ကလေးငယ်

ကလေးငယ်ရဲ့ ပထမတစ်နှစ်က အင်မတန်စိတ်လှုပ်ရှားစရာကောင်းပါတယ်။ သင့်ရဲ့ ကလေးလေး ဒီအရွယ်ကစပြီး ကျန်းမာပျော်ရွှင်နိုင်ဖို့ သင့်အနေနဲ့ ကလေးထိန်းကျောင်းနည်းလမ်းကောင်းတွေ ရဖို့ လိုတာပေါ့။ ဒီစာမျက်နှာမှာ သင့်ကလေးအတွက် လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို ရှာဖွေနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်

လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးငယ်လေးတွေ အကြောင်း

မေမေတွေ အနေနဲ့ ဘေဘီလေးကို ကိုယ်ဝန်ဆောင်ပြီး မွေးဖွားချိန်မှာ နေ့စေ့ လစေ့ မွေးဖွားတာမျိုး ရှိသလို မွေးဖွားမယ့်ရက်မတိုင်ခင်မှာ လမစေ့ဘဲ မွေးဖွားတာ၊ ရှိသင့်တဲ့ ကိုယ်အလေးချိန် မပြည့်သေးခင် မွေးဖွားတာကြောင့် ပေါင်မပြည့်ဘဲ မွေးဖွားလာတာမျိုးတွေ ရှိနိုင်ပါတယ်။ လမစေ့ဘဲ မွေးဖွားခြင်း ကိုယ်ဝန်ဆောင်ကာလက များသောအားဖြင့် ရက်သတ္တပတ် ၄၀ ကြာမြင့်တတ်ပါတယ်။ ၄၁ ပတ် ၄၂ ပတ်အထိ ကိုယ်ဝန်ဆောင်ရတဲ့ မိခင်တွေလည်း ရှိနိုင်ပါတယ်။ တကယ်လို့ ဘေဘီလေးက ကိုယ်ဝန်ဆောင်ကာလ ၃၇ ပတ် မတိုင်ခင်မှာ မွေးဖွားမယ်ဆိုရင်တော့ ဒါကို လမစေ့ဘဲ မွေးဖွားခြင်းလို့ ခေါ်ဆိုနိုင်ပါတယ်။ ဆေးပညာတွေ တိုးတက်လာတာကြောင့် လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးလေးတွေ ၁၀ ယောက်မှာ အများစုက အသက်ရှင်ကြပါတယ်။ ပုံမှန်အတိုင်းလည်း ကြီးထွားဖွံ့ဖြိုးကြပါတယ်။ တခြားဘာကျန်းမာရေးပြဿနာမှ မရှိဘူးဆိုရင်ပေါ့။ ပျမ်းမျှအားဖြင့် […]

ကလေးငယ် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးငယ် ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

Baby wipes ကိုအမြဲတမ်းတပါတည်း ယူသွားသင့်တဲ့အကြောင်းအရင်း

ကလေးငယ်လေးတွေရှိတဲ့ မိဘတွေအနေနဲ့ အပြင်သွားတဲ့အခါ ကိုယ်နဲ့တပါတည်းယူဆောင်သွားရမယ့် အရာတွေကတော်တော်လေးတော့များပါတယ်။ ကလေးအတွက်နို့ဗူး၊ အဝတ်အစားအပိုတစ်စုံ၊ ဦးထုပ်၊ခြေအိတ်လက်အိတ်လေးတွေ၊ ကလေးသေးခံ နဲ့ baby wipes တို့ကိုယူသွားဖို့လိုပါမယ်။ ကလေးတွေနဲ့အပြင်သွားတဲ့အခါ သူတို့လေးတွေရော ကိုယ်တိုင်ပါအဆင်ပြေစေဖို့က သူတို့အတွက်လိုအပ်လောက်မယ့် ပစ္စည်းတွေကိုယူသွားဖို့ပါ။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေနဲ့ အပြင်သွားတဲ့အခါ ကလေးတွေအတွက်အသုံးပြုတဲ့ တစ်သျှူးအစို (baby wipes) လေးတွေကို ယူသွားတာက ဘယ်လိုအသုံးဝင်လဲဆိုတာလေးကိုပြောပြလိုပါတယ်။ Baby wipes ကဒီလိုလေးတွေ အသုံးတည့်ပါတယ် အလွယ်တကူသန့်ရှင်းအောင်လုပ်လို့ရပါတယ် ကလေးအတွက်ယူလာတဲ့ အသုံးအဆောင်တွေမတော်တဆပြုတ်ကျသွားရင်ဖြစ်ဖြစ်၊ ကစားစရာလေးတွေပေရေသွားရင်ဖြစ်ဖြစ် သန့်ရှင်းပေးဖို့သုံးလို့ရပါတယ်။ ကလေးကိုခြေလက်တွေသန့်စင်ပေးချင်တဲ့အခါမျိုးမှာလည်းရေအလွယ်တကူမရနိုင်တဲ့ အနေအထားမျိုးမှာ baby wipes ကိုအသုံးပြုပေးလို့ရပါတယ်။ Baby wipes ကို ကလေးငယ်တွေအတွက်တင်မကဘဲ ကိုယ်တိုင် လက်တွေကိုသန့်ရှင်းချင်တာပေရေသွားတဲ့အသုံးအဆောင်တွေကို သန့်စင်ချင်တဲ့အခါမျိုးမှာ အလွယ်တကူသုံးလို့ရပါတယ်။ သေးခံလဲပေးတဲ့အခါ သုံးလို့ရပါတယ် ကလေးကိုသေးခံလဲပေးတဲ့အခါမျိုးမှာလည်း ကလေးကိုသေးခံအသစ်မလဲပေးခင် baby wipes ကိုသုံးပြီး သန့်စင်ပေးလို့ရပါတယ်။သေးခံဝတ်ထားတဲ့နေရာတွေကိုလည်း baby wipes […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေး ကို နူးညံ့ချောမွတ်တဲ့အသားအရေ ပိုင်ဆိုင်စေဖို့ ဘာတွေလုပ်ပေးမလဲ

လူကြီးတွေမှာတောင် အသားအရေလေးက နူးညံ့နေတာပဲ၊ ကလေးလေးကျနေတာပဲလို့ ပြောတတ်ကြတယ်။ ကလေး တွေရဲ့အသားအရေက နူးညံ့တာအမှန်ပါပဲ။ ဒါပေမယ့် အဲဒီအတိုင်းဆက်ပြီး အပြစ်အနာအဆာကင်းပြီး ချောမွတ်နေဖို့၊ အသားအရေလှဖို့ကတော့ ဖေဖေမေမေတို့ရဲ့တာဝန်ပါပဲ။ ကလေးလေးတွေကို အာဟာရဓါတ်ပြည့်ဝအောင်ကျွေးမွေးဖို့ စဉ်းစားရသလို သူတို့ရဲ့အရေပြားကျန်းမာရေးအတွက် လိုအပ်တဲ့ထိန်းသိမ်းစောင့်ရှောက်မှုတွေ လုပ်ပေးရပါမယ်။ ဒီအချက်လေးတွေအတိုင်း လုပ်ပေးမယ်ဆိုရင် အသားအရေနူးညံ့စိုပြေတဲ့ သားသားမီးမီးလေးတွေဖြစ်လာမှာပါ။ အာဟာရကို ဂရုစိုက်ပါ ကလေးတွေက ပေါက်ကရ သရေစာတွေ၊မုန့်တွေ မက်မောပြီး အစားအသောက်ကိုကြေးထူတတ်ကြပါတယ်။ အထူးသဖြင့် ကျန်းမာရေးနဲ့ညီတဲ့အစာတွေကိုဆိုရင်ပေါ့။ကွေကာအုပ်နဲ့ သစ်သီးတွေ မကြာခဏကျွေးခြင်းအားဖြင့် အာဟာရပိုပြည့်ဝစေမှာပါ။ အသီးအနှံတွေက ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝပြီး free radical တွေကြောင့်ဖြစ်တဲ့ ထိခိုက်မှုကို ဟန့်တားပေးနိုင်ပါတယ်။ အရေပြားထိခိုက်ပျက်စီးမှုနဲ့ အသားအရောင်မညီခြင်းကို ထိန်းချုပ်ကုသနိုင်စွမ်းရှိလို့ ကလေးရဲ့အသားအရေအတွက် အကျိုးကျေးဇူးများပါတယ်။ ရေများများတိုက်ပါ ဘယ်သူမဆို ရေကို ထိုက်သင့်တဲ့ပမာဏအထိ သောက်သုံးသင့်သလို ကလေးငယ်တွေကိုလည်းရေတိုက်မနည်းပါစေနဲ့။ ခန္ဓါကိုယ်မှာရေဓါတ်ပြည့်ဝနေမှ ခန္ဓါကိုယ်ကအဆိပ်အတောက်တွေမှန်သမျှ ရေနဲ့အတူစွန့်ထုတ်ပြီး အသားအရေကြည်လင်၊သန့်စင်လာစေမှာပါ။ ခရမ်းချဉ်သီးအနှစ်နဲ့ ဒိန်ချဉ် ခရမ်းချဉ်သီးဟာ ချေးချွတ်နိုင်တဲ့သဘာဝအာနိသင်ရှိပါတယ်။ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးငယ်တွေကို Baby Lotion အသုံးပြုပေးတာကနေရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူး ၈ ခု

အသားအရေထိန်းသိမ်းတာကို အရွယ်မရွေးလုပ်သင့်ပါတယ်။ အသားအရေကလူတစ်ယောက်ရဲ့ သွင်ပြင်ကိုတော်တော်လေး သက်ရောက်မှုရှိစေနိုင်တဲ့အရာပါ။ လူကြီးတွေက အသားအရေကို ကိုယ်တိုင်စောင့်ရှောက်နိုင်တယ်ဆိုပေမယ့်ဘေဘီလေးတွေကိုတော့မေမေတို့ကစောင့်ရှောက်ပေးရမှာဖြစ်ပါတယ်။ ကလေးတွေရဲ့ အသားအရေက လူကြီးတွေအသားအရေထက်တုံ့ပြန်လွယ်တာကြောင့်ပိုပြီးဂရုစိုက်ပေးဖို့လိုပါမယ်။ အရမ်းဂရုစိုက်ပေးရလို့အလုပ်ရှုပ်မယ်လို့တော့မထင်ပါနဲ့။ လွယ်လွယ်ကူကူနဲ့ ကလေးအသားအရေကိုထိန်းသိမ်းပေးနိုင်မယ့်နည်းကိုပြောပြပေးပါ့မယ်။ ဒါကတော့ ကလေးငယ်ကို Baby Lotionလူးပေးတာပါပဲ။ Baby Lotionက နူးညံ့ပါးလွှာပြီးထိခိုက်လွယ်တဲ့ကလေးငယ်လေးတွေရဲ့ အသားအရေကို အစိုဓါတ်ထိန်းပေးပြီး အရေပြားခြောက်သွေ့မှုကြောင့်ဖြစ်တဲ့ပြဿနာတွေ မဖြစ်လာအောင်လည်း ကာကွယ်ပေးပါလိမ့်မယ်။ ကလေးလေးတွေကို Baby Lotion လူးပေးတာက ဘယ်လိုအကျိုးရှိစေမလဲ ကလေးငယ်တွေကို Baby Lotionအသုံးပြုပေးတာကနေ အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။ ၁) အသားအရေမခြောက်သွေ့အောင်ကာကွယ်ပေးတယ် Baby Lotionတွေက ကလေးငယ်တွေရဲ့ အသားအရေကိုခြောက်သွေ့ကြမ်းတမ်းတာမျိုးမဖြစ်အောင်ကာကွယ်ပေးပါတယ်။ အသားအရေခြောက်သွေ့တာက ကလေးတွေမှာဖြစ်တတ်တဲ့အရေပြားပြဿနာတွေရဲ့အကြောင်းရင်းခံဖြစ်တာကြောင့် အရေပြားမခြောက်သွေ့အောင်ကာကွယ်ပေးဖို့ကလည်း မိဘတွေအနေနဲ့မေ့ထားလို့မရတဲ့အကြောင်းအရင်းတစ်ရပ်ပါ။ ကလေးအရေပြားခြောက်သွေ့မှုမဖြစ်အောင်ကာကွယ်ပေးချင်တယ်ဆိုရင်တော့ ကလေးကို Baby Lotionလေးပုံမှန်လူးပေးပါ။ ၂) နေမလောင်အောင်ကာကွယ်ပေးတယ် ကလေးငယ်လေးတွေဟာ ငယ်စဉ်အရွယ်မှာ ခရမ်းလွန်ရောင်ခြည်နဲ့ထိတွေ့မှုများမယ်ဆိုရင် အသက်ကြီးလာတဲ့အခါ အရေပြားကင်ဆာဖြစ်နိုင်ခြေတော်တော်လေးများလာပါတယ်။ ကလေးငယ်လေးတွေရဲ့ အသစ်စက်စက်အရေပြားကနေရောင်ဒဏ်ကိုကာကွယ်နိုင်စွမ်းတော်တော်လေးနည်းပါတယ်။ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကျန်းမာပျော်ရွှင်သော ရင်နှစ်သည်းချာလေးတွေဖြစ်စေဖို့

မိခင်တွေက သားသမီးတွေအပေါ် ကမ္ဘာပေါ်မှာရှိတဲ့ အခြားဘယ်အရာထက်မဆို ပိုပြီးချစ်ခင်ကြင်နာကြပါတယ်။ နေမင်းကြီးသာ အနောက်ကနေ ထွက်လာနိုင်မယ် မိခင်တွေရဲ့ သားသမီးတွေအပေါ်မှာထားတဲ့ ချစ်ခြင်းမေတ္တာကတော့ ဘယ်တော့မှ မပျောက်မပျက်နိုင်ပါဘူး။ ကိုယ့်ရဲ့ရင်သွေးလေးတွေကို ဝမ်းထဲမှာ ကိုးလလောက်လွယ်ထားပြီ အသက်နဲ့ရင်းမွေးဖွားခဲ့ကြသူတွေဖြစ်လို့ မိခင်တို့ရဲ့ ချစ်ခြင်းမေတ္တာဟာ သားသမီးတွေအပေါ်မှာ အနှိုင်းမဲ့ပါ။ သားသမီးဆီကနေ ပြန်ရကောင်းစေသဘောထားပြီး ကျွေးမွေးပြုစုပျိုးထောင်တဲ့မိခင်ဆိုတာ မရှိတဲ့အတွက် မိခင်တွေရဲ့ ချစ်ခြင်းမေတ္တာဟာ အဖြူထည်သပ်သပ်ဖြစ်ပြီး အေးချမ်းပါတယ်။ မိခင်ရော ဖခင်ရောဟာ သူတို့ရဲ့ ရင်နှစ်သည်းချာလေးတွေကို ချစ်ခင်ကြင်နာတဲ့စိတ်နဲ့ ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေဖို့သာ ဆန္ဒရှိကြသူတွေပါ။ သူတို့ရဲ့ သားသမီးလေးတွေနဲ့ပတ်သက်လို့ တခြားဘာရယူလိုမှုမှမပါ ကျန်းမာပျော်ရွှင်စွာကြီးပြင်းလာမှုကသာ သူတို့အတွက် အနှိုင်းမဲ့ပီတိဖြစ်စေတာပါ။ ကလေးလေးတစ်ယောက်ပျော်ပျော်ရွှင်ရွှင်ကြီးပြင်းလာမှုက သူတို့ရဲ့လေးတွေရဲ့ အနာဂတ်ဘဝအောင်မြင်မှုအပေါ်မှာပါ အများကြီးသက်ရောက်မှုရှိနေပါတယ်။ ငယ်ရွယ်စဉ်ကတည်းက ကြီးပြင်းလာတဲ့တလျှောက် ပျော်ရွှင်မှုကို ခံစားလာရတဲ့ ကလေးငယ်တွေက ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်းပိုများတတ်ကြပါတယ်။ မိဘတွေဟာ သားသမီးတွေရဲ့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင့်ကလေးကို မဖြစ်မနေ ပြောပြထားရမယ့် အချက်(၇)ချက်

သက်ငယ်မုဒိမ်းမှုတွေဟာ လက်ရှိ ကျွန်တော်တို့နိုင်ငံမှာ အင်မတန်မှကို အတွေ့ရများနေတဲ့ ပြဿနာတစ်ရပ် ဖြစ်ပါတယ်။ ဆင်းရဲပြီး ပညာမတတ်၊ လူနေမှုအဆင့်အတန်း နိမ့်ကျတဲ့အသိုင်းအဝိုင်းမှာ ဒီပြဿနာတွေ ဖြစ်နိုင်ချေ ပိုများပေမယ့် ဘယ်ကလေးမဆို ကြုံတွေ့ရနိုင်ပါတယ်။ လက်ရှိအရွယ်ရောက်ပြီးသား အမျိုးသား၊ အမျိုးသမီးတွေနဲ့ စကားပြောကြည့်တဲ့အခါ အဓမ္မပြုကျင့်မှုလောက်ထိ မဟုတ်တောင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ပုံစံတစ်မျိုးမျိုးနဲ့ ငယ်စဉ်အခါက ကြုံတွေ့ခဲ့ကြရဖူးတာကို အံ့အားသင့်ဖွယ် သတိထားမိခဲ့ပါတယ်။ ကလေးတွေဟာ လူကြီးထက်စာရင် အသိပညာနည်းပါတယ်။ ခွန်အားနည်းပါတယ်။ ဒီအတွက် ကလေးကို အလွယ်တကူ အနိုင်ကျင့်လို့ ရတယ်။ အကြမ်းဖက်လို့ ရတယ်။ ဒါက လူကြီးနဲ့ ကလေးကြားက ကွာခြားချက်တွေ။ ကလေးတစ်ယောက်ကို တွေ့တဲ့အခါ ကိုယ်ကျင့်သိက္ခါ ကောင်းသူက ဒီကွာခြားချက်ကို အလွဲသုံးစား မလုပ်ဘူး။ ကလေးကို စောင့်ရှောက်ပေးမယ်။ ကာကွယ်ပေးမယ်။ ဒီလို ကိုယ်ကျင့်သိက္ခါ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ခေါင်းလျှော်ရမှာကြောက်တဲ့ကလေးအတွက် နည်းဗျူဟာ ၆ ခု

အမေကခေါ်နေရင် ရေမချိုးချင်လို့ ပတ်ပြေးခဲ့တဲ့အဖြစ်တွေ ၊ ခေါင်းလျှော်ပေးမှာကြောက်လို့အော်ငိုခဲ့ရတာတွေ ငယ်ငယ်ကကြုံဖူးခဲ့သူတွေရှိမှာပါ။ ကလေးအတော်များများက ရေချိုးရတာပျော်တယ်ဆိုရင်တောင်မှ ခေါင်းလျှော်တဲ့အခါ သူတို့ရဲ့မျက်နှာကိုရေစိုတာ၊ခေါင်းကိုရေလောင်းတာမကြိုက်ကြပါဘူး။ မွေးကင်းစအရွယ်ဆို ကလေးကငြင်းဆန်ရင်တောင် လုပ်ပေးရလွယ်ပေမယ့် နည်းနည်းကြီးလာတဲ့အခါ နှစ်နှစ်ဝန်းကျင်ကလေးတွေဆိုခေါင်းလျှော်ကာနီးတိုင်း တိုက်ပွဲဝင်ရတာမိဘတွေရဲ့အခက်အခဲတစ်ခုပါ။ တချို့က စည်းရုံးရလွယ်ပေမယ့် တချို့က အကြောက်အကန် ငိုယိုရုန်းကန်တာ၊ ပတ်ပြေးနေတာတွေရှိပါတယ်။ ဒါတွေဟာ ကလေးက - အရင်တခေါက်က မျက်လုံးထဲ ဒါမှမဟုတ် ပါးစပ်ထဲကို ခေါင်းလျှော်ရည်ဝင်ခဲ့ဖူးတယ်ဆိုရင် ရေကြောက်တတ်ရင် ခေါင်းလျှော်ပေးတဲ့ပုံစံအနေအထားကိုမကြိုက်ရင် ခေါင်းလျှော်ရမှာကို မကြိုက်တာမျိုးဖြစ်ရင် စတဲ့အကြောင်းရင်းအမျိုးမျိုးရှိနိုင်ပါတယ်။ ဒီတော့ခေါင်းလျှော်ပေးရခက်တဲ့ကလေးရဲ့ မိဘတွေအနေနဲ့ အောက်မှာဖော်ပြတဲ့အထဲက နည်းလမ်းတစ်ခုခုကို သုံးလို့ရပါတယ် - (၁) ခေါင်းခဏခဏမလျှော်ပေးပါနဲ့ ကလေးကိုရေချိုးပေးတိုင်းခေါင်းလျှော်ပေးဖို့မလိုပါဘူး။ ကလေးဆံသားက သိပ်ညစ်ပေမှာမဟုတ်တာကြောင့် တစ်ပတ်တစ်ကြိမ်ဆို သူတို့အတွက် လုံလောက်ပါတယ်။ ရက်နည်းနည်းခြားပေးခြင်းအားဖြင့်ခေါင်းလျှော်ရတဲ့စိတ်ဒုက္ခကို ကလေးကမေ့သွားလောက်ပါတယ်။ (၂) ကလေးကို ကိုယ်တိုင်လုပ်ခွင့်ပေးပါ ကလေးကိုခေါင်းလျှော်ပေးသင့် မပေးသင့်ဆိုတာထက် ဘယ်လိုရအောင်လျှော်ပေးမလဲဆိုတာကိုအဓိကထားပါ။ ကလေးကခေါင်းလျှော်ရည်ကို ကိုယ်တိုင်လက်နဲ့ယူပြီးလျှော်ခွင့်ရရင် ပိုပျော်လာနိုင်ပါတယ်။ရေစချိုးကတည်းကခေါင်းလျှော်ပေးပါ။ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မွေးကင်းစအရွယ်ကလေးကို ဂရုစိုက်စောင့်ရှောက်ခြင်း

ကလေးလေးတစ်ယောက် လူ့လောကထဲရောက်လာပြီဆိုရင် မိဘတွေရဲ့တာဝန်ဝတ္တရားတွေက စတင်လာပြီဖြစ်ပါတယ်။ ကလေးရဲ့ဝေယျာဝစ္စတွေကို အသေးစိတ်ဂရုစိုက်လုပ်ဆောင်ပေးဖို့လည်းအရေးကြီးပါတယ်။ နုနယ်လှတဲ့ ကိုယ့်ရင်သွေးလေးကို အိမ်ကိုခေါ်လာမယ့်အချိန်အတွက် အရင်တည်းကကြိုတင်ပြင်ဆင်ထားကြရတာဖြစ်ပေမယ့် အိမ်ကိုပြန်ရောက်လာပြီဆိုတာနဲ့ ကလေးလေးချီပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်တတ်ပါတယ်။ အထူးသဖြင့် သားဦးကလေးမွေးဖွားတဲ့မိဘတွေဆို အတွေ့အကြုံမရှိတာကြောင့် မွေးပြီးနောက်ပိုင်း ဒီလိုအခက်မကြုံရအောင် ကလေးနဲ့ပတ်သက်ပြီး အစတည်းက ကြိုတင်လေ့လာထားသင့်ပါတယ်။ အသစ်စက်စက် မိခင် ဖခင်တွေအနေနဲ့ ကလေးငယ်လေးတွေကို ဂရုစိုက်စောင့်ရှောက်တဲ့အချိန် စနစ်တကျနဲ့ နည်းလမ်းမှန်မှန်လုပ်ဆောင်နိုင်ဖို့ ဒီအချက်လေးတွေ သိထားသင့်ပါတယ်။ ကလေးကို ချီတဲ့အခါ ကလေးသိပ်မချီဖူးတဲ့သူတွေ၊ကလေးတွေနဲ့အနေမနီးသူတွေ မိဘဖြစ်လာတဲ့အခါ ကလေးချီရင် မတော်တဆလွတ်ကျမှာကို စိုးရိမ်စရာရှိနိုင်ပါတယ်။ သတိထားသင့်တဲ့အခြေခံတချို့ကတော့ - ကလေးမချီခင် လက်ကိုသေချာဆေးကြောပါ( သို့မဟုတ် လက်သန့်ဆေးရည်သုံးပါ)။မွေးကင်းစအရွယ်လေးတွေဟာ လူကြီးတွေလောက် ကိုယ်ခံအားမကောင်းသေးတာကြောင့်ရောဂါကူးစက်ခံရလွယ်ပါတယ်။ ဒါ့ကြောင့် သင့်ကလေးကို ဘယ်သူပဲချီချီ လက်သန့်နေဖို့အရေးကြီးပါတယ်။ ပွေ့ချီတဲ့အခါ ကလေးရဲ့ခေါင်းနဲ့လည်ပင်းကို ထိန်းထားပေးဖို့ သတိထားပါ။ ကလေးကိုချီတဲ့အခါခေါင်းကို တံတောင်ဆစ်အကွေးမှာပွေ့ထားပေးပါ ဒါမှမဟုတ် ကလေးကိုထောင်ပြီးချီတဲ့အခါ၊ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးငယ်ကိုရေချိုးပေးတဲ့အခါ ဘာကြောင့်ဆပ်ပြာမပါတဲ့ပစ္စည်းတွေကို ရွေးချယ်ဖို့လိုတာလဲ

ယနေ့ခေတ်မှာ ကလေးငယ်တွေကိုပါမကျန် အသားအရေထိန်းသိမ်းပေးနေကြပြီဖြစ်သလိုဈေးကွက်ထဲမှာလည်း ကလေးအသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေအများအပြားရှိနေတာကြောင့်ဖေဖေမေမေအသစ်စက်စက်လေးတွေအတွက်ရွေးရခက်လွန်းပါတယ်။ ကလေးငယ်ကိုရေချိုးပေးဖို့အတွက်ရွေးခယ်တဲ့အခါမှာလည်း မှားယွင်းရွေးချယ်မိမယ်ဆိုရင် ကလေးငယ်မှာ အရေပြားပြဿနာအမျိုးမျိုးကိုခံစားရနိုင်ပါတယ်။ ကလးငယ်လေးတွေရဲ့ အရေပြားက နူးညံ့ပြီး တုံ့ပြန်လွယ်လွန်းတာကြောင့် ပုံမှန်သုံးနေကျဆပ်ပြာတွေက ကလေးတွေရဲ့အရေပြာအတွက် အရမ်းပြင်းနေမှာဖြစ်သလို အရေပြားမှာ ဓါတ်မတည့်တာမျိုးတွေဖြစ်စေနိုင်ပါတယ်။ ဒီပြဿနာတွေမဖြစ်အောင်ကာကွယ်ပေးနိုင်မယ့် အဖြေကတော့ ကလေးငယ်တွေအတွက်သီးသန့်ထုတ်ထားတဲ့Cleansersတွေကို အသုံးပြုပေးတာပါပဲ။ ဆပ်ပြာက ကလေးငယ်တွေအတွက်ဘေးကင်းရဲ့လား ပုံမှန်အားဖြင့်တော့ ကလေးငယ်တွေရဲ့ အသားအရေက လူကြီးတွေလောက်မညစ်ပတ်ကြပါဘူး။ ဒါကြောင့်ကလေးတွေကိုရေချိုးသန့်စင်ပေးတဲ့အခါ ဆပ်ပြာသုံးဖို့မလိုပါဘူး။ ကလးဆရာဝန်တွေကတော့ ကလေးတွေကိုရေချိုးပေးတဲ့အခါ ဆပ်ပြာမသုံးကြဖို့ အကြံပြုထားပါတယ်။ ကလေးအရေပြားကို ဆပ်ပြာနဲ့ပွတ်တိုက်တာက အရေပြားပေါ်က သဘာဝအဆီတွေကို ဖယ်ရှားလိုက်သလိုဖြစ်သွားစေနိုင်ပြီး အသားအရေကိခြောက်သွေ့စေနိုင်တာကြောင့်ပါ။ ဒါ့အပြင် ကလေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ ဆပ်ပြာတွေကို အလွန်အကျွံအသုံးပြုမယ်ဆိုရင်လည်း ကလေးငယ်တွေမှာ နှင်းခူ (eczema)ဖြစ်စေနိုင်ပါတယ်။ ဒီနေရာမှာ အမေတွေက ကလေးငယ်ကိုဆပ်ပြာမပါဘဲ ဘယ်လိုသန့်စင်ပေးမလဲဆိုတဲ့အချက်ကမေးစရာဖြစ်လာပါပြီ။ရေစေးကိုသာသုံးရတဲ့မိသားစုတွေအတွက် ဒီမေးခွန်းကတော်တော်လေးအရေးကြီးပါတယ်။ တကယ်လို့များ ကလေးငယ်က ရွှံ့တွေဗွက်တွေပေကျံနေမယ်၊ ဆီတွေပေကျံနေမယ်ဆိုရင်ရော ဘယ်လိုများသန့်ရှင်းပေးရမလဲ။ ဒီလိုအနေအထားမျိးမှာ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ပူနွေးစွတ်စိုတဲ့အရပ်မှာ ကလေးကို သေးခံမလောင်အောင်ကာကွယ်နိုင်မယ့် နည်းလမ်း ၅ ခု

သေးခံလောင်တယ်ဆိုတာ ကလေးမှာ သေးခံဒိုင်ပါဝတ်ပေးတဲ့ နေရာတဝိုက် အရေပြားနီရဲနာကျင်လာတဲ့ လက္ခဏာဖြစ်ပါတယ်။ တစ်ခါတလေ သေးခံလောင်တဲ့နေရာမှာ ပူတဲ့ခံစားချက်နဲ့ အနည်းငယ်ရောင်ရမ်းလာနိုင်ပါတယ်။ ဒီလိုဖြစ်စေတဲ့ အဖြစ်များဆုံးအကြောင်းရင်းတစ်ခုကတော့ စိုစွတ်မှုပဲဖြစ်ပါတယ်။ သင်က ပူနွေးစွတ်စိုတဲ့မြို့မှာ နေထိုင်သူဖြစ်ရင် စုပ်ယူမှုအားအကောင်းဆုံးဒိုင်ပါတွေနဲ့တောင် စိုစွတ်မှုနဲ့ ကင်းနိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် အောက်မှာဖော်ပြထားတဲ့ လွယ်ကူတဲ့နည်းလမ်း ၅ ခုနဲ့ သင့်ကလေးကိုသေးခံလောင်ခြင်းဝေဒနာကနေကာကွယ်နိုင်ပါတယ် - (၁) ကလေးရဲ့အောက်ပိုင်းကို ခြောက်သွေ့သန့်ရှင်းအောင်ထားပါ ကလေးမှာ သေးခံလောင်ခြင်းဖြစ်နေပြီဆိုရင် အရေးကြီးတာက ကလေးရဲ့ဒိုင်ပါကို လဲလှယ်ချိန်အပိုင်းအခြားကို ပိုဂရုစိုက်ပေးရမှာဖြစ်ပါတယ်။ ကလေးရဲ့ဒိုင်ပါက ညစ်ပေစွန်းထင်းနေတာ သတိထားမိရင် တတ်နိုင်သလောက် အမြန်ဆုံးနောက်တစ်ခုလဲပါ။ ခြောက်သွေ့၊ သန့်ရှင်းအောင်ထားမှ ဒီဧရိယာတစ်ဝိုက်မှာ ဘက်တီးရီးယားတွေ ပေါက်ဖွားဖို့ လွယ်တဲ့နေရာတစ်ခု ဖြစ်မလာတော့ဘဲ ကလေးရဲ့အရေပြားကို မထိခိုက်စေမှာဖြစ်ပါတယ်။ ညဘက်မှာလည်း ကလေးကို ဒိုင်ပါထလဲပေးဖို့ လိုအပ်နိုင်ပါတယ်။ (၂) ဒိုင်ပါလဲတဲ့အခါတိုင်း ကလေးကို သေချာဆေးကြောသန့်စင်ပေးပါ မိဘတော်တော်များများက ဝတ်ရလွယ်ကူ၊ ချွတ်ရလွယ်ကူတဲ့ဒိုင်ပါတွေကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးသေးခံလောင်တာ နဲ့ ပတ်သက်ပြီးသိထားသင့်တဲ့အချက်များ

ကလေးသေးခံလောင်တာ (Diaper rash) ဆိုတာက ကလေးငယ်ကိုသေးခံဝတ်ပေးထားတဲ့နေရာမှာ အရေပြားနီမြန်းရောင်ရမ်းမှုဖြစ်တာကို ဆိုလိုတာပါ။ တစ်ခါတလေမှာ သေးခံလောင်တာကြောင့် ကလေးရဲ့အရေပြားက နီမြန်းရောင်ရမ်းပြီး ခပ်နွေးနွေးဖြစ်နေတတ်ပါတယ်။ ကလေးတစ်ယောက်နဲ့ တစ်ယောက်မှာလည်း ခံစားရတဲ့အနေအထားချင်းမတူတတ်ပါဘူး။ အချို့ကလေးတွေမှာ ကလေးသေးခံလောင်တာရဲ့ အနေအထားက တော်တော်လေးပြင်းထန်တတ်ပေမယ့် အချို့ကလေးငယ်တွေမှာတော့ သိပ်မပြင်းထန်တာမျိုးလည်းရှိပါတယ်။ ဘာကြောင့် ကလေးသေးခံလောင်တာ လဲ စုပ်ယူမှုအားအရမ်းကောင်းပါတယ်ဆိုတဲ့သေးခံသုံးပေးမယ်ဆိုရင်တောင်မှ သေးခံတွေက အကုန်လုံးကို စုပ်ယူနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကလေးငယ်ရဲ့အရေပြား စိုစွတ်တာမျိုးက ဖြစ်နေစေဦးမှာပါပဲ။ ကလေးငယ်ရဲ့ သေးခံထဲမှာ ဆီးတွေ၊ ဝမ်းတွေရောသွားတဲ့အခါ ဒီအနေအထားက ဘက်တီးရီးယားတွေပေါက်ဖွားရှင်သန်ရလွယ်တဲ့ ဝန်းကျင်တစ်ရပ် ဖြစ်သွားပါလိမ့်မယ်။ ဝမ်းခဏခဏသွားတဲ့ ကလေးငယ်တွေနဲ့ ဝမ်းပျက်နေတဲ့ ကလေးငယ်တွေမှာ သေးခံလောင်တဲ့ဝေဒနာကို ပိုခံစားရတာပါပဲ။ ဂရုတစိုက်နဲ့ မပြတ်တမ်းစောင့်ကြည့်ပြီး သေးခံလဲပေးနေတဲ့ မိဘတွေရဲ့ ကလေးငယ်တွေမှာလည်း သေးခံလောင်တဲ့ပြဿနာ မရှိတာတော့မဟုတ်ပါဘူး။ ထိခိုက်တုံ့ပြန်လွယ်တဲ့အသားအရေက အရေပြားပြဿနာတွေကို ဖြစ်စေတဲ့ အဓိကတရားခံပါ။ အရေပြားကို သေးခံနဲ့ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း