brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Spinal meningitis (ဦးနှောက်အမြှေးပါးရောင်ခြင်းရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Spinal meningitis (ဦးနှောက်အမြှေးပါးရောင်ခြင်းရောဂါ) ကဘာလဲ။

ဦးနှောက်အမြှေးပါးရောင်ခြင်း ဆိုသည်မှာ ဦးနှောက်အမှေးပါး၊အရည်များ နှင့် ကျောရိုးမကြီး တွင် ပိုးဝင်ခြင်းဖြစ်သည်။ ဖြစ်ပွားပါက တစ်ကိုယ်လုံးသို့လျင်မြန်စွာ ပြန့်နှံ့သွားတတ်သည်။

ကုသမှုမခံယူပါက နာရီပိုင်းအတွင်း ဦးနှောက်အားထိခိုက်မှုများဖြစ်ပွားနိုင်ပြီး

24 နာရီအတွင်း သေစေနိုင်သည်။

Spinal meningitis (ဦးနှောက်အမြှေးပါးရောင်ခြင်းရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

ဆရာဝန်နှင့် တိုင်ပင်ပါ။

လက္ခဏာများ

Spinal meningitis (ဦးနှောက်အမြှေးပါးရောင်ခြင်းရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

အဖြစ်များသော လက္ခဏာများမှာ

လူကြီးများတွင်

  • သာမာန် အလင်းရောင်ကို မခံနိုင်ခြင်း မကြည့်နိုင်ခြင်း
  • ခေါင်းမူးဝေခြင်း
  • ပင်ပန်းလွယ်ခြင်း
  • ခေါင်းကိုက်ခြင်း
  • အဖျားတက်ခြင်း
  • အဆစ်အမြစ်များကိုက်ခြင်း နာကျင်ခြင်း
  • ကြွက်သားများ တောင့်ခြင်း ခဲခြင်း
  • ကျောရိုးမှ နာကျင်မှုပြန့်နှံလာခြင်း
  • တက်ခြင်း
  • ကျောနှင့် လည်ပင်းခိုင်ခြင်း တောင့်ခြင်း
  • ချွေးထွက်ခြင်း
  • အန်ခြင်း
  • ကိုယ်အလေးချိန်ကျဆင်းခြင်း စသည်ဖြင့် ဖြစ်ပွားနိုင်သည်။

ကလေးငယ်များတွင်

  • အူကြောင်ကြောင်စိုက်ကြည့်နေခြင်း
  • အထိမခံနိုင်ခြင်း
  • စူးစူးဝါးဝါးအော်ငိုခြင်းညည်းခြင်း
  • ကျောကော့ခြင်း ကွေးခြင်း
  • ခြေဖျားလက်ဖျားများအေးလာခြင်း
  • ဂျီကျခြင်း
  • နှုန်းနေခြင်း၊မထနိုင်ခြင်း
  • အသားရောင်ဖျော့တော့ကာ အဖုများထွက်ခြင်း
  • အစာမစားခြင်း
  • အန်ခြင်း
  • မကြာခဏငိုနေခြင်း
  • အကယ်၍ ဖြစ်ပွားပါက ကလေးငယ်သည် ထိုင်နေရာ လှဲနေရာမှ နာသောကြောင့် ထရန် ငြင်းဆန်နေလိမ့်မည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်ပါ လက္ခဏာရပ်များဖြစ်ပွားပါက ဆရာဝန်ပြသသင့်ပါသည်။ လူတစ်ဦးနှင့်တစ်ဦးတွင် ဖြစ်ပွားမှုမတူညီ၍ ဆရာဝန်နှင့်ပြသခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။

အကြောင်းရင်းများ

Spinal meningitis (ဦးနှောက်အမြှေးပါးရောင်ခြင်းရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

ဘက်တီးရီးယား (သို့) ဗိုင်းရပ်စ်များက အများအားဖြင့် ဖြစ်ပွားစေသည်။ လက္ခဏာရပ်များ

သည် ပိုးဝင်ပြီး 10 ရက် (သို့) နှစ်ပတ်ကြာမှသာ ပေါ်လာတတ်သည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Spinal meningitis (ဦးနှောက်အမြှေးပါးရောင်ခြင်းရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

အကယ်၍ ဖြစ်ရသောအကြောင်းအရင်းမှာဘက်တီးရီးယားများကြောင့် ဖြစ်ပါက မိုက်ခရိုစကုပ် ခေါ်အနုကြည့်မှန်ပြောင်းပါကိရိယာဖြင့်ကျောရိုးအရည်များကိုစစ်ဆေးကာ အတည်ပြုနိုင်သည်။

မြန်မြန်စစ်ဆေးတွေ့ရှိကာ ကုသနိုင်လေလေ အကျိုးရလဒ်ထူးလေလေဖြစ်သည်။

Spinal meningitis (ဦးနှောက်အမြှေးပါးရောင်ခြင်းရောဂါ) ကို ဘယ်လိုကုသပါသလဲ

ဤရောဂါသည် ဆေးရုံတွင် အရေးပေါ်ကုသရန်လိုအပ်သည်။ ကုသမှုတွင် အကြောဆေးသွင်း

ခြင်းနှင့် သောက်သုံးရသော ပိုးသတ်ဆေးများ၊ အနားယူခြင်း စသည်ဖြင့် ပါဝင်သည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Dr. Kaung Thar
Dr. Kaung Thar
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr.Nyan Linn · 01/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။