ကလေးငယ်

ကလေးငယ်ရဲ့ ပထမတစ်နှစ်က အင်မတန်စိတ်လှုပ်ရှားစရာကောင်းပါတယ်။ သင့်ရဲ့ ကလေးလေး ဒီအရွယ်ကစပြီး ကျန်းမာပျော်ရွှင်နိုင်ဖို့ သင့်အနေနဲ့ ကလေးထိန်းကျောင်းနည်းလမ်းကောင်းတွေ ရဖို့ လိုတာပေါ့။ ဒီစာမျက်နှာမှာ သင့်ကလေးအတွက် လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို ရှာဖွေနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်

လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးငယ်လေးတွေ အကြောင်း

မေမေတွေ အနေနဲ့ ဘေဘီလေးကို ကိုယ်ဝန်ဆောင်ပြီး မွေးဖွားချိန်မှာ နေ့စေ့ လစေ့ မွေးဖွားတာမျိုး ရှိသလို မွေးဖွားမယ့်ရက်မတိုင်ခင်မှာ လမစေ့ဘဲ မွေးဖွားတာ၊ ရှိသင့်တဲ့ ကိုယ်အလေးချိန် မပြည့်သေးခင် မွေးဖွားတာကြောင့် ပေါင်မပြည့်ဘဲ မွေးဖွားလာတာမျိုးတွေ ရှိနိုင်ပါတယ်။ လမစေ့ဘဲ မွေးဖွားခြင်း ကိုယ်ဝန်ဆောင်ကာလက များသောအားဖြင့် ရက်သတ္တပတ် ၄၀ ကြာမြင့်တတ်ပါတယ်။ ၄၁ ပတ် ၄၂ ပတ်အထိ ကိုယ်ဝန်ဆောင်ရတဲ့ မိခင်တွေလည်း ရှိနိုင်ပါတယ်။ တကယ်လို့ ဘေဘီလေးက ကိုယ်ဝန်ဆောင်ကာလ ၃၇ ပတ် မတိုင်ခင်မှာ မွေးဖွားမယ်ဆိုရင်တော့ ဒါကို လမစေ့ဘဲ မွေးဖွားခြင်းလို့ ခေါ်ဆိုနိုင်ပါတယ်။ ဆေးပညာတွေ တိုးတက်လာတာကြောင့် လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးလေးတွေ ၁၀ ယောက်မှာ အများစုက အသက်ရှင်ကြပါတယ်။ ပုံမှန်အတိုင်းလည်း ကြီးထွားဖွံ့ဖြိုးကြပါတယ်။ တခြားဘာကျန်းမာရေးပြဿနာမှ မရှိဘူးဆိုရင်ပေါ့။ ပျမ်းမျှအားဖြင့် […]

ကလေးငယ် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးငယ် ကို ရှာဖွေမည်။

မိခင်နို့တိုက်ကျွေးခြင်း

ကလေးတွေကို နို့မှုန့်တိုက်တာနဲ့ ပတ်သက်ပြီး ဘာတွေသိထားရမလဲ

နို့မှုန့်စနစ်တကျတိုက်တာဒါမှမဟုတ်မိခင်နို့တိုက်ကျွေးတာဟာကလေးတွေအတွက်အခြေခံကျပြီးကျန်းမာရေးနဲ့ညီညွတ်တဲ့ရွေးချယ်မှုတွေပဲ ဖြစ်ပါတယ်။ ဘယ်တခုကို ရွေးချယ်မလဲ ဒါမှမဟုတ် နှစ်မျိုးလုံးကိုအဆင်သင့်သလိုတိုက်မလားဆိုတာဟာ သင့်မိသားစုရဲ့ အခြေအနေနဲ့ကိုက်ညီအောင်ရွေးချယ်ရမှာဖြစ်ပြီး သင့်ဆုံးဖြတ်ချက်ပေါ်ပဲ အဓိကမူတည်ပါတယ်။   မိခင်နို့သာအကောင်းဆုံးလို့လူတိုင်းကပြောကြပါတယ်။ ဒါဟာမှန်ပါသလား။ မိခင်နို့ဟာ သင့်ရင်သွေးလေးကိုကူးစက်ရောဂါတွေရန်ကနေကာကွယ်ပေးတဲ့အပြင် ကလေးငယ်လိုအပ်တဲ့ အာဟာရဓါတ်တွေ(တချို့အာဟာရဓါတ်တွေကိုနို့မှုန့်ကနေမရရှိနိုင်ပါဖူး) အားလုံးကို ထောက်ပံ့ပေးနိုင်တာကြောင့် အကောင်းဆုံးသော အာဟာရဖြစ်ပါတယ်။ ဒါ့အပြင်မိခင်နို့တိုက်ကျွေးခြင်းဟာမိခင်နဲ့ကလေးအကြားကသံယောဇဉ်မေတ္တာဓါတ်ကိုလည်းပိုလို့တိုးစေပါတယ်။ ဒါ့ကြောင့် ဖြစ်နိုင်မယ်ဆိုရင်သင့်အနေနဲ့မိခင်နို့ကိုသာ (အနည်းဆုံးပထမတလလောက်တော့) တိုက်ကျွေးသင့်ပါတယ်။ ဒါမှသာသင့်ရဲ့ရောဂါခုခံပေးနိုင်တဲ့ပဋိဇီဝပစ္စည်းတွေကိုကလေးဆီလွှဲပြောင်းပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုမဟုတ်ဖူးဆိုရင် မိခင်နို့နဲ့နို့မှုန့်ကိုအဆင်ပြေသလိုအတူတကွတိုက်သွားလို့လည်းရနိုင်ပါတယ်။ မိခင်နို့ထွက်ရှိမှုဟာ ကလေးအသက်တစ်လလောက်အထိ အကောင်းဆုံးဖြစ်တဲ့အတွက် အဲဒီအချိန်ထိ မိခင်နို့တိုက်ရင်း နို့မှုန့်ကို တနေ့တကြိမ်လောက် တိုက်နိုင်မှာဖြစ်ပါတယ်။ နို့မှုန့်တွမှာ ဗီတာမင်ဓါတ်တွေအပြင် (မိခင်နို့စို့ခွင့်ရတဲ့ကလေးတွေတောင်ဖြည့်စွက်သောက်သုံးဖို့လိုတဲ့ဗီတာမင် D လို) အာဟာရဓါတ်တွေပါပါဝင်နေတဲ့အတွက်နို့မှုန့်ချည်းပဲတိုက်ကျွေးခြင်းဟာလည်းကျန်းမာရေးနဲ့ညီညွတ်တဲ့နည်းလမ်းတခုပဲ ဖြစ်ပါတယ်။ ဒါ့အပြင်နို့မှုန့်တွေကိုရွေးချယ်သင့်တဲ့ တခြားအကြောင်းရင်းတွေလည်း အမြောက်အများရှိနေပါသေးတယ်။ နို့ကောင်းကောင်းမစို့နိုင်တဲ့ကလေးတွေ(လမစေ့တဲ့ကလေးတွေမှာအဖြစ်များတယ်)၊မိခင်နဲ့အကြာကြီးခွဲနေရမယ့်ကလေးတွေ၊နို့တိုက်ရင်နာကျင်မှုခံစားရတဲ့မိခင်တွေ၊ကိုယ့်ရင်သွေးလေးနို့ချိုရည်လုံလုံလောက်လောက်မရမှာကိုပူပန်နေတဲ့မိခင်တွေ၊အလုပ်ပြန်ဆင်းဖို့လိုတဲ့မိခင်တွေ၊ရောဂါတခုခုဖြစ်လို့ဆေးသောက်နေရတဲ့အခါကလေးကိုအန္တရာယ်ကင်းစေဖို့နဲ့မိသားစုဝင်တွေကိုပါကူညီပြီးကလေးကိုအာဟာရတိုက်ကျွေးစေချင်တဲ့အခြေအနေတွေမှာနို့မှုန့်ကိုတိုက်ကျွေးနိုင်ပါတယ်။ ဘယ်လိုနို့မှုန့်မျိုးကို ရွေးချယ်သင့်သလဲ။ နို့မှုန့်အများစုဟာ နွားနို့ ဒါမှမဟုတ် ပဲနို့ကိုအခြေခံပြီးထုတ်လုပ်ထားတာဖြစ်ပါတယ် ။ နွားနို့ဒါမှမဟုတ် ပဲနို့နဲ့ဓါတ်မတည့်တဲ့ ကလေးတွေအတွက်၊ လမစေ့တဲ့ကလေးတွေအတွက် ဒါမှမဟုတ် ပေါင်မပြည့်တဲ့ […]


မိခင်နို့တိုက်ကျွေးခြင်း

အသင့်ညှစ်ထုတ်ပြီးသား မိခင်နို့ရည်နဲ့ပတ်သက်ပြီး သင်သိထားရမယ့်အချက်များ

အသင့်ညှစ်ပြီးသား မိခင်နို့ရည်ဆိုတာ သင့်လက်နှင့်ဖြစ်စေ ကိရိယာနှင့်ဖြစ်စေ နို့အုံကနေ ညှစ်ယူ ရရှိတဲ့ နို့ဖြစ်ပါတယ်။ ထုတ်ယူပြီးပြီဆိုတာနဲ့ ရေခဲသေတ္တာထဲမှာသိမ်းထားပြီး နောက်တစ်ခါကလေးကို ပြွန်၊ ဇွန်း၊ ခွက်၊ ဘူးတို့နဲ့တိုက်ကျွေးနိုင်ပါတယ်။ နို့ရည်ညှစ်ယူခြင်းက သားဦးမိခင်တွေအတွက် ခက်ခဲနိုင်ပါတယ်။ အောက်ပါအချက်တွေကတော့ နို့ရည်ညှစ်ယူရာမှာ ကျွမ်းကျင်စေဖို့ သင်သိသင့်တဲ့ အချက်တွေဖြစ်ပါတယ်။   ၁။ သင့်ရဲ့ နို့ရည်ကို ဘာလို့ထုတ်ယူထားသင့်သလဲ။ တစ်ခါတစ်လေမှာသင့်ကလေးကို နို့တိုက်ချိန်ရောက်နေပေမယ့် သင်ကအနားမှာမရှိတာ ဖြစ်နေနိုင်ပါတယ်။ သင့်ရဲ့ရေခဲသေတ္တာထဲမှာအသင့်ညှစ်ထားပြီးသား နို့ရည်ရှိမယ်ဆိုရင် သင့်ကလေးက နို့ရည်ရဲ့ ကောင်းကျိုး တော်တော်များများကိုရရှိမှာပါ။ ဒါ့အပြင် သင့်ရင်သားမှာ နို့ရည်တွေများပြားတင်းကြပ်နေမယ်ဆိုရင် မသက်မသာခံစားရနိုင်ပါတယ်။ နေ့မစေ့ဘဲမွေးတဲ့ ကလေးတွေနဲ့ ရောဂါဖြစ်ပွားနေတဲ့ ကလေးတွေကိုလည်း နို့တိုက်ကျွေးလို့ မရနိုင်ပါဘူး။ ဒါကြောင့် အသင့်ထုတ်ယူထားတဲ့ နို့ရည်ဟာ အလွန်အသုံးဝင်လာခြင်းဖြစ်ပါတယ်။   ၂။ နို့ရည်ကိုဘယ်လိုညှစ်ယူမလဲ ပထမဆုံးအချက်ကတော့ လက်ကိုစင်ကြယ်စွာဆေးကြောဖို့ပါပဲ။ လက်ကိုပဲအသုံးပြုတာဟာ ဈေးအသက်သာဆုံးနည်းဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နို့ဘူး […]


မိခင်နို့တိုက်ကျွေးခြင်း

ကလေးငယ်ကို ပထမအသက်သုံးလအတွင်း ဘာတွေတိုက်ကျွေးရမလဲ

ကလေးအသက်သုံးလအတွင်းမှာ လိုအပ်သမျှ အာဟာရဓါတ်တွေကို မိခင်နို့နဲ့ နို့မှုန့်တွေကပေးပါလိမ့်မယ်။ ကလေးငယ်ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုတွေမှာ အစာစားခြင်း၊ အာဟာရ ဖြစ်စဉ်လည်း ဆင့်ကဲတိုးတက်လာပါတယ်။ မိခင်နို့ ဒါမှမဟုတ် နို့မှုန့် တိုက်ကျွေးရင် တခြားအစားအစာတွေကျွေးစရာမလိုပါဘူး။ ကျွေးလို့လည်းမရသေးပါဘူး။ သင့်ကလေး အသက်၁လကနေ ၃လအထိ အာဟာရဓါတ်ပြည့်ဝအောင် ဘယ်လိုမျိုးကျွေးမွေးပြုစုရမလဲဆိုတာနဲ့ ပတ်သက်ပြီးဒီဆောင်းပါးမှာဖော်ပြပေးထားပါတယ်။   သင့်ကလေးကို တနေ့ဘယ်နှကြိမ် မိခင်နို့တိုက်ကျွေးသင့်သလဲ။ ဘယ်လောက် တိုက်သင့်သလဲ။ မွေးပြီးရက်သတ္တပတ် အနည်းငယ်အကြာမှာ သင့်ကလေးကို နို့တိုက်ဖို့လိုတဲ့ အကြိမ်ရေနည်းလာပြီး ညဖက်တွေမှာလည်း ပိုအိပ်လာတာကိုတွေ့ရမှာ ဖြစ်ပါတယ်။ သင့်ကလေး ကြီးထွားဖွံ့ဖြိုးနေတဲ့အချိန်ကာလမှာ အာဟာရပြည့်စေဖို့ အထူးဂရုစိုက်ရပါမယ်။ တစ်နေ့ကို ၆ကြိမ်မှ ၈ကြိမ် အထိ နို့တိုက်ပါ။ အနှီးစိုတွေကိုလည်း မှန်မှန်လဲပေးပါ။ တကယ်လို့ ကလေးက နို့မဝဘူးဆိုရင် နို့တိုက်ပြီးတာတောင် တောက်လျှောက်ငိုနေမှာ ဖြစ်ပါတယ်။ ဒီလိုလက္ခဏာတွေ ပြလာရင်တော့ ကလေးဆရာဝန်ဆီသွားရောက်ပြသအကြံဉာဏ် တောင်းခံရမှာပဲ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးမမွေးစားခင် ဘာတွေသိထားသင့်သလဲ

ကလေးမွေးစားတယ်ဆိုတာ ဘဝအတွက်အရေးကြီးတဲ့ အပြောင်းအလဲတစ်ခုဖြစ်ပြီး စိတ်လှုပ်ရှားဖို့လည်းကောင်းပါတယ်။ ဒါပေမယ့် သင့်အနေနဲ့ သဘာဝနည်းအတိုင်း ကိုယ်ဝန်ဆောင်မယ်၊ ကလေးမွေးမယ်၊ မိသားစုဘဝလေးကို တည်ဆောက်မယ် စသဖြင့် အမြဲတမ်းစိတ်ကူးယဉ်ခဲ့တယ်ဆိုရင်တော့ ကလေးမမွေးစားခင် စဉ်းစားစရာကိစ္စလေးတွေ အနည်းငယ်ရှိနေပါတယ်။ ကလေးငယ်အတွက် ရေချိုးဇလုံကိုတော်တော်နဲ့ ပြင်ဆင်ရဦးမှာ မဟုတ်ဘူး။ ကလေးမွေးစားတယ်ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်သလို မရေရာမှုတွေနဲ့လည်း ပြည့်နှက်လို့ နေပါသေးတယ်။ ဒါကြောင့် မိဘအများစုဟာ aရချိုးဇလုံကို ကလေး အိမ်ရောက်မလာခင် ကြိုပြီးဝယ်ထားလေ့မရှိပါဘူး။ ဒါဟာလက်တွေ့ကျတဲ့ ဆုံးဖြတ်ချက်တခုပါ။ ဥပမာပြောရရင် မိသားစုတခုဟာ တခြားနိုင်ငံ၊ aဒသက ကလေးတယောက်ကိုမွေးစားမယ်ဆိုရင် ကလေးကယောက်ျားလေးလား၊ မိန်းကလေးလား၊ အသက်ဘယ်လောက်ရှိပြီလဲ၊ အလုံးအထည် ဘယ်လောက်ရှိလဲစတဲ့ အချက်တွေကို သူလေးဆီမသွားခင် အတော်နီးစပ်တဲ့ အချိန်အထိသိရဦးမှာ မဟုတ်ပါဘူး။ (တချို့အနေအထားတွေမှာသူတို့မွေးစားမယ့် ကလေးဟာအသက် တစ်နှစ်ခွဲနီးနီးလောက်ရှိနေတတ်ပါတယ်)။ ဒါပေမယ့် ကလေးကိုခေါ်လာပြီး အိမ်ရောက်လို့ အသားကျလာတဲ့အခါ ဘာတွေလိုအပ်သလဲဆိုတာသိလာမှာ ဖြစ်သလို […]


ကလေးငယ်အာဟာရ

အသက်၁နှစ်ကနေ ၂နှစ်ကြားရှိ ကလေးတွေကိုအသီးအရွက်သစ်သီးတွေကျွေးတဲ့အခါဘာတွေသိထားသင့်သလဲ

သင့်ကလေး အသက် ၁နှစ် ပတ်ချာလည်အရွယ်မှာ ထမင်းအပါအဝင် အစားအစာတွေ စတင်ကျွေးဖို့ကြိုးစားရတာဟာ စိန်ခေါ်မှုကြီးတစ်ခုပါ။ အသက် ၁ နှစ်၂ နှစ် အရွယ်ကလေးတွေအနေနဲ့ အစာအာဟာရအဖြစ် မိခင်နို့ကို အဓိကအားပြုနေရာကနေ အစားအသောက်မျိုးစုံကိုစတင်စားလာရပါတော့မယ်။ အနံ့အရသာအမျိုးမျိုး၊ အမျိုးအစားအဖုံဖုံရှိတဲ့ အစားအစာတွေ၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကို စားတတ်လာအောင် ကလေးတွေကို မိတ်ဆက်သင်ကြားပေးရမှာက မိဘတွေရဲ့အဓိကတာဝန် ဖြစ်လာပါတော့တယ်။ ကလေးတွေဖက်ကကြည့်ပြန်ရင်လည်း ဒါဟာသူတို့ရဲ့ဘဝလေးမှာ အလွန်စိတ်လှုပ်ရှားစရာကောင်းတဲ့အချိန်ကာလဖြစ်ပြီး အစားအစာတွေ (အထူးသဖြင့်ဟင်းသီးဟင်းရွက်တွေနဲ့အသီးအနှံတွေ) ကိုစတင်ပြီး စားရပါတော့မယ်။ အမျှင်ဓါတ်များများပါတဲ့ အစားအစာတွေကိုကျွေးပါ။ အမျှင်ဓါတ်ဆိုတာဟာ တခြားအာဟာရဓါတ်တွေလို သင့်ခန္ဓါကိုယ်ကနေမချေဖျက်နိုင်တဲ့ ဓါတ်တစ်မျိုးဖြစ်ပြီး အပင်တွေကနေ ရရှိစေနိုင်ပါတယ်။ အမျှင်ဓါတ်ဟာ aချဖျက်ခြင်းမခံရဘဲ အစာချေ လမ်းကြောင်းတလျှောက်ကို ဖြတ်သန်းသွားနိုင်တာမို့သင့်ကလေးရဲ့အစာအိမ်နဲ့အူလမ်းကြောင်းကို သန့်စင်စေပါတယ်။ aပျာ်ဝင်နိုင်တဲ့အမျှင်ဓါတ်နဲ့မပျော်ဝင်နိုင်တဲ့အမျှင်ဓါတ်ဆိုပြီး နှစ်မျိုးရှိပါတယ်။ မပျော်ဝင်နိုင်တဲ့အမျှင်ဓါတ်ဟာ ကလေးရဲ့ဝမ်းကိုပျော့စေပြီး ဝမ်းချုပ်တာကိုကာကွယ်ပေးနိုင်တဲ့အတွက် အစာချေစနစ်အတွက် အကျိုးရှိစေပါတယ်။ ဂျုံစပါး၊ ပြောင်းဖူးအစေ့တို့ကနေ မပျော်ဝင်နိုင်တဲ့အမျှင်ဓါတ်ကိုရရှိနိုင်ပါတယ်။ တချို့ဟင်းသီးဟင်းရွက်တွေနဲ့အသီးအနှံတွေမှာလည်း […]


ကလေးငယ်အာဟာရ

သင့်ကလေးကို တို့ဖူး ကျွေးမယ်ဆိုရင် သင်ဘာတွေသိထားသင့်သလဲ

တို့ဖူးဟာပရိုတင်းဓါတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် အသင့်အတင့်စားပေးမယ်ဆိုရင် ကျန်းမာရေးနဲ့သင့်တော်တဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ တို့ဖူးရဲ့ကောင်းကျိုးတွေနဲ့ပတ်သက်ပြီး သိသင့်တဲ့ အချက်လေးတွေကို ယေဘုယျဖော်ပြပေးထားပါတယ်။ တို့ဖူးဆိုတာဘာလဲ။ တို့ဖူးကို ပဲပိစပ်ကနေထုတ်လုပ်ထားတာဖြစ်ပြီး အာရှတိုက်နိုင်ငံအတော်များများမှာ ကာလကြာရှည်စွာ စားသုံးလာခဲ့ကြပြီး ဖြစ်ပါတယ်။ တို့ဖူးမှာ သံဓါတ်၊ ပရိုတင်းဓါတ်နဲ့ကယ်လ်စီယမ်ဓါတ်တို့ပါဝင်ပါတယ်။ တို့ဖူးမှာ ပရိုတင်းဓါတ် ၉ ဂရမ်လောက်ပါဝင်ပါတယ်။ တို့ဖူးအမာတုံးမှာ fatty acids၊ ကယ်လ်စီယမ်နဲ့ပရိုတင်းဓါတ်တွေ မြင့်မားစွာပါဝင်ပါတယ်။ နို့ထွက်ပစ္စည်းတွေနဲ့ဓါတ်မတည့်တဲ့ကလေးတွေအတွက် တို့ဖူးကို အစားထိုးပြီး စားတာ အသင့်တော်ဆုံးလို့ဆိုပါတယ်။ ဘာလို့လဲဆိုတော့ နွားနို့ကနေရနိုင်တဲ့ အာဟာရဓါတ်တွေ အကုန်လုံး တို့ဖူးမှာပါဝင်နေလို့ပဲ ဖြစ်ပါသတဲ့။ ဒါပေမယ့် တို့ဖူးဟာ တကယ်တမ်းအကျိုးရှိလား မရှိလားဆိုတာ အငြင်းပွားစရာ ဖြစ်နေတုန်းပါပဲ။ ဘာလို့လဲဆိုတော့ တို့ဖူးဟာ ပဲပိစပ်ကနေလုပ်ထားတာဖြစ်တဲ့အတွက် ပဲပိစပ်နဲ့မတည့်တဲ့ကလေးတွေကို တို့ဖူးကျွေးလို့မရပါဘူး။ ဒါ့အပြင် တချို့လေ့လာမှုတွေအရ တို့ဖူးဟာ ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေတဲ့အစားအစာတစ်ခု ဖြစ်တယ်လို့လည်း ဆိုပြန်ပါတယ်။ ဒါကြောင့် […]


ကလေးငယ်အာဟာရ

ကလေးတွေကို ဘယ်အချိန်မှာ ရေစတိုက်လို့ရသလဲ

ယေဘုယျအားခြင့် ၆လမပြည့်မချင်းကလေးကို ရေမတိုက်သင့်ပါဘူး။ အဲဒီမတိုင်ခင်ထိက ကလေးတွေဟာ နွေရာသီမှာတောင်မှ မိခင်နို့ကနေရေဓါတ်အလုံအလောက် ရရှိပါတယ်။ ခြောက်လပြည့်ပြီဆိုရင်တော့ ကလေးရေဆာတဲ့အခါ ရေနည်းနည်း တိုက်နိုင်ပါတယ်။ ဗိုက်နာခြင်းနဲ့ ရင်ပြည့်ရင်ကယ် တွေဖြစ်နိုင်တာကြောင့် အများကြီးတော့ မတိုက်ပါနှင့်။ တစ်နှစ်ပြည့်ပြီးကလေးက အဖတ်တွေစားနိုင်ပြီး နို့တစ်ခွက်လုံးသောက်နိုင်လာပါက သူတို့ရေသောက်ချင်သလောက်သောက်ဖို့ ခွင်ပြုလို့ရပါပြီ။   ၆လအောက် ကလေးငယ်တွေကို ရေတိုက်တာဟာဘာကြောင့် အန္တရယ်များတာလဲ။ ထိုသို့နို့တိုက်ခြင်းက မိခင်နို့နဲ့ နို့မှုန့်တွေကနေ ကလေးကအဟာရစုပ်ယူခြင်းကို တားစီးပါတယ်။ ဒါ့အပြင် ကလေးတွေကိုရင်ပြည့်ရင်ကယ် ဖြစ်စေပြီးအစာမစားချင်အောင်လုပ်ပါတယ်။ အချို့အခြေအနေတွေမှာ ကလေးတွေကို ရေအရမ်းတိုက်ခြင်းက တက်ခြင်းနဲ့ သတိလစ်ခြင်းတု့ိဖြစ်နိုင်တဲ့ ရေဆိပ်သင့်ခြင်းထိတောင် ရောက်သွားနိုင်ပါတယ်။ ရေအရမ်းသောက်ခြင်းက ခန္ဓါကိုယ်မှာရှိတဲ့ ဆိုဒီရမ် ကိုအားပျော့စေကာဓါတ်ပမာဏ မျှခြေကို နှောင့်ယှက်ရုံသာမက အသားတွေဖောင်းကားလာစေသောကြောင့် ရေဆိပ်သင့်ခြင်းဖြစ်ပွားပါတယ်။   နို့မှုန့်ကိုကော ရေရောနိုင်ပါသလား။ နို့မှုန့်ကို ရေနဲ့ရောပြီး များများရအောင်မလုပ်ပါနဲ့။ အညွှန်းကိုဂရုတစိုက်ဖတ်ကာ ရေကိုအညွှန်းအတိုင်းထည့်ပေးပါ။ နို့မှုန့်ကို ရေအရမ်းရောခြင်းက ရေဆိပ်သင့်စေနိုင်ရုံသာမက ပါဝင်တဲ့အာဟာရတွေကိုလည်း လျော့နည်းစေပါလိမ့်မယ်။   ကလေး […]


မိခင်နို့တိုက်ကျွေးခြင်း

မှန်ကန်သော ကလေးနို့တိုက်တဲ့ပုံစံ ဆိုတာဘာလဲ

မိခင်အသစ်စက်စက်လေးတွေ အတွက်ကလေးကို နို့တိုက်ရခြင်းဟာ အလွန်ခက်ခဲမှာပါ။ ပုံစံအနေအထားမမှန်ကန်ပါက မိခင်ရောကလေးကိုပါ ကောင်းကျိုးထက် ဆိုးကျိုးပိုဖြစ်စေမှာပါ။ အကယ်၍ သင့်မှာအတွေ့အကြုံမရှိသေးဘူးဆိုရင်တော့ မှန်ကန်တဲ့နို့တိုက်တဲ့ပုံစံကဘာလဲ ဘယ်လိုလုပ်ရမလဲဆိုတာကို လေ့လာကြည့်ရအောင်လား။   ၁။ မှန်ကန်တဲ့နို့တိုက်တဲ့ပုံစံဆိုတာဘာလဲ မှန်ကန်တဲ့နို့တိုက်တဲ့ပုံစံမှာ နို့သီးခေါင်းနဲ့ သူ့ဘေးပတ်လည်က ပန်းနုညိုရောင်သန်းနေတဲ့ အဝိုင်းကွက်လေး ပါဝင်ရပါမယ်။ ထိုအကွက်လေးဟာ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ အရောင်ရင့်လာပြီး ကြက်သီးထသကဲ့သို့ ဗြုတ်လေးတွေ ထလာပါတယ်။ ထိုသဘာဝတရားအရဖြစ်ခြင်းက ကလေးငယ်လေးကို နို့သီးခေါင်းကိုတင်မဟုတ်ဘဲ သူ့ဘေးပတ်လည်က အညိုကွက်လေးကိုပါ စို့ရမယ်ဆိုတဲ့ အသိကိုဖြစ်စေပါတယ်။ မိခင်နို့ရည်ဟာ နို့သီးခေါင်းမှာရှိတဲ့ အပေါက်ငယ်လေးတွေက ထွက်လာတာပါ။ ဒါပေမဲ့သူ့ဘေးပတ်လည်က အညိုကွက်လေးနဲ့ သူ့အောက်က နို့သိုလှောင်ရာနေရာလေးတွေကို ဖိအားသက်ရောက်ပေးဖို့လိုပါတယ်။ ထို့သို့မလုပ်ပေးပါက မိခင်နို့ရည်လည်း ထွက်လာမှာ မဟုတ်တော့ပါဘူး။   ၂။ မှန်ကန်တဲ့ နို့တိုက်တဲ့ပုံစံဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ မိခင်ဖြစ်သူဟာ လက်တစ်ဖက်ကိုသုံးပြီး ကလေးငယ်ကိုမှန်ကန်တဲ့ အနေအထားရောက်အောင် လုပ်ပေးပါ။ ကျန်လက်တစ်ဖက်နဲ့ ရင်သားကို ထိန်းကိုင်ထားရပါမယ်။ လက်မကို […]


မိခင်နို့တိုက်ကျွေးခြင်း

နို့ဦးရည်အကြောင်းသိကောင်းစရာ

မိမိတို့၏ကလေးကို နို့ဦးရည်များတိုက်ကျွေးကြသည့်မိခင်ပေါင်း တစ်နှစ်လျှင် သန်းပေါင်းများစွာရှိပါသည်။ သို့သော်လည်း နို့ဦးရည်ဆိုသည်မှာ အဘယ်နည်း။ နို့ဦးရည်သည် သင့်ကလေးအတွက် မည်သည့် အကျိုးကျေးဇူးများ ရှိသည်ဆိုသည်ကို သင်သိပါသလား။   နို့ဦးရည်ဆိုသည်မှာ အဘယ်နည်း။ နို့ဦးရည်ဆိုသည်မှာ ကိုယ်ဝန်ဆောင်ချိန်နှင့် ကလေးမွေးပြီး ရက်အနည်းငယ်အတွင်း မိခင်ရင်သားမှ ထုတ်လုပ်ပေးသော အစောပိုင်းနို့ဖြစ်ပါသည်။ ၎င်းသည် အဝါဖျော့ဖျော့အရောင်ရှိသည်။ ပုံမှန်မိခင်နို့နှင့်ယှဉ်လျှင် နို့ဦးရည်သည် ပိုပျစ်သည်။ အသားဓာတ်ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်နှင့် ကိုယ်ခံအားများ များစွာပါဝင်ပြီး အဆီအနည်းငယ်သာ ပါဝင်သည်။   နို့ဦးရည်၏ ကျန်းမာရေးနှင့်ပတ်သက်သော အကျိုးကျေးဇူး သင်၏ နို့ဦးရည်သည် သင့်ကလေးအတွက် အာဟာရဖြည့်စွမ်းပေးရုံသာမက သင့်ကလေးကို ကိုယ်ခံအားပါ ပေးစွမ်းပါသည်။ ပုံမှန်နို့ရည်ထက်စာလျှင် နို့ဦးရည်တွင် ကိုယ်ခံအားများ ပိုမိုများပြားစွာပါဝင်သည်။ နို့ဦးရည်တွင် ရောဂါပိုးများကို တိုက်ထုတ်နိုင်စွမ်းအားများစွာ ပါဝင်သောကြောင့် တစ်ရာ ရာခိုင်နှုန်းစိတ်ချရသော ကာကွယ်ဆေးတစ်မျိုးပင်ဖြစ်သည်။ ကိုယ်ခံအားဆိုသည်မှာ ဘက်တီးရီးယား၊ မှို၊ ဗိုင်းရပ်စ်ကဲ့သို့သော ပိုးမွှားများကို ခုခံတိုက်ခိုက်ပေးနိုင်သည့် […]


မိခင်နို့တိုက်ကျွေးခြင်း

နို့ဘူးမှ နွားနို့သို့ ပြောင်းလဲတိုက်ကျွေးဖို့အကောင်းဆုံးနည်းလမ်းကဘာလဲ

ဘာကြောင့် ကလေးကို အနည်းဆုံး အသက်တစ်နှစ်ပြည့်မှ နွားနို့တိုက်သင့်တာလဲ။ ကလေးများသည် နွားနို့ကို မိခင်နို့ သို့မဟုတ် နို့မှုန့်လာက် လွယ်လွယ်ကူကူနှင့် အပြည့်အ၀ မချေဖျက်နိုင်ပါဘူး။ နွားနို့တွင် အသားဓါတ်ပရိုတင်းနှင့် သတ္တုဓါတ်များ များပြားစွာပါဝင်ပါသည်။ ၎င်းတို့သည် ကလေး၏ ကောင်းမွန်စွာ မဖွံ့ဖြိုးသေးသော ကျောက်ကပ်အပေါ်တွင် ဖိအားတစ်ခုဖြစ်စေနိုင်ပါသည်။ နွားနို့တွင် သံဓါတ်၊ ဗီတာမင်စီနှင့် အခြားအာဟာရများ အလုံအလောက် မပါဝင်ပါ။ ကလေးအချို့တွင် သံဓါတ်ချို့တဲ့သော သွေးအားနည်းခြင်းဖြစ်စေနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် နွားနို့တွင်ပါဝင်သော အသားဓါတ်ပရိုတင်းသည် အစာချေစနစ်၏ လမ်းကြောင်းကို ထိခိုက်စေကာ ဝမ်းထဲတွင် သွေးပါနိုင်သောကြောင့်ဖြစ်စေသည်။ ထို့အပြင်နွားနို့သည် ကြီးထွားနေသောကလေးများကို ကျန်းမာရေးနှင့်ညီညွတ်သော အဆီများ မပေးစွမ်းနိုင်ပါ။ သို့သော်လည်း သင့်ကလေးသည် နွားနို့်သောက်ရန် အဆင်သင့်ဖြစ်ပြီဆိုပါက နွားနို့သည် အစေ့အဆန်များ၊ ဟင်းသီးဟင်းရွက်များ၊သစ်သီးများနှင့် အသားများဖြစ်သော အစာအမာများ၏ ညီမျှသောအာဟာရအတွက် အားဖြည့်ပေးနိုင်သည်။   နွားနို့်သည် […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း