ဘေဘီလေး ခေါင်းစိုက် ပြီလား သိနိုင်မယ့်အချက်အချို့
မွေးရက်နီးလာလာလေလေ မေမေတိုင်းသိချင်တဲ့ အချက်တစ်ခုရှိပါတယ်။ ဒါကတော့ ဘေဘီလေးရဲ့ ခေါင်းက မွေးလမ်းကြောင်းထဲ စိုက်ပြီလားဆိုတဲ့ ကိစ္စပါ။နောက်တစ်ခုက အရင်ကနဲ့မတူဘဲ တစ်ခုခုထူးခြားတဲ့ ခံစားမှုက ကလေးကိုထိခိုက်မှာလားဆိုတဲ့ အချက်ပါ။ ဒီတစ်ခေါက်တော့ မွေးရက်နီးလာလို့ ဘေဘီလေး ခေါင်းစိုက် တဲ့အခါ ဘယ်လိုတွေခံစားရနိုင်လဲဆိုတာကို ပြောပြပေးပါရစေ။ ဘေဘီလေးက ဘယ်အချိန်မှာ ခေါင်းစိုက် တာလဲ............ ဘေဘီလေး မွေးလမ်းကြောင်းထဲကို ခေါင်းစိုက် တယ်ဆိုတာက မွေးဖွားဖို့ အသင့်ပြင်နေပြီလို့ မေမေ့ဆီပေးပို့တဲ့ ပထမဆုံးသတင်းစကားပါ။ သူမေမေ့မျက်နှာကို ကြည့်ဖို့ အပြင်ထွက်လာဖို့ စလုပ်နေပြီဆိုတာကို အသိပေးတာပါ။ ကိုယ်ဝန်ဆောင်ကာလရဲ့ တတိယ ၃ လပတ်ကာလ တစ်ဝက်လောက်မှာ ဘေဘီလေးက မွေးလမ်းကြောင်းထဲကို ခေါင်းစစိုက်တတ်ကြပါတယ်။ ကိုယ်ဝန်ဆောင်ကာလ ၃၂ ပတ်နဲ့ ၃၆ကြားလောက်မှာပေါ့။ ဒီလိုအချိန်မှာ မေမေ့အနေနဲ့ သိသိသာသာပြောင်းလဲမှုတွေကို ခံစားရနိုင်ပါတယ်။ ဒီလက္ခဏာတွေ ခံစားနေရပြီလား............. ဘေဘီလေးက မွေးလမ်းကြောင်းထဲကို ခေါင်းစိုက်တဲ့အခါ […]




































































