ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

ကလေးကို ကျန်းကျန်းမာမာ ကြီးပြင်းလာစေချင်တဲ့ ဆန္ဒက မိဘတိုင်းမှာ ရှိမှာပါ။ ကလေးတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာတွေက ဘာတွေ ဖြစ်မလဲ။ ဘယ်လို ကာကွယ်ရမလဲဆိုတဲ့ နည်းလမ်းလေးတွေကို ဒီကဏ္ဍထဲမှာ လေ့လာလို့ ရပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

သားသားမီးမီးတို့ကို ဖျားနာစေတဲ့ အရာတွေက ဘာတွေဖြစ်မလဲ။

မေမေတစ်ယောက် အတွက် စိတ်အညစ်ရဆုံးနဲ့ အပင်ပန်းဆုံး ကိစ္စက ၉ လလွယ်လို့ ၁၀ လဖွားထားရတဲ့ သားသားမီးမီးလေးတွေ ဖျားနာတဲ့အချိန်ပါ။ ကလေးက တအားဆော့လို့ ပင်ပန်းတယ်ဆိုတာက ကလေးဖျားလို့ ပင်ပန်း စိတ်ညစ်တာကို နည်းနည်းလေးမှ မမီပါဘူး။ ဒီတော့ မေမေတိုင်းရဲ့ ဆန္ဒဖြစ်တဲ့ ဘေဘီလေး ဖျားနာမှု ကင်းစေဖို့အတွက် ဘေဘီလေးကို ဖျားနာမှုကနေ ကာကွယ်ပေးနိုင်စေဖို့အတွက် သိထားဖို့ လိုမယ့် အချက်လေးကို ပြောပြပေးချင်ပါတယ်။ ဘယ်လို အခြေအနေကို ဖျားတယ်လို့ ဆိုနိုင်လဲ ..... ဖျားတယ်ဆိုတာက အလွယ်ပြောရရင် ကိုယ်ပူတာပါ။ ကိုယ်ခံအားက ပြင်ပက ဝင်ရောက်လာတဲ့ ရောဂါပိုးတွေကို တိုက်ထုတ်ပေးတဲ့အချိန်မှာ ခန္ဓာကိုယ်က အပူချိန် တက်လာတာကို ကိုယ်ပူတယ်လို့ ပြောတာပါ။ ဒီလို ခန္ဓာကိုယ် အပူချိန် မြင့်တက်လာတာကို ဖျားတယ်လို့ အဓိပ္ပါယ်ဖွင့်ကြတာပါ။ သာမိုမီတာနဲ့ တိုင်းလိုက်လို့ အခုလို […]

ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ ကို ရှာဖွေမည်။

ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

နှာစေးနှာပိတ် ဖြစ်နေတဲ့ ကလေးငယ်ကို ဘယ်လိုဂရုစိုက်ပေးမလဲ

ကိုယ့်ကလေးက ဖျားနေတယ်၊ နှာစေးနှာပိတ်၊ ချွဲတွေကျပ်နေတယ်ဆိုရင် ဆေးခန်းပြ၊ ဆေးတိုက်တာကလွဲလို့မိဘတွေမှာ ခြေမကိုင်မိ လက်မကိုင်မိနဲ့ဖြစ်တတ်ပါတယ်။ နှာတရွှီရွှီနဲ့ အသက်ရှူရခက်လို့ ညညမအိပ်နိုင်တဲ့ ကလေး လေး ကို ဘယ်လိုလုပ်ပေးရပါ့မလဲ။ တကယ်တော့ နှာရည်ကျတာကောင်းတဲ့လက္ခဏာပါ။ ဒါက ရောဂါပိုးမွှားတွေကို ဖယ်ရှားတဲ့ ခန္ဓာကိုယ်ရဲ့သဘာဝနည်းလမ်းဖြစ်လို့ပါ။ ။ ဒါပေမယ့် ကလေးမှာ နှာတအားစေးနေရင် နှာခေါင်းဝမှာခြောက်သွေ့တဲ့အခါ နှာခေါင်းပိတ်မှာသေချာပါတယ်။ ဒါဆို အသက်ရှူရခက်လာမယ်၊ နို့စို့ရ၊ အစားစားရခက်လာနိုင်ပါတယ်။ နှာခေါင်းထဲမှာ ပိတ်ဆို့နေတဲ့ဝေဒနာခံစားနေရချိန်မှာ ကလေး ကို သက်တောင့်သက်သာရှိစေဖို့ ဒီလိုလေးတွေလုပ်ပေးနိုင်တယ်နော်။ နှာစေးနှာပိတ် ဖြစ်တဲ့ကလေးကို - ခေါင်းကိုမြှင့်ထားပေးပါ ကလေးကိုသိပ်တဲ့အခါ ဦးခေါင်းကို (ခေါင်းအုံးကို) နည်းနည်းလောက်မြှင့်ပေးထားရင် နှာရည်ပိတ်တာ၊ ချွဲကျပ်တာသက်သာပြီး အသက်ရှူရ ပိုကောင်းစေပါတယ်။ ပိတ်နေတဲ့ နှပ်ချေးဖတ်ကို ဖယ်ထုတ်ပေးပါ နှာရည်ထွက်တာများလွန်းရင် ကလေးရဲ့ နှာခေါင်းဝမှာ ခြောက်ပြီး ပိတ်နေတတ်ပါတယ်။ ဂွမ်းစလေးကို ရေနွေးဆွတ်ပြီး ညင်သာစွာ ဖယ်ရှားသန့်စင်ပေးပါ။ […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

မိဘတွေစိုးရိမ်ကြတဲ့ ကလေးအဖျားကြီးပြီး တက်ခြင်း

ကလေးတွေမှာ အဖျားကြီးပြီး တက်တာကို မိဘတော်တော်များများ မြင်ဖူးကြုံဖူးကြမှာပါ။ ကိုယ်တိုင်ကြုံတဲ့အခါမှာလည်း အရမ်းထိတ်လန့်တုန်လှုပ်ပြီး ခြေမကိုင်မိလက်မကိုင်မိဖြစ်တတ်ကြပါတယ်။ ကလေးတွေမှာ အဖျားကြီးရင် တက်တတ်တာဟာ ကလေးအသက် ၆လ ကနေ ၅နှစ် အရွယ်အတွင်းမှာ ဖြစ်လေ့ရှိပါတယ်။ တစ်ခါတက်ရင် အနည်းဆုံး စက္ကန့်အနည်းငယ်လောက်ကနေ အများဆုံး ၁၅မိနစ်လောက်အထိကြာတတ်ပါတယ်။ အများစုကတော့ ၂မိနစ် ၃မိနစ်လောက်ပဲကြာတတ်ပါတယ်။ တက်တာ ရပ်သွားပြီးနောက်မှာလည်း ကလေးက ပျော့ခွေသွားတာ ဒါမှမဟုတ် အိပ်ချင်မူးတူးဖြစ်ပြီးကျန်ခဲ့ပါလိမ့်မယ်။ ပျမ်းမျှအားဖြင့် ကလေး အယောက် ၂၀ မှာ ၁ယောက်ဟာ အဖျားကြီးပြီး တက်တတ်ပါတယ်။ ဒါပေမယ့် မိဘများအနေနဲ့ စိုးရိမ်စရာမလိုတဲ့ အချက်ကတော့ အဖျားကြီးပြီးတက်တာဟာ ဝက်ရူးပြန်ရောဂါ ကြောင့်တက်ခြင်း နဲ့ အခြားသော ဦးနှောက်နဲ့ဆိုင်တဲ့ရောဂါတမျိုးမျိုးကြောင့်တက်ခြင်းတို့နဲ့ မတူဘဲ ဦးနှောက်ကို ထိခိုက်ပျက်စီးစေတာမျိုးလည်းမရှိသလို ပုံမှန်ဆေးစွဲသောက်စရာလည်း မလိုပါဘူး။ ကလေးဟာလည်း တက်နေစဉ်မှာ […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

ကလေးတွေမှာ အဖြစ်များတဲ့ လိင်တံထိပ်အရေပြားကျပ်ခြင်း

လိင်တံထိပ်အရေပြား ကျပ်ခြင်း (Phimosis) ဆိုတာ အမျိုးသားတွေရဲ့ လိင်အင်္ဂါထိပ်မှာ ရှိနေတဲ့ အရေပြားဟာ နောက်ပြန်လှန်ဆွဲလို့ မရလောက်တဲ့အထိ ကျပ်နေတဲ့ အခြေအနေကို ပြောတာဖြစ်ပါတယ်။ ထိပ်အရေပြား ဖြတ်မထားတဲ့ အမျိုးသားတွေမှာသာ ဖြစ်တတ်ပါတယ်။ မွေးကင်းစကလေးအရွယ်မှာ စတင်ဖြစ်ပြီး အသက် ၃နှစ်အရွယ်မှာ ဒီပြဿနာက ပျောက်ကင်းသွားတတ်ပါတယ်။ လိင်တံထိပ်အရေပြားကျပ်ခြင်းသည် သဘာဝအတိုင်း သူ့အလိုလို ဖြစ်တတ်သလို အမာရွတ်ထိခိုက်ဒဏ်ရာတစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဆီးသွားဖို့ အခက်အခဲမဖြစ်ဘူးဆိုရင်တော့ ကလေးအရွယ်မှာ ဘာကုသမှုမှ လုပ်ပေးဖို့ မလိုပါဘူး။ အသက်ကြီးလာတဲ့အခါ လိင်တံထိပ်အရေပြား ပိုရှည်ထွက်လာတဲ့အတွက် နောက်လှန်ဆွဲရတာ၊ ဆီးသွားတာ၊ လိင်ဆက်ဆံတဲ့အခါ အခက်အခဲတွေ၊ နာကျင်မှုတွေ ဖြစ်စေနိုင်တဲ့အတွက် သေချာ ဆရာဝန်နဲ့ ပြသပြီး ကုသမှုခံယူဖို့တော့ လိုအပ်ပါတယ်။ ဘယ်လိုလက္ခဏာတွေ တွေ့ရလဲ။ ဒီပြဿနာရှိတဲ့ ကလေးအများစုမှာ လိင်တံထိပ်ကို ဖုံးလွှမ်းနေတဲ့ အရေပြားကို အောက်သို့လုံးဝ […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

အဖျားကြီးနေတဲ့ကလေးကို အရေးပေါ် ဘယ်လိုပြုစုပေးမလဲ

သွေးသားနဲ့ဖွဲ့စည်းထားတဲ့ ခန္ဓါကိုယ်မှာ ဖျားနာတာကရှောင်လွှဲဖို့ မဖြစ်နိုင်တဲ့အရာပါ။ မဖျားမနာဖူးတဲ့သူရယ်လို့မရှိပါဘူး။ အခုလိုရာသီဥတုမျိုးဆိုရင်တော့ ပိုဆိုးတာပေါ့။ အအေးမိနဲ့တုပ်ကွေးတွေ အဖြစ်များနေပြီလေ။ ကိုယ်တိုင်ဖျားနာတဲ့အခါကပြဿနာမရှိဘူး။ လူကြီးဆိုတော့ ကိုယ့်ဘာသာ ဂရုစိုက်နိုင်မယ်။ လိုအပ်မယ်ထင်တာတွေပြင်ဆင်နိုင်တယ်။ဆေးရုံဆေးခန်းအလွယ်တကူသွားနိုင်တယ်။ ဒါပေမယ့် ကလေးတွေဖျားနာပြီဆိုရင်တော့ ကိုယ်တိုင်ဖျားနာတာထက်ပိုဆိုးတယ်။ အထူးသဖြင့် အဖျားကြီးပြီဆိုရင် အန္တရာယ်လည်းပိုနိုင်တယ်။ကလေး အဖျားတက်လာတာက နေ့ခင်းပိုင်းလိုမျိုးဆို နီးစပ်ရာဆေးခန်းမှ ပြသကုသပေးလို့ရပေမယ့် အချိန်မတော်ကြီးဖြစ်တဲ့ အခါမှာတော့ ကိုယ်တိုင် ပြုစုမှဖြစ်မှာပါ။ ဒီလိုပြုစုဖို့အတွက် နည်းလမ်းလေးတွေပြောပြပေးမယ်နော်။ ကလေး ဖျားနေပြီဆိုတာကို ဘယ်လိုသိနိုင်မလဲ ကလေးတွေက လူကြီးတွေလောက်ခံစားရတဲ့ ဝေဒနာကို စီကာပတ်ကုံးမပြောနိုင်ကြပါဘူး။ ဒါကြောင့် ကလေးတွေဖျားနာတဲ့အခါ မိဘတွေအနေနဲ့ အစစအရာရာကိုသတိထားကြရပါတယ်။ ကလေးမှာ ဒီလိုလေးတွေဖြစ်နေပြီဆိုရင်တော့ ဖျားနေပြီလို့ ဆိုရပါမယ်။ ကလေးကိုယ်အပူချိန်က ၃၈ ဒီဂရီစင်တီဂရိတ် ( ၁၀၀.၄ ဒီဂရီဖာရင်ဟိုက်) (သို့မဟုတ်) ၁၀၀.၄ ဒီဂရီဖာရင်ဟိုက် ထက်ပိုများနေမယ်။ ကလေးက […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

အိမ်မှာ ဘယ်နှစ်လတစ်ခါလောက် သန်ချဖို့လိုအပ်မလဲ

ကျန်းမာရေးက တန်ဖိုးမဖြတ်နိုင်တဲ့ အရာတစ်ခုပါ။ စိတ်ရောကိုယ်ပါ ကျန်းမာနေဖို့က အရွယ်သုံးပါးလုံးအတွက် အရေးကြီးပါတယ်။ လူကြီးတွေက ကိုယ်တိုင်ဂရုစိုက်နိုင်ကြပြီး ကလေးကျန်းမာဖို့အတွက်ကိုတော့ မေမေနဲ့ဖေဖေကဂရုစိုက်ပေးရမှာပါ။ ကျန်းမာနေဖို့ဆိုတဲ့နေရာမှာခေါင်းအစခြေအဆုံး အကုန်လုံးပါဝင်ပါတယ်။ ကျန်းမာနေဖို့မှာ အရေးကြီးအခန်းကဏ္ဍက ပါဝင်တာကတော့ အစာခြေစနစ်ပါ။ အစာခြေစနစ်ရဲ့အရေးပါမှုနဲ့ပတ်သက်ပြီး လူတွေ သတိထားမိကြတဲ့အရာက အာဟာရပြည့်ပြည့်ဝဝစားသောက်မယ်၊ ဝမ်းမချုပ်အောင်ဂရုစိုက်မယ် စသဖြင့်ပေါ့။ ဒါပေမယ့် အစာခြေစနစ်အတွက် အရေးပါတဲ့ အရာတစ်ခုကိုတော့မေ့တတ်ကြပါတယ်။ အဲဒါကတော့ သန်ချဖို့ပါ။ သန်ချဖို့ဆိုတာကို အများအားဖြင့်ကတော့ ကလေးတွေမှာပဲ လိုအပ်တယ်လို့ ထင်တတ်ကြပါတယ်။ ကလေးတွေက သန်ပိုထတတ်ကြတာမှန်ပါတယ်။ ဒါပေမယ့် လူကြီးတွေ သတိထားသင့်တာကနေ့တိုင်းစားသောက်နေတဲ့အစားအသောက်တွေထဲမှာ၊ လမ်းဘေးစာတွေထဲမှာ၊ခြေဗလာနဲ့လမ်းလျှောက်နေတိုင်းမှာ လူကြီးလူငယ်အရွယ်မရွေး သန်ကောင်တွေရဲ့ အန္တရာယ်ရှိနေနိုင်တယ်ဆိုတာပါပဲ။ ဒီလက္ခဏာတွေကို သတိထားကြည့်ပါ။ ဒါတွေရှိရင် သန်ရှိတယ်ဆိုတာကိုပြနေပါတယ်။ သန်ချဖို့လိုအပ်နေကြောင်း သိနိုင်တဲ့လက္ခဏာတွေက အစားအသောက်တွေပုံမှန်စားနေပေမယ့် ကိုယ်အလေးချိန်တိုးမလာဘူး။ အစားစားချင်စိတ်မရှိဘူးဖြစ်နေမယ်၊ ဝမ်းချုပ်နေမယ်၊ ဗိုက်ထဲကနာနေတာမျိုးဖြစ်မယ်၊ နေရထိုင်ရအရမ်းပင်ပန်းနေမယ်၊ အားမရှိသလိုမျိုးဖြစ်နေမယ်၊ ဆိုရင်တော့ […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

ကိုယ့်ကလေးမှာ ဒီလက္ခဏာတွေတွေ့ရင် မပေါ့ဆနဲ့နော်

ငါ့ကလေးများ တစ်ခုခုဆို ရင်ကျိုးရချည်ရဲ့လို့မေမေတို့ပြောလေ့ရှိတယ်။ ရင်မကျိုးရဖို့က ကလေးရဲ့ကျန်းမာရေးကို မျက်ခြေမပြတ်ဖို့တော့လိုပါတယ်နော်။ သားသမီးကိုအရမ်းချစ်ပေမယ့် လိုချင်တာအကုန်ပေးထားရုံနဲ့ မလုံလောက်ပါဘူး။နွေးထွေးမှုနဲ့ဂရုစိုက်မှုတွေပေးဖို့၊ ကလေးရဲ့အပြုအမူ၊အနေအထိုင်၊အပြောင်းအလဲမှန်သမျှ မိဘကသိနေဖို့ အရေးကြီးပါတယ်။ ကိုယ့်ကလေးမှာဘာတွေဖြစ်နေလဲဆိုတာစောစောသိရင်စောစောကာကွယ်လို့၊ ကုသလို့ရနိုင်ပါတယ်။ ကလေးတွေမှာ ဝေဒနာတစ်ခုခုဖြစ်ရင် လူကြီးတွေလိုသေချာမပြောပြတတ်တော့ အမူအရာလေးတွေပဲပြောင်းလဲနေတတ်ပါတယ်။ ဒါကို လူကြီးတွေက သတိထားမိမှ မဖြစ်သင့်တာမဖြစ်အောင် ကာကွယ်စောင့်ရှောက်နိုင်မှာပါ။ ကလေးနေမကောင်းလည်းသေးသေးမွှားမွှားဝေဒနာလေးပါဆိုပြီးဆေးမြီးတိုလောက်နဲ့ ကိုယ့်သဘောအတိုင်းကုနေုလို့မရပါဘူးနော်။ လိုအပ်တဲ့ကုသမှုတွေလုပ်နိုင်ဖို့ ဆရာဝန်ပြသင့်တဲ့ လက္ခဏာတွေဖြစ်နေသလားဆိုတာမေမေတို့ဘယ်လိုသိနိုင်မလဲ။ ဘယ်အရွယ်ဖြစ်ဖြစ် ကိုယ့်ကလေးမှာ ဒါတွေဖြစ်လာရင် မပေါ့ဆပါနဲ့တော့။ ကလေးက - အသံတွေကို တုံ့ပြန်မှုမရှိဘူး မွေးစ ကလေးတွေဆိုရင် သူ့နားထဲမကြားရတဲ့အကြောင်းဖော်ပြနိုင်တဲ့ လက္ခဏာကတော့ အသံတွေကို မတုံ့ပြန်တာပါပဲ။ ကိုယ်တွေကခေါ်ပေမယ့် ဘာသံကြားကြား အသံကျယ်ကျယ်တွေကြားရတာတောင်သူ့ဘက်က တုံ့ပြန်မှုအမူအရာတစ်ခုခုမရှိဘူးဆိုရင် ကလေးကို နားကြားမကြားစစ်ဆေးမှုတွေခံယူသင့်ပါတယ်။ အာရုံမစူးစိုက်နိုင်ဘူး လေ့လာသင်ယူနေဆဲ ကလေးတွေက သူတို့အမြင်အာရုံတွေ မကြည်တာ၊ မျက်စိ အာရုံစူးစိုက်မရတာတွေကို မပြောပြတတ်သေးပါဘူး။ ကိုယ့်အနီးတဝိုက်က အရာဝတ္ထုတွေကိုတောင် ကလေးက မမြင်တာ၊ မရှာနိုင်တာမျိုးတွေ့ရရင် […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

ကလေးတွေမှာ အဖြစ်များတဲ့ မျက်စိအနီးမှုန်ခြင်း

အနီးမှုန်တယ်ဆိုတာဘာလဲ။ အဝေးမှာရှိတဲ့ အရာဝတ္ထုတွေကို ကြည်လင်ပြတ်သားစွာ မြင်ရပေမယ့် အနီးအနားမှာ ရှိတဲ့အရာတွေကို သေချာကြည့်လို့ မရတာ၊ မမြင်ရတာ၊ အမြင်မှုန်ဝါးနေတဲ့ ပြဿနာကို အနီးမှုန်ြခင်း (Farsightedness) လို့ ခေါ်ပါတယ်။ အနီးမှုန်တဲ့ ကလေးတွေမှာ ကျောက်သင်ပုန်းပေါ်မှာ ရှိတဲ့ စာကို သေချာဖတ်လို့ မရတာ၊ စာမမြင်ရတဲ့အတွက် ပညာရေးမှာ လွတ်ဟင်းသွားတာ၊ သေချာအာရုံစိုက်လို့မရတာတွေ ဖြစ်နိုင်ပါတယ်။ အနီးမှုန်တာက ကြီးမှဖြစ်တာလား။ အဝေးမှုန်တာနဲ့ မတူဘဲ များသောအားဖြင့် မွေးကတည်းက ဒီလိုအမြင်အာရုံချို့ယွင်းတဲ့ ပြဿနာတွေ ရှိနေတတ်ပါတယ်။ မိဘမျိုးရိုးလိုက်ပြီး မျက်စိအနီးမှုန်တာလည်း ရှိသလို ကြီးလာမှ မျက်စိမှုန်တဲ့ သူတွေလည်း ရှိပါတယ်။ ဘယ်လိုလက္ခဏာတွေ ရှိလဲ။ ၁။ ကိုယ့်အနားမှာ ရှိနေတဲ့ အရာဝတ္ထုတွေကို ကွဲကွဲပြားပြား မမြင်ရတာ ၂။ အနားမှာ ရှိတဲ့ အရာတွေကို ကြည့်ဖို့ မျက်စိအားစိုက်ရတာ ၃။ မျက်စိပူတာ၊ မျက်ရိုးကိုက်တာ၊ မျက်စိပတ်ပတ်လည်မှာ […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

ကလေးတွေမှာ ဖြစ်တဲ့ သွားဖုံးရောင်ခြင်း

သွားဖုံးရောင်တယ်ဆိုတာ လူကြီးတွေမှာပဲဖြစ်တတ်တာမဟုတ်ပါဘူး။ ကလေးတွေမှာလည်း သွားဖုံးရောဂါခံစားရတတ်ပါတယ်။ သူတို့လေးတွေမှာဖြစ်လာတဲ့အခါ သွားဖုံးမှာနီမြန်းလာပြီး အထိမခံနိုင်၊ရောင်ရမ်းလာပါတယ်။ ကလေးမှာဝေဒနာခံစားရပြီဆို မိဘတွေအနေနဲ့လည်းဆေးခန်းပြ၊ဆေးတိုက်ပေမယ့် ဘယ်လိုသက်သာအောင်လုပ်ပေးရမလဲ ပူပန်စိတ်တွေများရပါတယ်။ ဒီလိုအချိန်မှာဝေဒနာကိုသိတာနဲ့တတ်နိုင်သလောက်အမြန်ဆုံးကုသမှုခံယူတာကောင်းပါတယ်။ သွားဖုံးရောင်ရာကနေရောဂါပိုးဝင်တာတွေ ဆက်ဖြစ်နိုင်တာမို့စောစောကုသစောင့်ရှောက်မှုပေးဖို့အရေးကြီးပါတယ်။ သွားဖုံးရောင်ခြင်းရဲ့အဓိကအကြောင်းရင်းတစ်ခုက ခံတွင်းမသန့်ရှင်းမှုကြောင့်ဖြစ်တာမို့ ကလေးတွေကို သွားမှန်မှန်တိုက်ပေးဖို့နဲ့ ခံတွင်းသန့်ရှင်းဖို့ ဂရုစိုက်ပေးသင့်ပါတယ်။ သွားဖုံးရောင်နေတဲ့ကလေးတွေမှာ သွားတိုက်ပုံမှန်ကန်ဖို့၊ ခပ်ကြမ်းကြမ်းမတိုက်ဖို့လည်းလိုပါတယ်။ ဘာပဲဖြစ်ဖြစ် ကုသဖို့ရော၊ ကြိုတင်ကာကွယ်ဖို့ရောကောင်းကောင်းလုပ်နိုင်ဖို့က သွားဖုံးရောင်စေတတ်တဲ့အကြောင်းရင်းတွေကို သိထားမှဖြစ်မှာပါ။ ကလေးသွားဖုံးရောင်ေစတဲ့ အကြောင်းရင်းများ ခံတွင်းမသန့်ရှင်းခြင်းအပြင် သွားဖုံးရောဂါဖြစ်စေတဲ့တခြားအကြောင်းရင်းတွေက - ဗီတာမင် စီ ချို့တဲ့ခြင်း လူကြီးတွေအတွက် တစ်နေ့တာ ဗီတာမင်စီ ၉၀ မီလီဂရမ်လိုအပ်ပြီး ကလေးတွေအတွက်က ၇၀ မီလီဂရမ်လိုအပ်ပါတယ်။ ဒါပေမယ့် အချဉ်ကြိုက်တဲ့ကလေးနည်းတယ်၊ ဗီတာမင်စီများတဲ့အစားအစာတွေလည်း လုံလောက်အောင်စားမိဖို့မလွယ်ဘူး(မိဘကသေချာ မစီစဉ်ပေးနိုင်ရင်)၊ ကျန်းမာရေးနဲ့ညီတဲ့တခြားသရေစာတွေကို ပိုမက်တယ် စတာတွေကြောင့် တစ်နေ့တာလိုအပ်ချက်ကို မပြည့်နိုင်တာများပါတယ်။ ဗီတာမင်စီ ချို့တဲ့ရင်ဖြစ်တဲ့scurvy ေရာဂါကို ကလေးတွေနဲ့သက်ကြီးပိုင်းတွေမှာ ပိုအဖြစ်များပါတယ်။scurvy ြဖစ်နေတဲ့ကလေးတွေမှာ […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

ကလေးမကြာခဏ မဖျားနာစေဖို့ မေမေတွေ ဒီလိုဂရုစိုက်ပေးကြမယ်ဆိုရင်

ဘယ်မိဘမဆို ကိုယ့်ရဲ့ ကလေးတွေကို ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာစေချင်ကြတာပါပဲ။ ကလေးဖျားနာတယ်ဆိုတာ ဆန်းတော့တဲ့ ပြဿနာတစ်ခု မဟုတ်ပေမဲ့ ကလေးလည်း ဝေဒနာခံစားရမယ်။ မိဘေတွအနေနဲ့လည်း ကလေးဖျားနေတာကို ကြည့်ပြီး ကလေးအစား ကိုယ်သာ ဖျားလိုက်ပါတော့လားလို့ တွေးရင်း ရင်တွေ ပူနေရမှာပေါ့။ ဒါ့အပြင် ကလေးဆိုတာ အရွယ်ငယ်သေးတဲ့အချိန်ဆိုတော့ ကိုယ်ခံအားစနစ်ဟာလည်း လူကြီးတွေလောက် မကောင်းနိုင်ပါဘူး။ ရာသီဥတုအပြောင်းအလဲ ဖြစ်တာ၊ ပူလွန်းအေးလွန်းတာ၊ လက်မဆေးဘဲ နှာခေါင်း၊ ပါးစပ်၊ မျက်လုံးကို မကြာခဏ ပွတ်တာ၊ မသန့်ရှင်းတဲ့ လက်နဲ့ မုန့်စားတာ အစရှိသဖြင့် အကြောင်းရင်းအမျိုးမျိုးကြောင့် ကလေးဟာ ဖျားနာနိုင်ပါတယ်။ ဒီလိုမျိုး ကိုယ့်ရင်သွေးရဲ့ ကျန်းမာရေးအတွက် ရတက်မအေးရတဲ့ မေမေတွေ၊ ဖေဖေတွေအတွက် ကလေးမကြာခဏ မဖျားစေဖို့ ဆောင်ရန်၊ ရှောင်ရန်နဲ့ ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာစေမယ့် နည်းလမ်းတွေကို ဝေမျှပေးလိုက်ချင်ပါတယ်။ ၁။ လူရှုပ်တဲ့ […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

ကလေးရဲ့ သွားနဲ့ ခံတွင်းကို ဂရုစိုက်ဖို့ မေ့လျော့နေပြီလား

ကိုယ့်ကလေးရဲ့ ကျန်းမာရေးကိုပဲ ဂရုစိုက်နေပြီး သွားနဲ့ ခံတွင်းကို ပစ်ထားလို့ မဖြစ်ပါဘူးနော်။ ကလေးဆိုတာ သစ်ရွက်ကလေး လှုပ်တာမြင်ရင်တောင် သွားလေးပေါ်အောင် ပြုံးပြီး ခိုးခိုးခစ်ခစ်နဲ့ ရယ်တတ်ကြတဲ့အရွယ်မလား။ ဒီတော့ သွားနဲ့ခံတွင်းကို ငယ်စဉ်ကတည်းက သေချာဂရုစိုက်မှ ကလေးတွေ ပြုံးလိုက်တိုင်း ညီညာလှပတဲ့ အဖြူရောင်ပုလဲသွယ် သွားလေးတွေကို မြင်ရမှာပေါ့။ မိဘတွေအနေနဲ့ ခံတွင်းနဲ့ သွားကျန်းမာရေးကို ပစ်ပယ်ထားလိုက်ရင် ကလေးတွေ အပေါ်ယံကြွေလွှာပျက်စီးပြီး သွားပိုးစားတာ၊ သွားပိုးပေါက်တွေ ဖြစ်လာနိုင်တာ၊ သွားတွေ ဝါထိန်ပြီး သွားချေးတွေ တက်လာတာတွေအပြင် ခံတွင်းအနံ့အသက်ဆိုးတွေပါ ထွက်လာနိုင်ပါတယ်။ ကြီးလာရင်လည်း သွားတွေ ပျက်စီးပြီး ကျိုးလွယ်နိုင်တယ်။ ခံတွင်းကင်ဆာတွေ ဖြစ်လာနိုင်တဲ့အထိ ကိုယ့်ရဲ့ ကလေးကို ကျန်းမာရေးဒုက္ခတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဘယ်ရောဂါမဆို မဖြစ်ခင် ကြိုတင်ကာကွယ်တာ အကောင်းဆုံးပဲမို့ ကလေးတွေရဲ့ သွားတွေ မပျက်စီးစေဖို့ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း