သဘာဝဆေးဖက်ဝင်ပစ္စည်းများ

တိုင်းရင်းဆေးပညာဆိုတာလည်း ဆေးပညာတစ်ခုပါပဲ။ တတ်ကျွမ်းနားလည်တဲ့သူရဲ့ ညွှန်ကြားချက်တွေနဲ့ဆိုရင် ကျွန်ုပ်တို့ရဲ့ ကျန်းမာရေးကို ကောင်းမွန်စွာ စောင့်ရှောက်နိုင်မှာပါ။ သိပ္ပံနည်းကျ အတည်ပြုထားတဲ့ သဘာဝင်ဆေးဖက်ဝင်ပစ္စည်းတွေနဲ့ တိုင်းရင်းဆေးတွေအကြောင်းကို ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သဘာဝဆေးဖက်ဝင်ပစ္စည်းများ

စမုံစပါး ဆေးဖက်ဝင်သလား

စမုံစပါးကို ပုံမှန် ဒီအတိုင်းတော့ စားလေ့မရှိပေမယ့် ပဲဟင်းတွေ၊ အသားဟင်းတွေ ချက်တဲ့အခါမျိုးမှာ ထည့်သွင်း ချက်ပြုတ်လေ့ရှိပါတယ်။ ဟင်းလျာကို အရသာ တိုးစေနိုင် သလို အနံ့လည်း တိုးစေနိုင်ပါတယ်။ ဒီလို ဟင်းလျာတွေကို အနံ့အရသာတိုးစေဖို့အတွက် အသုံးပြုကြတဲ့ စမုံစပါးမှာ ကျန်းမာရေးကို ထောက်ကူပေးနီုင်တဲ့ အကျိုးအာနိသင်တွေ ပါနေလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ စမုံစပါး ဆိုတာ စမုံစပါးဆိုတာ အစေ့လေးတွေလို့ ထင်စရာ ရှိပေမယ့် တကယ်ကတော့ အပင်ရဲ့ အသီးပါ။ ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုကြတဲ့ ဇီယာ၊ နံနံစေ့တို့နဲ့ ခပ်ဆင်ဆင် တူပါတယ်။ အနည်းငယ် ခါးသက်သက် ရှိပြီး ပူစပ်စပ်လေးပါ။ ညိုစိမ်းစိမ်း အရောင်ရှိပြီး အနံ့လေးက သင်းသင်းလေးပါ။ နံနံပင်၊ တရုတ်နံနံတို့နဲ့ မျိုးရင်း တူပါတယ်။ စမုံစပါးမှာပါတဲ့ အာဟာရ ဟင်းလျာတွေကို အရသာတိုးစေသလို ဆေးဖက်လည်းဝင်တဲ့ စမုံစပါးမှာ ကယ်လ်လိုရီ […]

သဘာဝဆေးဖက်ဝင်ပစ္စည်းများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

သဘာဝဆေးဖက်ဝင်ပစ္စည်းများ ကို ရှာဖွေမည်။

သဘာဝဆေးဖက်ဝင်

Taro Root ( ပိန်းဥ )

ပိန်းဥပိန်းဥတွေ ရမယ်၊ ပိန်းဥတွေ ရမယ်။ အွန်လိုင်းမှာ သတင်းအတုတွေနဲ့ ငပိန်းဖမ်းသလို ဖမ်းလို့ရမယ့် ပိန်းဥတော့မဟုတ်ဘူးနော်။မြေကြီးထဲက တူးယူရတဲ့ သဘာဝဆေးဖက်ဝင် ပိန်းဥပါ။ ပိန်းဥကိုအရှေ့တောင်အာရှနဲ့အိန္ဒိယတောင်ပိုင်းမှာ စတင်စားသုံးကြတာလို့ ယူဆရပေမယ့် ကမ္ဘာအနှံ့ကနေရာဒေသအတော်များများမှာ စိုက်ပျိုးကြပါတယ်။ အာဖရိက၊ အိန္ဒိယတို့မှာ အဓိကစားသောက်ကုန်တစ်ခုဖြစ်နေပေမယ့် ဂျပန်၊အီဂျစ်တို့ကနေ အမေရိကန်၊ဖီဂျီနဲ့ စပိန်တို့အထိနေရာတိုင်းလိုလိုမှာ စားသုံးနေကြပါတယ်။ မြန်မာတွေကတော့ ပိန်းဥကိုပြုတ်စား၊ ဟင်းချက်စားလေ့ရှိကြပြီး အရွက်စုံနဲ့ရောကာ ဟင်းချိုချက်သောက်တာလည်း နှစ်သက်ကြပါတယ်။ ဒီလို စားလို့ကောင်းတဲ့ ပိန်းဥကနေ ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးတွေရရှိနိုင်မလဲဆိုတာ မသိချင်ဘူးလား။ ဒီအကျိုးကျေးဇူးတွေကြောင့်ပဲ စားသင့်တဲ့ အစားအစာတစ်ခုအဖြစ်နဲ့ ပိန်းဥကို ညွှန်းဆိုပေးချင်တာပါ။ ပိန်းဥရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများအစာချေဖျက်နိုင်အားပိုကောင်းစေတယ် ပိန်းဥမှာ အစာအိမ်နဲ့အူလမ်းကြောင်းကျန်းမာရေးအတွက် ကောင်းကျိုးပြုတဲ့အမျှင်ဓါတ်ပါဝင်မှုမြင့်မားပါတယ်။ အမျှင်ဓါတ်က အူတွင်းလှုပ်ရှားမှုကိုကောင်းမွန်စေတဲ့အတွက် အစာချေဖျက်နိုင်စွမ်းပိုကောင်းစေပြီး ဝမ်းမှန်စေပါတယ်။ ဒါ့အပြင် လေပွခြင်း၊ လေလည်လွန်းခြင်း၊ ဗိုက်အောင့်ခြင်း၊ဝမ်းချုပ်ခြင်းနဲ့ ဝမ်းပျက်ဝမ်းလျှောခြင်းကိုတောင် မဖြစ်အောင်ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ကင်ဆာကာကွယ်နိုင်တယ် ကင်ဆာနဲ့ပတ်သက်ရင်လည်း ပိန်းဥက ခန္ဓါကိုယ်တွင်းဓါတ်တိုးဆန့်ကျင်လုပ်ဆောင်ချက်တွေအတွက် […]


သဘာဝဆေးဖက်ဝင်

ကြည်လင်တောက်ပတဲ့ မျက်နှာလေးဖြစ်ဖို့ အိမ်မှာတင် Face Mask လုပ်ကြမယ်

ကြည်လင်တောက်ပတဲ့ မျက်နှာလေးဖြစ်ဖို့ အိမ်မှာတင် Face Mask လုပ်ကြမယ် Face Mask က အလှပြင်ပစ္စည်းတွေနဲ့ အသားအရေထိန်းသိမ်းနိုင်တဲ့ ထုတ်ကုန်တွေကြားမှာတော့ တွင်တွင်ကျယ်ကျယ် နေရာယူထားပါတယ်။ Face Mask မှာလည်း မျက်နှာကနေ ခွာချရတဲ့ ကပ်ခွာလိုမျိုး ရှိသလို ပုံမှန်အတိုင်း မျက်နှာသစ်ပေးရတာတွေလည်း ရှိပါသေးတယ်။ Fase Mask အမျိုးအစားတွေမှာ ဝက်ခြံထွက်တဲ့သူတွေအတွက်၊ အဆီပြန်လွယ်တဲ့ အသားအရေအတွက်၊ အသားခြောက်တဲ့သူတွေအပြင် အသားအရေ ကြည်လင်တောက်ပစေဖို့ဆိုပြီး အစရှိသလို ကွဲပြားပါတယ်။ တချို့ကျတော့လည်း ဆိုင်ကနေပဲ Face Mask ဝယ်ပြီး မျက်နှာမှာ ကပ်တာမျိုး ရှိပါတယ်။ ဆိုင်ကရောင်းတဲ့ Face Mask တွေကို မသုံးဘဲ အိမ်မှာတင် ကိုယ်တိုင်လုပ်ပြီး ပေါင်းတင်ချင်တဲ့သူတွေလည်း ရှိမှာပါ။ အိမ်မှာတင် သဘာဝပစ္စည်းတွေနဲ့ ကြေးကျွတ်ပြီး ကြည်လင်တောက်ပတဲ့ […]


သဘာဝဆေးဖက်ဝင်

Ash Gourd (ကျောက်ဖရုံသီး)

ကျောက်ဖရုံသီးကျောက်ဖရုံသီးဟာ အာဟာရဓါတ်ပြည့်ဝပြီး ဗီတာမင်Bနဲ့C အပြင် ကယ်လ်စီယမ်၊ပိုတက်စီယမ်၊သံဓါတ်နဲ့ အမျှင်ဓါတ်တို့လို ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ အရေးကြီးတဲ့သတ္တုဓါတ်တွေကြွယ်ဝပါတယ်။ ဆီးချိုသမားတွေအတွက် အကောင်းဆုံးစားစရာတွေထဲပါဝင်သလို ကယ်လိုရီပါဝင်မှုလည်းနည်းပါတယ်။ ကိုယ်အလေးချိန်လျှော့ချရာမှာ ကျောက်ဖရုံသီးကိုစားသုံးခြင်းက အထောက်အကူပေးနိုင်တယ်လို့ သိရပါတယ်။ကျောက်ဖရုံသီးက ခန္ဓါကိုယ်အပူကိုငြိမ်းစေပြီး အဆိပ်အတောက်ကိုပြေစေပါတယ်။ကျောက်ဖရုံသီးဖျော်ရညိကို အစာမရှိတဲ့အချိန်မှာသောက်ပေးရင် အစာအိမ်အနာတွေအတွက်ကောင်းပါတယ်။       ကျောက်ဖရုံသီးရဲ့ကျန်းမာရေးအကျိုးကျေးဇူးများ(၁) အစာအိမ်အနာတွေသက်သာစေ၊ အူတွင်းပိုးမွှားတွေရှင်းစေတယ် ကျောက်ဖရုံသီးက အစာအိမ်နဲ့အူတွင်းအမြှေးပါးမှာအနာဖြစ်ပေါ်ခြင်းကို ကုသရာမှာ အထောက်အကူပေးပါတယ်။ အစာအိမ်နဲ့အူလမ်းကြောင်းအတွင်းမှာရှိတဲ့ အန္တရာယ်ရှိဘက်တီးရီးယားအားလုံးကို ဖယ်ရှားရှင်းလင်းပေးနိုင်လို့ အစာအိမ်နဲ့အူလမ်းကြောင်းရောဂါပိုးဝင်ခြင်းတွေ၊ အစာမကြေခြင်းတွေ ကိုကာကွယ်ပြီးသားဖြစ်ပါတယ်။ (၂) ကိုယ်အလေးချိန်လျှော့ချရာမှာ အထောက်အကူပေးတယ် ကိုယ်အလေးချိန်လျှော့ချဖို့ စဉ်းစားနေတာဆိုရင် ကယ်လိုရီများတဲ့အစားအစာတွေနေရာမှာ အစားထိုးနိုင်ဖို့ အသင့်တော်ဆုံးကကျောက်ဖရုံသီးဖျော်ရည် သို့မဟုတ်ပြုတ်ကြော်ပဲဖြစ်ပါတယ်။ သူ့မှာ အာဟာရဓါတ်ကအပြည့်အဝ ပါရှိပြီးရေဓါတ်က ၉၆ ရာခိုင်နှုန်းပါဝင်ပါတယ်။   (၃) သွေးတိတ်စေတယ် ကျောက်ဖရုံသီးကသွေးတိတ်စေတဲ့သဘာဝအာနိသင်ရှိပါတယ်။ပြင်ပဒဏ်ရာအတွက် ကုသဖို့ အသုံးပြုခဲပေမယ့်( အရွက်တွေကိုထောင်းကြိတ်ပြီးအနာမှာပွတ်အုံပေးတာမျိုးကလွဲလို့)ကျောက်ဖရုံသီးက အတွင်းပိုင်းသွေးယိုခြင်းအတွက် အစွမ်းထက်ပါတယ်။ ပုံမှန်စားပေးရင်နွေရာသီမှာဖြစ်တတ်တဲ့ နှာခေါင်းသွေးယိုခြင်းကိုလည်း ကာကွယ်နိုင်ပါတယ်။ကျောက်ကပ်မှာသွေးယိုစိမ့်မှုကြောင့်ဖြစ်လာတဲ့ ဆီးထဲမှာသွေးပါခြင်း၊ အနာတွေကြောင့်၊ လိပ်ခေါင်းကြောင့်သွေးယိုခြင်း စတာတွေကိုကျောက်ဖရုံသီးဖျော်ရည်သောက်ခြင်းဖြင့် သက်သာစေနိုင်ပါတယ်။ (၄) […]


သဘာဝဆေးဖက်ဝင်

စမုန်နက်စေ့ဆီ

စမုန်နက်စေ့ဆီစမုန်နက်စေ့အဆီကို လွန်ခဲ့တဲ့ နှစ်ပေါင်းတော်တော်ကြာကာလတွေကတည်းက အနာကျက်စေဖို့၊ရောင်ရမ်းမှုလျော့ကျစေဖို့နဲ့ ကင်ဆာကာကွယ်နိုင်စေဖို့အတွက် အသုံးပြုခဲ့ကြပါတယ်။ သွားနာတာ၊ခေါင်းကိုက်တာ၊ အူထဲကသန်ကောင်ကျတာ၊ နှာခေါင်းပိတ်တာ၊ မျက်စိနာတာ နဲ့ပြည်တည်နာတွေအတွက်အသုံးပြုခဲ့ကြပါတယ်။ စမုန်နက်စေ့ဆီကို ကျန်းမာရေးအတွက်တော်တော်လေးအသုံးပြုလို့ရပါတယ်။ စမုန်နက်စေ့ဆီမှာဖော့စဖောရက်စ်၊ မဂ္ဂနိ၊ သိရာမင်း သံဓါတ်၊ဇင့်၊ကော့ပါး၊ ကယ်လ်ဆီယမ်၊ဗီတာမင်အေ နဲ့ ပိုတက်ဆီယမ်တို့ပါဝင်နေပါတယ်။ စမုန်နက်ဆီကရောင်ရမ်းမှုကိုလျော့ကျစေနိုင်သလို၊ ကင်ဆာကိုတိုက်ဖျက်ပေးနိုင်ပြီး၊ မှိုပိုးတွေကိုလည်းသေစေနိုင်ပါ။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်ပြီး ဘက်တီးရီးယားတွေကိုသေစေနိုင်စွမ်းရှိပါတယ်။ မျက်လုံးကိုကျန်းမာစေပြီး အမြင်အာရုံကိုလည်းကောင်းမွန်စေနိုင်ပါတယ်။ စမုန်နက်စေ့ဆီကို ဒီရောဂါတွေအတွက် သုံးလို့ရတယ် ဝမ်းလျှောတာ (Diarrhea) ပန်းနာရင်ကျပ် (asthma) ဓါတ်မတည့်တာ လိပ်ခေါင်း (Hemorrhoids) ဝမ်းချုပ်တာ တုပ်ကွေး (Flu) အစာမကြေတာ လေပြွန်ရောင်တာ (Bronchitis) လေနာ ဝမ်းကိုက်ခြင်း (Dysentery) သွေးတိုးတာ ကိုလက်စထရောကျစေနိုင်ခြင်း ကင်ဆာသက်သာစေနိုင်ခြင်း ကင်ဆာကာကွယ်ပေးနိုင်ခြင်း ကိုယ်ခံအားတိုးစေနိုင်ခြင်း သားဆက်ခြားပေးနိုင်ခြင်း ရာသီသွေးထိမ်တာကို သက်သာစေနိုင်ခြင်း ဓါတုကုထုံးခံယူနေသူတွေကို သက်သာစေနိုင်ခြင်း အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာတွေ အရေပြားပြဿနာတွေ ခေါင်းမကိုက်အောင်ကာကွယ်ပေးတယ် ခေါင်းကိုက်တာကို သက်သာစေတယ် လေးဖက်နာ (Rheumatoid Arthritis) စမုန်နက်စေ့ဆီကနေ ရရှိနိုင်တဲ့ကျန်းမာရေးအကျိုးကျေးဇူးများသွေးတိုးကျစေနိုင်ခြင်း စမုန်နက်စေ့ဆီကသွေးတိုးကိုကျစေနိုင်ပါတယ်။ အခြားဘေးထွက်ဆိုးကျိုးဖြစ်တာမျိုးလည်းမရှပါဘူး။ စမုန်နက်စေ့ဆီက ခန္ဓါကိုယ်ရဲ့သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီးသွေးမတိုးအောင် ထိန်းသိမ်းပေးတာဖြစ်ပါတယ်။ ကိုလက်စထရောနဲ့ အင်ဆူလင်ကိုထိန်းညှိပေးနိုင်ခြင်း J. N. Medical Collegeဆေးဝါးလေ့လာရေးဌာနကပြုလုပ်ခဲ့တဲ့လေ့လာမှုတစ်ရပ်မှာ စမုန်နက်ဆီကို တစ်ခါသောက်ရင် ၂.၅ မီလီလီတာနှုန်းနဲ့ တစ်နေ့ကို နှစ်ကြိမ် […]


သဘာဝဆေးဖက်ဝင်

Marijuana (ဆေးခြောက်)

ဆေးခြောက် (Marijuana) ဆိုတာဘာလဲဆေးခြောက်ကိုနိုင်ငံတော်တော်များများက အစိုးရတွေက အသုံးပြုခွင့်တားမြစ်ထားပေမယ့် အချို့နိုင်ငံတွေမှာတော့ဆေးခြောက်ကို နာကျင်တဲ့ဝေဒနာ၊မအီမသာဖြစ်တာနဲ့အခြားသောရောဂါတွေကို ကုသရာမှာအသုံးပြုခွင့်ပေးထားပါတယ်။ ဆေးဘက်ဆိုင်ရာမှာ အသုံးဝင်မှုတွေရှိနေတဲ့ဆေးခြောက်ကိုဆေးခြောက်ပင်ရဲ့ အရွက်တွေနဲ့အဖူးတွေကို အခြောက်ခံပြီးပြုလုပ်ထားတာဖြစ်ပါတယ်။ဆေးခြောက်ကိုဖွာရှိုက်တာ၊ ရှုတာနဲ့ အစားအစာတွေနဲ့ရေနွေးထဲကိုထည့်ပြီးမှီဝဲလို့ရပါတယ်။ဆေးကုသတဲ့နေရာမှာဆေးခြောက်ကိုဆေးပြားအနေဲ့ရော အဆီအနေနဲ့ပါအသုံးပြုခဲ့ကြပါတယ်။ ဆေးခြောက်ကို နာကျင်တာသက်သာစေဖို့၊မအီမသာဖြစ်တာကိုလျော့ပါးသက်သာစေဖို့နဲ့ အခြားသောဆေးကုသမှုဆိုင်ရာဘေးထွက်ဆိုးကျိုးတွေလျော့ပါးသက်သာစေဖို့နဲ့ရောဂါအချို့ကိုကုသရာမှာပါအသုံးပြုလို့ရပါသေးတယ်။ ဆေးခြောက်ဆိုတာကဆေးဖက်ဝင်အပင်တစ်မျိုးကနေရရှိလာတဲ့ အရာတစ်မျိုးပါ။ ဒါပေမယ့်ဆေးခြောက်ထဲမှာ cannabinoids လို့ခေါ်တဲ့ ဓါတုပစ္စည်းတစ်ခုပါဝင်နေပါတယ်။ ဒီဓါတုပစ္စည်းက ပင်မအာရုံကြောစနစ်အပေါ်မှာသက်ရော်မှုရှိစေတာဖြစ်ပါတယ်။ အပင်ရဲ့ အရွက်တွေနဲ့ အပွင့်မှာcannabinoids ပါဝင်မှုအများဆုံးဖြစ်ပြီးဆေးဝါးထုတလုပ်ရာမှာလည်း အရွက်နဲ့အပွင့်ကို အဓိကအသုံးပြုကြပါတယ်။ အချို့လူတွေကဆေးခြောက်ကို စိတ်အပန်းဖြေစရာတစ်ရပ်အနေနဲ့ အသုံးပြုကြပါတယ်။ဆေးခြောက်မှာပါတဲ့ cannabinoids က ကိုက်ခဲမှုကိုကုသရာမှာအသုံးပြုတဲ့ ကိုဒင်း နဲ့ အာနိသင်ဆင်တူတာကြောင့်multiple sclerosis (MS) အာရုံကြောဆိုင်ရာချို့ယွင်းတဲ့ရောဂါလက္ခဏာတွေကို ကုသရာမှာအသုံးပြုခဲ့ကြပါတယ်။ ကုသရေးပိုင်းမှာ ဘယ်လိုအသုံးဝင်သလဲရေတိမ် –ဆေးခြောက်ကိုရှုရှိုက်တာက မျက်စိရေတိမ်ခံစားနေတဲ့သူတွေရဲ့ မျက်လုံးအတွင်းပိုင်းက ဖိအားကိုကျဆင်းစေနိုင်ပါတယ်။ အမြင်အာရုံနဗ်ကြောတွေဆီကိုသွေးစီးဆင်းရောက်ရှိမှုလျော့ကျအောင်လုပ်ဆောင်ပေးတဲ့အပြင်ဆေးခြောက်ကအမြင်အာရုံကိုတိုးတက်စေနိုင်ပါတယ်။ အိတ်အိုင်ဗွီ/အေအိုင်ဒီအက်စ်ကြောင့်ကိုယ်အလေးချိန်ကျဆင်းခြင်း –ဆေးခြောက်ရှုတာကအေအိုင်ဒီအက်စရောဂါရှိသူတွေကို အစာစားချင်စိတ်ဖြစ်အောင်လှုံ့ဆော်ပေးပါတယ်။ indinavir (Crixivan) (သို့)nelfinavir (Viracept)ဆေးသောက်သုံးနေရတဲ့ အိတ်အိုင်ဗွီရောဂါသည်တွေအနေနဲ့လည်း ကိုယ်အလေးချိန်တက်လာစေဖို့ဆေးခြောက်ကိုမှီဝဲပေးလို့ရပါတယ်။ Multiple […]


တိုင်းရင်းဆေးဝါးများ

အကြောအဆစ်ပြင်သူတွေနဲ့ ပတ်သတ်ပြီး သိထားသင့်သော အချက်၃ချက်

အကြောအဆစ်ပြင်ခြင်းနဲ့ အကြောအဆစ်ပြင်သူတွေအကြောင်း ကြားဖူးမှာပါ။ သူတို့ကို ကီရိုပရက်တာလို့ ခေါ်ပါတယ်။ ဘယ်လိုခေါ်တာလဲအပြင် အခြားဘာတွေကော သိထားသေးလဲ။ အကြောအဆစ်ပြင်ချင်တယ် ဒါမှမဟုတ် သိချင်တယ်ဆိုရင် ယခုဖော်ပြမည့် ဆောင်းပါးကို ဖတ်ရှုနိုင်ပါတယ်။ သိသင့်သိထိုက်သည်များကို ဖော်ပြပေးထားပါတယ်။   အကြောအဆစ်ပြင်သူများ။ ယုံကြည်ချက်နှင့် ပန်းတိုင် အလုပ်တိုင်းမှာ သူ့ယုံကြည်ချက်နဲ့ ပန်းတိုင်ကိုယ်စီရှိကြပါတယ်။ အကြောအဆစ်ပြင်သူတွေကလည်း သူတို့အလုပ်မှာ ယုံကြည်ချက်နဲ့ ပန်းတိုင်ထားကြပါတယ်။ အာရုံကြောနဲ့ ကျောရိုးကြားမှာ ဆက်နွယ်မှုရှိတယ်လို့ ယုံကြည်ကြတာပါ။ · ကျောရိုးပုံစံမမှန်ခြင်းက အာရုံကြောစနစ်ပေါ်မှာသက်ရောက်မှုရှိနိုင်တဲ့အပြင် အာရုံကြောစနစ်ကို ထိခိုက်မိခြင်းကလည်း ကျောရိုးကိုထိခိုက်မှုရှိနေတယ်လို့ ယုံကြည်ထားကြပါတယ်။ · အကြောအဆစ်ပြင်လိုက်ခြင်းက ကျောရိုးပုံမမှန်ခြင်းပြဿနာတွေကို သက်သာစေပြီး တစ်ရှုးတွေပေါ်မှာ သက်ရောက်နေတဲ့ ဖိအားကို လျော့ချပေးတယ်လို့ ယုံကြည်ကြပါတယ်။ ရလဒ်အနေနဲ့ ယေဘူယျကျန်းမာရေးအခြေအနေ တိုးတက်မှုရှိလာမှာပဲ ဖြစ်ပါတယ်။ အကြောအဆစ်ပြင်သူတွေက ကျောရိုးပြင်ပေးခြင်းအားဖြင့် ကွေးညွတ်နိုင်စွမ်းနဲ့ လှုပ်ရှားနိုင်စွမ်းတွေကို ပြန်လည်ရရှိစေပါတယ်။ သူတို့တွေ ဘာလုပ်ကြတာလဲ။ အကြောအဆစ်ပြင်သူတွေဟာ လှုပ်ရှားနိုင်စွမ်းကောင်းစေဖို့၊ အကြောကိုကလိနေသောအရာများလျော့နည်းစေဖို့နဲ့ လုပ်နိုင်စွမ်းများ တိုးတက်စေဖို့ […]


သဘာဝဆေးဖက်ဝင်

ဘိုတော့စ် ကုသမှုအပြီး, မိမိကိုယ်ကိုယ်, ဂရုစိုက်နည်းများ

Botox ကုသမှု အသုံးပြုခြင်းဟာ အရေးအကြောင်းတွေကို ပျောက်ကင်းစေပြီး အသားအရေကို နုပျိုစေပါတယ်။ ဒီကုသမှုဟာ ရှုပ်ထွေးမှုမရှိပဲ အချိန်ကြာမြင့်ခြင်းလည်း မရှိပါဘူး။ Botox ထိုးခြင်းရဲ့ အာနိသင်ဟာ သုံးလကနေ လေးလအထိ ကြာမြင့်နိုင်ပြီး တစ်ခါတစ်ရံခြောက်လ အထိလည်း ကြာမြင့်နိုင်ပါတယ်။ အကောင်းဆုံး အစွမ်းတွေကို ရရှိဖို့အတွက် Botox ကုသမှု ပြုလုပ်ပြီးချိန်မှာ ဂရုစိုက်ရမယ့်အချက်တွေကို သိထားဖို့ လိုအပ်ပါတယ်။ အောက်ဖေါ်ပြပါ အချက် ၇ ချက်ကတော့ Botox ထိုးအပြီး သင်စဉ်းစားသင့်တဲ့အချက်တွေပဲ ဖြစ်ပါတယ်။     လေ့ကျင့်ခန်း အသင့်အတင့်လုပ်ပါ။ Botox ထိုးပြီး ပထမတစ်နာရီမှာ ထိုးထားတဲ့နေရာကို မျက်နှာလေ့ကျင့်ခန်းတွေ ဖြည်းညင်းစွာလုပ်သင့်ပါတယ်။ ပြုံးခြင်း၊ မျက်မှောင်ကြုံ့ခြင်း၊ မျက်ခုံးပင့်ခြင်း၊ မျက်စိစွေကြည့်ခြင်းတွေ ပြုလုပ်သင့်ပါတယ်။ ဒါဟာ Botox ကြွက်သားအတွင်း ပြန့်သွားခြင်းကို ကူညီပေးပြီး မျက်နှာ ကြွက်သားတင်းခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။   မျက်နှာကို […]


သဘာဝဆေးဖက်ဝင်

Mangosteen(မင်းဂွတ်)

မင်းဂွတ် (mangosteen)မင်းဂွတ်ဆိုတဲ့နေရာမှာ အပင်တွေအကိုင်းတွေထက် မင်းဂွတ်သီးကိုပဲမြင်ဖူးကြတာများပါလိမ့်မယ်။ မင်းဂွတ်သီးရဲ့အရောင်က အညိုဘက်သန်းတဲ့ အနီရောင်ရင့်ရင့်ပါ။ အခွံကိုနွှာပြီးမှာ အထဲက အဖြူရောင် အသားဆံတွေကိုစားသုံးရတာဖြစ်ပါတယ်။ မင်းဂွတ်ပင်က ဘယ်ဒေသကမျိုးရင်းပင်လဲဆိုတာကိုတော့သေသေချာချာမသိရှိကြသေးပါဘူး။ အရှေ့တောင်အာရှနိုင်ငံတွေက အရင်ဆုံးစိုက်ပျိုးခဲ့ကြတာလို့တော့ သိရပါတယ်။ ထိုင်း၊မြန်မာ၊အိန္ဒိယနဲ့ဗီယက်နမ်နိုင်ငံတွေမှာတော့ လွန်ခဲ့တဲ့နှစ်ပါင်းများစွာကတည်းကစိုက်ပျိုးလာခဲ့ကြတာဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ အဆိုပါနိုင်ငံတွေအပြင် အာရှနိုင်ငံတော်တော်များများနဲ့ အာဖရိကနိုင်ငံတွေမှာပါစိုက်ပျိုးလာခဲ့ကြပါတယ်။ အရမ်းမြင့်တဲ့ဒေသတွေမှာတော့ မင်းဂွတ်ပင်ကမပေါက်ရောက်ပါဘူး။ မင်းဂွတ်သီးကဆေးဖက်ဝင်တယ်ဆိုတာကို လွန်ခဲ့တဲ့နှစ်ပေါင်းအတော်ကြာကာလတွေကတည်းက အရှေ့တောင်အာရှနိုင်ငံဒေသခံတွေကသိရှိခဲ့ကြပါတယ်။ မင်းဂွတ်ရဲ့ အာဟာရတန်ဖိုးများမင်းဂွတ်သီးမှာရေ၊စွမ်းအင်၊ပရိုတင်း၊ကာဗိုဟိုက်ဒရိတ် နဲ့အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်တာကြောင့် ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ကယ်လ်ဆီယမ်၊ သံဓါတ်၊ ဖေ့ဖရိတ်၊ပိုတက်ဆီယမ်၊ဇင့်၊ ကော့ပါးနဲ့ မဂ္ဂနိလိုမျိုး အာဟာရဓါတ်တွေလည်းကြွယ်ဝစွာပါရှိပါတယ်။ မင်းဂွတ်သီးမှာ ဗီတာမင် C၊ B6၊ B12၊ A တို့ပါဝင်တာကြောင့် ကျန်းမာရေးအတွက်ကောင်းမွန်ပါတယ်။ မင်းဂွတ်သီးမှာthiamin၊ riboflavin၊ niacin၊ pantothenic acid၊ ဖောလိတ်၊ ဖောလစ်အက်ဆစ်၊ ကာရိုတင်းနဲ့ […]


သဘာဝဆေးဖက်ဝင်

Matcha (ဂျပန်အဆင့်မြင့် လက်ဖက်စိမ်း) ရဲ့ဝက်ခြံအပေါ်အကျိုးသက်ရောက်မှု

ဂျပန်အဆင့်မြင့်လက်ဖက်စိမ်း (Matcha) ဂျပန်လက်ဖက်စိမ်း (matcha) ဆိုတာကCamellia sinensis လက်ဖက်ပင်ကနေရရှိတဲ့ အရွက်တွေကို အမှုန့်လုပ်ထားတဲ့ အစိမ်းရောင်ရှိတဲ့ အမှုန့်လေးတွေပါ။ လက်ဖက်ရွက်ရဲ့ အစိမ်းရောင်ပျောက်ပျက်မသွားအောင် အခြောက်ခံပြီးလုပ်ထားတဲ့ အမှုန့် ပါပဲ။ လက်ဖက်ကို အညိုရောင်ပြောင်းတဲ့အထိအခြောက်ခံပြီးလုပ်ထားတာမဟုတ်ဘဲ အသားအရေနဲ့ ခန္ဓာကိုယ်အတွက် အထောက်အကူပြုနိုင်တဲ့ သဘာဝဆေးဖက်ဝင်ပစ္စည်းတစ်မျိုးပါ။ matcha လုပ်ဖို့အတွက် လက်ဖက်ရွက်တွေကို မခူးဆွတ်ခင် နှစ်ပတ်လောက်ကြိုပြီး အရိပ်ရအောင်လုပ်ပေးရတယ်။ပြီးမှ ခူးဆွတ်ရတာပါ။ ဒီလိုလုပ်မှသာ လက်ဖက်ရွက်ရဲ့chlorophyll ပမာဏကိုတိုးစေနိုင်မှာဖြစ်ပါတယ်။ လက်ဖက်ရွက်ကို ခူးဆွတ်ပြီးရင်လည်းရေနွေးငွေ့နဲ့ ပေါင်းခံတာ၊အခြောက်ခံတာနဲ့ အမှုန့်ကြိတ်တာတွေကို အဆင့်ဆင့်လုပ်ဆောင်ရပါသေးတယ်။ matcha ကကိုယ်ခန္ဓာအတွက် ကျန်းမာရေးအတွက်ကောင်းတယ်ဆိုတာကိုတော့တော်တော်များများသိထားကြမှာပါ။ matcha ကို လက်ဖက်ရည်ကြမ်းလုပ်ပြီး သောက်ပေးမှ အကျိုးကျေးဇူးတွေ ရရှိလိမ့်မယ်လို့ ထင်ကောင်းထင်နေပါလိမ့်မယ်။ ဒါကအတိအကျမှန်တယ်မဆိုနိုင်ပါဘူး။ matcha အမှုန့်ကို အသားအရေအတွက် လိမ်းပေးတာမျိုးလည်း အသုံးပြုလို့ရပါသေးတယ်။ matcha မှာ ဓာတ်တိုးဆန့်ကျင် ပစ္စည်းများစွာပါဝင်နေတာကြောင့် […]


သဘာဝဆေးဖက်ဝင်

Fenugreek Seed ( ပဲနံ့သာစေ့ )

ပဲနံ့သာစေ့ကနေ ရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးများပဲနံ့သာပင်ကဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပြီး လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကာလတွေကတည်းက ပဲနံ့သာပင်ရဲ့ အရွက်တွေ နဲ့ အစေ့ကို အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ အိန္ဒိယ ဟင်းလျာတွေထဲမှာ ပဲနံ့သာစေ့ကိုထည့်သွင်းချက်ပြုတ်လေ့ရှိ ကြပါတယ်။ ကျန်းမာရေးကောင်းမွန်စေဖို့အတွက် ပဲနံ့သာစေ့ကို ဟင်းခတ်အမွှေးအကြိုင်တစ်ခုအနေနဲ့ ဟင်းလျာတွေထဲမှာ ထည့်သွင်းချက်ပြုတ်လေ့ရှိသလို ဆံပင်သန်ဆေးအဖြစ်နဲ့လည်း သုံးစွဲခဲ့ကြပါတယ်။ ဒါပေမယ့် မကြာသေးခင်ကပြုလုပ်ခဲ့တဲ့လေ့လာမှုတစ်ရပ်မှာပဲနံ့သာစေ့က ကျန်းမာရေးကောင်းစေရုံ၊ ဆံပင်တွေသန်စွမ်းစေရုံသာမက အခြားကျန်းမာရေးအကျိုးကျးဇူးတွေပါရှိနေတယ်။ လို့သိရပါတယ်။ ပဲနံ့သာစေ့ကိုဟင်းလျာတွေထဲမှာ ထည့်သွင်းချက်ပြုတ်ပေးခြင်းဖြင့် ဆီးချိုကို ထိန်းချုပ်ပေးနိုင်မှာဖြစ်သလို ကလေးလိုချင်နေတဲ့ အိမ်ထောင်ရှင်တွေအတွက်လည်း သားသမီးရရှိစေနိုင်မှာဖြစ်တဲ့အပြင် အရေပြားအတွက်လည်းကောင်းကျိုးတွေပေးစွမ်းနိုင်တယ်လို့တွေ့ရှိခဲ့ရပါတယ်။   ပဲနံ့သာစေ့ (Fenugreek Seed)ပဲနံ့သာပင်ဆိုတာက စိမ့်ဖျော့ဖျော့အရွက်ကလေးတွေရှိပြီး အဖြူရောင်ပန်းပွင့်ငယ်လေးတွေပွင့်တဲ့ တစ်နှစ်ခံပင်တစ်မျိုးပါ။ အပင်က ၂ပေကနေ ၃ပေ အထိမြင့်နိုင်ပြီး အစေ့အိမ်လေးတွေထဲမှာ ဝါညိုရောင်ရှိပြီး ခပ်ပြားပြားသေးသေး သဏ္ဍန်ရှိတဲ့ ပဲစေ့ငယ်လေးတွေ ၁၀စေ့ကနေ ၁၅စေ့အထိပါဝင်ပါတယ်။ အရသာကတော့ အနည်းငယ် ဖန်တဲ့ဘက်ကိုသွားပါတယ်။ ဟင်းခတ်အမွှေးအကြိုင်တွေထဲမှာ ထည့်သွင်းအသုံးပြုလေ့ရှိကြပါတယ်။ ပဲနံ့သာစေ့ကို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း