ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

သားသားမီးမီးတို့ကို ကိုယ်အမူအရာ နှုတ်အမူအရာ ကောင်းမွန်စေချင်တဲ့ ဆန္ဒလေးက မိဘတိုင်းမှာ ရှိကြမှာပါ။ အထူးသဖြင့် မေမေတွေမှာပေါ့။ ဒီကဏ္ဍလေးမှာ သားသားမီးမီးတို့ရဲ့ အပြုအမူနဲ့ ပတ်သက်တဲ့ ကိစ္စလေးတွေကို လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

ဘယ်ကျော် လေးတို့အကြောင်း

သင့်သူငယ်ချင်းထဲမှာ ဘယ်ကျော် လေးတွေ ရှိလား။ သူတို့ ဘယ်လက်နဲ့ စာရေးရင် သင်အထူးအဆန်း လိုက်ကြည့်ဖူးတယ်ဟုတ်။ တကယ်တော့ ဘယ်ကျော်လေးတွေအကြောင်းကို သိပ္ပံပညာရှင်တွေ လေ့လာနေတာ နှစ်ပေါင်း ၁၅၀လောက်ရှိနေပါပြီ။ အိမ်မှာ ဘယ်ကျော်လေးတွေ ရှိရင် မိဘတွေက အတင်းညာဘက်လက်နဲ့ သုံးတတ်အောင် သင်ပေးကြပါတယ်။ ဘာကြောင့်လည်းဆို အသုံးအဆောင်ပစ္စည်းတွေ အတော်များများကို ညာဘက်လက်နဲ့ သုံးဖို့ ထွင်ထားတာကိုး။ ဒီတော့ မသုံးတတ်မှာစိုးလို့ အတင်းပြောင်းခိုင်းတာပေါ့။ စဉ်းစားကြည့်ရင် ဘယ်သန်ကို ညာဘက်လက်နဲ့ သုံးခိုင်းတာဟာ၊ ညာသန်ကို ဘယ်လက်နဲ့ စာရေးခိုင်းသလိုပဲ အတော့်ကို ဒုက္ခများပါတယ်။ ဒီခေတ်မှာတော့ ဒါမျိုးလုပ်တာကို အားမပေးတော့ပါဘူး။ ဘယ်သန်ခြင်း၊ ညာသန်ခြင်းဆိုတာ ဘာနဲ့ဆိုင်လဲ။ ဘာကြောင့် ဖြစ်တာလဲဆိုတာ ဆက်ကြည့်ရအောင်။ ဘာကြောင့် ဘယ်ကျော် ဖြစ်ရတာလဲ။ လူ၁၀ယောက်မှာ ဘာကြောင့် ရှားရှားပါးပါး သူ့၁ယောက်မှာ ဘယ်သန်ဖြစ်ရတာလည်း ဆိုတာကိုတော့ ပညာရှင်တွေက […]

ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ ကို ရှာဖွေမည်။

ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

သင်ယူမှုဆိုင်ရာရောဂါဖြစ်နေတဲ့ကလေးကို ဘယ်လိုထောက်ပံ့ပေးမလဲ

သင်ယူလို့မရနိုင်သည့်ကလေးများတွင် တစ်ချို့သောအရာများကို သင်ယူနိုင်ရန် ခက်ခဲကြောင်း တွေ့ရှိရပါသည်။ စကားပြော၊ အရေး၊ အဖတ်၊ သတ်ပုံ သို့မဟုတ် သချာၤတို့တွင်လည်း အခက်အခဲရှိနိုင်၏။ သို့သော် သင်ယူမှုဆိုင်ရာရောဂါများရှိနေသည့် ကလေးအား ဘယ်လိုထောက်ပံ့ပေးမလဲဆိုတာ သိထားခြင်းဖြင့် ထိုမလုပ်နိုင်သည်များကို ဖြေရှင်းနိုင်ပြီး ကျောင်းနှင့် တခြားနယ်ပယ်များတွင် အောင်မြင်အောင် ကူညီပေးနိုင်ပါသည်။   ကလေး၏ အကောင်းဆုံးသင်ယူမှုပုံစံကို သိအောင်လုပ်ပါ လူတိုင်းတွင် သူများနှင့်မတူသော သင်ယူမှုပုံစံများ ရှိတတ်သည်။ ရောဂါရှိရှိ မရှိရှိ မဆိုင်ပါ။ မိဘများအနေဖြင့် ကလေးသည် စာဖတ်ခြင်း၊ မြင်တွေ့ခြင်း၊ နားထောင်ခြင်း သို့မဟုတ် လက်တွေ့လုပ်ခြင်း တစ်ခုခုနှင့် ဘယ်ဟာက ပိုတတ်မြောက်လွယ်သလဲဆိုသည်ကို သိထားသင့်၏။ ကလေးလေ့လာသင်ယူသည့် အကောင်းဆုံးပုံစံကို သိသည်နှင့် ကလေးကို သင်ကြားရာ၌ အထောက်အကူပြုပါနိုင်ပါသည်။ စာဖတ်ခြင်း၊ မြင်တွေ့ရခြင်း၊ စာအုပ်များသုံးခြင်း၊ ဗီဒီယို၊ ဖလက်ရှ်ကဒ်များနှင့် အမြင်သင်ထောက်ကူ စသည့် တစ်ခုခုနှင့် ပိုသင်လွယ်တတ်လွယ်သည်ဆိုပါက […]


ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

ကလေးများတွင် ဖြစ်သော စိတ်ပိုင်းဆိုင်ရာ ရောဂါလက္ခဏာများ

စိတ်ပိုင်းဆိုင်ရာ နာမကျန်းမှုဟာ လူတိုင်းမှာ ဖြစ်နိုင်ပြီး ကလေးရော လူကြီးပါ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လက္ခဏာတွေက ကွာခြားမှု ရှိပါတယ်။ စိတ်ပိုင်းဆိုင်ရာ နာမကျန်းမှုကို သိရှိနိုင်ဖို့ လက္ခဏာတွေကို ရှာဖွေသင့်ပါတယ်။   စိတ်ပိုင်းဆိုင်ရာ နာမကျန်းမှုကို သိရှိဖို့ ခက်ခဲပါတယ်။ တခါတရံမှာ ဒါကို ဘာလဲဆိုတာမသိပဲ အခြားရောဂါထင်တာမို့ လိုအပ်တဲ့ကုသမှုတွေကို မရရှိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ လက္ခဏာတွေကို သိရှိနားလည်ခြင်းဟာ သင့်ကလေးငယ်ကို သူတို့လိုချင်တဲ့ အရာတွေ ရရှိဖို့ ကူညီပေးနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ သင့်ကလေးငယ်ဟာ ဝမ်းနည်းနေပြီး နှစ်ပတ်ထက်ပို ကြာမြင့်ခြင်း (သို့) သူတို့ရဲ့ ခံစားချက်တွေကြောင့် စာလုပ်ခြင်း၊ အိမ်၊ ကျောင်းတွေမှာ ဆက်ဆံရေး အဆင်မပြေခြင်းတွေကို တွေ့နိုင်ပါတယ်။ သူတို့ဟာ ရုတ်တရက်ပျော်ပြီး ခဏနေ စိတ်မကောင်းကြီးစွာ ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် စိတ်ပြောင်းလဲမှုတွေက အချိန်အကြာကြီး ကြာမြင့်နိုင်ပါတယ်။ ပြင်းထန်သော […]


ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

သင့်ကလေး ဘာကြောင့် စိတ်တိုတာလဲ

ကလေးတွေမှာ စိတ်တိုခြင်းဟာ သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးကနေ စပြီး ကျန်းမာရေးအခြေအနေတွေ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေအထိ အကြောင်းရင်းများစွာ ကြောင့် ဖြစ်နိုင်ပါတယ်။ သင့်ကလေးရဲ့ ဒေါသကြီးခြင်းကို သေချာစွာ ကိုင်တွယ်ဖြေရှင်းဖို့ အတွက် အခြေခံအကြောင်းရင်းကို သိဖို့လိုအပ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ကလေးတွေမှာ ဒေါသကြီးခြင်းရဲ့ အဖြစ်များတဲ့ အကြောင်းရင်းတွေနဲ့ သူတို့ကို ကူညီဖို့ သင်ဘာလုပ်သင့်သလဲဆိုတာတွေကို ဖော်ပြသွားမှာဖြစ်ပါတယ်။ ကလေးတွေမှာ ဒေါသကြီးခြင်းရဲ့ အဖြစ်များတဲ့ အကြောင်းရင်း စိတ်ပိုင်းဆိုင်ရာ ရောဂါများ စိတ်ရောဂါရှိတဲ့ ကလေးတွေဟာ စိတ်တိုလွယ်ကြပြီး ဆုံးဖြတ်ချက်မြန်ကြပါတယ်။ တစ်ခါတစ်ရံမှာတော့ သူတို့ဟာ စိတ်ကျတတ်ပြီး စိတ်တိုတတ်ပါတယ်။ စိတ်ကစဉ့်ကလျားရောဂါ စိတ်ကစဉ့်ကလျားရောဂါ ရှိတဲ့ ကလေးတွေဟာ လူတွေပေါ် ယုံကြည်မှုကင်းမဲ့ပြီး ပတ်ဝန်းကျင်ကို သံသယများတတ်ပါတယ်။ သူတို့ရဲ့ ဒေါသဟာ ကြောက်စိတ်ကြောင့် ဖြစ်လာတာ ဖြစ်ပါတယ်။ အပြုအမူဆိုင်ရာ ပြဿနာ စိတ်တိုခြင်းဟာ ဒီရောဂါရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ အပြုအမူဆိုင်ရာ ပြဿနာ ရှိတဲ့ […]


ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

အာရုံမစူးစိုက်နိုင်သော ADHD ရောဂါကို တိုးတက်စေသော ငါးကြီးဆီအစွမ်း

ADHD ဆိုတာဘာလဲ။ Attention deficit hyperactivity disorder လို့ခေါ်တဲ့ ADHD ရောဂါဟာ အာရုံကြောနှင့် အပြုအမူပိုင်းဆိုင်ရာ မူမမှန်မှု တစ်ခုဖြစ်ပြီး အာရုံမစူးစိုက်နိုင်ခြင်း၊ စိတ်မရှည်ခြင်းနဲ့ တက်ကြွမှုလွန်ကဲနေခြင်း စတာတွေ လိုတာထက်ပိုပြီးဖြစ်နေတာကို ကြည့်ပြီး ဒီရောဂါလို့ သတ်မှတ်ကြပါတယ်။ ဒါ့အပြင် ဒီလက္ခဏာတွေဟာ လူနာရဲ့ သင်ယူမှု၊ ဖွံ့ဖြိုးမှု နဲ့ လူမှုဘဝတွေကိုလည်း အကျိုးသက်ရောက်နိုင်စေပါတယ်။ ဒီလက္ခဏာတွေဟာ အချိန်ကြာလာတာနဲ့အမျှ တိုးတက်လာနိုင်ပေမယ့် အခြေအနေအများစုမှာတော့ ADHD ရောဂါရှင်လို့ သတ်မှတ်ခံထားရသူတွေဟာ ဒီပြဿနာကို အရွယ်ရောက်သည်ထိ ခံစားရလေ့ရှိပါတယ်။ ကုသမှုမခံယူထားတဲ့ ADHDဟာ လူတစ်ယောက်ရဲ့ ကျန်းမာရေးကိုတော့ မထိခိုက်နိုင်ပေမယ့် လူနာရဲ့ဘဝမှာတော့ သူတို့ရဲ့ အခြေခံလုပ်ငန်းဆောင်တာတွေ နဲ့ အရေးကြီးတဲ့အလုပ်တွေကို မလုပ်ဆောင်နိုင်တာကြောင့် အမျိုးမျိုးသော အခက်အခဲတွေကိုတွေ့ကြုံစေပါတယ်။ ADHD လူနာတွေဟာ ထိခိုက်ဒဏ်ရာရရှိမှုတွေ၊ စိတ်ကျရောဂါ၊ ပူပင်သောက၊ အထီးကျန်ဆန်လွန်းခြင်းတွေ၊ တစ်ဦးတည်းသီးသန့်ဆန်လွန်းခြင်းတွေ […]


ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

အနိုင်ကျင့်ခံခဲ့ရသော ကလေးများသည် နောင်တွင်စိတ်ဝေဒနာခံစားရနိုင်သည်

ကလေးဘဝမှာ အနိုင်ကျင့်ခြင်းဟာ အနိုင်ကျင့်သူ ဖြစ်စေ၊ အနိုင်ကျင့်ခံရသူဖြစ်စေ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ ကိုယ်ပိုင်းဆိုင်ရာ အခြေအနေတွေကို ဆိုးရွားစွာ ထိခိုက်နိုင်ပါတယ်။ ဒီအခြေအနေကို လူကြီးတွေက သူ့ဖာသာ ပျောက်သွားနိုင်တဲ့ ခဏတာသာ ကြာမြင့်ပြီး အရေးမကြီးတဲ့ အချက်တစ်ခုအဖြစ် တွေးထင်ကာ လျစ်လျူရှုထားတတ်ကြပါတယ်။ ကလေးဘဝမှာ အနိုင်ကျင့်ခြင်းဟာ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေပေါ် ကြီးမားတဲ့ သက်တမ်းတစ်လျှောက် သက်ရောက်မှုတွေ ဖြစ်စေနိုင်ပါတယ်။ အတိအကျပြောရရင်တော့ သူတို့ လူကြီးဖြစ်လာတဲ့အချိန်မှာ စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေကို ဖြစ်လာစေနိုင်ပါတယ်။ ကလေးဘဝမှာ အနိုင်ကျင့်ခြင်းဟာ လူကြီးဖြစ်လာချိန်မှာ စိတ်ရောဂါဖြစ်ခြင်းနဲ့ ဆက်စပ်နေပါတယ်။ အနိုင်ကျင့်ခြင်းကြောင့် စိတ်ရောဂါဖြစ်ခြင်းကို လေ့လာနိုင်စေဖို့အတွက် Warwick တက္ကသိုလ် နဲ့ Bristol တက္ကသိုလ်တို့ ပူးပေါင်းပြီး အင်္ဂလန်မှာ ၄၇၀၀ သောပါဝင်သူတွေ ကို မွေးကင်းစ ကစပြီး […]


ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

ကလေးများတွင် အနိုင်ကျင့်ခြင်းသည် ပြဿနာတစ်ခု ဖြစ်လာသည်။ သင့်ကလေးကို ထိုပြဿနာမှ မည်သို့ ကူညီနိုင်ပါမည်လဲ

အမည်ဖျက်၍ ခေါ်ခြင်း၊ ရက်စက်စွာ ခြောက်လှန့်ခြင်း၊ နည်းပညာ အသုံးပြုပြီး အနိုင်ကျင့်ခြင်းနှင့် ကိုယ်ကာယဖြင့် အနိုင်ကျင့်ခြင်းသည် နိုင်ငံတကာတွင် ကလေးများ အကြား ဖြစ်ပေါ်နေသော ပြဿနာဖြစ်သည်။ ထိုသို့ အနိုင်ကျင့်ခံရသော ကလေးများသည် ကိုယ့်ကိုယ်ကို သတ်သေနိုင်ခြေ ၂ ဆမှ ၉ ဆအထိ များကြောင်း ယေးလ် တက္ကသိုလ်က ပြုလုပ်ထားသော သုတေသနများက ဖော်ပြထားသည်။ ထိုအချက်သည် မိဘများအတွက် တပ်လှန့်ပေးလိုက်သော အချက်ပေးမှု ဖြစ်သည်။ အပေါင်းအသင်းမရှိဘဲ တစ်ဦးတည်း သင်းကွဲ ဖြစ်နေခြင်းသည် အများဆုံး ဖြစ်နေသည့်အရာ ဖြစ်သည်ဟု ပြင်သစ်ပညာရှင်တစ်ဦးက ဆိုသည်။ ကလေးများသည် တစ်ဦးနှင့်တစ်ဦး အပြုအမူတူသူများသာ အချင်းချင်း အဆင်ပြေကြသည်။ အနိုင်ကျင့်တတ်သော ကလေးများသည် တခြားကလေးများနှင့် အတူကစားရန် အဆင်မပြေဘဲ သူတို့က အလွန်ပိုကောင်းနေခြင်းနှင့် တန်းတူ မဟုတ်ခြင်းတို့ကို တွေ့ရသည်။ […]


ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

ကလေးမှာမွေးရာပါချို့ယွင်းချက်တွေ ဖြစ်စေနိုင်တဲ့ အကြောင်းရင်းများ

မွေးရာပါချို့ယွင်းချက် ဆိုတာဘာလဲ ကလေးရဲ့မွေးရာပါချို့ယွင်းချက်ဆိုတာ ကလေးလေးမွေးတဲ့အချိန်ထဲကတွေ့ရတဲ့ ခန္ဓါကိုယ်တည်ဆောက်ပုံ (သို့) ခန္ဓါကိုယ်လုပ်ငန်းဆောင်တာတွေမှာ ပုံမှန်မဟုတ်တာဘဲ ချို့ယွင်းနေတာတွေကို ဆိုလိုပါတယ်။ အားလုံးသောချို့ယွင်းချက်တွေက အန္တရယ်ရှိတာ မဟုတ်ပါဘူး။ တချို့က သာမာန်သိပ်မပြင်းထန်တဲ့ အခြေအနေဖြစ်နိုင်ပြီးတချို့ကတော့ ပြင်းထန်ပြီး ဒုက္ခပေးနိုင်တာတွေလည်းရှိပါတယ်။ အဲဒီလို မွေးရာပါ ချို့ယွင်းချက်တွေရှိခြင်းက ကလေးရဲ့ ရုပ်အသွင်အပြင်အတွက်ရော ခန္ဓါကိုယ်အတွင်းအစိတ်အပိုင်းတွေအတွက်ပါ မကောင်းတဲ့သက်ရောက်မှုမျိုးပေးနိုင်တဲ့အတွက် ကလေးရဲ့ ခန္ဓါကိုယ်ကျန်းမာရေးသာမက စိတ်ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပြီးသေလောက်တဲ့ အထိလည်းဖြစ်စေနိုင်ပါတယ်။ ကံမကောင်းခဲ့ရင် အဲဒီလိုကလေးတွေဟာသူတို့ရဲ့ ချို့ယွင်းချက်အခြေအနေပေါ်မူတည်ပြီး အချိန်အကြာကြီး ဆေးကုသမှု ခံယူရတာမျိုးဖြစ်နိုင်ပါတယ်။ အချို့ ချို့ယွင်းချက်တွေကတော့ ဒုက္ခမပေးနိုင်တဲ့အတွက် ကလေးရဲ့ ကိုယ်နဲ့ စိတ်ကျန်းမာရေးက ပုံမှန်အတိုင်းပဲရှိနိုင်ပါတယ်။ သို့ပေမယ့် လက်ရှိအခြေအနေမှာ ဒီလိုမွေးရာပါချို့ယွင်းချက်တွေရှိတာဟာ တစ်နှစ်အောက်ကလေးတွေသေရတဲ့ အဓိကအကြောင်းအရင်း အနေနဲ့ ပါဝင်နေတာကို တွေ့ရပါတယ်။   ဘာတွေက မွေးရာပါချို့ယွင်းချက်တွေကို ဖြစ်စေသလဲ။ ဆရာဝန်တွေအနေနဲ့ တချို့သောမွေးရာပါချို့ယွင်းချက်တွေကို ဖြစ်စေတဲ့ အကြောင်းအရင်းအတိအကျကိုမပြောနိုင်ပါဘူး။ […]


ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

အော်တစ်ဇင်ကလေး ထိန်းသိမ်းစောင့်ရှောက်နည်း လမ်းညွှန်

ကလေးတယောက်ကို ပြုစုရတယ်ဆိုတာ မလွယ်ပါဖူး။ အော်တစ်ဇင်ကလေးကို ပြုစုစောင့်ရှောက်ရတာပိုလို့တောင်မှ ခက်ခဲပါသေးတယ်။ စိုးရိမ်ပူပန်ရတယ်၊ သောကများရတယ်၊ပင်ပန်းစိတ်ဖိစီးရတယ် အစုံပါပဲ။ တကယ်လို့ သင့်မှာ အော်တစ်ဇင်ရင်သွေးလေးရှိတယ်ဆိုရင် ဒီဆောင်းပါးလေးက အထောက်အကူဖြစ်စေဖို့ မျှော်လင့်ပါတယ်။ (၁) အကောင်းမြင်ပါ။ အော်တစ်ဇင်ကလေးငယ်လေးတွေဟာလည်း တခြားလူတွေလိုပဲ အကောင်းမြင်ပြီးဆက်ဆံတာကို သဘောကျပါတယ်။ ကိုယ့်ကလေးရဲ့ အခြေအနေကို အမြဲ အကောင်းဖက်ကပဲတွေးပါ။ သင်ဂရုတစိုက်ပြုစုလေ ကလေးရဲ့ အခြေအနေတိုးတက်လေဆိုတာ စိတ်ထဲမြဲမြဲမှတ်ထားပါ။ ရင်သွေးလေးရဲ့ ချစ်စဖွယ် အပြုအမူ၊အမူအရာလေးတွေကို အမြဲစောင့်ကြည့်ရှာဖွေနေပါ။ တကယ်လို့ သင့်ရင်သွေးလေးဟာ အခြေအနေတိုးတက်လာတယ်၊တခုခုကို အောင်အောင်မြင်မြင် လုပ်လိုက်နိုင်တယ်ဆိုရင် အရုပ်ကလေးပေးတာ၊တခုခု အမှတ်တရဝယ်ပေးတာ၊ချီးမွမ်းတာမျိုးကို အရေးတယူလုပ်ပေးပါ။ တကယ်လို့ ကလေးအနေနဲ့ တခုခု အမှားအယွင်းလုပ်မိတယ်ဆိုရင်လည်း အပြစ်မပေးပါနဲ့။ ဘာကူညီပေးနိုင်မလဲ၊ဘယ်လိုပြုပြင်ပေးနိုင်မလဲ ဆိုတာကိုပဲ အလေးထားပြီး စဉ်းစားပါ။ မေတ္တာသည်သာ အောင်နိုင်ရာဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။ (၂) လူမှုပေါင်းသင်းဆက်ဆံရေးကို သင်ပေးပါ။ သင့်ကလေးမှာ ပေါင်းသင်းဆက်ဆံရေးနဲ့ […]


ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

အော်တစ်ဇင်ကလေးကို စကားပြောဖို့ ဘယ်လိုသင်ပေးကြမလဲ

အော်တစ်ဇင်ဆိုတာဘာလဲ။ အော်တစ်ဇင်(Autism Spectrum Disorder လို့လည်းခေါ်ကြတယ်)ဆိုတာ ပြင်းထန်ဆိုးရွားတဲ့ဦးနှောက်နဲ့အာရုံကြောဆိုင်ရာရောဂါတမျိုးဖြစ်ပါတယ်။ ဒီရောဂါဟာဝေဒနာရှင်ကလေးရဲ့တခြားလူတွေနဲ့ပြောဆိုပေါင်းသင်းဆက်ဆံနိုင်စွမ်းကိုအဓိကထိခိုက်စေပါတယ်။ အရာတခုခုဒါမှမဟုတ်စိတ်ဝင်စားရာတခုခုကိုတချိန်လုံးထပ်ခါတလဲလဲလုပ်နေတတ်တဲ့အမူအကျင့်ဟာလည်းဒီရောဂါရဲ့လက္ခဏာတခုပဲ ဖြစ်ပါတယ်။ ဒါကြောင့်ဒီရောဂါဟာပေါင်းသင်းဆက်ဆံရေး၊ပညာရေးနဲ့နေ့စဉ်နေထိုင်သွားလာမှုတွေကိုဆိုးဆိုးရွားရွားကိုထိခိုက်စေတာပါ။   ကိုယ့်ကလေးမှာအော်တစ်ဇင်ရောဂါဖြစ်နေပြီဆိုတာဘယ်လိုသိနိုင်မလဲ။ အောက်မှာပြောပြထားတဲ့အချက်တွေကိုသတိထားမိပြီဆိုရင်ကလေးကိုဆရာဝန်ဆီခေါ်သွားပါ။ အသက်၆လမှာမပြုံးမရယ်တာ၊အရယ်အပြုံးကိုမတုန့်ပြန်တာ။ အသက်၉လမှာပတ်ဝန်းကျင်ကကြားရတဲ့အသံလေးတွေကိုလိုက်မတုပတာ၊ဘာမျက်နှာအမူအရာမှမဖော်ပြတာ။ အသက်၁၂လမှာဘာသံမှမပြုနိုင်သေးတာ။ အသက်၁၄လမှာလက်ဟန်ခြေဟန် (လက်ညှိုးထိုးတာ၊လက်ဝှေ့ယမ်းတာမျိုး) မလုပ်ပြနိုင်တာ။ အသက်၁၆လမှာစကားတလုံးတောင်စမပြောနိုင်သေးတာ။ အသက်၁၈လမှာတခုခုလုပ်တမ်းမဆော့တတ်တာ (ဥပမာ။ ကျားကြီးလုပ်မယ်၊သားသားလေးကဆင်ကြီးဖြစ်သွားပြီစသဖြင့်ပေါ့)။ အသက်၂၄လမှာစကားစုနှစ်စုမပြောနိုင်တာ။ အရင်ကတတ်ပြီးသားစကားတွေ၊လုပ်တတ်ပြီးသားအရာတွေ (ဘယ်အချိန်မှာမဆို)ပျောက်ကုန်တာ။   အော်တစ်ဇင်ကလေးတွေစကားပြောတတ်လာအောင်ဘယ်လိုကူညီပေးမလဲ။ အသုံးဝင်တဲ့နည်းစနစ်လေးတွေအောက်ပါဖော်ပြထားပါတယ်။ ကလေးတွေဟာကစားရင်းနဲ့သင်ယူတာဖြစ်တာမို့ကစားနည်းလေးတွေများများဆော့ပေးပါ။ တခြားကလေးတွေနဲ့ပေါင်းသင်းဆက်ဆံခိုင်းပါ။ စကားသင်တဲ့အခါမှာလည်းဒီသဘောအတိုင်းပဲဖြစ်ပါတယ်။ အပြန်အလှန်ကစားရတဲ့ဂိမ်းကစားနည်းလေးတွေဟာသင်နဲ့သင့်ရင်သွေးလေးတို့အပြန်အလှန်နီးနီးကပ်ကပ်ဆက်ဆံနိုင်မယ့်အခွင့်အလမ်းကောင်းတခုဖြစ်ပါတယ်။ ကလေးသဘောကျနှစ်ခြိုက်တဲ့ကစားနည်းမရောက်မချင်းတမျိုးပြီးတမျိုးပြောင်းကစားပါ။ ပေါင်းသင်းဆက်ဆံရေးကိုတိုးတက်မြင့်မားစေတဲ့ကစားနည်းလေးတွေကိုလည်းရှာဖွေကစားပေးပါ။   သင့်ကလေးရဲ့အသံနဲ့ကစားတဲ့ဟန်အမူအရာလေးတွေကိုတုပပြီးလုပ်ပြပါ။ ဒီလိုလုပ်ခြင်းဟာသင့်ကလေးနဲ့ဆက်ဆံရာမှာအထောက်အကူဖြစ်စေသလိုသူလေးကလည်းတပြန်တလှည့်သင့်ကို ပြန်ပြီးအတုခိုးပြပါလိမ့်မယ်။ ဒါပေမယ့်ဒီနေရာမှာတခုသတိထားရမှာကကလေးရဲ့မကောင်းတဲ့အမူအရာဟန်ပန်တွေ၊ဖျက်လို့ဖျက်ဆီးလုပ်တာတွေကိုတော့အားပေးအားမြှောက်နဲ့တုပမပြမိဖို့ပဲ ဖြစ်ပါတယ်။   =သင့်ကလေးကိုစကားများများပြောဖို့အခွင့်အလမ်းလေးတွေဖန်တီးပေးပါ။ သင့်ကလေးကတော်တော်နဲ့စကားမပြောနိုင်တဲ့အခါသင့်အနေနဲ့အားမလိုအားမရဖြစ်ပြီးထောက်ပေးဖို့ကြိုးစားမိပါလိမ့်မယ်။ ဒီလိုမလုပ်ပါနဲ့။ ကလေးကစကားပြန်မပြောသည့်တိုင်သူလေးကိုတတ်နိုင်သမျှစကားပြောနိုင်ဖို့အခြေအနေလေးတွေကို ပြုလုပ်ပေးပါ။ တကယ်လို့သင်ကကလေးကိုမေးခွန်းတခုမေးချင်တဲ့အခါမျိုးဒါမှမဟုတ်ကလေးကသင့်ကိုတခုခုပြောပြဖို့ကြိုးစားနေတယ်လို့သတိထားမိတဲ့အခါမျိုးတွေမှာသူလေးရဲ့မျက်နှာကိုကြည့်ပြီး ငြိမ်ငြိမ်လေးနေကာစောင့်ကြည့်ပြီးကလေးကိုစကားပြောဖို့အခွင့်အရေးပေးပါ။ အသံလေးထွက်လာတာဒါမှမဟုတ်အမူအရာတခုခုပြတာမျိုးကိုအသေအချာစောင့်ကြည့်ပြီးချက်ချင်းတုန့်ပြန်ပေးပါ။   လွယ်လွယ်နဲ့ရိုးရိုးရှင်းရှင်းပြောပါ။ ရိုးရှင်းပြီးလွယ်ကူတဲ့စကားလုံးလေးတွေရွေးချယ်ပြီးသုံးမယ်ဆိုရင်ကလေးငယ်အနေနဲ့သင်ဘာပြောလဲဆိုတာကိုပိုပြီးလွယ်လွယ်ကူကူနားလည်နိုင်စေမှာပါ။ ဒီလိုဆိုတော့သူတို့အတုခိုးပြီး ပြန်ပြောရင်လည်းပြောရလွယ်သွားမယ်လေ။ သင့်ကလေးဟာစကားလုံးဝမပြောဖူးဆိုရင်တော့စကားလုံးတလုံးထဲနဲ့ကလေးကိုဆက်သွယ်ပြောဆိုပါ (ဥပမာ။ ဘောလုံးနဲ့ဆော့နေတဲ့အချိန်ဆို "ကန်" "ဖမ်း" စသဖြင့်ပေါ့)။ စကားလုံးတလုံးထဲနဲ့စတင်ပြီးသင့်ကလေးစကားပြောလာပြီဆိုရင်တော့နောက်ထပ်တလုံးဆီတက်တက်ပြီးသင်ပေး၊ပြောပေးသွားဖို့အရေးကြီးပါတယ်။ အဆင့်မကျော်ပါစေနဲ့။   Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။


ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

အော်တစ်ဇင်ကလေးကို ပေါင်းသင်းဆက်ဆံရေးနဲ့ပတ်သက်ပြီး ဘယ်လိုအကူအညီပေးမလဲ

အော်တစ်ဇင်ဝေဒနာရှင်ကလေးတွေဟာတခြားလူတွေနဲ့ဆက်ဆံပြောဆိုဖို့အရမ်းကိုခက်ခဲပါတယ်။ အော်တစ်ဇင်ကိုအရှင်းပျောက်သွားအောင်မကုသပေးနိုင်ပေမယ့်သူတို့လေးတွေရဲ့ပေါင်းသင်းဆက်ဆံရေးပိုပြီးလွယ်ကူအဆင်ပြေလာအောင်တော့ကူညီပေးလို့ရနိုင်ပါတယ်။ တကယ်လို့သင့်မှာအော်တစ်ဇင်ကလေးရှိတယ်ဆိုရင်ဒါမှမဟုတ်ဒီကိစ္စကိုစိတ်ဝင်စားတယ်ဆိုရင်အခုဆောင်းပါးလေးကိုဖတ်ကြည့်သင့်ပါတယ်။ အော်တစ်ဇင်ကလေးတွေမှာကြုံတွေ့ရလေ့ရှိတဲ့ပေါင်းသင်းဆက်ဆံရေးဆိုင်ရာ ပြဿနာတွေကဘာတွေလဲ။ အော်တစ်ဇင်ကလေးတွေဟာသူတို့ရဲ့ကိုယ်ပိုင်ကမ္ဘာလေးထဲမှာပဲနေလေ့ရှိပြီးတခြားသူတွေနဲ့ဆက်သွယ်နိုင်လေ့မရှိပါဖူး။ သူတို့ဟာဘာသာစကားနဲ့ပေါင်းသင်းဆက်ဆံရေးဆိုင်ရာ ပြဿနာတွေကိုရင်ဆိုင်ရလေ့ရှိပါတယ်။ တခြားသူတွေသူတို့ကိုဘာပြောတယ်ဆိုတာသူတို့နားမလည်သလိုသူတို့လေးတွေရဲ့စိတ်ထဲမှာရှိတာတွေကိုလည်းတခြားသူတွေနားလည်အောင်ပြောပြနိုင်စွမ်းမရှိကြပါဖူး။ ဒါ့အပြင်ခြေဟန်လက်ဟန်အမူအရာ၊မျက်လုံးချင်းဆုံတာ၊မျက်နှာအမူအရာစတဲ့ body language(ကိုယ်ဟန်အမူအရာနဲ့ဆက်သွယ်တာ) နဲ့ဆက်သွယ်နိုင်ခြင်းလည်းမရှိပါဖူး။body language ဆိုတာဘာမှန်းတောင်သူတို့လေးတွေနားလည်ဟန်မတူပါဖူး။ ဒါပေမယ့်အော်တစ်ဇင်ကလေးတွေအားလုံးကတော့ဒီလိုမျိုးပေါင်းသင်းဆက်ဆံရေးပြဿနာတွေရှိတာမဟုတ်ပါဖူး။ ပေါင်းသင်းဆက်သွယ်နိုင်စွမ်းမှာအော်တစ်ဇင်ဝေဒနာရှင်ကလေးတွေအနေနဲ့တယောက်နဲ့တယောက်ကွာခြားမှုတွေရှိနေပါတယ်။ တချို့ကလေးတွေဟာနည်းနည်းစကားပြောနိုင်၊နားလည်နိုင်စွမ်းရှိပါတယ်။ တချို့တွေကျပြန်တော့စကားပြောတာ (စာလုံးတွေကိုအသံထွက်ဖတ်တာမျိုး) မလုပ်နိုင်ပါဖူး။ တချို့ကလေးတွေကသူတို့ခံစားရတာ၊ပြောချင်တာကိုထုတ်ပြောနိုင်စွမ်းမရှိသလိုတချို့များဆိုရင်ပညာရပ်ဆိုင်ရာ၊ဘာသာရပ်ဆိုင်ရာတွေကိုတကယ့်ပညာရှင်ကြီးတယောက်လိုပြောတတ်နေပြန်ရော။ အော်တစ်ဇင်ကလေးတွေရင်ဆိုင်ရလေ့ရှိတဲ့ ပြဿနာတွေ ထပ်ခါတလဲလဲပြောတာ အော်တစ်ဇင်ကလေးတွေဟာသူတို့တီဗီမှာကြားလိုက်ရတဲ့စကားလုံးကိုပဲဖြစ်ဖြစ်၊တယောက်ယောက်ဆီကကြားလိုက်ရတာကိုပဲဖြစ်ဖြစ်ထပ်ခါတလဲလဲရေရွတ်နေလေ့ရှိပါတယ်။ သူတို့ထပ်ခါတလဲလဲပြောနေတဲ့စကားတွေဟာအဓိပ္ပါယ်ရှိချင်မှလည်းရှိမယ်၊ဒါမှမဟုတ်ပြောနေတဲ့စကားနဲ့မဆိုင်ဘဲထင်ရာတွေပြောနေတာလည်းဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ သင်ကမေးခွန်းမေးလိုက်ရင်လည်းအော်တစ်ဇင်ကလေးဟာအဖြေအဖြစ်သင့်ကိုအဲ့ဒီမေးခွန်းပဲ ပြန်ရွတ်ပြကောင်းရွတ်ပြပါလိမ့်မယ် (မခက်လား)။ သူတို့စကားပြောရင်အသံကထူးခြားကောင်းထူးခြားနေလိမ့်မယ်။ ပြီးတော့သူတို့ရဲ့နာမည်ကိုအရင်မိတ်ဆတ်ပြီးစကားစပြောကောင်းပြောပါလိမ့်မယ်။ တခြားလူနဲ့စကားပြောရခက်တာ အော်တစ်ဇင်ကလေးတွေဟာပုံဆွဲတာ၊ဂဏန်းတွေရေတွက်တာစတဲ့ကိစ္စတွေမှာထူးချွန်ကောင်းထူးချွန်နေပါလိမ့်မယ်။ သူတို့စိတ်ဝင်စားတဲ့အကြောင်းကိုတယောက်ထဲတနေကုန်ထိုင်ပြောနိုင်ပေမယ့်တခြားလူတယောက်နဲ့စကားအပြန်အလှန်ပြောရတော့မယ်ဆိုရင်ဘယ်လိုမှပြောမထွက်တော့ပါဖူး။ ဘာသာစကားလေ့လာတတ်မြောက်မှုမူမမှန်တာ ဘာသာစကားနဲ့ပတ်သက်လို့အော်တစ်ဇင်ကလေးဟာလည်းတတ်မြောက်နိုင်စွမ်းရှိပါတယ်။ ဒါပေမယ့်သူတို့အသက်ကြီးလာတာနဲ့အမျှတတ်မြောက်မှုဟာမူမမှန်ဖြစ်လာပါလိမ့်မယ်။ဥပမာပြောရရင်တချို့အော်တစ်ဇင်ကလေးတွေဟာအသက်ငါးနှစ်လောက်ကတည်းကသတင်းစာတွေစာအုပ်တွေကိုဖတ်နိုင်ပါတယ်။ ပြဿနာကသူတို့ဖတ်လိုက်တဲ့စာတွေကဘာအဓိပ္ပါယ်တွေကိုဆိုလိုတယ်ဆိုတာသူတို့နားမလည်နိုင်ပါဖူး(ထူးဆန်းပါတယ်)။ တချို့ဝေဒနာရှင်လေးတွေကျပြန်တော့လည်းသူတို့နာမည်ကိုခေါ်ရင် ပြန်မထူးပါဖူး(ဘာမှမတုန့်ပြန်ပါဖူး)။ ဘယ်လိုဆက်သွယ်ရေးနည်းကိုမှအသုံးမပြုနိုင်တာ အော်တစ်ဇင်ကလေးတွေဟာသူတို့ရဲ့ခံစားမှုဒါမှမဟုတ်တခုခုလိုချင်တာဖြစ်ချင်တာကိုမျက်နှာအမူအရာတွေကနေတဆင့် ပြနိုင်စွမ်းလည်းမရှိကြရှာပါဖူး။ လူတယောက်နဲ့စကားပြောတဲ့အခါမှာမျက်စိချင်းဆုံပြီးမပြောတတ်သလိုသူတို့စိတ်မဝင်စားတဲ့အရာတွေဆိုရင်လည်းလုံးဝမကြည့်ပါဖူး။ သူတို့လေးတွေကိုဘယ်လိုများကူညီနိုင်မလဲ။ တခြားကလေးတွေနဲ့မတူနိုင်ဖူးဆိုပေမယ့်သူတို့လေးတွေကိုလည်းပေါင်းသင်းဆက်ဆံရေး၊တဦးနဲ့တဦးဆက်သွယ်ရေးတွေမှာအဆင်ပြေလာစေဖို့စိတ်ရှည်ရှည်နဲ့ကူညီပေးနိုင်ပါတယ်။ စာကြောင်းအတိုလေးတွေနဲ့စပါ။ အော်တစ်ဇင်ကလေးကိုရှုပ်ထွေးရှည်လျားတဲ့စကားအရှည်ကြီးတွေသွားမပြောပါနဲ့။ သူတို့နားလည်နိုင်မှာမဟုတ်ပါဖူး။ တဖြည်းဖြည်းအခြေအနေတိုးတက်လာပြီဆိုတော့မှစကားလုံးလေးတွေထပ်ထပ်ထည့်ပြီးနည်းနည်းရှည်တဲ့စာကြောင်းလေးတွေကိုပြောပါ။ ကလေးတွေပြောတဲ့စကားလုံးလေးတွေနဲ့ပြောပါ(မန်မန်း၊အော်အော့ကြီးစသဖြင့်ပေါ့)။ ဒီလိုစကားလေးတွေဟာကလေးတွေအတွက်ရင်းနှီးနွေးထွေးမှုကိုပိုခံစားရစေပါတယ်။=အော်တစ်ဇင်ကလေးနဲ့စကားပြောတာကိုယ်ကပါအသံသေကြီးနဲ့ပြောမနေပါနဲ့။ အသံကိုအနိမ့်အမြင့်အဖိအဖော့စသဖြင့်ကလေးစိတ်ဝင်စားအောင်ပြောပါ။ ကလေးလေးတွေကိုမေးခွန်းတွေမေးပါ။ သူတို့ပြန်ဖြေပါစေ။ စကားပြောရင်မျက်စိတည့်တည့်ကိုကြည့်ပြီးပြောဖို့မျက်နှာအမူအရာနဲ့ပြောတတ်ဖို့ကိုတတ်နိုင်သမျှသင်ပေးပါ။ သူတို့စိတ်ဝင်စားမယ်ထင်တာလေးတွေ(လည်နေတာလေးတွေ-ဥပမာဒီခေတ်ဆိုရင် fidget spinner လိုမျိုးပေါ့)ကိုကြည့်ခိုင်းပါ။ အော်တစ်ဇင်ကလေးတွေမှာ ဖြစ်တတ်တဲ့ပေါင်းသင်းဆက်သွယ်ရေးဆိုင်ရာပြဿနာတွေကြောင့်ကလေးတွေဟာဘာသာစကားအသုံးပြုရာမှာ၊တခြားသူတွေပြောတာကိုနားလည်ဖို့ကြိုးစားတဲ့နေရာမှာဒါမှမဟုတ်အကြည့်ချင်းဆုံပြီးစကားပြောဖို့ကြိုးစားရာမှာနဲ့မျက်နှာအမူအရာပြဖို့ကြိုးစားရာမှာအခက်အခဲတွေအများကြီးရင်ဆိုင်ကြရရှာပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်သင့်အနေနဲ့အော်တစ်ဇင်ကလေးတွေကိုနားလည်ပေးမှုအပြည့်နဲ့ကူညီပေးမယ်ဆိုရင်ကလေးတွေရဲ့ပေါင်းသင်းဆက်သွယ်နိုင်စွမ်းတိုးတက်လာမှာပါ။ တခြားပုံမှန်ကလေးတွေလိုတော့မဟုတ်ဖူးပေါ့။   Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း