ကလေးကျန်းမာရေး

ကလေးလေး ကျန်းမာဖို့ဆိုတာ မိဘတွေအတွက် အရေးကြီးဆုံး ဆန္ဒပါ။ ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါလက္ခဏာတွေကနေ ပိုးဝင်ကူးစက်တာတွေအထိ သင့်ကလေးကျန်းမာရေးအတွက် လိုအပ်တဲ့ ဗဟုသုတအားလုံးကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးကျန်းမာရေး

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးကျန်းမာရေး ကို ရှာဖွေမည်။

ကလေးအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

ကလေးမှာဖြစ်တဲ့ ပန်းနာရင်ကျပ်ဝေဒနာ

ကလေးချောင်းဆိုးနေတယ်။ ဘာလို့လဲ။ အချိုစားလို့ဖြစ်မှာပေါ့၊ သကြားလုံးတွေသိပ်မကျွေးနဲ့။ ဒါမှမဟုတ်ရင် အအေးမိတာလား။ချောင်းဆိုးပျောက်ဆေးဝယ်တိုက်လိုက်ရင်ကောင်းသွားမှာ။ ချောင်းဆိုးမပြတ်တာဟာ ပန်းနာရင်ကျပ် လည်းဖြစ်နိုင်တယ်ဆိုတာ သတိထားသင့်ပါတယ်။ ကျန်းမာရေးဗဟုသုတနည်းတဲ့ မိဘတွေနဲ့ ပတ်ဝန်းကျင်တွေမှာ ဒီလိုပြောတတ်ကြပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်လာရင် ဘယ်လက္ခဏာကိုမှပေါ့ပေါ့ဆဆမမြင်သင့်သလို ရောဂါလက္ခဏာတွေကို ကိုယ့်သဘောနဲ့ကိုယ် အမည်တပ်မဆုံးဖြတ်သင့်ပါဘူး။ ကိုယ်အမည်တပ်လိုက်တဲ့ရောဂါနဲ့ ကလေးရဲ့ဝေဒနာက လွဲမှားနေရင် ရမ်းကုခြင်းရဲ့အကျိုးဆက်ဆိုးတွေကြောင့် ရင်နာရနိုင်တယ်နော်။ ကလေးကိုချောင်းဆိုးစေတဲ့ အကြောင်းရင်းတွေက အများကြီးဖြစ်နိုင်ပါတယ်။ ဥပမာ - ရောဂါပိုးကြောင့် (အအေးမိ၊တုပ်ကွေး သို့မဟုတ် အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း)၊ ဓာတ်မတည့်မှုတစ်ခုခုကြောင့် (ပန်းဝတ်မှုန်၊ ဖုန်မှုန့်၊ အနံ့၊အငွေ့ စသည်)၊ ကြက်ညှာချောင်းဆိုးရောဂါ ဒါမှမဟုတ် ပန်းနာရင်ကျပ်ရောဂါကြောင့်ဖြစ်နေနိုင်ပါတယ်။ အဲဒီအကြောင်းရင်းတွေထဲကမှ အဖြစ်များတဲ့ ပန်းနာရင်ကျပ် ရောဂါနဲ့ပတ်သက်ပြီး သိထားသင့်တာလေးတွေ ဆက်ပြီးပြောပြပါရစေ။ ကလေးတစ်ယောက်နဲ့တစ်ယောက်မှာဖြစ်လာတဲ့လက္ခဏာချင်းမတူကြပါဘူး။ ဒါပေမယ့် အဖြစ်များတဲ့ ပန်းနာရင်ကျပ်လက္ခဏာ တွေကတော့ ကလေးမှာ ပန်းနာရင်ကျပ်ရှိနေရင် - မကြာခဏ ချောင်းထဆိုးတာ( […]


ကလေးအရေပြားပြဿနာများ

ကလေးတွေမှာဖြစ်တဲ့ အရေပြားခြောက်တဲ့ပြဿနာ

အရေပြားခြောက်သွေ့တဲ့ပြဿနာကမွေးကင်းစကလေးတွေရော ကလေးငယ်တော်တော်များများမှာပါကြုံတွေ့ရနိုင်တဲ့ အရေပြားပြဿနာတစ်ခုပါ။ အရေပြားခြောက်တာက အရွယ်သုံးပါးစလုံးရှောင်လွှဲလို့မရတဲ့ အရာတစ်ခုဆိုပေမယ့် နူးညံ့အထိအခိုက်မခံတဲ့ကလေးငယ်တွေရဲ့ အရေပြားမှာတော့ ပိုဆိုးနိုင်ပါတယ်။ အသားအရေခြောက်တယ်ဆိုတာ အရေပြားမှာ အသားအရေကိုစိုစွတ်ချောမွေ့နေစေအောင်ထိန်းသိမ်းပေးထားတဲ့ သဘာဝအဆီဓါတ်တွေရှိနေပါတယ်။ ကောင်းမွန်စွာမဖွံ့ဖြိုးတဲ့ ကလေးငယ်ရဲ့အရေပြားက အဆီကိုလုံလောက်စွာ မထုတ်လုပ်နိုင်ပါဘူး။ ဒီလိုမျိုး ကလေးအရေပြားကအဆီမထုတ်လုပ်တော့တဲ့အခါ အရေပြားကခြောက်သွေ့တာ၊ ဓါတ်မတည့်တာနဲ့ ယားယံခြောက်သွေ့တာမျိုးတွေဖြစ်စေနိုင်ပါတယ်။ တကယ်လို့ကလေးငယ်တွေမှာဖြစ်တဲ့ အရေပြားခြောက်တာကိုသေချာမကုဘူးဆိုရင် အရေပြားမှာကွဲအက်တာတွေ၊ ပိုးဝင်တာတွေဖြစ်လာနိုင်ပါတယ်။ကလေးငယ်တော်တော်များများကမွေးကင်းစကတည်းက အရေပြားကခြောက်သွေ့ပြီး အဖတ်လေးတွေလန်နေတာမျိုးရှိပါတယ်။ ဒါကပုံမှန်အနေအထားပါပဲ။ အချိန်ကြာလာတဲ့အမျှ သက်သာလာပါတယ်။ အရေပြားခြောက်သွေ့စေနိုင်တဲ့ အကြောင်းရင်းခံတွေ ရေအလွန်အကျွံချိုးခြင်းနဲ့ ဆပ်ပြာအသုံးပြုခြင်း ရေကိုအလွန်အကျွံချိုးတာနဲ့ ဆပ်ပြာတွေအသုံးပြုတာက အသားအရေကိုခြောက်သွေ့စေနိုင်ပါတယ်။ အရင်ကတည်းကအသားအရေခြောက်သွေ့နေမယ်ဆိုရင်တော့ ပိုပြီးဆိုးစေမှာသေချာပါပဲ။ ဆပ်ပြာကအရေပြားပေါ်က အဆီဓါတ်တွေကို ဖယ်ရှားလိုက်သလို အစိုဓါတ်ထိန်းသိမ်းမှုကိုလည်းခက်ခဲစေနိုင်ပါတယ်။ တချို့မိဘတွေကို ကလေးငယ်တွေကိုရေမကြာခဏချိုးပေးတတ်ပါတယ်။ ဒီအတွက် အရေပြားခြောက်သွေ့တာတွေပိုဆိုးလာပါတယ်။ ရာသီဥတုအနေအထား ရာသီဥတုအနေအထားကလည်း ကလေးငယ်ရဲ့အရေပြားကိုထိခိုက်စေနိုင်ပါတယ်။ ပူပြင်းပြီး ခြောက်သွေ့တဲ့ရာသီဥတု (သို့မဟုတ်) အေးမြတဲ့ရာသီဥတုအခြေအနေတွေက အရေပြားပေါ်က အစိုဓါတ်ကိုနည်းပါးစေပြီး အရေပြားခြောက်သွေ့စေနိုင်ပါတယ်။ မျိုးရိုးလိုက်တဲ့ဝေဒနာ နှင်းခူ (eczema) လိုမျိုး မျိုးရိုးလိုက်တဲ့ အရေပြားပြဿနာတွေကြောင့်လည်း […]


ကလေးမှာဖြစ်တတ်တဲ့ကူးစက်ရောဂါများ

ကလေးများ ၀မ်းပျက်ဝမ်းလျှောဖြစ်ခြင်း

မင်္ဂလာပါ Hello ဆရာဝန်ကနေ ကြိုဆိုပါတယ် ။ ဒီတစ်ခေါက် ဆွေးနွေးပေးမှာကတော့ အခုလို ရာသီဥတု အကူးအပြောင်းကာလတွေမှာ ကလေးတွေ ဖြစ်တတ်တဲ့ ဝမ်းပျက်ဝမ်း‌လျှော ရောဂါအကြောင်းပါ ။   ၀မ်းပျက်ဝမ်းလျှောဖြစ်တာက အဓိကအားဖြင့် Rota virus - ရိုတာဗိုင်းရပ်စ်လို့ခေါ်တဲ့ ဗိုင်းရပ်စ်တစ်မျိုးကြောင့် ဖြစ်ရတာပါ ။ တခြားသော ဘက်တီးရီးယား ၊ ကပ်ပါးကောင်တွေကြောင့် ဖြစ်တာလည်း ရှိပါတယ် ။ ၀မ်းပျက်ရောဂါပိုးဟာ မသန့်တဲ့ အစားအစာကနေ တဆင့်ကူးစက်တာ ဖြစ်ပါတယ်။   ၀မ်းပျက်ဝမ်းလျှောရောဂါဖြစ်တဲ့ ကလေးတွေမှာ ၀မ်းသွားတာအပြင် ပျို့အန်ခြင်း ၊ မျက်တွင်းကျခြင်း ၊ ရေငတ်ခြင်း ၊ ရေမသောက်နိုင်ခြင်း ၊ ဆီးထွက်နည်းခြင်း နဲ့ မှိန်းခြင်း အစရှိတဲ့ အန္တရာယ်လက္ခဏာတွေ ဖြစ်လာတတ်ပါတယ် ။ ဒါ့ကြောင့် ၂၄ နာရီအတွင်း ၀မ်းလျှောတာ […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

မိဘတွေစိုးရိမ်ကြတဲ့ ကလေးအဖျားကြီးပြီး တက်ခြင်း

ကလေးတွေမှာ အဖျားကြီးပြီး တက်တာကို မိဘတော်တော်များများ မြင်ဖူးကြုံဖူးကြမှာပါ။ ကိုယ်တိုင်ကြုံတဲ့အခါမှာလည်း အရမ်းထိတ်လန့်တုန်လှုပ်ပြီး ခြေမကိုင်မိလက်မကိုင်မိဖြစ်တတ်ကြပါတယ်။ ကလေးတွေမှာ အဖျားကြီးရင် တက်တတ်တာဟာ ကလေးအသက် ၆လ ကနေ ၅နှစ် အရွယ်အတွင်းမှာ ဖြစ်လေ့ရှိပါတယ်။ တစ်ခါတက်ရင် အနည်းဆုံး စက္ကန့်အနည်းငယ်လောက်ကနေ အများဆုံး ၁၅မိနစ်လောက်အထိကြာတတ်ပါတယ်။ အများစုကတော့ ၂မိနစ် ၃မိနစ်လောက်ပဲကြာတတ်ပါတယ်။ တက်တာ ရပ်သွားပြီးနောက်မှာလည်း ကလေးက ပျော့ခွေသွားတာ ဒါမှမဟုတ် အိပ်ချင်မူးတူးဖြစ်ပြီးကျန်ခဲ့ပါလိမ့်မယ်။ ပျမ်းမျှအားဖြင့် ကလေး အယောက် ၂၀ မှာ ၁ယောက်ဟာ အဖျားကြီးပြီး တက်တတ်ပါတယ်။ ဒါပေမယ့် မိဘများအနေနဲ့ စိုးရိမ်စရာမလိုတဲ့ အချက်ကတော့ အဖျားကြီးပြီးတက်တာဟာ ဝက်ရူးပြန်ရောဂါ ကြောင့်တက်ခြင်း နဲ့ အခြားသော ဦးနှောက်နဲ့ဆိုင်တဲ့ရောဂါတမျိုးမျိုးကြောင့်တက်ခြင်းတို့နဲ့ မတူဘဲ ဦးနှောက်ကို ထိခိုက်ပျက်စီးစေတာမျိုးလည်းမရှိသလို ပုံမှန်ဆေးစွဲသောက်စရာလည်း မလိုပါဘူး။ ကလေးဟာလည်း တက်နေစဉ်မှာ […]


ကလေးအစာခြေစနစ်ပြဿနာများ

ကလေးများ ဝမ်းလျှောတဲ့အခါ

ကလေးတွေ အစားစုံတဲ့အခါ၊ အစားမှားတဲ့အခါမှာ ဝမ်းပျက်ဝမ်းလျှော ဖြစ်တတ်ပါတယ်။ ဒါဆိုရင်  ဘယ်လို ရောဂါအနေအထားက အရေးကြီးလဲ ၊ အိမ်မှာ ဘယ်လိုသက်သာအောင် လုပ်ရမလဲဆိုတာကို ဆွေးနွေးပေးမှာပါ ။ အရင်ဆုံး ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် ရေဓါတ်ဆုံးရှုံးမှုပေါ်လိုက်ပြီး ရောဂါကုသမှု ကွဲပြားပါတယ် ။ ရေဓါတ်မဆုံးရှုံးရင် အိမ်မှာပဲ ကုသလို့ရပြီး ၊ ရေဓါတ်ဆုံးရှုံးမှုများရင် ဆေးရုံတက်ကုသရမှာပါ ။ ရေဓါတ်ဆုံးရှုံးမှုမရှိရင် ကလေးတွေ လန်းလန်းဆန်းဆန်းရှိနေမှာဖြစ်ပါတယ် ။ ရေငတ်ခြင်း မရှိသလို ဆီးလည်းသွားနေရင် စိုးရိမ်စရာမရှိပါဘူး ။ ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်းအတွက် အဓိကကုထုံးက ဝမ်းချက်ချင်းရပ်ဖို့မဟုတ်ဘဲ ရေဓါတ်ဆုံးရှုံးမှုတွေကို ပြန်လည်ဖြည့်တင်းပေးဖို့ပါ ။ ရေဓါတ်‌တွေ ပြန်လည်ဖြည့်တင်းပြီး ‌ထွက်သွားတဲ့ အာဟာရဓါတ်တွေကို ဖြည့်တင်းပေးမှသာ ဝမ်းလျှောတာ တဖြည်းဖြည်း နည်းလာမှာ ဖြစ်ပါတယ် ။ ဝမ်းလျှောတဲ့ ကလေးကို ရနိုင်သမျှ အရည် (အချိုရည်များမပါ) […]


ကလေးမှာဖြစ်တတ်တဲ့ကူးစက်ရောဂါများ

Hand Foot Mouth ရောဂါ စိုးရိမ်ရလား

အခုတလော ဆေးခန်းမှာ ကလေး မိဘတွေ ဗျာများနေတဲ့ ရောဂါတခု ရှိပါတယ်။ ကလေး ခြေဖဝါး လက်ဖဝါးတွေ မှာ အရည်ကြည်ဖုလေးတွေ စထွက်လာမယ်။ ယားမယ်။ နာမယ်။ ပါးစပ်ထဲ မှာပါပေါက်မယ်။ ကလေး ဖျားမယ်။ အီမယ်။ နို့ကောင်းကောင်းမစို့တော့ဘူး။ ကလေးပါးစပ်က သွားရည်တွေ ကျနေမယ်။ ဘာဖြစ်တာလဲ မသိဘူးဆိုပြီး အစိုးရိမ်လွန်လို့ ဆေးခန်းကို အရေးတကြီး လာပြတတ်ကြပါတယ်။ Hand foot mouth disease ဆိုတာဘာလဲ။ HFMDလို့ အတိုကောက်ခေါ်တဲ့ ရောဂါ ဆိုတာ Coxsackie virus A16 အမျိုးအစားကြောင့်ဖြစ်ပွားတတ်တဲ့ ရောဂါမျိုးဖြစ်ပါတယ်။ ဘယ်သူတွေ မှာအဖြစ်များလဲ။ HFMD ရောဂါဟာ ကျောင်းနေအရွယ်မတိုင်မီ အသက် ၁၀ နှစ်အောက် ကလေး တွေ မှာအဖြစ်များပါတယ်။ အလွယ်တကူ ကူးစက် နိုင်ပြီး […]


ကလေးအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

ချောင်းဆိုးရင်ကျပ် အကင်းမပြတ်တဲ့ ကလေးတွေမှာ သတိထားစရာ

ကိုယ့်သားသမီးတွေ ချောင်းဆိုးတယ်ဆို ချောင်းဆိုးပျောက်ဆေးတိုက်မယ်၊ ရင်လူးဆေးတိုက်မယ်။ ချောင်းဆိုးသံမကြားရတော့ဖို့သာ အရင်ဆုံးကြိုးစား‌ကြမှာပါ။ ဒါပေမယ့် ဆေးကုသပြီးတာတောင်မှ မပျောက်နိုင်သော ချောင်းဆိုးဝေဒနာအတွက်တော့ ဖေဖေမေမေတို့ သတိထားမိဖို့လိုပါတယ်။ ရိုးရိုးချောင်းဆိုးတာလား၊ ပန်းနာရင်ကျပ်ဖြစ်နေတာလား ဆိုတာကို ဆရာဝန်ကပဲ သေချာစစ်ဆေးပေးနိုင်မှာမို့ ကလေးမှာဖြစ်နေတဲ့ဝေဒနာနဲ့လက္ခဏာအကြောင်းတွေ သေချာပြောပြပေးပါ။ ကလေးမှာ ဒီလက္ခဏာတွေ တွေ့ရသလား သတိထားကြည့်ပါ  - မကြာခဏချောင်းထဆိုးတာ(ကစားရင်း၊ ရယ်နေရင်း၊ ငိုနေရင်း သို့မဟုတ် ညအိပ်နေရင်း ) ချောင်းဆိုးတာရှည်နေတာ (ကလေးတိုင်းမှာတူညီတဲ့တစ်ခုတည်းသောလက္ခဏာဖြစ်ပါတယ်) ဆော့ကစားနေစဉ်အတွင်း အားကုန်လွယ်တာ၊ အသက်ရှူမြန်တာ (ရံဖန်ရံခါဖြစ်တတ်) ရင်ဘတ်ထဲ ကျပ်နေတာ၊အောင့်လာတာ (ဝေဒနာကိုပြန်ပြောပြနိုင်တဲ့အရွယ်မှ မိဘကသိနိုင်မှာပါ) အသက်ရှူသွင်း၊ရှူထုတ်တဲ့အခါ တရွှီရွှီအသံပါနေတာ၊ အသက်ရှူသွင်း၊ရှူထုတ်ချိန် ရင်ဘတ်မှာ ပိန်လိုက်ဖောင်းလိုက်ဖြစ်နေတာ၊ အသက်ရှူရပြတ်တောင်းပြတ်တောင်းဖြစ်နေတာ(အသက်ရှူမဝသလို) အားနည်း၊ မောပန်းနေတာတွေဖြစ်နေနိုင်တယ်ဆိုတော့ ဒီလက္ခဏာတွေ ကိုယ့်ကလေးမှာရှိနေလား သတိထားပြီး ကြည့်ပါနော်။ ပန်းနာရင်ကျပ်ရှိတဲ့ကလေးမှာ အောက်ပါအခြေအနေတွေကြောင့် ရောဂါပိုဆိုးနိုင်ပါတယ်။ အအေးမိခြင်းနဲ့ တခြားအသက်ရှူလမ်းကြောင်းရောဂါတွေကူးစက်ခံရတဲ့အခါ […]


ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

ကလေးဘဝစိတ်ဒဏ်ရာဆိုတာ

အရွယ်ရောက်ပြီးသား လူကြီးတွေ မကြာမကြာပြောတတ်တဲ့ စကားတစ်ခုရှိပါတယ်။ အဲ့ဒါဖြစ်တုန်းက သူ့အသက်ငယ်ငယ်လေးလေ၊ သူအဲလောက်ထိခိုက်မှာမဟုတ်ပါဘူး၊ ကြီးလာရင်မှတ်မိမှာလဲ မဟုတ်ပါဘူး ဆိုတာပါပဲ။ ဒါပေမယ့် အမှန်တရားကတော့ ကလေးဘဝစိတ်ဒဏ်ရာဆိုတာ တစ်ဘဝလုံးကိုထိခိုက်သက်ရောက်ပါတယ်။ ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာ အနာတရရထားတဲ့ ကလေးတစ်ယောက်ဟာ တစ်သက်လုံးထိခိုက်ခံစားနေရမယ်တော့မဟုတ်ပါဘူး။ လူကြီးတွေအနေနဲ့ ကလေးတစ်ယောက်စိတ်ပိုင်းဆိုင်ရာ ထိခိုက်ထားရတယ်ဆိုတာသိရင် အဲဒီကနေ လွတ်မြောက်ဖို့ ကူညီနိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။ ဒါပေမယ့် လိုအပ်လာရင် စိတ်ပိုင်းဆိုင်ရာကျွမ်းကျင်သူနဲ့ ကလေးကို တိုင်ပင်ဆွေးနွေးခွင့်ရဖို့ပါ ဆောင်ရွက်ပေးသင့်တာပါ။ ကလေးဘဝစိတ်ဒဏ်ရာဆိုတာ က တစ်သက်လုံး အရိပ်လို လိုက်ပါနေတတ်လို့ပါ။ ကလေးဘဝစိတ်ဒဏ်ရာဆိုတာ ကလေးတစ်ယောက်ဟာ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ဘယ်ကရသလဲ။ ခန္ဓာကိုယ် ကို ထိခိုက်နာကျင်အောင်လုပ်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရခြင်း စတာတွေဟာ ကလေးတစ်ယောက်ကို စိတ်ဒဏ်ရာရစေတဲ့ ထင်ရှားတဲ့ဥပမာတွေပါ။ တစ်ကြိမ်တစ်ခါတည်းဖြစ်ပေမယ့် ပြင်းထန်ဆိုးရွားတဲ့အဖြစ်အပျက်တွေ ဥပမာ ကား အက်ဆီးဒန့်ဖြစ်တာ၊ နာဂစ်လို လေမုန်တိုင်းတိုက်တာ၊ ပြင်းထန်ဆိုးရွားတဲ့ […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

ကလေးတွေမှာ အဖြစ်များတဲ့ လိင်တံထိပ်အရေပြားကျပ်ခြင်း

လိင်တံထိပ်အရေပြား ကျပ်ခြင်း (Phimosis) ဆိုတာ အမျိုးသားတွေရဲ့ လိင်အင်္ဂါထိပ်မှာ ရှိနေတဲ့ အရေပြားဟာ နောက်ပြန်လှန်ဆွဲလို့ မရလောက်တဲ့အထိ ကျပ်နေတဲ့ အခြေအနေကို ပြောတာဖြစ်ပါတယ်။ ထိပ်အရေပြား ဖြတ်မထားတဲ့ အမျိုးသားတွေမှာသာ ဖြစ်တတ်ပါတယ်။ မွေးကင်းစကလေးအရွယ်မှာ စတင်ဖြစ်ပြီး အသက် ၃နှစ်အရွယ်မှာ ဒီပြဿနာက ပျောက်ကင်းသွားတတ်ပါတယ်။ လိင်တံထိပ်အရေပြားကျပ်ခြင်းသည် သဘာဝအတိုင်း သူ့အလိုလို ဖြစ်တတ်သလို အမာရွတ်ထိခိုက်ဒဏ်ရာတစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဆီးသွားဖို့ အခက်အခဲမဖြစ်ဘူးဆိုရင်တော့ ကလေးအရွယ်မှာ ဘာကုသမှုမှ လုပ်ပေးဖို့ မလိုပါဘူး။ အသက်ကြီးလာတဲ့အခါ လိင်တံထိပ်အရေပြား ပိုရှည်ထွက်လာတဲ့အတွက် နောက်လှန်ဆွဲရတာ၊ ဆီးသွားတာ၊ လိင်ဆက်ဆံတဲ့အခါ အခက်အခဲတွေ၊ နာကျင်မှုတွေ ဖြစ်စေနိုင်တဲ့အတွက် သေချာ ဆရာဝန်နဲ့ ပြသပြီး ကုသမှုခံယူဖို့တော့ လိုအပ်ပါတယ်။ ဘယ်လိုလက္ခဏာတွေ တွေ့ရလဲ။ ဒီပြဿနာရှိတဲ့ ကလေးအများစုမှာ လိင်တံထိပ်ကို ဖုံးလွှမ်းနေတဲ့ အရေပြားကို အောက်သို့လုံးဝ […]


ကလေးမှာဖြစ်တတ်တဲ့ကူးစက်ရောဂါများ

ကလေးမှာ ဆင်တုပ်ကွေးမဖြစ်စေဖို့ ဘယ်လိုဂရုစိုက်မလဲ

ကလေးတစ်ယောက်ကျန်းမာနေမှုက မေမေတို့အတွက် ပျော်စရာအကောင်းဆုံးအရာတွေထဲကတစ်ခုပါ။ ကိုယ့်ရဲ့ ကိုယ်ပွားလေးတွေကျန်းမာစေဖို့က မေမေတိုင်းရဲ့ ဆန္ဒဖြစ်မယ်ထင်ပါတယ်နော်။ ဒီတစ်ခေါက်တော့ လူကြီးတွေမှာတောင် ခံစားရတော်တော်လေးခက်တဲ့ ဆင်တုပ်ကွေးအန္တရာယ်ကနေ ကိုယ့်ရဲ့ကလေးကို ကာကွယ်ဖို့အတွက် ဘယ်လိုဂရုစိုက်ရမလဲဆိုတာကို ပြောပြပေးပါရစေလား.......... ကလေးတွေမှာ ဆင်တုပ်ကွေးဖြစ်နိုင်လား.......... ဆင်တုပ်ကွေးက လူကြီးတွေမှာတင်မဟုတ်ပါဘူး။ ကလေးတွေမှာလည်းဖြစ်နိုင်ပါတယ်။ ခြင်ကိုက်ခံရနိုင်ခြေရှိသူတိုင်းမှာဖြစ်နိုင်ပါတယ်။ ဆင်တုပ်ကွေးက ခြင်ကနေတဆင့် ကူးစက်နိုင်တဲ့ရောဂါတစ်မျိုးဖြစ်ပြီး တစ်ခါတလေမှာ သွေးလွန်တုပ်ကွေးရောဂါ နဲ့ ခပ်ဆင်ဆင်တူတတ်ပါတယ်။ ဆင်တုပ်ကွေးက အသက်သေဆုံးစေနိုင်တာမျိုးမရှိပေမယ့် အဖျားကြီးတာနဲ့အဆစ်တွေနာတာမျိုးဖြစ်နိုင်ပါတယ်။ ဆင်တုပ်ကွေးရောဂါကြောင့်ဖြစ်တဲ့ အဆစ်နာတာက သီတင်းပတ် တစ်ပတ်ကနေ နှစ်ပတ်လောက်အထိကြာနိုင်ပါတယ်။ ကလေးမှာ ဆင်တုပ်ကွေးဖြစ်နေပြီလား ဘယ်လိုသိနိုင်မလဲ..... ကလေးမှာဆင်တုပ်ကွေးဖြစ်နေပြီဆိုရင် အခုလိုလက္ခဏာလေးတွေတွေ့ရနိုင်ပါတယ်။ အဖျားတက်မယ် (ကိုယ်အပူချိန်က ၁၀၀.၄ ဒီဂရီဖာရင်ဟိုက်ထက်ပိုများနေမယ်) ကလေးက ပုံမှန်ထက်ပိုပြီး ဂျီကျနေမယ် ပုံမှန်ထက်ပိုအိပ်နေမယ် အစားမစားဘဲနေမယ် အရေပြားမှာ အနီရောင်အကွက်တွေဖြစ်မယ် စတဲ့လက္ခဏာတွေတွေ့ရနိုင်ပါတယ်။ ဘယ်လိုသက်သာအောင်လုပ်ပေးမလဲ........... ဆင်တုပ်ကွေးအတွက်က ကာကွယ်ဆေးမရှိသလို ပျောက်ကင်းစေတဲ့ ဆေးဝါးဆိုတာကလည်း မရှိသေးပါဘူး။ ဒီလိုဆိုတာနဲ့ ဆင်တုပ်ကွေးဖြစ်ရင် […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း