ကလေးမှာဖြစ်တတ်တဲ့ကူးစက်ရောဂါများ

ကူးစက်ရောဂါတွေက လူကြီးတွေမှာမှ မဟုတ်ပါဘူး။ ကလေးတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ကလေးတွေမှာ ဘယ်လို ကူးစက်ရောဂါတွေ ဖြစ်နိုင်လဲ။ ဘယ်လို ဂရုစိုက် ကာကွယ်ပေးရမလဲဆိုတာတွေကို ဒီကဏ္ဍလေးမျာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးမှာဖြစ်တတ်တဲ့ကူးစက်ရောဂါများ

ကလေးတွေ တုပ်ကွေးမဖြစ်စေဖို့ ဘယ်လိုကာကွယ်မလဲ

ဘယ်ရောဂါမဆို မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်တာ အကောင်းဆုံးပါပဲ။ အခုလို ပူလိုက်၊ အေးလိုက်ဖြစ်နေတဲ့ ရာသီဥတုမှာ ကလေးတွေ တင်မကပါဘူး။ လူကြီးတွေလည်း မကြာခဏ အအေးမိဖျားနာဖြစ်လိုက်၊ နှာစေးချောင်းဆိုးလိုက်နဲ့ ဝေဒနာတွေကို ခံစားနေကြရတာပါ။ တုပ်ကွေး ရောဂါဟာ ဗိုင်းရပ်စ်ပိုးကနေတစ်ဆင့် အများဆုံး ကူးစက်ပြီး ရောဂါပိုးဟာ အသက်ရှူလမ်းကြောင်းထဲကို ဝင်ရောက်ပြီး ကူးစက်ပါတယ်။ ပိုးတွေ ပွားလာတဲ့အခါမှာ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်း၊ မျက်ရည်ပူကျခြင်း စတဲ့ ရောဂါလက္ခဏာတွေအပြင် အပြင်းဖျားတာ၊ ကြွက်သား နာကျင်ကိုက်ခဲလာတဲ့အထိ ပြင်းထန်နိုင်ပါတယ်။ ကလေးတွေ တုပ်ကွေးမဖြစ်စေဖို့ ဘယ်လိုကာကွယ်မလဲ။ အသက်ငယ်တဲ့ ကလေးတွေမှာ ကိုယ်ခံအားနည်းတဲ့အတွက် လူကြီးတွေထက် ပိုပြီး ဖျားနာနိုင်ခြေ၊ ရောဂါပိုးကူးစက်နိုင်ခြေ ပိုများပါတယ်။ အရွယ်ငယ်သေးတဲ့ ကလေးတွေ အထူးသဖြင့် အသက် ၂ နှစ်အောက် ကလေးတွေမှာ တုပ်ကွေး ကူးစက်နိုင်ခြေ မြင့်တဲ့အပြင် […]

ကလေးမှာဖြစ်တတ်တဲ့ကူးစက်ရောဂါများ ကို ရှာဖွေမည်။

ကလေးမှာဖြစ်တတ်တဲ့ကူးစက်ရောဂါများ

Diphtheria (ဆုံဆို့နာရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Diphtheria (ဆုံဆို့နာရောဂါ) ကဘာလဲ။ ဆုံဆို့နာရောဂါဆိုတာ သင့်ရဲ့နှာခေါင်းနဲ့ လည်ချောင်းမှာရှိတဲ့ အချွဲအမြှေးပါးတွေမှာ ဘက်တီးရီးယားပိုးဝင်ပြီး ဆိုးဝါးတဲ့ ထိခိုက်မှုဖြစ်စေခြင်းကိုခေါ်ပါတယ်။ ဒီဘက်တီးရီးယားတွေဟာ အထူးသဖြင့် နှာခေါင်းနဲ့ လည်ချောင်းမှာရှိတဲ့ တစ်ရှူး အသားမျှင်တွေကို ဖျက်ဆီးစေတဲ့ အဆိပ်ကိုထုတ် ပေးပြီး ရောဂါခံစားရစေပါတယ်။ ဆုံဆို့နာရောဂါ ကိုကာကွယ်ဖို့ ကာကွယ်ဆေးထိုးနိုင်ပါတယ်။ Diphtheria (ဆုံဆို့နာရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ဆုံဆို့နာရောဂါဟာ US နဲ့ ဥရောပနိုင်ငံကြီးတွေမှာ ဖြစ်တာအလွန်ရှားပါးနေပါပြီ။ သို့သော် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့ ကာကွယ်ဆေးထိုးနိုင်မှု နည်းနေ သေးတဲ့အတွက် ဖြစ်နေဆဲပဲ ဖြစ်ပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများDiphtheria (ဆုံဆို့နာရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ ဆုံဆို့နာရောဂါ ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ ဆုံဆို့နာရောဂါဖြစ်စေတဲ့ ဘတ်တီးရီးယားပိုးဟာ ခန္ဓါကိုယ်ထဲက ဘယ်အသားအမျှင်ကိုမဆို တိုက်ခိုက်နိုင်ပါတယ်။ လည်ချောင်းနဲ့ ပါးစပ်မှာတော့ ရောဂါလက္ခဏာတွေကို သိသိသာသာ အခံစားရဆုံးပဲ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း