အခြားကလေးကျန်းမာရေးပြဿနာများ

သားသားမီးမီးတွေမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာလေးတွေနဲ့ ကာကွယ်နည်း၊ ဂရုစိုက်နည်းလေးတွေကို ဒီကဏ္ဍလေးမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးလေးတွေမှာ ဖြစ်တတ်တဲ့ အသည်းရောင် အသားဝါ လက္ခဏာများ

အသည်းရောင် အသားဝါက အသံတိတ်ရောဂါ တစ်မျိုးပါ။ အသည်းကို ထိခိုက်စေနိုင်တယ်ဆိုပေမယ့် ရောဂါလက္ခဏာ ပြင်းပြင်းထန်ထန် မပြမချင်း သတိမထားမိတာမျိုး ရှိနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ကလေးလေးတွေမှာ အသည်းရောင်ရောဂါ ဖြစ်နေရင် သိထားနိုင်စေဖို့အတွက် ကလေးလေးတွေမှာ ဖြစ်တတ်တဲ့ အသည်းရောင် အသားဝါ လက္ခဏာများ အကြောင်း ပြောပြပေးချင်ပါတယ်။ အသည်းရောင် အသားဝါရောဂါက ကလေးတွေမှာ အရင်က သိပ်အဖြစ်မများပေမယ့် အခုနောက်ပိုင်းမှာတော့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ဖြစ်ပွားမှုတွေ မြင့်တက်နေပါတယ်။ အထူးသဖြင့် အသက် ၁ နှစ်ကနေ ၁၆ နှစ်ကြားအရွယ် ကလေးတွေမှာ အဖြစ်များပါတယ်။ အသည်းရောင် အသားဝါရောဂါ ဆိုတာ အသည်းရောင် အသားဝါရောဂါဆိုတာ အကြမ်းဖျင်းအနေနဲ့ အသည်းရောင်ရမ်းတာကို ဆိုလိုတာပါ။ ဗိုင်းရပ်စ်တွေ၊ ဓာတုဗေဒပစ္စည်းတွေ၊ ဆေးဝါးတွေ၊ အရက်၊ မိုးဗီဇဆိုင်ရာ ကျန်းမာရေးပြဿနာတွေ၊ ကိုယ်ခံအားက အသည်းဆဲလ်တွေကို မှားယွင်းတိုက်ခိုက်မိတာတွေကြောင့် အသည်းရောင်နိုင်ပါတယ်။ အသည်းရောင်တာက […]

အခြားကလေးကျန်းမာရေးပြဿနာများ ကို ရှာဖွေမည်။

အခြားကလေးကျန်းမာရေးပြဿနာများ

အသက်လေးနှစ်မတိုင်ခင် မေ့ဆေး၊ထုံဆေး အသုံးပြုခြင်းက ကျောင်းပညာရေးအဆင့်ကိုကျဆင်းစေသည်။

Swedish study အသစ်တစ်ခုက ခွဲစိတ်ဖို့အတွက် မေ့ဆေး (သို့) ထုံဆေးကို အသက် ၄ နှစ်အောက် ကလေးငယ်တွေမှာ အသုံးပြုခြင်းဟာ ကလေးငယ်တွေရဲ့ ကျောင်းအဆင့် ကို နည်းစေပြီး ဆယ်ကျော်သက်အရွယ်ရဲ့ နောက်ပိုင်း နှစ်တွေမှာ IQ scores ကို နိမ့်စေတယ်လို့ဆိုပါတယ်။   မေ့ဆေး၊ ထုံဆေး အသုံးပြုခြင်းဟာ မှတ်ဉာဏ်ကို ထိခိုက်နိုင်ပါတယ်။ ကျွမ်းကျင်သူတွေက Swedin မှာ ၁၉၇၃ ကနေ ၁၉၉၃ အတွင်း မွေးခဲ့တဲ့ ကလေးငယ် ၂ သန်းရဲ့ အချက်အလက်တွေကို စစ်ဆေးကြည့်ခဲ့ကြပါတယ်။ သုတေသီတွေက ခွဲစိတ်မှု တစ်ခု ပြုလုပ်ဖူးပြီး အသက် ၄ နှစ်အရွယ်အထိ မေ့ဆေး၊ ထုံဆေး အသုံးပြုဖူးကာ နောက်ထပ်အသက် ၁၆ နှစ်အရွယ်အထိ ဆေးရုံတက်ခြင်း (သို့) ခွဲစိတ်ခြင်း ထပ်မံမပြုလုပ်ခဲ့တဲ့ […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေး နှင့် ပိုးသတ်ဆေးပေးခြင်း ။ အမေးများသော မေးခွန်း ၁၀ ချက်

ပိုးသတ်ဆေးတွေဟာ ဘက်တီးရီးယားပိုး (ဗိုင်းရပ်စ်မဟုတ်) ရောဂါပိုးဝင်ခြင်းတွေကို ကာကွယ်ဖို့နဲ့ ကုသဖို့ အသုံးပြုကြတဲ့ ဆေးတွေဖြစ်ပါတယ်။ အောက်ဖေါ်ပြပါ အချက်တွေကတော့ ကလေးတွေအတွက် အသုံးပြုတဲ့ ပိုးသတ်ဆေးတွေနဲ့ ပတ်သက်ပြီး အမေးအများဆုံး မေးခွန်း ၁၀ ခု ဖြစ်ပါတယ်။ ပိုးသတ်ဆေးဟာ ဆိုးဝါးတဲ့ အအေးမိခြင်းတွေကို ကုသနိုင်ပါသလား။ အအေးမိခြင်းဟာ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တာဖြစ်ပြီး ဘက်တီးရီးယား ပိုးကြောင့် မဟုတ်ပါဘူး။ ဒါကြောင့် ပိုးသတ်ဆေးတွေဟာ အသုံးမဝင်ပါဘူး။ ယေဘုယျအားဖြင့် အအေးမိခြင်းရဲ့ လက္ခဏာတွေဟာ ဆေးမသောက်ပဲနဲ့ ရက်အနည်းငယ်ကြာရင် ပျောက်သွားတတ်ပါတယ်။ အအေးမိခြင်းဟာ နောက်ပိုင်းမှာ ဘက်တီးရီးယားပိုးဝင်ခြင်းကို ပြောင်းလဲနိုင်တာကြောင့် ပိုးသတ်ဆေးကို အစောပိုင်းမှာ ဘာလို့အသုံးမပြုတာလဲ။ အခြေအနေအများစုမှာ ဗိုင်းရပ်စ်ပိုးဝင်ခြင်းဟာ ဘက်တီးရီးယားရောဂါပိုးဝင်ခြင်းကို ပြောင်းလဲခြင်း မရှိပါဘူး။ တကယ်လို့ သင်ဟာ သင့်ကလေးရဲ့ ဆိုးရွားတဲ့ အအေးမိခြင်းအတွက် ပိုးသတ်ဆေးကို အသုံးပြုတယ်ဆိုရင် သူတို့ဟာ နောက်ပိုင်းမှာ […]


အခြားကလေးကျန်းမာရေးပြဿနာများ

လက်ဘက်ရည်နဲ့ လာဗန်ဒါအဆီက ကလေးတွေအတွက်စိတ်ချရလား

သင့်အိမ်မှာရှိတဲ့ ကျန်းမာရေးဆိုင်ရာ ဆေးတွေ၊ပစ္စည်းတွေ အတော်များများမှာ လက်ဖက်အဆီနှစ်(Tea tree) နဲ့ လာဗင်ဒါဆီ(lavender)တို့ကို တွေ့နိုင်ပါတယ်။ ဒါပေမယ့်သင့်မှာ ရင်သွေးလေးရှိမယ်ဆိုရင် ဒီ "သဘာဝ"ပစ္စည်းတွေဟာ သူတို့လေးတွေအတွက် သင့်တော်ပါ့မလားလို့ သင်တွေးကောင်းတွေးပါလိမ့်မယ်။ ဒီလို အတွေးတွေဖြစ်နေပြီဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါဦး။ လက်ဖက်အဆီနှစ်(Tea tree)၊ လာဗင်ဒါဆီ(lavender) နဲ့ သင့်ရင်သွေး လက်ဖက်အဆီနှစ်ကို များသောအားဖြင့် (လက်သည်း၊မိန်းမကိုယ်၊ခြေထောက်စတဲ့ နေရာတွေမှာ) fungus မှိုစွဲတာ၊ဝက်ခြံပေါက်တာ၊အရေပြား ဓါတ်မတည့်တာတွေနဲ့ သွားနဲ့ခံတွင်း ပြဿနာတွေမှာ သုံးလေ့ရှိကြသလို လာဗင်ဒါအဆီဟာလည်း ဆံပင်ကျွတ်တာ၊စိုးရိမ်ပူပန်မှုများတာ၊စိတ်ဖိစီးမှုများတာ စတဲ့ အခြေအနေတွေကို ကုသရာမှာ အသုံးဝင်ပါတယ်။ ဒါတင်မကသေးပါဖူး။ လာဗင်ဒါဆီကို တရုတ်ရိုးရာ အပ်စိုက်ကုသတာ၊ခန္ဓါကိုယ်နှိပ်နယ်တာနဲ့ ကျောရိုးဆစ်လွဲတာကို ကုသတဲ့ နေရာတွေမှာလည်း သုံးနိုင်ပါသေးတယ်။ လာဗင်ဒါအဆီနဲ့ ရေချိုးမယ်ဆိုရင် အဆစ်အမြစ်နာတာ နဲ့ ကြွက်သားနာတာတွေကို ပျောက်ကင်းသက်သာစေပါတယ်။ ဒါ့အပြင် အရေပြားကူးစက်ပိုးဝင်တာ၊အနာဖြစ်တာ၊နှင်းခူပေါက်တာ […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးများတွင်အဖြစ်များသော စိတ်ပိုင်းဆိုင်ရာပြဿနာများ၏ သတိပေးလက္ခဏာများ

အချိန်ကြာရှည်စွာစိတ်အတက်အကျမြန်ခြင်း မည်သူအဆို စိတ်အပြောင်းအလဲအတက်အကျ ရှိနိုင်ပါသည်။ အရွယ်ရောက်ပြီးအမျိုးသမီးများတောင်မှ ဓမ္မတာလာချိန်များတွင် စိတ်အပြောင်းအလဲ အတက်အကျမြန်တတ်ပါသည်။ သို့သော်လည်း ကလေးများတွင် စိတ်အပြောင်းအလဲအတက်အကျမြန်ခြင်းသည် နှစ်ပတ်ထက်ပိုကြာ၍ဖြစ်ပွားနေပါက ၎င်းလက္ခဏာများသည် အန္တရာယ်ရှိသော စိတ်ပိုင်းဆိုင်ရာပုံမမှန်မှုကိုညွှန်ပြနေပါသည်။ အမေရိကန် နိုင်ငံရှိ ကလေးနှင့်အရွယ်ရောက်ပြီးသူများဆိုင်ရာ စိတ်ပညာအဖွဲ့အစည်း(AACP) ၏သတင်းပေးပို့ချက်များအရ ကလေးငယ် သုံးဒဿမလေးသန်း၏ သုံးဆယ့်သုံးရာခိုင်နှုန်းခန့်နှင့် စိတ်ကျရောဂါခံစားနေရသော ဆယ်ကျော်သက်များသည် စိတ်အတက်အကျမြန်ရောဂါ၏ ပထမပိုင်းအဆင့်များကို ခံစားရနိုင်ခြေရှိကြောင်းသိရသည်။   အမူအကျင့်များ ပြင်းထန်စွာပြောင်းလဲခြင်း အလွန်အမင်းဖျတ်လတ်တက်ကြွခြင်း(သို့) မိဘများကိုဆန့်ကျင်လိုစိတ်အလွန်အမင်းပြင်းပြခြင်းတို့သည် ထိုကလေးများတွင် အာရုံစူးစိုက်နိုင်စွမ်းနည်းပါးသော အတက်ကြွလွန်ရောဂါ (ADHD) (သို့) ဆန့်ကျင်လိုစိတ် လွန်ကဲသော ရောဂါ(OOD) ခံစားနေရကြောင်း ညွှန်ပြသောလက္ခဏာများဖြစ်နိုင်သည်။ အခြားလူများ (သို့)တိရစ္ဆာန်များအား ထိခိုက်စေလိုမှုအလွန်အမင်းစိတ်အားထက်သန်မှုသည် မိဘများအနေနှင့်မိမိကလေးကို စိတ်ရောဂါဆရာဝန်နှင့်သွားရောက်ပြသရန် အချက်ပေးသင်္ကေတပင်ဖြစ်သည်။   ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများသည် အလွန်လွယ်ကူစွာသတိထားမိနိုင်သော လက္ခဏာများဖြစ်သည်။ ရုတ်တရက်ကိုယ်အလေးချိန်ကျသွားခြင်း(သို့) ကိုယ်အလေးချိန်တိုးလာခြင်းသည် အရွယ်ရောက်ခြင်း ကြောင့်မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာပုံမမှန်မှုကြောင့်ဖြစ်နိုင်သည်။ ကိုယ်အလေးချိန်ကျဆင်းခြင်းသည် ကလေးငယ်မှ အလွန်အမင်းစိတ်ဓါတ်ကျခြင်း(သို့) စိုးရိမ်ပူပန်ခြင်းကြောင့် အစာမစားနိုင် […]


အခြားကလေးကျန်းမာရေးပြဿနာများ

သင့်ကလေးကိုအရိုးပျော့ရောဂါ(Rickets)မဖြစ်အောင်ဘယ်လိုကာကွယ်ရမလဲ

သင့်ကလေးကိုအရိုးပျော့ရောဂါ(Rickets)မဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ။ အရိုးပျော့ရောဂါဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကစပြီး အာရုံစိုက်စရာ ရောဂါတစ်ခု ဖြစ်လာပါတယ်။ ဒီရောဂါက အာဟာရချို့တဲ့တဲ့ နိုင်ငံတွေမှာသာဖြစ်လာတာမဟုတ်ဘဲ ဖွံဖြိုးတိုးတက်တဲ့နိုင်ငံတွေမှာပါ ဖြစ်လာတာတွေ့ရပါတယ်။ အရိုးပျော့ရောဂါဆိုတာ ကိုယ်မှာရှိတဲ့ အရိုးတွေကို ပျော့လာပြီး အားနည်းလာစေတဲ့ ရောဂါဖြစ်ပါတယ်။ အသက် ၆လ နဲ့ ၃၆ လ ကြားက ကလေးတွေမှာ အများဆုံးဖြစ်လေ့ရှိပါတယ်။ ဒီရောဂါဟာ vitamin D အလွန်အမင်း မလုံလောက်မှုကြောင့် အရိုးအတွက် Calcium နဲ့ Phosphorus စုပ်ယူမှုအားနည်းသွားတဲ့အခါ ဖြစ်တဲ့ရောဂါဖြစ်ပါတယ်။ ဒီ Calcium နဲ့ Phosphorus တွေဟာ အရိုးတွေရဲ့ကြံ့ခိုင်မှုအတွက် အဓိကလိုအပ်တဲ့ ဓါတ်တွေဖြစ်ပါတယ်။ ဒီအရေးကြီးတဲ့ vitamin တွေမပြည့်စုံဘဲနဲ့ သင့်ကလေးရဲ့အရိုးတွေကကြံ့ခိုင်ပြီးဖွံ့ဖြိုးတိုးတက်လာမှာ မဟုတ်တဲ့အပြင် အားနည်းပြီးပျော့ပျောင်းသွားနိုင်ပါတယ်။ ကလေးတွေကိုဘာကအရိုးပျော့ရောဂါဖြစ်စေတာလဲ။ ကလးတွေမှာ အရိုးပျော့ရောဂါဖြစ်ရတဲ့ အဓိကအကြောင်းအရင်းက ဗီတာမင် ဒီ(Vitamin D) […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးနှာခေါင်းထဲ ဝင်သွားသော ပဲစေ့လေးကို ဘယ်လိုပြန်ထုတ်ကြမလဲ။

ကလေးတွေကို ကြည့်ရှုစောင့်ရှောက်ရတာ တော်တော်လွယ်တဲ့ အလုပ်မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကလေးတွေကဘာဆိုဘာမှမသိဘဲ သူတို့ကိုယ်သူတို့ ထိခိုက်ဒဏ်ရာရအောင် မကြာခဏလုပ်နေတတ်ကြလို့ပါ။ ဒါ့အပြင် ကလေးတွေက ခုံပေါ်က ပြုတ်ကျတတ်ကြပါသေးတယ်၊ အကောင်တွေအကိုက်ခံရပါသေးတယ်၊ မြေပဲတွေအစေ့လေးတွေလို အရာမျိုးစုံကို နှာခေါင်းထဲထည့်တတ်ကြပါသေးတယ်။ အဲဒီအစေ့လေးတွေ ဝင်သွားပြီဆိုရင်တော့ အကျိုးဆက်တွေအများကြီး ဖြစ်နိုင်ပါတယ်။ အဲဒီအကျိုးဆက်တွေက သူ့ဘာသာအဆင်ပြေသွားတာရှိနိုင်သလို စိုးရိမ်ရတဲ့ အခြေအနေထိလည်း ဖြစ်သွားနိုင်ပါတယ်။ ထိုကဲ့သို့သော အချိန်မျိုးမှာ ကလေးရဲ့နှာခေါင်းထဲက အရာကို ဘယ်လိုထုတ်ရမလဲ ဆိုတာ သိဖို့အရေးကြီးသွားပါပြီ။ အထူးသဖြင့် မိဘတွေအတွက် အရမ်းအရေးကြီးပါတယ်။ ပြင်ပ ပစ္စည်းတွေအများကြီးရှိပါတယ်။ အဲဒါတွေက ပဲလုံးလေးတွေ၊ မြေပဲစေ့လေးတွေနဲ့ သစ်သီးစေ့လေးတွေလို စားစရာမျိုးတွေ ဖြစ်နိုင်သလို၊ ရောင်စုံခဲတံအစလေးတွ၊ ခဲဖျက်လေးတွေနဲ့ ပုတီးစေ့လေးတွေလို ဆော့စရာတွေ ဖြစ်နိုင်ပါတယ်။ ထိုအရာတွေ ဝင်သွားတဲ့အချိန်မှာ အသက်ရှုခက်ခြင်း၊ ကျိန်းစပ်ခြင်း၊ ပိုးဝင်ခြင်းနှင့် သွေးထွက်တဲ့အထိတောင် ဖြစ်နိုင်ပါတယ်။ အခြေအနေပေါ်မူတည်ပြီး သင့်တော်တဲ့ […]


အခြားကလေးကျန်းမာရေးပြဿနာများ

သင်၏ကလေးကို သွေးပေါင်ချိန်မြင့်တက်မှုမှ ရှောင်ရှားနိုင်ရန် ကူညီပေးမည့် အချက်(၄)ချက်

သွေးပေါင်ချိန်မြင့်တက်မှုမှ ရှောင်ရှားသည့် အချက်(၄)ချက်ပုံမှန်သွေးပေါင်ချိန် (သို့မဟုတ်) သွေးဖိအားမှာ ၉၀/၆၀ မီလီမီတာ မာကျူရီနှင့် ၁၂၀/၈၀ မီလီမီတာ မာကျူရီကြားဖြစ်ပါသည်။ သွေးပေါင်ချိန် ၁၄၀/၉၀ မီလီမီတာ မာကျူရီနှင့် အထက်ဆိုပါက သွေးဖိအားမြင့်တက်နေပြီ ဟုဆိုနိုင်သည်။ သွေးဖိအားမြင့်တက်ခြင်းသည် အသက်အရွယ်ကြီးသူများနှင့် အသက်ကြီးပိုင်းတွင် ဖြစ်ပွားလေ့ရှိပါသည်။ သို့သော်လည်း ဆေးရုံနှင့် ကျန်းမာရေးဌာနမှ ဆေးပညာ စစ်တမ်းများအရ ကလေးငယ်များတွင် သွေးဖိအားများခြင်းကို ပို၍ပို၍ခံစားလာရကြောင်း သိရှိရသည်။ အောက်ပါတို့သည် သွေးပေါင်ချိန်မြင့်တတ်နေသော သင်၏ ကလေးငယ်ကို ကူညီပေးနိုင်သည့် နည်းလမ်း (၄)မျိုးဖြစ်သည်။ (၁) သင့်ကလေး၏သွေးဖိအားကိုမျက်ခြေမပြတ်စောင့်ကြည့်ပါ သင့်ကလေး၏ သွေးဖိအားကို မကြာခဏစစ်ဆေးပေးပါ။ ဆေးခန်းတွင် သွေးပေါင်ချိန်ရန် အမြဲတမ်း အဆင်မပြေနိုင်သဖြင့် သင့်အနေဖြင့် သွေးဖိအားတိုင်းကိရိယာတစ်ခု ဝယ်ထားသင့်သည်။ ယနေ့အခါတွင် သင့်တင့်သော ဈေးနှုန်းဖြင့် အသုံးပြုရ လွယ်ကူသော ကိန်းဂဏန်းပြ ဒစ်ဂျစ်တယ် […]


အခြားကလေးကျန်းမာရေးပြဿနာများ

သင့်ကလေး ပင့်ကူကိုက်ခံရလျှင်

အကောင်ကိုက်ခံရခြင်းသင့်ကလေး ပင့်ကူကိုက်ခံရလျှင် အများစုကတော့ အန္တရာယ်မရှိပေမယ့် တစ်ခါတစ်ရံမှာတော့ အဆိပ်ရှိတဲ့ ပင့်ကူတွေ ကိုက်တာမျိုး ခံရတတ်ပါတယ်။ လက္ခဏာများပင့်ကူကိုက်ခံရတဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ ဘာရယ်လို့ ပြောလို့မရတဲ့ ပင့်ကူတွေ ကိုက်ခံရရင် ဘယ်လိုလက္ခဏာမျိုးပေါ်မယ်ဆိုတာက တိတိကျကျ ပြောဖို့ခက်ပါတယ်။ ဖြစ်လာတဲ့လက္ခဏာတွေက သင့်အတွက် အဆင်မပြေဘူးဆိုရင်တော့ ဆရာဝန်ဆီ ချက်ချင်းဆက်သွယ်သင့်ပါတယ်။ ဘာလုပ်သင့်လဲသင့်အနေနဲ့ ဘာလုပ်သင့်သလဲ ပင့်ကူကိုက်ခံရရင် လုပ်ဆောင်သင့်တာကတော့ ကိုက်ခံရတဲ့နေရာကို ဆပ်ပြာ၊ ရေတို့နဲ့ သေချာဆေးကြောဖို့ပါပဲ။ ကုသမှုများဘယ်လိုကုသလို့ ရမလဲ ဒီအခြေအနေတွေ ရှိလာရင်တော့ သင့်ကလေးရဲ့ ဆရာဝန်ဆီ အမြန်ဆုံးဆက်သွယ်သင့်ပါတယ် • ကိုက်ခံရတဲ့နေရာက နာနေရင်၊ ပူနေရင် • ကြွက်သားများ တောင့်တင်းနေရင် • ကလေးက ဖျားနာသွားရင် • ပင့်ကူကို အသေဖြစ်ဖြစ် အရှင်ဖြစ်ဖြစ် ဖမ်းနိုင်အောင် လုပ်ပါ။ ပြီးရင် ပုလင်းတစ်ခုထဲထည့်ပြီး ဆရာဝန်ဆီ ယူသွားပါ။ တိတိကျကျ မသိရသေးဘဲ အလွန်အကျွံ ရိုက်တာမျိုး မလုပ်ပါနဲ့။ ဒီလိုလက္ခဏာတွေဖြစ်လာရင်လည်း ဆရာဝန်ဆီ ဆက်သွယ်ပါ။ • […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးငယ်များတွင် တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူရှိုက်မိခြင်း၏ ဆိုးကျိုးများ

ဆေးလိပ်သောက်သုံးတာက ဆေးလိပ်သောက်သုံးသူတွေအတွက်ရော အနီးပတ်ဝန်းကျင်ကသူတွေကိုပါ အန္တရာယ်ဖြစ်စေနိုင်တယ်ဆိုတဲ့ ဆိုးရွားတဲ့အကြောင်းအရာကိုသိထားပြီးသားဖြစ်မှာပါ။ တဆင့်ခံဆေးလိပ်ငွေ့ကို ရှုရှိုက်မိတဲ့နေရာမှာ အရွယ်ရောက်ပြီးသူနဲ့ကလေးငယ်လေးတွေကိုထိခိုက်တဲ့အတိုင်းအတာကိုနှိုင်းယှဉ်ကြည့်ရင် ကလေးငယ်လေးတွေကို ထိခိုက်တဲ့အတိုင်းအတာက ပိုကြီးပါတယ်။ တဆင့်ခံဆေးလိပ်ငွေ့ရှုရှိုက်မိတဲ့ ကလေးငယ်လေးတွေမှာ ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်တဲ့ကြီးမားတဲ့အန္တရာယ် ရှိပါတယ်။ ကိုယ်ဝန်ဆောင်ကာလ စီးကရက်မှာ ဓါတုပစ္စည်းအမျိုးအစား ၄၀၀ ကျော်ပါဝင်ပါတယ်။ စီးကရက်ကို မီးညှိလိုက်ချိန်မှာ အဲဒီဓါတု ပစ္စည်းတွေဓါတ်ပြုသွားပြီး ပြင်းထန်တဲ့အဆိပ်အဖြစ ်ပြောင်းလဲသွားပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးက ဆေးလိပ်သောက်သုံးရင်ဖြစ်ဖြစ် ဆေးလိပ်ငွေ့ကိုရှုရှိုက်မိရင်ပဲဖြစ်ဖြစ် အဆိပ်တွေက သွေးစီးဆင်းမှုတစ်လျှောက် လိုက်ပါသွားပြီး ကိုယ်ခန္ဓါတစ်ခုလုံးကို ပျံ့နှံ့သွားပါတယ်။ သန္ဓေသားဆီကို အစာအာဟာရ ထောက်ပံ့ပေးနေတဲ့ ချက်ကြိုးဆီကိုလည်း ရောက်ရှိသွားပါတယ်။ သန္ဓေသားကလေးငယ်ဟာ အဆိပ်အတောက်ဖြစ်စေတဲ့ ဓါတုပစ္စည်း တွေကို ခံနိုင်စွမ်းမရှိပါဘူး။ ဆေးလိပ်မှာပါတဲ့ အဆိပ်အတောက်တွေကြောင့်ကလေးငယ်မှာမွေးရာပါချို့ယွင်းချက် ဖြစ်တဲ့နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲတွေအဖြစ်များပါတယ်။ မွေးဖွားပြီး ကာလ ကလေးငယ်တွေဟာ သန္ဓေသားအဆင့်မှာ တော်တော်လေးကြီးထွားလာပြီးပြီဆိုပေမယ့်လည်း မွေးဖွားပြီးချိန်မှာ လည်း ကလေးငယ်က ဆက်လက်ကြီးထွားဖွံ့ဖြိုးနေဆဲဖြစ်ပါတယ်။ ဆိုလိုတာကတော့ […]


အခြားကလေးကျန်းမာရေးပြဿနာများ

Juvenile Rheumatoid Arthritis (ကလေး လေးဖက်နာရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Juvenile Rheumatoid Arthritis (ကလေး လေးဖက်နာရောဂါ) ကဘာလဲ။ ကလေး လေးဖက်နာရောဂါ ဆိုသည်မှာ ကလေးများတွင် ဖြစ်ပွားသော အဆစ်အမြစ်ရောင်ရောဂါတစ်မျိုး ဖြစ်ပါသည်။ ကလေးများတွင်ဖြစ်သော ဘာကြောင့်မှန်းမသိဘဲ အဆစ် ရောင်ခြင်း နှင့် Still’s disease ဟုလည်း ခေါ်ပါသည်။ ကလေး လေးဖက်နာရောဂါသည် အရွယ်ရောက်ပြီးသူများတွင် ဖြစ်သော လေးဖက်နာရောဂါနှင့် ကွဲပြားပါသည်။ နာတာရှည် ရောဂါတစ်မျိုးဖြစ်ပြီး လများ နှစ်များ အထိကြာနိုင်ပါသည်။ သို့သော် ကလေးငယ်များ၏ ၇၅ရာခိုင်နှုန်းသည် ပျောက်ကင်း သွားပါသည်။ ပျောက်ကင်းစေသော ဆေးမရှိသော်လည်း အချိန်မီ သိခြင်း၊ ဆေးကောင်းခြင်း နှင့် ကုသမှုကောင်းခြင်း သည် ပုံမှန်ဘဝ အတိုင်း အခွင့်အရေးများ ရစေပါသည်။ ကလေး လေးဖက်နာရောဂါသည် စာရေးခြင်း၊ အဝတ်ဝတ်ခြင်း နှင့် ပစ္စည်းများသယ်ခြင်း (လက်၊ လက်ကောက်ဝတ်) ၊ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း