အဆစ်ရောင်ရောဂါများ

အဆစ်ရောင်ရောဂါများ သည်အမျိုးအစားအများကြီး ရှိတဲ့အတွက် တစ်မျိုးစီရဲ့ ထူးခြားချက်နဲ့ လက္ခဏာတွေကို လေ့လာထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အဆစ်ရောင်ရောဂါများ

အဆစ်ရောင်နာ (Arthritis)

အဆစ်ရောင်နာ (Arthritis) ဆိုတာ အဆစ်တွေကို ထိခိုက်စေနိုင်တဲ့ ကျန်းမာရေးပြဿနာ တစ်မျိုးပါ။ အဆစ်တွေ နာကျင်တာ၊ ရောင်ရမ်းတာတွေ ဖြစ်စေနိုင်ပါတယ်။ လှုပ်ရှားဖို့ ခက်တာ၊ တက်တက်ကြွကြွနေဖို့ ခက်တာမျိုးတွေကိုလည်း ခံစားရနိုင်ပါတယ်။ အဆစ်ရောင်နာတွေက အမျိုးမျိုးပါပဲ။ တစ်မျိုးစီတိုင်းမှာ မတူညီတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။  အဆစ်ရောင်နာ အမျိုးအစားကို လိုက်ပြီး ကုထုံးတွေလည်း ကွာခြားနိုင်ပါတယ်။ အဆစ်ရောင်နာ က များသောအားဖြင့် အသက်အရွယ် ကြီးရင့်သူတွေမှာ အဖြစ်များပါတယ်။ အမျိုးသားတွေမှာ ဖြစ်နိုင်သလို အမျိုးသမီးတွေ၊ ကလေးတွေမှာလည်း ဖြစ်နိုင်ပါတယ်။ အရွယ်သုံးပါးစလုံး ခံစားရနိုင်တဲ့ ကျန်းမာရေး ပြဿနာပါ။ အဆစ်ရောင်နာ (Arthritis) ဆိုတာ အဆစ်ရောင်နာ ဆိုတာ အဆစ်တွေ ( အရိုး တစ်ခုခုနဲ့ တစ်ခု ဆုံပြီး လှုပ်ရှားမှုတွေ လုပ်ဆောင်နိုင်တဲ့ နေရာ) မှာ ထိခိုက်စေတဲ့ ကျန်းမာရေး […]

အဆစ်ရောင်ရောဂါများ ကို ရှာဖွေမည်။

အဆစ်ရောင်ရောဂါများ

အရိုးအဆစ်အမြစ်ရောင်ရောဂါ ( osteoarthritis ) ရှိနေရင် ဘာတွေရှောင်ပြီး ဘာတွေစားရမလဲ။ ။

အရိုးအဆစ်အမြစ်ရောင်ရောဂါ ( osteoarthritis ) အကြောင်းကြားဖူးကြမှာပါ။ အသက်ကြီးတဲ့သူတိုင်းဖြစ်ကြတဲ့ ဒူးနြာခင်းမှာ သူက တရားခံပေါ့။ ဒူးတင်လားဆိုတော့လည်း မဟုတ်သေးပါဘူး။ အခြား လက်တို့၊ ခါးရိုးတို့ တင်ပဆုံရိုးတို့ကိုလည်း ဒုက္ခပေးနိုင်တဲ့ အဆစ်ရောင်ရောဂါ။ အရင်တုန်းကအကောင်းကြီးရှိနေတဲ့ အရိုးအဆစ်တွေမှာ osteoarthritis ဘယ်ကနေဘယ်လို ရောက်လာတာလဲ။ အရိုးဖွဲ့စည်းပုံကို အပြင်ပိုင်းကြည့်လိုက်ရင် အရိုး တွေရယ်၊ လှုပ်ရှားမှုတွေချောမွေ့အောင် လုပ်ပေးမယ့် အရိုးတွေကြားထဲက အရိုးနုလေးတွေနဲ့ ချောဆီတွေရယ်လို့ အကြမ်းဖျင်းမှတ်လို့ရပါတယ်။ ငယ်ရွယ်နေတုန်းအချိန်မှာ ဒါတွေအားလုံးသူ့နေရာနဲ့သူ ရှိနေပေမယ့် အသက်ကြီးလာချိန်မှာ အရိုးတွေကြားထဲက အရိုးနုလေးတွေ ပါးသွားပြီး လှုပ်ရှားမှုလုပ်တိုင်း အရိုးတွေပွတ်တိုက်ကုန်လို့ အဆစ်နာတဲ့ ဝေဒနာတွေ ခံစားရတာဖြစ်ပါတယ်။ အရိုးအဆစ်မြစ်ကိုက်တဲ့ ပြဿနာကိုခုပြောပြမယ့် အစားအစာတွေက အရှင်းပျောက်အောင် မကုသပေးနိုင်ပေမယ့် ဝေဒနာပိုဆိုးမလာအောင်နဲ့ ခံစားနေရတဲ့ ဝေဒနာသက်သာအောင် ကူညီပေးနိုင်မှာပါ။ ဘာတွေစားပေးရမလဲ။ ဘာ့ကြောင့်လဲ။ ( ၁ ) အဆီများတဲ့ငါးတွေ ပင်လယ်ငါးတွေဖြစ်တဲ့ ဆယ်လ်မွန်တို့ […]


အဆစ်ရောင်ရောဂါများ

သွေးစစ်ပြီး အဆစ်အမြစ်ကိုက်ရတဲ့ အကြောင်းအရင်းကို အဖြေရှာကြမယ်။ ။

ကိုယ်လက်တွေ ကိုက်ခဲနေလို့ ဆေးခန်းသွားပြတဲ့အခါ လိုအပ်တဲ့ စမ်းသပ်မှုတွေ လုပ်ပြီးနောက် အကြောင်းအရင်းကို အဖြေရှာဖို့ စစ်ဆေးမှုတွေလုပ်ကြရပါတယ်။ အဆစ်အမြစ်ကိုက်တာဆိုတော့ ခြေတွေလက်တွေကို ဓါတ်မှန်ရိုက်တာက လုပ်ထုံးလုပ်နည်းတစ်ခုဖြစ်လို့ လူနာတွေစိတ်ထဲ မရှင်းတာမျိုးမဖြစ်ပေမယ့် သွေးစစ်တဲ့အခါကျတော့ ဘာလို့စစ်ရမှန်းမရှင်းဖြစ်နေတတ်ပါတယ်။ ဖြစ်တဲ့နေရာက အဆစ်အမြစ် သွေးက ဘယ်လိုအတွက်ကြောင့်၊ ဘာတွေကိုသိရလို့ စစ်ရတာလဲဆိုတာ မရှင်းဖြစ်နေတဲ့သူတွေအတွက် ဒီဆောင်းပါးလေးက ရည်ရွယ်ပါတယ်။ အဆစ်အမြစ်ကိုက်တဲ့အကြောင်းအရင်းကို ပြောပြပေးနိုင်တဲ့သွေးအဖြေတွေ ။ ။ ASO - ASO Titer လို့ခေါ်တဲ့ဒီသွေးစစ်နည်းဟာ Antistreptolysin Oလို့ခေါ်တဲ့ ကိုယ်တွင်း antibody ကို စစ်ဆေးတာဖြစ်ပြီး လေးဖက်နာပိုး( group AStreptococcus ) ရဲ့ antibody ပါ။ ဒါပေမယ့် ASOတက်တိုင်း လေးဖက်နာပါလို့ ပြောလို့မရပါဘူး။ Uric acid- ယူရစ်အက်ဆစ်ကိုတော့ အားလုံးကြားဖူးကြမှာပါ။ Gout ( […]


အဆစ်ရောင်ရောဂါများ

ခြေမအဆစ်မှာ ဖြစ်တတ်တဲ့ ဘူနီယွန်

ခြေမအရင်းက အဆစ်မှာ ဖုပြီး ကိုက်ခဲနာကျင်ရတယ်၊ ရောင်နေတတ်တယ်ဆိုရင်ပဲ အဆစ်နာဂေါက်ရောဂါဖြစ်နေပြီလို့ ယူဆကြပါတယ်။ ယူရစ်အက်စစ်တွေများပြီး အဆစ်မှာစုပုံလို့ အခုလိုခံစားရတာလို့ ဆေးမစစ်ဘဲ တစ်ထစ်ချ ထင်မြင်လိုက်တာပဲ များပါတယ်။ ဒါပေမယ့် ဒါကတော့ ဂေါက်မဟုတ်တဲ့ ဘူနီယွန် (Bunion) ဖု ဖြစ်ပါတယ်။ ဘူနီယွန်ဆိုတာ ခြေမအရင်းက အဆစ်မှာဖြစ်လာတဲ့ အရိုးဖုထုံးတစ်ခုဖြစ်ပြီး ဆေးပညာအရ metatarsophalangeal (MTP)joint လို့ခေါ်ပါတယ်။ သူက အချိန်အကြာကြီးတဖြည်းဖြည်းနဲ့ဖြစ်လာပြီး နောက်ဆုံး ကြီးလာတယ်၊ သိသိသာသာငေါထွက်လာပါတယ်။ သူ့ဘေးက ခြေချောင်းအဆစ်ကိုလည်း ဆက်ကူးစေတယ်။ ဂေါက်နဲ့ဘာကွာလဲဆိုတော့ ဂေါက်ဆိုရင် တခြားအဆစ်တွေမှာပါ နာကျင်ကိုက်ခဲလာနိုင်တယ်၊ အဆစ်တစ်ခုလုံးရောင်ရမ်း၊နီရဲ၊ပူနွေးလာနိုင်တယ်။ ဘူနီယွန်မှာကျတော့ ခြေမအရင်းအဆစ် အပြင်ကို ဖုထွက်နေပြီး ရောင်လာကိုက်လာမယ်၊ အသားမာတက်မယ်၊ ခြေမ လှုပ်ရှားရခက်စေတယ်။ ဒီလက္ခဏာတွေ ဖြစ်လာမယ် သူ့ရဲ့အထင်ရှားဆုံးလက္ခဏာက ခုနပြောသလို ခြေအဆစ်မှာ မာကျောတဲ့ဖုတစ်ခုဖြစ်လာတာပါ။ အဲဒီဖုက နာကျင်ရမယ်၊ […]


အဆစ်ရောင်ရောဂါများ

အရိုးအဆစ်ရောင်ရောဂါ(Osteoarthritis) သင့်မှာရှိနေပြီလား

အရိုးအဆစ်ရောင်ရမ်းမှုကြောင့် အရိုးနုပျက်စီးသွားတဲ့ရောဂါOsteoarthritis ဆိုတာ အဖြစ်များပါတယ်။ အဆစ်တွေကာလကြာရှည်ရောင်ရမ်းလို့ အရိုးအဆစ်တွေကြားက အရိုးနုပျက်စီးယိုယွင်းလာတဲ့အခါဖြစ်လာတတ်ပြီး ခန္ဓါကိုယ်ရဲ့အရိုးအဆစ်တိုင်းနီးပါးမှာOsteoarthritisဖြစ်နိုင်ပါတယ်။ အများအားဖြင့် ခန္ဓါကိုယ်အလေးချိန်ကိုထိန်းထားရတဲ့ အဆစ်တွေမှာ အဖြစ်များဆုံးဆိုပေမယ့် လက်ချောင်းတွေ၊ လည်ပင်းနဲ့ခြေမအဆစ်တွေမှာလည်းဖြစ်လာနိုင်ပါတယ်။ အသက် ၆၀ အထက် အရွယ်အများစုမှာ ဒီရောဂါဖြစ်လေ့ရှိပေမယ့် လူငယ်တွေမှာလည်းဖြစ်တတ်ပါတယ်။ အသက် ၅၀ကျော်အရွယ်တွေဆို အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ဒီဝေဒနာပိုခံစားရလေ့ရှိပါတယ်။ ဘာလက္ခဏာတွေ သိသာလာမလဲ ရောဂါလက္ခဏာတွေက တဖြည်းဖြည်းချင်းဖြစ်လာတတ်သလို အချိန်ကြာလာတာနဲ့အမျှ ပိုဆိုးလာတတ်ပါတယ်။ ဘယ်လိုလက္ခဏာတွေလဲဆိုတော့ - လှုပ်ရှားလိုက်တာနဲ့ အရိုးအဆစ်တွေနာကျင်တယ်။ အဆစ်နေရာကို သာသာလေးဖိလိုက်တာနဲ့ နာတယ်။ အထိမခံနိုင်ဘူး။ မနက်အိပ်ရာထလိုက်တဲ့အချိန် ဒါမှမဟုတ် အတော်ကြာကြာငြိမ်နေပြီးမှ ထလှုပ်ရှားလိုက်တဲ့အချိန် အရိုးအဆစ်တွေတောင့်တင်းနေတာ အသိသာဆုံးပါ။ ညည်းတွားသံနဲ့အတူ ကုန်းရုန်းထရတာမျိုး။ လှုပ်ရှားရတာ အဆင်မပြေဘူး။ အဆစ်တွေက အကွေးအဆန့် လိုသလိုလှုပ်ရှားလို့မရဘူး။ အသုံးပြုလိုက်၊ လှုပ်ရှားလိုက်တိုင်း အဆစ်က အသံတွေမြည်တာ ဒါမှမဟုတ်မြည်နေသလိုခံစားရတယ်။ အရိုးအတက်ထွက်ခြင်း။ […]


အဆစ်ရောင်ရောဂါများ

အရိုးနှင့်အဆစ်မြစ်ရောင်ရောဂါအတွက် ကာယလေ့ကျင့်ခန်းကုထုံးများ

အရိုးနှင့်အဆစ်မြစ်ရောင်ရောဂါ သင့်တွင်ရှိပါက သင်သည်လှဲနေ၍ ဘာမှထမလုပ်ချင်အောင်ဖြစ်တတ်သည်။ အဘယ်ကြောင့်ဆိုသော် သင့်အဆစ်များသည် နာကျင်တောင့်တင်းနေ၍ဖြစ်သည်။ သို့သော် လည်း လှုပ်လှုပ်ရှားရှားနေခြင်းသည် နာကျင်မှုကိုသက်သာစေပြီး သင့်၏လှုပ်ရှားမှုကို တိုးတက်ကောင်းမွန်စေသည်။ အကောင်းဆုံး ရွေးချယ်မှုမှာ လေ့ကျင့်ခန်းနည်းနည်းစီကိုမကြာခဏလုပ်ခြင်းဖြစ် သည်။ လှုပ်ရှားမှုကိုလွယ်ကူစေသောလေ့ကျင့်ခန်းများ အရိုးထိပ်များကိုဖုံးအုပ်ထားသော အရိုးနုများပါလာသောအခါ အရိုး နှင့်အဆစ်ရောင်ရောဂါဖြစ်ပွားသည်။ ထိုရောဂါသည်ကုသ၍မရနိုင် သော်လည်း ဖြစ်ပွားသောလက္ခဏာများသက်သာ၍ ရောဂါတိုးတက်ဖြစ်ပေါ်လာမှုကို နှေးကွေးစေနိုင်သည့်နည်းလမ်း များစွာရှိပြီး လေ့ကျင့်ခန်းများသည်လည်းတစ်ခုအပါအဝင်ဖြစ်သည်။ ပထမဦးစွာ လှုပ်ရှားမှုကိုလွယ်ကူစေသောလေ့ကျင့်ခန်းများဖြင့်စ တင်လိုက်ပါ။ ထိုလေ့ကျင့်ခန်းများသည် သင့်အား သက်သက်သာ သာချောင်ချောင်ချိချိလှုပ်ရှားနိုင်စေပြီး လှုပ်ရှားနိုင်သည့်အတိုင်းအ တာ၊အဆစ်များလှုပ်ရှားနိုင်မှု တို့ကို တက်စေကာရောင်ရမ်းမှု ဖြစ်ပွားသည့်နေရာများတွင် တောင့်နေခြင်းကိုသက်သာစေသည်။ အရိုးပတ်လည်ဝန်းကျင်တွင်လည်း ကြွက်သားမာတောင့်နေခြင်းတို့ ကိုကာကွယ်ပေးပါသည်။ ထိုလေ့ကျင့်ခန်းများတွင် သင်သည် သင့်ကြွက်သားများကို ညင်သာ စွာဆန့်၍သန်မာအောင်လုပ်ရပါသည်။ သင်သည် လေ့ကျင့်ခန်းနေ စဉ်တွင်သက်သောင့်သက်သာဖြစ်နေပြီး နာကျင်မှုကိုလည်း မခံစား ရနိုင်ပါ။ ထိုလေ့ကျင့်ခန်းများကို သင့်အရိုးအဆစ်များသိပ်မနာ ကျင်၍တောင့်ခဲနေခြင်းသိပ်မရှိပါက ပို၍ပြုလုပ်သင့်ပါသည်။5 မိနစ် စာလမ်းလျှောက်ခြင်း(သို့)လေ့ကျင့်ခန်းများမလုပ်ခင် ရေနွေးဖြင့် ရေချိုးခြင်းတို့ဖြင့်လည်း သင်သည်သွေးပူအောင်ပြုလုပ်နိုင်ပါသည်။ သန်မာစေသောလေ့ကျင့်ခန်းများ သင့်တွင်အရိုးနှင့်အဆစ်အမြစ်ရောင်ရောဂါရှိသောအခါ သင်သည်လေ့ကျင့်ခန်းများ ကိုမလုပ်ချင်ပဲနေတတ်သည်။ ရလဒ်အ နေဖြင့်ကြွက်သားအားနည်းသွားခြင်းတို့ဖြစ်တတ်ပါသည်။ ပိုပြောရ လျှင် သင့်ကြွက်သားအုံသည်အသက်ကြီးလာလေလေပါးလာလေ လေဖြစ်သည်။ ထို့ကြောင့် သန်မာစေသောလေ့ကျင့်ခန်းများသည် သင့်ကြွက်သားများပိုသန်မာလာအောင်မရှိမဖြစ်အထောက်အကူပြု နေသောအရာများဖြစ်သည်။ သန်မာသောကြွက်သားများသည် အရိုး အဆစ်များကို ပိုမိုကောင်းအောင်ထောက်ပံ့ပေးကြပါသည်။ သင့်တွင် ဒူးနှင့်တင်ပဆုံအရိုးအဆစ်ရောင်ရမ်းရောဂါရှိပါက သင့်ကိုယ်နှစ် ဖက်လုံးတွင်ထိုရောဂါဖြစ်ပွားလာနိုင်ပါသည်။ ထို့ကြောင့် လေ့ကျင့် ခန်းများကို ခြေထောက်နှစ်ဖက်ဖြင့်ပြုလုပ်နိုင်သင့်ပါသည်။ သင့်ဆရာဝန်သည် […]


အဆစ်ရောင်ရောဂါများ

Septic Arthritis (ကူးစက်ပိုးဝင် အဆစ်ရောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Septic Arthritis (ကူးစက်ပိုးဝင် အဆစ်ရောင်ခြင်း) ကဘာလဲ။ အဆစ်နာကျင်စေခြင်းကိုဖြစ်စေတဲ့ ကူးစက်ပိုးဝင်ခြင်းကြေင့်ဖြစ်ပါတယ်။ ကူးစက်ပိုးက တခြားသင့်ခန`ဓါကိုယ်အစိတ်အပိုင်းတွေကနေ သွေးထဲကနေတစ်ဆင့် ကူးစက်ပိုးတွေဝင်လာခြင်းဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာရခြင်းကနေလည်း တိုက်ရိုက်အဆစ်ထဲကိုဝင်နိုင်ပါယ်။ ကလေးတွေနဲ့လူကြီးတွေမှာ ဖြစ်နိုင်ချေအများဆုံးဖြစပါတယ်။ ဒူးတွေမှာအများဆုံးဖြစ်တတ်ပြီး တင်ပဆုံရိုး၊ ပခုံးနဲ့အခြားအဆစ်တွေမှလည်း ဖြစ်နိုင်ပါတယ်။ ကူးစက်ပိုးက အဆစ်အတွင်း အရိုးနုနဲ့အရိုးကို လျင်မြန်ပြင်းထန်စာ ပျက်စိးစေနိုင်တာကြောင့်ချက်ချင်းကုသမှုပေးဖို့လိုပါတယ်။ ကုသမှုက အဆစ်ထဲကအရည်တွေကိုအပ်နဲ့စုပ်ထုတ်ခြင်း ခွဲစိတ်ပြီးဖယ်ထုတ်ခြင်းေတွေဖြစ်ပါတယ်။ ပိုးသတ်ဆေးတွေက ကူးစက်ပိုးကိုကုသဖို့အတွက်လိုအပါတယ်။ Septic Arthritis (ကူးစက်ပိုးဝင် အဆစ်ရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများSeptic Arthritis (ကူးစက်ပိုးဝင် အဆစ်ရောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ကူးစက်ပိုးဝင် အဆစ်ရောင်ခြင်းက ကူးစက်ခံရတဲ့အဆစ်မှာ အလွန်အမင်းမသက်မသာဖြစ်စေပြီး လှုပ်ရှားမှုအကွေးအဆန့်ကိုခက်စေပါတယ်။ အဆစ်က ရောငာ်လာတာနီလာတာပူလာတာမျိုးဖြစ်နိုင်ပြီး ဖျားတာလည်းဖြစ်နိုင်ပါတယ်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ […]


အဆစ်ရောင်ရောဂါများ

Osteoarthritis (အရိုးအဆစ်ရောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Osteoarthritis (အရိုးအဆစ်ရောင်ခြင်း) ကဘာလဲ။ အရိုးအဆစ်ယောင်ခြင်းသည်အဖြစ်များသော အဆစ်ယောင်ခြင်းဖြစ်သည်။ အဆစ်နှစ်ခုကြားရှိ အရိုးနုပျက်သွားသောကြောင့် နာခြင်း တောင့်တင်းခြင်း ဖောင်းခြင်းများဖြစ်လာခြင်းဖြစ်သည်။ လက် ဒူးခေါင်း တင်ပါးနှင့် ကျောရိုးတွင်ပို၍ဖြစ်တတ်သည်။ Osteoarthritis (အရိုးအဆစ်ရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာအလွန်အဖြစ်များပါတယ်။ နိုင်ငံအဆစ်ကြွက်သားနှင့် အရေပြားဆိုင်ရာတက္ကသိုလ်မှ အသက် လေးဆယ့်ငါးမတိုင်ခင်ထိ ယောက်ျားလေးတွင်ပိုဖြစ်တတ်ပြီး လေးဆယ့်ငါးကျော်ပါက မိန်းကလေးတွင်ပိုဖြစ်တတ်သည်ဟုဆိုထားသည်။ မည်သည့်အသက်အရွယ်တွင်မဆိုဖြစ်တတ်သည်။ အသက် ခြောက်ဆယ့်ငါးကျော်လျင်ပိုဖြစ်တတ်သည်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများOsteoarthritis (အရိုးအဆစ်ရောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အရိုးအဆစ်ယောင်ခြင်းရဲ့အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ နာခြင်းတောင့်တင်းခြင်း။ အဆစ်များတွင် နာခြင်းတောင့်ခြင်းများအဓိကဖြစ်တတ်သည်။ မနက်ပိုင်းနှင့် အနားယူပြီးအချိန်တွင်ပိုဖြစ်တတ်သည်။ ထိ၍နာခြင်း။ အနည်းငယ်ဖိလိုက်ရုံဖြင့်နာသည်။ ပျော့ပြောင်းမှုမရှီတော့ခြင်း။ အဆစ်များတွင်လှုပ်ရှားမှုကန့်သတ်ချက်များရှိနေလိမ့်မည်။ သင့်အဆစ်တွင်တဖျစ်ဖျစ်မည်နေခြင်း အဆစ်အနားတွင် ဖောင်းလာခြင်း အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။ အကြောင်းရင်းများOsteoarthritis […]


အဆစ်ရောင်ရောဂါများ

Psoriatic Arthritis (Psoriasis ကြောင့်အဆစ်ရောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Psoriatic Arthritis (Psoriasis ကြောင့်အဆစ်ရောင်ခြင်း) ကဘာလဲ။ Psoriasis အဆစ်ရောင်ခြင်းဆိုတာ Psoriasis ရောဂါရှိတဲ့လူတွေမှာ ဖြစ်တတ်သော အဆစ်ရောင်ရောဂါတစ်မျိုးဖြစ်ပါတယ်။ Psoriasisဆိုတာဟာ အနီရောင်အကွက်တွေ၊ ငွေရောင်အကြေးခွံတွေဖြစ်စေသော အရေပြားရောဂါတစ်မျိုးဖြစ်ပါတယ်။ လူအများစုကတော့ Psoriasis အရေပြားရောဂါအရင်စဖြစ်တတ်ပြီး အဆစ်ရောင်ခြင်းက နောက်ကနေလိုက်လာတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း တစ်ခါတစ်ရံ အရေပြားလက္ခဏာမပေါ်ပဲ အဆစ်ရောင်ခြင်းတွေ စတင်တတ်ပါတယ်။ Psoriatic Arthritis (Psoriasis ကြောင့်အဆစ်ရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အမျိုးသား Psoriasis အဖွဲ့အစည်း(NPF)ရဲ့ ထုတ်ပြန်ချက်အရ အမေရိကန်လူမျိုး ၂ရာခိုင်နှုန်းလောက်မှာ Psoriasis ဖြစ်လျက်ရှိပါတယ်။ Psoriasis ဖြစ်နေတဲ့သူတွေထဲမှ ၁၀ရာခိုင်နှုန်းနဲ့ ၃၀ရာခိုင်နှုန်းကြားလောက်ဟာ အဆစ်ရောင်တတ်ကြပါတယ်။ ဒါပေမယ့်လည်း အန္တရယ်ရှိအချက်များကို လျော့ချခြင်းဖြင့် ရင်ဆိုင်နိုင်ပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ လက္ခဏာများPsoriatic Arthritis (Psoriasis ကြောင့်အဆစ်ရောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ Psoriasis အဆစ်ရောင်ရောဂါဆိုတာဟာ အချိန်ကြာလာတာနဲ့အမျှ ပိုဆိုးလာတဲ့ နာတာရှည်ရောဂါတစ်ခုပါ။ […]


အဆစ်ရောင်ရောဂါများ

Costochondritis (နံရိုးထိပ်ရှိအရိုးနုရောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Costochondritis (နံရိုးထိပ်ရှိအရိုးနုရောင်ခြင်း) ကဘာလဲ။ ရင်ဘက်ရိုးနဲ့နံရိုး ဆက်တွယ်ပေးထားတဲ့ အရုးနုရောင်ရမ်းခြင်းဖြစ်တယ်။ ထိုရောင်ရမ်းခြင်းကြောင့်ရတဲ့ နာကျင်မှုက နှလုံးဖောက်ခြင်း ဒါမှမဟုတ် တခြားနှလုံးရောဂါတွေနဲ့ဆင်တူနိုင်ပါတယ်။ နာကျင်မှုက သာမန်လောက်ကနေ ပြင်းပြင်းထန်ထန်ထိ ဖြစ်နိုင်တယ်။ သာမန်အခြေအနေမှာဆိုရင် ရင်ဘတ်ကို ထိမိ၊ ခိုက်မိမှ နာကျင်သွားတာမျိုးဖြစ်ပြီး ပြင်းထန်တဲ့နာကျင်မှုကတော့ လက်တွေ၊ ခြေတွေထိ ပျံ့ဆင်းသွားတဲ့နာကျင်မှုမျိုး၊ နေ့စဉ်ဘဝကိုတောင် အနှောင့်အယှက်ဖြစ်တဲ့ မခံနိုင်လောက်တဲ့ နာကျင်မှုမျိုးဖြစ်တယ်။ ထိုအရိုးနုရောင်ခြင်းက သူ့အလိုလိုပျောက်သွားတတ်ပါတယ်။ ပျောက်ဖို့ကတော့ ရက်သတ္တပတ်အနည်းငယ် ဒါမှမဟုတ် ပိုပြီးကြာနိုင်တယ်။ ကုသမှုက နာကျင်မှုကိုသက်သာဖို့ပဲ ဦးတည်ပါတယ်။ Costochondritis (နံရိုးထိပ်ရှိအရိုးနုရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အလွန်ဖြစ်လေ့ရှိတယ်။ အမျိုးသမီးတွေနဲ့ အသက် ၄၀ ကျော်သူတွေမှာ ပိုပြီးတွေ့ရတတ်တယ်။ ရောဂါဖြစ်စေတဲ့ အချက်တွေကို လျှော့ချခြင်းအားဖြင့် အခြေအနေကို ထိန်းသိမ်းနိုင်ပါလိမ့်မယ်။ အသေးစိတ်အချက်အလက်တွေအတွက် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပါ။ လက္ခဏာများCostochondritis (နံရိုးထိပ်ရှိအရိုးနုရောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ နာကျင်ခြင်းအကြောင်း- ရင်ညွှန့်ရိုးဘယ်ဘက်တွင်ဖြစ်တယ်။ စူးရှပြီး တစ်ဆစ်ဆစ်နာခြင်း ဒါမှမဟုတ် တင်းကြပ်စွာ ဖိအားတစ်ခုခုဖိထားသလိုနာခြင်းဖြစ်တယ်။ နံရိုးတစ်ချောင်းထက်ပိုနိုင်တယ်။ အသက်ပြင်းပြင်းရှူတဲ့အခါ […]


အဆစ်ရောင်ရောဂါများ

Knee Osteoarthritis (ဒူးဆစ်ရောင်ခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Knee Osteoarthritis (ဒူးဆစ်ရောင်ခြင်း ) ကဘာလဲ။ ဒူးဆစ်ရောင်ခြင်း သည် အသက်ကြီးလာသောကြောင့် ဒူးဆစ်များ ဒဏ်ဖြစ်ခြင်းသာဖြစ်ပါသည်။ အဆစ်များ၊ အရိုးနုများ သည် ဒူပေဒဏ်ပေ ခံနိုင်ရန် သဘာဝတရားကပေးထားသော လက်ဆောင်များဖြစ်ပါသည်။ ဒူးဆစ်ရောင်ခြင်းသည် ထိုအရာများ ချို့ယွင်းသွားသောကြောင် အရိုးအဆစ်များ ပွတ်တိုက်မှုအားများပြီး ဖြစ်လာရခြင်း ဖြစ်ပါသည်။ Knee Osteoarthritis (ဒူးဆစ်ရောင်ခြင်း ) က ဘယ်လောက်အဖြစ်များသလဲ ဒူးဆစ်ရောင်ခြင်း သည် အလွန်အဖြစ်များသော အဆစ်ရောင် ဝေဒနာဖြစ်ပါသည်။ အမျိုသားများ၏ ၁၀% နှင့် အသက် ၆၀ ကျော် အမျိုးသမီးများ၏ ၁၃% သည် ဒူးဆစ်ရောင်ခြင်းကို ခံစာရပါသည်။ အသက်ကြီးလာသောကြောင့် အဝလွန်သောကြောင့် ဖြစ်သော ဒူးဆစ်ရောင်ခြင်းများက ပိုများပါသည်။ သို့သော် ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။ လက္ခဏာများKnee Osteoarthritis […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း