မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးတွေကို အာဟာရပြည့်အောင် ကျွေးမွေးတာက သူတို့ရဲ့ ကြီးထွားမှု၊ ဖွံ့ဖြိုးမှုနဲ့ ကျန်းမာရေးအတွက် အရေးကြီးပါတယ်။ သိပ္ပံနည်းကျလေ့လာထားတဲ့ အချက်တွေ၊ နည်းလမ်းကောင်းတွေကို ဒီမှာ လေ့လာကြည့်ရအောင်။

ကျန်းမာရေးဗဟုသုတ

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

မတ်တတ်ပြေး နဲ့ မူကြိုအရွယ်ကလေး အာဟာရ

မတ်တတ်ပြေး နဲ့ မူကြိုအရွယ်ကလေး အသက် ၁ နှစ် ကနေ ၅ နှစ်အရွယ်ကို အစားအစာကျွေးမွေးရတာက တော်တော်လေး စိန်ခေါ်မှု ဖြစ်စေတဲ့ ကိစ္စရပ် တစ်ခုပါ။ ဒီကာလမှာ ကလေးက များစွာသော ပြောင်းလဲမှုတွေ၊ ကြီးထွားဖွံ့ဖြိုးမှုတွေ ဖြစ်ပေါ်နေတာကြောင့် အာဟာရ ပြည့်ဝအောင် ဖြည့်ဆည်းပေးဖို့က အတော်လေး အရေးကြီးပါမယ်။ ဒီကာလမှာ သူတို့က ကြီးထွားမှု စပြီး နှေးသွားပြီ ဖြစ်သလို အစားစားချင်စိတ်လည်း နည်းသွားပါပြီ။ ဒီလို အပြောင်းအလဲတွေကြောင့် အစားစားချိန်မှာ ကျွေးဖို့ ခက်ခဲနိုင်ပါတယ်။ ဒါကြောင့် ဒီကာလမှာ ကလေးကို အာဟာရ ပြည့်အောင် ကျွေးဖို့ လိုသလို အာဟာရမျှတအောင် ကျွေးဖို့လည်း လိုပါမယ်။ ဒီတော့ မတ်တတ်ပြေး နဲ့ မူကြိုအရွယ်ကလေး အာဟာရ အကြောင်းကို အတူတူ […]

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ ကို ရှာဖွေမည်။

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးကြီးထွားဖွံ့ဖြိုးဖို့ ပရိုတင်းအာဟာရရဲ့ အရေးပါပုံ

ကျန်းမာရေးနဲ့ အစာအာဟာရဟာ အပြန်အလှန် ဆက်စပ်နေပါတယ်။ နေ့စဉ် အသက်ရှင်သန်ဖို့ အားအင်တွေ လိုအပ်ပါတယ်။ ကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးဖို့နဲ့ ကျွန်တော်တို့ရဲ့ ခန္ဓါကိုယ် ပုံမှန်အလုပ်လုပ်နိုင်ဖို့ အာဟာရဓါတ်တွေ လိုအပ်ပါတယ်။ ဒီအာဟာရဓါတ်တွေကို နေ့စဉ်စားသုံးနေတဲ့အစားအစာတွေကနေ အဓိက ရရှိပါတယ်။ လက်ရှိအချိန် ကမ္ဘာအနှံ့မှာ ကလေးတွေ အစာအာဟာရမမျှတမှုကြောင့် ကျန်းမာရေးပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အထူးသဖြင့်တော့ ဖွံ့ဖြိုးမှုအပိုင်းမှာ ဖြစ်ပါတယ်။ ကလေးအရွယ်မှာ နေ့စဉ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ၊ ကိုယ်ခန္ဓာအတွက် အာဟာရဓာတ်တွေ လုံလောက်စွာ ရရှိမှကြီးထွားဖွံ့ဖြိုးပြီး ကိုယ်ရောစိတ်ပါ ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မိဘတွေအနေနဲ့ ကိုယ့်ရဲ့ သားသမီးလေးတွေ ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေဖို့အတွက် စုံလင်ပြီး အချိုးကျ ပြည့်စုံတဲ့ အာဟာရဓာတ်တွေကို နေ့စဉ်ဂရုတစိုက်ကျွေးမွေးဖို့လိုအပ်ပါတယ်။ အထူးသဖြင့် ကြီးထွားဖွံ့ဖြိုးနေတဲ့အရွယ်မှာ ပရိုတင်းဓာတ်က သူတို့လေးတွေအတွက် နေ့စဉ်လိုအပ်ပါတယ်။ ကလေးကြီးထွားမှုအတွက် […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

အရည်အသွေးပြည့်ဝတဲ့ပရိုတင်းနဲ့ တခြားပရိုတင်းဘာကွာခြားလဲ

ကျန်းမာရေးနဲ့အာဟာရ သက်ရှိတိုင်းနဲ့ကင်းကွာလို့မရတဲ့ကိစ္စရပ်ပါ။ အရွယ် ၃ ပါးစလုံးကျန်းမာဖို့လိုသလို အာဟာရမှီဝဲဖို့ကိုလည်းမေ့ထားလို့မဖြစ်ပါဘူး။နေ့စဉ်လုံလောက်တဲ့ အာဟာရကိုရရှိမှ ခန္ဓာကိုယ်က ကျန်းမာမှာပါ။ ဖွံ့ဖြိုးဆဲအရွယ်ကလေးတွေက လူကြီးတွေထက် အာဟာရပိုမိုလိုအပ်နိုင်ပါတယ်။ ဒီနေရာမှာပြောစရာလေးတစ်ခုရှိလာပါပြီနော်။ ကလေးက အစားစားသားပဲ ဘာလို့များအာဟာရမပြည့်စရာလဲလို့ပေါ့။ စားတဲ့ အစားအစာတိုင်းက အာဟာရပြည့်မယ်လို့ တရားသေမှတ်ယူထားလို့မရပါဘူးနော်။ကျွေးလိုက်တဲ့အစားအစာတိုင်းက ကလေးအတွက် အာဟာရပြည့်ဝပြီး ကြီးထွားဖွံ့ဖြိုး ဉာဏ်ကောင်းဖို့အတွက် လိုအပ်တဲ့ ပရိုတင်းနဲ့ဗီတာမင်တွေပါဝင်နေတာသေချာဖို့ လိုပါမယ်။ အရည်အသွေးမြင့်ပရိုတင်း ပရိုတင်းဓာတ်ကို ရရှိနိုင်တဲ့ အစားအစာအရင်းအမြစ်တွေက အများကြီးပါ။ ဒါပေမယ့် အရည်အသွေးမြင့်ပရိုတင်းကိုရရှိနိုင်တဲ့ အရင်းအမြစ်ကတော့ ရှားပါတယ်။ ပရိုတင်းတိုင်းကို အရည်အသွေးမြင့်ပရိုတင်းလို့ သတ်မှတ်ဖို့က မဖြစ်နိုင်ပါဘူး။ အရည်အသွေးမြင့်ပရိုတင်းဖြစ်ဖို့ဆိုရင် ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်ဆစ်တွေပါဝင်ရမှာဖြစ်သလို ကျန်းမာဖို့လိုအပ်တဲ့ သက်စောင့်ဓာတ်တွေလည်း ပါဝင်ရပါဦးမယ်။ အစာကြေလွယ်ပြီး ခန္ဓာကိုယ်က အလျင်အမြန်စုပ်ယူနိုင်တဲ့ ဂုဏ်သတ္တိကလည်း ပိုင်ဆိုင်ဖို့လိုဦးမှာပါ။ အရည်အသွေးမြင့်ပရိုတင်းတစ်ခုဖြစ်၊မဖြစ်ကို တွက်ချက်နိုင်တဲ့ စံနှုန်းလေးတစ်ခုရှိပါတယ်နော်။ ဒါကတော့ PDCAAS ပါ။ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးတွေအတွက် ကျန်းမာတဲ့သရေစာ

သရေစာမုန့်တွေ၊ အစားအသောက်တွေဟာ ကလေးတွေနဲ့မကင်းနိုင်တဲ့အရာဆိုတာမေမေတို့ငြင်းလို့မရပါဘူး။ အပြင်ကဝယ်ကျွေးတာနဲ့ ကိုယ်တိုင်လုပ်ကျွေးတဲ့ သရေစာပဲ မတူတာရှိမယ်။ ထမင်းကျွေးချိန်မှာ ရှိနေတဲ့ သူတို့လေးတွေရဲ့မျက်နှာအမူအရာတွေက သရေစာမုန့်တွေစားခါနီးသောက်ခါနီးပျော်နေပုံနဲ့ သိပ်ကိုကွာခြားနေတယ်မဟုတ်လား။ ကလေးဆိုတာ ငိုနေရင်၊ စိတ်ကောက်နေရင်တောင် သူကြိုက်တဲ့သရေစာမုန့်လေးကျွေးလိုက်ရင်ပြုံးသွားတာမျိုး။ အဲဒီမှာပြဿနာရှိလာတော့တာပါပဲ။ ကလေးကြိုက်တဲ့အစားအသောက်တွေဆိုတာ အားလုံးကဘေးမကင်းနိုင်လို့ပါပဲ။ ဈေးကွက်က သရေစာအစားအသောက်တွေဆိုတာလည်း ကလေးတွေကြိုက်လောက်မယ့် အရောင်၊ အနံ့၊ ဒီဇိုင်း၊ ထုပ်ပိုးမှုပုံစံ၊ အရသာဖြစ်အောင် ဖန်တီးကြတာမို့ ကျန်းမာရေးအတွက် စိတ်ချရဖို့မသေချာသလို အာဟာရလည်း မပြည့်ဝပါဘူး။ နောက်ဆက်တွဲအနေနဲ့ အဝလွန်တာလို သရေစာစွဲနေတာလိုမျိုးတွေလည်း ဖြစ်နိုင်ပါသေးတယ်။ မိဘတွေကကျတော့ သရေစာကျွေးတဲ့အခါမှာ ကလေးတွေစိတ်ကျေနပ်အောင်ကျွေးလိုက်တာတွေရှိသလို အဆာပြေဖို့၊ အာဟာရပိုပြည့်စေဖို့ ရည်ရွယ်တာလည်းပါပါတယ်။ ဒီတော့ ကလေးကြိုက်တာတွေချည်း အလိုလိုက်တာမဟုတ်ဘဲ စားသင့်တဲ့ အာဟာရပြည့်သရေစာတွေကို ရွေးချယ်ပြီး ကလေးကြိုက်အောင်လုပ်ပေးဖို့ကမေမေတို့တာဝန်ဖြစ်ပါတယ်။ ကလေးတွေအများဆုံး စားသုံးလေ့ရှိတဲ့ သရေစာတွေထဲမှာ အကျိုးပြုတာရော၊ မပြုတာရော ဒွန်တွဲနေတာတွေပါဝင်ပါတယ်။ တစ်ခါတလေ ကလေးတွေအာဟာရပြည့်ဝမှု၊ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးအတွက် ပရိုတင်းဖြည့်တင်းပေးမယ့် အကောင်းဆုံးအရင်းအမြစ် ရွေးချယ်မယ်

အိမ့်ဆည်းလည်းလေးတွေကို ဒေါင်ဒေါင်မြည်တဲ့ကျန်းမာရေးနဲ့ ဖွံ့ဖြိုးလာဖို့က ဖဖေမေမေတွေရဲ့အတွေးမှာ အမြဲစိုးမိုးနေတဲ့အရာပါ။ ကိုယ့်အတွက်ကအသာထား သူတို့လေးတွေအတွက်အာဟာရဖြစ်မယ်ဆို ဘယ်ကဖြစ်ဖြစ်လေ့လာမေးမြန်းဖို့၊ ရှာဖွေဖို့၊ စီမံချက်ပြုတ်ကျွေးဖို့ မေမေတို့က အဆင်သင့်ပါပဲ။ ကျန်းမာတဲ့၊ဉာဏ်ကောင်းတဲ့၊ ထွားတဲ့ကလေးတွေမြင်ရင် ဘာတွေကျွေးလဲ၊ ဘာအားဆေးတိုက်လဲလို့ အဲဒီကလေးရဲ့မေမေကိုမေးလိုက်ရမှ။ ကလေးတစ်ယောက်ရဲ့ကျန်းမာဖွံ့ဖြိုးမှုအဆင့်ဆင့်မှာ အဓိကအားဖြည့်ပေးနိုင်တာက မရှိမဖြစ်လိုအပ်တဲ့အာဟာရဓါတ်တွေဆိုတာ လူတိုင်းနီးပါးသိထားကြပြီးဖြစ်မှာပါ။ ဗီတာမင်နဲ့သတ္တုဓါတ်တွေလည်း မပါမဖြစ်ပြည့်ဝနေဖို့လိုသလို ပရိုတင်းလို့ခေါ်တဲ့ အသားဓါတ်ကလည်း အရမ်းအရေးကြီးတယ်ဆိုတာမမေ့ဖို့လိုပါတယ်။ သူများကလေးတွေကို ဘာအားဆေးတိုက်လဲမေးလိုက်၊ တိုက်ကျွေးကြည့်လိုက် လုပ်နေမယ့်အစား ကလေးအတွက်လိုအပ်မယ့် အာဟာရဓါတ်တွေကို အစားအစာမှာမပါမဖြစ် ညီညွတ်မျှတအောင် စီမံထည့်သွင်းပေးပါ၊ လိုအပ်နိုင်မယ့်အာဟာရကို ဘေးကင်းစိတ်ချရတဲ့ ဖြည့်စွက်အာဟာရတွေကနေ ရယူရပါမယ်။   ပရိုတင်း ဘာလို့ အရေးကြီးတာလဲ ပရိုတင်းဓါတ်က ခန္ဓါကိုယ်မှာရှိတဲ့ တစ်ရှူးတွေရဲ့ဖြစ်တည်မှု၊ ထိန်းသိမ်းမှု၊ အစားထိုးဖြစ်ပေါ်မှုတွေအတွက်အကျိုးပြုပါတယ်။ ကြွက်သားတွေ၊ ကိုယ်တွင်းအင်္ဂါတွေနဲ့ ကိုယ်ခံအားစနစ်တို့မှာလည်း အများစုကို ပရိုတင်းနဲ့ဖွဲ့စည်းလုပ်ဆောင်တာပါ။ ပရိုတင်းပါတဲ့ အစားအသောက်တစ်ခုခုစားလိုက်တဲ့အခါ ပရိုတင်းမော်လီကျူးလေးတွေကို သီးခြားတာဝန်တွေအတွက် ခန္ဓါကိုယ်က အသုံးချပါတယ်။ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

နွေရဲ့ အပူချိန်ကို အံတုဖို့ ဒီ အသီးတွေ သင့်ကလေးကို ကျွေးသင့်ပါတယ်။

နွေရာသီရဲ့ အပူဒဏ်ဟာ ကလေးတွေ မပြောနဲ့ လူကြီးတွေတောင် လှိမ့်ပိမ့်ပြီး ခံနေရလောက်အောင် ရာသီဥတုရဲ့ အပူဒဏ် ပြင်းထန်ပါတယ်။ ဒီလို အချိန်ဆို သက်ကြီးရွယ်အိုတွေရော နုနယ်လှတဲ့ကလေးတွေကိုရော အရိပ်တကြည့်ကြည့် ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။ ဒီ အပူဒဏ်ကြောင့် ဖြစ်လာတဲ့ ချွေးထွက်များပြီး ပင်ပန်းနွမ်းနယ်တာ၊ ခေါင်းကိုက်တာတွေကို တိုက်ထုတ်ဖို့အတွက် အသီးတွေ လောက် ကောင်းတာတွေ မရှိတော့ပါဘူး။ ဒီတော့ နွေရာသီမှာ ဘယ်လို အသီးတွေကို ကလေးတွေကို ကျွေးသင့်သလဲ။ နွေရဲ့ အပူချိန်ကို အံတုဖို့ ဒီ အသီးတွေ သင့်ကလေးကို ကျွေးသင့်ပါတယ်။  သံပုရာသီး  ရာသီ ပေါင်းစုံမှာ ကြိုက်တဲ့အချိန်ဝယ်လို့ ရတဲ့ ဒီသံပုရာသီးဟာ ဗီတာမင် C အကြွယ်ဝဆုံး အသီးတစ်ခုဖြစ်တဲ့အပြင် သူ့ရဲ့ မွှေးပျံ့လှတဲ့ အနံ့ကြောင့် ခေါင်းကို ကြည်လင်ပြီး စိတ်ကို လန်းဆန်းစေမယ်ဆိုတာ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးတွေရဲ့ အစားအသောက်နဲ့ပတ်သက်လို့ မိဘတွေသိထားသင့်တဲ့အချက်

မိဘတစ်ယောက်အနေနဲ့ အကြီးလေးဆုံးတာဝန်က သားသမီးကို အကောင်းဆုံးပျိုးထောင်မှုပါ။ ဒီတစ်ခေါက်တော့ သားသမီးကို အကောင်းဆုံးပျိုးထောင်ဖို့အတွက် မိဘတွေအနေနဲ့ အသုံးတည့်မယ့် အချက်လေးတွေကိုမေမေဖေဖေတို့နဲ့မျှဝေပေးပါရစေနော်။ အရင်ဆုံးပြောပြချင်တဲ့ သတင်းကောင်းတစ်ခုကတော့ ကလေးတစ်ယောက်ကောင်းမွန်ကျန်းမာစွာနဲ့ ကြီးပြင်းလာစေဖို့အတွက် ငယ်စဉ်ကတည်းက အာဟာရမျှတအောင်ကျွေးမွေးတဲ့ပုံစံကို ပျိုးထောင်ပေးလို့ရတယ်ဆိုတာပါ။ ကလေးတွေရဲ့ စားသောက်မှုနဲ့ပတ်သက်လို့မိဘတွေကသေချာသိထားမှ ကလေးကိုကျန်းမာပျော်ရွှင်အောင်လုပ်ဆောင်ပေးနိုင်မှာပါ။ ဒီတော့ ကလေးတွေရဲ့ အစားအသောက်နဲ့ ပတ်သက်လို့ သိထားသင့်တာလေးတွေကို အတူတူကြည့်လိုက်ရအောင်နော်။ ကလေးတွေရဲ့ အစားအသောက်နဲ့ပတ်သက်လို့ မိဘတွေအနေနဲ့ ဘာတွေသိထားဖို့လိုမလဲ ကလေးကိုဘာတွေကျွေးမလဲ ဆိုတာကို ဆုံးဖြတ်ပါ ကလေးက အစားအစာတွေအကြောင်းကိုမသိသေးပါဘူး၊ ဒီတော့ရွေးချယ်ပေးဖို့က မိဘတွေမှာ တာဝန်အပြည့်ရှိနေပါတယ်။ ကလေးကို ဘယ်လိုအစားအစာတွေကျွေးမယ်၊ ဘယ်အချိန်မှာကျွေးမယ်ဆိုတာကို ဆုံးဖြတ်ဖို့ အဓိကတာဝန်ရှိသူတွေကမေမေဖေဖေတို့ပါ။ ကလေးကိုကောင်းမွန်စွာကြီးပြင်းလာစေဖို့အတွက် အာဟာရပြည့်ဝတဲ့အစားအစာတွေကို အချိန်ကိုက်ကျွေးမွေးပေးဖို့ သတိထားရပါမယ်။ အိမ်ရဲ့ ရေခဲသေတ္တာနဲ့ ကြောင်အိမ်လိုမျိုး ပစ္စည်းတွေထည့်တဲ့နေရာမှာ ထည့်ထားပေးလိုက်ပါ။ သတိထားရမယ့်တစ်ချက်က အစားအစာ ၁၀ မျိုးမှာ ၁၀ မျိုးလုံးကို ကိုယ့်အကြိုက်ပဲဝယ်တာမျိုးမလုပ်ပါနဲ့။ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

အားဖြည့်အချိုရည်ဆိုရင် နိုးပါ လို့ မေမေတို့တွေးသင့်တဲ့အကြောင်းရင်း

အားဖြည့်အချိုရည်ဆိုတဲ့ နာမည်ကိုက ဝယ်သောက်ချင်စရာဖြစ်နေတာ။သောက်လိုက်ရင် အားပြည့်လန်းဆန်းမယ်ဆိုတော့ လူကြီးလူငယ်နှစ်သက်လောက်ပါတယ်။ ဒါပေမယ့် လူကြီးတွေမှာတောင် အားဖြည့်အချိုရည်ကိုအရမ်းအားမထားဖို့၊ စွဲမသောက်ဖို့ ကျန်းမာရေးအဖွဲ့အစည်းတွေက အကြံပြုထားတယ်ဆိုတော့ နုနယ်တဲ့ကလေးတွေအတွက်ဆို လုံးဝမရွေးချယ်သင့်တဲ့သောက်စရာတွေပါ။ အချိုရည်ဆို လာထား အမြဲလက်ကမ်းနေတတ်တဲ့ ကလေးတွေကို စိတ်ကျေနပ်အောင်၊ငြိမ်ရင်ပြီးရော မလိုက်လျောသင့်ပါဘူး။ အားဖြည့်အချိုရည်တွေလို ကဖင်းဓါတ်များတဲ့သောက်စရာတွေက ကလေးတွေအတွက်ဘေးကင်းမှုမရှိနိုင်ပါဘူးနော်။ အိမ်နား ကျောင်းနားက မုန့်ဆိုင်တွေမှာ အလွယ်တကူဝယ်လို့ရတဲ့ အားဖြည့်အချိုရည်တွေဟာဈေးနှုန်းအစားအစား၊ တံဆိပ်အမျိုးမျိုးနဲ့ ဆွဲဆောင်လျက်ရှိပါတယ်။ ဆယ်ကျော်သက်တွေမှာတောင် များများသောက်ဖို့မသင့်တော်တဲ့ ဒီအချိုရည်တွေကို ၅ နှစ်အောက်ကလေးတွေအတွက် လုံးဝကိုမတိုက်ကျွေးသင့်တာပါ။ ဘာတွေဖြစ်စေနိုင်လို့လဲ အားဖြည့်အချိုရည်အများစုက အချိုနဲ့ ကဖင်းပမာဏ တပုံတပင်ပါဝင်တာဖြစ်ပြီး တစ်ဘူးမှာ တစ်ခါတလေကော်ဖီတစ်ခွက်စာကနေ သုံးခွက်စာလောက် ကဖင်းဓါတ်တွေပါနိုင်သေးတယ်။ အချိုများခြင်းကြောင့်လည်း ကလေးတွေသွားပျက်စီးစေတာနဲ့ အဝလွန်တာတွေဖြစ်စေနိုင်သေးတယ်။ပေးလာမယ့် အာဟာရဓါတ်ကမရှိသလောက်ဖြစ်ပြီး ဆိုးကျိုးကပိုများပါတယ်။နောက်ထပ်ပိုဆိုးတာက ကဖင်းဓါတ်များရင် ဦးနှောက်ဖွံ့ဖြိုးကာစ ကလေးတွေမှာ အာရုံစူးစိုက်နိုင်စွမ်းနဲ့လေ့လာမှတ်သားနိုင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။ ကဖင်းသောက်သုံးမှုလွန်ကဲရင် - ကတုန်ကယင်ဖြစ်တာ၊ အာရုံကြောတွေမငြိမ်တာ ဗိုက်အောင့်တာ ခေါင်းကိုက်တာ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကိုယ့်ကလေးက ဘယ်လောက်စားစား မဝလာဘူးလား

မိဘရယ်လို့ ဖြစ်လာပြီဆိုရင် ကိုယ့်ကလေး ကျန်းကျန်းမာမာ ကြီးပြင်းလာနိုင်ဖို့အတွက် အစစ အရာရာ ဂရုစိုက်ပေးဖို့ လိုလာပါတယ်။ ကိုယ့်ကလေးကို ဉာဏ်ကောင်းစေချင်တယ်။ ကျန်းမာပြီး သန်စွမ်းစေချင်တယ်။ အရပ်ရှည်ြပီး ခန္ဓါကိုယ်ကြီးထွားဖွံ့ဖြိုးစေချင်တယ်။ ဒါတွေကတော့ ပြောစရာတောင် မလိုတဲ့ မိဘတွေရဲ့ စေတနာမေတ္တာတွေပါပဲ။ ကလေးကြီးထွားမှုလို့ ဆိုရာမှာ အစာအာဟာရနဲ့ နေထိုင်စားသောက်မှုပုံစံဟာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဘယ်လောက်စားစား မဝလာဘူး။ ကိုယ်အလေးချိန် မတက်လာဘူး။ တခြားကလေးတွေနဲ့ ယှဉ်လိုက်ရင် ကိုယ့်ကလေးက ပုသေးပြီး လူကောင်ညှက်နေလား။ ဒါဆိုရင် အရင်ဆုံး စဉ်းစားရမှာက ကိုယ့်ကလေး နေ့စဉ် စားနေတဲ့ အစာအာဟာရတွေပါပဲ။ ကိုယ့်ရဲ့ကလေးကို နေ့စဉ်ကျွေးသင့်တဲ့ အစာအာဟာရတွေက ဘာတွေလဲ။ ကိုယ်ခန္ဓါ ကြီးထွားဖွံ့ဖြိုးမှုအတွက် ပရိုတင်းလို့ ခေါ်တဲ့ အသားဓါတ်၊ အစာကြေစေတဲ့ အမျှင်ဓါတ်၊ အားအင်တွေကို ဖြစ်စေတဲ့ ကစီဓါတ်၊ ဗီတာမင်နဲ့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးတွေကို မနက်စာ ဘာတွေကျွေးသင့်သလဲ

အခုရက်ပိုင်းမှာ အုပ်ထိန်းသူတွေကလည်း အလုပ်တွေ ရှုပ်ပြီး မအား လာတာနဲ့အမျှ ကလေးတွေ ကိုလည်း အလွယ်တကူရတဲ့ လက်ဖက်ရည်ဆိုင် က အစားအစာတွေ ကို ကျွေးလာတာကိုလည်း တွေ့ရပါတယ်။ ဘာတွေ မကျွေးသင့်ဘူးလဲ ဥပမာ - ကလေး ကို အလွယ်ရတဲ့ ဆိုင်က မုန့်ဟင်းခါး ကျွေးကြပါတယ်။ အခုဆို ၃-၄ နှစ် သား အရွယ်ကတည်းက မနက်စာ ကို မုန့်ဟင်းခါး ဝယ်ကျွေးနေတဲ့ မိဘတွေ တွေ့နေရပါတယ်။ ဆိုင်မုန့်ဟင်းခါးကတော့ ထုံးစံ အတိုင်း အချိုမှုန့် မတရား ပါဝင်ပါတယ်။ ဒီ Mono Sodium Glutamate (MSG) လို့ခေါ်တဲ့ အချိုမှုန့် တွေ ဟာ ဦးနှောက်မှာရှိတဲ့ Neurone (ဦးနှောက်ဆဲလ်) တွေကို ရေတွေနဲ့ ပွလာစေပြီး […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးတွေကို ပင်လယ်စာကျွေးသင့်လား

မိဘတွေ မကြာခဏ မေးတတ်ကြတဲ့ မေးခွန်းတွေထဲမှာ ကိုယ့်ကလေးကို ပင်လယ်စာေကျွးလို့ ရလား ဆိုတာလည်းလည်း တစ်ခုအပါအဝင်ပါပဲ။ ငါး၊ ပုဇွန် အစရှိတဲ့ ပင်လယ်စာတွေမှာ ကလေးတွေအတွက် လိုအပ်တဲ့ အာဟာရဓါတ်ေတွအပြင် Omega-3 fatty acid ပါဝင်တာကြောင့် ကလေးတွေရဲ့ နေ့စဉ်အစာအာဟာရထဲမှာ ထည့်ကျွေးလို့ ရပါတယ်။ ဒါပေမဲ့ တန်ဆေး၊ လွန်ဘေး ဆိုသလိုပါပဲ ဘယ်အစားအစာကိုမဆို အများကြီးကျွေးမယ်ဆိုရင်တော့ အဆင်မပြေဘူးပေါ့။ ပင်လယ်စာတွေရဲ့ ကောင်းကျိုးတွေက ဘာတွေလဲ။ ၁။ ကလေးတွေအတွက် လိုအပ်တဲ့ အာဟာရများစွာ ပါဝင်ပါတယ်။ တချို့အစားအစာတွေမှာ မရနိုင်တဲ့ ကလေးတွေအတွက် နေ့စဉ်လိုအပ်တဲ့ အာဟာရဓါတ်ေတွကို ပင်လယ်စာကနေ ရနိုင်ပါတယ်။ ဒါ့အပြင် ကြီးထွားဖွံ့ဖြိုးမှုအတွက် ပရိုတင်းဓါတ်၊ ဉာဏ်ရည်ထက်မြက်စေဖို့ အိုင်အိုဒင်းဓါတ်၊ omega-3 fatty acid ၊ ဗီတာမင် D ပါဝင်နေပါတယ်။ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း