မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးတွေကို အာဟာရပြည့်အောင် ကျွေးမွေးတာက သူတို့ရဲ့ ကြီးထွားမှု၊ ဖွံ့ဖြိုးမှုနဲ့ ကျန်းမာရေးအတွက် အရေးကြီးပါတယ်။ သိပ္ပံနည်းကျလေ့လာထားတဲ့ အချက်တွေ၊ နည်းလမ်းကောင်းတွေကို ဒီမှာ လေ့လာကြည့်ရအောင်။

ကျန်းမာရေးဗဟုသုတ

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

မတ်တတ်ပြေး နဲ့ မူကြိုအရွယ်ကလေး အာဟာရ

မတ်တတ်ပြေး နဲ့ မူကြိုအရွယ်ကလေး အသက် ၁ နှစ် ကနေ ၅ နှစ်အရွယ်ကို အစားအစာကျွေးမွေးရတာက တော်တော်လေး စိန်ခေါ်မှု ဖြစ်စေတဲ့ ကိစ္စရပ် တစ်ခုပါ။ ဒီကာလမှာ ကလေးက များစွာသော ပြောင်းလဲမှုတွေ၊ ကြီးထွားဖွံ့ဖြိုးမှုတွေ ဖြစ်ပေါ်နေတာကြောင့် အာဟာရ ပြည့်ဝအောင် ဖြည့်ဆည်းပေးဖို့က အတော်လေး အရေးကြီးပါမယ်။ ဒီကာလမှာ သူတို့က ကြီးထွားမှု စပြီး နှေးသွားပြီ ဖြစ်သလို အစားစားချင်စိတ်လည်း နည်းသွားပါပြီ။ ဒီလို အပြောင်းအလဲတွေကြောင့် အစားစားချိန်မှာ ကျွေးဖို့ ခက်ခဲနိုင်ပါတယ်။ ဒါကြောင့် ဒီကာလမှာ ကလေးကို အာဟာရ ပြည့်အောင် ကျွေးဖို့ လိုသလို အာဟာရမျှတအောင် ကျွေးဖို့လည်း လိုပါမယ်။ ဒီတော့ မတ်တတ်ပြေး နဲ့ မူကြိုအရွယ်ကလေး အာဟာရ အကြောင်းကို အတူတူ […]

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ ကို ရှာဖွေမည်။

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

သင့်ကလေးအတွက် ကျန်းမာတဲ့ မုန့်ပဲသရေစာ ပြင်ကြမယ်

ကလေးနဲ့ မုန့် ဆိုတာ ခွဲခြားမရတဲ့အရာတွေဆိုတာ မေမေတို့သိထားပြီးသားဖြစ်မှာပါ။ ဒါပေမယ့် မုန့်တွေ၊ အချိုရည်တွေ တွေ့ကရာပူဆာလို့ ဝယ်ကျွေးလို့လည်းမဖြစ်ပြန်ပါဘူး။ ရှော့ပင်းစင်တာရောက်တိုင်း အိမ်က သားလေး၊သမီးလေးအတွက် သရေစာမုန့် ဝယ်မယ်သတိရတဲ့အခါ အရင်ဆုံးတွေးဖို့က ကလေးရဲ့ဖွံ့ဖြိုးကြီးထွားမှုနဲ့ ဘေးအန္တရာယ်ကင်းရေးကိုပါ။ ထုပ်ပိုးမှုဒီဇိုင်းလေးဆန်းတာလောက်၊ ကလေးကလိုချင်တယ်ဆိုတာလောက်နဲ့ အစားအသောက်ကို မရွေးချယ်မိဖို့ သတိထားပါနော်။ စီမံထုပ်ပိုးထားတဲ့ သရေစာမုန့် တွေဟာ အချိုနဲ့အငန်ပါဝင်တဲ့အပြင် အရသာရှိအောင်ပြုပြင်ဖန်တီးထားတာများပါတယ်။ ရံဖန်ရံခါလောက်တော့ ပြဿနာမရှိပေမယ့် ကလေးအတွက် လိုအပ်တဲ့အာဟာရတွေပါဝင်ဖို့ မသေချာပါဘူး။ ဒါ့ကြောင့် ကလေးရဲ့အာဟာရအတွက် ဘာပဲဝယ်ဝယ် ဘူးခွံ ဒါမှမဟုတ် အထုပ်ခွံမှာပါတဲ့ ပါဝင်မှုဖော်ပြချက် (label) ကို ကြည့်ဖို့ မမေ့ပါနဲ့။ သရေစာနဲ့ပတ်သက်ရင် အပြင်မုန့်တွေထက် ကိုယ်တိုင်လုပ်ကျွေးတဲ့စားစရာတွေက ဘေးလည်းကင်း၊ အာဟာရလည်းပြည့်စေနိုင်ပါတယ်။ သင့်ကလေးအတွက် ကျန်းမာတဲ့ မုန့်ပဲသရေစာ ပြင်ကြမယ် ကျန်းမာစွာနဲ့ဖွံ့ဖြိုးကြီးပြင်းလာမှာလား၊ အာဟာရတွေလိုအပ်ပြီး ချူချာနေမှာလား၊ ဉာဏ်ရည်ထက်မြက်ပြီး သွက်လက်တဲ့ကြယ်ပွင့်လေးတွေဖြစ်မှာလား၊ ဖွံ့ဖြိုးမှုနှေးနေမှာလားဆိုတာ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

သင့်ကလေးအတွက် အကောင်းဆုံးအာဟာရ

ကျန်းမာပျော်ရွှင်ပြီး ဉာဏ်ကောင်းတဲ့ကလေးတစ်ယောက်ဖြစ်လာစေချင်တယ်ဟုတ်။ ဒါဆိုမေမေ့ဘက်က ဘာတွေပြင်ဆင်ပေးဖို့လိုမယ်ထင်လဲ။ ဘာတွေများလဲလို့ စဉ်းစားနေပြီလား။ စဉ်းစားရင်း ခေါင်းမရှုပ်စေဖို့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ ကလေးတစ်ယောက်ကျန်းမာပျော်ရွှင်စွာနဲ့ ကြီးပြင်းအရွယ်ရောက်လာစေဖို့ ကိုးလလွယ်လို့ ဆယ်လဖွားပြီး မျက်စိအောက်က အပျောက်မခံနိုင်လောက်အောင် အရိပ်တကြည့်ကြည့်နဲ့ စောင့်ရှောက်လာခဲ့တဲ့ ကိုယ်ပွားလေးကျန်းမာစေဖို့အတွက်ဆိုရင် ကလေးကို အာဟာရြပည့်ဝအောင်ကျွေးဖို့လိုသလို သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေလုပ်ဆောင်ပေးဖို့လည်း လိုပါမယ်။ အာဟာရပြည့်ဝစေဖို့ ဘယ်လိုဂရုစိုက်ပေးမလဲ..... ကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ ကလေးတစ်ယောက်ကို အာဟာရပြည့်ဝစေဖို့ နေ့ရက်တိုင်းမှာ အခုလိုမျိုးပြင်ဆင်ပေးသင့်ပါတယ်။ ပရိုတင်း ကြွက်သား နဲ့ ခန္ဓါကိုယ်ကတစ်ရှုးတွေကြီးထွားဖွံ့ဖြိုးဖို့အတွက် အရေးပါပါတယ်။ ကိုယ်ခံအားကောင်းစေဖို့အတွက်လည် အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ တစ်နေ့တာမှာ လိုအပ်မယ့်ပမာဏ - အသက် ၂ နှစ် ကနေ ၈ နှစ်အရွယ် ကလေးတစ်ယောက်အနေနဲ့ တစ်နေ့ကို ပရိုတင်း ၃ အောင် စကနေ ၅ အောင်စ၊ အသက် ၁၀ နှစ် ကနေ ၁၂ နှစ်အရွယ်ကလေးတစ်ယောက်အနေနဲ့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးတွေ ဦးနှောက်နှင့် ခန္ဓါကိုယ် ကြီးထွားဖွံ့ဖြိုးအောင် ဘာတွေစားသင့်သလဲ

၂၁ ရာစုမှာ မိဘတော်တော် များများကလည်း မိမိရဲ့ ကလေးတွေ ဉာဏ်ကောင်းဖို့အတွက်နဲ့ ကိုယ်ခန္ဓာ ကြီးထွားဖွံ့ဖြိုးအောင် အဖက်ဖက်က လုံးပန်းလာကြပါတယ်။ အစားအသောက် နဲ့ တစ်မျိုး အားဆေးနဲ့ တဖုံ နည်းမျိုးမျိုးနဲ့ကို ဆောင်ရွက်လာပါတယ်။ အရေးကြီးတာကတော့ ကလေးတွေ ကို အာဟာရ ပြည့်အောင် ကျွေးမယ်ဆိုရင် ဉာဏ်ကောင်းရုံသာမက ခန္ဓါကိုယ်ကိုလည်း ကျန်းကျန်းမာမာ နှင့် ကြီးထွားဖွံဖြိုးစေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွေးတဲ့နေရာ မှာ စနစ်တကျ နဲ့တကယ် အာဟာရဖြစ်မယ့်ဟာကိုရွေးကျွေးသင့်ပါတယ်။ ဘာတွေကို သေချာကျွေးမွေးရမလဲ ကြည့်လိုက်ရအောင်။ ၁။ ပရိုတင်း (ခေါ်) အသားဓါတ် - ကျွန်တော်တို့ မြန်မာလူမျိုး အများစု ဟာ အသားစားတာ အရမ်းနည်းပါတယ်။ တကယ်တော့ အသားဓါတ် ပြည့်ပြည့်ဝဝ စားမှသာ ခန္ဓါကိုယ် ကြီးထွားဖွံ့ဖြိုးစေပြီး ဦးနှောက်ဖွံ့ဖြိုးမှုကို […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကျန်းမာတဲ့ကလေးတစ်ယောက်အဖြစ်ကြီးပြင်းစေဖို့ လိုအပ်မယ့် အကျိုးပြုဘက်တီးရီးယားအာဟာရ

ကလေးတစ်ယောက်ကောင်းကောင်းမွန်မွန်ကြီးပြင်းလာစေဖို့ အရေးကြီးဆုံးကဘာဖြစ်မယ်ထင်လဲ။ အာဟာရ ေကာင်းမွန်စွာရရှိစေဖို့ပေါ့။ ဒါဆိုအစားများများကျွေးရမှာပေါ့လို့မေးစရာရှိမှာပါ။ ကလေးအာဟာရပြည့်ဖို့အတွက် အစားများများကျွေးဖို့လိုတယ်ဆိုပေမယ့် စားသမျှအာဟာရကို စုပ်ယူနိုင်မှလည်း ကလေးက အာဟာရပြည့်ဝမှာပါ။ ဒီတော့ဘာလုပ်ရမလဲ။ ရှင်းပါတယ် ကလေးရဲ့ ဝမ်းဗိုက်လေးကျန်းမာစေဖို့ဂရုစိုက်ရမှာပေါ့။ အစာခြေစနစ်က အာဟာရတွေကို အကောင်းဆုံးစုပ်ယူနိုင်မှ ကလေးက အာဟာရပြည့်ဝပြီး ကျန်းမာပျော်ရွှင်စွာကြီးပြင်းနိုင်မှာပါ။ ကလေးရဲ့ အစာခြေစနစ်ကျန်းမာဖို့ အဓိကထိန်းချုပ်ထားသူတွေက ဘယ်သူတွေလဲ...... ကလေးရဲ့အစာခြေစနစ်ကို ကျန်းမာစေဖို့ အဓိကထိန်းချုပ်ထားသူတွေက အစာခြေစနစ်တလျှောက်မှာရှိနေတဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေပါ။ ဒီအကျိုးပြုဘက်တီးရီးယားလေးတွေကို Probiotics တွေလို့ခေါ်ပါတယ်။ သူတို့က သက်ရှိဘက်တီးရီးယားလေးတွေဖြစ်ပြီး အစာခြေစနစ်ကျန်းမာစေပြီး အာဟာရတွေကို အကောင်းဆုံးစုပ်ယူနိုင်စေဖို့ လုပ်ဆောင်ပေးပါတယ်။ ခန္ဓါကိုယ်ကြီးထွားဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ အာဟာရတွေကို အကောင်းဆုံး စုပ်ယူနိုင်စေဖို့ဆိုရင် အကျိုးပြုဘက်တီးရီးယား (Probiotics)တွေကျန်းမာနေဖို့လိုပါမယ်။ Probioticsတွေကျန်းမာစေဖို့ ဘာတွေလိုအပ်မှာလဲ........ အကျိုးပြုဘက်တီးရီးယား (Probiotics)တွေက သက်ရှိဘက်တီးရီးယားတွေဖြစ်တာကြောင့် သူတို့ရှင်သန်ဖို့လည်း အာဟာရကို လိုအပ်မှာ အသေအချာပါ။ ဒီတော့ သူတို့ကျန်းမာစေဖို့ရော အစာခြေစနစ် ကျန်းမာဖို့အတွက်ရော […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

တုပ်ကွေးရာသီမှာ ကလေးဖျားနာမှုကင်းစေဖို့ ဘာတွေကျွေးမလဲ

ကလေးဖျားရင် ဗျာများရတာ ဖေဖေရောမေမေရောပါ။ အလုပ်တွေလည်းပျက်၊စိတ်တွေလည်းပူလို့လေ။ ငါသာဖြစ်လိုက်ချင်တယ်ဆိုတဲ့ စိတ်ကလည်း အကြိမ်ကြိမ်ဖြစ်မိတယ်ဟုတ်။ ဒီပြဿနာကို ရာသီအကူးအပြောင်းတိုင်း ကြုံရမယ်ဆိုရင် မလွယ်ကူတာတော့ အမှန်ပါ။ ဒီတော့ အခုလိုမျိုး မိုးလေးဖွဲဖွဲစရွာနေချိန်မှာ ကိုယ့်ရဲ့ ကလေးကို တုပ်ကွေး မဖြစ်စေဖို့ ကာကွယ်ချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ တုပ်ကွေးရာသီမှာ ကလေးဖျားနာမှုကင်းစေဖို့ ဘာတွေကျွေးမလဲ တုပ်ကွေးရာသီမှာ ကလေးဖျားနာမှုကင်းစေဖို့ ဘာတွေကျွေးမလဲ ဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။ ဘာတွေကျွေးမွေးရမလဲဆိုတာကို မပြောခင် ကိုယ်ခံအား အကြောင်း နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ ကိုယ်ခံအားဆိုတာ ကိုယ်ခံအား ဆိုတာက ခန္ဓါကိုယ်ထဲကိုရောဂါပိုးတွေ မဝင်လာအောင် တိုက်ထုတ်ပေးတဲ့ အရာပေါ့။ ခန္ဓါကိုယ်အတွက် ခံတပ်ကြီးဆိုလည်း မမှားပါဘူး။နေ့တိုင်းလိုလိုကျန်းမာပျော်ရွှင်စွာလှုပ်ရှားနေနိုင်တာက ကိုယ်ခံအားက အကောင်းဆုံးအလုပ်လုပ်ဆောင်နေလို့ပါ။ ကိုယ်ခံအားက ကောင်းကောင်းအလုပ်မလုပ်နိုင်ဘူးဆိုရင် ခန္ဓါကိုယ်ထဲကို ရောဂါတွေက ကျူးကျော်ချင်တိုင်း ကျူးကျော်ပြီး ဖျားနာတာ၊ နှာစေးတာ၊ အအေးမိတာ၊ချောင်းဆိုးတာတွေ၊ အစာခြေစနစ် မကျန်းမာတာမျိုးတွေဖြစ်လာနိုင်ပါတယ်။ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

အချိုကြောင့် ကလေးတွေကိုထိခိုက်စေနိုင်တဲ့ ကြောက်စရာအချက် (၃)ချက်

အချို ပါတဲ့ စားစရာမုန့်မှန်သမျှ ကလေးအများစု ကြိုက်နှစ်သက်ကြပေမယ့် ဒီအစားအစာတွေက သူတို့လေးတွေရဲ့ ကျန်းမာရေးအတွက်တော့ တကယ့်အန္တရာယ်ပါပဲ။ မိဘေတွအနေနဲ့ ကလေးကြိုက်ရင်ပြီးရောဆိုပြီး စားချင်တာစား လွှတ်ပေးလိုက်တဲ့အခါမှာ ကလေးတွေရဲ့ ကျန်းမာရေးမှာ ဘယ်လိုထိခိုက်လာနိုင်တယ်ဆိုတာ သိထားဖို့တော့ လိုတယ်နော်။ အချိုကြောင့် ကလေးတွေကိုထိခိုက်စေနိုင်တဲ့ ကြောက်စရာအချက် (၃)ချက် အချိုကြောင့် ကလေးတွေမှာ ဒါတွေဖြစ်လာနိုင်တယ်။ ၁။ ချွဲကျပ်၊ ချောင်းဆိုးမယ်။ အချိုစားပြီး ခဏနေရင် ချောင်းတဟွတ်ဟွတ်ဆိုးတာ၊ ချွဲတွေကျပ်ပြီး ကလေးက အသံတွေဝင်လာတာကို တွေ့ဖူးကြတယ်မလား။ ဒါတွေက မိဘတွေ သတိလက်လွတ်ဖြစ်တတ်ကြတဲ့ သကြားဓါတ်က အရင်ဆုံး ဒုက္ခပေးတဲ့အရာတွေပါ။ ချောင်းဆိုး၊ ရင်ကျပ်တာ ပေါ့သေးသေးတော့ မဟုတ်ပါဘူး။ ဝေဒနာခံစားရတဲ့ ကလေးလည်း နေရခက်ပြီး မောပန်းနေမယ်။ ကိုယ်ခံအားကလည်း နည်းလာမယ်။ ဘေးနားက လူတွေလည်း ဒီချောင်းသံကြောင့် စိတ်ကသိကအောက်ဖြစ်ရတာပေါ့။ ၂။ ပြီးရင် အဝလွန်လာမယ်။ အချိုများတဲ့ မုန့်တွေမှာ လိုတာထက်ပိုပြီး […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးကို အချိုစာတွေမကျွေးမိစေဖို့ ဘယ်လိုသတိထားကြမလဲ

ကလေးတစ်ယောက်အချိုကြိုက်တာက အပြစ်မဟုတ်ပေမယ့် အချိုကြိုက်တဲ့ကလေးကို အလိုလိုက်ပြီး အချိုတွေကျွေးမိနေရင်တော့ မိဘတစ်ယောက်လိုက်နာရမယ့်တာဝန်ကို ပျက်ကွက်နေတာပါ။ ဒီတော့ မိဘတာဝန်ကျေစေဖို့ ကလေးကို အစားအသောက်ပြင်ဆင်ပေးတဲ့အခါ အချိုမကဲစေဖို့သတိထားပေးဖို့လိုမှာပါ။ ကလေးတစ်ယောက် အချိုကြိုက်တာအဆန်းမဟုတ်ပါဘူး............. ကလေးတစ်ယောက်မွေးဖွားလာရင် အရင်ဆုံးမှီဝဲတဲ့ အာဟာရကမေမေ့နို့ချိုပါ။မေမေ့နို့ရဲ့ အရသာကချိုတဲ့အရသာရှိနေတာကြောင့် ကလေးက အချိုကြိုက်တာအဆန်းတော့မဟုတ်ပါဘူး။ နို့စို့နေရင်းကနေ အစားစစားချိန်ရောက်ပြီဆိုရင်လည်း ချိုတဲ့အသာရှိတဲ့ ဖရုံသီး၊ မုန်လာဥနီတို့ကို စစားကြတာပါ။နောက်တစ်ခုက အဆီမပါတဲ့ အသားတွေပါ။ ဒီအခါမှာ ကလေးခံစားမိမှာကလည်း အချိုအရသာပါပဲ။ ဒါကြောင့် အချိုကို ကလေးတွေက စွဲလမ်းရတာပါ။ ဒါကြောင့် မိသားစုနဲ့ ထမင်းလက်ဆုံမစားနိုင်သေးခင်အထိ ကလေးနှစ်သက်စွာစားသုံးမယ့်အရသာက အချိုပါ။ ဒါကြောင့် ကလေးတွေ အချိုကြိုက်တာက အဆန်းတော့မဟုတ်ဘူးပေါ့။ အချိုစားများရင်ဘာတွေဖြစ်လာနိုင်မလဲ....... ကလေးကအချိုကြိုက်တယ်ဆိုပြီး သဘာဝအချိုစားတာက ထိခိုက်တာမဖြစ်နိုင်ပေမယ့် ကလေးက သဘာဝအချိုမဟုတ်ဘဲပြုပြင်ထားတဲ့ အချိုတွေကို စွဲလမ်းနှစ်ခြိုက်စွာ စားသုံးမယ်ဆိုရင်တော့ ကလေးမှာ အခုလိုပြဿနာတွေခံစားရနိုင်ပါတယ်။ ချောင်းဆိုးမယ်၊ ချွဲကြပ်မယ် အာရုံစိုက်နိုင်စွမ်းနည်းမယ် မှတ်ဉာဏ်ထိခိုက်နိုင်တယ် […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

သင့်ကလေး နေ့တိုင်းစားသုံးမိနေတဲ့ အချိုကဲအစားအသောက်များ

ကလေးကို အချိုသိပ်မကျွေးနဲ့ဆို မကျွေးပါဘူးပဲ မေမေတို့ဖြေမှာပဲ။ ဒါပေမယ့် ကိုယ့်ကလေးနေ့တိုင်းစားနေ၊ သောက်နေတဲ့အရာတွေထဲ သကြားပမာဏလွန်ကဲတာတွေပါနေနိုင်တာ သတိထားမိရဲ့လား။ သကြားလုံးတွေ၊ ရေခဲမုန့်တွေမကျွေးတာနဲ့ပဲ အချိုလျှော့စားတယ်လို့ စိတ်ချထားလို့မရပါဘူး။ ကလေးက အချိုအများကြီးစားသုံးမိတဲ့အခါ အရင်ဆုံး ချောင်းဆိုး၊ရင်ကျပ်ဖြစ်မယ်။ သွားနဲ့ခံတွင်းကို ပျက်စီးစေတာအပြင် အဝလွန်တာ၊သွေးတွင်းသကြားဓာတ်မြင့်တာ၊သွေးတိုးတာ၊အမျိုးအစား (၂) ဆီးချိုရောဂါနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေတွေပိုများစေနိုင်ပါတယ်။ သကြားဓာတ်ဆိုတာ ခန္ဓာကိုယ်ရဲ့လုပ်ဆောင်ချက်တွေနဲ့ ဖွံ့ဖြိုးမှုအတွက်လိုအပ်တဲ့ဓာတ်မို့ လုံးဝဖြတ်တောက်ပစ်ဖို့တော့မလိုပါဘူး။ လွန်ကဲရင်သာ ဆိုးကျိုးတွေရှိနိုင်လို့ ကိုယ့်ကလေးကို ထိုက်သင့်တဲ့ပမာဏစားသုံးမိစေဖို့ ထိန်းသိမ်းစီမံပေးရမှာပါ။ ဒါပေမယ့် မေမေတို့ကိုယ်တိုင်မသိဘဲ ကလေးရဲ့ နေ့စဉ်အာဟာရမှာ အချိုကဲတဲ့အစားအသောက်တွေပါနေရင် ဘယ်လိုလုပ်မလဲနော်။ ဒါ့ကြောင့် နေ့စဉ်စားသုံးနေကျ ကလေးအာဟာရမှာ ပါနေတတ်တဲ့ အချိုကဲအစားအသောက်တွေကိုဖော်ပြပေးလိုက်ပါတယ်။ (၁) မုယောစပါးအခြေခံတဲ့ အာဟာရပြည့်သောက်စရာ ကလေးဖွံ့ဖြိုးကြီးထွားမှုအတွက် လိုအပ်တဲ့အာဟာရဓာတ်တွေဖြည့်စွက်ပေးနိုင်တဲ့ အာဟာရသောက်စရာတွေကို ပိုပြီးအားကိုးတတ်ကြပါတယ်။ အချိုရည်တွေ၊ အားဖြည့်အချိုရည်တွေ၊ ကော်ဖီတွေမတိုက်ဘူးဆိုပြီး မုယောစပါးအာဟာရပြည့်သောက်စရာတွေကို ရွေးချယ်လိုက်ပါလေရော။ အဲဒီအခါကျမှ သူတို့မှာပါတဲ့ အချိုပမာဏကြောင့် […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကိုယ့်ကလေး အချိုလျှော့စားဖြစ်အောင် မေမေတို့ ဒီလို ကူညီပါ။ ။

သကြားလုံး၊ အချိုရည်၊ ဂျယ်လီ၊ ကိတ်မုန့်စတဲ့ အချိုကဲတဲ့ သရေစာမုန့်တွေကို မကြိုက်တဲ့ကလေးမရှိပါဘူး။ ဘယ်လောက်တောင်ကြိုက်လဲဆိုရင် ဂျီကျနေတဲ့အချိန် ငိုနေတဲ့အချိန် သကြားလုံးတို့၊ ဂျယ်လီတို့ ပေးကြည့်ပါလား။ ချက်ချင်းအငိုတိတ်သွားတာကြည့်။ ဒီလို ချော့လို့ရမှန်းလည်းသိရော ကလေးတစ်ခုခု ဂျီကျပြီဆိုတာနဲ့ သကြားလုံးတွေ၊ အချိုရည်တွေ စွတ်ပေးတော့တာပဲ။ ကလေးငြိမ်တာ၊ ကြိုက်တာတော့မှန်ပေမယ့် ဒီလို လုပ်နေတာဟာ ကလေးကို ထိခိုက်အောင်လုပ်နေတယ်ဆိုတာကိုရော မေမေတို့ သိရဲ့လား။ ။ သကြားဆိုတဲ့ အရာဟာ စားလို့ကောင်းတာကလွဲရင် ကျန်းမာရေးအတွက် ဘာတစ်ခုမှ မကောင်းပါဘူး။ အချိုစားများလွန်းရင် သွားတွေပျက်စီးလာမယ် အဝလွန်ြပီး နောက်ပိုင်း ဆီးချို ရောဂါပါ ဖြစ်လာနိုင်တယ် ချောင်းဆိုး ချွဲကြပ်တာတွေလည်း ဖြစ်လာမယ်။ အချိုကို စွဲလမ်းလွန်းတဲ့ ပြဿနာ ကလေးနဲ့ ဉာဏ်ရည်ထုံထိုင်းတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်တဲ့ ပြဿနာတွေ အတွက် အချိုကြိုက်တဲ့ ကလေးကိ ုအပြစ်တင်လို့မရပါဘူး။ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးတွေကို ဝမ်းချုပ်စေတဲ့ အစားအစာတွေ

ဝမ်းချုပ်တဲ့အချိန်ဆိုရင် ဝေဒနာခံစားနေတဲ့သူရော၊ မိသားစုဝင်တွေအတွက် သိပ်ကို စိတ်ညစ်စရာပဲပေါ့။ ဝမ်းလည်း မသွားရ၊ နေလို့ထိုင်လို့လည်း မကောင်း၊ အထူးသဖြင့် ကလေးတွေ ဝမ်းချုပ်ပြီဆိုရင် မိဘတွေလည်း တစ်ခုခုများ ဖြစ်ပြီလားဆိုပြီးတော့ ရင်တွေ ပူ၊ စိုးရိမ်နေရတာပေါ့။ တကယ်တော့ ကလေးအရွယ်မှာ ဝမ်းချုပ်တာက ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတစ်ခုမို့ စိတ်တော့ အရမ်းပူဖို့ မလိုပါဘူး။ ကလေးဝမ်းချုပ်နေမှန်း ဘယ်လိုသိလဲ။ ပုံမှန်ကလေးတစ်ယောက်က တစ်နေ့ကို တစ်ကြိမ် ဝမ်းပုံမှန်သွားတတ်ပါတယ်။ ကိုယ့်ရဲ့ ကလေးက ရက်အတော်ကြာအောင် ဝမ်းလုံးဝမသွားဘူးဆိုရင်တော့ ဒါဝမ်းချုပ်တာ ဖြစ်နိုင်ပါတယ်။ ကလေးမှာ ဗိုက်အောင့်ဗိုက်နာတဲ့ အမူအရာတွေ၊ ဗိုက်က ဖောရောင်သလို ဖြစ်နေတာ၊ အော့အန်တာ၊ အစားသိပ်မစားနိုင်တာ၊ စိတ်တိုလွယ်တာ၊ ဝမ်းသွားနေစဉ် နာကျင်မှုကြောင့် အော်ငိုတာ၊ ဝမ်းကို ညှစ်ပြီးသွားရတဲ့အခါမှာ ကလေးက အိမ်သာတက်ဖို့ လန့်ပြီး ရှောင်နေတာ၊ ကလေးသေးခံမှာ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း