Acidophilusဟာစီးပွားဖြစ်ထုတ်လုပ်ထားတဲ့ ဘက်တီးရီးယား ဖြစ်ပါတယ်။ သူတို့ဟာ ကျွန်တော်တို့ရဲ့ အစာခြေစနစ်၊ ဆီးစွန့်စနစ်နဲ့ မျိုးပွားလုပ်ငန်းစနစ်တွေထဲမှာပုံမှန်နေထိုင်ပြီးဘာရောဂါမှ မဖြစ်စေတဲ့ အကျိုးပြုဘက်တီးရီယား ဖြစ်ပါတယ်။ Lactobacillus ဆိုတာကလည်း အချဉ်ဖောက်ထားတဲ့ စားစရာတချို့ (ဥပမာ- ဒိန်ချဉ်) မှာတွေ့နိုင်ပါတယ်။ Lactobacillus ကို ဝမ်းလျှောခြင်း၊ ရောဂါပိုးဝင်ခြင်း၊ အရေပြားရောဂါဖြစ်ခြင်းစတာတွေကိုကာကွယ်ကုသရာမှာအသုံးပြုပါတယ်။ ကိုလက်စထရောနဲ့ဆိုင်တဲ့ ရောဂါတွေအတွက်၊ ကိုယ်ခံအားကို မြှင့်တင်ပေးရန်အတွက်လည်းသုံးပါတယ်။
ဆေးနှင့်ပတ်သက်ပြီးလုံလောက်တဲ့ လေ့လာစမ်းသပ်ချက်တွေ မရှိသေးပါဘူး။ ပိုပြီးသိရအောင် သဘာဝဆေးဘက်ဝင် အပင်များအကြောင်းကျွမ်းကျင်သူ (ဒါမှမဟုတ်) သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ဒါပေမယ့် အောက်ပါလေ့လာချက်တချို့တော့ရှိပါတယ်။
Lactose လက်မခံနိုင်သူများအနေနဲ့ Acidophilus ကိုအစားထိုးသုံးစွဲနိုင်ပါတယ်။ Acidophilus ကိုရောဂါကာကွယ်တဲ့ စားသောက်မှုပုံစံအတွက် သုံးမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ Candida မှိုစွဲတဲ့ ရောဂါဖြစ်ချိန်မှာ ပဋိဇီဝဆေးတွေ အားလုံးသောက်သုံးနိုင်တဲ့အပြင် Acidophilusကိုလည်း ၎င်းဆေးဝါးများ၊ အစာများ၊ လေ့ကျင့်ခန်းများကိုမပြောင်းလဲဘဲ ဖြည့်စွက်သောက်သုံးနိုင်ပါတယ်။
သဘာဝဆေးဖက်ဝင်အပင်အတွက် လိုက်နာရမယ့်အချက်တွေဟာ ဆေးဝါးများလောက်တော့ မများပါဘူး။ သူ့ရဲ့ လုံခြုံစိတ်ချရမှုအတွက် လေ့လာစမ်းသပ်ချက်တွေ ပိုမိုလိုအပ်ပါသေးတယ်။ သူ့ကိုသုံးစွဲမယ်ဆိုရင် မသုံးခင်မှာအကျိုးကျေးဇူးကဆိုးကျိုးထက် ပိုများဖို့ လိုပါတယ်။ ပိုပြီးသိရအောင် သဘာဝဆေးဘက်ဝင် အပင်များအကြောင်းကျွမ်းကျင်သူ (ဒါမှမဟုတ်) သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။
နို့ထွက်ပစ္စည်းများဟာ lactose မခံနိုင်သူများအတွက် အဆင်မပြေပါဘူး။ Acidophilus ပါဝင်တဲ့ ပစ္စည်းများကတော့ ကိုယ်ဝန်ဆောင်ချိန်၊ နို့တိုက်ချိန်တွေမှာသုံးစွဲနိုင်ပြီး ၃နှစ်အထက် ကလေးကိုလည်းပေးနိုင်ပါတယ်။ Acidophilusပါတဲ့ ဖြည့်စွက်စာကို အသက်၆လအရွယ်မှာပေးရင် တချို့ကလေးတွေမှာ နွားနို့နဲ့ ဓါတ်မတည့်နှုန်း မြင့်တက်လာနိုင်ပါတယ်။
အောက်ပါအချက်တခုခုကြုံရင် သတိထားသင်ပပါတယ်။
ဒီပစ္စည်းဟာအများစုနဲ့တည့်ပါတယ်။ ဒါပေမယ့် lactose မတည့်သူတွေမှာအစာအိမ်ပြသနာနဲ့ တခြားဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။ ဒါဟာဘက်တီးရီးယားကြောင့် မဟုတ်ဘဲထုတ်လုပ်တဲ့ဖြစ်စဉ်မှာ ပါဝင်တဲ့ lactose ကြောင့်ဖြစ်ပါတယ်။
အတွေ့ရအများဆုံးဘေးထွက်ဆိုးကျိုးကတော့
ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးတွေကိုခံစားရပုံမှာတဦးနဲ့ဦးကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။ ဖော်ပြပါဘေးထွက်ဆိုးကျိုးများမှာ မပါဝင်တဲ့ ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီးစိုးရိမ်ပူပန်မှုတွေရှိရင် အပင်များအကြောင်းကျွမ်းကျင်သူ (ဒါမှမဟုတ်) သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။
အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်။
ဒီဆေးဟာသင့်ရဲ့လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေ၊ ကျန်းမာရေးအခြေအနေတွေအပေါ် ဓါတ်ပြုပြောင်းလဲခြင်းတွေ ရှိနိုင်ပါတယ်။ အပင်များအကြောင်းကျွမ်းကျင်သူ (ဒါမှမဟုတ်) သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။
ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်။
ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်
ထုတ်လုပ်ထားပုံအများစုရဲ့ အချိုးအစားဟာသက်ရှိအရည်အတွက်အပေါ်မှာအခြေခံထားပါတယ်။ ဒါပေမယ့်အသားတင်အလေးချိန်ကိုသာအသုံးပြုသင့်ပါတယ်။ လူကြီးတွေအတွက် CFU တယူနစ်ကနေ ၁၅ ယူနစ်အထိသောင်သုံးနိုင်ပါတယ်။ ပိုသောက်ရင် အစာအိမ်ပြသနာဖြစ်နိုင်သလိုလျှော့သောက်ရင်လည်းမလုံလောက်ပါဘူး။
ကလေးများအတါက်ဆိုရင် ကလေးအထူးကုဆရာဝန်နဲ့ အရင် တိုင်ပင်သင့်ပါတယ်။ ကလေးတွေမှာ acidophilus သုံးရင် အထူးသဖြင့် ၃နှစ်အောက်ဆိုရင် သတိထားရပါမယ်။
ဒီဆေးကိုသောက်သုံးဖို့ ပမာဏဟာတဦးနဲ့တဦးမတူနိုင်ပါဘူး။ သင့်ရဲ့ အသက်အရွယ်၊ ကျန်းမာရေးနဲ့ တခြားအခြေအနေတွေပေါ်မှာမူတည်ပါတယ်။ သဘာဝဆေးဘက်ဝင်အပင်တွေက ထုတ်ထားတဲ့ ပစ္စည်းတွေဟာအမြဲတမ်းတော့ အန္တရာယ်မကင်းပါဘူး။ အပင်များအကြောင်းကျွမ်းကျင်သူ (ဒါမှမဟုတ်) သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။
acidophilus ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများ၊ အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
ပုံစံတမျိုးစီမှာသက်ရှိပေါင်း သန်း၅၀၀မှ ၁၀ဘီလျံထိ ပါဝင်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။