင်ရန်ရှောင်ရန် အစားအသောက်များ

ပန်းနာရင်ကျပ်ရှိတဲ့သူတွေဟာ အမှုန်အမွှားလေးတွေကအစ ပန်းနာပိုဆိုးစေနိုင်မယ့်အရာတွေကိုရှောင်ဖို့ ဂရုစိုက်ရပါတယ်။ အစားအေသောက်၊ အနေအထိုင်လည်း အမှားမခံသလို အချိန်အခါမရွေး၊နေရာမရွေးမှာ ပန်းနာရင်ကျပ်ထလာနိုင်ပါတယ်။ ဒီလိုထိခိုက်လွယ်တဲ့ရောဂါပိုင်ရှင်တွေအတွက်ရှောင်သင့်၊ဆောင်သင့်တဲ့ အစားအစာတွေအကြောင်း ဒီမှာ အကြံပြုပေးလိုက်ပါတယ်နော်။ ဆောင်သင့်တဲ့အချက် အသီးနဲ့ ဟင်းသီးဟင်းရွက် ပန်းနာသမားအတွက် အသက်ရှူလမ်းကြောင်းပြဿနာကိုသက်သာစေမယ့် သီးသန့်အစားအစာတွေ မရှိပါဘူး။ ဒါပေမယ့် အစားအစာတချို့မှာတော့ အကျိုးကျေးဇူးတွေရှိပါတယ်။ ဥပမာ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေပေါ့။ သူတို့မှာ ဘီတာကယ်ရိုတင်းလို ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ဗီတာမင် အီး၊ ဗီတာမင် စီ တို့ပါဝင်နိုင်တယ်။ ဒီဓါတ်တွေက ဆဲလ်တွေကိုပျက်စီးစေပြီး အဆုတ်ကိုရောင်ရမ်းစေနိုင်၊ ထိုးဆွနိုင်တဲ့free radicalsတွေကို တားဆီးနိုင်ပါတယ်။ ဗီတာမင် ဒီ ဗီတာမင်ဒီကိုနေရောင်ခြည်ကနေ အများစုရရှိနိုင်ပေမယ့် အစားအစာထဲမှာလည်း ရှိပါတယ်။ အကောင်းဆုံးက ဆယ်လ်မွန်ငါးနဲ့ ဓါးရှည်နှုတ်သီးငါးတို့ဖြစ်ပြီး နွားနို့၊ ကြက်ဥတို့ကနေ အနည်းငယ်ရရှိနိုင်တယ်။ ဗီတာမင် ဒီက ကိုယ်ခံအားစနစ်ရဲ့တုံု့ပြန်နိုင်စွမ်းကို အားကောင်းစေပြီး အသက်ရှူလမ်းကြောင်းရောင်ရမ်းမှုကိုလျော့စေနိုင်တယ်။ ဗီတာမင် ဒီ ချို့တဲ့ရင် […]


ပန်းနာရင်ကျပ်

ပန်းနာရင်ကျပ်ရှူဆေး(Inhaler)ကို ရှူနည်းမှန်ကန်ရဲ့လား

Inhaler လို့ခေါ်တဲ့ ရှူဆေးကိရိယာဟာ ပန်းနာရင်ကျပ်ရှိသူတွေ၊ ပန်းနာရင်ကျပ်ခံစားနေရတဲ့ ကလေးတွေရဲ့မိဘတွေအတွက် မစိမ်းတဲ့ အရာတစ်ခုပါ။ သူ့ကို ပန်းနာအပြင် နာတာရှည်အဆုတ်ရောဂါ၊ ဓါတ်မတည့်မှုတွေအတွက်လည်း သက်သာစေဖို့ သုံးကြပါတယ်။အသက်ရှူရင်ချောင်စေဖို့ အလွယ်တကူသုံးလို့ရတဲ့ ရှူဆေးဖြစ်ပေမယ့် အသုံးပြုပုံအသုံးပြုနည်းမှန်ကန်မှလည်း ထိရောက်နိုင်မှာပါ။ ရှူလည်းရှူတယ်၊ဆေးလည်းကုန်တယ်၊ အဆုတ်မှာလည်း မသက်သာလာဘူးဆိုရင် ဘာထူးတော့မှာလဲနော်။ဒါ့ကြောင့်Inhaler ကို နည်းလမ်းမှန်မှန် အသုံးပြုနိုင်ဖို့ ဒီဆောင်းပါးနဲ့အကြံပြုလိုက်ရပါတယ်။ ပန်းနာ Inhaler ဆိုတာဘာလဲ ပန်းနာရင်ကျပ်အတွက်Inhaler ဆိုတာ အဆုတ်ကိုဆေးတွေတိုက်ရိုက်ရောက်အောင်ဖြန့်ပေးတဲ့ ကိရိယာပါ။သောက်ဆေး၊ ထိုးဆေးတွေထက်ဘေးထွက်ဆိုးကျိုးနည်းပြီးဆေးအာနိသင်ရရှိမှုပိုမြန်တာမို့ အသုံးဝင်လှပါတယ်။ သူ့ကို သုံးမယ်ဆိုရင် -(၁) အဖုံးကို ဖွင့်ပါရှူရှိုက်ရတဲ့ ကိရိယာဖြစ်တဲ့အတွက် သန့်ရှင်းဖို့၊အမှုန်အမွှားတွေကင်းဖို့ အဖုံးက အရေးပါတဲ့အကာအကွယ်ဖြစ်ပါတယ်။ ဒါ့ကြောင့် ဖွင့်ပြီးရင်လည်း အဖုံးကို သန့်တဲ့နေရာမှာပဲချထားပါ။ သုံးပြီးတာနဲ့ပြန်တပ်ထားပါ။(၂) Inhaler ကိုထောင်ပြီး ၅ မိနစ်လောက်လှုပ်ခါပါInhaler ကို လက်မ၊လက်ညှိုးနဲ့ထိန်းပြီးထောင်လျက်အနေအထားကိုင်ထားပါ။ ပါးစပ်နဲ့တေ့ရမယ့် အပေါက်ကို […]


ပန်းနာရင်ကျပ်

ရင်ကျပ်ခြင်းနှင့် သိကောင်းစရာ

“ညက အမေ အမောဖောက်လာလို့ဆေးရုံတင်လိုက်ရတယ်။” “ဘာဖြစ်တာတဲ့လ ဲ” “အရင်ထဲကတော့ရင်ကျပ်ရှိတာပဲ။ အခုကျ သွေးတိုး ဆီးချိုပါ ပါနေတယ်ပြောတယ်။ ရင်ကြပ်အတွက် စပ်ဆေးတေ ွ သောက်လို့ဖြစ်တယ်ပြောတာပဲ” “ဆရာဝန်တေ ွက တော့အရင်ဆေးရုံအခေါက်တေ ွ ဆေးရုံတက်ကတည်းက ရှူဆေးသုံးဖို့ပြောနေတာ၊ အမေက ကြောက်လို့မရှူတာ၊ ရှူဆေးတေ ွက နောက်ဆုံးအဆင့်ဆိုပြီးတော်လေ” “ရှူဆေးက အဲ့လောက်ဆိုးကျိုးမရှိဘူးတ ဲ့၊ အခုဆေးရုံကဆင်းရင်တော့ရှူခိုင်းမှရမယ်။” “ဟုတ်တယ်၊ အမေ့တုန်းကလည်း အစက မရှူဘဲနေတာ၊ နောက်ပိုင်း ဆရာဝန်က အတင်းတိုက်တ ွန်းလို့ ရှူဖြစ်သွားတာ၊ အခုတော့လည်း အဆင်ပြေတယ်။ ကြားက ပြောင်းလေးတော့ခံရှူရတယ်။ အမေက ဒီတိုင်းမရှူနိုင်တော့လေ။” ရင်ကြပ်ရောဂါသည်၏ လူနာစောင့်များ ပြောနေကြခြင်းဖြစ်သည်။ ရင်ကျပ်ရောဂါ ရင်ကျပ်ရောဂါများဟုလူသိထားကြသော ရောဂါများထဲတ ွင်ပန်းနာရင်ကြပ်(Brochial asthma) နှင့်လေပြွန်ရောင်ရင်ကျပ်ရောဂါ (COPD) ဟူ၍ အဓိက နှစ်မျိုးရှိပါသည်။ ပန်းနာရင်ကျပ်သည်အများအားဖြင့်အသက်ငယ်ငယ်ကတည်းက စဖြစ်လေ့ဖြစ်ထရှိသည်။ ဓါတ်မတည့်ခြင်း၊ မျိုးရိုးရှိခြင်းတို့နှင့်သက်ဆိုင်တတ်သည်။ ဓါတ်မတည့်ခြင်းဟုဆိုရာတ ွင် အနံ့ထူးထူးဆန်းဆန်းများ (အမွှေးနံ့သို့မဟုတ်အနံ့ဆိုး)၊ ဆေးလိပ်ငွေ့၊ အမွှေးတိုင်၊ ခြင်ဆေးခွေမှထ ွက်သော အငွေ့များ၊ စက်ရုံအလုပ်ရုံများမှထ ွက်သော […]


ပန်းနာရင်ကျပ်

ပန်းနာရင်ကြပ်ရှိသူများ ရှောင်ကြဉ်သင့်သည့် အလုပ် ၅ မျိုး

ပန်းနာရင်ကြပ်ဆိုသည်မှာ အသက်ရှူလမ်းကြောင်းကို ရောင်ရမ်းပြီး ကျဉ်းစေသော နာတာရှည် အဆုတ်ရောင်ရမ်း ခြင်းဖြစ်သည်။ ပန်းနာရင်ကြပ်ရှိသူများသည် နေ့စဉ်ဘဝတွင် ပြဿနာမျိုးစုံကို ရင်ဆိုင်ရသည်။ သူငယ်ချင်းများနှင့် ပျော်ပွဲ စားထွက်သည်မှစပြီး အားကစားလုပ်သည်အထိ ပြဿနာများ နှင့် ရင်ဆိုင်ရသည်။ ပန်းနာရင်ကြပ်ရှိသူများ မလုပ်သင့်သော အလုပ် ၅ ခုကို အောက်တွင် ဖော်ပြထားပါသည်။   လေ့ကျင့်ခန်းလုပ်ခြင်း ကျွန်တော်တို့ နေ့စဉ်ဘဝတွင် အသက်ရှူရန် နှာခေါင်းကို သုံးကြသည်။ လေသည် နှာခေါင်းလမ်းကြောင်းထဲ ဖြတ်သွား သောအခါ ပူနွေးပြီး စိုစွတ်လာသည်။ သို့သော်လည်း ဘောလုံး သမား ကဲ့သို့ လေ့ကျင့်ခန်းလုပ်ရသော လူများသည် ပါးစပ် ဖြင့် လေရှူသွင်းသည်။ ပန်းနာရင်ကြပ်ရှိသူများ၏ အသက်ရှူ လမ်းကြောင်းသည် စိုထိုင်းမှုနှင့် အပူချိန်ကို တုံ့ပြန်မှုအလွန် များသည်။ ရုတ်တရက် ပြောင်းလဲပါက အသက်ရှူ လမ်းကြောင်း […]


ပန်းနာရင်ကျပ်

ပန်းနာရင်ကျပ်ရောဂါ ပြန်ထနေသူကို ပြုစုနည်း

ပန်းနာရင်ကျပ်ရောဂါသည် အချိန်မရွေး၊ နေရာမရွေး ပြန်ထ နိုင်သော ရောဂါဖြစ်ပါသည်။ ရက်ပေါင်း၊ လပေါင်း များစွာ ငြိမ်နေရာမှ ရုတ်တရက် မွန်းကျပ်သော ဝေဒနာကို ရုတ်တရက် ခံစားရနိုင်ပါသည်။ စတင်၍ ချောင်းဆိုးမည်၊ နှာချေမည် ထို့နောက်တွင်မူ ရုတ်တရက် မွန်းကျပ်လာပါမည်။ အဘယ့်ကြောင့်ဆိုသော် အသက်ရှူ လမ်းကြောင်းတစ် လျောက် တွင်ရှိသော ကြွက်သားများ တင်လွန်းသွားပြီး အတွင်းနံရံ တစ်လျောက်တွင်မူ ဖူးယောင်လာသည့် အတွက် လေပြွန်ထဲသို့ လေဝင်နည်း လာပါလိမ့်မည်။ ပန်းနာရင်ကျပ်ရောဂါ ပြန်ထနေခြင်းကို ဘယ်လိုသိနိုင်သလဲ။ အကယ်၍ ပန်းနာရင်ကျပ် ရောဂါ အခံရှိသူ တစ်ယောက်သည် မစားနိုင်၊ မအိပ်နိုင်၊ စကားပင် မပြောနိုင် လောက်အောင် ရင်ကျပ်နေပြီ ဆိုလျင်၊ အသက်ရှူရ ခက်ခဲနေပြီဆိုလျင်၊ လေမှုပ်အား တိုင်းတာချက် နဂိုထက် လျော့နည်းလာပြီ ဆိုလျင် […]


ပန်းနာရင်ကျပ်

မှိုနှင့် ဆက်နွယ်သော ရင်ကြပ်ခြင်းကို လျော့နည်းစေမည့် နည်းလမ်း ၈ ခု

မှိုသည် သင့်တွင် ရင်ကြပ်ရောဂါရှိပါက ပိုဆိုးစေပါတယ်။ ကံမကောင်းစွာဘဲ မှိုကို နေရာတိုင်းမှာ တွေ့နိုင်ပါတယ်။ မှိုနှင့် ဆက်နွယ်သော ရင်ကြပ်ခြင်းကို လျော့နည်းစေမည့် နည်းလမ်းရှိပါသလား။ ဟုတ်ကဲ့၊ သည်ဆောင်းပါးထဲမှာ အဖြေပါ ပါတယ်။   ဘာပဲလုပ်လုပ် အရင်စဉ်းစားပါ။ မှိုကို သင့်အိမ်၊ ဆိုင်၊ လုပ်ငန်း စသည့် နေရာတိုင်း လိုလိုမှာ တွေ့နိုင်ပါတယ်။ ဥပမာ- ပန်းဆိုင်၊လယ်ယာ၊ ပန်းခြံ၊ ရှေးဟောင်းပစ္စည်းဆိုင်၊ ချွေးထုတ်ခန်း၊ စက်ရုံ၊ ဆောက်လုပ်ရေးနေရာ စသည်တို့ဖြစ်ပါတယ်။ ထိုနေရာများတွင် အလုပ်လုပ်ရပါက နှာခေါင်းစည်း တပ်ဆင်သင့်ပါတယ်။ လိုအပ်ပါက ဓါတ်မတည့်သူများသောက်သည့် ဆေးကို သောက်သင့်ပါတယ်။ ရင်ကြပ်စေသော အရာများကို ရှောင်ပါ။ မှိုပမာဏများသော နေရာများကို မသွားပါနှင့်။ သို့မှသာ ရှူသွင်းမိသော မှိုအရေအတွက် နည်းမှာပါ။ အပင်နှုတ်ခြင်း၊ အရွက်ခူးခြင်း၊ မြက်ရှင်းခြင်းများ ပြုလုပ်ရမည်ဆိုပါက ပြုလုပ်ပြီးပြီးခြင်း ရေချိုးရပါမယ်။ မှိုမဝင်အောင် ကာကွယ်ခြင်း၊ […]


ပန်းနာရင်ကျပ်

အံသြစရာကောင်းသော ပန်းနာရင်ကြပ်ရောဂါဖြစ်စေသည့် အချက်((၅)ချက်

သင့်တွင်ပန်းနာရင်ကြပ်ရှိပါက သင့်အနီးအနားရှိအရာများနှင့်ပတ် သတ်၍ဂရုစိုက်သတိထားပါ။ များပြားလှသောအရာများသည် ပန်းနာရင်ကြပ်ရောဂါအား ဖြစ်ပွားစေပါသည်။ သင်သည် ဖုန်မှုန့်များ၊မှိုများ(သို့)ဆေးလိပ်ငွေ့များကြောင့်ဖြစ်တတ်သည်ကို သိထားပြီးဖြစ်နိုင်သော်လည်း သင်သိထားရန်လိုအပ်သည့် ပို၍အံ့သြစရာကောင်းသည့်ဖြစ်ပွားစေနိုင်သောအကြောင်းအရင်း များလည်းရှိသေးပါသည်။ စိတ်ဖိစီးမှု စိတ်ဖိစီးမှုသည်သင့်အလုပ်၊သင့်ကလေးများ၊သင့်အချစ်ရေး၊ငွေရေး ကြေးရေး၊သင့်အိမ်နှင့်မိသားစု စသည်တို့မှလာနိုင်သည်။ ထိုစိတ်ဖိ စီးမှုသည် သင့်၏ပင်မအာရုံကြောစနစ်၊ခုခံအားစနစ်၊နှလုံးနှင့်သွေးကြောစနစ်၊ ကြွက်သားနှင့်အရိုးစနစ်၊အစာအိမ်နှင့်အူလမ်းကြောင်းစနစ်များကို ထိခိုက်စေနိုင်ပြီး သင့်၏ပန်းနာရင်ကြပ်ရောဂါကိုလည်း ထိခိုက်စေ နိုင်ပါသည်။ စိတ်ဖိစီးမှုသည် ပြင်းထန်သောတုံ့ပြန်မှုများကို ဖန်တီးပေးပြီး အာရုံ ကြောများကို အလုပ်လုပ်စေကာ အဆုတ်များရှိအသက်ရှူလမ်း ကြောင်းကြွက်သားများကို ကျုံ့နိုင်စေပါသည်။ ထိုကြွက်သားများ သည် မာတောင့်လာပြီး တဝှီဝှီမြည်ခြင်း၊ချောင်းဆိုးခြင်း၊ရင်ကြပ်ခြင်း နှင့် မောခြင်း စသောပန်းနာရင်ကြပ်လက္ခဏာများကို ပိုမိုဆိုးဝါးစေ နိုင်ပါသည်။ စိတ်ဖိစီးမှုသည် သင့်၏ခုခံအားစနစ်အတွင်းပြောင်းလဲမှု များကို ဖြစ်ပေါ်စေကာ သင့်၏ပန်းနာရင်ကြပ်ဝေဒနာကို ပိုမိုဆိုးဝါး စေနိုင်ပါသည်။ သို့သော် ပန်းနာရင်ကြပ်ရောဂါသည် စိတ်ပိုင်းဆိုင် ရာကြောင့်စတင် ဖြစ်ပွားစေသည့် ရောဂါမဟုတ်သောကြောင့် စိတ် ဖိစီးမှုသည် ပန်းနာရင်ကြပ်ရောဂါကို မဖြစ်ပွားစေနိုင်ပါ။ ဆိုလိုသည်မှာ သင့်တွင်ပန်းနာရင် ကြပ်မရှိပါက စိတ်ဖိစီးမှုမှတဆင့်ပန်းနာ ရင်ကြပ်ရောဂါဖြစ်ပွား မလာစေနိုင်ပါ။ သင့်တွင်ပန်းနာရင်ကြပ်ရှိပြီးသားဖြစ်ပါမှ စိတ်ဖိစီးမှု သည်သင့်ရောဂါလက္ခဏာများကို ဖြစ်ပွားစေနိုင်ပါသည်။ အော်ဟစ် ဆူပူခြင်း၊စိုးရိမ်ပူပန်ခြင်း၊ငိုကြွေးခြင်း၊ဒေါသထွက်ခြင်း(သို့)အလွန်အမင်းရယ်မောခြင်းစသော ပြင်းထန်သည့်စိတ်အခြေအနေများ သည်လည်း ရင်ကြပ်ရောဂါကို ဖြစ်ပွားစေတတ်ပါသည်။ ဆေးဝါးများ ပန်းနာရင်ကြပ်ဖြစ်စေနိုင်သည့်အချို့ဆေးများလည်းရှိသည်။ ထို့ ကြောင့်ပန်းနာရင်ကြပ်ရှိပါကအသုံးပြုသောဆေးဝါးများကို သတိ ထားပါ။ သို့သော် ဆိုလိုသည်မှာ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း