အမျိုးသားကျန်းမာရေး

ကိုယ်လက်ကြံ့ခိုင်ရေး၊ လိင်ကျန်းမာရေး၊ စိတ်ကျန်းမာရေး၊ ဟော်မုန်းပြဿနာ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ဒါတွေက အမျိုးသားတွေရဲ့ ကျန်းမာရေးကို အပြောင်းအလဲဖြစ်စေနိုင်တဲ့ အချက်တွေပါပဲ။ ဒီအချက်တွေ အကုန်လုံးကို ဒီစာမျက်နှာမှာ ပြည့်ပြည့်စုံစုံ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသားကျန်းမာရေး

Andropause ကာလ ကျန်းမာစေဖို့ ဘာတွေစားကြမလဲ

Andropause ဆိုတာ ဘာလဲလို့ တွေးနေတာလား။ နားလည်လွယ်အောင် ပြောပြရရင် Andropause ဆိုတာက အမျိုးသားတွေ သွေးဆုံးတာပါ။ အမျိုးသမီးတွေမှာ သွေးဆုံးတယ်ဆိုတာက အီစထရိုဂျင် ဟော်မုန်း ပမာဏ ကျဆင်းလာတာပါ။ အမျိုးသားတွေမှာတော့ Andropause ကာလ ရောက်လာပြီဆိုရင် တက်စထရိုစတုန်းဟော်မုန်း ပမာဏ ကျဆင်းလာပါတယ်။ ဒီကာလမှာ အမျိုးသားတွေဟာလည်း အမျိုးသမီးတွေလိုပဲ ကိုယ်တွင်းဟော်မုန်းတွေ ကမောက်ကမ ဖြစ်တာကြောင့် စိတ်ခံစားမှု ပြောင်းလဲတာ၊ ကြွက်သားဆုံးရှုံးတာတွေကို ရင်ဆိုင်လာရနိုင်ပါတယ်။ ဒီလိုမျိုး ဟော်မုန်းအပြောင်းအလဲ များတဲ့ Andropause ကာလ ကျန်းမာစေဖို့ အရေးပါတဲ့ အချက်တစ်ခုက အာဟာရ ပြည့်ဝမှုပါ။ ဒီတော့ Andropause ကာလ ကျန်းမာစေဖို့ ဘာတွေစားကြမလဲ ဆိုတာ ပြောပြပေးမှာမို့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ Andropause ဆိုတာ အမျိုးသားတွေမှာ အသက် ၄၀ နောက်ပိုင်း […]

အမျိုးသားကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အမျိုးသားကျန်းမာရေး ကို ရှာဖွေမည်။

အမျိုးသားကျန်းမာရေးဆိုင်ရာများ

Varicocele (ကပ်ပယ်အိတ်တွင်း သွေးပြန်ကြောထုံးရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Varicocele (ကပ်ပယ်အိတ်တွင်း သွေးပြန်ကြောထုံးရောဂါ) ကဘာလဲ။ Varicocele ဆိုသည်မှာ ကပ်ပယ်အိတ် အတွင်း သွေးပြန် ကြောများ ဆန့်ကားခြင်း ဖြစ်သည်။ ခြေထောက်ရှိ သွေးပြန် ကြောများ ဖောင်းခြင်းနှင့် ဆင်တူ သည်။ ကပ်ပယ်အိတ် ဆိုသည်မှာ လိင်တံအောက်ရှိ အရေ ပြားအိတ်တစ်ခုဖြစ်ပြီး ဝှေးစေ့များ ပါဝင်သည်။ ကပ်ပယ်အိတ် သည် ညာဖက်နှင့် ဘယ်ဖက်ဟူ၍ နှစ်ဖက်ရှိပါသည်။ သွေးပြန်ကြောများသည် ဆဲလ်များနှင့်တစ်ရှူးများမှ သွေးများကို နှလုံးသို့ သယ်ဆောင် ပေးသည်။ နှလုံးတွင် သွေးဆဲလ်များ သည် အောက်စီဂျင်ကို ရရှိသည်။ Varicocele သည် တစ်ဖက်ထဲ သို့မဟုတ် နှစ်ဖက်စလုံးတွင် ဖြစ်နိုင်သည်။ ရောဂါသည် များသော အားဖြင့် ဘယ်ဖက်တွင် ဖြစ်ပေါ်သည်။ အဘယ်ကြောင့် ဆိုသော် သွေးပြန်ကြောများ သည် […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ရေပူချိုးခြင်းက ယောက်ျားတွေမှာ မျိုးမအောင်ခြင်းကို ဘာကြောင့် ဖြစ်စေသလဲ

ယောက်ျားတွေရဲ့ မျိုးမအောင်ခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေထဲမှာ အဖြစ်အများဆုံး အကြောင်းရင်းတစ်ခုက သုတ်ကောင်အရေအတွက် နည်းခြင်းပဲဖြစ်ပါတယ်။ သုက်ကောင်အရေအတွက်ကို နည်းစေနိုင်တဲ့ အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။ အဲဒီထဲကမှ ရှောင်ရှားလို့ရတဲ့အချက်တစ်ခုကတော့ လွန်ကဲတဲ့အပူနဲ့ ထိတွေ့ခြင်းပဲ ဖြစ်ပါတယ်။ သုက်ကောင်လေးတွေကို ထုတ်လုပ်နိုင်ဖို့ အကောင်းဆုံးအပူချိန်ကတော့ ပုံမှန် လူ့ခန္ဓာကိုယ်အပူချိန်ထက် ၃-၄ ဒီဂရီ နိမ့်တဲ့ အပူချိန်ပဲ ဖြစ်ပါတယ်။ အပူချိန်မြင့်လာလေလေ သုက်ကောင်ထုတ်လုပ်တာကို အနှောင့်အယှက်ဖြစ်လေ ဖြစ်တဲ့အတွက် ရေပူနဲ့ မကြာခဏ ထိတွေ့ခြင်းက သုက်ကောင် အရေအတွက်လျှော့နည်းခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဘယ်လို ပူနွေးမှုမျိုးမဆို အပူချိန် ၁ဒီဂရီတက်တိုင်း သုက်ကောင်အရေအတွက် ၄၀ ရာခိုင်နှုန်းခန့်ကို လျှော့ကျစေနိုင်ပါတယ်။ ချွေးထုတ်ခန်းသွားခြင်း၊ ရေနွေးကန်အသုံးပြုခြင်း နဲ့ ရေနွေးဖြင့်ရေချိုးခြင်းတွေက ခဏတာ ဝှေးစေ့ကို အပူလွန်စေတဲ့ အကြောင်းတွေမှာ ပါဝင်ပါတယ်။ တင်းကျပ်တဲ့ အောက်ခံဘောင်းဘီ ဝတ်ဆင်ခြင်းက […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

လိင်တံထိပ် အရေပြား ဖြတ်တောက်ဖယ်ရှားခြင်း

Circumcision (လိင်တံထိပ်အရေပြား ဖြတ်တောက်ဖယ်ရှားခြင်း) ဆိုတာဘာလဲ Circumcision ဆိုတာ လိင်တံထိပ်ရှိ အရေပြားအားဖြတ်တောက် ဖယ်ရှားခြင်းဖြစ်ပါတယ်။ Circumcisionကို အချို့နိုင်ငံတွေမှာ မွေးကင်းစယောက်ျားလေးတွေမှာ လုပ်လေ့ရှိပါတယ်။ Circumcision ကို မွေးမွေးပြီးချင်း မလုပ်လဲ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ လုပ်ရတာ ပိုရှုပ်ထွေးလာပါလိမ့်မယ်။ ကလေးငယ်တွေကို လိင်တံထိပ် အရေပြားဖြတ်တောက်တာ ဘယ်လို အကျိုးကျေးဇူးတွေရလဲ လေ့လာကြတဲ့အခါမှာ အမျိုးမျိုးကွဲပြားနေတာကိုတွေ့ရပါတယ်။ လိင်တံထိပ် အရေပြားဖြတ်တောက်ခြင်းက - • ဆီးလမ်းကြောင်းပိုးဝင်ခြင်း • လိင်တံကင်ဆာ • HIV/AIDS အစရှိသော လိင်မှတဆင့် ကူးစက်တတ်သောရောဂါများ ဖြစ်ပွားနိုင်ခြေကို လျော့ချပေးနိုင်သည်ဟုသိရပါတယ်။ လိင်တံထိပ်အရေပြားဖြတ်တောက်ခြင်း ရဲ့သိသာတဲ့ အကျိးကျေးဇူးကတော့ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို လျော့ချပေးနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ပထမ ၃လ ကနေ ၆ လ အတွင်းမှာ ဆီးလမ်းကြောင်းပိုးဝင်နိုင်ခြေဟာ လိင်တံထိပ်အရေပြားမဖြတ်ထားတဲ့ ယောက်ျားလေးတွေမှာ ဖြတ်ထားသော ယောက်ျားလေးတွေထက် ဆယ်ဆပိုများပါတယ်။ မွေးကင်းစကလေးတွေမှာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းက […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ယောက်ျားများမြုံရခြင်း၏ အဓိကအကြောင်းရင်းများ

ယောင်္ကျားမျိုးမအောင်ခြင်းဆိုတာ အိမ်ထောင်သည်မိဘဖြစ်ရေးအတွက် အလွန်ဆိုးရွားတဲ့ အကျပ်အတည်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီရောဂါအခြေအနေကို ကျန်းမာရေးအကြောင်းခံ၊ ပတ်ဝန်းကျင် အကြောင်းခံ နှင့် လူနေမှုပြသနာအနေနဲ့ သတ်မှတ်လို့ရပါတယ်။ ကျန်းမာရေး အကြောင်းခံများ ပထမဆုံးအနေနဲ့ ဝှေးစေ့ပိုင်းဆိုင်ရာ ပြသနာတွေဖြစ်တဲ့ varicocele ( သွေးပြန်ကြောဖူးရောင်ခြင်း) သို့ ဝှေးစေ့အောက်သို့အကျခြင်းတွေက ယောင်္ကျားမျိုးမအောင်ခြင်းကို ဦးတည်ဖြစ်ပေါ်စေပါတယ်။ varicocele ဟာ သုက်ပိုးအရေအတွက် ကျဆင်းခြင်းကို ဖြစ်စေပြီး ဝှေးစေ့အောက်သို့မကျခြင်းကအမျိုးသားတွေမှာ မျိုးမအောင်ဖို့ အခွင့်အလမ်းတွေကို ပိုဖြစ်စေပါတယ်။ ဒုတိယအနေနဲ့ ကူးစက်ရောဂါများ ဥပမာ လိင်ဆက်ဆံခြင်းမှ ကူးနိုင်သော ဂနိုရောဂါ ( gonorrhea ) သို့ HIV နှင့် ဝှေးစေ့ပြွန်ရောင်ရောဂါ ( epididymitis) သို့ ဝှေးစေ့ရောင်ခြင်း (orchitis) တို့ကလည်း ယောင်္ကျားမျိုးမအောင်ခြင်းကို ဖြစ်စေပါတယ်။ ထို့ပြင် နောက်ထပ်ဖြစ်နိုင်တာတွေကတော့ သုက်ပိုးတွေကို […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

သင့်သုက်ပိုး ကို သေစေနိုင်သော အစားအစာများ

ယခင်ခေတ်များမှာရော ယခုခေတ်မှာပါ ကိုယ်ဝန် မရနိုင်တဲ့ အကြောင်းရင်းက အမျိုးသမီးကြောင့်ပဲလို့ မှားယွင်းတဲ့ အယူအဆ ရှိတတ်ကြပါတယ်။ လက်တွေ့မှာတော့ အမျိုးသားများရဲ့ သုက်ပိုး ကလည်း တစ်စိတ်တပိုင်း ပါဝင်နေပါတယ်။ အမျိုးသား သုက်ပိုး အကောင်ရေ လုံလောက်မှ၊ အရည်အသွေး ကောင်းမှ ကိုယ်ဝန် ရနိုင်မှာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ သင့်သုက်ပိုး ကို သေစေနိုင်သော အစားအစာများ က ဘာတွေများ ဖြစ်မလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ သင့်သုက်ပိုး ကို သေစေနိုင်သော အစားအစာများ သုက်ပိုး ကို သေစေနိုင်သော အစားအစာများ ကတော့ (၁) အရက် အရက် သောက်သုံးခြင်းက အသည်းကို ထိခိုက်နေရုံ သာမက ကိုယ်တွင်း လုပ်ဆောင်ချက်များ အထူးသဖြင့် ကာမ လုပ်ဆောင်နိုင်စွမ်းနဲ့ မျိုးပွား အင်္ဂါများကိုပါ ထိခိုက်စေပါတယ်။ အရက်ကြောင့် အသည်း ထိခိုက်လောက်တဲ့အထိ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ယောက်ျားတန်ဆာနှင့်ပတ်သက်၍ သင်မည်မျှသိသနည်း

ယောက်ျားတန်ဆာမှာ အဓိကကိစ္စနှစ်ရပ် ရှိပါတယ်။ လိင်မှုကိစ္စ ဆောင်ရွက်ဖို့နဲ့ ဆီးစွန့်ဖို့ ဖြစ်ပါတယ်။ ယောက်ျားတန်ဆာ၏ ဖြတ်ပိုင်းပုံ ယောက်ျားတန်ဆာဟာ ယောက်ျားလေးတွေအတွက် အရေးအပါဆုံး အစိတ်အပိုင်းတခု ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဘယ်လောက်ထိ သိထားပါသလဲ။ ယောက်ျားတန်ဆာမှာ အစိတ်အပိုင်းများစွာ ပါဝင်ပါတယ်။ တန်ဆာခေါင်း။ ထိပ်ပိုင်းအရေပြား မဖြတ်ထားသူတွေမှာ တန်ဆာထိပ်ပိုင်းကို mucosa လို့ခေါ်တဲ့ ပန်းရောင်ရှိပြီး စိုစွတ်တဲ့ အလွှာနဲ့ ဖွဲ့စည်းထားပါတယ်။ ဖုံးအုပ်နေတဲ့ အရေပြားကို foreskin (prepuce) လို့ ခေါ်ပါတယ်။ အရေပြားဖြတ်ထားသူတွေမှာတော့ foreskin ကို ခွဲစိတ်ဖြတ်တောက်ထားပြီး တန်ဆာခေါင်းဟာ ခြောက်သွေ့နေတတ်ပါတယ်။ Corpus cavernosum။ အစိတ်အပိုင်းနှစ်ခုနဲ့ တန်ဆာတလျှောက်ကို ဖွဲ့စည်းထားပါတယ်။ သွေးဝင်လာတဲ့အခါ တန်ဆာထောင်မတ်ခြင်းကို ဖြစ်စေပါတယ်။ Corpus spongiosum။ အခေါင်းပွပုံစံဖြစ်ပြီး တန်ဆာရှေ့ပိုင်းတလျှောက်မှာရှိပြီး တန်ဆာခေါင်းထိ ရှိပါတယ်။ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားတွေက သူတို့ကိုယ်သူတို့ ဘာလို့ ဂရုမစိုက်တာလဲ။

အမျိုးသားတွေက သူတို့အသက်ငယ်စဉ်မှာ ဘာမဆိုလုပ်ဆောင်နိုင်ဖို့ ကျန်းမာ၊ကြံ့ခိုင်တယ်လို့ ထင်တတ်ကြတယ်။ ဒါကြောင့် အမျိုးသားတွေဟာ ကျန်းမာရေးကို ဂရုမစိုက်ဘဲ အန္တရာယ်များတဲ့ ရူးမိုက်မိုက်အလုပ်တွေကို လုပ်တတ်ကြတယ်။ သူတို့က HIVပိုး၊ အသည်းရောင်အသားဝါ စီ ပိုး ၊အဝလွန်ရောဂါနှင့် သေစေတတ်တဲ့ရောဂါတွေအကြောင်း ကြားဖူးတာနည်းတဲ့အပြင် ဒီရောဂါတွေက တခြားလူတွေမှာဖြစ်တတ်ပေမယ့် သူတို့မှာတော့ မဖြစ်တတ်ဘူးလို့ထင်တတ်ကြတယ်။ ဒီလိုကြားရတာ တစ်မျိုးဖြစ်နေပေမယ့် ဒါကအမှန်တရားပါပဲ။   အမျိုးသားတွေရဲ့ ပြဿနာတွေက ဘာလဲ။ ဖြစ်နိုင်တာကတော့ သူတို့ကိုဒုက္ခပေးနိုင်တဲ့ အရာတွေကို သတိမပြုမိတာပဲ ဖြစ်မယ်။ အချို့အမျိုးသားတွေဟာ ယောကျာ်းဆန်လွန်းတယ်။ သူတို့ဟာမိသားစုကို ကာကွယ်နိုင်တယ်၊ အရာအားလုံးလုပ်ဆောင်နိုင်တယ်လို့ ထင်ကြတယ်။ တချို့ဆို ကျိုးကြောင်းမစဉ်းစားဘဲ လုပ်လေ့ရှိတယ်။ အမျိုးသားတွေဟာ ဆရာဝန်နှင့် ပြသဖို့လမ်းညွှန်သောအခါတွင်လည်း မပြဘဲနေတတ်တယ်။ နိုင်ငံတကာအမျိုးသားကျန်းမာရေးအဖွဲ့၏ ဥက္ကဌ၊ နယူးယောက်မြို့ရှိ ဆီးနှင့်ကျောက်ကပ်အထူးကုဆရာဝန် Dr.RRidwan Shabsigh က နယူးယောက် NBC […]


အမျိုးသားဟော်မုန်းဆိုင်ရာများ

Testosteroneကျားဟော်မုန်း နည်းခြင်းသည် ကျန်းမာရေးကိုထိခိုက်စေသည်

အမျိုးသားများအသက်ကြီးလာသောအခါ Testosterone(low T) လို့ခေါ်တဲ့ ကျားဟော်မုန်းနည်းလာတတ်တယ်။ အသက်ကြီးလာလေလေ ဟော်မုန်းနည်းလာလေလေဖြစ်တယ်။ အသက်၆၀အရွယ် အမျိုးသားတွေရဲ့ ၂၀ရာခိုင်နှုန်းဟာ ဟော်မုန်းနည်းခြင်းပြသနာနဲ့ ရင်ဆိုင်နေရတယ်။ အသက် ၇၀နှစ်အမျိုးသားတွေရဲ့ ၃၀ရာခိုင်နှုန်း၊ အသက် ၈၀ နှစ်အမျိုးသားတွေရဲ့ ၅၀ရာခိုင်နှုန်းမှာ တွေ့ရတယ်။   အမျိုးသားတွေက အဖိုဟော်မုန်း(Testosterone) ကို ဘာကြောင့်လိုတာလဲ။ Testosterone ဆိုတာ အမျိုးသားတွေက ဝှေးစေ့ကထုတ်တဲ့ ဖိုဟော်မုန်းတစ်မျိုးဖြစ်တယ်။ ဒီဟော်မုန်းက အမျိုးသားများအရွယ်ရောက်တဲ့အချိန် လိင်အဂါၤကြီးထွားအောင် လုပ်ပေးတယ်။ အရွယ်ရောက်တဲ့အချိန်တွင် ဒီဟော်မုန်းက ကောင်လေးကနေ အမျိုးသားဖြစ်အောင် လုပ်ပေးတယ်။ အမျိုးသားတွေမှာ ဒီဟော်မုန်းကြောင့် အမွှေးအမျှင်ပိုထူလာစေတယ်။ ကြွက်သားတွေ ထွက်လာစေတယ်။ အသံသြလာစေတယ်။ နောက်ပိုင်းတွင် လိင်မှုကိစ္စလုပ်ဆောင်ရန်လည်း ကူညီပေးတယ်။ Testosterone ပမာဏ ဘာလို့ကျတာလဲ။ အသက်ကြီးလာတဲ့အခါ testosterone ကျဆင်းတာဟာ ပုံမှန်ဖြစ်တယ်။ ဒါပေမယ့် testosterone ကျစေတဲ့ တခြားအကြောင်းရင်းတွေလည်း ရှိသေးတယ်။ ဝှေးစေ့တွင် […]


ပန်းသေပန်းညှိုးခြင်း

ပန်းသေပန်းညှိုးခြင်း

ဘဝရဲ့တစ်ချိန်ချိန်မှာ ယောက်ျားတွေဟာ လိင်တံမထောင်မတ်နိုင်တော့ခြင်း (ပန်းသေပန်းညှိုးခြင်း)နဲ့ ကြုံတွေ့ရနိုင်ပါတယ်။ လိင်တံ မထောင်မတ်နိုင်ခြင်း(ပန်းသေပန်းညှိုးခြင်း) ဆိုတာ ဘာလဲ။ ဘယ်လိုဖြေရှင်းကြမလဲ။ ယခုဖော်ပြမဲ့ ဆောင်းပါးဟာ ယင်းအခြေအနေနဲ့ပတ်သတ်တဲ့ သိသင့်သိထိုက်တာတွေကို ပြောပြပေးမှာပါ။ လိင်တံ မထောင်မတ်နိုင်တော့ခြင်း ဆိုဘာလဲ။ လိင်တံမထောင်မတ်နိုင်ခြင်း ဒါမှမဟုတ် ပန်းသေပန်းညှိုးခြင်းဆိုတာ ယောက်ျားတစ်ယောက်ဟာ လိင်ဆက်ဆံရန်အတွက် အမျိုးသားတန်ဆာဟာ မထောင်မတ်ပေးနိုင်ခြင်းကို ခေါ်ပါတယ်။ တစ်ခါတစ်လေဖြစ်တယ်ဆိုပါက သိပ်တော့စိတ်ပူစရာမလိုပါဘူး။ ဒါပေမဲ့ ယင်းအခြေအနေက ဆက်တိုက်ဖြစ်နေပြီဆိုပါက စိတ်ဖိစီးမှု၊ ကို့ကိုယ်ကို ယုံကြည်မရှိတော့ခြင်းနှင့်၊ ကိုယ့်အဖော်နဲ့ အဆင်မပြေမှုများ ရှိလာနိုင်ပါတယ်။ ဒါ့အပြင် ရေရှည်မထောင်မတ်နိုင်ခြင်းက မိမိကျန်းမာရေးဟာ အမြန်ကုသဖို့လိုနေပြီဆိုတဲ့ လက္ခဏာတစ်ခုပါပဲ။ တစ်ခါတစ်ရံ ရောဂါရဲ့အကြောင်းအရင်းကို ကုသတယ်ဆိုရုံနဲ့ ပန်းသေပန်းညှိုးခြင်းဟာ ပျောက်ကင်းနိုင်ပါတယ်။ တစ်ခြားတစ်ဖက်မှကြည့်ရင်လည်း ပန်းသေပန်းညှိုးခြင်း ကုသခြင်းမှာ ဆေးဝါးဖြင့်ကုသခြင်းနှင့် အခြားသော တိုက်ရိုက်ကုသခြင်းများ ပါဝင်နိုင်ပါတယ်။ ဘယ်အချိန်မှာ မိသားစုဆရာဝန်နဲ့ ပြသင့်သလဲ။ ဆရာဝန်ပြဖို့ ရှက်ကြောက်တွန့်ဆုတ် နေကောင်းနေနိုင်သော်လည်း သီတင်းပတ်အနည်းငယ်ထိကျော်ပြီး […]


လိင်တံပြဿနာများ

သင့်သွားတွေကပြောပြနေတဲ့ သင့်လိင်တံ အကြောင်း

သင့်သွားတွေက သင်ထက်တာထက်ပိုပြီး သင့်ခန္ဓာကိုယ်အကြောင်းကို ပြောနိုင်ကြပါတယ်။ ဒါဟာ အိပ်ရာဝင်ပုံပြင်မဟုတ်ပါဘူး။ သင့်သွားကိုကြည့်ပြီး သင့်ရဲ့ ခန္ဓာကိုယ်ကို ပြောနိုင်တယ်ဆိုတာကို သိပ္ပံပညာရှင်တွေ ကိုယ်တိုင်သက်သေပြထားကြတာပါ။ ၁။ သင့်လိင်တံနဲ့ သင့်သွားတွေရဲ့ ဆက်စပ်မှု ခံတွင်းနံ့ဆိုးတာဟာ စကားပြောဆိုတဲ့အခါ ဆိုးရွားတဲ့အနံ့ထွက်စေရုံသာမက လိင်တံကို တုတ်ခိုင်မှုအားနည်းစေတယ်။ ထိုင်ဝမ်က စမ်းသပ်လေ့လာမှု အရ ခံတွင်းနံ့ဆိုးနဲ့ လိင်တံ ထောင်မတ်မှု အားနည်းတဲ့ရောဂါဆက်စပ်မှုကို ရှာတွေ့ခဲ့ပါတယ်။ ဒီရောဂါဖြစ်သူတွေကို လေ့လာရာမှာ ၇၉ ရာခိုင်နှုန်းက နာတာရှည်သွားဖုံးရောဂါ ဖြစ်နေတာကို တွေ့ရပါတယ်။ နာတာရှည်သွားဖုံးရောဂါဆိုတာ သင့်သွားအမြစ်တွေကနဲ့ကာ ပြုတ်ထွက်မလိုဖြစ်လာပြီး သွားအံကပ်နဲ့ သွားအမြစ်ကြားမှာ ဘက်တီးရီးယားတွေ ပေါက်တာဖြစ်ပါတယ်။ ဒီဘက်တီးရီးယားတွေဟာ သူ့ပတ်ဝန်းကျင်သာမက အရိုးထိပါပြန့်ပွားနိုင်ပါတယ်။ ၂။ သင့်သွား ရောဂါက လိင်တံထောင်မတ်မှုကို ဘယ်လိုထိခိုက်သလဲ နာတာရှည်ရောင်ရမ်း ကိုက်ခဲမှုတွေဟာ သွေးကြောအလွှာတွေ ဆဲလ်လွှာတွေကို ပျက်စီးစေနိုင်ပါတယ်။ အထူးသဖြင့် သင့်လိင်တံကို သွေးထောက်ပံ့ပေးတဲ့ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း