ဖက်ယားရွက်ရဲ့ ဆေးဖက်ဝင်မှု

ဖက်ယားရွက်
ဘယ်လိုဆေးဖက်ဝင်တာလဲ…….
သွေးတိုးကျစေနိုင်တယ်
ဖက်ယားရွက်ရဲ့နောက်ထပ်အာနိသင်တစ်ခုကသွေးတိုးကျစေနိုင်တာပါ။သွေးတိုးရောဂါကို သက်သာစေဖို့အတွက်လည်း ဖက်ယားရွက်ကို အရင်ကတည်းက အသုံးပြုခဲ့ကြပါတယ်။ ဖက်ယားရွက်ကို ချက်ပြုတ်ပြီး စားသုံးလို့လည်းရပါတယ်။
လေးဖက်နာရောဂါကို သက်သာစေနိုင်တယ်
လေးဖက်နာရောဂါရှိသူတွေအနေနဲ့လည်း လေးဖက်နာကြောင့်ဖြစ်တဲ့ အဆစ်နာတာတွေကို သက်သာစေဖို့ ဖက်ယားရွက်ကို အသုံးပြုပေးလို့ရပါတယ်။ ဖက်ယားရွက်မှာ ဓါတ်တိုးဆန့်ကျင်အာနိသင်ရှိတာကြောင့် အဆစ်အမြစ်တွေနာကျင်ရောင်ရမ်းတာကို သိသိသာသာသက်သာစေမှာပါ။
အစာခြေစနစ် ကျန်းမာစေနိုင်တယ်
ဖက်ယားရွက်ရဲ့နောက်ထပ်ကျန်းမာရေးအာနိသင်တစ်ခုက အစာခြေစနစ်ကို ကျန်းမာစေနိုင်တာပါ။ ဒါကြောင့် အစာအိမ်ရောဂါရှိတာ၊ အူလမ်းကြောင်းပြဿနာရှိသူတွေအနေနဲ့ ဖက်ယားရွက်ကို အသုံးပြုပေးလို့ရပါတယ်။
သွေးချိုဆီးချိုသက်သာစေနိုင်တယ်
လေ့လာချက်တွေအရ ဖက်ယားရွက်မှာပါဝင်နေတဲ့ အပင်ဒြပ်ပေါင်းတစ်ခုက ဆီးချိုသွေးချိုရှိသူတွေမှာသွေးတွင်းသကြားဓါတ်ကို အထိရောက်ဆုံး ထိန်းညှိပေးနိုင်တာကိုတွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် ဆီးချိုရှိသူတွေအနေနဲ့ ဖက်ယားရွက်ကို သဘာဝဆေးဖက်ဝင်အပင်တစ်ခုအနေနဲ့ အသုံးပြုပေးလို့ရပါတယ်။
ဒါတွေပြင် ဖက်ယားရွက်က အနာသက်သာစေနိုင်သလို ဆီးရွှင်စေနိုင်တဲ့ အာနိသင်လည်းရှိပါတယ်။ နာကျင်မှုကို သက်သာစေပြီး ခန္ဓါကိုယ်ကို ဘက်တီးရီးယားတွေ အန္တရာယ်ကနေလည်း အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။
ဘယ်သူတွေနဲ့မသင့်တော်ဘူးလဲ…………
ဖက်ယားရွက်ကဆေးဖက်ဝင်တာမှန်ပေမယ့်လဒီအခြေအနေမျိုးမှာတော့ သတိထားဖို့ လိုမှာပါ။
- ကိုယ်ဝန်ဆောင်တွေ
- သွေးကျဲဆေးသောက်နေရသူတွေ
- သွေးပေါင်ကျဆေးသောက်နေရသူတွေ
- အဆစ်ရောင်တာတွေအတွက်ဆေးသောက်နေရသူတွေ ကတော့ ဖက်ယားရွက်နဲ့မသင့်တော်ပါဘူး။