အမျိုးသားကျန်းမာရေး

ကိုယ်လက်ကြံ့ခိုင်ရေး၊ လိင်ကျန်းမာရေး၊ စိတ်ကျန်းမာရေး၊ ဟော်မုန်းပြဿနာ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ဒါတွေက အမျိုးသားတွေရဲ့ ကျန်းမာရေးကို အပြောင်းအလဲဖြစ်စေနိုင်တဲ့ အချက်တွေပါပဲ။ ဒီအချက်တွေ အကုန်လုံးကို ဒီစာမျက်နှာမှာ ပြည့်ပြည့်စုံစုံ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသားကျန်းမာရေး

Andropause ကာလ ကျန်းမာစေဖို့ ဘာတွေစားကြမလဲ

Andropause ဆိုတာ ဘာလဲလို့ တွေးနေတာလား။ နားလည်လွယ်အောင် ပြောပြရရင် Andropause ဆိုတာက အမျိုးသားတွေ သွေးဆုံးတာပါ။ အမျိုးသမီးတွေမှာ သွေးဆုံးတယ်ဆိုတာက အီစထရိုဂျင် ဟော်မုန်း ပမာဏ ကျဆင်းလာတာပါ။ အမျိုးသားတွေမှာတော့ Andropause ကာလ ရောက်လာပြီဆိုရင် တက်စထရိုစတုန်းဟော်မုန်း ပမာဏ ကျဆင်းလာပါတယ်။ ဒီကာလမှာ အမျိုးသားတွေဟာလည်း အမျိုးသမီးတွေလိုပဲ ကိုယ်တွင်းဟော်မုန်းတွေ ကမောက်ကမ ဖြစ်တာကြောင့် စိတ်ခံစားမှု ပြောင်းလဲတာ၊ ကြွက်သားဆုံးရှုံးတာတွေကို ရင်ဆိုင်လာရနိုင်ပါတယ်။ ဒီလိုမျိုး ဟော်မုန်းအပြောင်းအလဲ များတဲ့ Andropause ကာလ ကျန်းမာစေဖို့ အရေးပါတဲ့ အချက်တစ်ခုက အာဟာရ ပြည့်ဝမှုပါ။ ဒီတော့ Andropause ကာလ ကျန်းမာစေဖို့ ဘာတွေစားကြမလဲ ဆိုတာ ပြောပြပေးမှာမို့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ Andropause ဆိုတာ အမျိုးသားတွေမှာ အသက် ၄၀ နောက်ပိုင်း […]

အမျိုးသားကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အမျိုးသားကျန်းမာရေး ကို ရှာဖွေမည်။

အမျိုးသားကျန်းမာရေးဆိုင်ရာများ

ဘာကြောင့် ယောင်္ကျားလေးတွေ အပြာကား ကြိုက်ကြတာလဲ

ညတိုင်းလိုလိုမှာ ဇနီး ဖြစ်သူ ကိတ်တစ်ယောက် အိပ်ရာဝင်သွားတာနဲ့ Tom တစ်ယောက် Internet မှာ အပြာရုပ်ရှင်ကားတွေကို ရှာဖွေလှန်လှောကြည့်ရှုပါတော့တယ်။ ဒါကိုလည်း ကိတ်က သူတို့လင်မယား စုံတွဲကုသမှု ဒုတိယ အကြိမ်မှာမှ သိခဲ့တာ ဖြစ်ပါတယ်။ တွမ်ကတော့ ဒီလို ညဘက်မှာ အပြာ ဇာတ်ကားတွေ ကြည့်ရှုတာက သူတို့ ဇနီးမောင်နှံရဲ့ လိင်မှုဘဝနဲ့ ဘာမှ ပတ်သတ်မှုမရှိဘူးလို့ဆိုပေမဲ့ ကိတ်ကတော့ တွမ်တစ်ယောက် သူမထက် အပြာရုပ်ရှင် ဇာတ်ကားတွေကိုပိုပြီး စွဲလန်းသွားမလားလို့ စိုးရိမ်နေမိပါတယ်။ ဒါက အမျိုးသမီးတွေရဲ့ ပုံမှန်တုံ့ပြန်ချက်ပါပဲ။ " အဖော်ဖြစ်သူ က အပြာဇာတ်ကားတွေကို စိတ်ဝင်စားနေတယ်ဆိုရင် တခြားတစ်ယောက်က ဒါဟာ ပြဿနာ လို့ထင်တတ်ကြပါတယ်။ ဒါပေမဲ့ ဒီလို ပြဿနာ ဖြစ်တာမျိုးက တော်တော်ရှားပါတယ်။ လေ့လာချက်တွေအရတော့ အပြာကားကြည့်ရှုသူ ၅ […]


လိင်တံပြဿနာများ

သင့်ခရီးဖော် ဖွားဖက်တော်

သင့်ခရီးဖော် ဖွားဖက်တော် ဒီဆောင်းပါးလေးမှာတော့ အသက်အရွယ်အပိုင်းအခြားအလိုက် အမျိုးသားတစ်ယောက်ရဲ့ ဖွားဖက်တော် (လိင်အင်္ဂါ) ရဲ့ ပုံစံနဲ့ လုပ်ဆောင်မှုတွေ ဘယ်လိုပြောင်းလဲလာသလဲဆိုတာကို မျှဝေဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် သင်နဲ့ ဘဝတစ်သက်တာလုံး အတူတူလိုက်ပါ ပြောင်းလဲလာမယ့် ဖွားဖက်တော်လေးအကြောင်း သိရှိရအောင် အခုပဲ ဖတ်ကြည့်လိုက်ပါဦးနော်။ ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ ခပ်သိမ်းသော အစိတ်အပိုင်းများနည်းတူ ဖွားဖက်တော်ဟာလည်း အသက်အရွယ် အပိုင်းအခြားအလိုက် ပြောင်းလဲမှုတွေကို ကြုံတွေ့ရင်ဆိုင်ရပါတယ်။ ဒီလို ပြောင်းလဲမှုတွေကို အဓိက ကြိုးကိုင်ပေးနေသူကတော့ တက်စတိုစတီရုန်းလို့ခေါ်တဲ့ ကျားဟော်မုန်းပဲ ဖြစ်ပါတယ်။ အသက် ၉နှစ်ကနေ ၁၅နှစ်အတွင်းမှာ သင့်ရဲ့ဦးခေါင်းမှာရှိတဲ့ ပစ်ကျူထရီဂလင်းကနေ ဟော်မုန်းတစ်မျိုး ထုတ်ပြီး ခန္ဓာကိုယ်ကနေ တက်စတိုစတီရုန်း ဟော်မုန်းထုတ်စေဖို့ အချက်ပြလိုက်ပါတယ်။ ဒီလိုမျိုး ထွက်လာတဲ့ တက်စတိုစတီရုန်း ဟော်မုန်းကြောင့်ပဲ ကြီးကောင်ဝင်ခြင်း၊ လူပျိုဖော်ဝင်ခြင်းဆိုတဲ့ ဖြစ်စဉ်တွေ ပေါ်ပေါက်လာရပါတယ်။ ဒီနေရာမှာ ဗဟုသုတအလို့ငှာ […]


ပန်းသေပန်းညှိုးခြင်း

လိင်တံထောင်မတ် ခြင်းကို လွှမ်းမိုးနေတဲ့အချက် ၁၀ ချက်

လိင်တံထောင်မတ် မှုဟာ ကျွန်တော်တို့ ထင်ထားသလောက် မရှိးရှင်းပါဘူး။ လိင်တံတစ်ခု ထောင်မတ်ဖို့ အတွက် ဟော်မုန်းများ၊ နာဗ်ကြောများ၊ သွေးကြောများ၊ စိတ်ပိုင်းဆိုင်ရာနဲ့ ကာယပိုင်းဆိုင်ရာ ကျန်းမာရေး စတဲ့ အချက်များရဲ့ ရှုပ်ထွေးတဲ့ လုပ်ဆောင်ချက်တွေ လိုအပ်ပါတယ်။ ဒီအချက်တွေထဲက တစ်ချက်လောက် ချို့ယွင်းသွားတဲ့ အခါမှာ လိင်တံထောင်မတ်မှု အားနည်းသွားနိုင်ပါတယ်။ ဒါကြောင့် ဒီအချက်တွေ အားလုံး ပုံမှန် အလုပ်လုပ်နေဖို့က အရမ်း အရေးကြီးပါတယ်။ အခု ဒီဆောင်းပါးလေးထဲမှာတော့ ကျွန်တော် Hello sayarwon ကျန်းမာရေး ချစ်သူ စာဖတ်ပရိတ်သတ်တွေအတွက် လိင်တံထောင်မတ်မှုကို သက်ရောက်စေနိုင်တဲ့ အချက် ၁၀ ချက်ကိုဖော်ပြလိုက်ပါတယ်။ လိင်တံထောင်မတ် ခြင်းကို လွှမ်းမိုးနေတဲ့အချက် ၁၀ ချက် ၁။ အာဟာရနဲ့ စားသောက်မှုပုံစံ ။ Antioxidant ကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်တဲ့ အသီးများနဲ့ […]


လိင်တံပြဿနာများ

လိင်တံတွေက အရောင်ပြောင်းသွားနိုင်လား

လိင်တံတွေက အရောင်ပြောင်းသွားနိုင်လား ။ တစ်ခါတရံမှာတော့ ယောက်ျားလေးတွေရဲ့ လိင်တံဟာ ခရမ်း - နီရောင် ပြောင်းသွားနိုင်ပါတယ်။ များသောအားဖြင့် ဒီလို အရောင်ပြောင်းလဲသွားတာက အန္တရာယ်မရှိပါဘူး။ သွေးစီးဆင်းမှု များလာတဲ့ အခါ၊ လိင်တံတွင်း အကျိတ်တွေ ဖြစ်ပေါ်တဲ့အခါမှာ လိင်တံဟာ ခရမ်းရောင် ပြောင်းသွားနိုင်ပါတယ်။ ဒီလို အရောင်ပြောင်းတဲ့ ဖြစ်စဉ်မျိုးဟာ အမျိုးသားတွေ လိင်စိတ်ထကြွတဲ့ အခါမျိုးမှာလည်း ဖြစ်ပွားနိုင်ပါတယ်။ သို့ပေမဲ့ ဒီလို အရောင်ပြောင်းတဲ့ အပြင် နာကျင်ခြင်း၊ ယားယံခြင်းတို့ပါ ဖြစ်နေပြီဆိုရင်တော့ ခရမ်းရောင် ပြောင်းသွားခြင်းဟာ ကူးစက်ရောဂါ ခံစားရခြင်း၊ ဒဏ်ရာရခြင်း၊ သွေးလှည့်ပတ်ခြင်းပြဿနာ ဖြစ်နေတဲ့ လက္ခဏာ ဖြစ်တဲ့ အတွက်ကြောင့် ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါတယ်။ လိင်တံတွေက အရောင်ပြောင်းသွားနိုင်လား လိင်တံတွေက အရောင်ပြောင်းသွားနိုင်လား ဆိုတော့ လိင်တံ ပန်းရောင် ပြောင်းသွားခြင်းနဲ့ ပတ်သတ်ပြီး သိကောင်းစရာ […]


လိင်တံပြဿနာများ

လိင်တံကြီး နည်းလမ်းတွေ၊ တကယ်ရော အလုပ်ဖြစ်ကြရဲ့လား

အမျိုးသားတိုင်းဟာ လိင်တံကြီးစေတဲ့ Pump စက်တွေ၊ ဆေးတွေ၊ လေ့ကျင့်ခန်းတွေ၊ ခွဲစိတ်မှုတွေ အားလုံးကို သိကြမှာပါ။ ဒါပေမဲ့ ဒီနည်းလမ်းတွေ အားလုံးက တကယ် အလုပ်ဖြစ်ရဲ့လားဆိုတာရော သေချာသိကြပါသလား။ လိင်တံကြီး နည်းလမ်းတွေ၊ တကယ်ရော အလုပ်ဖြစ်ကြရဲ့လား ပွင့်ပွင့်လင်းလင်းပြောရရင် အမျိုးသားတိုင်း သူတို့လိင်တံကို ပိုကြီးစေချင်ကြပါတယ်။ “ ကမ္ဘာပေါ်မှာ သူ့ရဲ့ လိင်တံကို တစ်လက်မ၊ နှစ်လက်မလောက် ပိုပြီး မရှည်လာစေချင်တဲ့ အမျိုးသားတစ်ယောက်မှ ရှိမယ် မထင်ပါဘူး ” လို့ အမေရိကန်နိုင်ငံ မက်ဆာချူးဆက်ပြည်နယ် ဟားဗတ် ဆေးကျောင်းမှ ဆီးလမ်းကြောင်းခွဲစိတ်မှု ဆိုင်ရာပါမောက္ခဖြစ်သူ မိုက်ကယ် အို လိရီ (Michael O'Leary) ကဆိုပါတယ်။ ဟိုးရှေးကတည်းက ရှိလာခဲ့ကြတဲ့ အလုပ်မဖြစ်တဲ့ လိင်တံကြီးစေနိုင်တဲ့ နည်းလမ်းတွေကတော့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အများအပြားရှိပေမဲ့ တကယ်တမ်း လိင်တံကြီးစေဖို့ သင့်အနေနဲ့ […]


လိင်တံပြဿနာများ

ကျွန်တော့်လိင်တံကအရမ်းသေးနေသလား

ကျွန်တော့်လိင်တံကအရမ်းသေးနေသလား ကျွန်တော့် လိင်တံ အရမ်းသေးနေသလားဆိုတဲ့ မေးခွန်းကို အမျိုးသားတွေက သူတို့ရဲ့ လက်တွဲဖော်တွေကိုတော့ ထုတ်မမေးတတ်ကြပေမဲ့ ဆရာဝန်တွေနဲ့ တွေ့တဲ့အခါကျရင်တော့ ဒါက မေးလေ့မေးထရှိတဲ့ မေးခွန်းဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ နယူးယောက်မြို့ Cohen ကလေးဆေးရုံမှ ဆီးလမ်းကြောင်းဆိုင်ရာ ကလေးအထူးကု ဖြစ်သူ လိန်း အက်စ် ပေါလ်မာ (Lane S. Palmer) ကတော့ " ဖခင်တွေက သူတို့သားတွေရဲ့ လိင်တံအရွယ်အစား သေးနေလားဆိုတာကိုမကြာခဏမေးလေ့ရှိပြီး တစ်ခါတစ်ရံမှာတော့ သူတို့လိင်တံရော သေးနေလားဆိုတာကို မေးမြန်းလေ့ရှိကြပါတယ် " ဆိုပါတယ်။ လိင်တံအရွယ်အစားသေးနေလားဆိုတာကို မေးကြတဲ့ အမျိုးသားတွေဟာ တခြားအကြောင်းရင်းကြောင့် ဆရာဝန်ကိုလာတွေ့ကြတာ ဖြစ်တယ်လို့ အမေရိကန် နယူးယောက်မြို့ Lake Success ရှိ စမစ် ဆီးလမ်းကြောင်းဆိုင်ရာ တက္ကသိုလ်မှ မျိုးပွားအင်္ဂါနဲ့ လိင်မှုဆိုင်ရာ ဒါရိုက်တာ ဖြစ်သူ […]


လိင်တံပြဿနာများ

လိင်တံထိပ်ငုံအရေပြား ကျပ်ခြင်းအကြောင်း သိကောင်းစရာ

လိင်တံထိပ်ငုံအရေပြား ကျပ်ခြင်းအကြောင်း သိကောင်းစရာ လိင်တံထိပ်ငုံအရေပြားကျပ်ခြင်းဟာ မွေးကင်းစအရွယ်နဲ့ ကလေး အရွယ်တွေမှာ ဖြစ်တတ်ပြီး တစ်ခါတစ်ရံ လူလားမြောက်တဲ့ အရွယ်အထိ ဖြစ်ပွားတတ်ပါတယ်။ လိင်တံထိပ်ငုံအရေပြားကျပ်ခြင်း ဆိုတာ အကြီးအကျယ်ကုသရတဲ့ ရောဂါ တစ်ခု မဟုတ်ပေမဲ့ လိင်တံနီရဲခြင်း၊ နာကျင်ခြင်းနဲ့ ရောင်ရမ်းခြင်းတို့ဖြစ်စေနိုင်ပါတယ်။ ဒီလို လိင်တံထိပ်ငုံအရေပြားကျပ်တဲ့အခါ အမျိုးသားတွေ ဆီးသွားတဲ့ အချိန်နဲ့ လိင်မှု ကိစ္စတွေကိုပါ ထိခိုက်နိုင်ပါတယ်။ လေ့လာချက်တွေအရ အမျိုးသား ၂ ရာခိုင်နှုန်းဟာ နောက်ပြန်ဆွဲလို့မရတဲ့ လိင်တံထိပ်ငုံအရေပြား တွေရှိကြတယ် လို့ သိရပါတယ်။   လိင်တံထိပ်ငုံအရေပြားနဲ့ ပတ်သတ်ပြီး သိကောင်းစရာ အချက်များ လိင်တံထိပ်ငုံအရေပြားဟာ မူလကတည်းက လိပ်တံကို အုပ်ထားပေးထားတာ သဘာဝတစ်ရပ်ပါပဲ။ ဒီလို လိင်တံထိပ်ငုံအရေပြားကို ငယ်ငယ်ကတည်းက ဖြတ်ထုတ်လိုက်ရင် လိင်တံထိပ်ငုံအရေပြား ကျပ်ခြင်း မဖြစ်နိုင်တော့ပါဘူး။ တစ်ခါတစ်ရံ phimosis လို့ခေါ်တဲ့ လိင်တံထိပ်ငုံအရေပြားက တင်းကျပ်သွားပြီး အနောက်ကို […]


အမျိုးသားဟော်မုန်းဆိုင်ရာများ

တက်စတိုစတီရုန်း ဟော်မုန်း နည်းလာရင် အမျိုးသားတွေမှာ ဘာတွေ ဖြစ်လာမလဲ

တက်စတိုစတီရုန်း ဟော်မုန်း နည်းလာရင် အမျိုးသားတွေမှာ ဘာတွေ ဖြစ်လာမလဲ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ Lenox Hill ဆေးရုံမှ Endocrinology ဆိုင်ရာ ပါရဂူဆရာဝန်တစ်ယောက်ဖြစ်တဲ့ စိုင်ပရို မဇ်တစ် (Spyros Mezitis) အနေနဲ့ လတ်တလောမှာ တက်စတိုစတီရုန်း ဟော်မုန်း နည်းပါးနေတဲ့ အမျိုးသားလူနာ အများအပြားကို ကုသပေးခဲ့ရပါတယ်။ Endocrinology (ခန္ဓာကိုယ်တွင်း ဟော်မုန်းများ ထွက်ရှိခြင်းကို လေ့လာသော ပညာရပ်) ဆိုတာ ပီနီရယ် ဂလင်း (pineal) ၊ ပီကျူထရီ ဂလင်း (pituitary)၊ ပန်ကရိယ (pancreas)၊ မျိုးဥအိမ်နဲ့ ဝှေးစေ့တို့ရဲ့ လုပ်ဆောင်ချက်ကို လေ့လာတဲ့ ပညာရပ်ဖြစ်ပါတယ်။ သူရဲ့ပြောကြားချက်အရကတော့ “ အမျိုးသားအများစုဟာ အိုမင်းလာတဲ့အခါ တက်စတိုစတီရုန်း ဟော်မုန်း နည်းလာပြီး အမျိုးသား လိင်အင်္ဂါက ပိုပြီးထောင်မတ်ဖို့ […]


လိင်တံပြဿနာများ

Spermatocele (Epididymal Cyst) (သုတ်ရည်ပြွန်တွင်အရည်အိတ်တည်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Spermatocele (Epididymal Cyst) (သုတ်ရည်ပြွန်တွင်အရည်အိတ်တည်ခြင်း) ကဘာလဲ။ ထိုရောဂါဟာ ဝှေးစေ့အပေါ်အနောက်ဘက်မှာ ရှိသော Epididymis ခေါ် ကွေးကောက်နေတဲ့ပြွန်လေးမှာ အရည်အိတ်တည်ခြင်းကို ဆိုလိုတာပါ။ ထိုအိတ်ထဲမှာရှိတဲ့အရည်ထဲမှာတော့ သေဆုံးသွားတဲ့ သုတ်ပိုးတွေပါဝင်နေနိုင်ပါတယ်။ ဝှေးစေ့အထက်ပိုင်းမှာ မာမာ၊ချောချောအလုံးလေးကို စမ်းမိနိုင်ပါတယ်။ Spermatocele ရှိနေခြင်းက ယောက်ျားတစ်ယောက်ရဲ့ မျိုးအောင်နိုင်မှုကို မထိခိုက်ပါဘူး။ Spermatocele (Epididymal Cyst) (သုတ်ရည်ပြွန်တွင်အရည်အိတ်တည်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ Spermatocele ဟာ အဖြစ်များပြီး spermatic cyst လို့လည်း ခေါ်ကြပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ လက္ခဏာများSpermatocele (Epididymal Cyst) (သုတ်ရည်ပြွန်တွင်အရည်အိတ်တည်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ Spermatocele ရဲ့ အဖြစ်များသော လက္ခဏာတွေကတော့ အောက်ပါတို့ပဲဖြစ်ပါတယ်။ ရောဂါရှိနေတဲ့ ဝှေးစေ့မှာ နာကျင်ခြင်း၊ မသက်မသာဖြစ်နေခြင်း လေးနေတယ်လို့ခံရစားရခြင်း ဝှေးစေ့အနောက်နဲ့အပေါ်ဘက်မှာဆိုရင် အစိုင်အခဲတစ်ခုရှိနေပြီး ပြည့်ကျပ်နေခြင်း အထက်တွင် မဖော်ပြထားသော လက္ခဏာများလည်းရှိပါသေးတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားလိင်အင်္ဂါရဲ့ ဘဝသက်တမ်း

အမျိုးသားလိင်အင်္ဂါရဲ့ ဘဝသက်တမ်း ကမ္ဘာကြီးမှာ သက်ရှိ၊ သက်မဲ့အရာတွေအားလုံး အချိန်သက်တမ်းတစ်ခုကို ကျော်လွန်လာတာနဲ့အမျှ ပြောင်းလဲတတ်ကြပါတယ်။ ဒီလိုပဲ အမျိုးသားလိင်အင်္ဂါကလည်း ဘဝသက်တမ်းတစ်လျှောက် အဆင့်အမျိုးမျိုးပြောင်းလဲပါတယ်။ ဒီပြောင်းလဲမှု အဆင့်တစ်ဆင့်ချင်းစီတိုင်းကို ခန္ဓါကိုယ်ရဲ့ တက်စတိုစတီရုန်း ဟော်မုန်း (testosterone)ပမာဏ က ထိန်းချုပ်ပေးထားတာပါ။ အသက် ၉ နှစ် ကနေ ၁၅ နှစ်ကြား အချိန်အတွင်း ပီကျူထရီ ဂလင်း (Pituitary) လို့ခေါ်တဲ့ ခန္ဓါကိုယ်ကြီးထွားမှုကို ထိန်းချုပ်ထားတဲ့ ဂလင်းက တက်စတိုစတီရုန်း ဟော်မုန်း စတင်ထုတ်လုပ်ဖို့ ခန္ဓါကိုယ်ကို အမိန့်ပေးတဲ့ ဟော်မုန်းတစ်မျိုး ထုတ်လုပ်လိုက်ပါတယ်။ အဲ့လို ပီကျူထရီဂလင်းက အမိန့်ပေးတဲ့ အချိန်မှာ လူပျိုဖော် စဝင်ပြီး ခန္ဓါကိုယ်ပြောင်းလဲမှုတွေ စတင်ဖြစ်ပေါ်ပါတယ်။ ဝှေးစေ့၊ ကပ်ပယ်အိတ်၊ လိင်တံနဲ့ ဆီးခုံအမွှေးတွေက အဲ့အချိန်ကစလို့ စတင်ကြီးထွားလာပါတော့တယ်။ တက်စတိုစတီရုန်း ဟော်မုန်းပမာဏဟာ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း