ကလေးကျန်းမာရေး

ကလေးလေး ကျန်းမာဖို့ဆိုတာ မိဘတွေအတွက် အရေးကြီးဆုံး ဆန္ဒပါ။ ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါလက္ခဏာတွေကနေ ပိုးဝင်ကူးစက်တာတွေအထိ သင့်ကလေးကျန်းမာရေးအတွက် လိုအပ်တဲ့ ဗဟုသုတအားလုံးကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးကျန်းမာရေး

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးကျန်းမာရေး ကို ရှာဖွေမည်။

ကလေးအစာခြေစနစ်ပြဿနာများ

ကလေးအစာခြေစနစ်မှာ အကျိုးပြုဘက်တီးရီးယားတွေရဲ့ ကဏ္ဍ

ခန္ဓါကိုယ်ကျန်းမာဖို့လေရှုရမယ်၊ရေသောက်ရမယ်၊ အစာအာဟာရြပည့်ဝမျှတအောင်စားသုံးရမယ်၊ပြည့်ဝတဲ့ အိပ်စက်ချိန်ထားရမယ်ဆိုငြင်းမလား။ ဒီအခြေအနေတွေမျှမှ ခန္ဓါကိုယ်ကျန်းမာမှာပါ။ ဒါတွေအပြင်နောက်တစ်ခုမေ့ထားလို့မဖြစ်တာက အစာခြေစနစ်ကျန်းမာဖို့ပါ။ အစာခြေစနစ်ကျန်းမာဖို့အရေးပါတဲ့ ဇာတ်လိုက်လေးတွေရှိပါတယ်။ ဒါကတော့ အစာခြေစနစ်ကို ကျန်းမာစေတဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေဖြစ်ကြတဲ့ (Probiotics)တွေပါ။ သူတို့ကို အားဖြည့်ပေးမယ့် အာဟာရဓါတ်ကိုတော့ Prebiotics လို့ခေါ်ပါတယ်။ ဒီနှစ်ခုအကြောင်းနဲ့ ဒီဆောင်းပါးလေးထဲမှာ ကလေးတွေရဲ့ အစာခြေစနစ်ကျန်းမာဖို့ ဘာတွေလိုအပ်သလဲဆိုတာကိုပြောပြပေးပါရစေ။ Probiotics ( အကျိုးပြုဘက်တီးရီးယား) အစာခြေစနစ်အတွင်းက အကျိုးပြုဘက်တီးရီးယားလေးတွေပေါ့။ အစာခြေစနစ်ကျန်းမာအောင်အထောက်အကူပြုပေးတာပါ။ ဒိန်ချဉ်၊ ကင်မ်ချီနဲ့ မီဆိုဟင်းရည်လိုမျိုး အစားအစာတွေမှာပါဝင်နေတတ်ကြပါတယ်။ အစာအိမ်နဲ့ အူနံရံတွေက အာဟာရတွေကို စုပ်ယူမှုကောင်းအောင်လုပ်ဆောင်ပေးပါတယ်။ ဒါကြောင့် အစာခြေစနစ်ကျန်းမာပြီး ကလေးကြီးထွားဖွံ့ဖြိုးဖို့ဆိုရင် ကလေးရဲ့နေ့စဉ်စားသောက်တဲ့အစားအစာတွေထဲမှာ အကျိုးပြုဘက်တီးရီးယားလေးတွေရရှိစေမယ့် အစားအသောက်တွေကိုပြင်ဆင်ပေးဖို့လိုပါမယ်။ Prebiotics ( အကျိုးပြုဘက်တီးရီးယားအာဟာရ) Probioticခေါ်တဲ့ အကျိုးပြုအဏုဇီဝပိုးမွှားလေးတွေ ရှင်သန်ကြီးထွားဖို့အတွက်ဆိုရင် Prebiotic လို့ခေါ်တဲ့ အကျိုးပြုဘက်တီးရီးယားအာဟာရဓါတ်ကိုပြည့်ဝစွာရရှိဖို့လိုအပ်မှာပါ။ ဒီဓါတ်က အမျှင်ဓါတ်တစ်မျိုးဖြစ်ပြီး အူတွင်းကအကျိုးပြုဘက်တီးရီးယားတွေအတွက် အာဟာရထောက်ပံ့ပေးပါတယ်။ ငှက်ပျောသီး၊ ကြက်သွန်နီ၊ကြက်သွန်ဖြူ၊ […]


ကလေးအာဟာရချို့တဲ့ခြင်း

ဗီတာမင် K ချို့တဲ့ရင် ကလေးတွေမှာဘာဖြစ်လာမလဲ

ဗီတာမင် K ဗီတာမင် K ဆိုတာက ခန္ဓါကိုယ်တွင်းထဲမှာရှိတဲ့ ဓါတ်တစ်မျိုးပါ။သွေးတိတ်စေဖို့အထောက်အပံ့ပေးပါတယ်။ အူတွေက စားသုံးလိုက်တဲ့အစားအစာတွေကိုဖြိုခွဲပေးပြီး ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ဗီတာမင် K ကို ထုတ်လုပ်ပေးတာပါ။ ဗီတာမင် K က ကလေးတွေအတွက်အရေးပါလား ဗီတာမင် K က ကလေးတွေအတွက်မှ မဟုတ်ပါဘူး။ အရွယ် သုံးပါးစလုံးအတွက်အရေးပါတာပါ။ ကလေးတွေကမွေးစမှာ ကိုယ်တွင်းမှာ ဗီတာမင် K ဓါတ်ပါလာတယ်ဆိုပေမယ့်တော်တော်လေးနည်းပါတယ်။ အူနံရံတွေက စားသုံးလိုက်တဲ့အစားအစာတွေကိုချေဖျက်မှုကနေ ဗီတာမင် K ကို ထုတ်ပေးနိုင်တယ်ဆိုပေမယ့်မွေးစအရွယ် ကလေးတွေမှာ အူတွင်းအကျိုးပြုဘက်တီးရီးယားအရေအတွက် ကတော်တော်လေးနည်းတာကြောင့် ဗီတာမင် K ကိုလုံလုံလောက်လောက်မထုတ်ပေးနိုင်ပါဘူး။ အရွယ်လေးရလာတာနဲ့အမျှတော့ ကလေးရဲ့ခန္ဓါကိုယ်က ဗီတာမင် K ကိုပိုပြီးထုတ်ပေးလာနိုင်မှာပါ။ ဒီလိုအချိန်မှာ ကလေးတွေအနေနဲ့ ဗီတာမင် Kကို ရရှိနိုင်မယ့် တစ်ခုတည်းသောအရင်းအမြစ်က မိခင်နို့ပါ။ ဒါပေမယ့်လည်း အများကြီးတော့မဟုတ်ပါဘူး။ရောဂါတွေကို ကာကွယ်နိုင်ရုံလောက်တော့ရနိုင်ပါတယ်။ ဗီတာမင် K ချို့တဲ့ရင် […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးတွေလည်း ဆီးချိုသွေးချိုအန္တရာယ် ရှိနေနိုင်တယ်နော်

ဆီးချိုသွေးချိုဆိုတာ လူကြီးတွေမှာ(အထူးသဖြင့် သက်ကြီးပိုင်းတွေ) မှာပဲဖြစ်တတ်တဲ့ရောဂါတစ်ခုလို့ ထင်ကြပါတယ်။ ခုခေတ် ဟိုမှာဒီမှာ ကြားရလွန်းလှတဲ့ ဆီးချိုရောဂါဆိုတာ တကယ်တော့ အရွယ်သုံးပါးမရွေးပါဘူးနော်။ သက်ကြီးပိုင်းတင်မကဘူး၊ လူငယ်၊လူလတ်မကျန် ကလေးပေါက်စလေးမှာလည်း ဆီးချိုအန္တရာယ်ရှိနိုင်ပါတယ်။ ဆီးချိုသွေးချိုရောဂါနှစ်မျိုးထဲမှာ မွေးရာပါဖြစ်တဲ့ အမျိုးအစား ၁ အန္တရာယ်အတွက်တော့ ကြိုတားဆီးလို့မရနိုင်ပေမယ့် အကြောင်းရင်းခံတချို့ကြောင့်နောက်ပိုင်းမှဖြစ်လာနိုင်တဲ့ အမျိုးအစား ၂ အတွက်တော့ ကြိုတင်ကာကွယ်လို့ရပါတယ်။ပြဿနာက အမျိုးအစား ၂ ရဲ့လက္ခဏာကို မသိလိုက်တာမျိုးရှိတတ်တာပါပဲ။ အများစုကရောဂါတဖြည်းဖြည်းအဆင့်တက်လာတာကို မသိလိုက်ဘဲ လက္ခဏာလည်း သိပ်မတွေ့ရတတ်ပါဘူး။ ဒါ့ကြောင့် ကိုယ့်ကလေးမှာ ဆီးချိုအန္တရာယ်ရှိမရှိကို သိနိုင်ဖို့ ဒီလက္ခဏာ (၆) ခုကို အဓိကသတိထားကြည့်သင့်ပါတယ်။ ကလေးက - (၁) ပုံမှန်ထက်ပိုပြီးမောပန်းအားကုန်လွယ်သလား ကလေးတွေကစားနေကျအတိုင်းနည်းနည်းပြေးလွှားဆော့လိုက်ရုံနဲ့ ကိုယ့်ကလေးက ပုံမှန်ထက် ပိုမောနေလား၊ နုံးချိပြီးခွေသွားရောပဲလား သတိထားကြည့်ပါနော်။ ကလေးပုံစံက ပုံမှန်ထက် တအားပိုပင်ပန်းနေပြီး အိပ်ချင်နေပုံရတယ်ဆိုရင်သွေးတွင်းသကြားဓါတ်အပြောင်းအလဲကြောင့် အားကုန်နွမ်းနယ်နေတာဖြစ်နိုင်ပါတယ်။ (၂) ခဏခဏ ဆီးသွားနေလား သွေးထဲမှာရှိတဲ့ […]


ကလေးအာဟာရချို့တဲ့ခြင်း

ကလေးတွေမှာ တွေ့ရတတ်တဲ့ အာဟာရဓာတ်ချို့တဲ့မှု ပြဿနာ

လူတွေရဲ့ တစ်နေ့တာမှာ လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေ၊ အာဟာရဓာတ်တွေ ရရှိမှ ကိုယ်ခန္ဓာက ကောင်းစွာ ဖွံ့ဖြိုးကြီးထွားပြီး သာမန်လူတွေထက် ကိုယ်ခံအားရော ကျန်းမာရေးပါ ပိုကောင်းမှာပါ။ ကလေးတွေ အရိုးသန်မာဖို့၊ ကိုယ်ခန္ဓာကြီးထွားဖို့၊ ကျန်းမာရေးကောင်းဖို့၊ ရောဂါတွေကို တိုက်ထုတ်ပေးနိုင်ဖို့နဲ့ ကိုယ်တွင်းအင်္ဂါတွေ ကောင်းစွာ အလုပ်လုပ်နိုင်စေဖို့ ဗီတာမင်နဲ့ အာဟာရဓာတ်က အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ မဖွံ့ဖြိုးသေးတဲ့ နိုင်ငံအချို့မှာ ရှိတဲ့ ကလေးတွေဟာ နေ့စဉ် လုံလောက်တဲ့ အစာအာဟာရတွေ မရရှိကြပါဘူး။ ဒီလိုကလေးတွေဟာ ကြီးပြင်းလာတဲ့အခါမှာ ကိုယ်လက်အင်္ဂါမသန်မစွမ်းဖြစ်တာ၊ ကျန်းမာရေးချူချာတာ၊ အလွယ်တကူ ဖျားနိုင်တာ၊ ကိုယ်ခံအားနည်းတာအပြင် တခြားသော ဘေးဒုက္ခတွေကိုပါ ကြုံတွေ့လာနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေအတွက် အရေးပါတဲ့ ဗီတာမင်နဲ့ အာဟာရဓာတ်အကြောင်း၊ ပြင်ဆင်ပြောင်းလဲသင့်တဲ့ နေထိုင်စားသောက်မှုပုံစံတွေကို ဗဟုသုတအနေနဲ့ ဝေမျှပေးချင်ပါတယ်။ ကလေးတွေအတွက် အရေးပါတဲ့ ဗီတာမင်နဲ့ […]


ကလေးတို့အတွက်ကာကွယ်ဆေးများ

HPV က သင့်ရဲ့ကလေးတွေကိုဘယ်လို ထိခိုက်စေနိုင်သလဲ၊ ဘယ်လိုကာကွယ်နိုင်မလဲ

Human Papillomavirus (HPV)ဆိုတာ Human Papillomavirus (HPV)ဆိုတာက လိင်ဆက်ဆံမှုကနေတဆင့် အများဆုံးကူးစက်တဲ့ ရောဂါတစ်မျိုးပါ။ HPVဗိုင်းရပ်စ်ကူးစက်ခံရတာကြောင့် လိင်အင်္ဂါတဝိုက်မှ ကြွက်နို့တွေ ဖြစ်လာနိုင်ပါတယ်။ သားအိမ်ခေါင်းကင်ဆာ၊ လိင်တံကင်ဆာ၊ လည်ချောင်းကင်ဆာနဲ့ လျှာကင်ဆာလိုမျိုး ရောဂါတွေဖြစ်နိုင်ပါတယ်။ HPVဗိုင်းရပ်စ်ကူးစက်ခံရတဲ့အခါ ကင်ဆာမဖြစ်ရင်တောင်မှ လူမှု့ဘဝနေထိုင်မှုကို ထိခိုက်စေနိုင်တဲ့ လိင်အင်္ဂါတဝိုက် ကြွက်နို့တွေဖြစ်တာကို ဖြစ်စေနိုင်ပါတယ်။ HPVဗိုင်းရပ်စ်က လိင်ဆက်ဆံမှုကနေတဆင့် ကူးစက်နိုင်ပြီး တော်တော်များများက ဒီဝေဒနာကို အရွယ်ရောက်ပြီးသူတွေလောက်ပဲ စိုးရိမ်ဖို့လိုအပ်တယ်လို့ ယူဆနေကြပါတယ်။ ဒီအယူအဆက အပြည့်အဝမမှန်ပါဘူး။ ဘာကြောင့် ဒီလိုပြောရလဲဆိုတာ သင်အနေနဲ့ ကလေးကို ငယ်ငယ်ကတည်းကHPV အန္တရာယ်ကနေ ကာကွယ်ဖို့အတွက် ဘာကြောင့် ကြိုတင်ပြင်ဆင်ထားသင့်တာလဲဆိုတဲ့ အကြောင်းအရင်းတွေကို အောက်မှာ သေသေချာချာရှင်းပြပေးထားပါတယ်။ HPVဗိုင်းရပ်စ်နဲ့ကင်ဆာရောဂါများ- Human Papillomavirus (HPV)ဆိုတာ ကမ္ဘာတလွှားမှာ အရမ်းအဖြစ်များနေတဲ့ ဗိုင်းရပ်စ်တစ်မျိုးပါ။ HPVဗိုင်းရပ်စ်က အမျိုးအစား၁၀၀ကျော်ရှိနေပြီး ဒီဗိုင်းရပ်စ်တွေထဲက […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင့်ကလေးမှာ မွေးရာပါ ချို့ယွင်းချက်တခုခု ရှိနေပြီလား

မိဘတိုင်းဟာ ကိုယ့်သားသမီးကို ဒီကမ္ဘာပေါ်မှာ အချောဆုံး၊အလှဆုံး၊အတော်ဆုံး၊အထက်မြက်ဆုံး ဖြစ်စေချင်ကြတာ သဘာဝပါ။ ကိုယ့်ဗိုက်ထဲက ရင်သွေးလေး ထွက်လာပြီဆိုတာနဲ့ ကိုယ်လက်အင်္ဂါစုံရဲ့လား၊တခြားပြဿနာ ဘာများရှိနေသလဲ စတဲ့ ပူပန်စိုးရိမ်မှုလေးတွေ ရှိကြစမြဲပါပဲ။ တကယ်လို့ ရင်သွေးလေးမှာ တခုခု ချွတ်ချော်ယွင်းမှားနေပြီဆိုရင် ခေါင်းမိုးကြိုးပစ်ခံလိုက်ရသလို မိုက်ခနဲ၊ဒိန်းခနဲ ဖြစ်သွားတတ်ပါတယ်။ ဒါဟာ သဘာဝပါ။ ဒါပေမယ့် ဒီလိုပြဿနာနဲ့ ရင်ဆိုင်နေရတာ သင်တယောက်တည်း မဟုတ်ပါဘူး။ ရောဂါထိန်းချုပ်ရေးနဲ့ကာကွယ်ရေး ဗဟိုဋ္ဌာန (စီဒီစီ)ရဲ့ ထုတ်ပြန်ချက်အရ အမေရိကန်ပြည်ထောင်စုလို နိုင်ငံမှာတောင် နှစ်စဉ်ကလေးပေါင်း ၁၂၀၀၀၀ ဟာ မွေးရာပါချို့ယွင်းချက်တမျိုးမျိုးနဲ့ မွေးဖွားလာတယ်လို့ သိရပါတယ်။ ဒါကြောင့် သင်နဲ့ သင့်ရင်သွေးလေးကို ကူညီပေးနိုင်မယ့် နည်းလမ်းတွေ၊ကျွမ်းကျင်သူလူပုဂ္ဂိုလ်တွေဟာ သင့်လက်တကမ်းမှာပဲ ရှိနေတယ်ဆိုတာကို သိထားဖို့ အထူးအရေးကြီးပါတယ်။   မွေးရာပါ ချို့ယွင်းချက်ဆိုတာ ဘာလဲ   မိခင်ဝမ်းထဲက ကျွတ်ပြီဟေ့ဆိုတဲ့အချိန်မှာပဲ ကလေးနဲ့ အတူတကွ ပါရှိလာတဲ့ […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

ကလေးတွေမှာ ဖြစ်တဲ့သွေးလွန်တုပ်ကွေးရောဂါ

သွေးလွန်တုပ်ကွေးရောဂါကို အများစုကတော့ အပူပိုင်းဒေသနေရာများမှာ တွေ့ရလေ့ရှိပါတယ်။ ဒီလိုနေရာတွေကို ခရီးသွားလာနေတဲ့ ဧည့်သည်တွေကတော့ အဲ့လိုဒေသက ဒေသခံလူတွေလိုပဲ သွေးလွန်တုပ်ကွေးရောဂါဖြစ်နိုင်ဖို့ အန္တရာယ်ညီတူညီမျှရှိပါတယ်။ အဲ့လိုနေရာတွေကတော့ အရှေ့တောင်အာရှ၊ အိန္ဒိယ,အမေရိက အလယ်ပိုင်းနဲ့ တောင်ပိုင်း၊ ကာရေဘီယန်၊ အာဖရိက၊ ပစိဖိတ်ကျွန်းစွယ်များ တို့ဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါကို ဖြစ်စေတဲ့ဗိုင်းရပ်စ်ပိုးလေးမျိုးရှိပါတယ်။ ဒီဗိုင်းရပ်စ်တွေကို ပုံစံတူခြင်းအမျိုးအစားနှစ်မျိုး က သယ်ဆောင်ပြီး ရောဂါဖြစ်စေပါတယ်။ အဲ့ခြင်အမျိုးအစားနာမည်များကတော့ Aedes aegypti and Aedes albopictus တို့ဖြစ်ပါတယ်။ တစ်ခြားခြင်အမျိုးအစားတွေကို ညပိုင်းမှာ ကိုက်လေ့မရှိပဲ ဒီ ခြင်အမျိုးအစားနှစ်မျိုးက မနက်စောစောပိုင်းနဲ့ နေမဝင်ခင် ညနေစောင်းတို့မှာကိုက်လေ့ရှိပါတယ်။ သွေးလွန်တုပ်ကွေးရဲ့ ရောဂါလက္ခဏာများ အခြေအနေတော်တော်များများမှာတော့ သွေးလွန်တုပ်ကွေးရောဂါရှိတဲ့ကလေးတွေက အောက်ပါ လက္ခဏာတွေ တစ်ခုသို့မဟုတ် အဲ့ထက်ပိုပြီး ဖော်ပြနိုင်ပါတယ်။ အဖျားကြီးခြင်း ပျို့ခြင်း၊ အန်ခြင်း အစားအသောက်ပျက်ခြင်း အနီစက်များပေါ်ခြင်း ခေါင်းနဲ့ ကိုယ်တွေမှာကိုက်ခဲခြင်း(အထူးသဖြင့် […]


ကလေးအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

ကလေးမှာ တုပ်ကွေးဖြစ်တဲ့အခါ ဘယ်လိုဂရုစိုက်ပေးမလဲ

နှာတွေချေ၊ နှာရည်တွေကျပြီး ကိုယ်တွေပူနေတဲ့ကလေးအတွက်ဖေဖေမေမေတို့ ပျာယာခတ် စိတ်ပူရတာ သဘာဝပါပဲ။ တုပ်ကွေးဒဏ်ကို ပိုခံစားရလေ့ရှိတဲ့သူတွေထဲ အသက် ၅ နှစ်အောက် ကလေးတွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ ပန်းနာရင်ကျပ်ရှိသူတွေနဲ့ ကိုယ်ခံအားနည်းသူတွေပါဝင်ပါတယ်။ ကလေးမှာ တုပ်ကွေးြဖစ်လာရင် ဆရာဝန်ရဲ့အကြံပြုချက်အတိုင်း သင့်တော်တဲ့ကုသမှုခံယူရမှာဖြစ်ပေမယ့် မိဘလုပ်သူတွေက အသေးစိတ်ဂရုစိုက်ပေးမှ ကလေးမှာဝေဒနာခံစားရသက်သာစေမှာပါ။ မဟုတ်ရင် နေမကောင်းလို့အားနည်းနေတဲ့ကလေးမှာ ခံစားရတဲ့ရောဂါလက္ခဏာတွေက ခံရမသက်သာပိုဖြစ်စေပြီး ပိုပင်ပန်းရပါလိမ့်မယ်။ ဒါ့ကြောင့် နေမကောင်းတဲ့ကလေးကိုပြုစုစောင့်ရှောက်ရမယ့်အချက်လေးတွေအကြောင်း ဖေဖေမေမေတို့ကို အကြံပြုပေးလိုက်တယ်နော်။ ဆေးဝါးအကူအညီ လိုအပ်လာနိုင်ပါတယ် တုပ်ကွေးနဲ့ အအေးမိေရာဂါအတွက် သီးသန့်ကုသဆေးမရှိပေမယ့် အဖျားကျစေပြီး ကိုက်ခဲမှုသက်သာစေနိုင်တဲ့ဆေးဝါးတွေကို အသုံးပြုကြပါတယ်။ ကိုယ်ပူမယ်၊ခေါင်းကိုက်မယ်၊ ကြွက်သားနာကျင်ကိုက်ခဲမယ်၊ လည်ချောင်းနာမယ် ဆိုတဲ့ဝေဒနာတွေအတွက် ကလေးတွေကိုacetaminophen လိုမျိုးဆေးတွေ ဆရာဝန်ကညွှန်းပေးနိုင်ပါတယ်။ ဥပမာ ကလေးတွေအတွက် သောက်ရလွယ်စေဖို့ အထူးထုတ်လုပ်ထားတဲ့ acetaminophen ပါဝင်တဲ့ Tylenol (တိုင်လီနော) ဆေးရည်ကို တိုက်ကျွေးနိုင်ပါတယ်။ ဖျားတာရော ကိုယ်လက်တွေနာကျင်ကိုက်ခဲတာတွေရော […]


အခြားကလေးကျန်းမာရေးပြဿနာများ

“ပရုတ်အေး၊ တောင်ကြီးပဲလှော် စတာတွေနဲ့ မတည့်တဲ့ရောဂါ (သို့) G6PD အင်ဇိုင်း ချို့တဲ့ခြင်း"

G6PD ချို့တဲ့ခြင်းဆိုတာ ဘာလဲ။ G6PD ဆိုတာ Glucose 6 Phosphate Dehydrogenase ဆိုတဲ့ အင်ဇိုင်းကို အတိုကောက်ခေါ်တာဖြစ်ပြီး ဒီအင်ဇိုင်းက သွေးထဲမှာရှိတဲ့ သွေးနီဥတွေ ကောင်းကောင်းအလုပ်လုပ်နိုင်အောင် ကူညီပေးပါတယ်။ G6PD ချို့တဲ့တဲ့ရောဂါက ရှားပါးတဲ့ရောဂါတစ်ခုမဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာ G6PD အင်ဇိုင်းချို့တဲ့မှုကို ခံစားနေရတဲ့ လူပေါင်း သန်း ၄၀၀ ခန့်တောင်ရှိပြီး မြန်မာနိုင်ငံမှာလည်း အများအပြားရှိပါတယ်။ G6PD ချို့တဲ့မှုဟာ မျိုးရိုးလိုက်တဲ့ အဖြစ်အများဆုံးသော သွေးနီဥအင်ဇိုင်းချို့တဲ့ရောဂါတစ်ခုဖြစ်ပြီး အမျိုးသားတွေမှာ ပိုပြီးအဖြစ်များပါတယ်။ G6PD က ဘယ်လောက်အရေးပါလဲ။ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ကောင်းကောင်း အလုပ်လုပ်နိုင်ဖို့အတွက် လိုအပ်တဲ့ အောက်ဆီဂျင်ကို သွေးနီဥလေးတွေက သယ်ဆောင်ပြီး ခန္ဓာကိုယ်အနှံ့ကို ပို့ပေးရပါတယ်။ ဒီလိုပို့ဆောင်ပေးတဲ့အလုပ်ကို ကောင်းကောင်းလုပ်နိုင်ဖို့ သွေးနီဥလေးတွေအတွက် G6PD အင်ဇိုင်းက အကူအညီပေးသလို အကာအကွယ်လည်းပေးပါတယ်။ G6PD အင်ဇိုင်းချို့တဲ့ချိန်မှာတော့ သွေးနီဥလေးတွေ ဖျက်ဆီးခံရပြီး အသစ်ပြန်မထုတ်နိုင်တာကြောင့် […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

ကလေးကို သန်ချပေးဖို့လိုနေပြီဆိုတာ သိနိုင်တဲ့ လက္ခဏာများ

သန်ကောင် တုပ်ကောင်ဆိုတာ ခန္ဓာကိုယ်မှာ တွယ်ကပ်ပြီး အာဟာရတွေ လုယူနေတဲ့ ကပ်ပါးပိုးတွေပါ။ သန်လုံးကောင်၊ တုပ်ကောင်၊ ချိတ်ပြားသန်ကောင်၊ ကြာပွတ်နဲ့တူတဲ့ သန်ကောင် အစရှိသဖြင့် သန်ကောင်တုပ်ကောင်အမျိုးအစားတွေ အများကြီးရှိပါတယ်။ ဒီလိုသန်ကောင်တွေ ရှိနေရင် ကိုယ့်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုနဲ့ ကျန်းမာရေးအတွက် အန္တရာယ်ရှိပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ရင်သွေးလေးတွေကို မှန်မှန်သန်ချပေးဖို့ လိုအပ်ပါတယ်။ ဒီမှာတော့ ဘယ်အချိန်တွေမှာဆိုရင် သန်ချဖို့လိုအပ်နေပြီလဲဆိုတာကို ဖော်ပြပေးထားပါတယ်။ ကလေးကို သန်ချပေးဖို့လိုနေပြီဆိုတာ သိနိုင်တဲ့ လက္ခဏာများ က ဘာတွေဖြစ်မလဲဆိုတာကို လေ့လာလိုက်ရအောင်နော်။ ကလေးကို သန်ချပေးဖို့လိုနေပြီဆိုတာ သိနိုင်တဲ့ လက္ခဏာများ သန်ကောင်တွေရှိနေတယ်ဆိုတာ အများအားဖြင့်တော့ လက္ခဏာမပြတတ်ပါဘူး။ ပြခဲ့ရင်လည်း သိပ်မသိသာတာကြောင့် အမှုမဲ့အမှတ်မဲ့နေတတ်ကြပါတယ်။ သန်ချဖို့ဆိုတာ လူကြီးတွေတောင်မေ့လျော့နေတတ်တဲ့ အရာဖြစ်နေတော့ ကလေးတွေမှာဆို သတိထားမိကြပါ့မလား။ ကူးစက်ခံထားရတဲ့ သန်ကောင်ရဲ့ အမျိုးအစားနဲ့ အခြေအနေပြင်းထန်မှုတို့အပေါ် မူတည်ပြီး ကလေးမှာ သန်ထတဲ့လက္ခဏာတွေ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း