ကလေးငယ်အာဟာရ

ကလေးများ မွေးပြီး ပထမတစ်နှစ်အတွင်းမှာ ကျန်းကျန်းမာမာနဲ့ ကြီးထွားလာဖို့ ကောင်းမွန်တဲ့ အာဟာရလိုပါတယ်။ မိဘများ သိထားသင့်တဲ့ ပညာရှင်တွေရဲ့ အကြံပေးချက်တွေကို ဒီမှာဖတ်ရှုလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်အာဟာရ

ကလေးငယ် အာဟာရအကြောင်းနဲ့ ပတ်သက်လို့

ကလေးငယ်လေးတွေကို သူတို့ရဲ့ အသက် ပထမ ၂ နှစ်တာအတွင်းမှာ အာဟာရ ပြည့်ဝအောင် ကျွေးတာက ကျန်းကျန်းမာမာ ဖွံ့ဖြိုးကြီးထွားစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ကောင်းမွန်တဲ့ အာဟာရ အလေ့အထကို စောစော လေ့ကျင့်ပေးတာက ဘေဘီလေးကို နောက်ပိုင်းမှာ ကျန်းမာစွာ စားသုံးတတ်စေဖို့ ထောက်ကူပေးသလို အကောင်းဆုံး ကြီးပြင်းလာစေမှာပါ။ ကလေးတစ်ယောက်ကို အာဟာရပြည့်ဝအောင် ဖြည့်ဆည်းပေးဖို့က မိဘတိုင်းမှာ တာဝန်ရှိပါတယ်။ ဒီတော့ ကလေးငယ် အာဟာရအကြောင်းနဲ့ ပတ်သက်လို့ သိထားသင့်တဲ့ အကြောင်းအရာလေးတွေကို ဝေမျှပေးချင်ပါတယ်။ ဘေဘီလေးတိုင်း အာဟာရ ပြည့်ဝဖို့ လိုပါမယ် ဘေဘီလေးတွေ ကျန်းကျန်းမာမာ ကြီးပြင်းအရွယ်ရောက်လာစေဖို့အတွက် လုံလောက်ပြည့်ဝတဲ့ အာဟာရကို ရရှိဖို့က အခြေခံအကျဆုံး အချက်ပါ။ ဘေဘီလေးကို သူတို့လေးတွေရဲ့ ပထမဆုံး ၃ လမှာ အာဟာရပြည့်ဝအောင် ကျွေးမွေးပေးတာက ကလေးကို  ကြီးထွားမှု […]

ကလေးငယ်အာဟာရ ကို ရှာဖွေမည်။

ကလေးငယ်အာဟာရ

ဘေဘီလေးနဲ့ ဖောလစ်အက်ဆစ်

ကိုယ့်ရဲ့ ရင်သွေးလေးကို ဉာဏ်ကောင်းပြီး ကျန်းမာတဲ့ ကလေးလေးအဖြစ် ကြီးပြင်းစေချင်တယ်ဟုတ်။ ဒါဆိုရင်တော့ နည်းလမ်းကောင်းလေးတစ်ခုရှိပါတယ်။ ဒါကတော့ ဖောလစ်အက်ဆစ် တိုက်ကျွေးတာပါ။ ကိုယ်ဝန်ဆောင်ချိန် နဲ့ နို့တိုက်နေချိန်မှာ မေမေကသောက်ပေးပြီး ဘေဘီလေးက အစားစစားနိုင်ပြီဆိုရင်တော့ အစားအစာထဲမှာ အာဟာရဓာတ်တစ်ခုအနေနဲ့ ပါဝင်သင့်ပါတယ်။ ဖောလစ်အက်ဆစ် ဆိုတာက ဖောလစ်အက်ဆစ် ဆိုတာက ဖောလိတ်လို့ ခေါ်နေကြတဲ့ ဗီတာမင် B တစ်မျိုးပါ။ လက်တင်ဘာသာစကား folium ဆိုတာကနေ ဆင်းသက်လာတာပါ။ သဘာဝကနေရတဲ့ ဒြပ်ပေါင်းတစ်မျိုးပါ။ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေကနေ ရရှိနိုင်ပါတယ်။ လေ့လာမှုအရကတော့ ဖောလစ်အက်ဆစ်က သွေးအားနည်းရောဂါမဖြစ်အောင် ကာကွယ်ပေးပါတယ်။ နောက်ထပ်လေ့လာတွေ့ရှိမှုအရကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ဖောလိတ်နည်းတာက မွေးလာမယ့် ကလေးမှာ မွေးရာပါချို့ယွင်းချက်တွေ ဖြစ်စေနိုင်ပါတယ်။ ဖောလစ်အက်ဆစ်က ရေမှာ ပျော်ဝင်လွယ်တဲ့ ဗီတာမင် B တစ်မျိုးပါ။ ဖောလိတ်က တစ်သျှူးတွေနဲ့ ဆဲလ်တွေ […]


ကလေးငယ်အာဟာရ

ကလေးငယ်လေးကို နွားနို့တိုက် ကျွေးခြင်း

အရိုးနဲ့ သွားတွေသန်မာအောင် နွားနို့သောက်ပါဆိုတာက သိပ်စိမ်းလှတဲ့ စကားတစ်ရပ်တော့ မဟုတ်ပါဘူး။ ငယ်ငယ်ကတည်းက နွားနို့ကို ကြိုက်လို့ဖြစ်ဖြစ်၊မေမေက တိုက်လို့ဖြစ်ဖြစ် သောက်ခဲ့ကြပါတယ်။ သောက်သာသောက်ခဲ့တယ်။ သေချာမသိတာကြောင့် ကလေးကို နွားနို့တိုက် ချင်ပေမယ့် ဘာတွေအကျိုးရှိမလဲ သိချင်နေတဲ့ မေမေတွေများရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးကို ဖတ်ကြည့်ပါနော်။ နွားနို့တစ်ခွက်ရဲ့ အာဟာရ နွားနို့တစ်ခွက်စာမှာ အခုလိုအာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ အဆီဓာတ် ကယ်လ်လိုရီ ကာဗိုဟိုက်ဒရိတ် ပရိုတင်း ကယ်လ်ဆီယမ် ဗီတာမင် ဒီ ဖော့စဖောရပ်စ် ရေဓာတ် မဂ္ဂနီဆီယမ် ပိုတက်ဆီယမ် ဗီတာမင် အေ ဗီတာမင် B2 Niacin တို့ ပါဝင်နေပါတယ်။ ကလေးငယ်လေးကို နွားနို့တိုက် ခြင်း နွားနို့သောက်တာက ဘေဘီလေးအတွက် အကျိုးကျေးဇူးတော်တော်များတာပါ။ အရိုးနဲ့ သွားတွေကို သန်မာစေရုံတင်မကပဲ ကလေးရဲ့ ဖွံ့ဖြိုးကြီးထွားမှုတွေ အတွက်ပါ ထောက်ပံ့ပေးပါတယ်။ ဘေဘီလေးကို […]


ကလေးငယ်အာဟာရ

ဘေဘီလေးကို အုန်းစိမ်းရည်တိုက်လို့ရလား

နွေပူလို့မေမေတို့ဖွားဖွားတို့က အုန်းစိမ်းရည်ေအးအေးလေးသောက်တဲ့အခါဘေဘီလေးက ပါးစပ်ပြင်ပြီးလှမ်းတောင်းတယ်။ တိုက်လိုက်ချင်ပေမယ့် တိုက်လို့ဖြစ်ပါ့မလားလို့များတွေးနေလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သိချင်နေတဲ့ အဖြေလေးကိုပေးမှာပါနော်။ အုန်းစိမ်းရည်မှာဘာတွေပါလဲ နှစ်ပေါင်းများစွာကတည်းက အုန်းစိမ်းရည်က ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာပေးစွမ်းနိုင်တယ်ဆိုတာကို သိရှိထားပြီးဖြစ်ပါတယ်။ အုန်းစိမ်းသီးတစ်လုံးမှာ အရည်ဓါတ် ၂၀၀ မီလီလီတာ ကနေ ၁,၀၀၀ မီလီလီတာ အထိပါဝင်ပါတယ်။ အုန်းစိမ်းရည်က အရာသာရှိပြီး ကယ်လိုရီပါဝင်မှုနည်းတဲ့ သဘာဝ အချိုရည်တစ်မျိုးပါ။ အုန်းစိမ်းရည်မှာ အုန်းသီးခြောက်အရည်ထက် အာဟာရဓါတ်ပိုမိုပါဝင်ပါတယ်။ အုန်းစိမ်းရည်မှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ အမိုင်နိုအက်ဆစ်၊ အင်ဇိုင်းတွေ၊ ဗီတာမင် ဘီဓါတ်တွေ၊ ဗီတာမင် စီ၊ သံဓါတ်၊ ကယ်လ်ဆီယမ်၊ပိုတက်ဆီယမ်၊မဂ္ဂနီဆီယမ်၊ မဂ္ဂနီ နဲ့ ဇင့် ဓါတ်တွေလိုမျိုး သတ္တုဓါတ်တွေပါဝင်နေပါတယ်။ ဘေဘီလေး အုန်းစိမ်းရည်သောက်လို့ရရဲ့လား ဘေဘီလေးတွေက အသက် ၆ လအထိမိခင်နို့တစ်မျိုးတည်းနဲ့ လုံလောက်တဲ့အာဟာရကိုရရှိတာပါ။ ဒါကြောင့် အသက် ၆ လမပြည့်သေးတဲ့ ကလေးကိုတော့ အုန်းစိမ်းရည်မတိုက်ပါနဲ့။ ကလေးက […]


ကလေးငယ်အာဟာရ

ကလေးတွေ အစာ ကျွေးရခက်တာကို ဘယ်လို ဖြေရှင်းကြမလဲ

ကလေးမိဘတွေရဲ့ အဖြစ်ချင်ဆုံးဆန္ဒကို ပြောပါ ဆိုရင်တော်တော်များများကတော့ မိမိကလေးအစားကျွေးရလွယ်စေချင်တာပါပဲ။ တကယ့် တကယ်တမ်းလည်း ကလေးကို အစာကျွေးတဲ့နေရာ နည်းစနစ်မကျရင် အချိန်ကုန်လူပင်ပန်းပြီး အရာမယွင်းတာတွေလည်း ကြုံတွေ့ရတတ်ပါတယ်။ အောက်ပါ အချက်အလက်လေးတွေသတိထားသင့်ပါတယ်။ ကလေးတွေကို ကိုယ်တိုင်စားခိုင်းခြင်း - တစ်ခါတစ်လေ ကလေးတွေကို ခွံ့ကျွေးတာမလုပ်ဘဲ သူတို့လက်နဲ့ ကိုယ်တိုင်စားတတ်တဲ့အကျင့်လေး လုပ်ပေးဖို့လိုပါတယ်။ အဲ့လိုကျွေးရင် ပိုဆိုးတယ်၊ ပိုကြာတယ် ဆရာ ဆိုပြီး ပြန်ပြောပြတာလေးတွေ ခဏခဏ တွေ့ရပါတယ်။ ကိုယ်တိုင်စားခိုင်းတယ်ဆိုပေမယ့် ဘေးနားမှ အမေတို့ အဖေတို့ကတော့ ရှိသင့်ပါတယ်။ ကိုယ့်ဟာကိုယ် စားပါစေဆိုပြီး လုံးဝကို တစ်ယောက်တည်းထားပြီး စားခိုင်းရင်တော့ အမေတို့ အဖေတို့ ပြန်ပြောပြသလို အရမ်းကြာပြီး မကုန်တတ်ပါဘူး။ ရှင်းပြခြင်း  - ကလေးတွေက စူးစမ်းလေ့လာ သင်ယူနေဆဲကာလဖြစ်တဲ့ အတွက် သူတို့စားနေတဲ့ အစားအစာ၊ မုန့်တွေကို ဘာတွေပါတယ်၊ ဒါတွေ […]


ကလေးငယ်အာဟာရ

မိဘတွေသတိမထားမိတဲ့ ကလေးတွေနဲ့အချိုစာတွေရဲ့ အန္တရာယ်

အချိုမကြိုက်တဲ့ကလေးဆိုတာ မရှိပါဘူး။ သကြားလုံးနဲ့ ထမင်းဆို ကလေးတွေ ဘယ်ဟာကို ပိုရွေးကြမယ်လို့ထင်ပါသလဲ။ ကလေးတွေ အစားစားရင်ပြီးရော။ ဘာစားတာလဲက အရေးမကြီးဘူး။ စားဖြစ်ဖို့က အရေးကြီးတယ်လို့ ဆိုတဲ့ မေမေတို့ အချိုက ကလေးတွေ အတွက် ဘယ်လိုပြဿနာတွေ ဖြစ်စေနိုင်သလဲဆိုတာ သိပြီးပြီလား။ ကလေးတွေ အချိုစားများခြင်းေကြာင့်ဖြစ်နိုင်တဲ့ အန္တရာယ် ။ ။ ၁ ။ သွားပိုးစားမယ်၊ သွားတွေ ပျက်စီးလာမယ် ။ ။ ချိုတဲ့မုန့်တွေ စားတာများတဲ့ကလေးတွေရဲ့ သွားလေးတွေ အကောင်းဖြစ်နေတာရှားပါတယ်။ ကျိုးရင်ကျိုး မကျိုးရင် သွားပိုးစားနေတာချည်းပဲ။ အချိုကိုကြိုက်တာ ကလေးတွေတင်မဟုတ်ပါဘူး။ ခံတွင်းထဲက ဘက်တီးရီးယားတွေကလည်း အချိုဆို အလွန်ကြိုက်ကြပါတယ်။ ဒီတော့ အချိုများများစားလေ ဘက်တီးရီးယားတွေ ပျော်လေလေ သွားနဲ့ခံတွင်း ပျက်စီးလေလေပါ။ ဒီတော့ သကြားလုံး၊ အအေး၊ ဖျော်ရည်တွေ ကလေးကို လျှော့ကျွေးပါ […]


ကလေးငယ်အာဟာရ

ကလေးကို ဘယ်အချိန်မှာ ကြက်ဥကျွေးမလဲ

ကြက်ဥဘဲဥတွေက စားလို့ကောင်းသလို အလုပ်လည်မရှုပ်ဘဲ ကျန်းမာရေးနဲ့ညီညွတ်တဲ့စားစရာတွေပါ။ အာဟာရတွေကလည်း အပြည့်ပါပဲ။ ဒါဆို ကလေးတွေကိုရောကျွေးလို့ရလား။ သားသားမီးမီးကို အာဟာရပြည့်စေချင်တဲ့ မိဘတွေသိချင်နေမယ့် အမေးလေးတစ်ခုပေါ့။ ဒီမေးခွန်းလေးကို Helloဆရာဝန်ပရိသတ်ကြီးအတွက် ဒီဆောင်းပါးလေးကနေတဆင့်ဖြေကြားပေးလိုက်ပါတယ်။ ကလေးနဲ့ ကြက်ဥ ကလေးကို ကြက်ဥကျွေးလို့ရလားဆိုရင်တော့ ရတယ်လို့ပဲပြောရမှာပါ။ ဒါပေမယ့် အရမ်းငယ်သေးတဲ့ ကလေးတွေကိုတော့ ကြက်ဥမကျွေးသင့်သေးပါဘူးနော်။နောက်တစ်ချက်ရှိတာက ကလေးက ကြက်ဥနဲ့ ဓာတ်တည့်ရဲ့လားဆိုတာပါ။ ကြက်ဥဘဲဥတွေနဲ့ ဓာတ်မတည့်ဘူးဆိုတဲ့ အခြေအနေမျိုးလည်းရှိပါသေးတယ်နော်။ ကြက်ဥအကာက ဓာတ်မတည့်မှုကိုဖြစ်စေနိုင်တဲ့ အစားအစာတွေထဲကတစ်ခုပေါ့။ ဒါကြောင့် ကလေးကို ကြက်ဥစကျွေးမယ်ဆိုရင် အကာကိုမကျွေးဘဲ အနှစ်ကို စကျွေးပါ။ ကလေးကအသက် ၉ လလောက်ရောက်လာပြီဆိုရင် ကြက်ဥကို ကျက်နေအောင်ပြုတ်လို့ အခွံနွှာ အကာဖယ်ပြီး အထဲက အနှစ်ကိုကျွေးပေးပါ။ အနှစ်ကိုလည်ကြေအောင်ချေပြီးမှာ ဇွန်းနဲ့ နည်းနည်းချင်းကျွေးပေးပါ။ ကလေးမှာ ဓာတ်မတည့်မှုနဲ့ တူတဲ့လက္ခဏာတစ်စုံတရာတွေ့ရမယ်။ အမျိုးတွေထဲမှာ ကြက်ဥဘဲဥဓာတ်မတည့်တဲ့သူတွေရှိနေတယ်ဆိုရင် ကလေးကို ကြက်ဥကျွေးသင့်၊ […]


ကလေးငယ်အာဟာရ

အချို့သောအစားအစာတွေကို စောစောလေးမိတ်ဆက်ပေးတာက ကလေးတွေမှာဓါတ်မတည့်မှုခံစားရနိုင်ခြေနည်းစေတယ်ဆိုတာ တကယ်လား

ဓါတ်မတည့်ဘူးဆိုတာက သိပ်တော့မစိမ်းတဲ့စကားတစ်ခုဖြစ်မှာပါ။ အသားအရေမှာသုံးရတဲ့ပစ္စည်းတွေနဲ့ ဓါတ်မတည့်တာ၊ အစားအသောက်နဲ့ဓါတ်မတည့်တာ၊ ဓါတုပစ္စည်းတွေနဲ့ ဓါတ်မတည့်တာရယ်ဆိုပြီး အမျိုးမျိုးပါပဲ၊ ဒီဓါတ်မတည့်တာတွေထဲမှာ အစားအသောက်နဲ့ ဓါတ်မတည့်တာက လူတော်တော်များများမှာဖြစ်နေတဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ ။ ဒီနည်းကိုဖြေရှင်းဖို့ ကြိုးပမ်းကြတဲ့နည်းတွေကလည်း အစုံပါပဲနော်။ ဒီတစ်ခေါက်တော့ ဓါတ်မတည့်မှုကို တိုက်ဖျက်ဖို့ ကြိုးပမ်းတဲ့နည်းလေးတစ်ခုအကြောင်းဆွေးနွေးချင်တာပါ။ ကလေးကို အစာစောစောကျွေးတာက တကယ်ပဲ ဓါတ်မတည့်တာကို သက်သာစေနိုင်တာလား ကလေးတစ်ယောက်မိခင်နို့သောက်တာကနေ အစားစစားတဲ့အချိန်က ကလေးတစ်ယောက်ကြီးထွားမှုအတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့ အဆင့်တစ်ခုပါ။ ဒီအချိန်မှာမေမေတွေ စိုးရိမ်တာက ကလးအစာနင်မှာ သီးမှာကိုပါ။နောက်တစ်ခုစိုးရိမ်တာရှိသေးတယ်။ ကလေးက ဘာနဲ့များဓါတ်မတည့်ဘူးဖြစ်မလဲပေါ့။ ဒီတော့မေမေတို့အနေနဲ့ ကလေးအစားအစာတစ်ခုခုနဲ့ဓါတ်မတည့်တာမျိုးမဖြစ်အောင် ဘယ်လိုများကာကွယ်ပေးရမလဲလို့ စဉ်းစားရပြီလေ။ ကလေးတွေကဘာတွေနဲ့များဓါတ်မတည့်ဖြစ်တတ်သလဲ ကလေးတွေဓါတ်မတည့်မှုဖြစ်နိုင်တဲ့အစားအစာတွေက အရမ်းတော့ မများပါဘူး။ ကလေးတိုင်း ဓါတ်မတည့်မှုဖြစ်မယ်ရယ်တော့လည်း မဟုတ်ပါဘူး။ ဒီအစားအစာတွေကတော့ ကလေးတော်တော်များများနဲ့ ဓါတ်မတည့်တာမျိုးဖြစ်နိုင်ပါတယ်နော်။ မြေပဲ ကြက်ဥ၊ဘဲဥ နို့ထွက်ပစ္စည်းတွေ အခွံမာသီးတွေ ( သစ်ကြားသီး၊ ဗာဒံစေ့) မြေပဲထောပတ် […]


ကလေးငယ်အာဟာရ

ဖြည့်စွက်စာကျွေးချိန်ရောက်ပြီဆို ကလေးကို စကျွေးသ့င်တဲ့ အစားအစား ၅မျိုးက ဘာတွေလဲ ။ ။

ကလေးအသက် ၆လေကျာ်လာပြီဆိုတာနဲ့ ဖြည့်စွက်စာစကျွေးဖို့ ခေါင်းစားကြတာ မေမေတိုင်းပါ။ ကလေးအာဟာရ မပြည့်မှာလည်းစိုးတယ် မတည့်တာကျွေးမိမှားလည်းစိုးတဲ့ ပူပန်မှုတွေကြားထဲ ကလေးကို ဘာတွေစကျွေးရမလဲ ဝေခွဲမရ ရွေးရခက်နေတဲ့ မေမေတို့ရှိပါသလား။ ဒါဆို ဒီဆောင်းပါလေးကိုဖတ်ကြည့်စေချင်ပါတယ်။ ဒီဆောင်းပါးလေးထဲမှာ ဖြည့်စွက်စာ ကျွေးချိန်ရောက်ပြီဆိုတာနဲ့ ဘယ်အစားအစာတွေကို ကလေးတွေကို စကျွေးရမလဲဆိုတာ မေမေတို့ ခေါင်းစားစရာမလိုတော့အောင် ပြောပြပေးတော့မှာပါ။ ဖြည့်စွက်စာ စားချိန်ရောက်ပြီဆိုတာနဲ့ ကလေးကို စကျွေးသင့်တဲ့ အစားအစာ ၅ မျိုး ။ ။ ကလေးနဲ့လည်းတည့်၊ ဝယ်ရတာလည်းလွယ်ကူ ၊ အာဟာရလည်း အပြည့်ပါတဲ့ ဘယ်လို အစားအသောက်တွေကို ကလေးတွေရဲ့ ဖြည့်စွက်စာ အဖြစ် ရွေးချယ်သင့်လဲ ။ ။ ၁ - ြကက်ဥ -နုနယ်သေးတဲ့ ကလေးအစာအိမ်အတွက် အစာခြေရတာလွယ်စေတဲ့ အစားအသောက်ဖြစ်တဲ့ အပြင် ကြီးထွားဖွံဖြိုးမှုကို အထောက်အကူပြုတဲ့ ပရိုတင်းဓါတ်တွေ […]


ကလေးငယ်အာဟာရ

ကလေးကို ဘယ်အချိန်မှာ ဆားစကျွေးမလဲ

ကလေးတွေက ၄ လလောက်ရောက်လာပြီဆိုရင် စားချင်သောက်ချင်စိတ်ဖြစ်လာပြီ။ အစားအစာတွေမြင်ရင် ပါးစပ်ပြင်တတ်လာပြီ။ ဒီအပြုအမူလေးတွေက ချစ်စရာကောင်းတာမှန်ပေမယ့် စားချင်တာကိုကျွေးလို့မရလို့ စိတ်မကောင်းဖြစ်မိတာကလည်း အမှန်ပဲနော်။ ဒီတော့ စဉ်းစားမိတာက ငါ့ကလေး စားလို့ရတာနဲ့ အရသာရှိရှိလေးကျွေးမယ်ပေါ့။ ဒီလိုတွေးမိထားတာကမေမေဖေဖေတွေတင်မဟုတ်ပါဘူး။ ကလေးကိုချစ်ကြတဲ့ ဖိုးဖိုးဖွားဖွားနဲ့ ဦးဦး တီလေးတို့လည်း ပါမယ်ထင်ပါတယ်နော်။ ဒီတစ်ခေါက်တော့ ကလေးကို အရသာရှိရှိစားစေချင်နေတဲ့ Hello ဆရာဝန်ပရိသတ်ကြီးအတွက် ကလေးတွေ နဲ့ ဆားစားသုံးခြင်းအကြောင်းလေးပြောပြပေးချင်တာပါ။ ကလေးတွေနဲ့ ဆားစားသုံးခြင်း အရသာရှိတာကျွေးမယ်ဆိုရင် အရင်ဆုံးတွေးမိတာက ဆားလေး၊ဆီလေး၊ အချိုမှုန့်လေးထည့်မယ်လို့ပေါ့။ ကလေးကိုချစ်ရင် အစားစစားချိန်မှာ ဒါတွေထည့်မကျွေးဖို့ပြောပါရစေ။ အစားစစားမယ့် ကလေးတစ်ယောက်ရဲ့ အစားအစာထဲမှာ ဆားထည့်ဖို့ တကယ်ကိုမလိုပါဘူး။ နို့စို့နေစဉ်ကမေမေ့နို့ကနေတဆင့် လိုအပ်တဲ့ ဆားဓါတ်ကို ရရှိခဲ့ပါတယ်။ ဆားတောင်မကျွေးရမှာတော့ အချိုမှုန့်ဆိုတာယောင်လို့ထည့်မကျွေးသင့်တာပါ။ အချိုမှုန့်က ကျန်းမာရေးအတွက်ကောင်းကျိုးလုံးဝမရှိတဲ့ အစားအစာပါနော်။ ဒီလိုပြောလို့ ကလေးကိုဆားလုံးဝမကျွေးရဘူးလို့ဆိုလိုတာမဟုတ်ပါဘူး။ အစားစစားချိန်မှာ မိခင်နို့ကိုဆက်တိုက်နေမယ်၊ နို့မှုန့်ကိုလည်း […]


ကလေးငယ်အာဟာရ

ကျန်းမာပျော်ရွှင်တဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ အသက်အရွယ်အလိုက် ဘာတွေများကျွေးမလဲ

ကလေးက ၆ လ အထိနို့သောက်ပြီးပြီ။ ဒီတော့ ကလေးက ၆ လပြည့်ပြီဆိုရင် ဘာလုပ်မယ်ထင်လဲ။ ထမင်းစားမှာပေါ့။ ထမင်းကလူကြီးတွေစားသလိုတော့ စားလို့မရသေးဘူးပေါ့။ ဒီတော့ ထမင်းတိုက်ကျွေးမယ်။ ထမင်းတိုက်ကျွေးတယ်ဆိုတဲ့နေရာမှာ ထမင်းပဲကျွေးလို့မရပါဘူးနော်။ လိုအပ်တဲ့အာဟာရတွြေပည့်ဖို့ အသီးအရွက်၊ ပဲအမျိုးမျိုးနဲ့ အသား၊ ငါးတွေကို မျှတအောင်ကျွေးပေးဖို့လိုပါမယ်နော်။ အစားစစားတာက ကလေးတစ်ယောက်အတွက် ကြီးမားတဲ့စွန့်စားခန်းပေါ့။ မိဘတွေအနေနဲ့ကလည်း ကိုယ့်ကလေး အကောင်းဆုံးကျော်ဖြတ်နိုင်အောင် ကူညီပေးရမှာပါနော်။ ကလေးအတွက် အသက်အရွယ်အလိုက် အစားအစာပြင်ဆင်ပေးမယ် ကလေး ၆ လ ကနေ ၈ လအရွယ် ကလေးက ၆ လရောက်လာပြီဆိုရင် အစားစစားလို့ရပြီပေါ့။ ဒီအရွယ်မှာ ကလေးကို အစာခပ်ပျော့ပျော့လေးတစ်နေ့ကို ၂ ကြိမ် ကနေ ၃ ကြိမ်လောက်ကျွေးရပါမယ်။ ကလေးစားတဲ့ ခွက်ကလေးနဲ့တစ်ဝက်စာလောက်ကျွေးရမှာပါနော်။ ကလေးကို ထမင်း၊ ပန်းဂေါ်ဖီစိမ်း၊ မုန်လာဥနီ၊ရွှေဖရုံသီး၊ ကန်ဇွန်းဥတို့ကိုကျွေးလို့ရပါတယ်။ ပျားရည်တော့လုံးဝမကျွေးပါနဲ့ဦး။ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း