ကလေးတို့အတွက်ကာကွယ်ဆေးများ

ဘေဘီလေးတွေကို ရောဂါဆိုးတွေ အန္တရာယ်ကနေ ကာကွယ်ပေးနိုင်မယ့် နည်းလမ်းကောင်း တစ်ရပ်က ကာကွယ်ဆေး ထိုးနှံတာပါ။ ဘေဘီလေးကို ကာကွယ်ဆေးတွေက ဘယ်လိုမျိုး ကာကွယ်မှုတွေ လုပ်ပေးသလဲဆိုတာနဲ့ အသက်အရွယ်အလိုက် ဘယ်လို ကာကွယ်ဆေးတွေ ထိုးပေးရမလဲဆိုတာကို ဒီကဏ္ဍလေးမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးတို့အတွက်ကာကွယ်ဆေးများ

ကာကွယ်ဆေး မစုံသေးတဲ့ ဘေဘီလေးကို ဘယ်လို ဂရုစိုက်မလဲ။

ဘေဘီလေးကို ရောဂါပိုးတွေ အန္တရာယ်ကနေ အကောင်းဆုံး ကာကွယ်ပေးနိုင်တဲ့အရာက ကာကွယ်ဆေးတွေပါ။ ဒါကြောင့်လည်း ဘေဘီလေးကို မွေးဖွားလာချိန်ကစပြီး အသက်အရွယ်အလိုက် ကာကွယ်ဆေးတွေကို သေချာလေး ထိုးနှံပေးနေရတာပါ။ ဒီလို ကာကွယ်ဆေး ထိုးတဲ့အခါ တစ်ကြိမ်တည်းနဲ့ လုံလောက်တဲ့ ကာကွယ်မှုကို ပေးစွမ်းနိုင်တာမျိုး ရှိသလို ၂ ကြိမ် ၃ ကြိမ်ထိုးပြီးမှ လုံလောက်တဲ့ ကာကွယ်မှုကို ပေးနိုင်တဲ့ ကာကွယ်ဆေးတွေလည်း ရှိပါတယ်။ ဒီတစ်ခေါက်တော့ ကာကွယ်ဆေးကို ဆေးပတ်လည်အောင် မထိုးရသေးတဲ့ ဘေဘီလေးတွေကို ကြောက်စရာ ရောဂါဆိုးကြီးတွေကနေ အကောင်းဆုံး ကာကွယ်နိုင်စေဖို့အတွက် ကာကွယ်ဆေး မစုံသေးတဲ့ ဘေဘီလေးကို ဘယ်လို ဂရုစိုက်မလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ ဘေဘီလေးကို ကာကွယ်ဆေး ထိုးပေးသင့်တဲ့ အကြောင်းအရင်း ကာကွယ်ဆေးတွေ အကြိမ်ရေ ပြည့်အောင်နဲ့ ကာကွယ်ဆေး စုံအောင် ထိုးနှံပေးခြင်းက ဘေဘီလေးကို ကြောက်စရာကောင်းတဲ့ […]

ကလေးတို့အတွက်ကာကွယ်ဆေးများ ကို ရှာဖွေမည်။

ကလေးတို့အတွက်ကာကွယ်ဆေးများ

HPV က သင့်ရဲ့ကလေးတွေကိုဘယ်လို ထိခိုက်စေနိုင်သလဲ၊ ဘယ်လိုကာကွယ်နိုင်မလဲ

Human Papillomavirus (HPV)ဆိုတာ Human Papillomavirus (HPV)ဆိုတာက လိင်ဆက်ဆံမှုကနေတဆင့် အများဆုံးကူးစက်တဲ့ ရောဂါတစ်မျိုးပါ။ HPVဗိုင်းရပ်စ်ကူးစက်ခံရတာကြောင့် လိင်အင်္ဂါတဝိုက်မှ ကြွက်နို့တွေ ဖြစ်လာနိုင်ပါတယ်။ သားအိမ်ခေါင်းကင်ဆာ၊ လိင်တံကင်ဆာ၊ လည်ချောင်းကင်ဆာနဲ့ လျှာကင်ဆာလိုမျိုး ရောဂါတွေဖြစ်နိုင်ပါတယ်။ HPVဗိုင်းရပ်စ်ကူးစက်ခံရတဲ့အခါ ကင်ဆာမဖြစ်ရင်တောင်မှ လူမှု့ဘဝနေထိုင်မှုကို ထိခိုက်စေနိုင်တဲ့ လိင်အင်္ဂါတဝိုက် ကြွက်နို့တွေဖြစ်တာကို ဖြစ်စေနိုင်ပါတယ်။ HPVဗိုင်းရပ်စ်က လိင်ဆက်ဆံမှုကနေတဆင့် ကူးစက်နိုင်ပြီး တော်တော်များများက ဒီဝေဒနာကို အရွယ်ရောက်ပြီးသူတွေလောက်ပဲ စိုးရိမ်ဖို့လိုအပ်တယ်လို့ ယူဆနေကြပါတယ်။ ဒီအယူအဆက အပြည့်အဝမမှန်ပါဘူး။ ဘာကြောင့် ဒီလိုပြောရလဲဆိုတာ သင်အနေနဲ့ ကလေးကို ငယ်ငယ်ကတည်းကHPV အန္တရာယ်ကနေ ကာကွယ်ဖို့အတွက် ဘာကြောင့် ကြိုတင်ပြင်ဆင်ထားသင့်တာလဲဆိုတဲ့ အကြောင်းအရင်းတွေကို အောက်မှာ သေသေချာချာရှင်းပြပေးထားပါတယ်။ HPVဗိုင်းရပ်စ်နဲ့ကင်ဆာရောဂါများ- Human Papillomavirus (HPV)ဆိုတာ ကမ္ဘာတလွှားမှာ အရမ်းအဖြစ်များနေတဲ့ ဗိုင်းရပ်စ်တစ်မျိုးပါ။ HPVဗိုင်းရပ်စ်က အမျိုးအစား၁၀၀ကျော်ရှိနေပြီး ဒီဗိုင်းရပ်စ်တွေထဲက […]


ကလေးတို့အတွက်ကာကွယ်ဆေးများ

ကာကွယ်ဆေးများအကြောင်း အမေးနှင့်အဖြေများ

ကာကွယ်ဆေးများသည် ရောဂါများစွာကို ကာကွယ် ပေးနိုင်သည်။ အချို့မှာ အန္တရာယ် ဖြစ်စေနိုင်သည်။ သို့သော် လည်း လူအချို့သည် သူတို့ကလေးများအား ကာကွယ်ဆေး ထိုးပေးခြင်း၏ အရေးပါပုံကို မသိရှိပါ။ အမှန်မှာ ကာကွယ် ဆေးများသည် ကလေးများအား ကျန်းမာပြီး ရောဂါကင်းဝေး စေသော အကောင်းဆုံးနည်းလမ်းတစ်မျိုး ဖြစ်သည်။ အောက်ပါ အမေးအဖြေများတွင် ကာကွယ်ဆေးများ၏ အကျိုးရှိပုံတို့ကို အလင်းပြထားပါသည်။ NIP ဆိုတာဘာလဲ။ အမျိုးသားကာကွယ်ဆေးထိုးရေး စီမံချက် (NIP) ဆိုသည်မှာ မလေးရှား ကျန်းမာရေး ဝန်ကြီးဌာန မှ ပြုလုပ်သော ကာကွယ်ဆေးထိုးရန် အချိန်ဇယားဆွဲခြင်း၊ ကာကွယ်ဆေးများ၏ ကောင်းကျိုးကို ပညာပေးခြင်းတို့ လုပ်ဆောင်သော အစီအစဉ်တစ်ခု ဖြစ်သည်။ ထောက်ခံထားသော မဖြစ်မနေထိုးရသော ကာကွယ်ဆေး အမျိုးအစားတွေက ဘာတွေလဲ။ NIP သည် တီဘီရောဂါ၊ အသည်းရောင်အသားဝါ ဘီ၊ ဆုံဆို့နာ၊ […]


ကလေးတို့အတွက်ကာကွယ်ဆေးများ

ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးထိုးနှံခြင်းက ဘာတွေဖြစ်နိုင်သလဲ။

ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးထိုးနှံခြင်းက ဘာတွေဖြစ်နိုင်သလဲ လက်ရှိမှာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးထိုးမှုတွေလုပ်နေကြတာ အကုန်လုံးအသိဖြစ်မှာပါ။ ဒါပေမယ့် ကာကွယ်ဆေးထိုးမှုနဲ့ပတ်သက်လို့ ဘေးထွက်ဆိုးကျိုးတွေရှိနေတယ်၊ ပြဿနာတွေရှိနေတယ်ဆိုပြီး ပြောဆိုမှုတွေ ရေးသားမှုတွေကိုလည်း မြင်တွေ့ရမှာပါ။ ဒီအတွက် မိဘတွေရင်ထဲမှာ သို့လောသို့လော သံသယတွေနဲ့ စိုးရိမ်ပူပန်မှုတွေဖြစ်လာရပါတယ်။ ဒီလိုစိုးရိမ်ပူပန်မှုတွေကို ဖြေရှင်းပေးနိုင်ဖို့အတွက် ဂျပန်ဦးနှောက်ရောင်ရောဂါအကြောင်းနဲ့ ကာကွယ်ဆေးအကြောင်းကို ပြီးပြည့်စုံအောင် Helloဆရာဝန်က တင်ဆက်ပေးလိုက်ပါတယ်။ ပထမဆုံးသိသင့်တာက ဂျပန်ဦးနှောက်ရောင်ရောဂါဆိုတာဘာလဲဆိုတဲ့မေးခွန်းပါ။ ဂျပန်ဦးနှောက်ရောင်ရောဂါဆိုတာ ကြောက်စရာကောင်းတဲ့ ပြင်းထန်ရောဂါတစ်မျိုးဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေး ရောဂါလိုပဲ ခြင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်ပြီး ဦးနှောက်ရောင်ရမ်းမှုကို ဖြစ်စေနိုင်ပါတယ်။ ဂျပန်ဦးနှောက်ရောင်ရောဂါအတွက် ကုသဆေးမရှိဘဲ သေဆုံးမှုနှုန်း ၃၀ ရာခိုင်နှုန်းနဲ့ မသန်မစွမ်းဖြစ်နိုင်မှုနှုန်း ၅၀ ရာခိုင်နှုန်းရှိပါတယ်။ ၁၈၇၁ ခုနှစ်က ဂျပန်နိုင်ငံမှာ စတင်တွေ့ရှိခဲ့တာကြောင့် ဂျပန်ဦးနှောက်ရောင်လို့ ခေါ်ခဲ့ကြပါတယ်။   ကူးစက်မှုအခြေအနေ WHO ရဲ့ ထုတ်ပြန်ချက်အရ အခုဆိုရင် အရှေ့တောင်အာရှ နှင့် အနောက်ပစိဖိတ်အတွင်းရှိ နိုင်ငံ ၂၄ […]


ကလေးတို့အတွက်ကာကွယ်ဆေးများ

ကလေးတွေကို ဆေးထိုးရင် သိပ်မနာစေဖို့

သင့်ကလေး အသက်တစ်နှစ်လောက်ရှိတဲ့ အချိန်မှာပဲ ကာကွယ်ဆေး အနည်းဆုံး ၁၆မျိုးလောက် ထိုးရမှာပါ။ ဆေးတခါတခါထိုးရင် အကြာကြီးမနာဖူးဆိုပေမယ့် ကိုယ့်ကလေးကြောက်လို့ ငိုနေတာကိုတော့ ဘယ်သူမှ အေးအေးဆေးဆေး ကြည့်မနေချင်ပါဘူး။ ဒီတစ်ခေါက်တော့ ကလေးတွေကို ဆေးထိုးရင် သိပ်မနာစေဖို့ ထောက်ကူပေးနိုင်မယ့် နည်းလမ်းကောင်းလေးတွေ ပြောပြပေးချင်ပါတယ်။ ကလေးတွေကို ဆေးထိုးရင် သိပ်မနာစေဖို့ သင့်ကလေးကို ဆေးထိုးတဲ့အခါ အတတ်နိုင်ဆုံး သက်သောင့်သက်သာ ရှိစေဖို့အတွက် အသုံးပြုသင့်တဲ့ နည်းစနစ်လေးတွေကို အောက်မှာဖော်ပြထားပါတယ်။ အာရုံလွှဲပါ။ ပါးစပ်က အသံပေါင်းစုံ လုပ်ပြတာ၊ ကလေးကို ချီပြီး ဟိုသည်လွှဲတာ၊ အနှီးနဲ့ ထုပ်ထားတာ ဒါမှမဟုတ် နို့စို့ခိုင်းတာတွေဟာ ဂျီတိုက်နေတဲ့ ကလေးကို အာရုံပြောင်းနိုင်ပါတယ်။ အင်မတန် အသုံးကျပြီး ကာကွယ်ဆေး ထိုးရာမှာလည်း အာရုံလွှဲဖို့အတွက် ဒီနည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။ ကလေးကို ကိုယ်နဲ့ မျက်နှာချင်း ဆိုင်ထားပြီး ချီထားပါ။ ကလေးဆရာဝန် ဒါမှမဟုတ် […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း