ကလေးငယ်

ကလေးငယ်ရဲ့ ပထမတစ်နှစ်က အင်မတန်စိတ်လှုပ်ရှားစရာကောင်းပါတယ်။ သင့်ရဲ့ ကလေးလေး ဒီအရွယ်ကစပြီး ကျန်းမာပျော်ရွှင်နိုင်ဖို့ သင့်အနေနဲ့ ကလေးထိန်းကျောင်းနည်းလမ်းကောင်းတွေ ရဖို့ လိုတာပေါ့။ ဒီစာမျက်နှာမှာ သင့်ကလေးအတွက် လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို ရှာဖွေနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်

လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးငယ်လေးတွေ အကြောင်း

မေမေတွေ အနေနဲ့ ဘေဘီလေးကို ကိုယ်ဝန်ဆောင်ပြီး မွေးဖွားချိန်မှာ နေ့စေ့ လစေ့ မွေးဖွားတာမျိုး ရှိသလို မွေးဖွားမယ့်ရက်မတိုင်ခင်မှာ လမစေ့ဘဲ မွေးဖွားတာ၊ ရှိသင့်တဲ့ ကိုယ်အလေးချိန် မပြည့်သေးခင် မွေးဖွားတာကြောင့် ပေါင်မပြည့်ဘဲ မွေးဖွားလာတာမျိုးတွေ ရှိနိုင်ပါတယ်။ လမစေ့ဘဲ မွေးဖွားခြင်း ကိုယ်ဝန်ဆောင်ကာလက များသောအားဖြင့် ရက်သတ္တပတ် ၄၀ ကြာမြင့်တတ်ပါတယ်။ ၄၁ ပတ် ၄၂ ပတ်အထိ ကိုယ်ဝန်ဆောင်ရတဲ့ မိခင်တွေလည်း ရှိနိုင်ပါတယ်။ တကယ်လို့ ဘေဘီလေးက ကိုယ်ဝန်ဆောင်ကာလ ၃၇ ပတ် မတိုင်ခင်မှာ မွေးဖွားမယ်ဆိုရင်တော့ ဒါကို လမစေ့ဘဲ မွေးဖွားခြင်းလို့ ခေါ်ဆိုနိုင်ပါတယ်။ ဆေးပညာတွေ တိုးတက်လာတာကြောင့် လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးလေးတွေ ၁၀ ယောက်မှာ အများစုက အသက်ရှင်ကြပါတယ်။ ပုံမှန်အတိုင်းလည်း ကြီးထွားဖွံ့ဖြိုးကြပါတယ်။ တခြားဘာကျန်းမာရေးပြဿနာမှ မရှိဘူးဆိုရင်ပေါ့။ ပျမ်းမျှအားဖြင့် […]

ကလေးငယ် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးငယ် ကို ရှာဖွေမည်။

ကလေးငယ်ပထမနှစ်

46 ပတ်သားကလေး

ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ ဘယ်လိုဖွံ့ဖြိုးလာလဲ ခုဆိုရင်ကလေးဟာ စာရွက်တွေလျှောက်လှန်ရတာ၊ စာအုပ်တွေကြည့်ရတာကို နှစ်သက်လာပါပြီ။ စာရွက်တစ်ရွက်ချင်းစီလှန်ဖို့ကတော့ မဖြစ်နိုင်သေးပေမယ့်ပေါ့။ အရုပ်အကြီးကြီးတွေပါတဲ့ စာအုပ်တွေကိုသူတို့သဘောခွေ့ကြမှာပါ။ ကလေးတွေစာဖတ်ချိန်မှာ အမျိုးစုံဖို့အတွက်၊ သူတို့ဘယ်လိုစာအုပ်မျိုးပိုနှစ်ခြိုက်လဲသိရအောင် ကိုယ်ပိုင်စာကြည့်တိုက်ငယ်လေးတည်ဆောက်ပေးတာ၊ ဒါမှမဟုတ် မိသားစုစာအုပ်စင်မှာ ကလေးအတွက်တစ်ကန့်ထားပေးတာမျိုး၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ စာအုပ်ဖလှယ်တာမျိုး လုပ်ပေးပါ။ ဒီအရွယ်မှာဆိုရင် သင့်ရင်သွေးလေးဟာ- • လက်ခုပ်တီးတတ်၊ တာ့တာ ပြတတ်ပြီ • ပရိဘောဂတွေကိုင်ပြီးလမ်းလျှောက်တတ်ပြီ • လိုချင်တာကို ညွှန်ပြတတ်ပြီ • စာအုပ်တွေကြည့်ရ၊ စာရွက်တွေလျှောက်လှန်ရတာကို နှစ်သက်တတ်လာပါပြီ သူ့ကို ဘယ်လိုအထောက်အပံ့ပေးနိုင်မလဲ သင့်ကလေးဟာ ပြီးခဲ့တဲ့လတွေမှာ သင်နဲ့ခွဲနေရမှာကိုပူပန်တဲ့စိတ်တွေနဲ့ သတ်ပုတ်နေခဲ့ရမှာပါ။ ဒါဟာသဘာဝကျပါတယ်၊ ဘာလို့လည်းဆိုတော့ သူတို့ကသင့်ကိုချစ်ပြီး မှီခိုတာကိုး..။ ဒါကိုသက်သာစေဖို့ ခွဲနေရချိန်ကိုတတ်နိုင်သမျှတိုပါစေ။ ကလေးကို နေ့ကလေးထိန်းကျောင်း၊ ဒါမှမဟုတ် အိမ်မှာကလေးထိန်းနဲ့ထားခဲ့ရတဲ့အခါ ကလေးကိုသေချာပြောခဲ့ပါ၊ ဒါပေမယ့် အကြာကြီးနှုတ်ဆက်လိုက်၊ ငိုလိုက်နဲ့ ပိုစိတ်ညစ်စရာကောင်းအောင်တော့မလုပ်ပါနဲ့။ သူတို့က ခဏနေရင် ပြန်ရွှင်မြူးမှာပါ။ အချိန်ပြည့်ဘေးကနေ့ အရိပ်တကြည့်ကြည့်လုပ်တာလျှော့ခြင်းဖြင့် သူတို့ကိုအမှီအခိုကင်းအောင် ကူညီနိုင်ပါတယ်။ ဒါပေမယ့် […]


ကလေးငယ်ပထမနှစ်

48 ပတ်သားကလေး

ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ ဘယ်လိုဖွံ့ဖြိုးလာလဲ တကယ်လို့သင့်ရင်သွေးလေးက ခုထိလမ်းမလျှောက်သးဘူးဆိုရင် မကြာခင်စလျှောက်တော့မှာပါ။ တကယ်လို့မလျှောက်သေးရင်လည်းမပူပါနဲ့၊ လုံးဝပုံမှန်ကလေးတချို့ဟာ ၁၆လ၊ ၁၇လသားလောက်မှ လမ်းစလျှောက်တတ်ပါတယ်။ ဒီအရွယ်မှာဆိုရင် သင့်ရင်သွေးလေးဟာ- • တစ်ယောက်ထဲကောင်းကောင်းမတ်တပ်ရပ်တတ်ပြီ • လမ်းကောင်းကောင်းလျှောက်တတ်ပြီ • ငိုတာအပြင် တခြားနည်းလမ်းနဲ့ သူလိုချင်တာကိုပြောတတ်ပြီ • ဘောလုံးကစားတတ်ပြီ • ခွက်ကနေအကူမလိုဘဲသောက်တတ်ပြီ • မသိရင် တခြားဘာသာစကားတစ်ခုပြောနေသလို မပီကလာပီကလာ လျှောက်ပြောတတ်လာပြီ • ခြေဟန်လက်ဟန်မပြတော့လည်း တချို့အမိန့်စကားတွေကို လိုက်လုပ်တတ်လာပြီ • မေမေ ဖေဖေ အပြင် စကားလုံးတွေအများကြီးပိုပြောလာပါပြီ။ သူ့ကို ဘယ်လိုအထောက်အပံ့ပေးနိုင်မလဲ အမြဲတမ်းလိုပဲ သင့်ရင်သွေးလေးက စွမ်းရည်အသစ်တွေလေ့ကျင့်နေချိန်မှာ လုံခြုံတဲ့ပတ်ဝန်းကျင်တစ်ခုဖန်တီးထားပေးပါ။ ကလေးစောင့်ရှောက်မှုနည်းတွေလေ့လာပြီး ကလေးကိုဘယ်တော့မှပစ်မထားနဲ့။ ပြီးတော့…… ကင်မရာအသင့်သာပြင်ထားပါတော့။ သင့်ကလေးငယ်ပထမဆုံးခြေလှမ်းကိုကြည့်ရတာလောက် ပျော်စရာကောင်းတာလောကကြီးမှာမရှိတော့ပါဘူး။ သူတို့ရှေ့မတ်တပ်ရပ်လို့ဖြစ်စေ၊ ဒူးထောက်ရင်းဖြစ်စေ သင့်လက်တွေကိုဆန့်ထုတ်ထားပြီး သူတို့လမ်းလျှောက်တာကိုအားပေးပါ။ ဒါမှမဟုတ် သူတို့လက်ကိုကိုင်ထားပေးရင်း သင့်ဆီသူတို့လျှောက်လာပါစေ။ ကလေးအများစုလိုပဲ သင့်ကလေးဟာ ပထမဆုံးခြေလှမ်းတွေမှာ ဟန်ချက်ညီစေဖို့အတွက် တံထောင်ကွေးထားလျက်လက်ကို ဘေးကိုဆန့်ထုတ်ရင်း ၊ ခြေထောက်တွေကဘေးကားပြီး ဝမ်းဗိုက်ကရှေ့ထွက်၊ အောက်ပိုင်းကနောက်ကျန်ခဲ့ရင်းလျှောက်ကြပါလိမ့်မယ်။   ကျန်းမာဖို့၊ လုံခြုံဖို့ ဆရာဝန်နှင့် […]


ကလေးငယ်ပထမနှစ်

5 ပတ်သားကလေး

ဖွံ့ဖြိုးလာမှုနဲ့ အပြုအမူလေးတွေ ဘယ်လိုဖွံ့ဖြိုးလာလဲ ပထမဆုံးတစ်လပြည့်ပြီး အပတ်မှာပဲ သင့်ရင်သွေးလေးဟာ သူတို့မှောက်လျက်အနေအထားမှာဖြစ်ဖြစ် ခဏလောက်လေး ခေါင်းမော့နိုင်နေပါပြီ။ ဒါ့အပြင် တခြားလူတွေရဲ့မျက်နှာတွေကိုလည်း အာရုံစိုက်ကြည့်တတ်လာပြီ၊ အထူးသဖြင့် သူ့အနားမှာ အမြဲစောင့်ရှောက်နေတဲ့ သင့်ကိုပေါ့။ ခုအချိန်မှာဆိုရင် ကလေးလေးတွေဟာ တအီအီတအဲအဲ နဲ့ သူ့တို့ခံစားချက်လေးတွေကို အသံမျိုးစုံနဲ့ ဖော်ပြတတ်လာပြီ တခါတရံမှာ အသံစူးနေအောင်ထအော်တာမျိုး၊ ခိုးခိုးခစ်ခစ်ရယ်တာမျိုးလေးတွေပါ ရှိလာတတ်ပါတယ်။ သူ့ကိုဘယ်လိုအထောက်အပံ့ပေးနိုင်မလဲ သူတို့ကိုမြှူပါ၊ စနောက်ပါ၊ အမြဲသူတို့ကိုပြန်ဖြေပါ၊ စကားလေးတွေပြောပေးနေပါ။ ဒီအချိန်မှာဆိုရင် သူတို့ကအာရုံစိုက်မှုရတာကို နှစ်ခြိုက်တတ်လာပါပြီ။ ဒါကြောင့် သူတို့နဲ့တိုက်ရိုက်စကားတွေပြောပေးပါ။ ကလေးလေးတွေနဲ့အဆင်ပြေမယ့်ပုံစံမျိုးနဲ့ ပြောတာမျိုး၊ စကားလေးတွေသင်ပေးတာမျိုးလည်း ပြုလုပ်ပေးပါ။ ရင်သွေးလေးနဲ့ အမြဲဆက်သွယ်ပြောဆိုနေတာဟာ သူနဲ့မိခင်ကြားမှရင်းနှီးမှုတွေတိုးလာစေပါတယ်။   ကျန်းမာဖို့၊ လုံခြုံဖို့ ဆရာဝန်နဲ့ ဘာတွေဆွေးနွေးသင့်လဲ သင့်ကလေးရဲ့ကျန်းမာရေးအခြေအနေပေါ်မူတည်ပြီး ဆရာဝန်ကရက်ချိန်းပေးစစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ပါတယ်။ ဒါပေမယ့် ခုအချိန်မှာ ဆေးခန်းသွားပြခဲ့ရင်တော့ ဒီအရာတွေ ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။ ကလေးရဲ့စားသောက်အိပ်စက်ခြင်းတွေအပါအဝင် ဖြစ်ရပ်အမျိုးမျိုးနှင့် ကလေးလေးရော၊ သင်တို့မိသားစုရော အိမ်မှာနေထိုင်မှုပုံစံအကြောင်း ကလေးရဲ့ကလေးချိန်၊ အရပ်၊ […]


ကလေးငယ်ပထမနှစ်

6 ပတ်သားကလေး

ဖွံ့ဖြိုးလာမှုနဲ့ အပြုအမူလေးတွေ ဘယ်လိုဖွံ့ဖြိုးလာလဲ အပြုံးလေးတွေကတော့ ကမ္ဘာနဲ့အနှံ့ အနန္တပါပဲ။ သင့်ရဲ့ချစ်ခြင်းမေတ္တာအပြည့်နဲ့ ဂရုစိုက်မှုတွေအတွက် ပြန်ရလာမယ့် သင့်တစ်ဦးထဲအတွက်ဖြစ်တဲ့ တောက်ပရွှင်လန်းနေတဲ့ အပြုံးတွေကိုရင်ဆိုင်ဖို့အသင့်သာပြင်ထားပါတော့။ သင့်နှလုံးသားကိုအရည်ပျော်ကျသွားစေမှာပါ။ ဒီတစ်လပြည့်လို့ ဒုတိယမြောက်အပတ်မှာဆိုရင်တော့ ကလေးလေးဟာ ခေါင်းလောင်းမြည်သံစသည်ဖြင့် အသံလေးတွေကို စိုက်ကြည့်နေတာ၊ ငိုတာ ဒါမှမဟုတ် တိတ်ပြီးငြိမ်သွားတာမျိုး နည်းလမ်းတစ်မျိုးမျိုးနဲ့ ပြန်တုံ့ပြန်တတ်လာပါပြီ။ သူ့ကိုဘယ်လိုအထောက်အပံ့ပေးနိုင်မလဲ တချို့အိပ်ခြင်းနဲ့ဆိုင်တဲ့သုတေသနပညာရှင်တွေကတော့ ကလေးငယ်လေးတွေကို အိပ်မပျော်သေးခင် မျက်ကြောစဉ်းနေချိန် အိပ်ရာထဲထည့်သိပ်ဖို့အကြံပေးထားပါတယ်။ ဒီနည်းဟာ ကလေးတွေကို သူ့တို့ဖာသာအိပ်ပျော်တတ်ဖို့ ကူညီပေးပါလိမ့်မယ်။ ဒါဟာ ညအချိန်မတော် သူတစ်ယောက်ထဲ နိုးလာတဲ့အခါမျိုးမှာ သူ့အတွက်ရော သင့်အတွက်ရော ကောင်းကျိုးပေးပါလိမ့်မယ်။ ဒီအချက်ကိုအောင်မြင်ဖို့အတွက် ညဘက်ရေနွေးနွေးလေးချိုးပေးတာမျိုး၊ အသာအယာနှိပ်နယ်ပေးတာမျိုး၊ အိပ်ရာဝင်ပုံပြင်ပြောပြာတာမျိုးလေးတွေနဲ့ အိပ်ချိန်မှန်အောင်ကျင့်ပေးခြင်းဖြင့် ကူညီပေးနိုင်ပါတယ်။ ဒီလိုအကျင့်တစ်ခုတည်ဆောက်ပေးလိုက်ခြင်းဟာ ကလေးငယ်ကို မိမိကိုယ်ကိုယ်အားကိုးတတ်တဲ့ အကျင့်လေးတစ်ခုလည်း မသိမသာထည့်ပေးလိုက်ရာရောက်ပါတယ်။   ကျန်းမာဖို့၊ လုံခြုံဖို့ ဆရာဝန်နဲ့ဘာတွေဆွေးနွေးသင့်လဲ သင့်ကလေးရဲ့ကျန်းမာရေးအခြေအနေပေါ်မူတည်ပြီး ဆရာဝန်ကရက်ချိန်းပေးစစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ပါတယ်။ ဒါပေမယ့် ခုအချိန်မှာ ဆေးခန်းသွားပြခဲ့ရင်တော့ ဒီအရာတွေ […]


ကလေးငယ်ပထမနှစ်

7 ပတ်သားကလေး

ဖွံ့ဖြိုးလာမှုနဲ့ အပြုအမူလေးတွေ ဘယ်လိုဖွံ့ဖြိုးလာလဲ အသက်တစ်ပတ်လောက်သာရှိစဉ်ကတည်းက သင့်ကိုမှီခိုလို့ရတယ်ဆိုတာ သိထားခဲ့တဲ့ သင့်ရင်သွေးလေးဟာ ခုဆိုရင် သင့်အသံထိမှတ်မိနေပါပြီ။ သူတို့မိဘတွေရဲ့ ရင်းနှီးကျွမ်းဝင်နေတဲ့ အသံကိုကြားရခြင်းဟာ အမိဝမ်းဗိုက်အပြင်ဘက်က ကမ္ဘာအသစ်ကြီးနဲ့ လိုက်လျောညီထွေဖြစ်လာအောင် ကူညီပေးနိုင်တာမို့ သူတို့တစ်ယောက်ထဲမဟုတ်ကြောင်း သူတို့သိပါစေ။ စကားများများပြောပေးလေလေ ကောင်းလေပါပဲ။ သင်ပြောတာတွေနားမလည်ပေမယ့် သင့်ချစ်ခြင်းမေတ္တာတွေကိုတော့ ကျယ်ကျယ်လောင်လောင်ရှင်းရှင်းလင်းလင်းကို ကြားနေသိနေပါတယ်။ ဒီအချိန်မှာဆိုရင် သင့်ကလေးလေးတွေဟာ • မှောက်နေရင်း သူတို့ခေါင်းကို ၄၅ဒီဂရီလောက်ထိ မြှောက်နိုင်လာပါတယ်။ • ငိုတာအပြင် တခြားအသံလေးတွေလုပ်နိုင်လာတယ် တအီအီတအဲ့အဲ့လုပ်တာမျိုးပေါ့ • သင်ပြုံးပြရင် ပြန်ပြုံးပြတတ်လာပါတယ်။ သူ့ကိုဘယ်လိုအထောက်အပံ့ပေးနိုင်မလဲ ဒီရက်သတ္တပတ်မှာဆိုရင် သင့်ကလေးလေးဟာ နေ့ဘက်တွေမှာ ပိုနိုးကြားလာပါပြီ။ ဒီအချိန်တွေမှာ သီချင်းဖွင့်ပေးခြင်း၊ သားချော့တေးဆိုပြခြင်းဆို့ဖြင့် သူတို့ရဲ့အာရုံတွေ ဖွံ့ဖြိုးလာအောင် ကူညီပေးနိုင်ပါတယ်။ ဘာမှနားမလည်ပေမယ့် သင်သီချင်းဆိုတာကို ပြန်တုံ့ပြန်ပါလိမ့်မယ်။ ကလေးသီချင်းတွေချည်းဆိုစရာမလိုပါဘူး၊ ပေါ့ပ်အမျိုးအစားမှ ဂန္တဝင်တေးသွားတွေထိ အမျိုးမျိုးဆိုနိုင်ပြီး ဘယ်ဟာကိုကလေးကပိုစိတ်ဝင်စားလည်းဆိုတာ ကြည့်နိုင်ပါတယ်။ သူတို့စိတ်ဝင်စားတဲ့အခါ ရွှင်မြူးဟန်ပြမယ်၊ ပါးစပ်လေးလှုပ်စိလှုပ်စိလုပ်နေမယ်၊ လက်ကားယား ခြေကားယားလိုက်လုပ်နေပါလိမ့်မယ်။ […]


ကလေးငယ်ပထမနှစ်

8 ပတ်သားကလေး

ဖွံ့ဖြိုးလာမှုနဲ့ အပြုအမူလေးတွေ ဘယ်လိုဖွံ့ဖြိုးလာလဲ ဒီအချိန်မှာ သင့်ကလေးရဲ့ဦးနှောက်ကဟာ အရွယ်အစားရော၊ ရှုပ်ထွေးမှုပါ တိုးတက်လာနေပါပြီ။ ၅ စင်တီမီတာလောက် ပိုကြီးလာနိုင်ပါတယ်။ ကလေးငယ်ဟာတခါတရံ နိုးကြားနေလိုက်၊ ငြိမ်သွားလိုက်ဖြစ်နေချိန်လေးတွေရှိလာတာ သတိထားမိပါလိမ့်မယ်။ စိတ်မပူပါနဲ့ ဒါဖြစ်ရိုးဖြစ်စဉ်ပါပဲ၊ သူတို့ကပတ်ဝန်းကျင်ကိုစူးစမ်းနေကြတာပါ။ ဒါကြောင့် ဒီအချိန်ဟာ သူတို့နဲ့ဆက်သွယ်ရမယ့်အချိန်လည်းဖြစ်တယ်။ သူတို့နဲ့စကားပြောမယ်၊ သီချင်းတွေဆိုပြမယ်၊ ဒါမှမဟုတ် သင်ဘာလုပ်နေတယ်ဆိုတာကို အသေးစိတ်ပြောပြောပြနေမယ်၊ သူတို့နားမလည်ပေမယ့် အသံနဲ့ သင့်မျက်နှာအမူအရာကိုကြည့်ပြီး သင်ယူသဘောပေါက်ကြပါလိမ့်မယ်။ ဒီအချိန်မှာဆိုရင် သင့်ရင်သွေးလေးဟာ • မှောက်နေရင်း ခေါင်းကို ၉၀ဒီဂရီလောက်ထိ မော့နိုင်လာပြီ • ခေါင်းမတ်မတ်ထောင်နိုင်လာပြီ • လက်နှစ်ဖက်ကိုတူတူလှုပ်ရှားတတ်လာပြီ • တခါတလေ တိတ်တိတ်ငြိမ်ငြိမ်နေတတ်လာပါပြီ၊ ဒါဟာ ပတ်ဝန်းကျင်ကိုလေ့လာနေတာလည်းဖြစ်ပါတယ်။ သူ့ကိုဘယ်လိုအထောက်အပံ့ပေးနိုင်မလဲ ခုအချိန်ဟာ သင့်ကလေးလေးအတွက် သင်ယူဖို့အရေးကြီးဆုံးအချိန်ပါ။ သူငြိမ်နေချိန်မှာဆိုရင် သင်ကသူနဲ့စကားပြောတာ၊ သီချင်းတွေဆိုပြတာ၊ တွေ့မြင်နေရတဲ့ ပုံလေးတွေကိုပြပြီး ရှင်းပြ၊ ပြောပြတာမျိုးလုပ်သင့်ပါတယ်။ သူတို့ကိုနို့တိုက်နေရင်း၊ သေးခံလဲနေပေးရင်းနဲ့လည်း ယုယုယယပွတ်သပ်ပေးရင်း စကားတွေပြောနေနိုင်ပါတယ်။ ဒါဟာ သင့်ကလေးအတွက် ဘာသာစကားကျွမ်းကျင်မှု၊ […]


ကလေးငယ်ပထမနှစ်

9 ပတ်သားကလေး

ဖွံဖြိုးတိုးတက်မှုနှင့် အပြုအမူ ကျွန်ုပ်၏ကလေးသည် မည်သို့ဖွံ့ဖြိုးလာသင့်ပါသနည်း။ သင့်ကလေးလေး အခု ၉ ပတ်ရှိပြီဖြစ်သည်။ သူအခု ရင်းနှီးတဲ့အသံနဲ့ တစိမ်းအသံတွေကို ခွဲခြားနိုင်သည့်အပြင် ပိုပြီးနားထောင်နိုင်စွမ်းရှိလာပြီ ဖြစ်သည်။ ပတ်ဝန်းကျင်ကို သတိပြုမိပြီး ဘယ်အသံက ဘယ်နေရာကလာကြောင်း လိုက်ရှာတတ်သည်ကို သတိပြုပါ။ စကားပြောနေခြင်းက သင့်ကလေးငယ်၏ နေရာကိုသိရှိနိုင်တဲ့ ခံစားမှုကို တိုးတက်စေသည်။ သင်စကားပြောနေတဲ့အချိန်မှာ ပါးစပ်ကိုကြည့်ပြီး ဘာပြောနေတာလဲဆိုသည်ကို စောင့်ကြည့်နေတတ်ပြီဖြစ်သည်။ ကလေးငယ်၏ ဆက်သွယ်နိုင်မှုစွမ်းရည်တိုးတက်လာသည်ကို တီတီတာတာအသံများထွက်လာခြင်း၊ ပြုံးခြင်း၊ သူ၏လိုအင်ကို ပြနိုင်ရန် ငိုခြင်းအားဖြင့် သင်အံ့အားသင့် သတိပြုမိရပေမည်။ ဒုတိယလ၏ ပထမပတ်တွင် သင့်ကလေးငယ်သည် • သင်ပြုံးလျှင်ပြန်ပြုံးပြတတ်သည်။ • ရင်းနှီးသောအသံနှင့် တစိမ်းအသံကို ခွဲခြားတတ်သည်။ • အသံဘယ်ကလာသလဲကို ရှာဖွေတတ်သည်။ • ပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်အောင်နေတတ်သည်။ • ခေါင်းလောင်းသံကို စိုက်ကြည့်ခြင်း၊ ငိုခြင်း၊ တိတ်နေခြင်း စသည်ဖြင့် ပုံစံအမျိုးမျိုးဖြင့် တုံ့ပြန်တတ်သည်။   ကျွန်ုပ်၏ ကလေးငယ်ကို ဘယ်လိုကူညီထောက်ပံ့ပေးသင့်ပါသလဲ။ သင့်ကလေးငယ်နှင့် စကားပြောပေးနေခြင်းဖြင့် သူ့ကို […]


ကလေးငယ်ပထမနှစ်

31 ပတ်သားကလေး

ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ ကျွန်ုပ်၏ကလေးသည် မည်သို့ဖွံ့ဖြိုးလာသင့်ပါသလဲ။ သင့်ကလေးသည် သုံးလခန့်တွင် သွားစပေါက်နိုင်သကဲ့သို့ ၁၂ လခန့်ထိနောက်ကျပြီးမှပေါက်သည်လည်း ဖြစ်နိုင်ပါသည်။ အများစုသည် ၄လမှ ၇လ ကြားတွင် ပထမဆုံး အောက်သွားတစ်ချောင်းစပေါက်ကြသည်။ သင့်ကလေး သွားကျဲနေလျှင် စိတ်မပူပါနှင့်။ သွားများ ကြားရှိနေရာလပ် များသည် အသက် သုံးနှစ်ခန့်တွင် ပျောက်သွားတတ်သည်။ ကလေးသွားစပေါက်ချိန်တွင် သွားရည်ပိုကျတတ်ပြီး ထူးဆန်းသောအသံများထွက်တတ်သည်။ ၃၁ ပတ်တွင် သင့်ကလေးသည်- • လေးဘက်တွားသွားနိုင်သည်။ • ပစ္စည်းများကို လက်တစ်ဖက်မှ တစ်ဖက်သို့ ပြောင်းကိုင်နိုင်သည်။ • လူများ၊ ပစ္စည်းများကို ကိုင်ပြီး မတ်တပ်ရပ်နိုင်သည်။ ကလေးကို မည်သို့ ကူညီသင့်ပါသလဲ။ သင့်ကလေးသည် သင့်ကို တောက်လျောက်မခွာတမ်းနေချင်နေသည့်အတွက် စိတ်ချမ်းသာရသော်လည်း သင့်အတွက် အလုပ်ရှုပ်စေပါလိမ့်မည်။ သင်အပြင်သွားသည့်အခါ ကလေးကို အိမ်တွင် ထားခဲ့လျှင် သင့်ကလေးကို နားလည်အောင်ပြောပြပြီး သင်အမြန်ဆုံးပြန်လာမည်ဖြစ်ကြောင်း ရှင်းပြပါ။ သင်ပြောသည်ကို ကလေးကနားမလည်နိုင်သော်လည်း သင့်အမူအရာနှင့် ကြင်နာမှုသည် […]


ကလေးငယ်ပထမနှစ်

33 ပတ်သားကလေး

ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ ကျွန်ုပ်၏ကလေးသည် မည်သို့ဖွံ့ဖြိုးလာသင့်ပါသလဲ။ သင့်ကလေးသည် ယခု အသက် ၈လရှိပြီ ဖြစ်ပြီး မတ်တပ်ရပ်သည့်အခါ၊ သို့မဟုတ် သင့်အသံကြားရာဘက်သို့လှည့်သည့်အခါ သို့မဟုတ် တစ်ခုခု ကို ပြုတ်ကျသဖြင့် ကောက်သည့်အခါ သူ၏ အလေးချိန်ကို ကိုယ့်ဘာသာထိန်းနိုင်သင့်ပြီဖြစ်သည်။ သင့်ကလေးသည် ယခုအခါ တိုက်မိခြင်းနှင့် လဲကျခြင်းတို့ကဲ့သို့သော လှုပ်ရှားမှုအသစ်များ ဖြစ်ပါလိမ့်မည်။ ထိုအရာများသည် ရှောင်လွှဲမရသော အရာများဖြစ်ပြီး သင့်ကို ထိတ်လန့်စေနိုင်သော်လည်း သင့်ကလေး၏ ပတ်ဝန်းကျင်ကို စူးစမ်းသည်များကို စောင့်ကြည့်ပြီး သူ၏ လုပ်နိုင်စွမ်းကို သိအောင်လုပ်ပါ။ ၈လ၏ ပထမပတ်တွင် သင့်ကလေးသည်- • မြှောက်ထားသည့်အခါ ခြေထောက်တွင် အလေးချိန်အချို့ကို ခံနိုင်ရည်ရှိသည်။ • မုန့်များကိ ုသူ့ဘာသာစားနိုင်သည်။ • လက်ချောင်းများဖြင့် ပစ္စည်းများကို ကိုင်နိုင်ပြီး ကောက်ယူနိုင်သည်။ • အသံလာရာသို့လှည့်နိုင်သည်။ • ပြုတ်ကျသွားသော ပစ္စည်းများကို ကောက်ယူနိုင်သည်။ ကလေးကို မည်သို့ ကူညီသင့်ပါသလဲ။ သင့်ကလေးကို ကာကွယ်ရမည်ဆိုသော်လည်း […]


ကလေးငယ်ပထမနှစ်

34 ပတ်သားကလေး

ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ ကျွန်ုပ်၏ကလေးသည် မည်သို့ဖွံ့ဖြိုးလာသင့်ပါသလဲ။ အခုဆိုရင် သင့်ရင်သွေးလေးဟာ ပစ္စည်းတွေကို ခါကြည့်လိုက်၊ ထုကြည့်လိုက်၊ ပစ်ချကြည့်လိုက်၊ သူတို့ပါရှေ့ယိုင်လဲသွားအောင် လွှတ်ပစ်လိုက် ၊ နောက်ဆုံးကိုက်ကြည့်လိုက်နဲ့ အမျိုးမျိုးလုပ်ကြည့်ပြီး စူးစမ်းလေ့လာနေပါပြီ။ သူတို့ဟာခုဆို ပစ္စည်းတွေနဲ့ အမျိုးမျိုးလုပ်ကြည့်လို့ရတယ်ဆိုတဲ့အချက်ကို သိရှိတွေးမိပြီး ထုရိုက်ခြင်း၊ တို့ထိခြင်း၊ လိမ်ခြင်း၊ ဖျစ်ညှစ်ခြင်း၊ လှုပ်ခါခြင်း၊ ပစ်ချက်ခြင်း၊ ဖွင့်ခြင်း စသည့်ဖြင့် လှုပ်ရှားမှုအမျိုးမျိုးဟာ ကလေးကိုဖမ်းစားနေပါလိမ့်မယ်။ ခုရှစ်လပြည့်ပြီးလို့ ဒုတိယပတ်မှာတော့ သင့်ကလေးဟာ- • စတုရန်းတုံးလေးတွေ ဒါမှမဟုတ် အရာဝတ္ထုလေးတွေကို လက်တစ်ဖက်ကနေ အခြားတစ်ကိုရွေ့ပြောင်းကိုင်တတ်လာပြီ • ပစ္စည်းတွေကိုလှုပ်ခါ၊ ထုရိုက်၊ ပစ်ချ၊ ပစ်ပေါက်ပြီး ပြန်ကန်လာတာကိုကြည့်ပြီး လေ့လာစူးစမ်းတတ်လာပြီ • တစ်ယောက်ယောက်၊ တစ်ခုခုကိုကိုင်ပြီး မတ်တပ်စရပ်လာပြီ • သင်ကအရုပ်ကိုဖယ်ပစ်ဖို့လုပ်ရင် ငြင်းတတ်၊ ဆန့်ကျင်တတ်လာပြီ • လက်လှမ်းမမီတဲ့အရုပ်ကိုလှမ်းယူတတ်လာပြီ • တူတူပုန်းတမ်းကစားတတ်လာပြီ • မှောက်နေရာကနေထိုင်တတ်လာပြီဖြစ်တယ်။ သူ့ကို ဘယ်လိုအထောက်အပံ့ပေးနိုင်မလဲ ဖုန်းတွေလိုမျိုး သတ်သတ်မှတ်မှတ်အသုံးပြုလို့ရတဲ့ အရုပ်ကလေးတွေကိုမှတ်မိတတ်လာပြီး သူတို့ကသူတို့နားကိုကပ်ပြီးမဆော့တတ်ရင်တောင် သင်ကသူတို့ကို […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း