မွေးဖွားပြီးကာလကိုယ်တိုင် ဂရုစိုက်မှု

မွေးဖွားပြီးကာလကိုယ်တိုင် ဂရုစိုက်မှု ဆိုတာ မိခင်တိုင်းအတွက် လိုအပ်ပါတယ်။ မွေးဖွားပြီး ပြောင်းလဲလာတဲ့ ခန္ဓာကိုယ်ကို ပြန်လည်ထိန်းသိမ်းဖို့ လိုပါတယ်။

ကျန်းမာရေးဗဟုသုတ

မွေးဖွားပြီးကာလကိုယ်တိုင် ဂရုစိုက်မှု

ဘေဘီလေး မွေးဖွားပြီးချိန်မှာ ကျန်းမာနေအောင် ကိုယ်တိုင် ဘယ်လို ဂရုစိုက်ရမလဲ

မေမေ တစ်ယောက်ဖြစ်ရတဲ့ အခိုက်အတန့်က အမျိုးသမီးတိုင်းအတွက် စိတ်လှုပ်ရှားစရာ အကောင်းဆုံးနဲ့ ပီတိအဖြစ်ရဆုံး အခိုက်အတန့်ပါ။ ဘေဘီလေးကို လွယ်ထားရပြီလို့ စသိချိန်ကတည်းက ဘေဘီလေးကို ထိခိုက်မှု ကင်းစေဖို့၊ ကျန်းကျန်းမာမာနဲ့ လူ့လောကထဲကို ရောက်ရှိခေါ်ဆောင်နိုင်ဖို့ ဆိုပြီး အစစအရာရာကို နည်းနည်းမှ အလွဲမခံ စောင့်ရှောက်ကြတာကို မလုပ်တဲ့ မေမေရယ်လို့ မရှိပါဘူး။ ဒါပေမယ့် ဘေဘီလေးကို မွေးဖွားပြီးချိန်မှာတော့ ဘေဘီလေးကိုပဲ ဂရုစိုက်မိပြီး ဘေဘီလေးကို သေချာလေး ပျိုးထောင်ဦးဆောင်ပေးမယ့် ကိုယ့်ကိုယ်ကိုယ် ဂရုစစိုက်ဖို့ကိုတော့ မေမေတိုင်းက မေ့နေတတ်ကြပါတယ်။ ဘေဘီလေးကို ဗိုက်ထဲ လွယ်ထားစဉ်ကတော့ ဘေဘီလေးကို ထိခိုက်မှာစိုးတဲ့ စိတ်နဲ့ဂရုစိုက်တာက ကိုယ့်ကိုယ်ကိုယ် အပေါ်မှာပါ သက်ရောက်မှု ရှိနေပေမယ့် ဘေဘီလေးကို မွေးဖွားပြီးချိန်မှာတော့ ဘေဘီလေးကိုပဲ ဂရုစိုက်ရင်း ကိုယ်တိုင်ကို ဂရုမစိုက်မိတဲ့ မေမေတွေ အများကြီးပါ။ တကယ်ကတော့ မေမေ […]

မွေးဖွားပြီးကာလကိုယ်တိုင် ဂရုစိုက်မှု ကို ရှာဖွေမည်။

မိခင်ကျန်းမာရေး

ခွဲမွေးထားတဲ့မေမေတို့ ဘာတွေစားလို့၊ဘာတွေရှောင်ရမလဲ

ဘေဘီလေးကို ကိုယ်ဝန်ဆောင်ထားချိန်မှာပဲ စားသောက်မှုပုံစံကိုဂရုစိုက်ဖို့လိုတာလား။ မဟုတ်ပါဘူးနော်။ နို့ချိုတိုက်ကျွေးနေချိန်မှာလည်း စားသောက်မှုပုံစံကို ဂရုစိုက်ဖို့လိုမှာပါ။ ဒါ့အပြင်ခွဲမွေးထားတဲ့မေမေတစ်ယောက်အနေနဲ့လည်း စားသောက်မှုပုံစံကိုဂရုစိုက်ဖို့လိုပါမယ်။ ဒီလိုပြောရတဲ့အကြောင်းကတော့ ခွဲမွေးတာက အသေးစားခွဲစိတ်မှုမဟုတ်တာကြောင့် ခန္ဓါကိုယ်ကျန်းမာဖို့အတွက် စားသောက်မှုပုံစံကိုသေချာလေးဂရုစိုက်ဖို့လိုမှာပါ။ ခွဲမွေးထားရင် အနာကျက်ဖို့ ဘယ်လောက်စောင့်ရမလဲ.............. ခွဲမွေးတာက အသေးစားခွဲစိတ်မှုတစ်ခုမဟုတ်တာကြောင့်ဆေးရုံမှာ ရိုးရိုးမွေးတဲ့သူတွေထက်ပိုနေဖို့လိုအပ်သလို အနာကျက်ဖို့အတွက်လည်း ရက်သတ္တပတ် ၆ ပတ်လောက်အထိစောင့်ဖို့လိုပါမယ်။ ဒီကာလအတွင်းမှာ ချုပ်ရိုးကိုရေထိတာမျိုး၊ အလေးအပင်မတာမျိုး၊လေ့ကျင့်ခန်း ခပ်ကြမ်းကြမ်းလုပ်တာမျိုးတွေမလုပ်မိဖို့လိုပါမယ်။ ဘာတွေစားရမလဲ..... ခွဲမွေးထားတဲ့မေမေတစ်ယောက်အနာကျက်ဖို့အရေးကြီးတဲ့အချက်တစ်ချက်ရှိပါတယ်။ ဒါကတော့ အာဟာရပြည့်ဝအောင်စားသုံးပေးဖို့ပါ။ ပရိုတင်း ကြွယ်ဝအောင်စားပေးပါ ပရိုတင်းကြွယ်ဝဖို့ကမေ့ထားလို့မဖြစ်တဲ့အချက်တစ်ခုပါ။ ပရိုတင်းက တစ်ရှုးအသစ်တွေဖြစ်ပေါ်စေဖို့ အကောင်းဆုံးအားဖြည့်ပေးနိုင်ပါတယ်။ နို့တိုက်နေတဲ့ မိခင်တစ်ယောက် အာဟာရပြည့်ဝနေဖို့ကလ်ညး မဖြစ်မနေလိုအပ်မှာပါ။ ဒါကြောင့် အဆီမပါတဲ့ အသား၊ ပဲ၊အဆီနည်းတဲ့ဒိန်ချဉ်၊ အဆီထုတ်နွားနို့တို့ကို စားသုံးပေးပါ။ ကောက်နှံတစ်ခုလုံးပါဝင်နေတဲ့ အစားအစာတွေ စားပေးပါ ပေါင်မုန့်အညို၊ ဆန်လုံးညိုတွေစားသုံးပေးတာကမေမေအတွက်ရော၊ဘေဘီလေးအတွက်ပါကောင်းစေနိုင်ပါတယ်။ ဒါတွေအပြင်ကောက်နှံတစ်ခုလုံးပါဝင်နေတဲ့ အစားအစာတွေမှာဘေဘီလေးကြီးထွားဖွံ့ဖြိုးဖို့နဲ့မေမေကျန်းမာစေဖို့လိုအပ်တဲ့ သံဓါတ်နဲ့ဖောလစ်အက်ဆစ်တို့ကြွယ်ဝစွာပါဝင်နေပါတယ်။ ကယ်လ်ဆီယမ်ကြွယ်ဝတဲ့ အစားအစာတွေ စားပေးပါ နို့တိုက်နေရတဲ့မေမေတစ်ယောက်အနေနဲ့ဘေဘီလေးဆီကို ကယ်လ်ဆီယမ်ပမာဏ ၂၅၀ မီလီဂရမ်ကနေ ၃၅၀ မီလီဂရမ်အထိပေးနေရတာပါ။ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း