brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

ADHD လို့ခေါ်တဲ့ ကလေးအတက်ကြွလွန်ခြင်းနဲ့ ပက်သက်ပြီး မှားသိနေတာလေးတချို့ ။

ADHD လို့ခေါ်တဲ့ ကလေးအတက်ကြွလွန်ခြင်းနဲ့ ပက်သက်ပြီး မှားသိနေတာလေးတချို့ ။

ADHD လို့ခေါ်တဲ့ ကလေးအတက်ကြွလွန်ခြင်းနဲ့ ပက်သက်ပြီး မှားသိနေတာလေးတချို့ ။

ADHD( Attention deficit hyperactive disorder) ဆိုတဲ့ ပြဿနာအကြောင်း သိတဲ့သူရှိသလို မသိသေးတဲ့သူတွေလည်းအများကြီးရှိမယ်ထင်ပါတယ်။ ဒီပြဿနာဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုဖြစ်ပြီး ေကျာင်းနေကလေးအရွယ်ေတွမှာ တွေ့ရများတတ်ပါတယ်။ ADHA ကို အလွယ်မှတ်မယ်ဆိုရင်တော့ အတက်ကြွလွန်တဲ့ ပြဿနာ၊ ဂနာမငြိမ်တဲ့ ပြဿနာ၊ တစ်ခုခုကို သေချာ အာရုံ မစူးစိုက်နိုင်တဲ့ ပြဿနာလို့ မှတ်လို့လည်းရပါတယ်။

ဒီပြဿနာရှိနေတဲ့ ကလေးက အတက်ကြွလွန်၊ တစ်ချိန်လုံးလှုပ်ရှားနေတဲ့အတွက် ဘေးကကြည့်နေတဲ့ မေမေတို့ကတော့ ငါတို့ ကလေးက တက်ကြွတယ်၊ ထိုင်းမှိုင်းနေတာမျိုးလည်း မရှိဘူးဆိုပြီး ဝမ်းသာနေတတ်ကြပါတယ်။ ADHD ဆိုတာ စိတ်ရောဂါ၊ကျန်းမာရေး ပြဿနာတစ်ခုပါ။ ကလေးက အတက်ကြွလွန်တဲ့ ပြဿနာ ADHD ဖြစ်နေတာကို စိုးရိမ်စရာမရှိဘူးလို့ထင်နေတဲ့ မိဘတွေ ရှိပါလိမ့်မယ်။ ဒီတော့ ADHD နဲ့ ပက်သက်ပြီး ဘယ်လိုတွေ မှားသိနေကြတာလဲ ။

( ၁ )ADHA ဆိုတဲ့ အတက်ကြွလွန်ပြဿနာဟာ ခေတ်သစ်နည်းပညာတွေကြောင့်ဖြစ်ရတာ။

တစ်ချို့မိဘတွေ ထင်နေတတ်ကြတာက အတက်ကြွလွန်တဲ့ ပြဿနာဟာ တိုးတက်လာတဲ့ ခေတ်ကြီးကြောင့်၊ လူနေမှုပုံစံ စားသောက်မှု ပုံစံတွေ ပြောင်းလဲလာတာကြောင့် ဖြစ်ရတာလို့ ထင်နေတတ်ကြပါတယ်။ ဒါပေမယ့် ၁၇၉၈ ခုနှစ်တည်းက ADHD ဆိုတဲ့ စိတ်ကျန်းမာရေးပြဿနာကို Dr. Alexander Crichton က တွေ့ရှိခဲ့ပြီး ၁၉၀၂ ခုနှစ်မှာတော့ Dr. George Still က သေချာလေ့လာပြီး နာမည်တွင်မှည့်ခေါ်ခဲ့တာပါ။ ဒီတော့ အင်တာနက်တွေ၊ မိုဘိုင်းဖုန်းတွေ ၊ တီဗွီတွေ မပေါ်ခင်ဟိုးရှေးခတ်တည်းက ဒီ အတက်ကြွလွန်ဆိုင်ရာ ပြဿနာ ADHD ရောဂါက ရှိနေခဲ့တာပါ။

( ၂ ) လူတွေအကုန်လုံးမှာ အတက်ကြွလွန်နေတဲ့ အချိန်တွေ ရှိတတ်တာပဲ။ သူတို့တွေမှာရော ADHD ရှိနေတာလား။

မဟုတ်ပါဘူး။ ADHD ပြဿနာ ခံစားနေရတာဆိုရင် လက္ခဏာ ၆ ခုထက်မနည်းရှိသင့်ပြီး အဲဒီလက္ခဏာတွေက အနည်းဆုံး ၆လလောက်အထိ ဆက်တိုက်ရှိနေရပါမယ်။ အိပ်ရေးဝဝမအိပ်လို့ ကလေးကို တင်းကြပ်ထားလို့ သေချာမပြုစုလို့ဖြစ်ရတဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေနဲ့ဆင်သလိုလိုရှိပေမယ့် တကယ်တော့ မတူပါဘူး။ ADHD က ဦးနှောက်တွင်းက ဓါတုပစ္စည်းတွေ မူမမှန်တော့လို့ အာရုံသေချာ မစူးစိုက်နိုင်တဲ့ ပြဿနာကို ပြောတာပါ။

( ၃ ) ADHD အတက်ကြွလွန်တဲ့ဝေဒနာခံစားနေရတဲ့ ကလေးတွေက ဉာဏ်ပိုကောင်းကြတယ်။

ကလေးက တစ်ချိန်လုံးတက်ကြွနေတယ်ဆိုပြီး ဉာဏ်ကောင်းလိုက်တာလို့ ပြောလို့မရပါဘူး။ သူရဲ့ အဓိက ပြဿနာကိုတည်းက အတက်ကြွလွန် အာရုံ မစူးစိုက်နိုင်တဲ့ ပြဿနာဖြစ်တာကြောင့် ကလေးတွေက စာတွေမှာ သေချာအာရုံမစိုက်နိုင်တော့သလို စိတ်ဝင်စားတာ ဘာလဲဆိုတဲ့ အရာကိုလည်း သေသေချာချာ ကွဲကွဲပြားပြားမသိကြတော့ပါဘူး။ ဒီလိုနဲ့ လေ့လာသင်ယူနိုင်စွမ်း တွေ လျော့ကျလာတတ်ပါတယ်။ ဒါပေမယ့် အိုင်ကျူကတော့ ပုံမှန်အတွင်းမှာပဲ ရှိတာကြောင့် ဉာဏ်ရည်နိမ့်ကျတာမျိုးလည်း မဟုတ်ပါဘူး။

( ၄ ) ADHD ကိုကုသတဲ့ ဆေးတွေက စွဲတတ်တယ်။

ဒါကမှားနေတဲ့ အယူအဆတွေပါ။ အရင်က ဒီလိုမျိုး စွဲတတ်တယ်ဆိုတဲ့သတင်းတွေ ထွက်ခဲ့ပေမယ့်လည်း ခုနောက်ပိုင်း ၂၀၁၇ မှာလေ့လာချက်တွေ အရတော့ ADHD ကိုကုသတဲ့ ဆေးတွေက လုံးဝကို မစွဲစေတတ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Thin Yadanar @ Frances · 23/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။