ကလေးငယ်

ကလေးငယ်ရဲ့ ပထမတစ်နှစ်က အင်မတန်စိတ်လှုပ်ရှားစရာကောင်းပါတယ်။ သင့်ရဲ့ ကလေးလေး ဒီအရွယ်ကစပြီး ကျန်းမာပျော်ရွှင်နိုင်ဖို့ သင့်အနေနဲ့ ကလေးထိန်းကျောင်းနည်းလမ်းကောင်းတွေ ရဖို့ လိုတာပေါ့။ ဒီစာမျက်နှာမှာ သင့်ကလေးအတွက် လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို ရှာဖွေနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်

လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးငယ်လေးတွေ အကြောင်း

မေမေတွေ အနေနဲ့ ဘေဘီလေးကို ကိုယ်ဝန်ဆောင်ပြီး မွေးဖွားချိန်မှာ နေ့စေ့ လစေ့ မွေးဖွားတာမျိုး ရှိသလို မွေးဖွားမယ့်ရက်မတိုင်ခင်မှာ လမစေ့ဘဲ မွေးဖွားတာ၊ ရှိသင့်တဲ့ ကိုယ်အလေးချိန် မပြည့်သေးခင် မွေးဖွားတာကြောင့် ပေါင်မပြည့်ဘဲ မွေးဖွားလာတာမျိုးတွေ ရှိနိုင်ပါတယ်။ လမစေ့ဘဲ မွေးဖွားခြင်း ကိုယ်ဝန်ဆောင်ကာလက များသောအားဖြင့် ရက်သတ္တပတ် ၄၀ ကြာမြင့်တတ်ပါတယ်။ ၄၁ ပတ် ၄၂ ပတ်အထိ ကိုယ်ဝန်ဆောင်ရတဲ့ မိခင်တွေလည်း ရှိနိုင်ပါတယ်။ တကယ်လို့ ဘေဘီလေးက ကိုယ်ဝန်ဆောင်ကာလ ၃၇ ပတ် မတိုင်ခင်မှာ မွေးဖွားမယ်ဆိုရင်တော့ ဒါကို လမစေ့ဘဲ မွေးဖွားခြင်းလို့ ခေါ်ဆိုနိုင်ပါတယ်။ ဆေးပညာတွေ တိုးတက်လာတာကြောင့် လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးလေးတွေ ၁၀ ယောက်မှာ အများစုက အသက်ရှင်ကြပါတယ်။ ပုံမှန်အတိုင်းလည်း ကြီးထွားဖွံ့ဖြိုးကြပါတယ်။ တခြားဘာကျန်းမာရေးပြဿနာမှ မရှိဘူးဆိုရင်ပေါ့။ ပျမ်းမျှအားဖြင့် […]

ကလေးငယ် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးငယ် ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးတွေကို အချို့သောအစာတွေ စောစောကျွေးထားတာက ဓါတ်မတည့်မှုတွေဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ပါတယ်

ဆရာဝန်တွေကတော့ ကလေးတွေကို နောက်ကျမှ Certain Foods (မပြုပြင် မချက်ပြုတ်ထားတဲ့အစာစိမ်းတွေ)တွေကို မကျွေးဖို့သတိပေးထားပါတယ်။ ဒီလိုလုပ်ခြင်းက ကလေးတွေမှာ ဓါတ်မတည့်ခြင်းဖြစ်ပေါ်နိုင်ချေကို လျှော့ချပေးနိုင်လို့ပါတဲ့။ ဒါပေမယ့် လေ့လာမှုအသစ်တွေကတော့ ဆန့်ကျင်ဘက်လုပ်ဖို့တိုက်တွန်းထားပါတယ်။ စောစီးစွာ Certain Food တွေကို စတင်ကျွေးခြင်းက ဓါတ်မတည့်ခြင်းတွေ လျော့မလျော့ဆိုတာနဲ့ ဆက်စပ်နေပါတယ်။   Canada နိုင်ငံ၊ Ontario Hamilton မှာရှိတဲ့ McMaster University Maxwell Tran လို့ခေါ်တဲ့ ကျောင်းသားတစ်ယောက်ဦးဆောင်တဲ့ လေ့လာမှုတစ်ခုမှာ ကလေး ၁၄၀၀လောက်ကိုစုစည်းပြီး သူတို့ကြီးထွားလာတာနဲ့အမျှ မတူညီတဲ့စားစရာအမျိုးမျိုးတွေကို ကျွေးစေပြီး စမ်းသပ်ခဲ့ပါတယ်။ ပထမတစ်နှစ်မှာ မြေပဲတွေ၊ ကြက်ဥ သို့မဟုတ် နွားနို့တွေကို စားသုံးခဲ့တဲ့ကလေးတွေဟာ ဒီလိုစားစရာတွေနဲ့ပတ်သက်တဲ့ ဓါတ်မတည့်မှုတွေဖြစ်နိုင်ချေလျော့သွားတယ်လို့ တွေ့ရှိခဲ့ရပါတယ်။   အသက်ငယ်ငယ်လေးမှာ အစာစားတာဟာ ကလေးတွေအတွက်ကတော့ ဆတ်ဆတ်ထိမခံဖြစ်တာတွေကို လျော့နည်းသွားစေတယ်လို့ McMaster တက္ကသိုလ်ရဲ့ Respirology […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မီးဖွားပြီးနောက်ရင်သွေးလေးကို အိမ်စခေါ်လာချိန်မှာပြင်ဆင်သင့်သည်များ (အပိုင်း ၁)

ကလေးမွေးပြီးရင် သင်ဟာ စိတ်ရှုပ်ထွေးဖွယ် ကိုယ်ဝန်ဆောင်ကာလကို ကျော်လွှားနိုင်တာမို့ ကျေးဇူးတင်နေမှာပါ။ သင်နဲ့ သင့်ကလေး အတူတကွ ဖြတ်သန်းရမယ့် နောင်နှစ်ပေါင်းများစွာကို စောင့်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် တကယ်တမ်းတော့ အရာရာဟာ ထင်ရသလို မရိုးစင်းဘူးဆိုတာ သိထားသင့်ပါတယ်။ ကလေးမွေးပြီးချိန်မှာ ပြဿနာ အဟောင်းတွေ မရှိတော့ပေမယ့် ပြဿနာ အသစ်တွေ ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ မိခင် အသစ်တစ်ယောက်အနေနဲ့ ပထမ ရက်သတ္တပတ်တွေကို ဘယ်လို ရင်ဆိုင်ရမလဲဆိုတာကို ဖေါ်ပြပေးမှာ ဖြစ်ပါတယ်။   မွေးကင်းစ ကလေးကို အစာကျွေးခြင်း မွေးကင်းစ ကလေးတွေရဲ့ စစချင်း ရက်တွေမှာ ကလေးငယ်ဟာ မွေးကင်းစ အလေးချိန်ရဲ့ ၇ ရာခိုင်နှုန်း လျော့သွားခြင်းဟာ ပုံမှန်ဖြစ်ပြီး နောက်နှစ်ပတ်ကြာတဲ့အခါ ကိုယ်အလေးချိန် ပုံမှန်ပြန်ဖြစ်အောင် မိခင်က ကူညီပေးဖို့ အရေးကြီးပါတယ်။ မိခင်အားလုံးဟာ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မီးဖွားပြီးနောက်ရင်သွေးလေးကို အိမ်စခေါ်လာချိန်မှာပြင်ဆင်သင့်သည်များ (အပိုင်း ၂)

မွေးကင်းစ ကလေးငယ်ကို ရေချိုးပေးခြင်း မွေးကင်းစ ကလေးငယ်အတွက် ကလေးရေကန် ဝယ်ပေးခြင်းဟာ ကလေးငယ်ရဲ့ နူးညံ့တဲ့ အရေပြားကို အလွယ်တကူ ထိခိုက်နိုင်တာကြောင့် မလိုအပ်ပဲ မဝယ်သင့်ပါဘူး။ ဒါ့ပြင် အချင်း ခြောက်တဲ့ ဖြစ်စဉ်ဟာ ရေချိုးကန်ထဲမှာ ရေချိုးခြင်းကြောင့် နှောင့်နှေးနိုင်ပါတယ်။ ပထမ အပတ်မှာ မိခင်တွေဟာ သန့်ရှင်းပြီး ပူနွေးတဲ့ အဝတ်တစ်ခုကို အသုံးပြုပြီး ကလေးကို ကိုယ်ပတ်တိုက်ပေးသင့်ပါတယ်။ ဒုတိယပတ်မှာတော့ ကလေးငယ်တွေကိုရေမြှုပ်နဲ့ ရေပတ်တိုက်ခြင်းကို ဆက်လုပ်ပေးခြင်း (သို့) အချင်းကွာကျတဲ့အထိ ရေပတ်တိုက်ခြင်းကို ဆက်လုပ်ခြင်းမျိုး ပြုလုပ်ပေးနိုင်ပါတယ်။ အချင်းနေရာက လုံးဝကျက်သွားရင်တော့ ကလေးငယ်တွေကို ကလေးရေကန်အတွင်း ရေချိုးပေးနိုင်ပါတယ်။ မိခင်တွေဟာ ကလေးငယ်တွေအတွက် အထူးပြုလုပ်ထားတဲ့ ပျော့ပြီး အနံ့မပါတဲ့ ခေါင်းလျှော်ရည်တွေကို အသုံးပြုဖို့ သတိရသင့်ပါတယ်။ တစ်ပတ်မှာ ၃ ကြိမ်ထက်ပိုပြီး ရေမချိုးသင့်ပဲ အသားနီခြင်း၊ ခြောက်ခြင်းတွေကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

အလုပ်ရှုပ်သောမိခင်များအတွက် လွယ်ကူသက်သာစေသော နည်းလမ်း ၈ သွယ်

လုပ်စရာတွေ အများကြီးရှိတယ်ဆိုပြီး အရမ်းအလုပ်ရှုပ်နေတဲ့ မိခင်တွေ အကုန်လုံးအတွက် နည်းလမ်းကောင်းများရှိပါတယ်။ အောက်ဖေါ်ပြပါ အချက် ၈ ချက်က အလုပ်ရှုပ်နေသော မိခင်တွေရဲ့ ဘဝမှာ ပျာယာခတ်ခြင်းကို သက်သာစေပါလိမ့်မယ်။ ၁။ ကျန်းမာစေတဲ့ အစားအသောက်တွေစားပါ။ လွယ်ကူရိုးရှင်းစွာပြင်ဆင်ရတဲ့ အစားအသောက်တွေကို ချက်ပြုတ်ပါ။ ထိုသို့ချက်ပြုတ်ရာတွင် ပါဝင်ပစ္စည်းတွေကို လှီးဖြတ်ပြီး အိုးထဲထည့်ပါ။ သင်ပြန်လာရင်တော့ အစာဟာ ရယ်ဒီဖြစ်နေရမည်။ ထိုသို့သော အသေးစိတ် အစအဆုံး လုပ်စရာမလိုသော အစားအသောက်တွေကို ရွေးချယ်ပါ။ ရယ်ဒီမိတ် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဆော့တွေဟာလည်း သင့်အတွက် သက်သာစေမှာပါ။ ၂။ တစ်ကိုယ်ရည် သန့်ရှင်းမှုကို ဂရုစိုက်ပါ။ သင့်ကလေးတွေကို သူတို့ရဲ့ကိုယ်ခန္ဓါ သန့်ရှင်းနေစေခြင်းအားဖြင့် ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှုကို သူတို့နားလည်ပါစေ။ ၃။ တစ်နေရာတည်းမှာ အရာရာကို အစီအစဉ်ဆွဲပါ။ လုပ်ရမယ့် အလုပ်တွေ၊ အလုပ်ပြင်ပ လှုပ်ရှားမှုတွေ၊ မိသားစု အစီအစဉ်တွေကို ပြက္ခဒိန်ထဲမှာ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဖောလစ်အက်ဆစ်ဟာ ကလေးတွေရဲ့ ဘာသာစကားစွမ်းရည်ကို တိုးတက်စေနိုင်ပါတယ်

ဖောလစ်အက်ဆစ် အားဖြည့်ဆေးတွေဟာ ကိုယ်ဝန်ဆောင်ကာလမှာတော့ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ ဒါဟာ မွေးရာပါချွတ်ယွင်းချက်တွေနဲ့ ကလေးမွေးဖွားခြင်းကို ကာကွယ်ပေးနိုင်တဲ့အပြင် အသက်၃နှစ်အရွယ်ထိ စကားပြောဆိုနိုင်ဖို့ခက်ခဲခြင်းပြဿနာကို လျှော့ချပေးနိုင်ပါတယ်။ ဖောလစ်အက်ဆစ်အားဆေးတစ်မျိုးပဲဖြစ်စေ၊ အခြားသော အားဆေးတွေနဲ့ တွဲသောက်သည်ဖြစ်စေ၊ ဒီလိုမိခင်တွေက မွေးဖွားလာတဲ့ကလေးတွေမှာ စကားပြောနောက်ကျမှုပြဿနာက အခြားသောကလေးတွေနဲ့စာရင် အများကြီးလျော့နည်းနေတာကို တွေ့ရမှာပါ။   ဖောလစ်အက်ဆစ်ဆိုတာဘာလဲ။ ဖောလစ်အက်ဆစ်ဆိုတာ လူလုပ်ဗီတာမင် ဘီ ၉ ပဲဖြစ်ပါတယ်။ ဒါကို ဖောလိတ်လို့ခေါ်ပြီး ကိုယ်ဝန်ဆောင်မိခင်လောင်းတွေ သို့မဟုတ် ကိုယ်ဝန်ဆောင်ဖို့ရည်ရွယ်ထားတဲ့သူတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ဓါတ်တစ်မျိုးဖြစ်ပါတယ်။ ဖောလစ်အက်ဆစ်ဟာ ကလေးငယ်ရဲ့ ဦးနှောက်နဲ့ ကျောရိုးမမှာ ပြင်းထန်တဲ့မွေးရာပါချွတ်ယွင်းချက်တွေ (NTD- အာရုံကြောပြွန်ချွတ်ယွင်းခြင်း) ဖြစ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ အာရုံကြောပြွန်ဟာ သန္ဓေသားလောင်းရဲ့ ကျောရိုးနဲ့ ဦးနှောက်ဖွံ့ဖြိုးတဲ့နေရာ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒီလိုမွေးရာပါချွတ်ယွင်းချက်တွေဟာ အမျိုးသမီးတွေက သူတို့ကိုယ်ဝန်ဆောင်နေမှန်းမသိရစဉ်ကတည်းက ဖြစ်ပေါ်နေနိုင်ပါတယ်။ ဒါဟာ သင်ကိုယ်ဝန်ဆောင်ဖို့ရည်ရွယ်လိုက်တည်းက […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

တစ်ကိုယ်တော်မိခင်တစ်ယောက်အတွက် စိန်ခေါ်မှုများ

ဘယ်အလုပ်ကမိဘဖြစ်ခြင်းထက် ပိုပြီးခက်ခဲပြီးစိတ်ဖိစီးမှုများ နိုင်ပါသလဲ။ ဟုတ်ပါတယ်။ တစ်ဦးတည်းမိဘဖြစ်နေခြင်းဆိုတာကပိုခက်ခဲပါတယ်။ ဒါပေမယ့်လည်းဒါဟာသင်ရွေးချယ်စရာတစ်ခုတည်းသောနည်းလမ်း ဖြစ်နေနိုင်ပါတယ်။ ဒီလိုဆိုရင်တော့ သင့်ကလေးကိုပြုစုစောင့်ရှောက်ချိန်မှာမလွှဲမရှောင်သာကြုံတွေ့ရနိုင်တဲ့အခက်အခဲတွေအတွက် စိတ်ပိုင်းဆိုင်ရာ ကြိုတင် ပြင်ဆင်ထားသင့်ပါတယ်။   ကလေးကို ပြုစုစောင့်ရှောက်စဉ်မှာတစ်ဦးတည်းသောမိဘဖြစ်ခြင်းအတွက် ကြုံတွေ့နိုင်တဲ့ စိန်ခေါ်မှု ငါးမျိုး ၁။ ငွေကြေးဆိုင်ရာစိန်ခေါ်မှုများ တစ်ဦးတည်းသောမိဘတွေဟာပုံမှန်အတိုင်းဆိုနှစ်ယောက်ထမ်းရမယ့် ဝန်ကိုတစ်ယောက်တည်းထမ်းရမှာ ဖြစ်ပါတယ်။ သင့်ဝင်ငွေဟာမိသားစုစားဝတ်နေရေးတည်ငြိမ်ဖို့အတွက် တစ်ခုတည်းသောငွေကြေးအရင်းအမြစ် ဖြစ်ပါတယ်။ ဒါကြောင့် သင့်ကလေးရဲ့ ဖွံ့ဖြိုးမှုကိုတိုးတက်စေဖို့အတွက် အရင်းအမြစ်နည်းပါးတယ်ဆိုတာကိုမငြင်းနိုင်ပါဘူး။ ငွေကြေးပိုင်းဆိုင်ရာအခက်အခဲတွေကိုရှောင်ကျဉ်နိုင်ဖို့အတွက်သင့်ရဲ့ အခက်အခဲတွေအကြောင်းကိုကလေးငယ်ကိုနားလည်အောင် ရှင်းပြထားသင့်ပြီးသူတို့ကိုရိုးရှင်းတဲ့ ဘဝကိုနေထိုင်နိုင်ဖို့ သင်ကြားပေးသင့်ပါတယ်။   ၂။ လူမှုရေးဆိုင်ရာစိန်ခေါ်မှုများ မိဘတစ်ဦးတည်းရှိတဲ့ မိသားစုတွေဟာပယ်ဖျက်ဖို့ ခဲယဉ်းတဲ့ လူမှုရေးပိုင်းဆိုင်ရာရှောင်ခွာမှုတွေကိုခံရတတ်ပါတယ်။ ဒါ့ပြင် တစ်ဦးတည်းသောမိခင်တွေ၊ ဖခင်တွေဟာသူတို့ ဆက်သွယ်မှု ပြုလုပ်ဖို့အတွက် အချိန်မပေးနိုင်ပဲလူမှုဆက်ဆံရေးစက်ဝိုင်းကိုကျယ်ပြန့်အောင် မပြုလုပ်နိုင်ပါဘူး။   ၃။ သင့်အတွင်းစိတ်နဲ့ ပတ်သက်တဲ့ စိန်ခေါ်မှု တစ်ဦးတည်းသောမိဘတွေဟာ ကြီးမားတဲ့ ဆုံးဖြတ်ချက်တွေကိုချရပြီးဒီဆုံးဖြတ်ချက်တွေကိုအပြည့်အဝတာဝန်ယူရပါတယ်။ ဒါကြောင့် တစ်ခါတစ်ရံမှာသင့်အတွက်နဲ့ သင့်ကလေးအတွက် လုပ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေဟာမှန်ကန်ရဲ့လားဆိုပြီးကိုယ့်ကိုယ်ကိုယ် သံသယဝင်နိုင်တဲ့ အခြေအနေတွေ ဖြစ်နိုင်ပါတယ်။ […]


မိခင်နို့တိုက်ကျွေးခြင်း

ကလေးနို့တိုက်ခြင်း က မိခင်ကို ကိုယ်အလေးချိန်ကျစေသလား

ကလေးငယ်တွေကို မိခင်နို့တိုက်ကျွေးဖို့ ဆုံးဖြတ်ရာမှာ အမျိုးသမီးအတော်များများဟာ ကလေးငယ်တွေအတွက် နို့ချိုတိုက်ကျွေးခြင်းတွေရဲ့ အကျိုးကျေးဇူးတွေကို အဓိက ထားကြပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းဟာ ကလေးငယ်တွေမှာ အိုင်ကျူမြင့်ခြင်း၊ ပန်းနာရင်ကျပ်ရောဂါ (သို့) ဓာတ်မတည့်ခြင်းနှုန်းတွေ လျော့နည်းခြင်းတွေနဲ့ ဆက်စပ်မှု ရှိပါတယ်။ ဒါ့ပြင် မိခင်နို့တိုက်ကျွေးခြင်းဟာ ကလေးမွေးအပြီးမှာ မိခင်တွေကို ကိုယ်အလေးချိန်ကျဆင်းစေပါတယ်။ ကြာရှည်စွာ ကလေးနို့တိုက်ခြင်း ဟာ ကလေးငယ်တွေသာမက မိခင်တွေမှာလည်း အကျိုးကျေးဇူး ရှိစေနိုင်ပါတယ်။ ကလေးနို့တိုက်ခြင်း ဟာ ကယ်လိုရီတွေကို လောင်ကျွမ်းစေပါတယ်။ သင့်ကလေးကို နို့တိုက်ခြင်းဟာ အချိန်တွေ၊ အားအင်တွေ အများကြီး လိုအပ်ပါတယ်။ ဒါကြောင့် သူဟာ ကယ်လိုရီအမြောက်အမြားကို လောင်ကျွမ်းစေနိုင်ပါတယ်။ မိခင်နို့ ၃၀ မီလီလီတာကို ထုတ်ဖို့ ကယ်လိုရီ ၂၀ လောက် လိုအပ်ပါတယ်။ ၆၈ ကီလိုဂရမ် ရှိတဲ့ ပုံမှန်ကိုယ်အလေးချိန်ဝင် အမျိုးသမီးတစ်ယောက်အတွက် မိခင်နို့တိုက်ကျွေးခြင်းဟာ […]


မိခင်နို့တိုက်ကျွေးခြင်း

နို့တိုက်မိခင် အရက်သောက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများ

ကလေးမွေးပြီးချိန်မှာ သင်ဟာ လူမှုရေးအရတွေ့ဆုံပွဲတွေ၊ မိသားစု ဆုံတွေ့ပွဲတွေ၊ ကလေးအတွက် ဂုဏ်ပြုပွဲတွေ ကို တက်ရနိုင်ပါတယ်။ ဒီတွေ့ဆုံပွဲတွေမှာတော့ အရက်၊ အကင်တွေ ပါဝင်နိုင်ပါတယ်။ ယေဘုယျအားဖြင့် နို့တိုက်မိခင်တွေဟာ ဝိုင်၊ ဘီယာနဲ့ အရက်တွေကို မသောက်သင့်ပါဘူး။ ဒါပေမယ့် မငြင်းဆန်နိုင်ဘူးဆိုရင် (သို့) ပျော်ချင်တယ်ဆိုရင် ကြိုတင် စီစဉ်သွားသင့်ပါတယ်။ အရက်ဟာ ကလေးငယ်ကို ဘယ်လို သက်ရောက်မှု ရှိသလဲ။ အရက်ဟာ လူတွေပေါ်ကို ကောင်းကျိုးရော ဆိုးကျိုးပါ ရှိပါတယ်။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေမှာတော့ အရက်ရဲ့ သက်ရောက်မှုဟာ ပိုများနိုင်ပါတယ်။ ဝိုင်တစ်ခွက်လောက်သောက်ခြင်းဟာ သင့်အတွက် ဘာမှမဖြစ်ပေမယ့် သင့်ကလေးငယ်အတွက်တော့ အသည်းက ကောင်းကောင်း မဖွံ့ဖြိုးသေးတာမို့ ထိခိုက်မှု ရှိနိုင်ပါတယ်။ သင့်ကလေးငယ်ရဲ့အသည်းဟာ အရက်ကို သင့်အသည်းကို ချေဖျက်ခြင်း မပြုနိုင်ပါဘူး။ ကိန်းဂဏန်းတွေအရ အသက် ၃ […]


ကလေးငယ်အာဟာရ

သင့်ကလေးအစားစားဖို့ ငြင်းဆန်နေတတ်တဲ့ အကြောင်းရင်းများ

ကလေးတစ်ယောက် ပထမဦးဆုံး ကျွမ်းကျင်သင့်တာကတော့ သူတို့ဘာသာ အစာစားတာပဲ ဖြစ်ပါတယ်။ ကလေးတွေက သူတို့ဘဝကို ခုအရွယ်နဲ့ ဦးမဆောင်နိုင်သေးပေမယ့် သူတို့ ပါးစပ်ထဲထည့်မယ့် အရာကိုတော့ သူတို့ ရွေးချယ်နိုင်ရပါမယ်။ ဒါကြောင့် သူတို့ဘာစားမလဲ၊ မစားဘူးလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဂျီကျတာဟာ ပုံမှန်ပါပဲ။ သူတို့က သူတို့ကြိုက်တာ တစ်မျိုးနှစ်မျိုးလောက်ပဲ စားပြီး ချက်ချင်း စိတ်ပြောင်းလဲမြန်ပြီး နောက်တစ်ခုကို လိုချင်လိုတတ်ပါတယ်။ သင့်ကလေးအစားစားဖို့ ငြင်းဆန်နေတတ်တဲ့ အကြောင်းရင်းများ သင့်ကလေးအစားစားဖို့ ငြင်းဆန်နေတတ်တဲ့ အကြောင်းရင်းများ ကတော့ ကလေးတွေဟာ အစာစားဖို့ ဘာကြောင့်ငြင်းဆန်ကြပါသလဲ မိဘတွေက သူတို့ရဲ့ကလေးကို အစာစားတာ မစားတာနဲ့ ပတ်သက်ပြီး အမြဲ စိတ်ပူတတ်ကြပါတယ်။ ကလေးတွေမှာ နည်းနည်းပဲ စားတာ၊ အစားကြေးများတာနဲ့ စားရန် ငြင်းဆန်တာက ဖြစ်နေကျပဲ ဖြစ်ပါတယ်။ ဘာကြောင့် ဖြစ်ရသလဲဆိုတော့ ကလေး တိုးတက်မှုနှုန်းနဲ့ activity […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မီးဖွားပြီးနောက် ရင်သွေးလေးကို အိမ်စခေါ်လာချိန်မှာ ဘာတွေပြင်ဆင်သင့်သလဲ

သင့်ရဲ့ ချစ်လှစွာသော ကလေးငယ်ကို အိမ်ခေါ်လာခြင်းဟာ သင့်စိတ်ထဲမှာ အခါ တစ်ရာလောက် မြင်ယောင်ကြည့်ထားတဲ့ အရေးကြီးတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် သင်ဟာ အရာရာကို ပြီးပြည့်စုံချင်မှာ ဖြစ်ပါတယ်။ ဆေးရုံကို နှုတ်ဆက်ခြင်း မိခင်အတော်များများဟာ ဆေးရုံကို မသွားမီကတည်းက အိမ်ပြန်လာဖို့အတွက် အဝတ်အစားတွေကို ကြိုတင်စီစဉ်လေ့ ရှိပါတယ်။ ကလေးငယ်တွေဟာ ပထမဆုံးအကြိမ် အိမ်ပြန်လာရာမှာ လိုတာထက်ပိုပြီး ဝတ်ဆင်ထားခြင်း ဖြစ်နိုင်ပါတယ်။ သင့်ကိုယ်သင် အဝတ်ဆင်သလို သင့်ကလေးငယ်ကို ဝတ်စားစေသင့်ပါတယ်။ တကယ်လို့ ပူနေရင် သင့်ကလေးငယ်ကို တီရှပ်နဲ့ ပါးလွှာတဲ့ ချည်ဘောင်းဘီ (သို့) ခြေထောက်ကို ကာထားပေးဖို့ စောင်တွေကို အသုံးပြုသင့်ပါတယ်။ ရာသီဥတုအေးတယ်ဆိုရင်တော့ သင့်ကလေးငယ် မွန်းကျပ်ခြင်းကနေ ကာကွယ်ဖို့ ကလေးငယ်ရဲ့ မျက်နှာပေါ်ကို စောင်ခြုံထားခြင်းမှ ရှောင်ကြဉ်သင့်ပါတယ်။ တကယ်လို့ သင်ဟာ သင့်ကလေးငယ်ရဲ့ ဆရာဝန်နဲ့ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း