ကျောင်းနေအရွယ်ကလေးရဲ့ ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှု

အသက် ၆နှစ်ကနေ ၁၂နှစ်ကြား၊ ကျောင်းနေအရွယ်ကလေးတွေက အရပ်ရော ကိုယ်အလေးချိန်ရော တက်လာသလို ဘာသာစကား သင်ယူတာ၊ ပေါင်းသင်းဆက်ဆံရေး စတာတွေလည်း စတင် ဖွံ့ဖြိုးလာပါပြီ။ ဒီအရွယ်တွေမှာ ကလေးကို ဘယ်လို ပျိုးထောင်ရမလဲဆိုတာကို မိဘများ ဒီမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျောင်းနေအရွယ်ကလေးရဲ့ ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှု

ကျောင်းနေအရွယ် သားသားမီးမီးတို့ရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ဘယ်လိုကူညီမလဲ

ကလေးလေးက ရင်ခွင်ပိုက် ချီပိုးထားတဲ့ အရွယ်ကနေ ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး လောကကြီးကို စူးစမ်းဖို့ အသင့်ဖြစ်နေတဲ့ ကျောင်းနေအရွယ် ကိုတောင် ရောက်လာခဲ့ပါပြီ။ ဒီအချိန်မှာ အရင်တုန်းကလို မေမေ လုပ်စေချင်တဲ့အတိုင်း တသွေမသိမ်း လိုက်နာတယ်ဆိုတာ ရှားလာပါပြီ။ ကလေးကြီးတွေလိုပဲ သူတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချတာတွေကို လုပ်ဆောင်စပြုလာပါပြီ။ ဒီကာလမှာ ကလေးကို စည်းကမ်းတွေ တင်းကျပ်မယ့်အစား ညှိညှိနှိုင်းနှိုင်းနဲ့ နွေးနွေးထွေးထွေး ဆက်ဆံပေးတာက နည်းလမ်းကောင်းပါ။ ကျောင်းနေအရွယ်ရောက်လာပြီဖြစ်တဲ့ ကလေးတွေဟာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ခံစားမှုပိုင်းဆိုင်ရာပါ ဖွံ့ဖြိုးလာပါပြီ။ ကျောင်းနေအရွယ် သားသားမီးမီးတို့ရဲ့ ကြီးထွားဖွံ့ဖြိုးမှု ကို အထောက်အကူဖြစ်စေဖို့ ဖေဖေမေမေတို့ ဘာလုပ်ပေးနိုင်မလဲဆိုတာ လေ့လာလိုက်ရအောင်နော်။ ကျောင်းနေအရွယ် သားသားမီးမီးတို့ရဲ့ ကြီးထွားဖွံ့ဖြိုးမှု ကလေးလေးလည်း မဟုတ်တော့သလို လူကြီးလေးလည်း မဖြစ်သေးတဲ့ လူကြီးပေါက်စလေးတွေ ဖြစ်လာကြတဲ့ ကျောင်းနေအရွယ် သားသားမီးမီးလေးတွေမှာ အပြောင်းအလဲတွေ အများကြီး ရှိလာနိုင်ပါတယ်။ […]

ကျောင်းနေအရွယ်ကလေးရဲ့ ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှု ကို ရှာဖွေမည်။

ကျောင်းနေအရွယ်ကလေးရဲ့ ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှု

ကျောင်းနေရွယ်ကလေးများကို ထိန်းကျောင်းရာတွင် မိဘများဖြစ်တတ်သည့် အမှားများ

သင့်တွင် မူလတန်းအရွယ်ကလေးများရှိပါက သူတို့ကို ကျန်းမာသော လူနေမှုပုံစံနှင့် ကောင်းမွန်သော ဘဝပုံရိပ်များရရှိအောင်ပြုစုပျိုးထောင်ပေးရမည်မှ သင့်တာဝန်ပင်ဖြစ်သည်။ ကလေးများသည် သင့်စိတ်တိုင်းကျညွှန်ကြားချက်များကို တသဝေမတိမ်း လိုက်နာမည်မဟုတ်ပါ။ သင့်နည်းပေးလမ်းပြမှုများသည် သင့်ကလေးကို ထိန်းကျောင်းရာတွင် မှားယွင်းနေသလား သင်စဉ်းစားမိပါသလား၊ ထိုသို့မှားယွင်းနေပါက ယင်းတို့အစား ပိုပြီး ပညာသားပါသော နည်းများဖြင့် ကိုင်တွယ်နိုင်ကြောင်း အောက်ပါအတိုင်းရေးသားအကြံပေးလိုက်ရပါသည်။ သင့်ကလေးသည် အဝလွန်နေသော်လည်း လက်မခံခြင်း ကျောင်းနေရွယ်ကလေးများ နှင့် အရွယ်ရောက်စ မြီးကောင်ပေါက်များသည် ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများစွာကို ကြုံတွေ့ရပါသည်။ ထို့ကြောင့် ထိုကာလတွင် ကိုယ်လက်လှုပ်ရှားမှုများလုပ်ခြင်း၊ ကျန်းမာစေသော အစာများစားခြင်းတို့ပြုလုပ်ရန် လိုပါသည်။ ထိုအချိန်သည် ကောင်းသော အကျင့်များစတင်အောင် မွေးပေးနိုင်သလို အကျင့်ဆိုးများလည်း အမြစ်တွယ်ရလွယ်ကူသော အချိန်ပင်ဖြစ်ပါသည်။ သွေးတိုးခြင်း၊ သွေးတွင်းသကြားဓါတ်များခြင်းနှင့် သွေးတွင်းအဆီဓါတ်များခြင်းတို့သည် လူကြီးများတွင် ဖြစ်သောရောဂါဟု လူအများစုက မှတ်ယူထားခြင်းသည် မှားယွင်းသော အယူအဆပင်ဖြစ်သည်။ ကလေးဘဝတွင်ကိုယ် အလေးချိန်လွန်ကဲမှုဖြစ်ခြင်းကြောင့် ထိုရောဂါများဖြစ်လာနိုင်ချေများပါသည်။ သင့်ကလေးသည် အဝလွန်နေပါက သင့်ကလေးကို သူ့ကိုယ်ခန္ဓါအရွယ်အစားနှင့် […]


ကျောင်းနေအရွယ်ကလေးရဲ့ ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှု

Selfie ကြိုက်တတ်တဲ့ကလေးတွေကို ကိုယ်ချင်းစာတရားရှိအောင်၊ စာနာတတ်အောင် ဘယ်လိုသင်ကြားပေးမလဲ

သင့်ကလေးဟာ စကားပြောခြင်းထက် စာရိုက်ခြင်း၊ အင်တာနက်ပေါ်ကို လှပတဲ့ ဓာတ်ပုံတွေ တင်ခြင်းကို ကြိုက်နှစ်သက်ပြီး likes တွေ followers တွေနောက် လိုက်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါတွေဟာ ကိုယ့်ကိုယ်ကိုယ် တသသနေခြင်း၊ ကိုယ်ချင်းစာတရား ကင်းမဲ့ခြင်းတွေ ယဉ်ကျေးမှုဘောင်အတွင်း ကြီးထွားလာခြင်းကို ဖော်ပြပါသလား။။ ကလေးတွေဟာ မေတ္တာတရား၊ ပတ်ဝန်းကျင်ကို ချစ်မြတ်နိုးစိတ်တွေ ပျောက်ဆုံးကုန်ပါသလား။ မိဘတစ်ယောက်အနေနဲ့ ဒီလို မိမိကိုယ်ကိုယ် သနေခြင်းကို ဘယ်လို တိုက်ဖျက်ပြီး ကိုယ်ချင်းစာတရား ထားရှိအောင် နည်းလမ်းရှာနေတာမျိုး ဖြစ်နိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပြည့်ဝမှုကို အားပေးပါ။ ဒီလိုစာရိုက်နေတဲ့ ခေတ်ကြီးမှာ မျက်နှာအမူအရာတွေ၊ အသံအနေအထားတွေကို အသိအမှတ်ပြုစေဖို့ ဆိုတာ ခဲယဉ်းပါတယ်။ သင့်ရဲ့ ကိုယ်ပိုင်ခံစားချက်တွေနဲ့ အခြားသူတွေရဲ့ခံစားချက်တွေကို သင်ယူစေဖို့အတွက် မိသားစုအတွက် သီးသန့်အချိန်ပေးသင့်ပါတယ်။ ဆဲလ်ဖုန်းတွေကို ချလိုက်ပြီး မျက်နှာချင်းဆိုင် စကားပြောခြင်းဟာ အခြားသူတွေ ဘယ်လိုဖေါ်ပြနေသလဲ၊ ခံစားနေရလဲဆိုတာကို […]


ကျောင်းနေအရွယ်ကလေးရဲ့ ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှု

လူစိမ်းတွေနဲ့ ဆက်ဆံပုံအကြောင်း ကလေးကို ဘယ်လိုသင်ကြားပေးမလဲ

သင့်ကလေးကို သူစိမ်းတွေထံမှ တစ်ချိန်လုံး ကာကွယ်ပေးထားနိုင်ဖို့တော့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ပြုမူသင့်တဲ့ အပြုအမူတွေနဲ့ လွန်ကဲလာရင် ဘာတွေ လုပ်ရမယ်ဆိုတာကိုတော့ သင်ထားပေးဖို့ ဖြစ်နိုင်ပါတယ်။ အောက်ပါအချက်တွေက သင်ကလေးအနားမှာ မနေနိုင်စဉ်မှာ ကလေးကို လုံခြုံစိတ်ရဖို့အတွက် ကူညီပေးနိုင်ပါတယ်။ သင့်ကလေးကို သူစိမ်းတွေအကြောင်း ဘယ်လိုပြောမလဲ။ အခြေခံ ကိုယ်ခန္ဓါလုံခြုံမှုကနေ စတင်ပါ။ လူစိမ်းတွေအကြောင်း စတင်ပြောဆိုဖို့အတွက် အသက် ၂ နှစ် ၃ နှစ်ကလေးတွေနဲ့ ယေဘုယျ လုံခြုံမှုအကြောင်း ပြောပြပါ။ သင်တို့ အပြင်ထွက်သွားစဉ်မှာ ကလေးတွေကို သင့်နားမှာထားပါ။ ဒါ့ပြင် ဒီအသက်အရွယ်မှာ ကလေးတွေဟာ သူတို့ရဲ့ လိင်အင်္ဂါ အခေါ်အဝေါ်တွေကို သင်ယူဖို့အတွက် လုံလောက်ပြီဖြစ်ပြီး ဒီနေရာတွေကို အခြားသူ ထိတွေ့ခြင်းဟာ မသင့်လျော်ဘူးဆိုတာ သိနိုင်ပြီ ဖြစ်ပါတယ်။ လူစိမ်းတွေအကြောင်းပြောပါ။ ကလေးတွေဟာ အသက် ၄ နှစ်လောက် ရောက်ချိန်မှာ စတင်ဆွေးနွေးနိုင်ပြီ […]


ကျောင်းနေအရွယ်ကလေးရဲ့ ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှု

အရုပ်သေနတ်က သင့်ကလေးစိတ်ကို ကြမ်းတမ်းစေသလား

အရုပ်သေနတ် တွေဟာ သင့်ကလေးကို ပိုမိုကြမ်းတမ်းစေတယ်ဆိုပြီး သင်ပူပန်ဖူးပါသလား။ မိဘအတော်များများဟာ ကလေးတွေကို အရုပ်သေနတ် နဲ့ ဆော့ခွင့်မပြုတတ်ကြပါဘူး။ ဒါပေမယ့် ငယ်ရွယ်စဉ်မှာ အရုပ်သေနတ်နဲ့ ကစားခဲ့ကြတဲ့ ယောက်ျားလေးတွေဟာ အရွယ်ရောက်ချိန်မှာ ပြစ်မှုကျူးလွန်ခြင်း မျိုး မရှိကြပါဘူး။ အရုပ်သေနတ်တွေဟာ ယောက်ျားလေးတွေကို လက်တွေ့ဘဝမှာ အကြမ်းဖက်မှုတွေ ပြုလုပ်စေပါသလား။ ကလေးစိတ်အထူးကု ဆရာဝန် ဒေါက်တာ Michael Thompson က ငယ်ရွယ်စဉ်မှာ စစ်တိုက်တိုင်းကစားတဲ့ ကလေးတွေဟာ လက်တွေ့ဘဝမှာ ဒေါသကြီးခြင်းကို ဖြစ်စေတယ်ဆိုတဲ့ သက်သေပြချက် မရှိဘူးလို့ဆိုပါတယ်။ ဒါပေမယ့် ကစားနည်းတွေဟာ ကလေးရဲ့ လိင်ပေါ်မှာ မူတည်ပါတယ်။ ယောက်ျားလေးတွေဟာ ပြင်းထန်တဲ့ ဆော့ကစားခြင်းတွေ ဖြစ်တဲ့ လူဆိုးတွေကို တိုက်ခိုက်ခြင်း၊ စစ်တိုက်တိုင်း ကစားတတ်ကြပေမယ့် မိန်းကလေးတွေကတော့ အရုပ်၊ ဟင်းချက်တိုင်း၊ မိသားစုလုပ်တိုင်း ဆော့ကစားနည်းတွေကို ကစားလေ့ရှိကြပါတယ်။ မကြာသေးမီက […]


ကျောင်းနေအရွယ်ကလေးရဲ့ ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှု

သင့်ကလေးကို ဘာကြောင့်ရေကူးသင်ပေးသင့်ပါသလဲ

ရေကူးခြင်းသည် ကလေးများ အနှစ်သက်ဆုံးသော ကစားနည်းဖြစ်သည်။ ကလေးများသည် ရေကူးကန်ထဲတွင် တစ်နေကုန်ဆော့ရခြင်းကို နှစ်သက်ကြသည်။ သို့သော် ရေကူးခြင်းသည် အပျော်သက်သက်သာမဟုတ်ပဲ သေချာစွာလေ့ကျင့်သင်ကြားပေးလျှင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးများစွာရနိုင်သည့်အပြင် အသက်ကိုလည်း ကယ်နိုင်သည်။ ၁။ ဘေးကင်းလုံခြံမှု မတော်တဆ ရေနစ်ခြင်းသည် တစ်နှစ်မှ လေးနှစ်အတွင်းတွင် ကလေးများသေဆုံးသော အကြောင်းရင်းထဲမှ တစ်ခုဖြစ်သောကြောင့် သင့်ကလေးကို ထိုအန္တရာယ်မှ ကာကွယ်ရန် ရေကူးသင်ပေးသင့်သည်။ ထို့ကြောင့် သင့်ကလေးကို တတ်နိုင်သမျှမြန်မြန် ရေကူးသင်တန်းသို့ သွားရောက်အပ်နှံသင့်သည်။   ၂။ ဖျော်ဖြေရေး ကလေးအများစုသည် ရေကူးကန်သို့ ရေသွားကူးရန် မိဘများကို တောင်းဆိုကြသည်။ ပူအိုက်သည့်ရာသီတွင် ရေကူးရခြင်းသည် ဘာနဲ့မှမလဲနိုင်ပေ။ ထို့ကြောင့် သင့်ကလေးကို ဘေးကင်းစွာ ရေကူးနိုင်ရန် ပြင်ဆင်ပေးထားသင့်သည်။ သင့်ကလေးကို ရေရှိသည့်နားသို့ မသွားခိုင်းမည့်အစား ရေကူးတတ်စေရန် သင်ပေးသင့်သည်။ သင့်ကလေး ကျွမ်းကျင်စွာရေကူးတတ်လျှင် သူ၏ သူငယ်ချင်းများနှင့် […]


ကျောင်းနေအရွယ်ကလေးရဲ့ ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှု

ကလေးကို ကျောင်းမှာ ဘေးကင်းစိတ်ချရအောင် ဘယ်လိုလုပ်မလဲ

ကျောင်းသည် ကလေးငယ်များအတွက် အလုံခြုံဆုံးနေရာဖြစ်သော်လည်း မိဘအများစုအတွက်တော့ မိမိရင်သွေး ဘေးကင်းစိတ်ချရေးသည် စိုးရိမ်ပူပန်မှုကြီးတစ်ခု ဖြစ်နေဆဲဖြစ်သည်။ ထိုစိုးရိမ်ပူပန်မှုများ လျော့နည်းစေရန် အောက်ပါနည်းများကို ကျင့်သုံးကြည့်ပါ။ ၁။ ကလေးက သူ့နာမည်အပြည့်အစုံ၊ လိပ်စာ နှင့် မိဘ တယ်လီဖုန်းနံပါတ်များကို သိတာသေချာပါစေ။ ကလေးသိတတ်နားလည်သောအရွယ် ရောက်တာနဲ့ အရေးပေါ်အခြေအနေမျိုးမှာ မဖြစ်မနေလိုအပ်သော အရေးကြီးသည့် သတင်းအချက်အလက်အားလုံး (ဥပမာ- ဖုန်းနံပါတ်၊ အိမ်လိပ်စာ၊ ရဲစခန်းဖုန်းနံပါတ်)ကို သတိရစေဖို့ လေ့ကျင့်ပေးပါ။ ၂။ အကယ်၍ ကလေးသည် ဆေးဝါးလိုအပ်သော နာတာရှည်ရောဂါ (ဥပမာ-ပန်းနာရင်ကျပ်၊ ဆီးချိုသွေးချိုရောဂါ) သို့မဟုတ် ပြင်းထန်ဓါတ်မတည့်မှုပြဿနာရှိလျှင် တာဝန်ရှိသူများကို အသိပေးဖို့လိုအပ်သည်။ မိဘတို့သည် ကလေးကျန်းမာရေးအတွက် တာဝန်ရှိသော ကျောင်းသူနာပြု၊ ကျောင်းအတွင်းရေးမှူးနဲ့ တွေ့ဖို့လိုအပ်သည်။ မိဘသည် ကလေး ဆရာ/ဆရာမ ၊ ကျောင်းအုပ်နဲ့ တွေ့ဆုံဆွေးနွေးပြီး ကလေးရောဂါ အကြောင်းကိုပြောပြကာ […]


ကျောင်းနေအရွယ်ကလေးရဲ့ ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှု

ကြည့်သူမရှိဘဲ တီဗွီဖွင့်ထားခြင်းက သင့်ကလေး၏ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။

တီဗွီ ကို ဘယ်သူမှ ကြည့်မနေရင်တောင်မှ ဒီအတိုင်းဖွင့်ထားခဲ့တာမျိုး အလွန်ကို အဖြစ်များပါတယ်။ ဒါပေမယ့် လေ့လာမှု အသစ်တစ်ခုအရ တကယ်လို့ သင့်အိမ်မှာ ငယ်ရွယ်တဲ့ ကလေးငယ်ရှိမယ်ဆိုရင် တီဗွီမကြည့်ဘဲဖွင့်ထားခြင်း ဟာ ဆိုးဝါးတဲ့ ပြဿနာတစ်ခု ဖြစ်ပါတယ်။ ကြည့်သူမရှိဘဲ တီဗွီဖွင့်ထားခြင်း ဟာ ကလေးတွေမှာ မှတ်ဉာဏ်ဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ လေ့လာမှုတစ်ခုက ကောက်ခံတဲ့ အချက်အလက်တွေအရ တီဗွီမကြည့်ဘဲဖွင့်ထားခြင်းဟာ ငယ်ရွယ်တဲ့ကလေးတွေမှာ သင်ယူခြင်း၊ စာဖတ်ခြင်းတွေအတွက် လေးနက်တဲ့ ပြဿနာတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ နယူးမက္ကဆီကို တက္ကသိုလ် ကလေးဌာန ပရော်ဖက်ဆာ Victor Strasburger က ကလေးငယ်တွေဟာ အလုပ်မျိုးစုံကို တစ်ပြိုင်နက်တည်း မလုပ်နိုင်ကြဘူးလို့ ဆိုပါတယ်။ ကျွမ်းကျင်သူတွေက အသက် ၈ လကနေ ၈ နှစ်အတွင်း ကလေးငယ်တွေရှိတဲ့ အိမ်ပေါင်း ၁၄၅၁ […]


ကျောင်းနေအရွယ်ကလေးရဲ့ ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှု

ကျောင်းပိတ်ရက်မှာ ပျော်လည်းပျော်မယ်၊ ပိုလည်းတော်မယ့် လှုပ်ရှားမှုများ

ကျောင်းပိတ်ရက်မှာ ပျော်လည်းပျော်မယ်၊ ပိုလည်းတော်မယ့် လှုပ်ရှားမှုများ နွေရာသီကျောင်းပိတ်ရက်မှာ ကလေးတွေအပျော်ဆုံးအချိန်ပါ။ ကျောင်းတက်စရာ၊စာကျက်စရာမလို၊ တီဗီကြည့်မယ်၊ ဂိမ်းဆော့မယ်၊ အပြင်ထွက်ကစားမယ်ဆိုပြီးတော့ပေါ့။ အားလပ်တဲ့အချိန်လေး ကလေးတွေပျော်တာလည်းကောင်းပေမယ့် အပျော်အပါးနဲ့အကြာကြီးလွှတ်မထားသင့်ပါဘူး။ သုံးလပိတ်ပြီးရင်ကျောင်းပြန်တက်ရမှာပဲဆိုတော့ ကလေးတွေစိတ်လေသွားလို့မဖြစ်ဘူးလေ။ တီဗီကြည့်၊ ဂိမ်းတွေချည်းဆော့လို့ မျက်စိထိခိုက်လာတာ၊ အပြင်တွေချည်းထွက်ကစားလို့ စိတ်ပူနေရတာတွေမဖြစ်ရအောင် စည်းနဲ့ကမ်းနဲ့တော့ ရှိသင့်ပါတယ်။ ဘယ်အချိန်က ဘယ်အချိန်အတွင်း လွတ်လွတ်လပ်လပ်ကစားကြ ဆိုပြီး အချိန်တစ်ခုကန့်သတ်ပေးတာကောင်းပါတယ်။ကျောင်းပိတ်တုန်းလေး အားလပ်ရက်မှာ ကလေးတွေကို ပုံစံချ တင်းကျပ်ဖို့တော့ မလုပ်ပါနဲ့။ပေါ့ပေါ့ပါးပါးနေရင်း အကျိုးရှိစေမယ့်ပျော်ရွှင်စရာလှုပ်ရှားမှုတွေဖန်တီးပေးတာက ကလေးတွေအတွက်ပျော်လည်းပျော်၊ ဖွံ့ဖြိုးမှုအတွက်လည်း အထောက်အကူဖြစ်စေပါလိမ့်မယ်။ ဒါဆို နွေရာသီကျောင်းပိတ်ရက်မှာ ကလေးတွေအတွက် ဘာတွေစီစဉ်ပေးရကောင်းမလဲ.... မိသားစုလိုက် ခရီးထွက်မယ် အမှတ်တရအဖြစ်ရော အပန်းဖြေခရီးအနေနဲ့ပါ မိသားစုလိုက် ခရီးတစ်ခုခုထွက်သင့်ပါတယ်။ ဘုရားဖူး သို့မဟုတ် ကမ်းခြေ ခရီးသွားတာမျိုးမှာပျော်ရွှင်စရာအမှတ်တရတွေဖန်တီးပါ။ ခရီးမှာတွေ့ရတဲ့အသစ်အဆန်းတွေကို စူးစမ်းလေ့လာတဲ့ကလေးအတွက် သမိုင်းကြောင်းတွေ၊ ဗဟုသုတဖြစ်စရာလေးတွေပြောပြပေးပါ။ ဂီတတူရိယာတစ်ခုခု တီးခတ်ဖို့ သင်ပေးပါ အားလပ်ရက်မှာ ကလေးကို စန္ဒရား၊ တယော သို့မဟုတ် […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း