ကလေးငယ်

ကလေးငယ်ရဲ့ ပထမတစ်နှစ်က အင်မတန်စိတ်လှုပ်ရှားစရာကောင်းပါတယ်။ သင့်ရဲ့ ကလေးလေး ဒီအရွယ်ကစပြီး ကျန်းမာပျော်ရွှင်နိုင်ဖို့ သင့်အနေနဲ့ ကလေးထိန်းကျောင်းနည်းလမ်းကောင်းတွေ ရဖို့ လိုတာပေါ့။ ဒီစာမျက်နှာမှာ သင့်ကလေးအတွက် လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို ရှာဖွေနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်

လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးငယ်လေးတွေ အကြောင်း

မေမေတွေ အနေနဲ့ ဘေဘီလေးကို ကိုယ်ဝန်ဆောင်ပြီး မွေးဖွားချိန်မှာ နေ့စေ့ လစေ့ မွေးဖွားတာမျိုး ရှိသလို မွေးဖွားမယ့်ရက်မတိုင်ခင်မှာ လမစေ့ဘဲ မွေးဖွားတာ၊ ရှိသင့်တဲ့ ကိုယ်အလေးချိန် မပြည့်သေးခင် မွေးဖွားတာကြောင့် ပေါင်မပြည့်ဘဲ မွေးဖွားလာတာမျိုးတွေ ရှိနိုင်ပါတယ်။ လမစေ့ဘဲ မွေးဖွားခြင်း ကိုယ်ဝန်ဆောင်ကာလက များသောအားဖြင့် ရက်သတ္တပတ် ၄၀ ကြာမြင့်တတ်ပါတယ်။ ၄၁ ပတ် ၄၂ ပတ်အထိ ကိုယ်ဝန်ဆောင်ရတဲ့ မိခင်တွေလည်း ရှိနိုင်ပါတယ်။ တကယ်လို့ ဘေဘီလေးက ကိုယ်ဝန်ဆောင်ကာလ ၃၇ ပတ် မတိုင်ခင်မှာ မွေးဖွားမယ်ဆိုရင်တော့ ဒါကို လမစေ့ဘဲ မွေးဖွားခြင်းလို့ ခေါ်ဆိုနိုင်ပါတယ်။ ဆေးပညာတွေ တိုးတက်လာတာကြောင့် လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးလေးတွေ ၁၀ ယောက်မှာ အများစုက အသက်ရှင်ကြပါတယ်။ ပုံမှန်အတိုင်းလည်း ကြီးထွားဖွံ့ဖြိုးကြပါတယ်။ တခြားဘာကျန်းမာရေးပြဿနာမှ မရှိဘူးဆိုရင်ပေါ့။ ပျမ်းမျှအားဖြင့် […]

ကလေးငယ် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးငယ် ကို ရှာဖွေမည်။

ကလေးငယ်ပထမနှစ်

26 ပတ်သားကလေး

ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ ကျွန်ုပ်၏ကလေးသည် မည်သို့ဖွံ့ဖြိုးလာသင့်ပါသလဲ။ ခါက်လမြောက်၏ ဒုတိယပတ်တွင် သင့်ကလေးသည် - • မြှောက်ချီထားလျှင် ခြေထောက်တွင် အလေးချိန်ကို ခံနိုင်သည်။ • အထောက်အကူမပါဘဲထိုင်နိုင်သည်။ • အသံလာရာသို့လှည့်သွားနိုင်သည်။ • ရယ်မောသံများကို ဖန်တီးနိုင်သည်။ ကလေး ကို မည်သို့ ကူညီထောက်ပံ့နိုင်ပါသလဲ။ သင့်ကလေးသည် လက်တစ်ဖက် အသုံးပြုပြီး ခဏကြာလျှင် အခြားတစ်ဖက်ကို ပြောင်းသုံးရသည်ကို နှစ်သက်လိမ့်မည်။ သို့သော် ကလေးအသက် သုံးလေးနှစ်ရောက်သည်အထိ ဘယ်သန်၊ ညာသန်ကို အသေအချာ ခွဲခြားနိုင်လိမ့်မည်မဟုတ်ပါ။ သင့်ကလေး၏ ဘယ်သန်၊ညာသန်ဖြစ်ခြင်းကို ပြောင်းလဲရန်မကြိုးစားပါနှင့်။ ၎င်းသည် မွေးရာပါဖြစ်သည်။ အတင်းအကြပ်ပြောင်းလဲခြင်းသည် ကလေးအတွက် စိတ်ရှုပ်ထွေးစေပြီး လက်နှင့်မျက်လုံး၏ ဆက်သွယ်မှုကို အခက်အခဲဖြစ်စေသောကြောင့် စာရေးခြင်းနှင့် အခြားလက်ဖြင့်လုပ်ရသော အလုပ်များတွင် အခက်အခဲဖြစ်တတ်သည်။ လက်အမူအရာပြခြင်းကို သင်ပေးလိုလျှင် ယခုအချိန်သည် အချိန်ကောင်းဖြစ်သည်။ သင့်ကလေးကို ကိုယ့်ကိုယ်ကို ဖော်ပြနိုင်သော နည်းလမ်းကို သင်ပေးခြင်းအားဖြင့် သင့်ကလေး၏ စိတ်မသက်မသာဖြစ်မှုကို လျော့နည်းစေသည်။ […]


ကလေးငယ်ပထမနှစ်

27 ပတ်သားကလေး

ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ ကျွန်ုပ်၏ကလေးသည် မည်သို့ဖွံ့ဖြိုးလာသင့်ပါသလဲ။ ၂၇ ပတ်တွင် သင့်ကလေးသည် - • တစ်ယောက်ယောက် သို့မဟုတ် အရာဝတ္ထုတစ်ခုခုကို ကိုင်ပြီး မတ်တပ်ရပ်နိုင်သည်။ • သူမအရုပ်ကို သင်ယူသွားဖို့လုပ်လျှင် မကြိုက်ကြောင်းပြသည်။ • သူလက်လှမ်းမမီ သောနေရာမှ ကစားစရာဆီသို့ ရောက်ရန်ကြိုးစားသည်။ • လက်တစ်ခုမှ တစ်ခုသို့ ပစ္စည်းများကို ပြောင်းကိုင်သည်။ • ပြုတ်ကျသော ပစ္စည်းကို လိုက်ရှာနိုင်သည်။ • ပစ္စည်းသေးများကို ကောက်ယူနိုင်ပြီး လက်ထဲတွင် ဆုပ်ကိုင်နိုင်သည်။ • ဘ-ဘ-ဘ မ-မ-မ ကဲ့သို့သော အတွဲသံများကို ပြောနိုင်လာသည်။ • လက်နှင့် အစာစားရန် ကြိုးစားလိုသည်။ • လက်ထဲတွင် မုန့်များကို ဆုပ်ကိုင်ထားခြင်း၊ လက်ထဲမှ မုန့်ကို စားခြင်းများ လုပ်နိုင်သည်။ ကလေးကို မည်သို့ ကူညီထောက်ပံ့နိုင်ပါသလဲ။ သင့်ကလေးသည် သင့်ဇွန်းကို ဆွဲလုခြင်း၊ သင့်ပန်းကန်ထဲမှ အစားကို လက်နှင့်နှိုက်ခြင်းဖြင့် သူလက်ဖြင့် အစာစားနိုင်နေပြီ ဖြစ်ကြောင်း သင့်ကို […]


ကလေးငယ်ပထမနှစ်

28 ပတ်သားကလေး

ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ ကျွန်ုပ်၏ကလေးသည် မည်သို့ဖွံ့ဖြိုးလာသင့်ပါသလဲ။ ဤအရွယ်တွင် ကလေးသည် တိရစ္ဆာန်အရွယ်မျိုးစုံကို စိတ်ဝင်စားပါလိမ့်မည်။ သင့်ကလေး၏ အနှစ်သက်ဆုံးသော အရုပ်များဖြစ်လာနိုင်သည်။ သင့်ကလေးသည် သင့်ကို မှီခိုရန်ထက် သူ့ဘာသာသူ နေထိုင်ရန်ပိုကြိုးစားလာသည်။ သင့်ကလေးအတွက် ဝက်ဝံရုပ်ဝယ်ပေးလျှင် နူးညံ့ပြီး စိတ်ချရသော အရုပ်မျိုးကို ရွေးချယ်ပါ။ သင့်ကလေးသည် ဘောလုံးနှင့် ကစားတတ်လာသည့် အရွယ်ဖြစ်လာသောကြောင့် ပါးစပ်ထဲသို့ ထည့်လို့ရသော ဘောလုံးအရွယ်ကို မဝယ်ပေးပါနှင့်။ ခြောက်လ၏ နောက်ဆုံးပတ်တွင် သင့်ကလေးသည် - • ညည်းညူတတ်လာသည်။ လေးဘက်တွားပြီး လျှောက်သွားနိုင်သည်။ • ထိုင်နေရာမှ ထရပ်ဖို့ လုပ်နိုင်သည်။ • လေးဘက်ထောက်ရာမှ ထိုင်သည့်ပုံစံသို့ ပြောင်းနိုင်သည်။ • လက်မနှင့် လက်ညှိုးကို အသုံးပြုပြီး ပစ္စည်းများကို ကောက်နိုင်သည်။ • ပါးပါး၊ မားမား ခေါ်တတ်လာသည်။ ကလေး ကို မည်သို့ ကူညီထောက်ပံ့နိုင်ပါသလဲ။ ယခုအချိန်တွင် ခြေထောက်က အလေးချိန်ကို ခံနိုင်ရည်ရှိပြီး လှုပ်ရှားပြီး […]


ကလေးငယ်ပထမနှစ်

29 ပတ်သားကလေး

ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ ကျွန်ုပ်၏ကလေးသည် မည်သို့ဖွံ့ဖြိုးလာသင့်ပါသလဲ။ ၂၉ ပတ်အရွယ်တွင် သင့်ကလေးသည် - • ဘီစကစ်မုန့်ကို စားတတ်လာသည်။ • ရယ်မောသံများထွက်တတ်လာသည်။ • ပျော်ရွှင်သည့်အခါ အသံများထွက်တတ်သည်။ • သင့်နှင့် အပြန်အလှန်ဆက်သွယ်နေသောအခါ ရယ်မောနေတတ်သည်။ ကလေးကို မည်သို့ ကူညီထောက်ပံ့နိုင်ပါသလဲ။ ယခုအရွယ်တွင် သင့်ကလေးကို ခွက်နှင့် ရေသောက်တတ်ရန် လေ့ကျင့်ပေးနိုင်သည်။ ဖန်ခွက်များ ကိုကိုင်သည့်အခါ အဝတ်စခံပြီးကိုင်လျှင်ပိုကောင်းပါသည်။ သင့်ကလေးသည် ဖန်ခွက်ထဲမှရေကို သောက်မရသောအခါ သင့်ကလေးကို ဖန်ခွက်ထဲမှ ရေ ကို ပါးစပ်ထဲမည်သို့ဝင်အောင် သောက်ရမည်ကို သင်ပေးပါ။   ကျန်းမာရေးနှင့် ဘေးကင်းစိတ်ချရမှု ဆရာဝန်နှင့် ဘာတွေ ဆွေးနွေးသင့်ပါသလဲ။ ဆရာဝန်အများစုသည် ယခုလတွင် ကလေးကို ကျန်းမာရေးစစ်ဆေးရန် စီစဉ်မည်မဟုတ်ပါ။ ကောင်းသောအချက်သည် သင့်ကလေးတွင် ရောဂါမရှိခြင်းနှင့် မကောင်းသောအချက်သည် သင့်ကလေးတွင် အဆင့်ဆင့်မည်သို့ ဖွံ့ဖြိုးမည်ကို သင်သတိမပြုနိုင်ခြင်း ဖြစ်နိုင်သည်။ နောက်တစ်ကြိမ်တွေ့သည့်အခါ ဆရာဝန်နှင့် ဆွေးနွေးလိုသည်များကို ပြင်ဆင်ထားပါ။ သို့သော် သင့်တွင် […]


ကလေးငယ်ပထမနှစ်

3 ပတ်သားကလေး

ဖွံ့ဖြိုးလာမှုနဲ့ အပြုအမူလေးတွေ ဘယ်လိုဖွံ့ဖြိုးလာလဲ ခုဆိုရင်သင့်ရင်သွေးလေးဟာ ၃ပတ်သားလေးဖြစ်လာပါပြီ၊ ဒီအချိန်မှာဆိုရင်တော့ ကလေးလေးတွေဟာ ၂၀ မှ ၃၅ စင်တီမီတာအကွာမှာရှိတဲ့ အရာဝတ္ထုတွေကို မြင်နိုင်၊ တွေ့နိုင်နေပါပြီ။ ပြီးတော့ ဒီအကွာအဝေးဟာ သင်နို့တိုက်တဲ့အချိန် သူ့မျက်လုံးနဲ့သင်နဲ့ကြားထဲက အကွာအဝေးဖြစ်ပါတယ်။ ဒီအရွယ်ကလေးလေးတွေဟာ မျက်နှာတွေကိုစိတ်ဝင်စားတတ်လာပါပြီ။ နို့တိုက်နေစဉ်မှာ သူတို့ကိုတည့်တည့်ကြည့်နေခြင်းဖြင့် အာရုံစိုက်ကြည့်တတ်ဖို့ လေ့ကျင့်ပေးနိုင်ပါလိမ့်မယ်။ တစ်ချိန်ထဲမှာပဲ သင့်ခေါင်းကိုဟိုဘက်ဒီဘက် လှုပ်ယမ်းပေးခြင်းဖြင့် သူ့မျက်လုံးက သင့်ကိုလိုက်ကြည့်နေလား စမ်းနိုင်ပါတယ်။ ဒါဟာ ကလေးတွေရဲ့မျက်လုံးကြွက်သားနဲ့ အာရုံစိုက်ကြည့်နိုင်စွမ်း ကိုလေ့ကျင့်ပေးပါတယ်။ မျက်လုံးအကြည့်ဖြင့် တစ်ယောက်နဲ့ တစ်ယောက်ဆက်သွယ်ခြင်းဟာ မိခင်နဲ့သံယောဇဉ်လည်းပိုတွယ်စေပါတယ်။ ခုသုံးပတ်မှာဆိုရင် သင့်ကလေးလေးဟာ ခြေတွေလက်တွေကို လွတ်လပ်စွာ လှုပ်ရှားနိုင်နေပါပြီ။ သူ့ကို ဘယ်လိုအထောက်အပံ့ပေးနိုင်မလဲ ခုအချိန်ကလေးလေးတွေအတွက် အခြားလူတွေနဲ့ ဆက်သွယ်နိုင်မယ့် နည်းလမ်းကတော့ ငိုတာပါပဲ။ ဒီလိုဆိုရင် သင့်အသံနဲ့ သင့်အထိအတွေ့တွေကို သူတို့ဆက်သွယ်နိုင်မှာဖြစ်တယ်လေ။ သူတို့ကသင့်အသံကိုသိနေပြီး တခြားလူတွေနဲ့ ခွဲခြားတတ်နေပါပြီ။ သင့်ရင်သွေးလေးဟာ […]


ကလေးငယ်ပထမနှစ်

30 ပတ်သားကလေး

ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ ကျွန်ုပ်၏ကလေးသည် မည်သို့ဖွံ့ဖြိုးလာသင့်ပါသလဲ။ ယခုအရွယ်တွင် သင့်ကလေးကို သင့်ဖုန်းသည် ကစားစရာမဟုတ်ကြောင်းပြောပြရမည်။ သင့်ကလေးသည် သင်ကို ငြင်းဆိုရန်၊ တော်လှန်ကြိုးစားလာပြီး သင်ချမှတ်ထားသော စည်းကမ်းများကို မလိုက်နာတော့ရန်ကြိုးစားလာသည်။ သူမသည် တကယ့်ကို မလိုက်နာခြင်းမဟုတ်ဘဲ စူးစမ်းလိုခြင်းသာဖြစ်သည်။ အပတ် ၃၀ တွင် သင့်ကလေးသည် - • အကူအညီမပါဘဲ ထိုင်နိုင်သည်။ • သင်သူ့ကို မြှောက်ချီသည့်အခါ မလိုက်ချင်ဘဲ ဆွဲထားတတ်သည်။ • သင်အရုပ်များကို အဝေးသို့ ဖယ်ပစ်သည့်အခါ ငြင်းဆန်တတ်သည်။ • အရုပ်များဆီသို့ ရောက်ရန်၊ ရရန် ကြိုးစားတတ်သည်။ • ပြုတ်ကျသွားသော ပစ္စည်းများကို ရှာဖွေတတ်သည်။ • လက်ဖြင့် ပစ္စည်းများကို ဆုပ်ကိုင်တတ်လာသည်။ • အသံလာရာသို့ စူးစမ်းတတ်သည်။ • အတွဲသံများကို ထွက်တတ်လာသည်။ • တူတူရေဝါး ဆော့တတ်လာသည်။ ကလေးကို မည်သို့ ကူညီသင့်ပါသလဲ။ သင့်ကလေးသည် ယခုအချိန်တွင် သင်ပြောသမျှကို နားမလည်နိုင်သေးပေ။ ထို့ကြောင့် အကောင်းဆုံးသည် ရိုးရှင်းသော […]


ကလေးငယ်ပထမနှစ်

13 ပတ်သားကလေး

ဖ့ွံဖြိုးတိုးတက်မှုနှင့် အပြုအမူ ကျွန်ုပ်၏ကလေးသည် မည်သို့ဖွံ့ဖြိုးလာသင့်ပါသလဲ။ သုံးလမြောက်၏ ပထမပတ်တွင် ကလေးငယ်သည် - • သင့်ကို မှတ်မိလာပါလိမ့်မည်။ ၁၃ ပတ်မြောက်တွင် ပိုပြီး သိသာလာမည်ဆိုသော်လည်း ကလေးတစ်ဝက်လောက်သည် သူတို့၏ မိဘများကို ခွဲခြားသိနိုင်စပြုလာသည်။ • လူစိမ်းတွေကို ပြုံးပြတတ်လာပြီး၊ သူတို့ကိုမျက်လုံးထဲသို့ သေချာကြည့်သူများ၊ စကားပြောသူများ၊ အတူကစားပေးသူများကို ပြုံးပြတတ်လာသည်။ လူစိမ်းတွေကို သေချာကြည့်ပြီး သိနိုင်သော်လည်း ကလေးများသည် မိဘနှင့် သူတို့အနားမှာရှိတတ်သောသူများကို ပိုနှစ်သက်ကြသည်။ • သင့်ကို လိုက်ရှာနိုင်သည်။ ငြိမ်ငြိမ်လေးနေပြီး မျက်လုံးချင်းဆိုင်ကြည့်နေနိုင်သည်။ သင့်ကို တွေရလျင်ရယ်မောနိုင်သည်။ သင့်၏ အနံ့ကိုလည်းခွဲခြားသိနိုင်သည်။ • အိပ်နေသည့် အချိန်တွင် ခေါင်းကို ၄၅ ဒီဂရီထောင်မတ်နိုင်ပြီ ဖြစ်သည်။ ကျွန်ုပ်၏ ကလေးငယ်ကို ဘယ်လို ကူညီနိုင်မလဲ။ သုတေသနများက မိဘနှင့် စကားပြောသောကလေးများသည် ဉာဏ်ပိုကောင်းပြီး ကြီးပြင်းလာသောအခါ အခြားကလေးများထက် စကားလုံးအသုံးအနှုန်းပိုကြွယ်ဝကြောင်း ပြဆိုထားသည်။ ထို့ကြောင့် […]


ကလေးငယ်ပထမနှစ်

14 ပတ်သားကလေး

ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ ကျွန်ုပ်၏ကလေးသည် မည်သို့ဖွံ့ဖြိုးလာသင့်ပါသလဲ။ ယခု ကလေးငယ်သည် သင့်ကို ထိတွေ့ချင်လာပါသည်။ ထိတွေ့မှုသည် ကလေးငယ်၏ ကြီးပြင်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ကောင်းစွာအထောက်အကုူပြုပါသည်။ အသားချင်းထိတွေ့ခြင်းသည် ကလေးနှင့်သင့်ကြားဆက်သွယ်မှုပိုကောင်းစေရုံသာမက ကလေးစိတ်တို၊ စိတ်အခန့်မသင့်သည့် အချိန်များတွင် သင်မှ ပိုပြီး သက်သာအောင်ပြုလုပ်ပေးနိုင်သည်။ သူ့လက်များခြေထောက်များကို ဝှေ့ယမ်းနိုင်ပြီး တင်ပါးနှင့် ဒုူးသည် ပို၍ လှုပ်ရှားလာနိုင်သည်။ တတိယလ၏ ဒုတိယပတ်တွင် ကလေးသည်- • အသံကျယ်ကျယ်ရီမောနိုင်သည်။ • အိပ်နေလျှင် ခေါင်းကို ၉၀ ဒီဂရီထောင်မတ်နိုင်သည်။ • စိတ်လှုပ်ရှားလျှင် အော်ဟစ်နိုင်သည်။ • လက်များကို ဆုပ်ကိုင်နိုငသည်။ • သဘာဝကျကျရီမောနိုင်သည်။ • ၁၅ စင်တီမီတာအကွာမှ ပစ္စည်းနောက်သို့ လိုက်နိုင်ပြီး ဘေးဘက်သို့ ၁၈၀ ဒီဂရီစောင်းလှည့်နိုင်သည်။   ကျွန်ုပ်၏ ကလေးကို မည်သို့ ကူညီပေးသင့်ပါလဲ။ သင့်ကလေးကို ပစ္စည်းအများကြီးနှင့် ထိတွေ့မှုရှိနိုင်ရန်လုပ်ပေးသင့်သည်။ ဤအရွယ်တွင် ကလေးများသည် ပါးစပ်ထဲသို့ တွေ့မြင်သမျှထည့်သွင်းတတ်သောကြောင့် ကလေးကို တစ်ယောက်တည်း […]


ကလေးငယ်ပထမနှစ်

15 ပတ်သားကလေး

ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ ကျွန်ုပ်၏ကလေးသည် မည်သို့ဖွံ့ဖြိုးလာသင့်ပါသလဲ။ သင့်ကလေးသည် သူ့ပတ်ဝန်းကျင်ကို စတင်ကောက်ချက်ချနေပြီဖြစ်သည်။ သူသည် အရာရာတိုင်းကို စူးစမ်းလျက်ရှိသည်။ မကွဲနိုင်သောမှန်တစ်ချပ်ကို သင့်ကလေးရဲ့ အရှေ့ကို ချပေးလိုက်ပါ။ သူကိုယ့်သူပြန်ကြည့်နေမှန်း မသိဘဲ မှန်ကို စိုက်ကြည့်ရသည်ကို သူသဘောကျနေပါလိမ့်မည်။ သူပျော်ရွှင်ကြောင်းကို အသံများထွက်နေခြင်းဖြင့် ပြပါလိမ့်မည်။ တတိယလ၏ တတိယပတ်တွင် ကလေးသည် • မတ်မတ်ချီထားလျှင် ခေါင်းကို ငြိမ်အောင် ထိန်းနိုင်ပြီဖြစ်သည်။ • မှောက်နေရင်း ကိုယ်တစ်ပိုင်းကို ထနိုင်ပြီဖြစ်သည်။ • တစ်ဖက်သို့လှိမ့်လိုက်နိုင်သည်။ • အရာဝတ္ထုတွေကို ဆုပ်ကိုင်နိုင်ပြီဖြစ်သည်။ • ပစ္စည်းအသေးစားတွေကို အာရုံစိုက်နေသောကြောင့် ထိုသို့သော အရာများကို သူ့အနားမှာ အလွယ်တကူမထားပါနှင့်။ • သူ့ပတ်ဝန်းကျင်ကို သူ့ဘာသာသူ ကောက်ချက်ချနေပြီး အရာအားလုံးကို စူးစမ်းလိုစိတ ်စတင်နေပြီဖြစ်သည်။   ကျွန်ုပ်၏ ကလေးကို မည်သို့ ကူညီပေးသင့်ပါလဲ။ လက်စုပ်ခြင်းနှင့် နို့ဘူးကို စုပ်ခြင်းများကို မလုပ်တော့တာဖြစ်နိုင်သည်။ သင်အိမ်တွင် အလုပ်များလုပ်နေသည့်အချိန်တွင် သင့်ကလေးငယ်ကို သူထွက်နိုင်သည့် အသံတွေ ထွက်ပြပြီး […]


ကလေးငယ်ပထမနှစ်

16 ပတ်သားကလေး

ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ ကျွန်ုပ်၏ကလေးသည် မည်သို့ဖွံ့ဖြိုးလာသင့်ပါသလဲ။ ကလေးကို မှောက်ထားလျှင် သင့်ကလေးသည် ခေါင်းထောင်နိုင်ပြီဖြစ်ပြီး သူ့လက်မောင်းများကို အသုံးပြု၍ ပခုံးကို ထောင်နိုင်သည်။ ထိုသို့ တစ်ဝက်ထောင်ထခြင်းသည် သူမ၏ ကြွက်သားများကို သန်မာစေပြီး ဘာဖြစ်နေသည်ကို သိရှိရန်သူပိုမြင်ရစေသည်။ မှောက်လျက်မှ ပက်လက်သို့ ပုံစံပြောင်းလဲခြင်းဖြင့် သင့်ကို အံ့အားသင့်စေလိမ့်မည်။ သူမနှင့် အတူဆော့ကစားခြင်းဖြင့် ထိုသို့ တစ်ပတ်လိမ့်ခြင်းကို လေ့ကျင့်ပေးနိုင်သည်။ အရုပ်ကို ကလေး၏ ဘေးတွင် ချပေးခြင်းဖြင့် သူမကို စိတ်ဝင်စားစေလျှင် အရုပ်ကို လှမ်းယူဖို့ကြိုးစားပါလိမ့်မည်။ သူမ၏ အားထုတ်မှုကို ချီးကျူးပါ။ ပြုံးပြပါ။ ထိုကိစ္စသည် အနည်းငယ် အားထုတ်ရသည့်အတွက် သင်၏ ထောက်ခံမှုကို သူမလိုအပ်ပါသည်။ တတိယလ၏ နောက်ဆုံးအပတ်တွင် ကလေးသည်- • မတ်မတ်ချီထားလျှင် ခြေထောက်ကို အားပြုထောက်နေပြီဖြစ်သည်။ • အရာဝတ္ထုတွေကို ဆုပ်ကိုင်နိုင်ပြီဖြစ်သည်။ • ဆွဲပြီး ထိုင်ခိုင်းလျှင် ကိုယ်ခန္ဓါကို ထိန်းထားနိုင်သည်။ • […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း