သွားဖုံးနှင့် ခံတွင်းရောဂါများ

သွားဖုံးနှင့် ခံတွင်းရောဂါများ နဲ့ ပတ်သက်ပြီး အဖြစ်များတဲ့ အမျိုးအစားတွေ၊ ရောဂါလက္ခဏာတွေ၊ ကုသနည်းတွေကို လေ့လာထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သွားဖုံးနှင့် ခံတွင်းရောဂါများ

သွားဖုံး နဲ့ ခံတွင်းရောဂါများ အကြောင်း

နေ့စဉ်တိုင်းမှာ အစားအစာတွေကို အရသာရှိရှိနဲ့ ကောင်းကောင်း ဝါးစားနိုင်ဖို့အတွက် သွားနဲ့ ခံတွင်း ကျန်းမာဖို့ လိုပါမယ်။ သွားနဲ့ခံတွင်းက ခန္ဓာကိုယ် အာဟာရဖြည့်တင်းဖို့အတွက် စွမ်းစွမ်းတမံ ရှေ့ဆုံးက ဦးဆောင်နေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းပါ။ သွားနဲ့ ခံတွင်း ကျန်းမာရေး ဆိုတဲ့နေရာမှာ ခံတွင်းထဲမှာ ရှိတဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ သွားဖုံး၊ သွား၊ လျှာ၊ ခံတွင်းစတဲ့ အစိတ်အပိုင်း အားလုံး ပါဝင်နေပါတယ်။ ခံတွင်းထဲမှာ ရှိတဲ့ အစိတ်အပိုင်း အားလုံး ကျန်းမာမှလည်း ကျန်းမာတဲ့ သွားနဲ့ ခံတွင်း ဖြစ်တော့မှာပေါ့။ ဒီတစ်ခေါက်တော့ သွားနဲ့ ခံတွင်း ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ သွားဖုံး နဲ့ ခံတွင်းရောဂါတွေအကြောင်းကို သတိထားမိနိုင်စေဖို့ ပြောပြပေးချင်ပါတယ်။ သွားဖုံးနဲ့ ခံတွင်းရောဂါတွေ ဘယ်လောက်ထိ ပြင်းထန်နိုင်လဲ။ သွားဖုံးရောဂါဆိုတာက သွားတွေကို မြဲမြံအောင် ထိန်းပေးထားတဲ့ […]

သွားဖုံးနှင့် ခံတွင်းရောဂါများ ကို ရှာဖွေမည်။

သွားဖုံးနှင့် ခံတွင်းရောဂါများ

သင့်ခံတွင်းကျန်းမာရေးအတွက် စိတ်ချရတဲ့ ငုံဆေးသကြားလုံး

သကြားလုံးလို့ကြားတာနဲ့ သွားပိုးစားမယ်၊ချောင်းဆိုးမယ်လို့ သိထားကြတယ်။ ဒါပေမယ့် ချောင်းဆိုးသက်သာစေတဲ့အပြင် လည်ချောင်းနဲ့ ခံတွင်းကျန်းမာရေးအတွက် ကာကွယ်မှုပေးတဲ့ သကြားလုံးတွေ ရှိတယ်ဆိုတာ သင်သိပါသလား။ ဘယ်လိုပါဝင်ပစ္စည်းတွေနဲ့ စီမံဖန်တီးထားလို့ချောင်းဆိုးကိုပါသက်သာစေလဲဆိုတာသိချင်လာပြီမဟုတ်လား။ ငုံဆေးသကြားလုံးဆိုတာ လည်ချောင်းနဲ့ပတ်သက်တဲ့ပြဿနာတွေကို အမြန်ဖြေရှင်းနိုင်အောင် အိတ်ကပ်ထဲဆောင်ထားလို့ရတဲ့ဆေးသကြားလုံးတွေပါ။ ဥပမာ အစည်းအဝေးမှာ လည်ချောင်းသလိပ်ကပ်နေလို့ ကိုယ့်ရဲ့တင်ပြချက်ကိုကောင်းကောင်းမပြောနိုင်တာမျိုး မဖြစ်ရအောင် သူကဖြေရှင်းပေးနိုင်ပါတယ်။ လည်ချောင်းနာနေတာ၊ လည်ချောင်းယားတာတွေဆိုလည်း ငုံဆေးလေးတော့ အားကိုးရတာပဲလေ။ ခံတွင်းမှာ ငုံထားလိုက်ရုံနဲ့ သူ့ရဲ့ပါဝင်ပစ္စည်းတွေက တံတွေးဂလင်းတွေကိုနှိုးဆွပြီး လည်ချောင်းနံရံတွေကိုဆေးနဲ့ပျံ့နှံ့စေတယ်၊ လည်ချောင်းနာ၊လည်ချောင်းယားသက်သာစေတယ်။ ဒီလိုငုံဆေးတွေကို အာနိသင်ပေးနိုင်တဲ့ ပါဝင်ပစ္စည်းတွေက ဘာများလဲ ။ ခံတွင်းနဲ့ လည်ချောင်းကျန်းမာရေးအတွက် စိတ်ချရတဲ့ ငုံဆေးဆိုတာ ယူကလစ်ဆီ (Eucalyptus Oil) ယူကလစ်ဆီကို အအေးမိ၊ လည်ချောင်းနာ၊ချောင်းဆိုးဝေဒနာတွေအတွက်ရောဂါပိုးကိုသေစေတဲ့ဆေးအဖြစ်အသုံးပြုကြပါတယ်။ သုတေသနတွေမှာလည်း ယူကလစ်ဆီရဲ့အာနိသင်တွေအကြောင်းဖော်ပြခဲ့ကြပါတယ်။ အမျိုးအစားကွဲအမျိုးမျိုးရှိပေမယ့် အားလုံးက အတိုင်းအတာတစ်ခုအထိ ဘက်တီးရီးယားနှိမ်နင်းနိုင်တဲ့အစွမ်းသတ္တိရှိပါတယ်။ ပရုပ်အေး (Menthol) ပရုပ်အေးကိုဆေးဝါးတွေထဲ အသုံးပြုပုံအမျိုးမျိုးရှိပါတယ်။ ပရုပ်အေးက ချောင်းဆိုးသက်သာစေတယ်၊ သွားဖုံးရောင်စေနိုင်တဲ့ […]


သွားဖုံးနှင့် ခံတွင်းရောဂါများ

Burning mouth syndrome (ခံတွင်းအပူလောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Burning mouth syndrome (ခံတွင်းအပူလောင်ခြင်း) ကဘာလဲ။ ဘာအကြောင်းပြမှမရှိဘဲ တောက်လျောက် အပူလောင်နေခြင်းကို Burning Mouth Syndrome လို့ခေါ်ပါတယ်။ လျာ၊ သွားဖုံး၊ နှုတ်ခမ်း၊ ပါးစောင်၊ အာခေါင ဒါမှမဟုတ် ခံတွင်းတစ်ခုလုံးမှာ ဖြစ်နေနိုင်ပါတယ်။ ရေနွေးပူလောင်သလိုမျိုးလည်း ဆိုးဆိုးရွားရွားခံစားရနိုင်ပါတယ်။ ရေဂါလက္ခဏာတွေဟာ အချိန်ကြာလာတာနဲ့အမျှ ပိုပိုဆိုးလာတတ်ပါတယ်။ ကံမကောင်းစွာဖြင့် ရောဂါအကြောင်းအရင်းကို မသိကြတာများပါတယ်။ ဒါပေမယ်လည်း ကျန်းမာရေးကျွမ်းကျင်တဲ့သူတွေမှာ သေသေချာချာစုပေါင်းလုပ်ဆောင်မယ်ဆိုရင် ရောဂါလက္ခဏာတွေကို ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ Burning mouth syndrome (ခံတွင်းအပူလောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အမေရိကန်ခံတွင်းကျန်းမာရေးအဖွဲ့အစည်းရဲ့အဆိုအရ BMS ဟာ လူဦးရည်ရဲ့ ၂ရာခိုင်နှုန်းလောက်မှာ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ ယောက်ျားတွေထက် မိန်းမတွေမှာ စစ်ဆေးတွေ့ရှိရတာများပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ လက္ခဏာများBurning mouth syndrome (ခံတွင်းအပူလောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အောက်ပါတို့ပဲဖြစ်ပါတယ်။ လျာမှာဖြစ်တာများသော်လည်း နှုတ်ခမ်း၊ သွားဖုံး၊ […]


သွားဖုံးနှင့် ခံတွင်းရောဂါများ

Gingivitis (သွားဖုံးရောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Gingivitis (သွားဖုံးရောင်ခြင်း) ကဘာလဲ။ သွားနှင့် သွားဖုံးတို့တွင် သွားဂျိုးများတည်မှု စုပုံလာသည့်အခါတွင် သွားဖုံးရောဂါများ ဖြစ်လာပါသည်။ သွားဖုံးရောင်ခြင်းမှာ ပျောက်ကင်းနိုင်သော သွားဖုံးရောဂါတစ်မျိုးဖြစ်သည်။ ၎င်းမှာ သွားဖုံးများကို နီမြန်း ဖောင်းကြွစေပြီး သွားတိုက်သည့်အခါ အလွယ်အတကူ သွေးထွက်စေပါသည်။ Gingivitis (သွားဖုံးရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါသည် အလွန်အဖြစ်များ၏။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ လက္ခဏာများGingivitis (သွားဖုံးရောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ သွားဖုံးရောင်ခြင်း ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ သွားတိုက်နေစဉ်နှင့် တိုက်ပြီးနောက် သွေးထွက်သော သွားဖုံး နီမြန်း၊ ဖောင်းကြွ၊ နာကျင်သော သွားဖုံး ခံတွင်းနံ့နံခြင်း သို့မဟုတ် ခံတွင်းတွင် အရသာဆိုးခြင်း နောက်လျောဖြစ်နေသော သွားဖုံး သွားဖုံးနှင့်သွားကြားတွင် နက်ရှိုင်းသော အခွက်များ ဖြစ်ပေါ်ခြင်း သွားများ နဲ့ခြင်း ဝါးလျှင် အပေါ်အောက်သွားများ အံကြမဖြစ်တော့ခြင်း သို့မဟုတ် တစ်စိတ်တစ်ပိုင်း အံ့ကြမဖြစ်ခြင်း လက္ခဏာများကို သတိမထားမိရင်တောင် သင့်တွင် သွားဖုံးရောဂါအဆင့်တစ်ခုခုတော့ ရှိနေနိုင်ပါသေးသည်။ […]


သွားဖုံးနှင့် ခံတွင်းရောဂါများ

Dental abscess (သွားနှင့် သွားဖုံးပြည်တည်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Dental abscess (သွားနှင့် သွားဖုံးပြည်တည်ခြင်း) ကဘာလဲ။ ယေဘုယအားဖြင့် သုံးမျိုးရှိသည်။ . သွားဖုံးပြည်တည်ခြင်း – သွားဖုံးတွင်သာဖြစ်လေ့ရှိပြီး သွားနှင့် သွားပတ်လည်ရှိ အရွတ်တစ်ရှူးများတွင် မဖြစ်ပွားပါ . သွားပတ်လည်တွင်ပြည်တည်ခြင်း – သွားအားထောက်ကန်ထားပေးသော သွားပတ်လည်ရှိ အရွတ်နှင့်တစ်ရှူးများတွင်ဖြစ်ပွားသည် . သွားတွင်းပြည်တည်ခြင်း – သွားတွင်းရှိ အတွင်းသားများတွင် ဖြစ်ပွားသည် ထိုကဲ့သို့ပြည်တည်ခြင်းများသည် ထိရောက်သော ကုသမှု လိုအပ်ပြီး မကုသပဲထားပါက ပိုမိုဆိုးဝါးကာ သွားများပျက်စီး စေနိုင်သည်။ Dental abscess (သွားနှင့် သွားဖုံးပြည်တည်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အလွန်အမင်းအဖြစ်နည်းသည်။ အထူးသဖြင့် အမျိုးသမီးများတွင် အဖြစ်များလေ့ရှိသည်။ အသက်အရွယ်မရွေးဖြစ်ပွားနိုင်သည်။ ဖြစ်နိုင်ချေရှိသော အမူအကျင့်များကို ရှောင်ကြည်၍ ဖြစ်ပွားမှုအား လျှော့ချနိုင်သည်။ ကျန်ရှိသော အကြောင်းအရာများအား ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။ လက္ခဏာများDental abscess (သွားနှင့် သွားဖုံးပြည်တည်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အဖြစ်များသော လက္ခဏာများမှာ အစာဝါးသောအခါ နာကျင်ခြင်း ပြည်တည်နေသော နေရာအားထိကြည့်ပါက နာနေခြင်း အေးသော ပူသော […]


သွားဖုံးနှင့် ခံတွင်းရောဂါများ

Abscessed Tooth (သွားပြည်တည်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Abscessed Tooth (သွားပြည်တည်ခြင်း) ကဘာလဲ။ သွားပြည်တည်ခြင်းဆိုတာ နာကျင်စွာခံစားရတဲ့ ရောဂါပိုးဝင်ရောက်မှုဖြစ်ပြီး သွားရဲ့အရင်းမှာ ဒါမှမဟုတ် သွားနဲ့ သွားဖုံးရဲ့ကြားမှာ ဖြစ်တတ်ပါတယ်။ အဖြစ်အများဆုံး အကြောင်းအရင်းကတော့ သွားများဆိုးရွားစွာ ပျက်စီးတာကြောင့် ဖြစ်ပါတယ်။ တခြား အကြောင်းအရင်းတွေကတော့ သွားကို ထိခိုက်မိလို့ ကျိုးပဲ့ထွက်ခြင်း၊ သွားဖုံးရောင်ခြင်းနဲ့ သွားဖုံးရောဂါတွေကြောင့် ဖြစ်တတ်ပါတယ်။ ဒီပြသနာတွေဟာ သွားရဲ့ကြွေလွှာတွေကမှာ အပေါက်များဖြစ်ပေါ်စေပြီး ဘက်တီးရီးယားပိုးတွေကို သွားအတွင်းဝင်ရောက်စေပါတယ်။ သွားရဲ့အရင်းမှာ ဖြစ်တဲ့ ပိုးဝင်ခြင်းဟာ သွားရဲ့ဝန်းကျင်က အရိုးဆီကိုလည်း ပြန့်နှံ့သွားစေနိုင်ပါတယ်။   Abscessed Tooth (သွားပြည်တည်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများAbscessed Tooth (သွားပြည်တည်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အတွေ့များတဲ့ လက္ခဏာတွေကတော့ ဖျားနာခြင်း သွားများကြိတ်ဝါးစဉ် နာကျင်ခြင်း အပူ အအေးဒဏ် မခံနိုင်ခြင်း ပါးစပ်ထဲတွင် ခါးနေခြင်း အသက်ရှူသည့်အခါ အနံ့ဆိုးခြင်း လည်ပင်းအကျိတ်များ ရောင်နေခြင်း မအီမသာ နေမထိထိုင်မသာ ခံစားရခြင်း သွားဖုံးနီခြင်း၊ ရောင်ရမ်းခြင်း အပေါ် အောက် မေးရိုးများ […]


သွားဖုံးနှင့် ခံတွင်းရောဂါများ

Lichen Planus (လိုင်ကန် ပလေးနက်စ်)

အဓိပ္ပါယ်ဖွင့်ဆိုချက်Lichen Planus (လိုင်ကန် ပလေးနက်စ်) ကဘာလဲ။ Lichen planus သည် အရေပြားနှင့် ခံတွင်းနံရံများတွင် ဖြစ်သော ရောဂါတစ်ခုဖြစ်သည်။ များသောအားဖြင့် ၁၀ နှစ်ခန့်ကြာတတ်ပြီး အသက် ၃၀ – ၆၀ ကြားတွင် တွေ့ရ၏။ အရေပြား၌ Lichen planus များသည် သေးငယ်၊ ယားယံ၊ အနီခရမ်းရောင်၊ ထိပ်ချိုင့်သည့် အဖုလေးများအဖြစ် လက်ဖျံနှင့်ပေါင်တို့တွင် ပေါ်လာတတ်သည်။ ခံတွင်း၌ (များသောအားဖြင့် ခံတွင်းမှ Lichen planus ဟုခေါ်သည်)ဖြစ်လာပါက ပုံစံနှစ်မျိုးရှိသည်။ Reticular Lichen planus သည် အဖြူရောင်လိုင်းများသည် ဇာကွက်ပုံစံအတိုင်း ပေါ်လာတတ်ပြီး ပါးစောင်၊ သွားဖုံးနှင့် လျှာတို့တွင် ဖြစ်တတ်၏။ များသောအားဖြင့် ဤ Lichen planus ပုံစံများသည် ကုသရန်မလိုအပ်ပါ။ လက္ခဏာပြသည်မရှိသလို နာကျင်မှုကိုလည်း […]


သွားဖုံးနှင့် ခံတွင်းရောဂါများ

Gum And Periodontal Disease (သွားဖုံးနှင့် သွားတဝိုက်တွင်ဖြစ်သောရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Gum And Periodontal Disease (သွားဖုံးနှင့် သွားတဝိုက်တွင်ဖြစ်သောရောဂါ) ကဘာလဲ။ သွားဖုံးနှင့် သွားတဝိုက်တွင်ဖြစ်သောရောဂါ သည် ပြင်းထန်သော သွားဖုံးပိုးဝင်ခြင်းရောဂါဖြစ်ပြီး သွားကိုထောက်ပံ့ပေးနေသော အရိုးနှင့် တစ်သျူးများကို ပျက်စီးစေသောရောဂါဖြစ်သည်။ ယင်းရောဂါသည် သွားနှင့် ခံတွင်း ကျန်းမာရေးဂရုစိုက်မှုနည်းသောကြောင့်ဖြစ်ပါသည်။ သွားကို အနည်းဆုံး တနေ့လျှင် ၂ကြိမ်တိုက်ခြင်း၊ နေ့စဉ်သွားကြားသန့်ရှင်းမှုလုပ်ခြင်းနှင့် သွားဆရာဝန်နှင့် မှန်မှန်ပြကာ စစ်ဆေးမှုခံယူခြင်းတို့ပြုလုပ်ခြင်းနှင့် သွားနှင့် ခံတွင်းရောဂါများဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါသည်။ Gum And Periodontal Disease (သွားဖုံးနှင့် သွားတဝိုက်တွင်ဖြစ်သောရောဂါ) က ဘယ်လောက်အဖြစ်များသလဲ သွားဖုံးနှင့် သွားတဝိုက်တွင်ဖြစ်သောရောဂါသည် အဖြစ်များသော ရောဂါဖြစ်သော်လည်း ယင်းသို့မဖြစ်အောင်လွယ်ကူစွာ ကာကွယ်နိုင်သောနည်းလမ်းများ ရှိပါသည်။ ထို့ပြင် မည်သည့်အသက်အရွယ်တွင်မဆို ဖြစ်နိုင်သောရောဂါဖြစ်ပါသည်။ ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။ လက္ခဏာများGum And Periodontal Disease (သွားဖုံးနှင့် […]


သွားဖုံးနှင့် ခံတွင်းရောဂါများ

Gingival Recession (သွားဖုံးလန်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Gingival Recession (သွားဖုံးလန်ခြင်း) ကဘာလဲ။ သွားဖုံးလန်ခြင်းဆိုသည်မှာ သွားဖုံးများ သွားမျက်နှာပြင်မှ နောက်သို့လန်ဆွဲသွားပြီး သွားမြစ်များပေါ်လာသော အခြေအနေကို ဆိုလိုသည်။ ၎င်းသည် သွားဖုံးရောဂါ (Periodontal) တစ်မျိုးဖြစ်၏။ ခံတွင်းကျန်းမာရေးမကောင်းခြင်း၏ နောက်ဆက်တွဲ ပြဿနာဖြစ်ပြီး သွားများဆုံးရှုံးရနိုင်သည်။ တစ်ရှူးဆုံးရှုံးမှု အပြင်းအထန်ပေါ် မူတည်ကာ ကုသနိုင်သော နည်းလမ်းအမျိုးမျိုးရှိ၏။ စောစောသိ စောစောကုလျှင် အခြေအနေ ပိုကောင်းလေလေဖြစ်သည်။ Gingival Recession (သွားဖုံးလန်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ သွားဖုံးလန်ခြင်းသည် အသ်က ၄၀ ကျော်များတွင် အဖြစ်များသော်လည်း ဆယ်ကျော်သက် သို့မဟုတ် ၁၀ နှစ်ဝန်ကျင်းမှ စဖြစ်နိုင်ပါသည်။ သို့သော် ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ လက္ခဏာများGingival Recession (သွားဖုံးလန်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ သွားဖုံးလန်ခြင်း ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ- သွားတိုက် သွားကြားထိုးပြီးနောက် သွေးထွက်ခြင်း သွားဖုံးများ နာကျင်ရောင်ရမ်းခြင်း သွားဖုံးများတစ်လျှောက် နာခြင်း မြင်နိုင်သော သွားဖုံးကျုံ့ခြင်း သွားအမြစ်များ […]


သွားဖုံးနှင့် ခံတွင်းရောဂါများ

Amygdalitis (အာသီရောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Amygdalitis (အာသီရောင်ခြင်း) ကဘာလဲ။ လည်ချောင်းအနောက်ပိုင်းမှာ တစ်ဖက်တစ်ချက်စီမှာရှိနေတဲ့ ဘဲဥပုံတစ်သျှူးလေးနှစ်ခုဖြစ်တဲ့ အာသီးရောင်ခြင်းဖြစ်တယ်။ Amygdalitis (အာသီရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အလွန်ကိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်တယ်။ ဖြစ်နိုင်ချေရှိတဲ့ အချက်တွေကိုရှောင်ခြင်းဖြင့် လျှော့ချနိုင်ပါတယ်။ ဆရာဝန်နဲ့သေချာဆွေးနွေးတိုင်ပင်ကြည့်နိုင်ပါတယ်။ လက္ခဏာများAmygdalitis (အာသီရောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ တွေ့ရအများဆုံးလက္ခဏာတွေကတော့- အာသီးနီရဲရောင်ရမ်းခြင်း အာသီးပေါ်တွင်အဖြူရောင်၊ အဝါရောင် အကွက်များပေါ်ခြင်း လည်ချောင်းနာခြင်း မျိုရခက်ခြင်း ဖျားခြင်း လည်ပင်းတွင်အကျိတ်များ၊ အဖုများပေါ်ခြင်း ခံတွင်းအနံ့ဆိုးခြင်း အသံဝင်ခြင်း၊ ပျောက်ခြင်း၊ ပြောင်းခြင်း ဗိုက်အောင့်ခြင်း (များသောအားဖြင့် ကလေးများတွင်) လည်ပင်းတောင့်တင်းခြင်း ခေါင်းကိုက်ခြင်း ခံစားမှုတွေ၊ လက္ခဏာတွေကိုဖော်ပြတတ်သေးတဲ့ ကလေးငယ်လေးတွေမှာဆိုရင်တော့ မျိုရခက်ခြင်းကြောင့် သွားရည်များကျနေတတ်ပါတယ်၊ စားသောက်ဖို့ငြင်းဆန်တတ်ပြီး ပုံမှန်ဟုတ်ဂျီကျနေတတ်ပါတယ်။ နောက်ထပ်လက္ခဏာတွေလည်းရှိနိုင်သေးတာကြောင့် အသေးစိတ်သိလိုပါက ဆရာဝန်နဲ့မေးမြန်းတိုင်ပင်နိုင်ပါတယ် ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ အောက်ပါလက္ခဏာများဖြစ်လာပါက ဆရာဝန်ပြသင့်ပါတယ်။ တစ်ရက် နှစ်ရက်အတွင်း လည်ချောင်းနာခြင်းမသက်သာပါက မျိုရခက်လျှင် အလွန်အမင်း ပင်ပန်းနွယ်နယ်နေပါက တကယ်လို့ကလေးငယ်လေးမှာ- အသက်ရှူခက်လျှင် မျိုရခက်လျှင် သွားရည်ကျနေလျှင် ဆရာဝန်ထံခေါ်သွားပါ။     အကြောင်းရင်းများAmygdalitis (အာသီရောင်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ ဗိုင်းရပ်စ်ကြောင့်အဖြစ်များပြီး ဘတ်တီးရီးယားတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အဖြစ်များဆုံးဘတ်တီးရီးယားကတော့ Streptococcus pyogenes (group A streptococcus) ဖြစ်ပြီး တခြားဘတ်တီးရီးယားတွေကြောင့်လည်းဖြစ်နိုင်ပါသေးတယ်။ အာသီးတွေဟာ ဝင်လာတဲ့ ဘတ်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကို ပထမဆုံးကာကွယ်တိုက်ခိုက်ပေးတဲ့ အရာတွေဖြစ်တယ်။ ဒါကြောင့် ရောဂါပိုးဝင်ခြင်း၊ ရောင်ရမ်းခြင်းတွေအဖြစ်များခြင်းဖြစ်တယ။် […]


သွားဖုံးနှင့် ခံတွင်းရောဂါများ

ခံတွင်းအနံ့ဆိုးခြင်းက ဖော်ပြနေသော သင့်ကျန်းမာရေး အကြောင်း

ခံတွင်းအနံ့ဆိုးခြင်းဟာ ခံစားရသောသူတွေအတွက် သက်တောင့်သက်သာမဖြစ်စေတာထက်ပိုတဲ့အကြောင်းအရင်းတွေရှိနေပါသေးတယ်။ ဒီလို ခံတွင်းအနံ့ဆိုးခြင်းဟာပုန်းကွယ်နေတဲ့ရောဂါဝေဒနာတွေကို ဖော်ပြပေးနိုင်တဲ့ လက္ခဏာတစ်ခုလည်းဖြစ်ပါတယ်။ ဤဆောင်းပါးတွင် ခံတွင်းအနံ့ဆိုးခြင်းက သင့်ကျန်းမာရေးအခြေအနေကို ဘယ်လိုညွှန်ပြနိုင်သလဲဆိုတဲ့ အချက်အလက်တွေပြောပြပေးမှာဖြစ်ပါတယ်။   အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ ဖြစ်လေ့ဖြစ်ထရှိတဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ (ဥပမာ- အအေးမိခြင်းနှင့် နှာပိတ်ခြင်း) ဟာ သင့်ခံတွင်းအနံ့ဆိုးစေတဲ့ (သို့) ပုံမှန်မဖြစ်စေတဲ့ အကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။ အအေးမိ၊ နှာပိတ်နေစဉ်မှာ နှာခေါင်းထဲရှိ ဘက်တီးရီးယားပိုးမွှားများ ပါဝင်တဲ့ နှာရည်ဟာ လည်ချောင်းထဲကို အဆက်မပြတ်စီးဝင်နေတဲ့အတွက် ခံတွင်းအနံ့ဆိုးခြင်းကို ဖြစ်ပေါ်စေပါတယ်။   အာခြောက်ခြင်း အာခြောက်ခြင်းဟာ တံထွေးထုတ်ပေးသောအရည်အိတ်များ ပုံမှန်အလုပ်မလုပ်ဘဲ ခံတွင်းအနံ့ဆိုးခြင်းကို ဖြစ်စေတဲ့ အခြေအနေတစ်ရပ်ဖြစ်ပါတယ်။ သင့်ခံတွင်းအနံ့ကို အာရုံခံခြင်းဖြင့် သင့်အာခေါင်ခြောက်မခြောက် ဆိုတာကို စစ်ဆေးလို့ရပါတယ်။ အကယ်၍ ခံတွင်းအနံ့ဆိုးနေပြီဆိုရင်တော့ အာခြောက်ခြင်းရောဂါရှိနေနိုင်ကြောင်း သိရှိရပါတယ်။   ဆီးချိုသွေးချိုရောဂါ အံ့သြစရာကောင်းလောက်အောင် သင့်ခံတွင်းအနံ့မှတစ်ဆင့် သင့်မှာဆီးချိုသွေးချိုရောဂါ ရှိမရှိ သိရှိနိုင်ပါတယ်။ ခံတွင်းမှာ သစ်သီးကဲ့သို့ ရနံ့ရှိနေတယ်ဆိုရင် သင့်မှာ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း