မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု
မတ်တတ်ပြေး နဲ့ မူကြိုအရွယ် ကလေး တစ်ယောက် ဖွံ့ဖြိုးမှု
မတ်တတ်ပြေး နဲ့ မူကြိုအရွယ် ကလေး တစ်ယောက် ဘယ်လိုဖွံ့ဖြိုးလာသလဲ။ ကလေးလေးရဲ့ အသက် ၁နှစ် ကနေ ၅ နှစ်တာကာလအတွင်းမှာ အရပ်အမောင်းရော ကိုယ်အလေးချိန်ပါ ပြောင်းလဲလာပါပြီ။ ပုံပန်းသဏ္ဍာန်လေးလည်း ပြောင်းလဲလာတော့မှာပါ။ ကလေးက တစ်နှစ်ကို ၃ လက်မလောက် အရပ်တက်လာမှာ ဖြစ်သလို ကိုယ်အလေးချိန်ကလည်း တစ်နှစ်ကို ၄ ပေါင်ခွဲလောက်စီကို တိုးလာတော့မှာပါ။ ကလေးက သူ့ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်မှုတွေကို စတင် လုပ်ဆောင်နေပါပြီ။ အရိုးတွေ၊ ဦခေါင်းခွံနဲ့၊ မျက်နှာတွေ ကြီးထွားဖွံ့ဖြိုးလာပါပြီ။ ဒီကာလမှာ မျက်နှာဝိုင်းဝိုင်းလေးကနေ မျက်နှာကျပုံစံ အမျိုးမျိုး ပြောင်းလာတော့မှာပါ။ အကြောင်းကတော့ သားသားမီးမီးတို့ရဲ့ နဖူး၊ နှာခေါင်း၊ မေးစေ့တွေက ထင်းထင်းလာပါပြီ။ မေးရိုးတွေကျယ်လာပြီး သွားတွေလည်း စုံလာပြီ။ ပခုံးလေးကျဉ်းလာပြီး ဗိုက်ကလေးက ချပ်ရပ်လာပြီ။ ကိုယ်နေဟန်ထား […]































