backup og meta

လမ်းလျှောက်တတ်ကာစ ကလေးငယ်တွေ နို့သောက်တာများလွန်းရင် ဖြစ်လာနိုင်တဲ့ အန္တရာယ်များ

ကယ်လ်ဆီယမ်ကြွယ်ဝစွာ ပါဝင်မှုနဲ့ အမျိုးမျိုးသော အာဟာရမျိုးကွဲတွေဖြစ်တဲ့ ပရိုတိန်း၊ ကာဘိုဟိုက်ဒရိတ်၊ အဆီနဲ့ ဗီတာမင်တွေ ပါဝင်မှုအတွက် ကမ္ဘာပေါ်မှာ နို့ဟာအကောင်းဆုံးလို့ ဆိုရင်တောင် အငြင်းပွားဖွယ်ရာ မရှိပါဘူး။ ဒီလိုဆိုထားတယ်ဆိုရင် နို့ကို အများကြီးသောက်လိုက်မယ်ဆိုရင် ဘယ်လို အန္တရာယ်မျိုးတွေ ကြုံလာရနိုင်တာပါလိမ့်။

လမ်းလျှောက်တတ်ကာစ ကလေးငယ်တွေ နို့သောက်တာများလွန်းရင် ဖြစ်လာနိုင်တဲ့ အန္တရာယ်များ

လမ်းလျှောက်တတ်ကာစ ကလေးတွေကို နို့ပိုတိုက်ချင်းအတွက် ဖြစ်လာနိုင်တဲ့ အန္တရာယ်များ

ဒီမှာတော့ နို့ကို အလွန်အကျွံသောက်ခြင်းဟာ အလွန် နည်းပါးစွာ သောက်သုံးခြင်းလိုပဲ ဘာကြောင့်ဆိုးတာလဲဆိုတဲ့ အကြောင်းပြချက် (၄)မျိုးကို ဖော်ပြပေးထားပါတယ်။

အဝလွန်ခြင်းနဲ့ အလေးချိန်များလွန်းခြင်း။ ကျောင်းမှာအရွယ်ရလာတဲ့ကလေးတွေကို သုံးနှစ်တာ လေ့လာချက်တွေအရ နေ့စဉ် နို့ ၃ခွက်နဲ့အထက်သောက်တဲ့ကလေးတွေဟာ နည်းနည်းပဲသောက်တဲ့ ကလေးတွေနဲ့ယှဉ်ရင် အများကြီးအလေးချိန်ပိုနေတာကို တွေ့ရမှာပါ။ ဒီလေ့လာမှုက နို့သောက်သုံးမှု များလာခြင်းဟာ (အဆီလျှော့သည်ဖြစ်စေ၊ အဆီပြည့်နို့ဖြစ်စေ) အလေးချိန်ထိန်းညှိဖို့နဲ့ မဆက်စပ်နေပေမယ့် ကလေးဘဝမှာ အဝလွန်ခြင်းတွေနဲ့တောင် ဆက်စပ်နေနိုင်တာကို ညွှန်ပြနေပါတယ်။ နို့မှာပါဝင်တဲ့ အဆီတွေနဲ့ အလေးချိန်တိုးလာတာနဲ့ကြားမှာ ဆက်စပ်မှုမရှိဘူးဆိုတာကိုလည်း သက်သေပြခဲ့ပြီးပါပြီ။ နို့ထွက်ပစ္စည်းတွေမှာ ပါဝင်တဲ့ ကယ်လ်ဆီယမ်ပါဝင်မှု ပမာဏကသာ အလေးချိန်တိုးလာစေတာပါ။

သံဓာတ်ချို့တဲ့ခြင်းနဲ့ သွေးအားနည်းရောဂါ။ ။ နို့မှာများပြားစွာပါဝင်တဲ့ ကယ်လ်ဆီယမ်ဟာ သံဓာတ်ထုတ်လုပ်မှုနဲ့ စုပ်ယူနိုင်မှုအတွက် အကြီးမားဆုံး အတားအဆီးတစ်ခုဖြစ်နေပါတယ်။ သုတေသနပေါင်းများစွာကလည်း နို့ကို အများကြီးပိုအောင် သောက်ပြီးတဲ့နောက်မှာ ကလေးရဲ့ သံဓာတ်ပမာဏဟာ သိသိသာသာထိုးကျသွားတယ်လို့ ဆိုထားကြပါတယ်။ နို့ဟာ အစွမ်းထက်တဲ့ စွမ်းအားဖြည့်သောက်စရာတစ်ခုဖြစ်ပြီး အချိန်ကြာကြာ ဗိုက်ပြည့်စေနိုင်တာကြောင့် နို့များများသောက်လိုက်တဲ့ ကလေးဟာ အရမ်းကို ဗိုက်ပြည့်နေပြီး အခြားအစားအသောက်တွေကို မစားချင်တော့ပါဘူး။

သံဓာတ်ချို့တဲ့ခြင်းဟာ သွေးထုတ်လွှတ်မှုနဲ့ အောက်စီဂျင် ပို့ဆောင်မှုကိုလည်း အနှောက်အယှက်ဖြစ်စေပြီး ဒါကပဲ ကလေးတွေရဲ့ ဖွံ့ဖြိုးမှုနဲ့ သိတတ်မှုတွေကို အနှောက်အယှက်ဖြစ်စေတာပါ။ ကာလကြာရှည် သံဓာတ်ချို့တဲ့ခြင်းဟာ သွေးအားနည်းခြင်းကိုဖြစ်စေပြီး ဒီအခြေအနေဟာ ကာယအားနည်းခြင်း၊ အာရုံစူးစိုက်မှုအားနည်းခြင်း၊ ရင်ဘတ်နာကျင်ခြင်း၊ သွေးဖိအားနည်းခြင်းနဲ့ ပိုးဝင်နိုင်ချေ မြင့်မားခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

– ဝမ်းချုပ်ခြင်း။ ။ မကြာခဏနဲ့ ကာလကြာရှည် စွမ်းအင်မြင့်ပေမယ့် အမျှင်ဓာတ်နည်းတဲ့ အစာတွေကို စားသုံးခြင်း ဥပမာ နို့သောက်ခြင်းဟာ ဝမ်းချုပ်ခြင်း ဒါမှမဟုတ် အူမလှုပ်ရှားမှုတွေကို နှေးကွေးစေခြင်းတွေဖြစ်စေပါတယ်။ အကြောင်းရင်းကတော့ အမျှင်ဓာတ်နည်းလို့ပါ။ အမျှင်ဓာတ်ဆိုတာကတော့ လူတိုင်းရဲ့ ပုံမှန်နဲ့ ကျန်းမာတဲ့ အူမလှုပ်ရှားမှုအတွက် မရှိမဖြစ် အရေးတကြီးလိုတဲ့ အရာတစ်ခုပါပဲ။ နို့အလွန်အကျွံသောက်တဲ့ ကလေးတွေဟာ အခြားအမျှင်ဓာတ်ပါတဲ့ အစာတွေစားဖို့ မတတ်နိုင်တော့ဘဲ ပြည့်အင့်နေပါပြီ။ UHT (အပူချိန်အလွန်အကျွံမြင့်မားခြင်း၊ Ultra High Temperature) ဒှါမဟုတ် pasteurization လုပ်ငန်းစဉ်တွေက ခန္ဓာကိုယ်ရဲ့ မှန်ကန်စွာ အစာခြေနိုင်ဖို့လိုအပ်တဲ့ အင်ဇိုင်းတွေ အားလုံးကို နို့အတွက် ဖျက်ဆီးပစ်လိုက်တယ်လို့ ယုံကြည်ကြပါတယ်။

Lactose မတည့်ခြင်းနဲ့ ဓာတ်မတည့်ခြင်းများ။ ။ ကလေးတစ်ယောက်သောက်နိုင်တဲ့ နို့ပမာဏဟာ သူ Lactose ပမာဏ ဘယ်လောက်ထုတ်နိုင်လဲဆိုတဲ့ပေါ်မူတည်ပါတယ်။ ဒါကြောင့် အချို့ကလေးတွေက တစ်ရက်မှာ နို့ကို ဖန်ခွက်တော်တော်များများ သောက်နိုင်ပြီး အချို့သော ကလေးတွေအတွက်တော့ တစ်ငုံ နှစ်ငုံလောက်သောက်လိုက်တာတောင် သူတို့အတွက် များလွန်းပြီလို့ ဖြစ်နေတာပါ။

Lactose Intolerance ရဲ့ လက္ခဏာတွေကတော့ ဗိုက်နာခြင်း၊ လေပွခြင်းနဲ့ ဝမ်းပျက်ခြင်းတွေဖြစ်ပြီး နို့ရဲ့ ပရိုတိန်းနဲ့ ဓာတ်မတည့်ခြင်းတွေကတော့ အော့အန်ခြင်း၊ အဖုအပိန့်အင်ပြင်ထခြင်း၊ အသက်ရှူကြပ်ခြင်း နဲ့ anaphylaxis တို့လို ပြင်းထန်တဲ့ လက္ခဏာမျိုးတွေတောင် ပြတတ်ပါတယ်။ anaphylaxis ဆိုတာကတော့ အသက်ရှူလမ်းကြောင်းဟာ တစ်စိတ်တစ်ပိုင်း ဒါမှမဟုတ် လုံးဝပိတ်သွားတဲ့ အရေးပေါ် အခြေအနေပါ။

နို့သောက်ခြင်း။ ။ ဘယ်လောက်များများသောက်တာက အရမ်းသောက်တာလဲ။

-St. Michael ဆေးရုံ ဖောင်ဒေးရှင်းနဲ့ Canadian Institutes of Health Research က ထူထောင်ပေးထားတဲ့ သုတေသနဟာ အသက် ၂နှစ်က ၅နှစ်အတွင်းမှာရှိတဲ့ ကျန်းမာသန်စွမ်းတဲ့ ကလေး ၁၃၁၁ယောက်ကို သုတေသန ပြုလုပ်ခဲ့ပါတယ်။ သူတို့ သွေးနမူနာတွေကရတဲ့ ဗီတာမင် ဒီနဲ့ သံဓာတ်တွေ၊ သူတို့နေ့စဉ်သောက်တဲ့ နို့ပမာဏတွေကို ဆန်းစစ်ပြီးတဲ့နောက်မှာတော့ သုတေသနပညာရှင်တွေအားလုံးဟာ နို့ ၅၀၀မီလီလီတာဟာ တစ်ရက် သောက်သုံးနိုင်တဲ့ နို့ပမာဏ အတိအကျဖြစ်ပြီး သံဓာတ်နဲ့ ဗီတာမင် ဒီ လုံလုံလောက်လောက်ရှိတဲ့ ကလေးတွေအတွက် အသင့်လျော်ဆုံးဖြစ်တယ်ဆိုတဲ့ သဘောတူညီမှု တစ်ခုကို ခြွင်းချက်မရှိ ရရှိခဲ့ပါတယ်။ ကလေးတစ်ယောက်ဟာ တစ်ရက်ကို ၇၀၀ မီလီလီတာထက်လည်း ပိုမသောက်သင့်ဘူးလို့လည်း ဖော်ပြထားပါတယ်။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

  • High Milk Consumption Linked to Obesity in Kids http://www.medpagetoday.com/pediatrics/obesity/1159 Accessed February 13, 2017
  • Risks of Toddlers Drinking Too Much Milk http://healthyeating.sfgate.com/risk-toddler-drinking-much-milk-5333.html Accessed February 13, 2017
  • Too much milk for young kids can be as bad as too little, study suggests http://www.theglobeandmail.com/life/health-and-fitness/health/too-much-milk-for-young-kids-can-be-as-bad-as-too-little-study-suggests/article6475634/ Accessed February 13, 2017

ယခုပုံစံ

03/06/2022

Wathun Myat Chal မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

နွားနို့ မသောက်ခင် ဘာတွေသိထားဖို့လိုမလဲ

နွားနို့ အမျိုးအစားတွေနဲ့ ပတ်သက်ပြီး သိထားသင့်သမျှ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Wathun Myat Chal မှ ရေးသားသည်။ · 03/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ