အမျိုးသားဟော်မုန်းဆိုင်ရာများ

အမျိုးသားတွေမှာ ဟော်မုန်းပြဿနာတွေက အသက်ကြီးလာတာအပြင် တခြားအကြောင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အမျိုးသား ဟော်မုန်းပြဿနာတွေကို အကြမ်းအားဖြင့် ၃မျိုး ခွဲနိုင်ပါတယ်။ အသက်ကြီးလာလို့ သွေးဆုံးတာ၊ အဒရီနယ်ဂလင်း အလုပ်မလုပ်တာ၊ သိုင်းရွိုက်ပြဿနာ စတာတွေပဲ ဖြစ်ပါတယ်။ အသေးစိတ်ကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသားဟော်မုန်းဆိုင်ရာများ

Andropause ကာလ ကျန်းမာစေဖို့ ဘာတွေစားကြမလဲ

Andropause ဆိုတာ ဘာလဲလို့ တွေးနေတာလား။ နားလည်လွယ်အောင် ပြောပြရရင် Andropause ဆိုတာက အမျိုးသားတွေ သွေးဆုံးတာပါ။ အမျိုးသမီးတွေမှာ သွေးဆုံးတယ်ဆိုတာက အီစထရိုဂျင် ဟော်မုန်း ပမာဏ ကျဆင်းလာတာပါ။ အမျိုးသားတွေမှာတော့ Andropause ကာလ ရောက်လာပြီဆိုရင် တက်စထရိုစတုန်းဟော်မုန်း ပမာဏ ကျဆင်းလာပါတယ်။ ဒီကာလမှာ အမျိုးသားတွေဟာလည်း အမျိုးသမီးတွေလိုပဲ ကိုယ်တွင်းဟော်မုန်းတွေ ကမောက်ကမ ဖြစ်တာကြောင့် စိတ်ခံစားမှု ပြောင်းလဲတာ၊ ကြွက်သားဆုံးရှုံးတာတွေကို ရင်ဆိုင်လာရနိုင်ပါတယ်။ ဒီလိုမျိုး ဟော်မုန်းအပြောင်းအလဲ များတဲ့ Andropause ကာလ ကျန်းမာစေဖို့ အရေးပါတဲ့ အချက်တစ်ခုက အာဟာရ ပြည့်ဝမှုပါ။ ဒီတော့ Andropause ကာလ ကျန်းမာစေဖို့ ဘာတွေစားကြမလဲ ဆိုတာ ပြောပြပေးမှာမို့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ Andropause ဆိုတာ အမျိုးသားတွေမှာ အသက် ၄၀ နောက်ပိုင်း […]

အမျိုးသားဟော်မုန်းဆိုင်ရာများ ကို ရှာဖွေမည်။

အမျိုးသားဟော်မုန်းဆိုင်ရာများ

တက်စတိုစတီရုန်း ဟော်မုန်း နည်းလာရင် အမျိုးသားတွေမှာ ဘာတွေ ဖြစ်လာမလဲ

တက်စတိုစတီရုန်း ဟော်မုန်း နည်းလာရင် အမျိုးသားတွေမှာ ဘာတွေ ဖြစ်လာမလဲ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ Lenox Hill ဆေးရုံမှ Endocrinology ဆိုင်ရာ ပါရဂူဆရာဝန်တစ်ယောက်ဖြစ်တဲ့ စိုင်ပရို မဇ်တစ် (Spyros Mezitis) အနေနဲ့ လတ်တလောမှာ တက်စတိုစတီရုန်း ဟော်မုန်း နည်းပါးနေတဲ့ အမျိုးသားလူနာ အများအပြားကို ကုသပေးခဲ့ရပါတယ်။ Endocrinology (ခန္ဓာကိုယ်တွင်း ဟော်မုန်းများ ထွက်ရှိခြင်းကို လေ့လာသော ပညာရပ်) ဆိုတာ ပီနီရယ် ဂလင်း (pineal) ၊ ပီကျူထရီ ဂလင်း (pituitary)၊ ပန်ကရိယ (pancreas)၊ မျိုးဥအိမ်နဲ့ ဝှေးစေ့တို့ရဲ့ လုပ်ဆောင်ချက်ကို လေ့လာတဲ့ ပညာရပ်ဖြစ်ပါတယ်။ သူရဲ့ပြောကြားချက်အရကတော့ “ အမျိုးသားအများစုဟာ အိုမင်းလာတဲ့အခါ တက်စတိုစတီရုန်း ဟော်မုန်း နည်းလာပြီး အမျိုးသား လိင်အင်္ဂါက ပိုပြီးထောင်မတ်ဖို့ […]


အမျိုးသားဟော်မုန်းဆိုင်ရာများ

Androgen Insensitivity Syndrome (အင်ဒရိုဂျင်အာရုံတုံ့ပြန်မှုမရှိခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Androgen Insensitivity Syndrome (အင်ဒရိုဂျင်အာရုံတုံ့ပြန်မှုမရှိခြင်း) ကဘာလဲ။ မျိုးရိုးဗီဇရောဂါတမျိုးဖြစ်ပြီး လိင်အင်္ဂါလက္ခဏာများ ဖြစ်ပေါ်လာချိန်မှာ ဖြစ်ပွားတတ်ပါတယ်။ ကိုယ်ခန္ဓါကနေ ကျားအင်္ဂါဖွံ့ဖြိုးမှုအတွက်လိုအပ်တဲ့ အင်ဒရိုဂျင်ဟော်မုန်းကို တုံ့ပြန်မှုမလုပ်တဲ့အခါ ရောဂါဖြစ်တတ်ပါတယ်။ ဒီပြသနာနဲ့ မွေးလာတဲ့ကလေးတွေမှာ လိင်အင်္ဂါတွေ မဖွံ့ဖြိုးဘဲ၊ မရှိဘဲ မွေးလာတတ်ပါတယ်။ ကိုယ်တွင်းက မျိုးပွားအင်္ဂါတွေလည်း ပုံမှန်မရှိတတ်ပါဘူး။ AIS ရောဂါ အပြည့်ဖြစ်သူများဟာ မိန်းကလေးပုံစံဖြစ်နေပြီး တစိတ်တပိုင်းရှိနေသူတွေကတော့ ကျား/မ ပုံပန်း ၂မျိုးစလုံး ရှိနေတတ်ပါတယ်။ AIS တစိတ်တပိုင်းဖြစ်ခြင်းကို မွေးကတည်းက သိနိုင်ပြီး လိင်အင်္ဂါပုံစံမမှန်ဘဲ တွေ့ရပါတယ်။ တခြားရောဂါ ပုံစံတွေကိုတော့ လူပျို အပျိုဘော်ဝင်ချိန်အထိ မသိနိုင်ပါဘူး။ AIS ဖြစ်သူတွေကို စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုပေးရင် အကျိုးရှိပါတယ်။ တချို့တွေကိုတော့ လိင်အင်္ဂါပုံစံ ပြောင်းလဲပြီး ကုသပါတယ်။ ဒီပြသနာနဲ့ မွေးဖွားလာသူ အများစုဟာ ကလေးမရနိုင်ပါဘူး။ ဒါပေမယ့် ကျန်တဲ့နေရာတွေမှာ […]


အမျိုးသားဟော်မုန်းဆိုင်ရာများ

သင့်အမျိုးသား ဆံပင်ကျွတ်ခြင်းနဲ့ ပတ်သက်ပြီး ဘယ်လိုကူညီမလဲ

တကယ်လို့ သင့်အမျိုးသားဟာ ဆံပင်ကျွတ်တယ်ဆိုရင် ဒါဟာ အသက် ၅၀ အရွယ်ရှိတဲ့ အမျိုးသားတွေရဲ့ ၈၅% မှာ ဖြစ်တာမို့ အန္တရာယ် မရှိပေမယ့် သူ့ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုသာမက၊ သင်သူ့ကို ရုပ်ပိုင်းဆိုင်ရာ နှစ်ခြိုက်မှုကိုပါ ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် ဒီပြဿနာကို မဆိုးရွားခင် ဘယ်လို ကိုင်တွယ်ဖြေရှင်းရမလဲဆိုတာနဲ့ ဖြစ်လာတဲ့အပေါ် ဆိုးရွားတဲ့ ခံစားချက်တွေ မထားမိဖို့လည်း အရေးကြီါ်ပါတယ်။ သူပြောတာကို စောင့်ပါ။ သင့်အမျိုးသားဟာ ဆံပင်ကျွတ်ခြင်းအကြောင်းကို စပြောသူ ဖြစ်သင့်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် သင်က ဒီအကြောင်းကို ကူညီပေးနိုင်တဲ့ ပုံစံမျိုးနဲ့ ဆွေးနွေးနိုင်ပါတယ်။ သူ့ဆံပင်ဘာပဲဖြစ်နေပါစေ သင်က သူ့ကို မြတ်နိုးဆဲဆိုတာနဲ့ တကယ်လို့ သူက ဆံပင်ပြန်ပေါက်အောင်လုပ်ချင်တယ်ဆိုရင်လဲ ကူညီဖို့အသင့် ဆိုတာမျိုးကို ပြောသင့်ပါတယ်။ သူအဆင်သင့်ဖြစ်ပြီး သင့်ကိုပြဿနာအကြောင်း ပြောပြချိန်ဟာ ဆံပင်ကျွတ်ခြင်းနဲ့ ပတ်သက်တဲ့ သင်သိထားသမျှအချက်အလက်တွေကို […]


အမျိုးသားဟော်မုန်းဆိုင်ရာများ

ကျားဟော်မုန်းက သင့်ကို ဘာတွေပေးစွမ်းနိုင်သလဲ

"testosterone (ကျားဟော်မုန်း)" ဆိုတဲ့စကားကို ကြားလိုက်တာနဲ့ သင့်ခေါင်းထဲအရင်ဆုံးရောက်လာတာက "ယောက်ျားပီသမှု" ပဲ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် မကြာသေးမီက ဘွန်း တက္ကသိုလ် ကပြုလုပ်ခဲ့တဲ့ လေ့လာတွေ့ရှိချက် အသစ်တခုအရ အများက နားလည်မှုလွဲနေကြတဲ့ ဒီဟော်မုန်းဟာ လူကြားထဲ အဆင်ပြေပြေ ပြုမူနေထိုင်မှု နဲ့ ရိုးရိုးသားသား ပြောဆိုဆက်ဆံမှုတို့ကို ပိုတိုးလာစေတယ်၊အားပေးတယ်လို့ ဆိုပါတယ်။ ဒီစမ်းသပ်မှုမှာ ပါဝင်တဲ့ လူ ၄၆ ယောက်ကို testosterone ဂျဲလ်ပေးပြီး တခြား ၄၅ယောက်ကို ဘာအာနိသင်မှ မရှိတဲ့ဆေးကို ပေးပါတယ်။ နောက်တစ်ရက်မှာ သူတို့ ၉၁ ယောက်လုံးကို တစ်ယောက်ချင်းစီ အန်စာတုံး လှိမ့်ခိုင်းပြီး ကျတဲ့အပွင့်ကို ပြန်ပြောခိုင်းပါတယ်။ ကျတဲ့အပွင့်ပေါ်မူတည်ပြီး ပိုက်ဆံရမှာ ဖြစ်ကာ အပွင့်ကြီးလေ ပိုက်ဆံများများရလေ ဖြစ်ပါမယ်။ ဒီလိုနဲ့ ပါဝင်သူတွေကို သူတို့ကျတဲ့ […]


အမျိုးသားဟော်မုန်းဆိုင်ရာများ

Testosteroneကျားဟော်မုန်း နည်းခြင်းသည် ကျန်းမာရေးကိုထိခိုက်စေသည်

အမျိုးသားများအသက်ကြီးလာသောအခါ Testosterone(low T) လို့ခေါ်တဲ့ ကျားဟော်မုန်းနည်းလာတတ်တယ်။ အသက်ကြီးလာလေလေ ဟော်မုန်းနည်းလာလေလေဖြစ်တယ်။ အသက်၆၀အရွယ် အမျိုးသားတွေရဲ့ ၂၀ရာခိုင်နှုန်းဟာ ဟော်မုန်းနည်းခြင်းပြသနာနဲ့ ရင်ဆိုင်နေရတယ်။ အသက် ၇၀နှစ်အမျိုးသားတွေရဲ့ ၃၀ရာခိုင်နှုန်း၊ အသက် ၈၀ နှစ်အမျိုးသားတွေရဲ့ ၅၀ရာခိုင်နှုန်းမှာ တွေ့ရတယ်။   အမျိုးသားတွေက အဖိုဟော်မုန်း(Testosterone) ကို ဘာကြောင့်လိုတာလဲ။ Testosterone ဆိုတာ အမျိုးသားတွေက ဝှေးစေ့ကထုတ်တဲ့ ဖိုဟော်မုန်းတစ်မျိုးဖြစ်တယ်။ ဒီဟော်မုန်းက အမျိုးသားများအရွယ်ရောက်တဲ့အချိန် လိင်အဂါၤကြီးထွားအောင် လုပ်ပေးတယ်။ အရွယ်ရောက်တဲ့အချိန်တွင် ဒီဟော်မုန်းက ကောင်လေးကနေ အမျိုးသားဖြစ်အောင် လုပ်ပေးတယ်။ အမျိုးသားတွေမှာ ဒီဟော်မုန်းကြောင့် အမွှေးအမျှင်ပိုထူလာစေတယ်။ ကြွက်သားတွေ ထွက်လာစေတယ်။ အသံသြလာစေတယ်။ နောက်ပိုင်းတွင် လိင်မှုကိစ္စလုပ်ဆောင်ရန်လည်း ကူညီပေးတယ်။ Testosterone ပမာဏ ဘာလို့ကျတာလဲ။ အသက်ကြီးလာတဲ့အခါ testosterone ကျဆင်းတာဟာ ပုံမှန်ဖြစ်တယ်။ ဒါပေမယ့် testosterone ကျစေတဲ့ တခြားအကြောင်းရင်းတွေလည်း ရှိသေးတယ်။ ဝှေးစေ့တွင် […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း