ဗိုက်ထဲကရင်သွေးလေး လှုပ်နေပြီလား မေမေတို့ ။ ။
ကိုယ်ဝန်ဆောင်နေတဲ့ မေမေတိုင်း ဗိုက်ထဲက ကလေးလေးလှုပ်ပြီဆိုတာနဲ့ စိတ်လှုပ်ရှား ဝမ်းသာကြတဲ့ သူချည်းပါ။ ဗိုက်ထဲက ကလေးလေးက အရမ်းကန်တယ်ဟ ယောက်ျားလေးများလား၊ ကြီးလာရင် ဘောလုံးသမားများဖြစ်မလားဟ ဆိုပြီး တွေးတွေးပြီး ပျော်တတ်ကြတာ မိဘတိုင်းပါ။ ဗိုက်ထဲက ကလေးလေးက မလှုပ်သေးလို့၊ ဘယ်တော့လှုပ်မှာလဲ၊ အရင်ကလှုပ်နေကျ ခု မလှုပ်တော့လို့ဆိုပြီး စိုးရိမ်ကြီးခဲ့ရတဲ့ အခိုက်အတန့်တွေလည်း မိဘတိုင်းမှာ ရှိခဲ့ပါတယ်။ ဒီတော့ ဗိုက်ထဲကရင်သွေးလေး လှုပ်ခြင်း ( fetal quickening) အကြောင်း ကြည့်လိုက်ရအောင် ။ ။ ကလေးလှုပ်တာ ဘယ်အချိန်လောက်ဆို စသိရမှာလဲ ။ ။ ကလေးစလှုပ်တာကို ကိုယ်ဝန်သက် ၁၆ပတ်ကနေ ၂၅ ပတ်အတွင်းမှာ မေမေတို့ ခံစားရမှာပါ။ ဒါပေမယ့် ပထမဦးဆုံးကိုယ်ဝန်ဆိုရင်တော့ ကလေးလှုပ်တာကို ၂၅ ပတ်နားရောက်ခါနီးမှ သိကြလေ့ရှိပြီး ဒုတိယကြိမ်ဆောင်တဲ့ကိုယ်ဝန်သည်တွေကတော့ကလေးလှုပ်တာကို […]







































































