သဘာဝဆေးဖက်ဝင်

ပညာရှင်တွေရဲ့ အကြံပေးချက်တိုင်း သဘာဝဆေးဖက်ဝင် ပစ္စည်းတွေကို နည်းစနစ်တကျ သုံးနိုင်မယ်ဆိုရင် သင့်ရောဂါကုသရေးနဲ့ ကျန်းမာရေးအတွက် အထောက်အကူဖြစ်မှာပါ။

ကျန်းမာရေးဗဟုသုတ

သဘာဝဆေးဖက်ဝင်

စမုံစပါး ဆေးဖက်ဝင်သလား

စမုံစပါးကို ပုံမှန် ဒီအတိုင်းတော့ စားလေ့မရှိပေမယ့် ပဲဟင်းတွေ၊ အသားဟင်းတွေ ချက်တဲ့အခါမျိုးမှာ ထည့်သွင်း ချက်ပြုတ်လေ့ရှိပါတယ်။ ဟင်းလျာကို အရသာ တိုးစေနိုင် သလို အနံ့လည်း တိုးစေနိုင်ပါတယ်။ ဒီလို ဟင်းလျာတွေကို အနံ့အရသာတိုးစေဖို့အတွက် အသုံးပြုကြတဲ့ စမုံစပါးမှာ ကျန်းမာရေးကို ထောက်ကူပေးနီုင်တဲ့ အကျိုးအာနိသင်တွေ ပါနေလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ စမုံစပါး ဆိုတာ စမုံစပါးဆိုတာ အစေ့လေးတွေလို့ ထင်စရာ ရှိပေမယ့် တကယ်ကတော့ အပင်ရဲ့ အသီးပါ။ ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုကြတဲ့ ဇီယာ၊ နံနံစေ့တို့နဲ့ ခပ်ဆင်ဆင် တူပါတယ်။ အနည်းငယ် ခါးသက်သက် ရှိပြီး ပူစပ်စပ်လေးပါ။ ညိုစိမ်းစိမ်း အရောင်ရှိပြီး အနံ့လေးက သင်းသင်းလေးပါ။ နံနံပင်၊ တရုတ်နံနံတို့နဲ့ မျိုးရင်း တူပါတယ်။ စမုံစပါးမှာပါတဲ့ အာဟာရ ဟင်းလျာတွေကို အရသာတိုးစေသလို ဆေးဖက်လည်းဝင်တဲ့ စမုံစပါးမှာ ကယ်လ်လိုရီ […]

သဘာဝဆေးဖက်ဝင် ကို ရှာဖွေမည်။

သဘာဝဆေးဖက်ဝင်

ရှောက်ရွက် လေးအကြောင်း သိကောင်းစရာ

ရှောက်ရွက် က ထိုင်းအစားအစာတွေတိုင်းလိုလိုမှာ တွေ့ရတတ်တဲ့ အမွှေးအကြိုင်တစ်ခုပါ။ တို့ဟူးသုပ်၊ ငါးဖယ်သုပ်၊ ကင်းမွန်သုပ်တွေထဲထည့်စားရင်လည်း အနံ့အရသာပြည့်စုံစေတဲ့ ဟင်းခတ်အမွှေးအကြိုင်လေးပေါ့။ တို့စားရင်လည်း မွှေးမွှေးလေးနဲ့ ခံတွင်းပါရှင်းသေးတယ်နော်။ ရှောက်ရွက်ရဲ့ အသုံးတည့်မှုက ဒီလောက်ပဲလား။ ဒီထက်မကတဲ့ ကျန်းမာရေးအကျိုးထူးတွေပိုင်ဆိုင်ထားတဲ့ ရှောက်ရွက်လေးအကြောင်း နည်းနည်းလောက် ဆွေးနွေးကြရအောင်လား။ ရှောက်ရွက် မှာဘာတွေပါလဲ ရှောက်ရွက်မှာ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်တဲ့ ဗီတာမင် C၊ ရှောက်မျိုးနွယ်ဝင်အပင်တွေမှာ ပါတဲ့ ဗီတာမင် တစ်မျိုးဖြစ်တဲ့ ဗီတာမင် Pတို့အဓိကပါဝင်နေပါတယ်။ ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးတွေ ရရှိစေနိုင်တာလဲ ရှောက်ရွက် က ဖလေဗာနွိုက်ကြွယ်ဝစွာ ပါဝင်နေတာကြောင့် နှလုံးရောဂါနဲ့ ကင်ဆာဝေဒနာခံစားနေရသူတွေအတွက် သင့်တော်ပါတယ်။ အစားများလို့ မအီမသာဖြစ်တာ၊ ပင်ပန်းနုံးချိတာ၊ အော့အန်တာ၊ ဗိုက်မကောင်းတာတွေအတွက်လည်း ရှောက်ရွက်ကို ရေစင်စင်လေးဆေးပြီး ဝါးစားလိုက်ရုံပါ။ ဝမ်းသွားနေသူတွေအနေနဲ့ ရှောက်ရွက်နုနုလေးကို ဝါးစားပေးလို့ရသလို ရှောက်ရွက်ပြုတ်ရည် သောက်ပေးလို့လည်း ရပါတယ်။ အနာတွေ၊ ပြတ်ရှဒဏ်ရာတွေ အနာစိမ်းတွေဖြစ်တဲ့အခါမှာလည်း […]


သဘာဝဆေးဖက်ဝင်

ထန်းရည် ကြိုက်တတ်သူတွေအတွက် သတင်းကောင်း

ထန်းရည် ကြိုက်တတ်တဲ့ Hello ဆရာဝန်ပရိသတ်ကြီးများရှိလား။ ဒါဆိုရင်တော့ ဆက်သာသောက်လို့ ပြောပါရစေလား။ ထန်းရည်က ကျန်းမာရေးအကျိုးကျေးဇူးတွေ ပေးစွမ်းနိုင်ပါတယ်။ ဘယ်လိုများ ကျန်းမာရေးအကျိုးကျေးဇူးတွေ ရနိုင်လဲသိချင်ရင်တော့ တူတူဆက်ဆွေးနွေးရအောင်လား။ ထန်းရည် ထန်းရည်ဆိုတာက ထန်းသီးကနေရတဲ့ အရည်မဟုတ်ပါဘူး။ ထန်းဖူးကနေ ရတဲ့အရည်ပါ။ ထန်းရည်ကို သောက်စရာတစ်ခုအနေနဲ့ သောက်လာခဲ့တာ အရင်ကတည်းကပါ။ ထန်းရည်မှာ အချိုနဲ့ အခါးဆိုပြီး ရှိပါတယ်။ ဒီထန်းရည်က သဘာဝဆေးတစ်ခုအနေနဲ့ ခန္ဓာကိုယ်ကို အကျိုးပြုပေးနိုင်ပါတယ်။ ထန်းရည်က pH ၈ ကနေ ၉ ရှိပါတယ်။ ထန်းရည်က ကျန်းမာရေးအကျိုးကျေးဇူးများတဲ့ သောက်စရာတစ်ခုလို့ ပြောပါရစေနော်။ ထန်းရည်ကနေ ဒီလိုအာဟာရဓာတ်တွေ ရနိုင်ပါတယ် ထန်းရည်မှာ အာဟာရဓာတ်အနေနဲ့ ဆူးခရို့စ် ပရိုတင်း Ascorbic acid အမျှင်ဓာတ် အမိုင်နိုအက်ဆစ် ဗီတာမင် C နဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ထန်းရည် […]


သဘာဝဆေးဖက်ဝင်

ထန်းလျက်လေးက ဆေးဖြစ်ဝါးဖြစ်စားပေးလို့ရတယ်နော်

ထန်းလျက်လေးတွေက မီးဖိုချောင်တိုင်းမှာ ပုလင်းလေး၊ ဒါမှမဟုတ်လေလုံတဲ့ဗူးလေးနဲ့ထည့်ထားတာတွေ့ဖူးမှာပေါ့။နေ့ခင်းနေ့လယ်ရေနွေးကြမ်းလေးနဲ့သောက်ကြသလို ရင်ချောင်အောင်ဆိုပြီး အချိုတည်းတာမျိုးလည်းရှိပါတယ်။နောက်ပြီး ထန်းလျက်ကို အုန်းသီးနဲ့တွဲစားတာကလည်းတော်တော်လေးအရသာရှိသေးတယ်။ ထန်းလျက်ပါတဲ့မုန့်တွေကလည်း စားလို့ကောင်းတာအမှန်ပါပဲ။ ဒီလိုစားကောင်းတဲ့ ထန်းလျက်လေးကဆေးဖက်ဝင်တဲ့အချက်လေးတွေလည်းရှိနေပါသေးတယ်နော်။ ထန်းလျက်ဆိုတာက ထန်းလျက်ဆိုတာက အချိုဓါတ်ပါတဲ့ စားစရာတစ်ခုပေါ့။ ဒီအတိုင်းစားလို့ရသလို အရည်ကျိုပြီး မုန့်လက်ကောက်ကြော်၊နှမ်းကပ်ကြော်တို့နဲ့တို့စားတာ၊ သာကူကျိုတဲ့အခါ ထန်းလျက်နဲ့ကျိုတာ။ မုန့်လက်ဆောင်းကို ထန်းလျက်ရည်လေး အုန်းသီးလေးထည့်ပြီးသောက်လိုက်ရင် ေနွရာသီမှာ ရင်အေးစေတာအမှန်ပါ။ ဒီလိုစားကောင်းအရသာရှိတဲ့ အချိုတည်းစရာ ထန်းလျက်လေးက ထန်းရည်ကို ကျိုချက်လိုက်တာကနေရလာတဲ့ စားစရာတစ်ခုပေါ့။ ထန်းပင်ကကျတဲ့ သန့်စင်ထားတဲ့ ထန်းရည်ချိုကို ဒယ်အိုးထဲသို့ထည့်ပြီး မီးပြင်းပြင်းနဲ့ပျစ်လာတဲ့အထိ ဆူပွက်အောင်ကျိုပေးပြီး သမအောင်မွှေပေးရပါတယ်။ အရည်ပျစ်လာတဲ့အခါ ထန်းလျက်သားကျလာတဲ့အခါ မီးဖိုပေါ်ကနေချပြီး လိုသလိုပုံစံနဲ့ အခဲခံလိုက်တဲ့အခါ စားကောင်းတဲ့ထန်းလျက်ရလာပြီပေါ့။ ဘယ်လိုအာဟာရဓါတ်တွေပါဝင်နေလဲ ထန်းလျက်မှာ ကယ်လ်လိုရီ နဲ့ ကာဗိုဟိုက်ဒရိတ်တွေပါဝင်နေပါတယ်။ ဒါတွေအပြင် ထန်းလျက်မှာ ဖရက်တို့ ဂလူးကို့စ် ဆူးခရို့စ် သံဓါတ် ကယ်လ်ဆီယမ် မဂ္ဂနီဆီယမ် ပိုတက်ဆီယမ်နဲ့ […]


သဘာဝဆေးဖက်ဝင်

ချယ်ရီသီးတွေမှာ လှပတဲ့အဆင်းအပြင် အချင်းပါရှိတယ်ဆိုတာ သင်သိပါသလား။ ။

စတော်ဘယ်ရီချယ်ရီရောရင် ဘုံကမ္ဘာ ၇ ဆင့်ကို ရောက်သွားတယ်လို့ တင်စားတတ်ကြပါတယ်။ ဒါတွေဟာ အကြောင်းမဲ့ပြောနေတာ မဟုတ်ပါဘူး။ နီနီရဲရဲ လေးနဲ့ လှပတဲ့ စတော်ဘယ်ရီနဲ့ ချယ်ရီသီးတို့ဟာ အရသာရှိတဲ့အပြင် အဆင်းလည်းလှပြီး ကျန်းမာရေးအတွက်လည်း အထောက်အကူပြုတဲ့ အသီးတွေပါ။ စတော်ဘယ်ရီကတောင် ချဉ်တဲ့အရသာရှိသေးပေမယ့် ချယ်ရီသီးကတော့ အချိုသီးသန့်တလိုင်းသွားတော့ အချဉ်ကြောက်တဲ့သူတွေအတွက် အဆင်ပြေတာပေ့ါ။ ။ ဒီလိုမျိုးအေးတဲ့ဆောင်းရာသီဆိုတာ ချယ်ရီတို့ စတော်ဘယ်ရီတို့ပေါတဲ့ ရာသီပါ။ ။ ချယ်ရီသီးကြောင့် ရနိုင်တဲ့ ကျန်းမာရေး ကောင်းကျိုးတွေ။ ။ မနက်စာကို အုတ်ဂျုံ လေးစားမယ်လို့ စိတ်ကူးလိုက်ပြီး ဘာသီးနဲ့ တွဲစားရမှန်းမသိရင် ချယ်ရီသီးကိုသာ ပြေးမြင်လိုက်တော့။ အုတ်ဂျုံနဲ့ ချယ်ရီပေါင်းစပ်တဲ့ အတွဲလောက် စားကောင်းတာမရှိဘူး။ မနက်စာတင်လား မဟုတ်ပါဘူး။ ကြိုက်တဲ့အချိန် ချယ်ရီသီးကို စားနေလို့ရပါတယ်။ များများစားလေ ကျန်းမာရေးကို ပိုအထောက်အကူ ပြုလေပါပဲ […]


သဘာဝဆေးဖက်ဝင်

ပဲကတ္တီပါ ရဲ့ ကျန်းမာရေးအကျိုးကျေးဇူး

ပဲကတ္တီပါ လို့ပြောလိုက်ရင်ကို ထွေထွေးထူးထူး သိပ်ပြောစရာမလိုအောင် လူတိုင်းသိထားပြီးသား ဖြစ်မယ်ထင်ပါတယ်နော်။ အညိုရောင်ရင့်ရင့်လေးဖြစ်ပြီး စားလိုက်ရင် ခပ်ဆိမ့်ဆိမ့်အရသာလေးနဲ့ စားကောင်းပါတယ်။ ပဲကတ္တီပါကို ပြုတ်ပြီး စားကြတာပါ။ ပြုတ်ပြီးသား ပဲကတ္တီပါကိုမှ ကြက်သွန်စိမ်းနဲ့ သုပ်စားတာဖြစ်ဖြစ်၊ ကြော်စားတာမျိုးဖြစ်ဖြစ် စားတတ်ကြပါတယ်။ အရှေ့တောင်အာရှနိုင်ငံ တော်တော်များများမှာ စားသုံးကြပါတယ်။ ပဲကတ္တီပါ မှာ ဘယ်လိုအာဟာရဓာတ်တွေ ပါဝင်နေတာလဲ ဒီစားကောင်းတဲ့ ပဲကတ္တီပါမှာ ပရိုတင်း၊ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ fatty acids၊ ကစီဓာတ် နဲ့ အမိုင်နိုအက်ဆစ်တို့ပါဝင်နေပါတယ်။ ခန္ဓာကိုယ်ကျန်းမာရေးအတွက် တော်တော်လေးအထောက်အကူပြုနိုင်တဲ့ စားစရာတစ်ခုပါ။ ဆေးဖက်ဝင်တဲ့ စားစရာတစ်ခုဆိုလည်း မမှားပါဘူး။ ပဲကတ္တီပါကနေ ရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက သိမြင်မှုစွမ်းရည်ကို တိုးတက်ကောင်းမွန်စေနိုင်တယ် ပဲကတ္တီပါမှာ L-dopa လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ်ပါဝင်နေတာကြောင့် သိမြင်မှုစွမ်းရည်တွေကို တိုးတက်ကောင်းမွန်စေနိုင်သလို စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေနိုင်ပါတယ်။ ဦးနှောက်ကိုကျန်းမာစေနိုင်ပြီး စိတ်ဖိစီးမှု ကင်းစေနိုင်ပါတယ်။ အစာခြေစနစ်ကို ကျန်းမာစေနိုင်တယ် အစာခြေစနစ်ကို […]


သဘာဝဆေးဖက်ဝင်

ကလိုရင်းခတ်ထားတဲ့ ရေကြောင့် ရနိုင်မယ့် ကောင်းကျိုး ဆိုးကျိုးတွေ ။ ။

ရေထဲမှာ ကလိုရင်း( chlorine) ခတ်တယ်ဆိုတာ ၂၀ ရာစုနောက်ပိုင်းမှာ ခေတ်စားလာတဲ့အရာတစ်ခုဖြစ်ပြီး ၂၁ ရာစုမှာတော့ တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပြီဖြစ်တဲ့ အရာတစ်ခုပါ။ ရေထဲမှာ ကလိုရင်း ခတ်တဲ့ ဓလေ့က ကောင်းကျိုူးတွေကိုရစေဖို့ မျှော်ကိုးပြီး လုပ်တာဖြစ်ပေမယ့် သူ့မှာ အခြား ဆိုးကျိုးတွေလည်းရှိနိုင်ပါသေးတယ်။ ဒီဆောင်းပါးလေးထဲမှာတော့ ကလိုရင်းခတ်ခြင်းကြောင့် ရနိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေ ကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ ကလိုရင်းခတ်ထားတဲ့ ရေကိုသုံးခြင်းကြောင့် ရရှိနိုင်တဲ့ ကောင်းကျိုးများ ။ ။ ကလိုရင်းဟာ oxidizing agent ( ဓါတ်တိုးဆန့်ကျင် ပစ္စည်း) ဖြစ်တာကြောင့် ရေထဲမှာရှိတဲ့ ဘက်တီးရီးယားတော်တော်များများကို သေစေနိုင်တဲ့ အစွမ်းရှိပါတယ်။ ကလိုရင်းက ဘက်တီးရီးယားပဲ မဟုတ်ပါဘူး။ ဗိုင်းရပ်စ်တွေကိုပါ သတ်နိုင်စွမ်းရှိပါတယ်။ ကလိုရင်းခတ်ထားတဲ့ ရေကူးကန်ထဲ ဘယ်ပိုးမှ ဝင်နေလို့မရတာကြောင့် ရေကူးကန်ကနေ […]


သဘာဝဆေးဖက်ဝင်

အဆစ်တွေချိုးတဲ့အကျင့်နဲ့ ပတ်သက်လို့

လူ့ခန္ဓာကိုယ်မှာ လက်ချောင်း၊ခြေချောင်းလေးတွေကနေစလို့ ဒူး၊ လည်ပင်းနဲ့ အစိတ်အပိုင်းတွေကိုကောင်းစွာလှုပ်ရှားနိုင်စေဖို့ အဆစ်တွေနဲ့ဖွဲ့စည်းထားတာပါ။ ဒီအဆစ်တွေကို ညောင်းတဲ့အခါမှာ ဂျွတ်ခနဲ မြည်အောင်ချိုးတတ်ကြတယ်နော်။ ဒီအလေ့အထကို လူတော်တော်များများ ၁၀၀ မှာဆိုရင် ၄၅ ရာခိုင်နှုန်းလောက် အလေ့အထတစ်ခုလိုကို လုပ်နေတတ်ကြပါတယ်။ ဒီလိုအဆစ်တွေကို အညောင်းပြေအောင်ဆိုပြီး ချိုးတတ်တဲ့ အကျင့်က အဆစ်ရောင်ဝေဒနာကိုဖြစ်စေနိုင်တယ်ဆိုတဲ့ပြောစကားကိုကြားဖူးကြမယ်ထင်ပါတယ်။ ဒါက ယုံတမ်းစကားလား၊ တကယ်လား ဆိုတာကို ဒီဆောင်းပါးလေးကနေတဆင့်ပြောပြပေးပါရစေ။ အဆစ်တွေက ဒီလိုဖွဲ့စည်းထားတာပါ အဆစ်တွေတော်တော်များများထဲမှာ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို အကောင်းဆုံးလှုပ်ရှားနိုင်စေဖို့အတွက် လုပ်ဆောင်ပေးတဲ့ချောဆီတွေဖြည့်ထားတဲ့ အိတ်ငယ်လေးတွေရှိနေပါတယ်။ စက်ပစ္စည်းတွေလည်ပတ်မှုကောင်းအောင် အမဲဆီ၊ချောဆီတွေက လုပ်ဆောင်ပေးသလိုမျိုးပေါ့။ ဒီအရည်တွေက အဆစ်တွေလှုပ်ရှားတိုင်းမှာ အဆင်ပြေပြေလှုပ်ရှားနိုင်ဖို့လုပ်ဆောင်ပေးပါတယ်။ အဆစ်တွေကိုဆွဲလိုက်တဲ့အခါမှာဖြစ်ဖြစ် ချိုးလိုက်တဲ့အခါမှာဖြစ်ဖြစ် အရိုးတွေတစ်ခုနဲ့ တစ်ခုကြားမှာရှိတဲ့နေရာလွတ်လေးက ဟသွားပြီး အသံတွေထွက်လာတာပါ။ ဒါက တကယ်တော့အဆစ်တွေအပေါ်မှာ မကောင်းတဲ့ဖိအားတွေသက်ရောက်စေတာပါ။ အဆစ်တွေချိုးတာက တကယ်တော့ကောင်းတာထက် ဆိုးတာကပိုများစေတယ်လို့ပြောရပါမယ်။ အဆစ်တွေချိုးတာကို နေ့စဉ်အလေ့အထတစ်ခုလို လုပ်နေမယ်ဆိုရင်တော့ အာရုံကြောတွေထိခိုက်စေနိုင်ပါတယ်။ အချို့ကတော့ […]


သဘာဝဆေးဖက်ဝင်

အဆစ်တွေကို ထိခိုက်စေနိုင်တဲ့ နေ့စဉ်အပြုအမူအချို့

အဆစ်တွေမကောင်းတော့ ထိုင်ရထရခက်တယ်၊ လှုပ်ရှားရမလွယ်ဘူး။ စိတ်သွားတိုင်း ကိုယ်မပါဘူး၊ လို့များတွေးနေလား။ လူတစ်ယောက်အကောင်းဆုံးလှုပ်ရှားနိုင်ဖို့ အဆစ်တွေကတော်တော်လေးအရေးပါတာပါ။ ဒီတော့ အရေးပါတဲ့ အစိတ်အပိုင်းလေးတွေဖြစ်တဲ့ အဆစ်လေးတွေကို အမှုမဲ့အမှတ်မဲ့ဖြစ်ဖြစ် မသိလို့ပဲဖြစ်ဖြစ် ထိခိုက်တာမျိုးမဖြစ်စေဖို့ ဒီအချက်လေးတွေကို စမ်းသပ်ကြည့်ရအောင်ပါ။ ဒီအပြုအမူတွေကြောင့်အဆစ်တွေထိခိုက်နိုင်ပါတယ် စာရိုက်များတာ - တစ်နေ့တာမှာ စာရိုက်တာအတွက်အချိန်တွေတော်တော်လေးအသုံးပြုနေရပြီလား။ ဒီအလေ့အထကလည်း ကြည့်တော့သာဘာမှမဟုတ်တယ် အဆစ်တွေကိုတော်တော်လေးထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် စာရိုက်တာကို ဖုန်းနဲ့ဖြစ်ဖြစ် ကွန်ပျူတာမှာဖြစ်ဖြစ် တရစပ်ရိုက်နေတာမျိုးမလုပ်ပါနဲ့။ အနားပေးပါ။ သက်တောင့်သက်သာအနေအထားမှန်မှန်နဲ့ စာရိုက်ဖို့မမေ့ပါနဲ့။ အထိုင်များတဲ့ ဘဝနေထိုင်မှုပုံစံ -ကိုယ်လက်လှုပ်ရှားမှုနည်းပြီး အထိုင်များတဲ့ ဘဝနေထိုင်မှုပုံစံကလည်း အဆစ်တွေကို ထိခိုက်စေနိုင်တဲ့အချက်တစ်ခုပါ။ ဒါကြောင့်နေ့စဉ် ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးတာမျိုး၊ လမ်းလျှောက်တာမျိုးလေးတွေ အခါသင့်သလိုလုပ်ပေးပါ။ တစ်ချိန်လုံး ထိုင်မနေပါနဲ့။ တစ်ခုခုကို အချိန်ကြာရှည်စွာလုပ်တာ - ထိုင်ရင်းဖြစ်ဖြစ် မတ်တတ်ရပ်ရင်းဖြစ်ဖြစ် အလုပ်တစ်ခုခုကိုအချိန်ကြာမြင့်စွာလုပ်တာကလည်း အဆစ်တွေကို ထိခိုက်စေနိုင်ပါတယ်။ ကွန်ပျူတာကိုအချိန်အကြာကြီးကြည့်နေတာ။ ဖုန်းအကြာကြီးသုံးတာလည်း လည်ပင်း၊ လက်နဲ့ ခန္ဓါကိုယ်က […]


သဘာဝဆေးဖက်ဝင်

ဗောက် ပြဿနာကြောင့် စိတ်ညစ်နေပြီလား

ဗောက် ဆိုတာ ဦးရေပြားဆိုင်ရာ ပြဿနာဖြစ်ပြီး ကျား၊ မ မရွေး၊ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပါတယ်။ ဦးရေပြားက မကြာခဏ ယားယံနေပြီး ခေါင်းဖြီးလိုက်တိုင်း အဖြူရောင်အမှုန်၊ အဖတ်တွေ ကျလာတတ်တာ ဗောက် ပြဿနာရဲ့ လက္ခဏာတွေပါ။ ဒါ့အပြင် ဦးရေပြားမှာ ဆီလို ချွဲကျိနေတဲ့ အကွက်တွေ ဖြစ်တတ်ပြီး အသားထဲက တစ်ခုခု ထိုးနေသလို ခံစားရနိုင်ပါတယ်။ မိန်းကလေးတွေ ဆံပင်မကြာခဏ ဖြောင့်တာ၊ ကောက်တာ၊ ပုံသွင်းတာကြောင့် ဆံသားခြောက်သွေ့ပျက်စီးပြီး ဗောက်ထတတ်ပါတယ်။ ယောက်ျားလေးတွေမှာလည်း တစ်ကိုယ်ရေ သန့်ရှင်းမှု မရှိတာ၊ ခေါင်းသိပ်မလျှော်တာ၊ ဆံပင်ပုံသွင်းတဲ့ ဂျယ်လ်တွေ၊ ခရင်မ်တွေ သုံးလွန်းပြီး ခေါင်းမလျှော်ဘဲ ထားထားတာကြောင့်လည်း ဗောက်ထနိုင်ပါတယ်။ မျိုးရိုးဗီဇ၊ ရောဂါအခြေအနေ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာကြောင့် ရံဖန်ရံခါ ဗောက်ထနိုင်ပါတယ်။ အကောင်းဆုံးကတော့ ဗောက်ထတဲ့ ပြဿနာကို […]


သဘာဝဆေးဖက်ဝင်

အရွယ်ရင့်စေတဲ့ အချိန်ကာလတွေကို ရပ်တန့်ပေးမယ့် စူပါ အစားအသောက် (၈) မျိုး ။ ။

နာရီနဲ့ အမျှ ဆဲလ် တွေက ပျက်စီးပြီး အသက်ကြီးလာတဲ့အတွက် ရုပ်ရည် ဆိုတာ အသက်ကြီးလာတဲ့နဲ့ အမျှ ရင့်လာတတ်တာမျိုးပါ။ လူတွေကလည်း ခက်သား။ အသက်ကြီးလာလေ ပိုပြီးနုချင်လေမလား။ အသက်ကြီးလာလို့ ရုပ်ရင့်လာတာ၊ အသားအရေတွေ ပျက်စီးလာတာကို လုံးဝကြီး ရပ်တန့်လိုက်လို့ မရပေမယ့် ခုပြောပြမယ့် အစားအသောက် ၈ မျိုးနဲ့တော့ ဆွဲဆန့်ထားလို့တော့ ရပါတယ်။ ဘာ အစားအသောက်တွေလဲဆိုတာ မသိဘူး မဖြစ်ရလေအောင် ဒီဆောင်ပါးလေးကို ဖတ်ဖြစ်အောင် ဖတ်လိုက်ကြနော်။ ။ အရွယ်ရင့်စေတဲ့ နာရီ စက်ဝန်းကို တန့်ထားပေးနိုင်တဲ့ အစားအသောက် ၁၀ မျိုး ။ ၁။ ကန်စွန်းရွက် ။ ။ မြန်မာနိုင်ငံသားတိုင်း နှစ်ခြိုက်စွာ စားသုံးကြတဲ့ ဒီ ကန်စွန်းရွက်ဟာ ဈေးလည်းသက်သာသလို ကျန်းမာရေးအတွက် […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း