ကလေးငယ်

ကလေးငယ်ရဲ့ ပထမတစ်နှစ်က အင်မတန်စိတ်လှုပ်ရှားစရာကောင်းပါတယ်။ သင့်ရဲ့ ကလေးလေး ဒီအရွယ်ကစပြီး ကျန်းမာပျော်ရွှင်နိုင်ဖို့ သင့်အနေနဲ့ ကလေးထိန်းကျောင်းနည်းလမ်းကောင်းတွေ ရဖို့ လိုတာပေါ့။ ဒီစာမျက်နှာမှာ သင့်ကလေးအတွက် လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို ရှာဖွေနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်

လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးငယ်လေးတွေ အကြောင်း

မေမေတွေ အနေနဲ့ ဘေဘီလေးကို ကိုယ်ဝန်ဆောင်ပြီး မွေးဖွားချိန်မှာ နေ့စေ့ လစေ့ မွေးဖွားတာမျိုး ရှိသလို မွေးဖွားမယ့်ရက်မတိုင်ခင်မှာ လမစေ့ဘဲ မွေးဖွားတာ၊ ရှိသင့်တဲ့ ကိုယ်အလေးချိန် မပြည့်သေးခင် မွေးဖွားတာကြောင့် ပေါင်မပြည့်ဘဲ မွေးဖွားလာတာမျိုးတွေ ရှိနိုင်ပါတယ်။ လမစေ့ဘဲ မွေးဖွားခြင်း ကိုယ်ဝန်ဆောင်ကာလက များသောအားဖြင့် ရက်သတ္တပတ် ၄၀ ကြာမြင့်တတ်ပါတယ်။ ၄၁ ပတ် ၄၂ ပတ်အထိ ကိုယ်ဝန်ဆောင်ရတဲ့ မိခင်တွေလည်း ရှိနိုင်ပါတယ်။ တကယ်လို့ ဘေဘီလေးက ကိုယ်ဝန်ဆောင်ကာလ ၃၇ ပတ် မတိုင်ခင်မှာ မွေးဖွားမယ်ဆိုရင်တော့ ဒါကို လမစေ့ဘဲ မွေးဖွားခြင်းလို့ ခေါ်ဆိုနိုင်ပါတယ်။ ဆေးပညာတွေ တိုးတက်လာတာကြောင့် လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးလေးတွေ ၁၀ ယောက်မှာ အများစုက အသက်ရှင်ကြပါတယ်။ ပုံမှန်အတိုင်းလည်း ကြီးထွားဖွံ့ဖြိုးကြပါတယ်။ တခြားဘာကျန်းမာရေးပြဿနာမှ မရှိဘူးဆိုရင်ပေါ့။ ပျမ်းမျှအားဖြင့် […]

ကလေးငယ် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးငယ် ကို ရှာဖွေမည်။

ကလေးငယ်ပထမနှစ်

အသက်အရွယ်အလိုက်ကလေးတစ်ယောက်ဖွံ့ဖြိုးမှုတွေနဲ့ မိဘတွေဘက်က သင်ပေးသင့်သည်များ ။

ကလေးဆိုတာကလည်း မွေးဖွားပြီးအပြင်ရောက်လာတာနဲ့ ငယ်တဲ့ အရွယ်မှာပဲ အမြဲတမ်း တန့်မနေပါဘူး။ သူ့အသက် အပိုင်းအခြားအလိုက် ဖွံဖြိုးလာမယ်။ ပတ်ဝန်းကျင်ကို စူးစမ်းမယ်။ လေ့လာသင်ယူမယ်။ ကြီးထွားဖွံ့ဖြိုးမှု စံနှုန်းတွေက ကလေးတိုင်းမှာ ပုံသေဖြစ်မနေတဲ့အတွက် ကလေးတစ်ယောက်နဲ့ တစ်ယောက်ရဲ့ ဖွံဖြိုးမှုတွေက မတူကြပါဘူး။ တချို့ဆို ငယ်ငယ်လေးထဲက စကားတွေ အရမ်းတတ်နေတာ ဖြစ်နိုင်သလို စကားပြောနောက်ကျနေတဲ့ ကလေးတွေလည်း ရှိနိုင်ပါတယ်။ ဒါကြောင့် သူများကလေးက အကုန်တတ်နေပြီး ကိုယ့်ကလေး ဘာမှ မလုပ်နိုင်သေးဘူးဆိုရင် ကိုယ့်ကလေးက ဖွံ့ဖြိုးမှုများနောက်ကျနေတာလားလို့ စိုးရိမ်နေကြတဲ့ မိဘတွေ အတွက် ဒီဆောင်းပါးကို ရည်ရွယ်ပါတယ်။ ဒီဆောင်းပါးလေးထဲမှာ ကလေးတစ်ယောက် မွေးစကနေ အသက် ၃ နှစ်အထိ သူ့အသက်လိုက် ဖွံ့ဖြိုးမှုတွေက ဘာတွေလဲ။ မိဘတွေက ဘာတွေ ပံ့ပိုးပြီး ဘယ်လိုသင်ပေးရမလဲဆိုတာ အဓိကထားပြောပေးမှာပါ။ ကလေးတစ်ယောက် အသက်အလိုက်ဖွံ့ဖြိုးမှု […]


ကလေးငယ်အာဟာရ

ကလေးကို ဘယ်အချိန်မှာနွားနို့စတိုက်ကြမလဲ

မနက်ခင်းအေးအေးလေးမှာ နွားနို့ပူပူလေးတစ်ခွက်ကိုသောက်လိုက်ရတာတော်တော်လေးအရသာရှိတယ်နော်။ နွားနို့လို့ပြောလိုက်ရင်ကို သူ့ရဲ့ ချိုစိမ့်စိမ့်အရသာလေးကိုခံစားမိလာပါတယ်။ ဒါကတော့မေမေတွေက ငယ်စဉ်ကတည်းက တိုက်လာခဲ့လို့လေ။ အာဟာရပြည့်တဲ့ အစားအစာကို အရသာရှိရှိလေးစားတတ်အောင် အလေ့အကျင့်လုပ်ပေးခဲ့တာကိုး။ နွားနို့ကသောက်လို့ကောင်းတာသိပေမယ့် ကိုယ်တိုင်မေမေဖြစ်လာတော့ ဘယ်အချိန်မှာ ကလေးကိုနွားနို့တိုက်ရမလဲဆိုတာကိုသေချာမသိပြန်ဘူးနော်။ ဒီပြဿနာလေးကို အခုဆောင်းပါလေးကနေဖြေရှင်းပေးပါရစေ။ ကလေးကို ဘယ်အချိန်မှာ နွားနို့တိုက်မလဲ ကလေးကမွေးစကနေ ၆ လအထိ မိခင်နို့တစ်မျိုးတည်းနဲ့လုံလောက်ပါတယ်။ မိခင်နို့မနိုင်မှဘဲ တတ်သိနားလည်သူတွေနဲ့တိုင်ပင်ပြီး နို့မှုန့်တိုက်ပေးရမှာပါ။ ကလေးက ၆ လကျော်လာပြီဆိုရင်တော့ မိခင်နို့ နဲ့ နွားနို့၊ဆိတ်နို့တို့ကို အချိုးကျလေးတိုက်လို့ရပါပြီ။ ကလေးကို မိခင်နို့ ၂ ဆ နွားနို့ ၁ ဆလောက်ရောပြီး စတိုက်ကြည့်ပေါ့။ ဒီလိုကနေမှ ကလေးက နွားနို့ကို ခံတွင်းတွေ့မယ်ဆိုရင် ကလေးကို တစ်နေ့ကို နွားနို့ ၂ ခွက်ကနေ ၃ခွက်လောက်အထိတိုက်ပေးလို့ရပါတယ်။ နို့ဗူးအစား နွားနို့ကို အစားထိုးတိုက်ပေးလို့လည်းရပါတယ်။ နွားနို့က […]


ကလေးငယ်အာဟာရ

အစားစစားမယ့် ကလေးကို ဒီလိုလေးပြင်ဆင်ပေးပါ

အရွယ်ရောက်လာလေလေ အာဟာရလိုအပ်ချက်ပိုများလာလေလေပါ။ အသက် ၆ လအထိက မိခင်နို့ရည်တစ်မျိုးတည်းနဲ့လုံလောက်တယ်ဆိုပေမယ့် ၆ လကျော်လာပြီဆိုရင်တော့ မိခင်နို့အပြင် ဖြည့်စွက်အာဟာရတွေပါ တွဲဖက်ကျွေးဖို့ လိုအပ်လာပါပြီ။ ဒီလိုတဖြည်းဖြည်းချင်း အသက်ရလာလေလေ လိုအပ်တဲ့အာဟာရပြည့်မီအောင်ဖြည့်တင်းရင်းနဲ့ ကလေးကို အစားအစာတွေကို စမ်းကျွေးလာရပါတယ်။ ဒီလိုကျွေးတဲ့အခါမှာလည်း ကလေးက ငယ်လွန်းသေးတာကြောင့် လူကြီးတွေစားတဲ့အတိုင်းကျွေးလို့ မဖြစ်သေးပြန်ပါဘူး။ ဒီနေရာမှာ မေးစရာရှိလာတာတစ်ခုက ကဲ ဒီတော့ အစားစစားတတ်စ ကလေးကို ဘယ်လိုများပြင်ဆင်ကျွေးမွေးရမလဲပေါ့။ ပြောပြမယ်လေ ...... ကလေးကို ဘယ်အချိန်မှာ အစားစကျွေးမလဲ ကလေးက ၆ လကျော်လာပြီဆိုရင် ကလေးကို အစားစကျွေးလို့ရပါပြီ။ ကလေးကိုဖြည်းဖြည်းချင်း နည်းနည်းချင်းစကျွေးဖို့တော့လိုပါမယ်။ ကလေးကိုကျွေးတဲ့အခါ ကလေးရဲ့ အစားအစာတွေထဲမှာ လိုအပ်တဲ့ဗီတာမင် သတ္တုဓာတ်တွေ ပြည့်ပြည့်စုံစုံပါဝင်အောင် ဂရုစိုက်ပေးဖို့လိုအပ်ပါမယ်။နောက်တစ်ချက်ကတော့ ကလေးကို စကျွေးမယ့်အစားအစာတွေက အစာကြေလွယ်မယ့်ခပ်ပျော့ပျော့အစားအစာတွေဖြစ်ဖို့လိုအပ်မှာပါ။ ကလေးကိုစကျွေးစမှာ ဇွန်းတစ်ဝက်စာလောက်လေးကနေစပါ။ပြီးမှ တဖြည်းဖြည်းချင်းတိုးကျွေးသွားပေါ့။ ကလေးက အစားစစားချိန်မှာ မျိုချဖို့အခက်အခဲရှိနေမှာပါ။ […]


မိခင်နို့တိုက်ကျွေးခြင်း

ကလေးနှင့် နို့အာဟာရတိုက်ကျွေးခြင်း

ကလေးမေမေတွေ မကြာခဏ မေးတတ်တဲ့ ပြဿနာတွေထဲမှာ ကလေးကို တစ်နေ့ဘယ်နှကြိမ် နို့တိုက်သင့်လဲ၊ တစ်ခါတိုက်ရင် ဘယ်လောက်ပမာဏ တိုက်သင့်လဲ၊ ကလေးက နို့ဆာပြီဆိုရင် ဘယ်လိုပြုမူတတ်လဲ အစရှိတဲ့ မေးခွန်းတွေနဲ့ ပတ်သက်ပြီး ဗဟုသုတရအောင် ဝေမျှပေးချင်ပါတယ်။ ကလေးကို တစ်နေ့ ဘယ်နှကြိမ် နို့အာဟာရတိုက်ကျွေးသင့်လဲ။ ကလေးမွေးပြီး ပထမလမှာ ၈ကြိမ်ကနေ ၁၂ကြိမ်အထိ နို့တိုက်ကျွေးသင့်ပါတယ်။ ကလေးတွေအတွက် မိခင်နို့ဟာ နို့မှုန့်ထက်ပိုပြီး အစာကြေလွယ်စေတာကြောင့် ဗိုက်အဆာမြန်တယ်။ အဲ့တော့ မေမေတွေအနေနဲ့ မိခင်နို့ကို ပိုပြီး တိုက်ကျွေးဖို့ လိုအပ်ပါတယ်။ မကြာခဏနို့တိုက်ရတဲ့ မေမေတွေမှာ နို့ထွက်အားလည်း ပိုကောင်းလာပါတယ်။ မိခင်နို့တစ်မျိုးတည်းကိုသာ သောက်သုံးတဲ့ ကလေးတွေ အသက် ၁လ ကနေ ၂လ အရွယ်မှာ တစ်နေ့ကို ၇ကြိမ်ကနေ ၉ကြိမ်ထိ နို့တိုက်ဖို့ လိုပါတယ်။ ပုံမှန်အားဖြင့် တစ်နာရီခွဲကနေ ၃နာရီခြား […]


ကလေးငယ်ပထမနှစ်

Sunken fontanelle (ငယ်ထိပ်ချိုင့်ခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်ငယ်ထိပ်ချိုင့်ခြင်းဆိုတာဘာလဲ။ ကလေးတွေဟာ Fontanelles များစွာဖြင့် မွေးဖွားလာပါတယ်။ ယင်းတို့ကို ငယ်ထိပ်လို့အခေါ်များကြပါတယ်။ မွေးလမ်းကြောင်းကို ဦးခေါင်းဖြတ်တဲ့အချိန်မှာ ကျုံ့နိုင်ဆန့်နိုင်စေဖို့ ထိုငယ်ထိပ်တို့က အရေးပါပါတယ်။ ထိုစွမ်းရည်ကပဲ ကလေး၁နှစ်သားလောက်မှာ ဦးနှောက်နဲ့ ဦးခေါင်းခွံတို့ကို ကြီးထွားစေပါတယ်။ မွေးကင်းစကလေးငယ်တွေမှာ ငယ်ထိပ်တို့ကို ဦးခေါင်းထပ်ပိုင်း၊ နောက်ပိုင်းနဲ့ ဘေးဘက်ပိုင်းတို့မှာ တွေ့ရှိနိုင်ပါတယ်။ ကလေးဦးခေါင်းခွံပေါ်မှာရှိတဲ့ ငယ်ထိပ်အရည်အတွက် သူတို့ရဲ့ အသက်အရွယ်ပေါ်မှာ မူတည်နေပါတယ်။ ဦးခေါင်းနောက်ဘက်ရှိ ငယ်ထပ်က ၁လသား၊၂လသားလောက်မှာ ပျောက်ကွယ်သွားပါတယ်။ ထိုအရာကို သင်ခံစားနိုင်မှာမဟုတ်သလို၊ မြင်နိုင်မှာလည်း မဟုတ်ပါဘူး။ ခေါင်းထပ်ဘက်ရှိ ငယ်ထိပ်ကတော့ အသက်၇လနဲ့ ၁၉လကြားလောက်ထိ မပိတ်ဘဲရှိနေတတ်ပါတယ်။ ကလေးရဲ့ငယ်ထိပ်ဟာ အတော်အသင့်တင်းပြီး ကွေးသွားကာ အတွင်းသို့အနည်းငယ်ချိုင့်နေရပါမယ်။ အတွင်းကို အရမ်းချိုင့်နေတဲ့ ငယ်ထပ်ကို Sunken Fontanel လို့ခေါ်ပါတယ်။ အရေးပေါ်ဆေးကုသမှု ခံယူရန်လိုအပ်သော်လည်း များသောအားဖြင့် ကုသရ လွယ်ကူပါတယ်။ ငယ်ထိပ်ချိုင့်ခြင်းဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ ဒီရောဂါဟာ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေလည်းခံတွင်းသန့်ရှင်းဖို့လိုပါတယ်

သွားတွေပါက်မှ ခံတွင်းသန့်ရှင်းရေးလုပ်ပေးရမှာလား။ ကလေးဆိုတာ နို့ပဲသောက်တာ ခံတွင်းသန့်ရှင်းရေးလုပ်ပေးဖို့ မလိုဘူးလို့များတွေးနေလား။ မဟုတ်သေးဘူလေး။ဘေဘီပေါက်စလေးတွေကိုမွေးလာကတည်းကစပြီး ခံတွင်းသန့်ရှင်းရေးလုပ်ပေးဖို့လိုပါတယ်။ သွားပေါက်လာတဲ့အခါမှ သွားပိုးစားတာေတွဖြစ်တာပဲဆိုပြီး သွားနဲ့ခံတွင်းကိုစောင်ေ့ရှာက်ပေးဖို့လိုတာမဟုတ်ပါဘူး။ဘေဘီလေးတွေကိုနေ့စဉ် သွားဖုံး၊လျှာနဲ့ ခံတွင်းတွေကို သန့်စင်ပေးမှပေါက်လာမယ့် သွားတွေခိုင်ခန့်ပြီး ခံတွင်းကျန်းမာရေးကောင်းမှာပါ။ ဘေဘီလေးတွေကို ခံတွင်းသန့်ရှင်းရေးလုပ်ဆောင်ပေးမယ်ဆိုရင် မွေးစကနေ ၆ လအထိ ဘေဘီလေးတွေက သွားမပေါက်သေးလို့ သွားပွတ်တံတွေ၊ သွားတိုက်ဆေးတွေသုံးဖို့တော့ မလိုအပ်သေးပါဘူး။ ဒီတော့ ဘယ်လိုသန့်ရှင်းပေးရမှာလဲလို့တွေးနေလား။ အရင်ဆုံး ကလေးကို လက်ထဲမှာပွေ့ချီလိုက်ပါ ပြီးရင်နောက်လက်တစ်ဖက်ရဲ့ လက်ညှိုးမှာ အဝတ်စသန့်သန့်လေး ဒါမှမဟုတ် ကလေးအနှီးစသန့်သန့်လေးကို ပတ်လိုက်ပါ ပြီးရင်ရေနွေးခပ်နွေးနွေးလေးထဲကို စိမ်ပေးပါ။ရေကအရမ်းမပူဖို့ သတိထားပါ ပြီးရင်တော့ ကလေးရဲ့လျှာ၊ သွားဖုံးတွေနဲ့ ပါးစောင်တွေကို သုတ်ပေးပါ ဒီလိုလုပ်ပေးတာက ကလေးရဲ့လျှာကို သန့်စင်စေပြီး နို့သောက်ရတာအဆင်ပြေစေမှာပါ။ ကလေးမွေးစကနေ ၆ လအရွယ်ရောက်တဲ့အထိ ဒီနည်းကအဆင်အပြေဆုံးပါ။ ၆လကနေ ၁ နှစ်အထိ ဒီအရွယ်မှာတော့ဘေဘီလေးကမေမေ့နို့အပြင်ဖြည့်စွက်စာတွေစစားနေပါပြီ။ သွားငုတ်တုတ် လူငုတ်တုတ်အရွယ်ပေါ့။ သူတို့ရဲ့ ပထမဆုံးထွက်တဲ့ […]


မိခင်နို့တိုက်ကျွေးခြင်း

ကလေးနို့အန်လို့ စိတ်ပူနေပြီလား

ကိုယ့်ရင်သွေးကျန်းမာပျော်ရွှင်နေဖို့က မိခင်တိုင်းတောင့်တမိတဲ့ဆုပါ။ မိခင်ဆိုတာမျိုးက ကိုယ့်သားသမီးတွေ ဆော့ရင်းမောသွားလို့ဖြစ်ဖြစ် အိပ်ချင်လို့ဖြစ်ဖြစ် အိပ်ပျော်သွားတာလေးကို ကြည့်ရင်းနဲ့တောင် ငါ့သားလေး သနားပါတယ်။ ငါ့သမီးလေးသနားပါတယ်လို့ တွေးမိတတ်သူတွေမဟုတ်လား။ ဒီတော့ ဘယ်လိုအခြေအနေမျိုးမှာမဆို ရင်သွေးကို သနားစိတ်ဖြစ်နေမိတတ်တဲ့ မေမေတို့အနေနဲ့ ကလေးက နို့သောက်ပြီးတိုင်း အန်နေမယ်ဆိုရင် ဘယ်လောက်တောင်စိုးရိမ်လိုက်မလဲနော်။ ကလေးကဆာလို့ နို့တိုက်လိုက်တယ်။ နို့သောက်ပြီး မကြာဘူး ကလေးကပြန်အန်တယ်။ ဘာဖြစ်မှန်းလဲမသိဘူး။ ဘာလုပ်ပေးရမှန်းလဲမသိဘူးဆိုတဲ့ မေမေတို့ ဒီဆောင်းပါးလေးဖတ်ကြည့်နော်။ ကလေးတွေ နို့အန်တာက ပုံမှန်ပဲလား ကလေးကမွေးစမှာ အစာခြေစနစ်ကစလို့ အခြားကိုယ်တွင်းစနစ်တွေက ဖွံ့ဖြိုးဆဲအချိန်မို့ သောက်လိုက်တဲ့နို့တိုင်းကို ချေဖျက်နိုင်ဖို့ မလွယ်တာကြောင့် ပြန်အန်တာမျိုးဖြစ်နိုင်ပါတယ်။ ကလေးက နည်းနည်းလောက်ပဲပြန်အန်ရင်တော့ သိပ်စိုးရိမ်စရာမရှိဘူးလို့ဆိုရပါမယ်။ အများကြီးပြန်အန်တဲ့အခါမှာတော့ ကလေးအနေနဲ့ လန့်ပြီး ငိုတာမျိုး နှာခေါင်းထဲမှာ မွှန်သွားတာမျိုးဖြစ်နိုင်ပါတယ်။ ဒီလိုအချိန်မှာ ကလေးကို ခပ်မတ်မတ်လေးထားပေးပါနော်။ ဒါမှ အန်တဲ့နို့တွေ အသက်ရှူလမ်းကြောင်းထဲမဝင်မှာပါ။ ကလေးက ကားမူးတဲ့အခါ၊ […]


ကလေးငယ်အာဟာရ

ကလေးကို ထမင်းကျွေးချိန်ရောက်ပြီဆို ဒီလို ပြဿနာတွေ မေမေတို့ကြုံရတတ်ပါတယ်။ ။

အစားအသောက်က ကလေးတစ်ယောက်ရဲ့ ကြီးထွားမှုနဲ့ ဉာဏ်ရည်ဖွံ့ဖြိးမှုအပေါ်ကို ၇၀ ရာခိုင်နှုန်းသက်ရောက်ပါတယ်။ မိခင်နို့သောက်တာနဲ့ပဲ မလုံလောက်တော့တဲ့ ကလေးတစ်ယောက်ကို တစ်ခြားလိုအပ်တဲ့ အာဟာရေတွရအောင် ဖြည့်စွက်စာတွေကျွေးရတဲ့ အပြင် နောက်ပိုင်း လူကြီးတွေစားတဲ့ အစားအစာတွေကိုပါ စားတတ်လာအောင် တဖြည်းဖြည်းလေ့ကျင့်ပေးရပါတယ်။ ဒါမှ ကလေးတစ်ယောက်က သူလိုအပ်တဲ့ အာဟာရတွေ အကုန်ပြည့်စုံအောင်ရမှာပါ။ ပြဿနာရှိတာက ကလေးဆိုတာ အစားထက် အဆော့ကို ပိုမက်ကြတာကြောင့် ထမင်းကျွေးချိန်ရောက်တိုင်း မေမေတို့ အမြဲခေါင်းစားရပါတယ်။ ခုပြောပြပေးချင်တဲ့အကြောင်းအရာလေးကတော့ ထမင်းကျွေးချိန်တိုင်း မေမေတို့ကြုံတတ်ကြတဲ့ အခက်အခဲလေးတွေ အကြောင်းဖြစ်ပါတယ်။ ကြိုသိထားတော့ ကြိုပြင်ဆင်လို့ရတာပေါ့နော်။ ။။ ကလေးကို ထမင်းကျွေးချိန်တိုင်း မေမေတို့ ဘယ်လို အခက်အခဲတွေ ကြုံတွေ့ရတတ်လဲ။ ။ ၁။ အစားစားဖို့ ငြင်းဆန်တာ။ ထမင်းကျွေးဖို့ ဇွန်းလေးပါးစပ်နားကပ်လိုက်ပြီဆိုတာနဲ့ခေါင်းကိုချာခနဲ လှည့်လိုက်ပြီး ပါးစပ်ကိုပိတ်ထားတဲ့ကလေးတွေရှိပါတယ်။ ဒါဟာ ကလေးကိုထမင်းကျွေးပြီဆိုတာနဲ့ မေမေတို့ ပထမဆုံးကြုံတွေ့ရတဲ့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

အလုပ်တစ်ဖက်နဲ့ မေမေ မိသားစုတာဝန် မလစ်ဟင်းရလေအောင်

ကလေးတစ်ဖက်နဲ့ အလုပ်လုပ်နေရတဲ့ မေမေတွေရဲ့ ဘဝက လွယ်ကူလှတယ်တော့ မရှိလှပါဘူး။ ကိုယ့်ရဲ့ မိသားစုအပေါ်မှာ တာဝန်မကျေမိမှာလည်း စိုးရိမ်ရ၊ ကိုယ့်ရဲ့ ကလေးအတွက်လည်း စိတ်ပူရ၊ အလုပ်မှာလည်း ပင်ပန်းရ၊ နားချိန်တောင် အနိုင်နိုင်ယူရတဲ့ မေမေတွေ ဒီခေတ်ကြီးထဲမှာ ပိုများလာပါပြီ။ ဒီလိုမျိုး အဖက်ဖက်ကနေ ကိုယ့်အပေါ် တာဝန်တွေ ပိကျလာတဲ့အခါမျိုးမှာ ကိုယ့်အနေနဲ့ မိသားစုအတွက်ကိုရော၊ အလုပ်အတွက်ပါ စည်းကမ်းတွေ သတ်မှတ်ထားဖို့ လိုအပ်လာပါပြီ။ ကလေး၊ မိသားစု၊ အိမ်မှုကိစ္စ၊ ရုံးအလုပ်တွေနဲ့ လုံးပမ်းနေရတဲ့ မေမေတို့အတွက် မိသားစုတာဝန် မလစ်ဟင်းစေဖို့ နည်းလမ်းလေးတွေကို ဝေမျှပေးချင်ပါတယ်။ အလုပ်တစ်ဖက်နဲ့ မေမေ မိသားစုတာဝန် မလစ်ဟင်းရလေအောင် အလုပ်တစ်ဖက်နဲ့ မေမေ မိသားစုတာဝန် မလစ်ဟင်းရလေအောင် ကူညီပေးနိုင်မယ့် နည်းလမ်းကောင်းလေးတွေကတော့ ၁။ မိသားစုတွေကို တာဝန်ခွဲဝေပေးပါ။ ကိုယ်တစ်ယောက်ထဲ အရာရာကို လုပ်နေရမယ်ဆိုရင်တော့ ရေရှည်တောင့်ခံနိုင်မှာ မဟုတ်ပါဘူး။ ဘယ်အရာမဆို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဆောင်းရာသီမှာ ဘေဘီလေးတွေ နှာစေးနှာပိတ်ခဲ့ရင်

ရာသီဥတုအခြေအနေလေးက တဖြည်းဖြည်းအေးလာလို့နေလို့ကောင်းလာတယ်ဆိုပေမယ့်ဘေဘီလေးတွေနှာစေးနှာပိတ်ဖြစ်မှာနေထိုင်မကောင်းဖြစ်မှာကတော့ စိတ်ပူစရာရှိနေပြန်ပါတယ်။ လူတော်တော်များများအတွက် ကဗျာဆန်တဲ့ဆောင်းရာသီက ဘေဘီပေါက်စလေးတွေရဲ့ မေမေဖေဖေတို့အတွက်တော့ စိုးရိမ်တကြီးနဲ့စောင့်ကြည့်ကာလပေါ့။ ရာသီဥတုအေးတာကြောင့် ရင်သွေးလေးကို အရင်ကထက် ပိုဂရုစိုက်မိနေပြီဟုတ်။ ဒီလိုဂရုစိုက်နေတဲ့ကြားကဘေဘီလေးတွေမှာ နှာစေးနှာပိတ်ခံစားရမယ်ဆိုရင် ဒီဆောင်းပါးလေးက သင့်ကို အကူအညီပေးနိုင်မှာပါ။ ကလေးတွေမှာနှာစေးနှာပိတ်ခံစားရရင် ကလေးငယ်လေးတွေဟာ တခါတလေမှာ ရာသီဥတုအပြောင်းအလဲကြောင့် နှာစေးနှာပိတ်တာမျိုးကိုခံစားရနိုင်ပါတယ်။ ဒီလိုခံစားရနိုင်ခြေကဆောင်းရာသီလိုမျိုးအေးမြနေချိန်မှာ ပိုဖြစ်နိုင်တာပါ။ ကလးကငယ်သေးမယ်ဆိုရင် နှာခေါင်းပိတ်နေတာကို မပြောပြနိုင်သလို နှာခေါင်းပိတ်ဝေဒနာသက်သာလာအောင် ကိုယ်တိုင်လည်း ဘာမှမလုပ်နိုင်သေးပါဘူး။ ဒီတာ့ သူတို့လေးတွေ အဆင်ပြေပြေဖြစ်ဖို့က မိဘတွေမှာ တာဝန်အရှိဆုံးဖြစ်မှာပါ။ ကလေးနှာပိတ်နေတာကို ဘယ်လိုသိနိုင်မှာလဲ တစ်ခါတလေမှာ ကလေးရဲ့နှာခေါင်းထဲမှာ ချွဲလိုမျိုးအရာတွေကိုတွေ့ရင်တော့ နှာစေးနှာပိတ်နေပြီဆိုတာကို အလွယ်တကူသိနိုင်တာပေါ့။ တကယ်လို့ မမြင်ရဘူးဆိုရင်တော့ကလေးရဲ့ အပြုအမူကိုကြည့်ပြီးဆုံးဖြတ်ရတော့မှာပါ။ ကလေးက နို့တိုက်နေချိန်မှာ နို့မစို့ဘဲ ပါးစပ်ကနေနို့ကိုဖြုတ်မယ် ဒါမှမဟုတ်နို့ဗူးကို တွန်းဖယ်မယ်ဆိုရင် နှာခေါင်းပိတ်နေတာကြောင့် အသက်ရှုရခက်လို့လုပ်နေတာမျိုးဖြစ်နိုင်ပါတယ်။ ဒီအပြုအမူက ကလေးအနေနဲ့ မဆာတာကြောင့်လုပ်နေတာမျိုးလည်းဖြစ်နိုင်ပါတယ်။ တကယ်လို့ကလေးက ပါးစပ်ကလေးဖွင့်ပြီး အသက်ရှုနေပြီဆိုရင်တော့ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း