ကလေးအရေပြားပြဿနာများ

အရေပြားပြဿနာတွေက လူကြီးတွေမှာတင် မဟုတ်ဘဲ ကလေးတွေမှာလည်း ခံစားရနိုင်ပါတယ်။ သားသားမီးမီးတို့ ခံစားရနိုင်တဲ့ အရေပြားပြဿနာတွေနဲ့ ဖြေရှင်းနည်းတွေကို ဒီကဏ္ဍလေးမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

ကလေးအရေပြားပြဿနာများ

ကိုယ့်ကလေး အမြဲအသားခြောက်လို့ စိတ်ညစ်နေရပြီလား

မိဘရယ်လို့ ဖြစ်လာပြီဆိုရင် ကိုယ့်ကလေးအတွက် အစစအရာရာ စိတ်ပူတတ်ကြတာ သဘာဝပါပဲ။ သေးသေးမွှားမွှားလေးဆိုရင်တောင် ကိုယ့်ကလေးများ တစ်ခုခု ဖြစ်သွားမလားဆိုပြီး စိုးရိမ်မကင်း ဖြစ်ရတာ ကလေး မမွေးခင်ကနေ ကြီးသွားတဲ့အထိတိုင်အောင်ပါပဲ။ ခုလို ပူပြင်းခြောက်သွေ့တဲ့ နွေရာသီမှာဆိုရင် ကလေးတွေ မကြာခဏ အဖြစ်များတာကတော့ အသားအရေခြောက်သွေ့တာပါပဲ။ ကျန်းမာရေးအရ ပြဿနာ ကြီးကြီးမားမား မရှိဘူးဆိုပေမယ့် သားသမီးအရေးဆို သေးသေးလေးကအစ စိုးရိမ်စရာဖြစ်နေတဲ့ မိဘတွေအတွက်တော့ ရင်အေးစရာ ကိစ္စတော့ မဟုတ်ဘူးပေါ့။ ဒီဆောင်းပါးလေးမှာတော့ ကလေးတွေမှာ အဖြစ်များတဲ့ အသားအရေခြောက်တာကို ဘယ်လို ဖြေရှင်းပေးနိုင်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး အဆင်ပြေလွေယ်ကူတဲ့ နည်းလမ်း ၅ချက်ကို ပြောပြပေးမှာ ဖြစ်ပါတယ်။ မိဘတွေအနေနဲ့ ဒီနည်းလမ်းတွေကို သေချာလိုက်နာပေးမယ်ဆိုရင် ကိုယ့်ရဲ့ ကလေး ကျန်းကျန်းမာမာနဲ့ နွေရာသီရဲ့ အပူဒဏ်ကို အကောင်းဆုံး ကျော်ဖြတ်သွားနိုင်မှာပါ။ ၁။ ရေဓာတ် […]

ကလေးအရေပြားပြဿနာများ ကို ရှာဖွေမည်။

ကလေးအရေပြားပြဿနာများ

ကလေးအသားအရေထိန်းသိမ်းနည်းများ

ကလေးငယ်တွေရဲ့ အရေပြားဟာ နုနယ်တာမို့ အရေပြားယားယံခြင်း၊ ခြောက်သွေ့ခြင်း၊ ပွန်းရှခြင်းနဲ့ အနီကွက်ထခြင်းတွေ မဖြစ်ရအောင် သေချာစွာ ဂရုစိုက်သင့်ပါတယ်။ အောက်ဖေါ်ပြအချက်တွေဟာ သင့်ကလေးရဲ့ အရေပြား ချောမွေ့၊ ပျော့ပျောင်းပြီး နုနယ်စေဖို့ လိုက်နာသင့်တဲ့အချက်တွေပဲ ဖြစ်ပါတယ်။ ရေချိုးတဲ့ အချိန်ကို ပြန်စဉ်းစားပါ။ ရေချိုးချိန်မှာ အောက်ပါအချက်တွေကို သတိရသင့်ပါတယ်။ ကလေးငယ်ကို ဆပ်ပြာအမြှုပ်ထွက်အောင် တိုက်စရာ မလိုအပ်ပါဘူး။ ရေမြှုပ်ကို အသုံးပြုပြီး သေးခံ နေရာ၊ ပါးစပ်၊ ချိုင်းကြား၊ ပေါင်နဲ့ မေးစေ့နေရာတွေကို တိုက်ပေးခြင်းဟာ လုံလောက်ပါတယ်။ ဆပ်ပြာ၊ အနံ့၊ ဆိုးဆေးတွေ မပါတဲ့ ပျော့တဲ့ သန့်စင်ရည်ကို ရွေးချယ်သင့်ပါတယ်။ ဒီအမျိုးအစားဟာ သင့်ကလေးငယ်ရဲ့ အရေပြားကို ခြောက်သေ့ွခြင်း၊ မျက်စိစပ်ခြင်း တွေကို မဖြစ်စေနိုင်ပါဘူး။ ဆပ်ပြာခဲ၊ ဆပ်ပြာမြှုပ်ထွက်အောင် ရေချိုးခြင်းတွေကို ရှေြာင်ကဉ်သင့်ပါတယ်။ သင့်ကလေးငယ်ရဲ့ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း