နှလုံးရောဂါ

နှလုံးရောဂါက ကမ္ဘာမှာ သေဆုံးမှု အများဆုံး ရောဂါ တစ်ရပ်ပါ။ ကျန်းမာပျော်ရွှင်စွာ ရှင်သန်နိုင်စေဖို့အတွက် အရေးပါတဲ့ နှလုံးလေးမှာ ရောဂါ ခံစားရတဲ့အခါ ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်လဲ။ ဘာကြောင့် နှလုံးရောဂါ ဖြစ်ရတာလဲ။ ဘယ်လို ကာကွယ်ရမလဲ။ ဖြစ်လာခဲ့ရင်ရော ဘယ်လို ကုသရမလဲဆိုတာတွေကို ဒီကဏ္ဍထဲမှာ လေ့လာလို့ ရပါတယ်။

ကျန်းမာရေးဗဟုသုတ

နှလုံးရောဂါ

နှလုံးရောဂါ ဖြစ်နိုင်ခြေရှိလား ကိုယ်ကိုယ်တိုင် ဆန်းစစ်လိုက်ပါ

နှလုံးရောဂါ ဆိုတဲ့ စကားရပ်ထဲမှာ သွေးတိုးတာ၊ နှလုံးသွေးကြောဆိုင်ရာရောဂါ၊ နှလုံး အဆို့ရှင်နဲ့ဆိုင်တဲ့ ရောဂါ၊ လေဖြတ်တာ၊ နှလုံးခုန် စည်းချက်မမှန်တာ၊ နှလုံးသွေးကြောကျဉ်းတာ၊ နှလုံးကြွက်သားပုပ်တာ စတာတွေ အားလုံး ပါဝင်နေပါတယ်။ နှစ်စဉ် ကမ္ဘာ့ပေါ်မှာ လူဦးရေ ၁၇ သန်းလောက်ဟာ နှလုံးရောဂါကြောင့် အသက်ဆုံးရှုံးနေရပါတယ်။ နှလုံးရောဂါက အဖြစ်အများဆုံး ကျန်းမာရေး ပြဿနာဖြစ်ပြီး ကင်ဆာက ဒုတိယနေရာမှာ ရှိနေပါတယ်။ ကံကောင်းတာက သုတေသီတွေရဲ့ လေ့လာမှုတွေကြောင့် ဘယ်အချက်တွေက နှလုံးရောဂါ ဖြစ်စေနိုင်ပြီး ဘယ်လို ကာကွယ်ရမလဲဆိုတာတွေကို သိရှိခွင့်ရရှိတာပဲ ဖြစ်ပါတယ်။ ကိုယ်တိုင်မှာ နှလုံးရောဂါ ဖြစ်နိုင်ခြေရှိလား ကိုယ်တိုင် ဆန်းစစ်နိုင်နေပြီ ဖြစ်သလို ကိုယ်တိုင် ဂရုစိုက် ကာကွယ်လို့လည်း ရပါတယ်။ ဒီတစ်ခေါက်တော့ ကိုယ်တိုင်မှာ နှလုံးရောဂါ ဖြစ်နိုင်ခြေရှိလား ကိုယ်ကိုယ်တိုင် ဆန်းစစ်နိုင်မယ့် နည်းလမ်းလေးတွေကို […]

နှလုံးရောဂါ ကို ရှာဖွေမည်။

နှလုံးရောဂါ

Syncope (နှလုံးရောဂါ အဓိကလက္ခဏာများ)

နှလုံးရောဂါ အမျိုးအစားအများအပြားရှိပြီး တစ်မျိုးစီမှာ ကိုယ်ပိုင် ရောဂါလက္ခဏာတွေ အစုံလိုက်ရှိကြပါတယ်။ သို့သော် နှလုံးရောဂါတိုင်းမှာ အဖြစ်များတဲ့ အဓိက လက္ခဏာတွေ ရှိပါတယ်။ တကယ်လို့ သင့်မှာ ဒီလက္ခဏာတွေ တွေ့နေရပြီဆိုလျှင် ချက်ချင်း ဆေးကုသမှုအကူအညီ ယူသင့်ပါတယ်။ ရင်ဘတ်အောင့်ခြင်း လူတော်တော်များများက ရင်ဘတ်အောင့်ရင် နှလုံးအောင့်တယ်လို့ ထင်ကြပါတယ်။ ရောဂါတော်တော်များများက ရင်ဘတ်အောင့် ခြင်းဖြစ်တတ်သော်လည်း နှလုံးရောဂါမှာတော့ ပိုအဖြစ်များပြီး ပိုလည်းအန္တရာယ်များပါတယ်။ ထို့ကြောင့် ရင်ဘတ်အောင့်ခြင်းလက္ခဏာကို အရေးမကြီးဘူးဆိုပြီး လွှတ်ထားလို့မရပါဘူး။ “ရင်ဘတ်အောင့်ခြင်း” ဆိုတာမတိကျတဲ့ အခေါ်အဝေါ်တစ်ခုပါ။ သူ့ကို ရင်ဘတ်၊ လည်ပင်း၊ သို့ ဝမ်းဗိုက်အပေါ်ပိုင်းတွင် နာခြင်း၊အောင့်ခြင်း၊ကြပ်ခြင်း၊သီးခြင်း၊ထုံခြင်း သို့ မအီမသာဖြစ်ခြင်းတို့ အပြင် တစ်ခါတစ်ရံ မေးရိုး၊ ခေါင်း၊ သို့ လက်မောင်းအောင့်ခြင်းတို့နဲ့ ဆက်စပ်ပြီး သုံးလေ့ရှိကြပါတယ်။၎င်းဟာ စက္ကန့်ကပိုင်းကနေ ရက်ပိုင်း သို့ ရက်သတ္တပတ်လောက်ထိကြာတတ်ပြီး ရုတ်တရက်သော်လည်းကောင်း […]


နှလုံးရောဂါ

CRP ပမာဏနှင့် သင့်နှလုံး

C-reactive ပရိုတင်း (CRP) ဆိုတာဘာလဲ CRP ဆိုတာ အသည်းမှထုတ်သော ပရိုတင်းတစ်မျိုးဖြစ်ပြီး နှလုံးအခြေအနေနဲ့ပတ်သက်လို့ သတိထားစစ်ဆေးသင့်သည့် အရာတစ်မျိုးဖြစ်တယ်။ သွေးတွင်းပရိုတင်းဖြစ်ပြီး ပမာဏများနေပါက နှလုံးရောဂါနှင့် လေဖြတ်မှုတို့အတွက် ထည့်သွင်းစဉ်းစားသင့်သည့် အချက်တစ်ချက်ဖြစ်ပါတယ်။ ထိခိုက်မှု၊ ရောဂါပိုးဝင်မှုတို့ကြောင့်ရတတ်တဲ့ အင်္ဂါအစိတ်အပိုင်းများရောင်ရမ်းမှုကြောင့် CRP တက်တတ်ပြီး၊ CRP ပရိုတင်းကို နှလုံးရောဂါရနိုင်ချေရှိနေသောသူများတွင်သာမက ကျန်းမာနေသူများတွင်ပါ နှလုံးရောဂါဖြစ်နိုင်ချေရှိမရှိ စမ်းသပ်ရာတွင် အသုံးပြုနိုင်တယ်လို့ လတ်တလောလေ့လာမှုတွေကဆိုလာပါတယ်။ ဒါကြောင့် CRP ပမာဏတက်နေခြင်းဟာ နှလုံးဆိုင်ရာပြဿနာနဲ့ လေဖြတ်နိုင်ချေရှိနေတယ်လို့ ပြောလို့ရပါတယ်။   CRP ပမာဏစစ်ဆေးသင့်လား တကယ်လို့ နှလုံးနဲ့သွေးကြောဆိုင်ရာ ပြဿနာများတွေ့ကြုံခံစားရခြင်း၊ ဒါမှမဟုတ် လတ်တလော ဗိုင်းရပ်စ် သို့မဟုတ် ဆီးလမ်းကြောင်း ပိုးဝင်ခြင်းများရှိထားပါက ဆရာဝန်က CRP ပမာဏစစ်ဆေးခိုင်းနိုင်ပါတယ်။ ထိခိုက်မှုများ၊ ရောဂါပိုးဝင်မှု (အဆုတ်ရောင်ခြင်း၊ ရေယုန်ပေါက်ခြင်း၊ ဘတ်တီးရီးယားပိုးဝင်ခြင်း၊ ဗိုင်းရပ်စ်ဝင်ခြင်း စသည်) တို့ကြောင့် […]


နှလုံးရောဂါ

နှလုံးရောဂါရှိသူကို ပြုစုစောင့်ရှောက်ရာမှာ အရေးကြီးတဲ့အချက် (၃) ချက်

နှလုံးရောဂါသည် လူနာကို စောင့်ရှောက်ရသည်မှာ လွယ် ကူ သောအလုပ်တော့ မဟုတ်ပါဘူး။ ပြုစုစောင့်ရှောက်သူအနေဖြင့် နေ့ရက်တိုင်းတွင် တာဝန်ယူမှုတွေနှင့် လုံးပန်းနေရမှာပါ။ ၁။ ကျန်းမာရေးနှင့်ညီညွတ်စေသော စားသောက်မှုပုံစံကို ထိန်းသိမ်းပါ။ နှလုံးရောဂါရှိသော လူနာများသည် အဆီနှင့်ဆီကြော်မုန့်များ စားလို့မရပါဘူး။ လူနာများကို ဆီကြော်မုန့်များ မစားအောင် ထိန်းနိုင်ဖို့ရန် ခက်ခဲပါသည်။ သို့သော်လည်း တတ်နိုင်သမျှ မစားအောင် တင်းကြပ်ရန်မှာ သင့်တာဝန်သာ ဖြစ်ပါသည်။ သူတို့ကို အသီးအနှံ၊ အရွက်နှင့် အဆီမပါသော အသားများ စားသုံးအောင် တိုက်တွန်းပါ။ အလွန်ငန်သော ဟင်းပွဲများသည် နှလုံးရောဂါသည်လူနာများအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်ပါသည်။ ထို့ ကြောင့် ဆား စားသုံးမှုပမာဏကို လျော့သင့်ပါသည်။ သူတို့အတွက် အစားအသောက် စီစဉ်ရသည်မှာခက်ခဲလျှင် အာဟာရ ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးနိုင်ပါသည်။ ၂။ သူတို့နှင့်အတူ လေ့ကျင့်ခန်းလုပ်ပါ။ ကိုယ်လက်လှုပ်ရှားခြင်းသည် ကျွန်ုပ်တို့နှလုံးကို ကျန်းမာစေသော တစ်ခုတည်းသော […]


နှလုံးရောဂါ

နှလုံးရောဂါသည် မျိုးရိုးလိုက်တတ်ပါသလား

ကမ္ဘာတစ်လွှားတွင် သေဆုံးမှုဖြစ်ပွားခြင်း၏ အဓိကကျသောအကြောင်းအရင်းများတွင် နှလုံးရောဂါသည် တစ်ခုအပါအဝင်ဖြစ်သည်။ ယင်းနှလုံးရောဂါများထဲတွင် မွေးရာပါနှလုံးရောဂါသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ မိသားစုတွင် ငယ်စဉ်ကလေးဘဝကပင် နှလုံးရောဂါရှိလျှင် မျိုးရိုးလိုက်သည်ဟု ဆိုနိုင်ပါသည်။ မွေးရာပါနှလုံးရောဂါသည် အထက်တွင်ဖော်ပြသတဲ့သို့ မွေးစဉ်ကတည်းကပင်ပါရှိနေသော ရောဂါဖြစ်သည်။ မွေးရာပါ နှလုံးအပေါက်ပါခြင်း၊ အဆို့ရှင်မလုံခြင်းအစရှိသည့် အခြေအနေများ ပါဝင်သည်။ ထိုအခြေအနေများကို ၁၀၀ရာခိုင်နှုန်းတွေ့ရှိနိုင်မည် မဟုတ်ပါ။ မွေးရာပါနှလုံးတည်ဆောက်ပုံချို့တဲ့ခြင်းကို ဖြစ်စေတဲ့အကြောင်းရင်းများသည် တိတိကျကျ သေသေချာချာမရှိပါဘူး။ ဖြစ်နိုင်သော အကြောင်းအရင်းများမှာ ကိုယ်ဝန်ဆောင်ချိန်တွင် မသောက်သင့်သော ဆေးသောက်ခြင်း၊ အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်းနှင့် ဗီဇပြောင်းလဲခြင်းတို့ကြောင့် ဖြစ် သည်။ လူတစ်ယောက်နှင့်တစ်ယောက် မျိုးရိုးဗီဇ မတူညီကြပါဘူး။ ထို့ ကြောင့်လည်း တစ်ဦးနှင့်တစ်ဦး ကွဲပြားခြားနားကြသည်။ မျိုးရိုးဗီဇသည် ကျွန်ုပ်တို့၏ ခန္ဓာကိုယ် လုပ်ဆောင်ချက်နှင့် ပုံပန်းသဏ္ဍာန်ကို ဖော်ညွှန်းသည်။ မျိုးရိုးဗီဇသည် ကျွန်ုပ်တို့၏မိဘများမှ ဆင်းသက်လာသည်။ မျိုးရိုးဗီဇ ပုံမမှန် […]


နှလုံးရောဂါ

နှလုံးရပ်ခြင်းလက္ခဏာများနှင့် အရေးပေါ် အသက်ကယ်နည်း

သင်သည် သင့်အကြောင်းကိစ္စတစ်ခုခုကိုတွေးရင်း လမ်းလျှောက်လာသည် ဆိုပါစို့။ ထိုအချိန်တွင် သက်လတ်ပိုင်းအမျိုးသားတစ်ဦး မိမိရင်ဘတ်ကိုဖိပြီး မျက်လုံးအပေါ်လန်ကာ ပါးစပ်ဟ၍ အသက်ခက်ခက်ခဲခဲ ရှူနေသည်ကို သင်တွေ့လိုက်ပါပြီတဲ့။ မိနစ်အနည်းငယ် မကြာမီတွင် ထိုသူသည် မြေပြင်ပေါ်သို့လဲကျ သွားမည်။ ထိုအခါ ဆေးရုံကားကို လျှင်မြန်စွာ ခေါ်ပြီးနောက် သင်ဘာဆက်လုပ်မလဲ။ နှလုံးရပ်သွားသော လူတစ်ယောက်အတွက် စက္ကန့်တိုင်း သည် အရေးကြီးသောကြောင့် အချိန် နောက်ကျသည်နှင့်အမျှ အသက်ရှင်ရန် အခွင့်အရေး နည်းပါးသည်။ ထို့ကြောင့် လူနာ၏အခြေအနေကို ဖော်ပြသော လက္ခဏာ များကို သတိထားခြင်းသည် အသုံးဝင်ပါသည်။ နှလုံးခုန် ရုတ်တရက်ရပ်သွားလျှင် ကိုယ်တွင်းအင်္ဂါများသို့ို သွေးနှင့် အောက်ဆီဂျင် မရောက်နိုင်တော့သောကြောင့် ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူရန်ခက်ခဲ ခြင်း၊ မူးမေ့လဲခြင်း၊ တုံ့ပြန်မှုမရှိခြင်း၊ ခြေလက်များ ပျော့ခွေသွားခြင်းများ ဖြစ်နိုင်သည်။ ထိုသူ၏ နှလုံးခုန်နှုန်းကို စမ်းကြည့်လျှင် […]


နှလုံးရောဂါ

ရုတ်တရက် နှလုံးရပ်ပြီးနောက် ပြန်လည်နာလန်ထခြင်း

သင်သည် သေလုမျောပါးနှလုံးထိခိုက်မှုမှ အသက်ရှင်သန်လာခါစဖြစ်ပြီးယခုလောလောဆယ်တွင် အထူးကြပ်မတ်ကုသဆောင် (ICU) တွင် နောက်ထပ်ရောဂါရှာဖွေမှုများနှင့် စမ်းသပ်ချက်အဖြေများကို စောင့်ဆိုင်းနေရသည် ဆိုပါစို့။ သင်သည် "သင်သည်ယခုလက်ရှိအခြေအနေမှမည်ကဲ့သို့အပြီးတိုင်လွတ်မြောက်နိုင်မည်နည်း" ဟုစတင်စဉ်းစားလာတော့မည်။ ဤအခြေအနေကို အောင်မြင်စွာကုသရန် အချိန်လိုအပ်သည်။ နှလုံးရပ်တန့်မှုတစ်ကြိမ်ဖြစ်ပြီး နောက်၁၀နှစ်အတွင်းတွင် နောက်တစ်ကြိမ်ထပ်ဖြစ်နိုင်သည့် အန္တရာယ်ရှိသည်။ အကြောင်းအရင်းပေါ်မူတည်၍ လုံးဝပျောက်ကင်းအောင် ကုသနိုင်သလို အရှင်းမပျောက်သည်လည်းဖြစ်နိုင်သည်။ ဆရာဝန်များအနေနှင့် အကောင်းဆုံးလုပ်နိုင်သည်မှာ ပထမအကြိမ်ကတည်းကပင် နှလုံးရပ်ခြင်းဖြစ်စေသည့် အကြောင်းရင်းကိုရှာဖွေ၍ အခြေအနေပေါ်မူတည်ကာ ကုသမှုစတင်ခြင်းဖြစ်သည်။ စမ်းသပ်မှုများအပြီးတွင် ဖြစ်နိုင်သောအကြောင်းပြချက်အချို့တွေ့ရမည်။ နှလုံးရောဂါအများစုသည် ရုတ်တရက်နှလုံးရပ်မှုကို ဖြစ်စေနိုင်သောကြောင့် ကုသမှုသည်လည်း ရောဂါအမျိုးအစားပေါ်မူတည်၍ ပြောင်းလဲနိုင်သည်။ အကယ်၍ သင်၏ဆရာဝန်က သင့်တွင် နှလုံးသွေးကြောကျဉ်းရောဂါရှိနေပြီး သွေးကြောအတွင်းတွင် သွေးခဲရှိနေသည်ဆိုပါက ခွဲစိတ်ကုသမှု လိုကောင်းလိုမည်။ အကယ်၍ သင်၏နှလုံးသည် ပုံမှန်မဟုတ်ဘဲ ကြီးနေပြီး နှလုံးခုန်နှုန်းများ အတက်အကျမမှန်ဖြစ်နေပါက နှလုံးခုန်နှုန်းထိန်းစက် (pace maker) ထည့်ရန် […]


နှလုံးရောဂါ

မြေထဲပင်လယ်ဒေသစာများ စားခြင်းသည် နှလုံးရောဂါဖြစ်ပွားမည့်အန္တရာယ်ကို လျော့ကျစေသည်

နှလုံးရောဂါကို ကာကွယ်ရန်အတွက် လေ့ကျင့်ခန်းလုပ်နိုင်သည်။ ကျန်းမာစေသောဘဝနေထိုင်မှုပုံစံကို ထိန်းသိမ်းနိုင်သည်။ သင့်လျော်သောအစားအစာများစားနိုင်သည်။ အထူးသဖြင့် မြေထဲပင်လယ်ဒေသစာများသည် ကျွမ်းကျင်သူများ အထူးတိုက်တွန်းသော အဓိကအရာဖြစ်သည်။ မြေထဲပင်လယ်ဒေသအစားအစာများသည် ၁၉၆၀ခုနှစ်များမှ အီတလီ၊ ဂရိစသောနိုင်ငံများ၏ ရိုးရာအစားအသောက်အငွေ့အသက်များ လွှမ်းမိုးနေသည်။ သံလွင်ဆီ၊ ဝိုင်နီစသောထူးခြားသောဟင်းခတ်များကို သုံးထားပြီး လူတိုင်းစားနေကျအစားအသောက်များသာဖြစ်သည်။၎င်းတွင်သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များ၊ ငါးများ၊ အနှံများ၊ အခွံမာသီးများ (အဓိကအားဖြင့်သစ်ကြားသီးအစေ့) များ ပါဝင်ပြီး အသားနှင့် နို့ထွက်ပစ္စည်းများနည်း၍ ဆားလည်းလျှော့ထားသောကြောင့် ကျန်းမာစေသည်။ လွန်ခဲ့သည့်၁၀နှစ်ကျော်က ပြုလုပ်ခဲ့သည့် လေ့လာမှုတစ်ခု၏ ရလဒ်များက မြေထဲပင်လယ်ဒေသအစားအစာများကို အမြဲစွဲ၍စားသုံးသူများသည် အခြားသူများနှင့်ယှဉ်လျှင် နှလုံးရောဂါဖြစ်နိုင်ချေ ၄၇ရာခိုင်နှုန်းလျော့ကျသည်ဟု ဖော်ပြထားသည်။ မြေထဲပင်လယ်ဒေသစာများတွင် အစားအစာများသည် သွေးဆဲလ်များ၏ တီလိုမီးယား (telomere) များကို ပို၍ဖန်တီးပေးနိုင်သည်။ ရှည်လျားသော တီလိုမီးယားများသည် အစားအစာနှင့် နှလုံးသွေးကြောရောဂါများ၏ အန္တရယ်တို့ကြားဆက်စပ်မှုကို ရှင်းပြနိုင်သည်။ ယခင်ကလေ့လာမှုများတွင်လည်း မကျန်းမာသော […]


နှလုံးရောဂါ

တစ်နေ့ကို အရက် တစ်ခွက်သောက်ခြင်းဖြင့်နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်းရောဂါကို လျှော့ချနိုင်ပါတယ်

နှလုံးကြွက်သားမှ ခန္ဓာကိုယ်တစ်လျှောက် အတွက် လုံလုံလောက်လောက် သွေးမညှစ်ပေးနိုင်လျှင် နှလုံးစွမ်းဆောင်ရည်ကျဆင်းသော ရောဂါ (heart failure) ဖြစ်နိုင်သည်။ ဤအခြေအနေကို ကမ္ဘာတစ်ဝှမ်းရှိ လူသန်းပေါင်း၂၃သန်း နီးပါးတွင် ခံစားနေရသည်။ ဖြစ်နိုင်သည့် အရင်းအမြစ်များစွာရှိသည်။ ၎င်းတို့မှာ ယခင်က နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်းဖြစ်ဖူးလျှင် ၊ သွေးတိုးခြင်း၊ နှလုံးရောဂါ၊ နှလုံးခုန်မမှန်ခြင်း၊ ကင်ဆာဆေးသွင်းခြင်း နှင့် အရက်အလွန်အကျွံသောက်ခြင်းတို့ဖြစ်သည်။ သို့သော်လတ်တလော လေ့လာမှုများတွင် နေ့စဉ် အရက်၁ခွက်(သို့) ၂ခွက်သောက်ခြင်းက သင့်နှလုံးအလုပ်မလုပ်နိုင်ခြင်းမှ လျှော့ချပေးသည်ကိုတွေ့ရသည်။ အထူးသဖြင့် သက်လတ်ပိုင်းများတွင်ဖြစ်သည်။ အရက်သောက်ခြင်းနှင့် နှလုံးရောဂါဖြစ်နိုင်ချေ ဆက်နွယ်မှု စိတ်ဝင်စားစရာကောင်းသည်မှာ ဥရောပနိုင်ငံနှလုံးကျန်းမာရေးဆိုင်ရာ လေ့လာထုတ်ပြန်ခဲ့သည့် ဂျာနယ်တစ်ခုတွင် အသက်၄၀၊ ၅၀၊ ၆၀ရှိပြီး တစ်ပတ်ကို ဖန်ခွက်၇ခွက်စာသောက်သည့်အမျိုးသားများတွင် နှလုံးစွမ်းဆောင်ရည် ကျဆင်းနှုန်းကို ၂၀ ရာခိုင်နှုန်း အထိလျှော့ချနိုင်ပါသည်။ အမျိုးသမီးများတွင် ၁၆ ရာခိုင်နှုန်း လျှော့ချနိုင်ပါသည်။ အနည်းငယ်(သို့) အသင့်အတင့် အရက်သောက်ခြင်းက […]


နှလုံးရောဂါ

အရက်နှင့် သင့် နှလုံးကျန်းမာရေး

အရက်နှင့် သင့်ကျန်းမာရေး သင်ဟာ သင့်ဆရာဝန်ကို နှလုံးရောဂါကာကွယ်မှု အကြောင်းမေးရင် တိကျပြတ်သားတဲ့ အကြံပြုချက်တွေ ကြားရပါလိမ့်မယ်။ ပြည့်ဝဆီ ပုံပြောင်းဆီတွေ မကောင်းတာ၊ ဆေးလိပ်သောက်ခြင်းဟာ မကောင်းတာ၊ လေ့ကျင့်ခန်းလုပ်ခြင်းဟာ အကောင်းဆုံးဆိုတာတွေ ကြားရပါမယ်။ ဒါပေမယ့် ဆရာဝန်တယောက်ကို အရက်အကြောင်းနဲ့ နှလုံးအကြောင်းမေးရင် လွယ်ကူတဲ့အဖြေတွေ ထွက်မလာပါဘူး။ ဘယ်လိုအသုံးချတယ်ဆိုတာ မူတည်ပြိးတော့ အရက်ဟာ နှလုံးကို ကာကွယ်နိုင်သလို ဖျက်ဆီးနိုင်တာလည်း ရှိပါတယ်။ ဒါကြောင့် သင်အရက်ကို ကြိုက်တယ်ဆိုရင် သင့်ဘဝမှာ ကျန်းမာရေးအတွက်ကောင်းအောင် ဘယ်လိုသောက်မလဲဆိုတာနဲ့ ဘယ်လိုသောက်ရင်တော့ အသက်အန္တရယ်ရှိနိုင်လဲဆိုတာ လေ့လာသွားဖို့လိုပါတယ်။ အရက်အလွန်သောက်ခြင်းဟာ နှလုံးကို ဘယ်လိုထိခိုက်နိုင်လဲ စသောက်သူတွေ များများသောက်ခြင်းဟာ (တနေ့နှစ်ကြိမ်ခန့်) သွေးတိုးစေပါတယ်။ ဥပမာ- သင်ဟာ တနေ့ကို ဘီယာခြောက်ခွက်၊ ဝီစကီတပိုင့်၊ ဝိုင်ပုလင်းတဝက် စတာတွေကို ၁၀ နှစ်လောက် နေ့စဉ်သောက်သွားရင် သင့်ရဲ့နှလုံးကို သေချာပေါက် ပျက်စီးစေနိုင်ပါတယ်။ ရလာဒ်အနေနဲ့ […]


နှလုံးရောဂါ

နှလုံးဖောက်မှုအတွက် အခြားရွေးချယ်စရာ သဘာဝကုထုံးများ

နှလုံးဖောက်မှုအတွက် အခြားရွေးချယ်စရာ သဘာဝကုထုံးများ နှလုံးဖောက်ပြန်မှုလက္ခဏာများ ရှိနေရင်တော့ သဘာဝကုထုံးဟာ မသင့်တော်ပါဘူး။ လက္ခဏာတွေ ရှိနေချိန်မှာတော့ ဆေးကုသမှုကို ချက်ချင်းခံယူဖို့လိုအပ်ပါတယ်။ နှလုံးဖောက်တာဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ လက္ခဏာဖြစ်ပြီး စနစ်တကျလေ့ကျင့်ထားတဲ့ ဆေးပညာတတ်ကျွမ်းသူတွေက ချက်ချင်းကုသပေးဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် သဘာဝကုထုံးများနဲ့ နေထိုင်ပုံပြောင်းလဲခြင်းတွေဟာ သင့်ရဲ့နှလုံးကျန်းမာရေးကို ကောင်းမွန်စေပြီး နှလုံးထိခိုက်မှု အန္တရာယ်ကို လျှော့ချပေးနိုင်ပါတယ်။ သဘာဝကုထုံးတွေ မလုပ်ခင် ဆရာဝန်နဲ့ အမြဲတမ်းတိုင်ပင်ပါ။ အရေးကြီးတာက သင်သုံးစွဲနေတဲ့ ဆေးဝါးတွေကို အနှောက်အယှက်မပေးဖို့ လိုပါတယ်။ နှလုံးကျန်းမာရေးကို ထိန်းသိမ်းဖို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံနဲ့ နေထိုင်မှုပုံစံဟာ မရှိမဖြစ်လိုတယ်ဆိုတာ သတိရပါ။ အောက်ပါကုထုံးများဟာ နှလုံးထိခိုက်မှုဖြစ်ရင်၊ ထိခိုက်တယ်လို့ သံသယရှိရင် သုံးရမယ့်နည်းလမ်းတွေ မဟုတ်ပါဘူး။ နှလုံးထိခိုက်မှု အန္တရာယ်ကို လျှော့ချပေးဖို့ ဒါမှမဟုတ် နှလုံးထိခိုက်ပြီးချိန် ဆေးကုသမှုခံယူနေစဉ်မှာ စိတ်ပိုင်းဆိုင်ရာ ခြုံငုံပြီး ကိုသဖို့ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း