နှလုံးရောဂါ

နှလုံးရောဂါက ကမ္ဘာမှာ သေဆုံးမှု အများဆုံး ရောဂါ တစ်ရပ်ပါ။ ကျန်းမာပျော်ရွှင်စွာ ရှင်သန်နိုင်စေဖို့အတွက် အရေးပါတဲ့ နှလုံးလေးမှာ ရောဂါ ခံစားရတဲ့အခါ ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်လဲ။ ဘာကြောင့် နှလုံးရောဂါ ဖြစ်ရတာလဲ။ ဘယ်လို ကာကွယ်ရမလဲ။ ဖြစ်လာခဲ့ရင်ရော ဘယ်လို ကုသရမလဲဆိုတာတွေကို ဒီကဏ္ဍထဲမှာ လေ့လာလို့ ရပါတယ်။

ကျန်းမာရေးဗဟုသုတ

နှလုံးရောဂါ

နှလုံးရောဂါ ဖြစ်နိုင်ခြေရှိလား ကိုယ်ကိုယ်တိုင် ဆန်းစစ်လိုက်ပါ

နှလုံးရောဂါ ဆိုတဲ့ စကားရပ်ထဲမှာ သွေးတိုးတာ၊ နှလုံးသွေးကြောဆိုင်ရာရောဂါ၊ နှလုံး အဆို့ရှင်နဲ့ဆိုင်တဲ့ ရောဂါ၊ လေဖြတ်တာ၊ နှလုံးခုန် စည်းချက်မမှန်တာ၊ နှလုံးသွေးကြောကျဉ်းတာ၊ နှလုံးကြွက်သားပုပ်တာ စတာတွေ အားလုံး ပါဝင်နေပါတယ်။ နှစ်စဉ် ကမ္ဘာ့ပေါ်မှာ လူဦးရေ ၁၇ သန်းလောက်ဟာ နှလုံးရောဂါကြောင့် အသက်ဆုံးရှုံးနေရပါတယ်။ နှလုံးရောဂါက အဖြစ်အများဆုံး ကျန်းမာရေး ပြဿနာဖြစ်ပြီး ကင်ဆာက ဒုတိယနေရာမှာ ရှိနေပါတယ်။ ကံကောင်းတာက သုတေသီတွေရဲ့ လေ့လာမှုတွေကြောင့် ဘယ်အချက်တွေက နှလုံးရောဂါ ဖြစ်စေနိုင်ပြီး ဘယ်လို ကာကွယ်ရမလဲဆိုတာတွေကို သိရှိခွင့်ရရှိတာပဲ ဖြစ်ပါတယ်။ ကိုယ်တိုင်မှာ နှလုံးရောဂါ ဖြစ်နိုင်ခြေရှိလား ကိုယ်တိုင် ဆန်းစစ်နိုင်နေပြီ ဖြစ်သလို ကိုယ်တိုင် ဂရုစိုက် ကာကွယ်လို့လည်း ရပါတယ်။ ဒီတစ်ခေါက်တော့ ကိုယ်တိုင်မှာ နှလုံးရောဂါ ဖြစ်နိုင်ခြေရှိလား ကိုယ်ကိုယ်တိုင် ဆန်းစစ်နိုင်မယ့် နည်းလမ်းလေးတွေကို […]

နှလုံးရောဂါ ကို ရှာဖွေမည်။

နှလုံးရောဂါ

သတိပြုဖွယ်ရာ Heart Attack ၏ အချက်ပေးခေါင်းလောင်းသံများ

Heart attack (ခေါ်) နှလုံးထိခိုက်ခြင်းဆိုတာ နှလုံးသွေးကြောထဲ သွေးလျှောက်တာ နည်းသွားပြီး နှလုံးကြွက်သားသွေးငတ်သွားတဲ့ အခြေအနေ ဖြစ်ပါတယ်။ နှလုံးကြွက်သားများဟာ သွေးကို လုံလောက်စွာ မရရင် ပျက်စီးသွားတတ်ပါတယ်။ အဲဒီလို သွေးပြတ်တောက်ချိန်မှာ ခံစားရတဲ့ ဝေဒနာဟာ ရုတ်ချည်းပြင်းထန်စွာ ခံစားရတာမို့ heart attack (သို့) နှလုံးထိုက်ခြင်းလို့ ခေါ်နိုင်ပါတယ်။ နှလုံးထိခိုက်ခြင်းဟာ အသက်အန္တရာယ်ရှိတဲ့ အခြေအနေဖြစ်ပါတယ်။ ထိရောက်စွာ မကုသနိုင်ရင် နှလုံးကြွက်သားပျက်စီးပြီး အသက်ဆုံးရှုံးနိုင်လို့ မပေါ့မဆ သတိပြုသင့်တဲ့ အခြေအနေ ဖြစ်ပါတယ်။ နှလုံးထိခိုက်ခြင်းဖြစ်နိုင်ခြေများစေတဲ့ အခြေအနေတွေကတော့ - အသက်အရွယ် - မျိုးရိုးရှိခြင်း - သွေးတိုးခြင်း - ကိုလက်စထရောများခြင်း - အဝလွန်ခြင်း - အာဟာရမပြည့်ဝခြင်း - အရက်အလွန်အကျွံသောက်ခြင်း - စိတ်ဖိစီးခြင်း - ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း စတာတွေ ဖြစ်ပါတယ်။ အဆိုပါ အချက်တွေထဲမှာ ပါဝင်နေရင်တော့ နေထိုင်မှုပုံစံကို ပြောင်းလဲသင့်တဲ့အပြင် နှလုံးထိခိုက်ခြင်းရဲ့ ရှေ့ပြေးလက္ခဏာတွေကို ကြိုတင်နားလည် […]


နှလုံးရောဂါ

သင့်နှလုံးကျန်းမာရေးအတွက် အကောင်းဆုံးအစားအစာများ

နှလုံးရောဂါဟာ ကမ္ဘာတလွှားမှာ လူပေါင်းများစွာရဲ့ အသက်ကို ရန်ရှာနေတဲ့ ပြဿနာတခုဖြစ်ပါတယ်။ လူသားများဟာ အသက်ကြီးလာတာနဲ့အမျှ နှလုံးကြွက်သားအားနည်းခြင်း၊ သွေးတိုးခြင်း၊ လေဖြတ်ခြင်း စတဲ့နှလုံးနဲ့ ဆက်နွယ်နေတဲ့ ပြဿနာတွေကို ကြုံကြိုက်ရတတ်ပါတယ်။ နှလုံးရောဂါကိုဖြစ်စေတဲ့ အကြောင်းအရင်းများစွာ ရှိသလို အဆိုပါအကြောင်းအရင်းတွေကို လျှော့ချနိုင်မယ့် နည်းလမ်းတွေလည်း ရှိနေပါတယ်။ အချိန်မှန် ကျန်းမာရေးစစ်ဆေးခြင်း၊ ဆေးလိပ်ဖြတ်ခြင်း၊ စိတ်ဖိစီးမှု လျှော့ချခြင်း၊ နေထိုင်စားသောက်ပုံ ပြောင်းလဲခြင်း စတာတွေနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ နှလုံးကျန်းမာရေးအတွက် စားသုံးသင့်တဲ့ အစားအသောက်တွေပဲ ဖြစ်ပါတယ်။ ၁။ ကညွတ် ကညွတ်မှာ ဖောလိတ်ပါဝင်ပြီး ကိုယ်ခန္ဓာထဲမှာ homocysteine လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ်ကို စုပုံလောစေခြင်းကနေ ကာကွယ်ပေးပါတယ်။ homocysteine ပမာဏ မြင့်တက်ခြင်းဟာ နှလုံးနဲ့ ဆက်နွယ်နေတဲ့ နှလုံးသွေးကြောရောဂါ၊ လေဖြတ်ခြင်း စတာတွေနဲ့ ဆက်စပ်နေပါတယ်။ ၂။ ပဲအမျိုးမျိုး ပဲကြီး၊ စားတော်ပဲ၊ ပဲလွန်း၊ […]


နှလုံးရောဂါ

နှလုံးကို ထိခိုက်စေမယ် လို့ ထင်မထားမိတဲ့ အရာတွေ

နှလုံး ကျန်းမာဖို့ ဘာတွေ သတိထားရမလဲ သိလား။ အဆီများတာ တွေ စားပြီး သွေးတွင်းအဆီဓာတ် များတာ၊ လှုပ်ရှားမှု နည်းတာ နဲ့ စိတ်ဖိစီးမှု စတဲ့ အရာတွေကို နှလုံးကျန်းမာရေး အတွက် မကောင်းတဲ့ အကြောင်းရင်းတွေ လို့ သိထားကြတယ်။ ဒါပေမယ့် နောက်ထပ်ရော ကိုယ်ထင်မထားတဲ့ ဘယ်အရာတွေက နှလုံးကို ထိခိုက်စေမယ် ဆိုတာ မသိချင်ဘူးလား… နှလုံးကို ထိခိုက်စေမယ် လို့ ထင်မထားမိတဲ့ အရာများ (၁) သွား ပြဿနာများ သွားကျန်းမာရေး ကို ဂရုမစိုက်ရင် ဖြစ်လာမယ့် ထိခိုက်လာမယ့် အကျိုးဆက်က ခံတွင်းကျန်းမာရေး တစ်ခုတည်း မဟုတ်ပါဘူးနော်။ သွားဖုံးရောဂါ ရှိသူ တွေမှာ နှလုံးရောဂါ ဖြစ်နိုင်ခြေ ပိုများတယ် လို့ သိရပါတယ်။ မကျန်းမာတဲ့ သွားဖုံးကနေ ဝင်ရောက်တဲ့ ဘက်တီးရီးယားက သွေးလည်ပတ်မှု […]


နှလုံးရောဂါ

ရေဆာရင် အချိုရည် သောက်တတ်တဲ့ အကျင့်ရှိလား...........

မောလိုက်တာ၊ ရာသီဥတုကလည်း ပူလိုက်တာ၊ ရေဆာလိုက်တာဆိုတဲ့ အကြောင်းအရင်းအမျိုးမျိုးနဲ့ ရေအစား အချိုရည်တွေကိုများ သောက်နေမိပြီလား……. ရေသောက်ရင် အမောမပြေလို့ဆိုပြီး အချိုရည်မှ အချိုရည်ဆိုပြီး သောက်မိနေသူလေးတွေ ရှိလား……….. ဒီလိုသောက်မိနေပြီဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ နှစ်စဉ် လူတော်တော်များများ သေဆုံးနေရတဲ့ အကြောင်းအရင်းတစ်ခု နှစ်စဉ် ကမ္ဘာလူဦးရေရဲ့ ၁၇.၉ သန်းဟာ နှလုံးသွေးကြောဆိုင်ရာ ရောဂါကြောင့် အသက်ဆုံးရှုံးနေရပါတယ်။ နှလုံးကိုထိခိုက် တာ၊ နှလုံးသွေးကြောတွေ ထိခိုက်တာကြောင့် သေဆုံးနေကြရပါတယ်။ ဒီလိုသေဆုံးရခြင်းရဲ့ အဓိကအကြောင်းအရင်းက စားသုံးနေတဲ့ အစားအသောက်တွေကြောင့်ပါ။ စားသောက်တဲ့ အစားအသောက်တွေကြောင့် သွေးတိုးတာနဲ့ သွေးတွင်းသကြားဓာတ်များတာ၊ သွေးတွင်းကိုလက်စထရော များတာတွေက နှလုံးရောဂါ ဖြစ်စေရတဲ့ အဓိက အကြောင်းအရင်းတွေထဲက တစ်ခုပါ။ လေ့လာမှုရလဒ်တွေအရ နေ့စဉ် အချိုရည်တွေ သောက်သုံးတာက သွေးတွင်းမှာ အဆီပိုတွေ များလာစေပြီး သွေးတွင်း ကိုလက်စထရောတွေကို များစေနိုင်ပါတယ်။ ဒါက […]


နှလုံးရောဂါ

အထိုင်များတာကြောင့် ရှင်သန်မှုလက္ခဏာ နှလုံးလေးကို ထိခိုက်စေနိုင်ပါသတဲ့

ပြောင်းလဲလာတဲ့ ခေတ်အခြေအနေကြောင့် လူတော်တော်များများ လှုပ်ရှားမှုနည်းလာကြတယ်။ နေအိမ်မှာလည်း အထိုင်များကြသလို အလုပ်ခွင်မှာလည်း တစ်နေကုန်ထိုင်ပြီး အလုပ်လုပ်နေရသူက ခပ်များများပါ။ အထိုင်များတာက ကျန်းမာရေးကို ထိခိုက်စေမယ်ဆိုတာ ထွေထွေထူးထူးပြောနေဖို့ မလိုအောင်ပါ။ ဒီတစ်ခေါက်တော့ အထိုင်များတာကြောင့် နှလုံးလေး ဘယ်လိုထိခိုက်နိုင်လဲဆိုတာကို ပြောပြပေးပါရစေလား……. နေ့တိုင်း အချိန်ကြာမြင့်စွာ ထိုင်နေတတ်တဲ့ အမျိုးသမီးတွေဟာ နှလုံးရောဂါခံစားရနိုင်ခြေပိုများတယ်လို့ လေ့လာမှု အသစ်တစ်ရပ်အရ သိရပါတယ်။ နှလုံးကျန်းမာရေးကို ဘာတွေကများထိခိုက်စေတာလဲ……….. တစ်ခုမကသော နှလုံးကို ထိခိုက်စေနိုင်တဲ့ အချက်တွေက • ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက်မှုပုံစံ • အိပ်ရေးပျက်တာ • ဆေးလိပ်သောက်တာ • ကိုယ်လက်လှုပ်ရှားမှုနည်းတာ • ရောဂါအခံ တစ်ခုခုရှိတာ • စိတ်ဖိစီးတာ • အဝလွန် • သွေးတိုးရောဂါရှိတာ • သွေးတွင်းအဆီများတာ • အထိုင်များတာတွေ ပါ။ လူတိုင်းနီးပါး လုပ်မိနေတဲ့ နှလုံးကို ထိခိုက်စေနိုင်တဲ့ အချက်တစ်ခု သုတေသီတွေနဲ့ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေလုပ်ဆောင်ခဲ့တဲ့ လေ့လာမှုတွေအရ အထိုင်များတာက နှလုံး ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတဲ့ အချက်ပါ။ […]


နှလုံးရောဂါ

နှလုံးနဲ့ပတ်သက်ပြီး ဒီအချက်တွေ သိပြီးပြီလား..........

နှလုံးခုန်နေတာက အသက်ရှင်သန်နေတယ်ဆိုတဲ့ လက္ခဏာတစ်ခုပါ။ သက်ရှိတစ်ဦးဦး နှလုံးရပ်သွားပြီဆိုရင် ရှင်သန်မှု အဆုံးသတ်သွားပါပြီ။ ဒီရှင်သန်မှုလက္ခဏာဖြစ်တဲ့ နှလုံး အကြောင်း သင်ဘယ်လောက်ထိ သိထားလဲဆိုတာ ဒီဆောင်းပါးလေး ကနေတဆင့် ဆန်းစစ်ကြည့်ရအောင်လား........ နှလုံး ဘယ်လိုများ အလုပ်လုပ်တာလဲ........... နှလုံး က ခန္ဓာကိုယ် သွေးလည်ပတ်မှုစနစ်ရဲ့ အစိတ်အပိုင်းတစ်ခုပါ။ နှလုံးကို သွေးလွှတ်ခန်း၊ သွေးပြန်ခန်း၊ နှလုံးအဆို့ရှင်၊ သွေးလွှတ်ကြောတွေ၊ သွေးပြန်ကြောတွေနဲ့ ဖွဲ့စည်းထားပါတယ်။ နှလုံးက သွေးတွေကို သိုလှောင်တယ်၊ ပို့လွှတ်တယ်။ ခန္ဓာကိုယ်အနှံ့ကို အောက်ဆီဂျင်တွေရောက်ရှိစေတယ် စတဲ့ ရှင်သန်မှုအတွက် အရေးပါတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ပေးပါတယ်။ နှလုံးကျန်းမာစေဖို့ ဘာတွေလုပ်ရမလဲ.......... နှလုံးကျန်းမာမှ ခန္ဓာကိုယ်ကျန်းမာမှာပါ။ ဒီတော့ နှလုံးကျန်းမာစေဖို့အတွက် ကျန်းမာရေးနဲ့ ညီညွတ်အောင်စားသုံးပါ နေ့စဉ် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ အရက်မသောက်ပါနဲ့ ဆေးလိပ်ဖြတ်ပါ ကျန်းမာရေးနဲ့ညီညွတ်တဲ့ လူနေမှုပုံစံကို မွေးမြူပါ အိပ်ရေးဝဝအိပ်ပါ။ နှလုံး နဲ့ပတ်သက်ပြီး ဒါတွေ […]


နှလုံးရောဂါ

ရင်ဘတ်အောင့် တိုင်းနှလုံးရောဂါလား။

ရင်ဘတ်အောင့် ပြီဆိုရင် ၁၀ယောက်မှာ ၈ယောက်လောက်က နှလုံးရောဂါလို့ ထင်တတ်ကြပါတယ်။ ပတ်ဝန်းကျင်မှာ ရင်ဘတ်အောင့်တယ် အောင့်တယ်ပြောပြီး ဆုံးသွားတဲ့သူတွေကိုလည်း တွေ့ဖူးကြမှာပါ။ တကယ်တော့ ရင်ဘတ်အောင့်တယ် ဆိုတာ လူနာအတွက်ရော ဆရာဝန်အတွက်ရော ဖြေရှင်းရခက်တဲ့ ပုစ္ဆာတစ်ပုဒ်ပါ။ ရင်ဘတ်အောင့်တိုင်း နှလုံးရောဂါလား။ ဒီလိုလည်းမဟုတ်ပြန်ပါဘူး။ တခြားအကြောင်းရင်းတွေလည်း ရှိပါသေးတယ်။ ဒါတွေက ဘာတွေဖြစ်နိုင်မလဲ။ ဆက်ကြည့်ရအောင်။ ရင်ဘတ်အောင့် စေတဲ့အကြောင်းရင်းများ ရင်ဘတ်အောင့် တာက ဖြစ်တဲ့ရောဂါပေါ်မူတည်ပြီး နာတဲ့ပုံစံမတူပါဘူး။ တစ်ခါတစ်လေ ရင်ဘတ်အောင့်တာက ဘာရောဂါမှရှိလို့မဟုတ်ပါဘူး။ ဒါကလည်း ဆရာဝန်နဲ့ ပြပြီး လိုအပ်တဲ့ စစ်ဆေးချက်တွေ လုပ်ပြီးမှ သိနိုင်တာပါ။ နှလုံးကြောင့်ဖြစ်တဲ့ ရင်ဘတ်အောင့် ခြင်း ရင်ဘတ်အောင့်တာက နှလုံးနဲ့ဆိုင်တယ် ပြောပေမယ့် တကယ်တမ်း နှလုံးရောဂါရှိတဲ့ သူတွေကို မေးကြည့်မယ်ဆိုရင် သူတို့ခံစားရတာက နာတာမဟုတ်တဲ့ တခြားမအီမသာ ခံစားမှုမျိုး၊ စကားနဲ့ မဖော်ပြတတ်တဲ့ ဝေဒနာတစ်မျိုးကို […]


နှလုံးရောဂါ

နှလုံးလေးဖက်နာ အကြောင်း တစေ့တစောင်း

ရောဂါတစ်ခုက မဖြစ်ခင်ကကြိုတင်ကာကွယ်နိုင်ဖို့ဆိုရင်ရောဂါဖြစ်စေတဲ့ အကြောင်းအရင်းတွေကို သိထားဖို့လိုမှာပါ။ ဒီတစ်ခေါက်တော့မြန်မာနိုင်ငံမှာ အဖြစ်မများဘူးဆိုပေမယ့်ဖြစ်လေ့ဖြစ်ထရှိတဲ့ နှလုံးလေးဖက်နာ အကြောင်းကို ဒီဆောင်းပါးလေးကနေတဆင့်ဆွေးနွေးပါရစေ။ နှလုံးလေးဖက်နာ ဆိုတာက လေးဖက်နာရောဂါဆိုတာက ခန္ဓါကိုယ်က အဆစ်တွေကိုရောင်ရမ်းစေနိုင်တဲ့ရောဂါတစ်မျိုးပါ။ လည်ချောင်းနာတာကိုသေချာမကုသမိတာ ဒါမှမဟုတ် စကားလက်အဖျားရောဂါကိုသေချာမကုသမိတာရဲ့ အကျိုးဆက်အနေနဲ့လေးဖက်နာရောဂါကို ခံစားရတာများပါတယ်။ လည်ချောင်းနာတာနဲ့ စကားလက်အဖျားရောဂါကို အဓိကဖြစ်စေတဲ့အရာကတော့streptococcus ဘက်တီးရီးယားပါ။ ဒီအဖျားရောဂါနဲ့လည်ချောင်းနာတာက အသက် ၅ နှစ်ကနေ ၁၅ နှစ်အတွင်း ကလေးတွေမှာအဖြစ်များပြီး ဒီအရွယ်မှာ စတင်ကူးစက်ခံရတာကနေ အသက်ကြီးတဲ့အထိ ဆက်လက်ခံစားကြရတာပါ။ လေးဖက်နာကြောင့်ဖြစ်တဲ့အဖျားက နှလုံးအဆို့ရှင်တွေအပါအဝင် နှလုံးကို ထိခိုက်စေနိုင်ပါတယ်။ ဘယ်လိုလက္ခဏာတွေခံစားရနိုင်လဲ.......... လေးဖက်နာ အဖျားရောဂါက တစ်ယောက်နဲ့တစ်ယောက်မှာ မတူနိုင်ပါဘူး။ရောဂါခံစားနေရတဲ့ အခြေအနေကိုလိုက်ပြီး လက္ခဏာတွေလည်းပြောင်းလဲနိုင်ပါတယ်။ လည်ချောင်းနာဝေဒနာကို ခံစားရပြီး ၂ ပတ် ကနေ ၄ ပတ်အကြာမှာ အဖျားရောဂါကို ခံစားရနိုင်ပါတယ်။ လက္ခဏာတွေအနေနဲ့ကတော့ နှလုံးရောင်မယ် အဆစ်တွေရောင်မယ် အရေပြားရောင်ရမ်းမယ် အာရုံကြောစနစ်ရောင်ရမ်းမယ် အဖျားတက်မယ် […]


နှလုံးရောဂါ

နှလုံးရောဂါ ကင်းစေချင်သလား တစ်ပတ်ကို နှစ်ကြိမ် ငါးစားပေးပါ

ငါးစားပေးသင့်တဲ့အကြောင်းအရင်းက တော်တော်လေးများပါတယ်။ လူတိုင်းဟာ သူတို့နေ့စဉ်စားသုံးတဲ့ အစားအစာတွေ ထဲမှာ ငါးကို ပါအောင်စားပေးသင့်ပါတယ်၊ လို့ အမေရိကန်နှလုံးကျန်းမာရေးအဖွဲ့အစည်းက အကြံပြုတိုက်တွန်းထားပါတယ်။ နှလုံးရောဂါ ကင်းစေချင်သလား တစ်ပတ်ကို နှစ်ကြိမ် ငါးစားပေးပါ ! နှလုံးသွေးကြောကျဉ်းနေတာလား  နှလုံးသွေးကြောကျဉ်းရောဂါက အဖြစ်များတဲ့ နှလုံးရောဂါ တစ်မျိုးပါ။ သွေးကြောနံရံတွေမှာ အဆီတွေစုပုံရာက နှလုံးကို ထောက်ပံ့ပေးနေတဲ့ ပင်မ သွေးကြောပိတ်ဆို့သွားတဲ့ အနေအထားပေါ့။ နှလုံးသွေးကြောကျဉ်းလာတဲ့အခါ ရောဂါပြင်းထန်မှုအလိုက် အခုလို လက္ခဏာတွေခံစားရနိုင်ပါတယ်။ ပင်ပန်းတဲ့အခါ၊ စိတ်ဖိစီးတဲ့အခါ ရင်ဘတ်ထဲက အောင့်တာ လက်ဖဝါးတွေ ချွေးစေးထွက်ပြီး အေးစက်လာတာ ခေါင်းမူးတာ မအီမသာဖြစ်တာ ရင်ထဲက တလှပ်လှပ်ဖြစ်တာ အသက်ရှူတာ ပြတ်တောင်းပြတ်တောင်းဖြစ်တာမျိုး ခံစားရနိုင်ပါတယ်။ နောက်ဆက်တွဲ ဘာတွေခံစားရနိုင်လဲ နှလုံးစည်းချက် မမှန်တာ ရုတ်တရက်နှလုံးရပ်တာ နှလုံးညှစ်အားကျတာတွေ ခံစားလာရနိုင်ပါတယ်။ နှလုံးရောဂါ ကင်းစေချင်သလား တစ်ပတ်ကို နှစ်ကြိမ် ငါးစားပေးပါ Fatty […]


နှလုံးရောဂါ

နှလုံးမကောင်းရင်ဘာတွေဖြစ်နိုင်သလဲ

နှလုံးဆိုတဲ့အစိတ်အပိုင်းဟာ ခန္ဓာကိုယ်အတွက် ဘယ်လောက်တောင် အရေးကြီးသလဲဆိုတာအထူးပြောပြနေစရာတောင်လိုမယ်မထင်ပါဘူး။ စက္ကန့်နဲ့အမျှ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့သွေးတွေကို တစ်ကိုယ်လုံးနေရာအနံှ့ရောက်အောင်ညှစ်ထုတ်ပေးနေသလို အခြေအနေအရလိုအပ်လာရင်လည်း ပုံမှန်ထက်ပိုပြီး အလုပ်လုပ်ပေးရပါသေးတယ်။ ဒီလိုပိုအားစိုက်ထုတ်ရတဲ့အကြိမ်ရေများလာရင် နှလုံးကြွက်သားတွေလည်း ပိုထူထဲလာပြီး သွေးကြောတွေကလည်း သွေးပမာဏများများပို့ပေးနိုင်အောင် ညှစ်ရတဲ့အတွက် ပုံမှန်ထက်ပိုကျဉ်းလာနိုင်ပါတယ်။ အချိန်ကြာလာတာနဲ့ နှလုံးကြွက်သားတွေပိုအားနည်းလာပြီး ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ သွေးပမာဏမထောက်ပံ့ပေးနိုင်တော့ဘူးဖြစ်လာပါမယ်။ သွေးနဲ့အတူပါဝင်တဲ့အောက်ဆီဂျင်ပါ မရရှိတော့တဲ့နောက် မူးဝေေ၀ဖြစ်တာ၊ အသက်ရှုမဝတာ၊ ခြေလက်ဖောရောင်တာလို လက္ခဏာတွေပြပြီး နောက်ဆုံးနှလုံးမကောင်းတော့တဲ့ အခြေအနေဆီ ဦးတည်သွားပါတော့တယ်။ တကယ်တော့ နှလုံးမကောင်းတဲ့ပြဿနာက ပျောက်ကင်းအောင် ပြန်ကုသလို့မရဘဲ ရောဂါပိုမဆိုးလာအောင် ဆေးသောက်တာ၊ လေ့ကျင့်ခန်းလုပ်တာ၊ အစားအသောက်ဆင်ခြင်တာ၊ ခွဲစိတ်ကုသတာမျိုးတွေပဲ ပြုလုပ်နိုင်ပါတယ်။ အခုဒီဆောင်းပါးမှာတော့ နှလုံးမကောင်းရင် နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို ပြောပြလိုက်ရပါတယ်။ နှလုံးခုန်စည်းချက်မမှန်တော့ခြင်း ပုံမှန်နှလုံးတစ်ခုမှာ နှလုံးရဲ့သွေးလွှတ်ခန်း၊ သွေးညှစ်ခန်း ၄ ခန်းက စည်းချက်ညီညီအလုပ်လုပ်ပြီး တစ်ကိုယ်လုံးကို သွေးတွေပျံ့နှံ့ရောက်ရှိစေပါတယ်။ ဒါပေမဲ့ နှလုံးကြွက်သားတွေမကောင်းတော့ရင် အလုပ်လုပ်တာစည်းချက်မမှန်တော့ဘဲ ပုံမှန်ထက် […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း