သဘာဝဆေးဖက်ဝင်

ပညာရှင်တွေရဲ့ အကြံပေးချက်တိုင်း သဘာဝဆေးဖက်ဝင် ပစ္စည်းတွေကို နည်းစနစ်တကျ သုံးနိုင်မယ်ဆိုရင် သင့်ရောဂါကုသရေးနဲ့ ကျန်းမာရေးအတွက် အထောက်အကူဖြစ်မှာပါ။

ကျန်းမာရေးဗဟုသုတ

သဘာဝဆေးဖက်ဝင်

စမုံစပါး ဆေးဖက်ဝင်သလား

စမုံစပါးကို ပုံမှန် ဒီအတိုင်းတော့ စားလေ့မရှိပေမယ့် ပဲဟင်းတွေ၊ အသားဟင်းတွေ ချက်တဲ့အခါမျိုးမှာ ထည့်သွင်း ချက်ပြုတ်လေ့ရှိပါတယ်။ ဟင်းလျာကို အရသာ တိုးစေနိုင် သလို အနံ့လည်း တိုးစေနိုင်ပါတယ်။ ဒီလို ဟင်းလျာတွေကို အနံ့အရသာတိုးစေဖို့အတွက် အသုံးပြုကြတဲ့ စမုံစပါးမှာ ကျန်းမာရေးကို ထောက်ကူပေးနီုင်တဲ့ အကျိုးအာနိသင်တွေ ပါနေလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ စမုံစပါး ဆိုတာ စမုံစပါးဆိုတာ အစေ့လေးတွေလို့ ထင်စရာ ရှိပေမယ့် တကယ်ကတော့ အပင်ရဲ့ အသီးပါ။ ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုကြတဲ့ ဇီယာ၊ နံနံစေ့တို့နဲ့ ခပ်ဆင်ဆင် တူပါတယ်။ အနည်းငယ် ခါးသက်သက် ရှိပြီး ပူစပ်စပ်လေးပါ။ ညိုစိမ်းစိမ်း အရောင်ရှိပြီး အနံ့လေးက သင်းသင်းလေးပါ။ နံနံပင်၊ တရုတ်နံနံတို့နဲ့ မျိုးရင်း တူပါတယ်။ စမုံစပါးမှာပါတဲ့ အာဟာရ ဟင်းလျာတွေကို အရသာတိုးစေသလို ဆေးဖက်လည်းဝင်တဲ့ စမုံစပါးမှာ ကယ်လ်လိုရီ […]

သဘာဝဆေးဖက်ဝင် ကို ရှာဖွေမည်။

သဘာဝဆေးဖက်ဝင်

မျက်နှာပေါ်က ဆဲလ်သေတွေကို ဖယ်ရှားကြမယ်

မျက်နှာပေါ်မှာ ဆဲလ်သေတွေ ရှိနေမယ်ဆိုရင် ဝက်ခြံ၊ တင်းတိပ်၊ အဆီပြန်ခြင်းတွေ ဖြစ်တတ်ပါတယ်။ ချွေးပေါက်တွေ ပိတ်စေတာကြောင့် အဆီဖုတွေပါ ဖြစ်စေနိုင်တဲ့အပြင် မျက်နှာ ကြည်ကြည်ဖြူဖြူလေး မဖြစ်တော့ဘဲ မည်းညစ်နေတာတွေ ရှိနိုင်ပါတယ်။ ဒါဆိုရင်တော့ မျက်နှာပေါ်က ဆဲလ်သေတွေကို ဖယ်ရှားဖို့ လိုလာပါပြီ။ ဆဲလ်သေတွေ မရှိတဲ့ မျက်နှာလှလှလေး ဖြစ်စေဖို့ အိမ်မှာတင် ပြုလုပ်လို့ရတဲ့ နည်းလမ်းလေးတွေ ပြောပြမယ်နော်။ သကြားနဲ့ သံလွင်ဆီ သကြားနဲ့ သံလွင်ဆီကတော့ ဘယ်လိုအသားအရေမျိုးကိုမဆို ဓာတ်တည့်စေတာမို့ အားလုံးနဲ့ အဆင်ပြေမှာပါ။ သကြားက ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပြီး သံလွင်ဆီကတော့ မျက်နှာအသားအရေလေးကို နူးညံ့စိုပြေစေပါတယ်။ ပထမဆုံး သကြား လက်ဖက်စားဇွန်း (၁) ဇွန်းလောက်ကို သံလွင်ဆီလေး နည်းနည်းနဲ့ ရောပါ။ သံပရာရည်လေး နှစ်စက်လောက် ထည့်လိုက်ပါ။ မျက်နှာတစ်ဝိုက် ပွတ်လိမ်းပေးပါ။ ဖြည်းညင်းစွာ […]


သဘာဝဆေးဖက်ဝင်

အဆီပြန်တဲ့မိန်းကလေးတွေအတွက် မိတ်ကပ်လိမ်းခြယ်နည်း

အဆီပြန်တာကြောင့် ဘယ်လိုမိတ်ကပ်ပဲလိမ်းလိမ်း ကွက်ပြီး ပျက်လို့ စိတ်ညစ်နေရတယ်ဆိုရင်တော့ တနေကုန် မိတ်ကပ်ခံမယ့် မိတ်ကပ် လိမ်းခြယ်နည်းတွေ ရှိပါတယ်။ အဆီပြန်တဲ့ မိန်းကလေးတွေမှာ အဓိက ပြဿနာတွေကတော့ ချွေးပေါက်ကျယ်ခြင်း၊ အမဲစက်ရှိခြင်းတွေပါပဲ။ အဆီပြန်တဲ့ မိန်းကလေးတွေအနေနဲ့ အဆီပြန်တာကို ထိန်းချုပ်ဖို့ဆိုရင် အဆီပြန်တာကို သက်သာစေတဲ့ Mask တွေ သုံးပေးဖို့ လိုတဲ့အပြင် အဆီပြန်တာကို သက်သာစေနိုင်တဲ့ အောက်ခံ မိတ်ကပ်လည်း ရွေးချယ်တတ်ဖို့ လိုပါတယ်။ ဒါမှ မိတ်ကပ်လိမ်းတဲ့အခါမှာ သိပ်သိပ်ညက်ညက်လေး ဖြစ်နေစေပြီး ကွက်ပြီးပျက်တာတွေ မဖြစ်မှာပါ။ Primer အဆီပြန်တတ်တဲ့ မိန်းကလေးတွေ အနေနဲ့ အောက်ခံမိတ်ကပ်စပြီး မလိမ်းခင်မှာ Primer လိမ်းပေးသင့်ပါတယ်။ ဒါက အဆီပြန်ခြင်းတွေကို သက်သာစေမှာဖြစ်ပြီး မိတ်ကပ်ကြာကြာခံဖို့လည်း အထောက်အကူပြုပါတယ်။ အောက်ခံမိတ်ကပ် အောက်ခံမိတ်ကပ်ကို အဆီပြန်တာတွေ သက်သာစေနိုင်တဲ့ အရည်ပုံစံ ရွေးချယ်ပြီး သုံးရင် အကောင်းဆုံးပါ။ ဖြစ်နိုင်ရင်တော့ […]


သဘာဝဆေးဖက်ဝင်

ကျန်းမာရေးနဲ့ ကန်စွန်းရွက်

ကျန်းမာရေးနဲ့ ကန်စွန်းရွက် ကျန်းမာရေး ကောင်းမွန်ဖို့အတွက် အစားအစာတွေက ရရှိတဲ့ အာဟာရဓါတ်တွေ၊ အကျိုးအာနိသင် ကောင်းမွန်တဲ့ ဗီတာမင်ဓါတ်တွေ ရရှိဖို့ လိုအပ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာ ဖြစ်ဖို့အတွက်တော့ သန့်ရှင်းလတ်ဆတ်ခြင်း၊ ဓါတုဆိုးဆေးတွေ မပါဝင်ခြင်းနဲ့ သင်တင့်မျှတတဲ့ အရသာနဲ့ ချက်ပြုတ်ထားတဲ့ ဟင်းလျာဖြစ်ဖို့တော့ လိုပါတယ်။ ကျန်းမာရေး ကောင်းမွန်စေတဲ့ အစားအစာတွေထဲမှာ ကန်စွန်းရွက်လည်း ပါဝင်ပါတယ်။ ကြော်စား၊ ချဉ်ရည်ဟင်းချက်စားခြင်းလိုမျိုး အစရှိသလို လုပ်စားလို့ရတဲ့ ကန်စွန်းရွက်က ကျန်းမာရေးအတွက် ဘာတွေကောင်းစေသလဲ ဖတ်ကြည့်ပေးပါဦး။ ကန်စွန်းရွက်က ကိုလက်စထရော ကျစေခြင်းနဲ့ ခန္ဓါကိုယ်အလေးချိန်ကျစေဖို့ အထောက်အကူပြုပါတယ်။ ကန်စွန်းရွက် စားပေးတာက Triglycoside လိုမျိုး ကိုလက်စထရောတွေကို လျော့ကျစေတာပါ။ အသီးအရွက်တွေရဲ့ အဓိက လုပ်ငန်းဆောင်တာကလည်း ကိုလက်စထရောတွေကို လျော့ကျစေဖို့ပါပဲ။ သံဓါတ် လုံလုံလောက်လောက် ရရှိမယ်ဆိုရင် သွေးအားနည်းရောဂါတွေ မဖြစ်စေနိုင်ပါဘူး။ […]


သဘာဝဆေးဖက်ဝင်

မြင်းခွာရွက်က အလှအပနဲ့ ကျန်းမာရေးအတွက် ဘယ်လိုအကျိုးပြုသလဲ

မြင်းခွာရွက်က အလှအပနဲ့ ကျန်းမာရေးအတွက် ဘယ်လိုအကျိုးပြုသလဲ ရေစပ်စပ်နားမှာ ပေါက်လေ့ရှိပြီး အစိမ်းရောင်ရှိတဲ့ မြင်းခွာရွက်ကို သုပ်စားကြတာရှိသလို၊ ဟင်းချိုလည်း ချက်သောက်ကြပါတယ်။ မျက်စိအားကောင်းချင်တဲ့သူတွေကတော့ မြင်းခွာရွက်ကို ရေစင်အောင် ဆေးကြောပြီး ထောင်းကာ အရည်ညှစ်သောက်ကြပါတယ်။ တကယ်တော့ မြင်းခွာရွက်မှာ မျက်စိကျန်းမာရေးကောင်းစေတဲ့ အာဟာရဓါတ်တွေအပြင် အလှအပနဲ့ တခြားခန္ဓါကိုယ်အစိတ်အပိုင်းတွေရဲ့ ကျန်းမာရေးကိုပါ ကောင်းစေတဲ့ ဂုဏ်သတ္တိတွေ ရှိပါတယ်။   ကျန်းမာရေးကောင်းမွန်စေခြင်း “Neurological sciences”ဂျာနယ်မှာတော့ မြင်းခွာရွက်ဟာ ဓါတုပစ္စည်းတွေကြောင့် ဦးနှောက် ထိခိုက်ပျက်စီးခြင်းတွေ မဖြစ်အောင် ကာကွယ်ပေးတယ်လို့ ဆိုထားပါတယ်။ မြင်းခွာရွက်ဟာ အသည်းကျန်းမာရေးအတွက်လည်း တော်တော်လေးကို အထောက်အကူပြုပါတယ်။ မြင်းခွာရွက်မှာ asiaticosida ပါဝင်တာမို့ အသည်းပျက်စီးခြင်းတွေကို ကာကွယ်ပေးပါတယ်။ ဆဲလ်တွေ ပျက်စီးခြင်းကို လျှော့ချပေးပြီး အသည်းရဲ့ လုပ်ဆောင်ချက်တွေ ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ပေးပါတယ်။ မြင်းခွာရွက်ဟာ ဆီးအိမ်မှာ ပိုးဝင်တာတွေ မဖြစ်စေဖို့ ကာကွယ်ရာမှာ […]


သဘာဝဆေးဖက်ဝင်

Lettuce (ဆလတ်ရွက်)

ဆလတ်ရွက် (lettuce)ဆလတ်ရွက်ကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အီဂျစ်မှာ စတင်စိုက်ပျိုးခဲ့တာဖြစ်ပါတယ်။ အီဂျစ်လူမျိုးတွေက ဆလတ်အစေ့ကို ဆီထုတ်ဖို့အတွက်အသုံးပြုခဲ့ကြပါတယ်။ ဆလတ်ပင်က အစေ့တင်မဟုတ်ဘူး အရွက်ကလည်း စားကောင်းပြီး အသုံးတည့်တာတွေရှိနေပါတယ်။ ဆလတ်ရွက်ကို အသားကင်တွေနဲ့တွဲဖက်စားသုံးလိုရ့သလို အကြော်တွေ၊အပြုတ်တွေနဲ့လည်းတွဲစားလို့ရပါတယ်။ အတို့အမြှုပ်အနေနဲ့ပါစားသုံးလို့ရပါတယ်။ ဆလတ်ရွက်မှာပါတဲ့ အာဟာရဓါတ်တွေဆလတ်ရွက်မှာ ရေဓါတ်၊ ပရိုတင်း၊ အဆီ၊ ကာဗိုဟိုက်ဒရိတ်၊ အမျှင်ဓါတ် နဲ့ သကြားဓါတ်တို့ပါဝင်နေပါတယ်။ ဒါတွေတင်မကသေးပါဘူး။ ဆလတ်ရွက်မှာ မဂ္ဂနီဆီယမ်၊ဖေ့စ်ဖရက် ၊ ပိုတက်ဆီယမ်၊ ဆိုဒီယမ်၊ဇင့်၊ သီရာမင်း၊ရိုင်ဘိုဖလေဗင်၊ နီကာဆင်၊ဖောလိတ်၊ ဗီတာမင် ဘီ ဆစ် ၊ စီ၊ အေ၊ အီး နဲ့ ဗီတာမင် ကေ တို့ပါဝင်နေပါတယ်။ ဘယ်လိုကျန်းမာရေးကျေးဇူးတွေရနိုင်လဲဆလတ်ရွက်ကနေရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေ နှလုံးကျန်းမာစေနိုင်တယ် ခန္ဓါကိုယ်ကျန်းမာနေစေဖို့အတွက်သွေးတွင်းက အကျိုးမပြုတဲ့ ကိုလက်စထရောတွေကိုစောင့်ကြည့်ဖို့လိုမှာပါ။သွေးထဲမှာ အကျိုးမပြုတဲ့ ကိုလက်စထရောများနေမယ်ဆိုရင် နှလုံးသွေးကြောဆိုင်ရာရောဂါတွေနဲ့အခြားရောဂါတွေခံစားရနိုင်ပါတယ်။ ကိုလက်စထရောအရမ်းများလာတဲ့အခါလေဖြတ်တာနဲ့ ရုတ်တရက် နှလုံးရပ်တာတွေခံစားရနိုင်ပါတယ်။လေ့လာမှုတွေအရ ဆလတ်ရွက်မှာပါတဲ့ဘီတာ ကယ်ရိုတင်း […]


သဘာဝဆေးဖက်ဝင်

အဆုတ်ကို ကျန်းမာစေမည့် ဆေးဖက်ဝင်အပင်များ

အဆုတ်ကို ကျန်းမာအောင်နေထိုင်ခြင်းဖြင့် အသက်ရှူလမ်းကြောင်းတစ်ခုလုံးကို ကျန်းမာအောင် ထိန်းသိမ်းနေထိုင်ရန်မှာ အလွန် အရေးကြီးပါသည်။ အမှန်အားဖြင့် အဆုတ်ကို ကျန်းမာလာစေရန် စတင်ပြုလုပ်နိုင်သော နည်းလမ်းများစွာရှိသည့်အနက် ယခုဖော်ပြမည့် ဆေးဖက်ဝင်အပင်များလည်း အပါအဝင်ဖြစ်ပါသည်။ ဆေးဖက်ဝင်အပင်များသည် အဆုတ်ကျန်းမာရေးကို ဘယ်လို မြှင့်တင်ပေးနိုင်သလဲ။ ကျွန်ုပ်တို့အဆုတ်သည် နေ့စဉ်နှင့် အမျှ ပတ်ဝန်းကျင်ရှိ အညစ်အကြေးများ၊ အန္တရာယ်ရှိသော အကောင်များ၊ မှိုများ၊ ဖုန်မှုန့်များနှင့် အခြားသောအဆိပ်အတောက်များနှင့် ထိတွေ့နေရပါသည်။ အသက်ရှူလမ်းကြောင်းသည် ထိုအညစ်အကြေးများကို နေ့စဉ် ရှင်းထုတ်နေရသော်လည်း လုံလောက်အောင် မရှင်းထုတ်နိုင်ပါ။ အမျိုးမျိုးသော ဆေးဖက်ဝင်အပင်များသည် သူ့နည်းသူ့ဟန်ဖြင့် အဆုတ်ကို ကျန်းမာစေပါသည်။ အချို့သော အပင်များသည် အဆုတ်ထဲမှ သလိပ်များကို အပြင်သို့ဟန့်ထုတ်ရလွယ်ကူစေပါသည်။ အချို့သည် ပိုးကောင်များမှ ထုတ်လွှတ်သော ဟစ်စတာမင်းဓာတ်ကို နည်းစေခြင်း၊ ဓာတ်တိုးဆန့်ကျင်မှုများကို လျော့နည်းစေခြင်းအားဖြင့် အကျိုးပြုပါသည်။ အဆုတ်ကို ကျန်းမာစေမည့် ဆေးဖက်ဝင်အပင်များ ပင်စိမ်း ပင်စိမ်းသည် ကောင်းကျိုးများကိုဖြစ်စေပြီး အခြားသော သမားရိုးကျနည်းလမ်းများကဲ့သို့ […]


သဘာဝဆေးဖက်ဝင်

Watermelon (ဖရဲသီး)

ဖရဲသီးဆိုတာဖရဲသီး (Watermelon) တောင်အာဖရိကမျိုးရင်းပင်တစ်မျိုးပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁,၀၀၀ ဝန်းကျင်က အီဂျစ်နိုင်ငံ နိုင်းမြစ်ဝှမ်း နဲ့ တရုတ်နိုင်ငံတွေမှာ စတင်စိုက်ပျိုးနေပြီဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ ဖရဲသီးကို ကမ္ဘာတလွှားမှာစိုက်ပျိုးနေကြပြီဖြစ်ပါတယ်။ ဖရဲသီးက အခွံစိမ်းပြီး အတွင်းသားက အနီရောင်ရှိသလို အဝါရောင်လည်းရှိပါတယ်။ အရည်ရွှမ်းပြီး စားရတာချိုပါတယ်။ အစိမ်းစားလို့ရတဲ့ သစ်သီးတစ်မျိုးပါ။ နွားနို့၊သကြားတို့နဲ့လည်းဖျော်သောက်လို့ရပါတယ်။ ဖရဲသီးက မှည့်လာလေလေ Beta-carotene နဲ့ lycopene တို့ပါဝင်မှုများလေလေပါ။   ဖရဲသီးက ဘယ်လိုအာဟာရတွေရရှိနိုင်လဲဖရဲသီးမှာ ခန္ဓါကိုယ်အတွက်အရေးပါတဲ့ အာဟာရဓါတ်တွေ၊ ဗီတာမင်တွေ၊သတ္တုဓါတ်တွေနဲ့အော်ဂဲနစ်ဒြပ်ပေါင်းတွေပါဝင်နေပါတယ်။ ဒါတင်မကသေးပါဘူး။ ဖရဲသီးမှာ ဗီတာမင် C၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ အမျှင်ဓါတ်၊ ပရိုတင်း နဲ့ ပိုတက်ဆီယမ်တု့ိပါဝင်နေပါတယ်။ ဒါ့အပြင် ဖရဲသီးမှာ ဗီတာမင် A၊ ဗီတာမင် B6၊ နီကာဆင်၊ သီရာမင်းနဲ့ ကာရိုတီးနွိုက်တို့လည်းပါဝင်နေပါတယ်။   ဖရဲသီးကနေရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေဖရဲသီးက အချိုတည်းဖို့သက်သက်ပဲအသုံးဝင်တာမဟုတ်ဘဲ […]


သဘာဝဆေးဖက်ဝင်

စွယ်စုံအသုံးဝင်တဲ့ ထောပတ်သီးအစေ့ကို ဘယ်လိုတွေအသုံးချကြမလဲ

ထောပတ်သီးဟာ အရသာရှိပြီး အာဟာရပြည့်ဝသလို ကျန်းမာရေးအတွက် အကျိုးကျေးဇူးများတဲ့အသီးတစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် အသားကိုစားပြီးရင် စွန့်ပစ်လေ့ရှိကြတဲ့ထောပတ်သီးအစေ့ကလည်း အသုံးဝင်တဲ့နေရာတွေ အများကြီးရှိတယ်ဆိုတာ သင်သိပါသလား။ ထောပတ်သီးအစေ့မှာ ဆေးဖက်ဝင်အာနိသင်တွေပါရှိတာကြောင့် အသားအရေအတွက်ရော၊ အရိုးအဆစ်နဲ့ ကြွက်သားတွေအတွက်ပါ အသုံးဝင်တဲ့နည်းလမ်းတွေရှိပါတယ်။ ထောပတ်သီးအစေ့ကို ဘယ်လိုစွယ်စုံသုံးမလဲဆိုတာဒီမှာ ဆက်ကြည့်ပါဦး။ ခေါင်းလျှော်ရည် ထောပတ်သီးခေါင်းလျှော်ရည်ကို ကိုယ်တိုင်ဖန်တီးလို့ရပါတယ်။ ထောပတ်စေ့သုံးစေ့ကို အခြောက်လှမ်းပြီးခြစ်ထားပါ။ရေ ၆ ခွက်နဲ့ရောမွှေပြီး ကိုယ်သုံးမယ့်ခေါင်းလျှော်ရည်အနည်းငယ်ထည့်ပါ။ ရလာတဲ့ ရှန်ပူပျစ်ပျစ်နဲ့ခေါင်းလျှော်ပေးရင် ပေါင်းတင်ထားသလို ဆံသားနူးညံ့စေပါတယ်။ သွားကိုက်ခြင်း သွားကိုက်နေတယ်ဆိုရင်ထောပတ်သီးအစေ့ကို အနည်းငယ်လှီးဖြတ်ပြီး ကိုက်နေတဲ့သွားတဝိုက်ကို ပွတ်လိမ်းပေးပါ။ ထောပတ်သီးအစေ့ အတုံးသုံးတုံးလောက်ကိုရေနွေးဆူဆူနဲ့ နှပ်ထားတဲ့ရေနဲ့ ပလုတ်ကျင်းပေးရင်လည်း သက်သာစေနိုင်ပါတယ်။ အကိုက်အခဲပျောက်ဆေး ထောပတ်သီးအစေ့ကို ကြိတ်ပြီး အရက်နဲ့ရောပြီး တစ်ပတ်လောက်နှပ်ထားပါ။ အဆစ်အမြစ်နဲ့ ကြွက်သားနာကျင်ကိုက်ခဲတဲ့အခါမျိုးမှာ အဲဒီအရည်ကို ယူပြီး နှိပ်နယ်လိမ်းပေးရင် သက်သာစေပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာအတွက်လည်း နားထင်နဲ့ လည်ကုပ်ကို နှိပ်လိမ်းပေးပါ။ အသားအရေအတွက် ဆေးတစ်လက် ထောပတ်သီးအစေ့က အရေပြားပေါ်က အမည်းစက်တွေကို ပျောက်ကင်းစေနိုင်စွမ်းလည်းရှိပါတယ်။ ထောပတ်သီးစေ့ကို […]


သဘာဝဆေးဖက်ဝင်

Oatmeal အစွမ်းနဲ့ မျက်နှာလေး လှစေဖို့

Oatmeal အစွမ်းနဲ့ မျက်နှာလေး လှစေဖို့ ပျိုပျိုမေတို့ရေ ဆိုင်မှာ ပေါင်းတင်တာထက် အိမ်မှာ သဘာဝပစ္စည်းလေးနဲ့ ပေါင်းတင်တာကို ပိုပြီး ကြိုက်တယ်ဆိုရင်တော့ ထိရောက်တဲ့နည်းလမ်းလေးနဲ့ ပေါင်းတင်ဖို့တော့ လိုတာပေါ့နော်။ ကိုယ့်ရဲ့ မျက်နှာလေး လှစေဖို့ဆိုရင်တော့ Oatmeal ရဲ့ အစွမ်းကတော့ အံ့မခန်းပါပဲ။ Oatmeal ကို အာရှမှာတော့ အသုံးပြုတာ နည်းပေမယ့် အနောက်နိုင်ငံတွေမှာတော့ မနက်စာအဖြစ် စားသုံးကြပါတယ်။ အုတ်ဂျုံလို့ ပြောပြီး ဝယ်လို့ရတယ်နော်။ ကွေကာအုပ်မှာ ပါတဲ့ အဖတ်လေးတွေ လိုပါပဲ။ Oatmeal မှာ အမျှင်ဓာတ်တွေ ပါဝင်ပြီး ကျန်းမာရေးအတွက် အထူးကောင်းမွန်သလို အလှအပအတွက်လည်း အရမ်းကို အသုံးဝင်ပါတယ်။ Oatmeal မှာ အမိုင်နိုအက်စစ်ပါဝင်တာမို့ အသားအရေတွေ ကြည်လင်စေပါတယ် ။ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပြီး ဆဲလ်အသစ် ပြန်လည် ဖြစ်တည်ဖို့ […]


သဘာဝဆေးဖက်ဝင်

Taro Root ( ပိန်းဥ )

ပိန်းဥပိန်းဥတွေ ရမယ်၊ ပိန်းဥတွေ ရမယ်။ အွန်လိုင်းမှာ သတင်းအတုတွေနဲ့ ငပိန်းဖမ်းသလို ဖမ်းလို့ရမယ့် ပိန်းဥတော့မဟုတ်ဘူးနော်။မြေကြီးထဲက တူးယူရတဲ့ သဘာဝဆေးဖက်ဝင် ပိန်းဥပါ။ ပိန်းဥကိုအရှေ့တောင်အာရှနဲ့အိန္ဒိယတောင်ပိုင်းမှာ စတင်စားသုံးကြတာလို့ ယူဆရပေမယ့် ကမ္ဘာအနှံ့ကနေရာဒေသအတော်များများမှာ စိုက်ပျိုးကြပါတယ်။ အာဖရိက၊ အိန္ဒိယတို့မှာ အဓိကစားသောက်ကုန်တစ်ခုဖြစ်နေပေမယ့် ဂျပန်၊အီဂျစ်တို့ကနေ အမေရိကန်၊ဖီဂျီနဲ့ စပိန်တို့အထိနေရာတိုင်းလိုလိုမှာ စားသုံးနေကြပါတယ်။ မြန်မာတွေကတော့ ပိန်းဥကိုပြုတ်စား၊ ဟင်းချက်စားလေ့ရှိကြပြီး အရွက်စုံနဲ့ရောကာ ဟင်းချိုချက်သောက်တာလည်း နှစ်သက်ကြပါတယ်။ ဒီလို စားလို့ကောင်းတဲ့ ပိန်းဥကနေ ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးတွေရရှိနိုင်မလဲဆိုတာ မသိချင်ဘူးလား။ ဒီအကျိုးကျေးဇူးတွေကြောင့်ပဲ စားသင့်တဲ့ အစားအစာတစ်ခုအဖြစ်နဲ့ ပိန်းဥကို ညွှန်းဆိုပေးချင်တာပါ။ ပိန်းဥရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများအစာချေဖျက်နိုင်အားပိုကောင်းစေတယ် ပိန်းဥမှာ အစာအိမ်နဲ့အူလမ်းကြောင်းကျန်းမာရေးအတွက် ကောင်းကျိုးပြုတဲ့အမျှင်ဓါတ်ပါဝင်မှုမြင့်မားပါတယ်။ အမျှင်ဓါတ်က အူတွင်းလှုပ်ရှားမှုကိုကောင်းမွန်စေတဲ့အတွက် အစာချေဖျက်နိုင်စွမ်းပိုကောင်းစေပြီး ဝမ်းမှန်စေပါတယ်။ ဒါ့အပြင် လေပွခြင်း၊ လေလည်လွန်းခြင်း၊ ဗိုက်အောင့်ခြင်း၊ဝမ်းချုပ်ခြင်းနဲ့ ဝမ်းပျက်ဝမ်းလျှောခြင်းကိုတောင် မဖြစ်အောင်ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ကင်ဆာကာကွယ်နိုင်တယ် ကင်ဆာနဲ့ပတ်သက်ရင်လည်း ပိန်းဥက ခန္ဓါကိုယ်တွင်းဓါတ်တိုးဆန့်ကျင်လုပ်ဆောင်ချက်တွေအတွက် […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း