သဘာဝဆေးဖက်ဝင်ပစ္စည်းများ

တိုင်းရင်းဆေးပညာဆိုတာလည်း ဆေးပညာတစ်ခုပါပဲ။ တတ်ကျွမ်းနားလည်တဲ့သူရဲ့ ညွှန်ကြားချက်တွေနဲ့ဆိုရင် ကျွန်ုပ်တို့ရဲ့ ကျန်းမာရေးကို ကောင်းမွန်စွာ စောင့်ရှောက်နိုင်မှာပါ။ သိပ္ပံနည်းကျ အတည်ပြုထားတဲ့ သဘာဝင်ဆေးဖက်ဝင်ပစ္စည်းတွေနဲ့ တိုင်းရင်းဆေးတွေအကြောင်းကို ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သဘာဝဆေးဖက်ဝင်ပစ္စည်းများ

စမုံစပါး ဆေးဖက်ဝင်သလား

စမုံစပါးကို ပုံမှန် ဒီအတိုင်းတော့ စားလေ့မရှိပေမယ့် ပဲဟင်းတွေ၊ အသားဟင်းတွေ ချက်တဲ့အခါမျိုးမှာ ထည့်သွင်း ချက်ပြုတ်လေ့ရှိပါတယ်။ ဟင်းလျာကို အရသာ တိုးစေနိုင် သလို အနံ့လည်း တိုးစေနိုင်ပါတယ်။ ဒီလို ဟင်းလျာတွေကို အနံ့အရသာတိုးစေဖို့အတွက် အသုံးပြုကြတဲ့ စမုံစပါးမှာ ကျန်းမာရေးကို ထောက်ကူပေးနီုင်တဲ့ အကျိုးအာနိသင်တွေ ပါနေလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ စမုံစပါး ဆိုတာ စမုံစပါးဆိုတာ အစေ့လေးတွေလို့ ထင်စရာ ရှိပေမယ့် တကယ်ကတော့ အပင်ရဲ့ အသီးပါ။ ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုကြတဲ့ ဇီယာ၊ နံနံစေ့တို့နဲ့ ခပ်ဆင်ဆင် တူပါတယ်။ အနည်းငယ် ခါးသက်သက် ရှိပြီး ပူစပ်စပ်လေးပါ။ ညိုစိမ်းစိမ်း အရောင်ရှိပြီး အနံ့လေးက သင်းသင်းလေးပါ။ နံနံပင်၊ တရုတ်နံနံတို့နဲ့ မျိုးရင်း တူပါတယ်။ စမုံစပါးမှာပါတဲ့ အာဟာရ ဟင်းလျာတွေကို အရသာတိုးစေသလို ဆေးဖက်လည်းဝင်တဲ့ စမုံစပါးမှာ ကယ်လ်လိုရီ […]

သဘာဝဆေးဖက်ဝင်ပစ္စည်းများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

သဘာဝဆေးဖက်ဝင်ပစ္စည်းများ ကို ရှာဖွေမည်။

သဘာဝဆေးဖက်ဝင်

Mexican scammony

Usesမက္ကဆီကန်စက္ကန်မိုနီကိုဘာအတွက်သုံးသလဲ။ မက္ကဆီကန်စက္ကန်မိုနီမှာ အပင်တစ်မျိုးဖြစ်ပြီး အမြစ်ကို ဆေးအဖြစ်သုံးကြ၏။ အမြစ်ကို အူရှင်းဆေးအဖြစ် အများစုအသုံးပြုကြပါသည်။   ဘယ်လိုကြောင့်အကျိုးရှိတာလဲ။ မက္ကဆီကန်စက္ကန်မိုနီ အတွက် လုံလောက်သည့်လေ့လာမှုမျိုး မရှိသေးပါ။ ဒီထက်ပိုသိလိုသည်များရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးပင်ဗေဒဆရာများနှင့်ဆွေးနွေးပါ။ သိုသော် မက္ကဆီကန်စက္ကန်မိုနီမှာ ဝမ်းပျော့ဆေးအပြင်းစားဖြစ်ပြီး အူသိမ်များတစ်လျှောက် ဝမ်းများကိုတွန်းပေးကြောင်း သိထားပြီးဖြစ်ပါသည်။ Precautions & warningsမက္ကဆီကန်စက္ကန်နီမိုနီကိုမသုံးခင် ဘာတွေသိထားရမလဲ။ အောက်ပါတို့ရှိလျှင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင် သို့မဟုတ် ဆေးပင်ဗေဒဆရာများနှင့် ဆွေးနွေးပါ။ · ကိုယ်ဝန်ရှိလျှင်သို့မဟုတ် နို့တိုက်နေလျှင် ဆရာဝန်၏ညွှန်ကြားချက်ဖြင့်သာ ဆေးများကိုသောက်သုံးသင့်ပါသည်။ · တခြားဆေးများသောက်နေရလျှင်။ ဆရာဝန်လက်မှတ်မပါပဲ ဝယ်သောက်နိုင်သည့် ဆေးများအပါအဝင် အားလုံးကို ပြောပြရမည်ဖြစ်သည်။ · မက္ကဆီကန်စက္ကန်မိုနီပင်ထွက်ပစ္စည်းများ သို့မဟုတ် တခြားသော ပရဆေးပင်များ၊ အပင်ထွက် ဆေးများနှင့် အလက်ဂျစ်ရှိပါက ပြောပါ။ · တခြားသောဖျားနာမှု၊ မူမမှန်ခြင်းများနှင့် ရောဂါများရှိလျှင် ပြောပါ။ · အစာ၊ဆိုးဆေး၊ တာရှည်ခံဆေး သို့မဟုတ် တိရိစ္ဆာန်များနှင့် အလက်ဂျစ်ရှိလည်း […]


သဘာဝဆေးဖက်ဝင်

ကိုလက်စထရောကျစေမည့် ဆေးဖက်ဝင်များ

လူသားတွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အပင်တွေနဲ့ ဟင်းခပ်အမွှေးအကြိုင်တွေကို အစားအစာချက်ပြုတ်ရာမှာသာမက ဆေးဖြစ်ဝါးဖြစ် ပုံစံနဲ့လည်း အသုံးပြုခဲ့ကြပါတယ်။ အဆိုပါဆေးဖက်ဝင်တွေဟာ သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပြီး ကျန်းမာရေးကိုကောင်းမွန်စေတယ်လို့ လူအများက လက်ခံယုံကြည်ထားကြပါတယ်။ ဒီယူဆချက်မှန်မှန်ဆိုတာနဲ့ ပတ်သက်ပြီး ဒီဆောင်းပါးမှာ လေ့လာဖတ်ရှူနိုင်ပါတယ်။ ကြက်သွန်ဖြူ ကြက်သွန်ဖြူက သွေးတွင်းကိုလက်စထရောပမာဏကို ရာခိုင်နှုန်းအတိုင်းအတာတစ်ခုအထိ လျော့ချပေးနိုင်ကြောင်း လေ့လာစမ်းသပ်မှုအချို့က သက်သေပြခဲ့ပါတယ်။ ဒါပေမယ့် ဒီရလဒ်ဟာ ကြာရှည်မခံတဲ့အတွက် ကြက်သွန်ဖြူကထုတ်လုပ်ထားတဲ့ ဖြည့်စွက်စာနဲ့ဆေးဝါးများ အသုံးပြုခြင်းက သင့်ကျန်းမာရေးအတွက် အားကိုးရလောက်တဲ့ အထောက်အကူ ရစေမှာမဟုတ်ပါဘူး။ ပိုဆိုးတဲ့အချက်ကတော့ ကြက်သွန်ဖြူကို အချို့သောကျန်းမာရေးအခြေအနေရှိသူတွေ စားသုံးမိရင် မလိုလားအပ်တဲ့ပြဿနာတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ သုတေသနတွေမှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဥပမာ ကြက်သွန်ဖြူက သွေးခဲခြင်းကို တားဆီးပိတ်ပင်ပြီး သွေးယိုခြင်းကို ပိုဆိုးစေတဲ့အတွက် ခွဲစိတ်ကုသမှုခံယူရမယ့် လူနာတွေ၊ Coumadin ကဲ့သို့ သွေးကျဲဆေးသောက်နေရတဲ့လူနာတွေ မစားသုံးသင့်ပါဘူး။ Astragalus တရုတ်ရိုးရာ တိုင်းရင်းဆေးပညာမှာ astragalus […]


သဘာဝဆေးဖက်ဝင်

စားလို့ကောင်းတဲ့ လိုင်ချီးသီး ရဲ့ ကျန်းမာရေးအာနိသင်တွေက

လိုင်ချီးသီး လေးတွေ မြင်လိုက်တာနဲ့ စားချင်မိတယ်၊ ချိုမွှေးနေတဲ့ အနံ့လေးရလိုက်ရင် စားချင်စိတ်က ထိန်းမရတော့ဘူးလေ။ အမြင်လေးလည်းလှ စားလို့လည်းအရသာရှိတဲ့ လိုင်ချီးသီးလေးတွေက ကျန်းမာရေးကို ဘယ်လိုများ အထောက်အကူပြုပေးလဲသိချင်ရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်ပေးပါနော်။ လိုင်ချီးသီး လိုင်ချီးသီးက ကျန်းမာရေးအတွက် အကျိုးများတဲ့ အသီးတစ်မျိုးပါ။ ကိုယ်အလေးချိန်ကျ စေနိုင်သလို အသားအရေကို ကျန်းမာစေနိုင်ပြီး သွေးလည်ပတ်မှုကောင်းစေပါတယ်။ အစာကြေ စေပြီး ကင်ဆာကာကွယ်ပေးရုံမက၊ သွေးပေါင်ချိန်ထိန်းညှိပေးပြီး ကိုယ်ခံအားစနစ်ကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ ဒီလို အကျိုးအာနိသင်များတဲ့ လိုင်ချီးသီးလေးရဲ့ သိပ္ပံနာမည်လေးကLitchi chinensisပါ။ လိုင်ချီးသီး အပင်က အပူပိုင်းနဲ့ သမပိုင်းဒေသတွေမှာ ပေါက်ရောက်ကြပြီး မျိုးရင်းကတော့ တရုတ်နိုင်ငံပါ။ အာရှနိုင်ငံအများစုမှာလည်း ပေါက်ရောက်ကြပါတယ်။ အရှေ့တောင်အာရှ၊ တရုတ်၊ တရုတ်၊ အိန္ဒိယ နဲ့ တောင်အာဖရိက နိုင်ငံတွေမှာ ပေါက်ရောက်ကြပါတယ်။ လိုင်ချီးသီးက အခွံအနီရောင်လေးနဲ့ အတွင်းသားကဖြူဖြူလေးပါ။ […]


တိုင်းရင်းဆေးဝါးများ

တကိုယ်လုံးအနှိပ်ခံခြင်းက ကျန်းမာရေးအတွက် အကျိုးပြုရဲ့လား

တကိုယ်လုံးအနှိပ်ခံခြင်းက ကျန်းမာရေးအတွက် အကျိုးပြုရဲ့လား ခန္ဓါကိုယ် တကိုယ်လုံး အနှိပ်ခံတာကို ကြိုက်တဲ့သူဆိုရှိသလို မကြိုက်တဲ့သူလည်း ရှိပါတယ်။ တစ်နေ့တာညောင်းညာမောပန်းသမျှကိုပြေလျှော့ဖို့တော်တော်များများကတော့ အနှိပ်ခံကြပါတယ်။ အိမ်မှာရှိတဲ့သူတွေကို နှိပ်ခိုင်းတာပဲဖြစ်ဖြစ် spa မှာ နှိပ်တာပဲဖြစ်ဖြစ် ကျန်းမာရေးကို အကျိုးပြုပါတယ်။ အကြော၊ အရိုးတွေ မထိခိုက်အောင်တော့ နှိပ်နယ်ပေးဖို့ လိုပါတယ်နော်။ ခန္ဓါကိုယ်တကိုယ်လုံး အနှိပ်ခံတာက အညောင်းညာပြေဖို့တင် မဟုတ်ဘဲ တခြားကျန်းမာရေး အကျိုးကျေးဇူးတွေလည်းပေးစွမ်းနိုင်ပါသေးတယ်။ ဘာတွေလဲဆိုတာ ဖတ်ကြည့်ပါဦးနော်။ (၁) ခန္ဓါကိုယ် တကိုယ်လုံး စနစ်တကျ နှိပ်နယ်ခြင်းက ကြွက်သားတစ်ရှူးတွေ ပျက်စီးခြင်းကြောင့်ဖြစ်တဲ့ နာကျင်ခြင်းတွေကို သက်သာစေပါတယ်။ ဒါ့အပြင် ကြွက်သားတွေကောင်းမွန်စေဖို့အောက်ဆီဂျင်နဲ့ တခြားအာဟာရတွေ တိုးပွားစေဖို့သွေးလည်ပတ်မှုကောင်းအောင်လည်း အထောက်အကူပြုပါသေးတယ်။ (၂) နှိပ်နယ်ခြင်းဟာ ခန္ဓါကိုယ်ထဲကိုရောဂါတွေ ဝင်မလာနိုင်အောင် ခုခံတားဆီးပေးထားနိုင်တဲ့သွေးဖြူဥဆဲလ်တစ်မျိုးဖြစ်တဲ့ lymphocytes တုန့်ပြန်မှုကို တိုးတက်စေပါတယ်။ (၃)မောပန်းနွမ်းနယ်ခြင်းတွေကိုပြေပျောက်စေပြီး ခန္ဓါကိုယ် စွမ်းအင်တိုးတက်စေပါတယ်။ စိတ်ပိုင်းဆိုင်ရာကိုလည်း နိုးကြားတက်ကြွစေပါတယ်။ နှိပ်နေရင်း […]


သဘာဝဆေးဖက်ဝင်

ကြာစေ့လေးတွေ စားရင်းရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက

မိုး တွေရွာလာပြီဆိုရင် ကန်တွေထဲမှာပေါက်နေတဲ့ ကြာတွေလည်း တဖြည်းဖြည်းနဲ့ ရှင်သန်ကြီးထွားလာပါတယ်။ ကြာပင်တွေရှင်သန်ကြီးထွားလာမှုက မြင်ရတဲ့သူတွေအတွက် စိတ်အေးချမ်းမှုကိုပေးနိုင်သလို ကြာပင်က ကျန်းမာရေးအကျိုးကျေးဇူးတွေကိုလည်းပေးပါသေးတယ်။ ကြာပင်ရဲ့ ကြာရိုး၊ကြာစွယ်နဲ့ ကြာစေ့တွေကို စားသုံးလို့ရပါတယ်။ အခုတစ်ခေါက်ကတော့ ကလေးလေးတွေကစလို့ လူကြီးတွေအထိ ကြိုက်နှစ်သက်ကြတဲ့ ကြာစေ့လေးတွေအကြောင်းကို ပြောပြပေးချင်တာပါ။ ကြာစေ့လေးတွေကို အစိမ်းလိုက်စားသုံးလို့ရသလို ဟင်းချက်ပြီးတော့လည်း စားသုံးလို့ရပါတယ်။ တရုတ်လူမျိုးတွေနဲ့ဂျပန်လူမျိုးတွေရဲ့ ရိုးရာဟင်းလျာတွေထဲမှာ ကြာစေ့၊ကြာစွယ်၊ကြာရိုး နဲ့ ကြာရွက်တို့ကို ထည့်သွင်းချက်ပြုတ်စားသုံးကြပါတယ်။ ကြာစေ့မှာ ဘယ်လိုအာဟာရဓါတ်တွေပါဝင်နေတာလဲ ကြာစေ့ဆိုတာက ကြာပန်းအလယ်ပိုင်းက ဝတ်ဆံလေးတွေရင့်မာသွားတာဖြစ်ပြီး အပြင်ခွံစိမ်းစိမ်းလေး နဲ့ အတွင်းကအဆံလေးကတော့ဖြူဖြူလေးပါ။ ကြာစေ့ကိုစားတဲ့အခါ ဖန်တွန့်တွန့် အရသာရှိတဲ့ အပြင်ခွံစိမ်းစိမ်းလေးကိုဖယ်ပြီး အတွင်းက အဆံဖြူဖြူလေးကိုစားရတာပါ။ နုလေချိုလေအရသာရှိလေပါပဲ။ ကြာစေ့မှာphosphorus၊ ပရိုတင်း၊ ပိုတက်ဆီယမ် နဲ့ မဂ္ဂနီဆီယမ်တို့ကြွယ်ဝပါတယ်။ ဒါတွေတင်မကပါဘူး။ ကြာစေ့လေးတွေမှာ ဇင့်နဲ့သံဓါတ်တို့လည်းကြွယ်ဝစွာပါဝင်နေပါသေးတယ်။ ကြာစေ့လေးတွေမှာ အချိုဓါတ်၊အငန်ဓါတ်၊ ကိုလက်စထရော နဲ့ပြည့်ဝဆီတွေက […]


သဘာဝဆေးဖက်ဝင်

နွယ်ချိုက ဘယ်လိုတွေဆေးဖက်ဝင်တာလဲ

နွယ်မြက်သစ်ပင်ဆေးဖက်ဝင် ဆိုတဲ့အတိုင်း သဘာဝပစ္စည်းေတွအားလုံးဟာဆေးဖက်ဝင်အာနိသင်အမျိုးမျိုးရှိကြပါတယ်။ ဒီအရွက်က ဘယ်ရောဂါကိုကာကွယ်ပေးတယ်၊ ဒီအသီးက ဘယ်ရောဂါကိုပျောက်စေတယ်၊ စသည်ဖြင့်ပေါ့။ ဥပမာမြင်းခွာရွက်က မျက်စိအားကောင်းတယ်၊ ရုံးပတီသီးက အရွတ်အတွက်ကောင်းတယ် ဆိုတာမျိုး။ ဒီတစ်ခါတော့ အသီးအရွက်တွေမဟုတ်ဘဲ အမြစ်ကနေ ဆေးဖက်ဝင်တဲ့ နွယ်ချိုအကြောင်းလေ့လာရအောင်။ လျက်ဆား၊ နှလုံးအားတိုးဆေး၊ သွေးဆေး စတဲ့ မြန်မာတိုင်းရင်းဆေးတွေမှာ ပါတတ်တဲ့ ချိုချိုအေးအေးအရသာလေးကို သတိထားမိကြမှာပါ။ အဲဒါနွယ်ချိုပါဝင်လို့ပါ။ နွယ်ချိုရဲ့ဆေးဖက်ဝင်အာနိသင်တွေက - (၁) ခံတွင်းအနာေတွ ပျောက်ကင်းစေတယ် ခံတွင်းမှာဖြစ်တဲ့အနာတွေ၊ အဖုတွေကို ကုသရာမှာ ထိရောက်မှုရှိတယ်လို့ နွယ်ချိုကိုသုံးကြပါတယ်။ နွယ်ချိုဟာ နာကျင်မှုနဲ့ရောင်ရမ်းမှုကိုလျော့ကျစေတဲ့အာနိသင်ရှိတဲ့အပြင် အနာကျက်ခြင်းကိုကူညီအားပေးပြီး ခန္ဓါကိုယ်ရဲ့ခုခံအားစနစ်ကို နှိုးဆွပေးနိုင်တယ်လို့ ဆိုပါတယ်။ (၂) အသည်းကိုကာကွယ်ပေးတယ် နွယ်ချိုက အဆိပ်အတောက်တွေကိုဖယ်ရှားသန့်စင်ပေးပြီး အသည်းရဲ့ပုံမှန်လုပ်ဆောင်ချက်ေတွကို ထိန်းပေးပါတယ်။ သူ့မှာပါတဲ့ flavonoid isoliquiritigenin က ဓါတ်တိုးဆန့်ကျင်အာနိသင်ရှိတဲ့အတွက် အဆီနဲ့အစားအသောက်ကြောင့်အသည်းဆဲလ်တွေကို ထိခိုက်ပျက်စီးမှုမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ (၃) အဆစ်နာသက်သာစေတယ် နွယ်ချိုက အရောင်ကျစေတဲ့အာနိသင်ရှိလို့ အဆစ်နာရောဂါကုသရာမှာ […]


သဘာဝဆေးဖက်ဝင်

သရက်ရွက် ကလည်း ဆေးဖက်ဝင်ပါတယ်

လူတော်တော်များများက သစ်သီးတွေကိုသာစားလေ့ရှိပြီး အသီးပင်တွေက အရွက်တွေကိုတော့ စားလေ့စားထသိပ်မရှိကြပါဘူး။ စားလို့ရတယ်လို့ မသိကြတာမျိုးရှိသလို စားဖို့ မသင့်တော်ဘူးလို့ထင်နေကြတာမျိုးလည်းရှိပါတယ်။နောက်ဆုံးဖြစ်နိုင်တာတစ်ခုက အသီးလောက် အရွက်က အရသာမရှိတာကြောင့်ပါ။ အရွက် ကိုစားဖို့ဆိုတာကလည်း နုတုန်းတော့ဟုတ်တာပေါ့။ အရွက် ရင့်ရင့်တွေကိုတော့ ဘယ်သူမှ မစားချင်ကြပါဘူး။ ဒီတစ်ခေါက်မှာတော့ အရမ်းအရသာရှိတဲ့ သရက်သီးက အသီးတင် ကျန်းမာရေးအတွက် အထောက်အကူပြုတာမဟုတ်ဘဲ အရွက်ကလည်းဆေးဖက်ဝင်တယ်ဆိုတာကိုပြောပြချင်တာပါ။ သရက်ရွက် မှာ ဗီတာမင် C၊ ဗီတာမင် B နဲ့ ဗီတာမင် A တို့ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါတွေတင်မကပါဘူး။ သရက်ရွက်မှာ ဖလေဗာနွိုက် နဲ့phenol တို့ပါဝင်ပါသေးတယ်။ ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓါကိုယ်အတွက်တော်တော်လေး အထောက်အကူပြုပါတယ်။ သရက်ရွက် ကနေရရှိနိုင်မယ့်ကျန်းမာရေးအကျိုးကျေးဇူးတွေက သရက်ရွက် မှာ ဆီးချိုရောဂါရဲ့ အစောပိုင်းအဆင့်တွေမှာ ထိရောက်တဲ့ သက်ရောက်မှုတွေကိုပေးနိုင်တဲ့tannins နဲ့ anthocyanins တို့ပါဝင်ပါတယ်။ ဆီးချိုရောဂါလက္ခဏာတွေကို သက်သာစေနိုင်တဲ့ အစွမ်းလည်းရှိနေပါတယ်။ သရက်ရွက်ကသွေးကြောတွေကို […]


သဘာဝဆေးဖက်ဝင်

ခြင်နိုင်ဆေးများ မရှိချိန်တွင် ခြင်ကိုက်မခံရအောင် ကာကွယ်ခြင်း

ကမ္ဘာပေါ်တွင် အန္တရာယ်အများဆုံး သတ္တဝါက ဘာလဲ။ အဖြေမှာ ခြင် ဖြစ်သည်။ ခြင်များနှင့် သူတို့ဖြန့်ဝေသော ရောဂါ များသည် သမိုင်းရှိ စစ်ပွဲများအားလုံးထက် လူများစွာကို သေစေခဲ့ပါသည်။ ယနေ့တွင်ပင် ခြင်များမှ တစ်ဆင့် ကူးစက် သော ငှက်ဖျားရောဂါသည် လူပေါင်း ၂-၃ သန်းကို သေစေ သည်။ နှစ်စဉ် သန်းပေါင်း ၂၀၀ နှစ်အထက်ကို ရောဂါကူးစက် စေသည်။ ဆယ်သန်းကျော်သည် ခြင်မှ တစ်ဆင့်ကူးစက် သော အခြားရောဂါများဖြစ်သော filariasis ၊ အသားဝါရောဂါ၊ သွေးလွန်တုပ်ကွေးနှင့် ဦးနှောက်ရောင်ရမ်းနာရောဂါတို့ကို ခံစားနေရသည်။ Zika ဗိုင်းရပ်စ်၏ ခြောက်လှန့်မှုကြောင့် ခြင်ကိုက်မခံရအောင် ကာကွယ်ရန်မှာ လူများ၏ စိတ်တွင် ပိုမို စွဲမြဲနေသည်။ ခြင်များကို မှုတ်ထုတ်ပါ။ 1MPH ထက်မြင့်သော လေပြေလေညှင်းသည် […]


တိုင်းရင်းဆေးဝါးများ

အရေပြားအပ်စိုက်ကုသခြင်းဟာ ကော်လဂျင်ဓါတ်တွေထွက်လာဖို့ ဘယ်လိုလှုံ့ဆော်ပေးသလဲ

ကော်လဂျင်ထွက်စေတဲ့ကုထုံးဟာ အပ်စိုက်ကုခြင်းဖြစ်ပြီး ထိခိုက်မှုအနည်းဆုံးနဲ့ အရေပြားကို ပြန်လည်နုပျိုလှပစေနိုင်တဲ့ နည်းလမ်းအသစ်တခု ဖြစ်ပါတယ်။ အရေးအောကာင်းလေးတွေ၊ ကိုယ်ခန္ဓါနဲ့ မျက်နှာပေါ်က အမာရွတ်တွေကို လျော့နည်းစေပြီး ပိုကြည့်ကောင်းလာစေမယ့် နည်းလမ်းဖြစ်ပါတယ်။ အရေပြားအပ်စိုက်ခြင်းဟာ အောက်ပါအခြေအနေတွေအတွက် ထိရောက်စွာ အသုံးပြုနိုင်ပါတယ်။ - ဝက်ခြံ၊ ခွဲစိတ်မှု၊ အပူလောင်မှုတွေကြောင့် ဖြစ်သော အမာရွတ်များကို လျော့နည်းစေခြင်း - အကြောပြတ်နေသည်များကို မှေးမှိန်စေခြင်း - အရေးအကြောင်းများ၊ အတွန့်အခေါက်များကို လျော့နည်းစေခြင်း - အစက်အပြောက်များကို ဖယ်ရှားပေးနိုင်ခြင်း - လျော့ရဲနေသော အသားအရေများကို တင်းရင်းစေခြင်း အရေပြားအပ်စိုက်ခြင်းဆိုတာ ဘာလဲ အရေပြားအပ်စိုက်ခြင်းကို အနုစိတ်အပ်စိုက်ကုထုံး ဒါမှမဟုတ် ကော်လဂျင်ထွက်စေသောကုထုံးလို့ ခေါ်ပါတယ်။ ထိခိုက်မှုအနည်းဆုံး မခွဲစိတ်ရတဲ့ မျက်နှာကို နုပျိုလှပစေတဲ့နည်းလမ်းဖြစ်ပါတယ်။ အရေပြားထိခိုက်ဒဏ်ရာများကို ထိန်းချုပ်နိုင်ဖို့ အပ်အသေးလေးများပါဝင်တဲ့ ကိရိယာကို သုံးပါတယ်။ အရေပြားအပ်စိုက်ကုထုံးရဲ့ ရည်ရွယ်ချက်ကတော့ အရေပြားကနေ ကော်လဂျင်နဲ့ အလက်စတင်ဓါတ် ထွက်ပေါ်လာစေဖို့ လှုံ့ဆော်ပေးခြင်းပဲ ဖြစ်ပါတယ်။ […]


သဘာဝဆေးဖက်ဝင်

ဆေးဖက်ဝင်တဲ့ တမာ

အညာမြေမှာ အမြဲစိမ်းနေတဲ့ တမာတွေက အရိပ်တင်ရတာမဟုတ်ဘဲဆေးဖက်လည်းဝင်သတဲ့။ အညာဒေသကိုအလည်သွားတဲ့အခါနေ့လည်ပိုင်းမှာ နေတွေပူတယ်ဆိုပေမယ့် ညဘက်ရောက်လာတဲ့အခါ အိမ်ရှေ့ ကွပ်ပျစ်လေးထွက် လက်ဖက်စားရေနွေးကြမ်းသောက်ရင်းနှာခေါင်းထဲမှာ သင်းသင်းလေးမွှေးလာတဲ့ အနံ့လေးတစ်ခုရှိတတ်တာသတိထားမိကြလား။ အဲ့ဒါကတခြားမဟုတ်ပါဘူး။ အညာမြေမှာမှရနိုင်တဲ့ တမာနံ့သင်းသင်းလေးပါ။ တမာကိုဆေးဝါးတွေအတွက်အသုံးပြုသလို အစားလည်းဆေးဆေးလည်းအစာဆိုတဲ့အတိုင်း အချဉ်တည်စားတာမျိုးလည်းရှိပါတယ်။ အခုဆောင်းပါးလေးထဲမှာ အညာမြေရဲ့ အငွေ့အသက်တစ်ခုဖြစ်တဲ့ တမာပင်ရဲ့ဆေးဖက်ဝင်တဲ့အကြောင်းလေးပြောပြပါရစေ။ တမာဆိုတာ တမာပင်က အပူပိုင်းအမြဲစိမ်းအပင်တစ်မျိုးပါ။ လွန်ခဲ့တဲ့ ရာစုနှစ်များစွာကတည်းက အာရှဒေသကနိုင်ငံတွေမှာဆေးဝါးအဖြစ်အသုံးပြုလာခဲ့ကြပါတယ်။ တမာက တစ်ပင်လုံးလိုလိုဆေးဖက်ဝင်တာပါ။ တမာရွက်နဲ့ အခြားအပင်အစိတ်အပိုင်းတွေကို အစာအိမ်နဲ့အူလမ်းကြောင်းရောဂါတွေအတွက် အသုံးပြုလို့ရသလို ကူးစက်ရောဂါတွေကာကွယ်ဖို့အတွက်လည်းအသုံးပြုကြပါတယ်။နောက်တစ်မျိုးအသုံးပြုလို့ရတာကတော့ အင်းဆက်တွေနဲ့ ပိုးမွှားတွေကို နှိမ်နင်းတိုက်ထုတ်ပေးတဲ့အရာအဖြစ်ပါ။ တမာကအရိပ်ရရုံတင်မဟုတ်ပါဘူး။ဆေးဖက်လည်းဝင်ပါသေးတယ်။ တမာရဲ့ အသုံးဝင်ပုံတွေက တမာရွက်ကို အနာကြီးရောဂါ၊ မျက်လုံးမှာဖြစ်တဲ့ဝေဒနာတွေ၊နှာခေါင်းသွေးလျှံတာ၊ အစာအိမ်ဝေဒနာ၊ အစားစားချင်စိတ်လျော့နည်းတာ၊ အရေပြားအနာ၊ နှလုံးသွေးကြောဆိုင်ရာရောဂါတွေ၊ အဖျား၊ဆီးချို၊သွားဖုံးရောဂါနဲ့အသည်းရောဂါတွေအတွက် အသုံးပြုလို့ရပါတယ်။ အမျိုးသမီးတွေမှာဆိုရင်လည် တမာကို သဘာဝသားဆက်ခြားဆေးအဖြစ်အသုံးပြုနိုင်ပါတယ်။ တမာပင်အခေါက်ကိုတော့ ငှက်ဖျားရောဂါ၊ အစာအိမ် နဲ့ အူလမ်းကြောင်းရောဂါတွေကို သက်သာစေဖို့အတွက် အသုံးပြုလို့ရပါတယ်။ တမာသီး တစ်ပင်လုံးအသုံးဝင်တဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း