ပန်းသေပန်းညှိုးခြင်း

ပန်းသေပန်းညှိုးဆိုတာ လိင်ဆက်ဆံဖို့ လိင်တံကောင်းကောင်း မထောင်မတ်နိုင်တဲ့ အခြေအနေကို ခေါ်တာပါ။ ဘာတွေကများ ပန်းသေပန်းညှိုးကို ဖြစ်စေတာလဲ။ ဘယ်လိုကုသနိုင်မလဲဆိုတာ ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ပန်းသေပန်းညှိုးခြင်း

စိုးရိမ်စိတ်ကြောင့် လိင်တံမထောင်မတ်နိုင်ခြင်း

လိင်တံမထောင်မတ်နိုင်တဲ့ ပြဿနာဟာ ယောက်ျားလေး ၁၀ ယောက်မှာ ၇ယောက်လောက် ကြုံတွေ့နေရတဲ့ လိင်ပိုင်းဆိုင်ရာ ပြဿနာပဲဖြစ်ပါတယ်။ အသက်အရွယ်မရွေး ဖြစ်နိုင်တယ်ဆိုပေမယ့် အသက် ၄၀ နောက်ပိုင်း အမျိုးသားတွေမှာတော့ ကျားဟော်မုန်း ကျဆင်းလာတာ၊ ရောဂါတွေ ဖြစ်လာတာ၊ အမောမခံနိုင်တော့တာ စတဲ့ ပြဿနာတွေကြောင့် လိင်တံကောင်းစွာ မထောင်မတ်နိုင်ခြင်း ပြဿနာအလွန်အဖြစ်များပါတယ်။ လေ့လာချက်တွေအရ ဒီဘက်ခေတ်မှာ လူငယ်အမျိုးသားတွေမှာလည်း ဒီလိုအလားတူပြဿနာတွေ အဖြစ်များလာတာကို တွေ့ရပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုတာပေါ် စစ်တမ်းကောက်ကြည့်တဲ့အခါ စိုးရိမ်စိတ်နဲ့ စိတ်ဖိစီးမှုတွေကြောင့် ဖြစ်တဲ့ ရာခိုင်နှုန်းဟာ တော်တော်လေးများပြီး အစာအာဟာရ မပြည့်ဝတာ၊ လေ့ကျင့်ခန်းမလုပ်တာ၊ အထိုင်များလာတာ၊ ဆေးလိပ်၊ အရက်အလွန်အကျွံသောက်သုံးလာတာ၊ အိပ်ရေးပျက်တာတွေကြောင့်ဟာ ဒုတိယအဖြစ်များတဲ့ အကြောင်းရင်းလို့ သိရပါတယ်။ စိုးရိမ်စိတ်ကြောင့် လိင်တံမထောင်မတ်နိုင်ဘူးဆိုတာ ဖြစ်နိုင်ရဲ့လား။ ယောက်ျားလေးမို့လို့ အမြဲတမ်း စိတ်ဓာတ်ကြံ့ခိုင်နေရမယ်၊ ဘယ်လိုအခက်အခဲ၊ စိတ်ညစ်စရာပြဿနာတွေပဲ ကြုံလာကြုံလာ […]

ပန်းသေပန်းညှိုးခြင်း ကို ရှာဖွေမည်။

ပန်းသေပန်းညှိုးခြင်း

ပန်းသေပန်းညှိုးကို ကုသနည်း ၃ နည်း

သင့်မှာ ပန်းသေပန်းညှိုး ပြဿနာတွေကို ကုသဖို့ အခက်အခဲ ရှိနေပါသလား။ ဒီဆောင်းပါးမှာ ဒီပြဿနာတွေကို ကူညီပေးဖို့အတွက် ပန်းသေပန်းညှိုး ပြဿနာတွေကိုတိုးတက်စေတဲ့ နည်းလမ်းသုံးမျိုးကို ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။ ၁။ တစ်ကိုယ်လုံး စစ်ဆေးမှုကို ပုံမှန် ပြုလုပ်ပါ။ လိင်တံထောင်မတ်မှု ဆိုင်ရာ ပြဿနာရှိတဲ့ အမျိုးသား သန်းပေါင်းများစွာဟာ သူတို့ရဲ့ ရောဂါလက္ခဏာတွေကို ဆရာဝန်ကို ပြောပြဖို့ ရှက်တတ်ကြပါတယ်။ ဒီရောဂါဟာ အမျိုးသားတွေကြားမှာ အလွန်အတွေ့များတာကြောင့် ဆရာဝန် အကြံဉာဏ်တောင်းပြီး ကုသမှုယူဖို့ ဘာမှ ရှက်စရာ မလိုပါဘူး။ ဒီရောဂါဟာ အသက်ကြီးလို့ ဖြစ်တာမဟုတ်ပဲ ကိုယ်ခန္ဓါထဲမှာ ရှိတဲ့ အရာတစ်ခုခုက မှားယွင်းလို့ဖြစ်တယ်ဆိုတာကို သိထားသင့်ပါတယ်။ နောက်တစ်မျိုးပြောရရင် သူဟာ ကုသဖို့လိုအပ်တဲ့ အခြေခံ ရှိနေတဲ့ ရောဂါတွေကို မီးမောင်းထိုး ပြနေတာဖြစ်ပါတယ်။ ကိုယ်တိုင် ကုသမှုမပြုခင်မှာ ဆရာဝန်ကို […]


ပန်းသေပန်းညှိုးခြင်း

လိင်တံ မာကျောလာစေတဲ့ နည်းလမ်းအမျိုးမျိုး

လိင်တံထောင်မတ်ခြင်းဆိုတာလိင်တံသည်သွေးဖြင့် ပြည့်တဲ့အခါ မာကြောပြီးထောင်မတ်လာခြင်းကိုဆိုလိုပါတယ်။ အခြေခံအားဖြင့် မာကျောခြင်းနဲ့ လိင်တံထောင်မတ်တဲ့ ကြာချိန်ဟာယောက်ျားတစ်ယောက်ရဲ့ ယောက်ျားပီသတယ်လို့ ကိုယ့်ကိုကိုယ် ခံစားရမှုနဲ့ သူ့ရဲ့ လိင်မှုဘဝမှာကိုယ့်ကိုကိုယ်ယုံကြည်မှုတို့နဲ့ ဆက်သွယ်နေပါတယ်။ လိင်ဆက်ဆံစဉ် လိင်တံထောင်မတ်မှုရဲ့ အရည်အသွေးကိုတိုးတက်ဖို့ အောက်ဖေါ်ပြပါ ရိုးစင်းတဲ့ နည်းလမ်းတွေကိုဖတ်ရှုနိုင်ပါတယ်။   ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း လိင်တံထောင်မတ်ခြင်းဟာသင့်ရဲ့ ကျန်းမာတဲ့ သွေးလှည့်ပတ်မှုစနစ်နဲ့ ဆက်စပ်နေပါတယ်။ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းအားဖြင့် နှလုံးအစရှိတဲ့ သင့်ရဲ့ ယေဘုယျကျန်းမာရေးကိုတိုးတက်စေပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဟာသင့်နှလုံးကိုပိုခုန်စေပြီးတော့ လိင်တံအပါအဝင် ခန္ဓါကိုယ်ထဲမှာရှိတဲ့ ဆဲလ်တိုင်းကိုသွေးရောက်မှုမြင့်တက်စေပါတယ်။   လိင်တံဆိုင်ရာလေ့ကျင့်ခန်း ပြုလုပ်ခြင်း ခန္ဓါကိုယ်တစ်ခုလုံးကျန်းမာရေးအတွက် လေ့ကျင့်ခန်းတွေသာမကလိင်တံဆိုင်ရာလေ့ကျင့်ခန်း ပြုလုပ်ခြင်းဟာလိင်တံထောင်မတ်ဖို့ အရေးကြီးတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ ဥပမာ - တင်ပဆုံလေ့ကျင့်ခန်း - တင်ပဆုံလေ့ကျင့်ခန်းတွေဟာသင့်ဆီးကျိတ်ကျန်းမာရေးနဲ့အတူတင်ပဆုံကြွက်သားတွေကိုပိုမိုသန်စွမ်းစေပါတယ်။ အားအင်ပြည့်ဝတဲ့ အရိုးကြွက်သားတွေကြောင့် သင်ဟာအကောင်းမွန်ဆုံးနဲ့ အမာကြောဆုံးလိင်တံထောင်မတ်မှုကိုရရှိစေနိုင်ပါတယ်။ တဘက်အသုံးပြု၍လေ့ကျင့်ခြင်း - အလယ်အလတ်အရွယ်အစားရှိတဘက်ကိုကိရိယာအဖြစ်အသုံးပြုပြီးသင့်ရဲ့ လိင်တံကိုမာကျောအောင် လုပ်နိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းဟာသင့်ရဲ့ အရွတ်တွေကိုကျန်းမာသန်စွမ်းစေရန် ရည်ရွယ်ပါတယ်။ လိင်တံလေ့ကျင့်ခန်း - […]


ပန်းသေပန်းညှိုးခြင်း

Erectile Dysfunction (ပန်းသေပန်းညှိုးခြင်းပြဿနာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Erectile Dysfunction (ပန်းသေပန်းညှိုးခြင်းပြဿနာ) ကဘာလဲ။ “ပန်းညှိုးခြင်း တစ်နည်းအားဖြင့် ပန်းသေခြင်း ဆိုသည်မှာ အရွယ်ရောက်ပြီးအမျိုးသားတစ်ဦးသည် လိင်ဆက်ဆံမှုပြုရန် လိင်အင်္ဂါအား ထောင်မတ်စေမှု မပြုနိုင်ခြင်း သို့ ထောင်မတ်မှုအား ထိန်းမထားနိုင်ခြင်း အခြေအနေကို ဖော်ပြသော ဆေးပညာအခေါ်အဝေါ်တစ်ရပ် ဖြစ်ပါသည်။” တစ်ခါတစ်ရံ ပန်းညှိုးခြင်း ဖြစ်တာဟာ ကျန်းမာရေးပြဿနာ တစ်ခုတော့ မဟုတ်ပါဘူး။ သို့သော် ပန်းညှိုးခြင်း ဆက်တိုက်ဖြစ်နေရင်တော့ သင့်ကို စိတ်ဖိစီးမှုတွေပေးလာနိုင်ပြီး မိမိကိုယ်ကို ယုံကြည်မှုလျော့နည်းလာစေပြီး အိမ်ထောင်ရေးပြဿနာပေးလာနိုင်ပါတယ်။ ဒါ့အပြင် ပန်းညှိုးခြင်း ပြဿနာဟာ အရေးပေါ်ဆေးကုသမှု ခံယူသင့်သည့် ကျန်းမာရေး လက္ခဏာတစ်ရပ်လည်းဖြစ်နိုင်ပါတယ်။ တစ်ခါတစ်ရံ ငုပ်နေတဲ့ ရောဂါအခြေအနေတစ်ခုကို ကုသလိုက်နိုင်ရုံနဲ့ ပန်းညှိုးခြင်း ကိုပျောက်ကင်းစေနိုင်သလို တစ်ခါတစ်ရံမှာ ပန်းညှိုးခြင်းကို တိုက်ရိုက်ကုသရခြင်း၊ ပန်းညှိုးခြင်းအတွက် ဆေးဝါးသောက်သုံးရခြင်း အခြေအနေများလည်းရှိနိုင်ပါသည်။ လက္ခဏာများဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင်ဟာ ဆရာဝန်နဲ့ ပြရမှာ ရှက်နေပြီး […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း