အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

အိပ်ရေးမဝတဲ့အခါ အလုပ်တွေကို ကောင်းကောင်းမလုပ်နိုင်တော့ပါဘူး။ အိပ်စက်ခြင်းက အင်အားပြည့်ဝစေသလို စိတ်ခံစားမှု ကောင်းစေပြီး ဟော်မုန်းတွေကို ထိန်းညှိပေးပါတယ်။ ကိုယ်အလေးချိန်ကိုလည်း ထိန်းညှိပေးပါတယ်။ ဒါဆို အိပ်စက်ခြင်းကို ထိခိုက်စေတဲ့အရာတွေက ဘာတွေရှိလဲ။

ကျန်းမာရေးဗဟုသုတ

အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

အအိပ်များတာ မကောင်းပါ

လူတစ်ယောက် ကျန်းမာပျော်ရွှင်နေစေဖို့နဲ့ တစ်နေ့တာရဲ့ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်စေဖို့အတွက် ပြည့်ဝတဲ့ အိပ်စက်ချိန် ရှိဖို့ လိုပါမယ်။ ပြည့်ဝတဲ့ အိပ်စက်ချိန် ဆိုတဲ့နေရာမှာ ရှိသင့်တဲ့ အိပ်ချိန်ထက် ပိုများနေတာမျိုး မဟုတ်သလို လျော့နည်းနေတာမျိုး မဟုတ်ဖို့လည်း လိုပါမယ်။ ဒီလို ပြောရတာက အိပ်ရေးပျက်တာကတင် ကျန်းမာရေးကို ထိခိုက်စေတာ မဟုတ်ဘဲ အအိပ်များတာကလည်း ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့်ပါ။ ဒီတစ်ခေါက်တော့ အအိပ်များတာ ကျန်းမာရေးကို ဘယ်လို ထိခိုက်စေနိုင်လဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အအိပ်များတာ မကောင်းပါ လူတော်တော်များများ သိထားသလို အိပ်ရေးပျက်တာကပဲ ကျန်းမာရေးကို ထိခိုက်စေတာ မဟုတ်ပါဘူး။ အိပ်ချိန်များတာကလည်း အိပ်ရေးပျက်တာလိုပဲ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါပေမယ့် တော်တော်များများက ဒါကို အမှုမဲ့ အမှတ်မဲ့ ဖြစ်နေတတ်ကြပါတယ်။ ဘာကြောင့်များ အအိပ်များတာ မကောင်းပါ လို့ […]

အိပ်စက်ခြင်းဆိုင်ရာပြဿနာများ ကို ရှာဖွေမည်။

အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

အလုပ်ခွင်မှာ အိပ်ငိုက်တဲ့အခါ

အလုပ်ပိတ်ရက် အိမ်မှာ အိပ်ငိုက်တာက နေ့ခင်းနေ့လယ် တစ်ရေးအိပ်ပြီး အနားယူလိုက်လို့ ကောင်းတယ်ဆိုပေမယ့် အလုပ်ခွင်ထဲမှာ အိပ်ငိုက်နေတာကတော့ တောတော်လေး ဂွကျတဲ့ ကိစ္စပါ။ အလုပ်တွေ လုပ်စရာ ရှိနေတာကို အိပ်ငိုက်နေတာက ကိုယ့်ကိုယ် မကြိုးစားတဲ့သူရယ်လို့ ထင်စရာ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် နေ့ခင်း ထမင်းစားပြီး အလုပ်ခွင်မှာ အိပ်ငိုက်တာမျိုး ဖြစ်လာရင် ဘယ်လို အကောင်းဆုံး ကျော်ဖြတ်ရမလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။ အလုပ်ခွင်မှာ အိပ်ငိုက်မှု ကင်းစေဖို့ အလုပ်ခွင်မှာ အိပ်ငိုက်မှု ကင်းစေဖို့ ဆိုရင် အိပ်ငိုက်တယ်လို့ ခံစားလာရတဲ့အခါ ကော်ဖီ နည်းနည်းသောက်လိုက်ပါ အလုပ်လုပ်ရင်း ခြေကုန်လက်ပမ်းကျလာသလိုလို ဒါမှမဟုတ် အလုပ်လုပ်ရတာ စိတ်မပါသလိုလို ဖြစ်လာပြီဆိုရင် အလုပ်ကို ခဏလေး နားပြီး ကော်ဖီ တစ်ခွက်လောက် သောက်လိုက်ပါ။ ဒီလို လုပ်တာက ခန္ဓာကိုယ်ကို လန်းဆန်းသွားစေပြီး […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

အိပ်ပျော်နေချိန်မှာ စိတ်ပျက်စရာရုပ်ကြီး ဖြစ်မနေစေဖို့

သိတ္တဒ္ဓမင်းသားဟာ ညဉ့်ယံအချိန် တောထွက်ခါနီးမှာ စိတ်လွတ်ကိုယ်လွတ် အိပ်မောကျနေကြတဲ့ မောင်းမမိတ်သံ၊ အခြွေအရံတွေကို မြင်ပြီး သံဝေဂတရားရခဲ့တယ်ဆိုတာ တကယ့်အဖြစ်မှန်ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတွေ အိပ်စက်နေရင် စိတ်ပျက်စရာ ကောင်းလောက်အောင် ပုံဆိုးပန်းဆိုးဖြစ်နေတတ်တာ သဘာဝလို့ သိပ္ပံပညာရှင်တွေက ဆိုထားတာကြောင့်ပါ။ လူတွေ အိပ်ပျော်သွားရင် ဘာစွဲဆောင်မှုမှ မရှိတော့ပါဘူးတဲ့။ လူတွေ အိပ်ပျော်နေချိန်မှာ ခန္ဓာကိုယ်အရေပြားက သန့်စင်မှုတွေလုပ်တတ်ပြီးတော့ အနံ့ဆိုးတွေ အညစ်အကြေးတွေလည်း ထွက်နေတတ်ပါတယ်။ ဒီကြားထဲ ဟောက်ပါ ဟောက်တတ်သေးတယ်ဆိုရင်တော့ ကိုယ်နဲ့အတူ အိပ်စက်တဲ့ အဖော်အတွက်တော့ စိတ်ညစ်စရာဖြစ်စေပြီပေါ့။ ညိုမည်းနေတဲ့ ပန်ဒါမျက်လုံးကြီးတွေနဲ့ ဖောင်းတင်းနေတဲ့ နှုတ်ခမ်းဖူးဖူးကြီးတွေရှိနေမယ့် ကိုယ့်မျက်နှာကို တွေးပြီး မြင်ယောင်ကြည့်ပါလား။ ဒီလို ပုံဆိုးပန်းဆိုးကြီးနဲ့ အိပ်ပျော်နေမှာကို စိုးရိမ်သူတွေလည်း ရှိနေမှာသေချာပါတယ်။ လှချင်တဲ့ ကိုကိုတွေ၊ မမတွေကတော့ အိပ်စက်ချိန်မှာတောင် လှတပတလေး ဖြစ်နေချင်ကြမှာ အသေအချာပါပဲ။ ဒီဆောင်းပါးမှာတော့ အိပ်စက်ချိန်တိုင်အောင် လှလှပပလေး […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

အိပ်နေစဉ် အကြောဆွဲခြင်း

တစ်ခါတစ်လေ အိပ်နေတုန်း အကောင်းကြီးကနေ ဘာဖြစ်မှန်းမသိ ဆတ်ခနဲ တုန်ပြီး အကြောဆွဲဖူးပါလား။ တချို့ဆို လက်တွေ မြှောက်တာ၊ ခြေထောက်တွေ ကန်မိတာတွေ အထိပါ ဖြစ်တယ်လေ။ အဲ့ဒါကို ဆေးပညာအရ Sleep myoclonusလို့ ခေါ်ပါတယ်။ ကလေးတွေမှာ ပိုပြီး အတွေ့ရများပါတယ်။ လူကြီးတွေမှာလည်း ရံဖန်ရံခါ တွေ့ရတတ်ပါတယ်။ ဒါမျိုး ဖြစ်လာရင် တက်လာများလား၊ ထမင်းလုံးတစ္ဆေခြောက်တာလားဆိုပြီး စိုးရိမ်တတ်ကြတယ်ဟုတ်။ သူ့နောက်ကွယ်က အဖြစ်မှန်က ဘာလဲဆိုတာ ဆက်ကြည့်ကြည့်ရအောင်။ ဘာကြောင့် ဖြစ်တာလဲ။ ဖြစ်ရတဲ့ အကြောင်းရင်းကို သေသေချာချာ မပြောနိုင်သေးပေမယ့် ဦးနှောက်ထဲက neurotransmitter ဒိုပါမင်းကြောင့်လို့ ယူဆကြပါတယ်။ ဒီတစ်ချက်တည်းနဲ့တင် အတက်ရောဂါနဲ့ ခွဲလို့ ရနေပါပြီ။ အတက်ရောဂါကတော့ ဦးနှောက်ထဲက လျှပ်စီးဓာတ်တွေ ကမောက်ကမ ဖြစ်တာကြောင့်ပါ။ ဒါကြောင့် ဖြစ်နိုင်တဲ့အကြောင်းရင်းတွေကို ကြည့်မယ်ဆိုရင် ဦးနှောက်မှာ […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

အိပ်ယာနဲ့ လက်ထပ်မိနေပြီလား

တခါတခါကျ ကြုံဖူးကြလိမ့်မယ်။ မနက်မိုးလင်းရင် မထချင်ဘူး၊ တော်တော်နဲ့ အိပ်ယာထဖို့ ခက်နေတတ်တယ်၊ အမြဲပဲ အိပ်ချင်နေတယ်၊ အိပ်ယာထဲလှဲချင်နေမိတယ်။ တနေကုန် လှဲပြီးပဲနေချင်တဲ့ စိတ်ဆန္ဒမျိုးပဲ ရှိနေတာမျိုးပေါ့။ အမြဲအိပ်ရေးဝအောင် အကြာကြီးအိပ်နေပေမယ့် ကိုယ့်မှာက အိပ်ရေးမဝသလို ခံစားနေရမယ်၊ အိပ်ယာပေါ်မှာ လှဲအိပ်နေချိန်မှ စိတ်ကျေနပ်နေသလိုမျိုးခံစားနေရတာမျိုးပေါ့။ ဒီလိုစိတ်ခံစားချက်မျိုးက သဘာဝစိတ်ခံစားချက်မျိုးတော့မဟုတ်ပါဘူး။ Dysania လို့ ခေါ်တဲ့ အိပ်စက်ခြင်းဆိုင်ရာ စိတ်ဝေဒနာ အမျိုးအစားတစ်မျိုးသာဖြစ်ပါတယ်။ Clinomania လို့လည်း ခေါ်ကြပါသေးတယ်။ ဒီလိုလူတွေအတွက်တော့ မနက်ခင်းမှာ မြည်တတ်တဲ့ Alarm တွေဟာ စိတ်အနှောင့်အယှက်အပေးနိုင်ဆုံး အရာတွေဖြစ်နေပါလိမ့်မယ်။ အိပ်ယာထဲကနေ ထဖြစ်ဖို့ ၁ နာရီ ၂ နာရီလောက်အထိ အချိန်ယူတတ်ပါတယ်။ ဆရာဝန်တွေကတော့ ဒါဟာ ဂရုစိုက်သင့်တဲ့ ကျန်းမာရေးပြဿနာလို့ တိတိကျကျကို သတ်မှတ်ထားကြပါတယ်။ Dysania ဝေဒနာခံစားနေရသူတစ်ယောက်အတွက် မနက်ခင်းတွေတိုင်းဟာ စိတ်ဆင်းရဲစရာ […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

တစ်ချိန်လုံး အိပ်ငိုက်နေသူလေးတွေရှိလား.........

မနက်အိပ်ရာထချိန်ကနေစလို့ ညအိပ်ရာဝင်ခါနီးအထိ လန်းဆန်းမှုမရှိဘဲ တစ်ချိန်လုံး လိုလို အိပ်ချင်လိုက်တာ ခေါင်းမကြည်ဘူးဆိုပြီးခံစားနေရသူလေးတွေရှိလား။ ဒါဆိုရင် သင့်ကို တစ်ချိန်လုံး အိပ်ငိုက်တယ်လို့ ခံစားရစေတဲ့ အချက်က ဘာများလဲ တူတူကြည့်ရအောင်လား..... တစ်ချိန်လုံး အိပ်ငိုက်နေတာ ဘယ်တစ်ချက်ကြောင့်လဲ................. တစ်ချိန်လုံး အိပ်ငိုက်နေတယ်လို့ ခံစားနေရတာက သန့်စင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်တွေ အများကြီးစားမိတာ ကာဗိုဟိုက်ဒရိတ်က ခန္ဓာကိုယ်ကို မြန်မြန်အားပြည့်စေတယ်ဆိုတာကတော့ အမှန်ပါ။ ဒါပေမယ့် စားပြီးချိန်မှာ ခန္ဓာကိုယ်က သကြားဓာတ်အဖြစ်ဖြိုခွဲလိုက်ပါတယ်။ဒါမှ လှုပ်ရှားမှုတိုင်းအတွက် အားပြည့်နေစေမှာပါ။ အားဖြစ်တာထက် ကျော်လွန်အောင် စားမိပြီဆိုရင်တော့ ထိုင်းမှိုင်းသလို ခံစားလာရပါလိမ့်မယ်။ သန့်စင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်တွေကို အများကြီးစားမိတာက တစ်နေ့တာလုံးမှာ ပင်ပန်းပြီး အိပ်ငိုက်တယ်လို့ ခံစားရစေနိုင်ပါတယ်။ သန့်စင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်တွေက သွေးတွင်းသကြားဓာတ်ကို အပြောင်းအလဲဖြစ်စေပြီး အိပ်ငိုက်တာမျိုးခံစားရစေနိုင်ပါတယ်။ အထိုင်များတာ လှုပ်ရှားမှုနည်းပြီး အထိုင်များတာက ကိုယ်တွင်းမှာ အားမရှိသလို ပင်ပန်းသလို ခံစားရစေပြီး သင့်ကို အိပ်ငိုက်လာရစေတဲ့ အချက်တစ်ခုပါ။ […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

အိပ်နေရင်းလမ်းထလျှောက် ရင်ဘာဖြစ်နိုင်လဲ။

အိပ်နေရင်းလမ်းထလျှောက် တာကို ကိုယ်တိုင်မကြုံဖူးရင်တောင် ရုပ်ရှင်ထဲမှာဖြစ်ဖြစ် ကိုယ့်အသိမိတ်ဆွေတွေထဲမှာဖြစ်ဖြစ် ကြားဖူးမှာပါ။ ဒါကို ဘယ်လိုနားလည်ထားလဲ။ သရဲဝင်ပူးတာလား။ သူများပြုစားတာလား။ ကျန်းမာရေးပြဿနာတစ်ခုပဲလား။ ဆက်ကြည့်ရအောင်။ အိပ်နေရင်းလမ်းထလျှောက်တာကို ဆေးပညာအရ somnambulismလို့ခေါ်ပါတယ်။ လူငယ်တွေထက်စာရင် ကလေးတွေမှာ ပိုဖြစ်ပါတယ်။ အများစုက ကြီးလာရင် သူ့အလိုလို ပျောက်သွားတတ်ပါတယ်။ တစ်ခါတလေမှ လမ်းထလျှောက်ရင်တော့ ပြဿနာမရှိပါဘူး။ ထပ်ခါထပ်ခါလျှောက်နေပြီဆိုရင်တော့ နောက်ကွယ်မှာ အိပ်စက်ခြင်းပြဿနာတစ်ခုခု ရှိနေနိုင်ပါတယ်။ လူငယ်တွေမှာ အိပ်ရင်းလမ်းထလျှောက်တာက အိပ်စက်ခြင်းပြဿနာကြောင့်ဖြစ်နိုင်သလို တခြားရောဂါတစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ လက္ခဏာများ အိပ်နေရင်းလမ်းထလျှောက်တာက ညဦးပိုင်းမှာဖြစ်တတ်ပါတယ်။ အိပ်ပျော်ပြီး ၁နာရီ ၂နာရီ အကြာမှာပေါ့။ တရေးတမော အိပ်နေချိန်မှာတော့ မဖြစ်တတ်ပါဘူး။ လမ်းတစ်ခါထလျှောက်ရင် မိနစ်အနည်းငယ်လည်း ဖြစ်နိုင်သလို ဒီထက်လည်းပိုကြာနိုင်ပါတယ်။ လက္ခဏာတွေကတော့ -အိပ်ရာကထပြီး လမ်းထလျှောက်တာ -အိပ်ရာက ထထိုင်ပြီး မျက်လုံးပွင့်နေတာ -တစ်နေရာရာကို ငေးငေးငိုင်ငိုင်ကြည့်နေတာ -သူများတွေကို စကားပြန်မပြောတာ၊ ခေါ်မရတာ -အဲ့အချိန်မှာ နှိုးရခက်တာ -နိုးသွားရင်လည်း အချိန်တစ်ခုကြာအောင် စိတ်နဲ့ ကိုယ်နဲ့ […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

အိပ်ပျော်နေစဉ်ဘီလူးစီး ခြင်း

အိပ်ပျော်နေစဉ်ဘီလူးစီး တဲ့ ခံစားမှုမျိုး ကြုံဖူးပါသလား။ ဒါကို sleep paralysisလို့ ခေါ်ပါတယ်။ အိပ်ပျော်နေစဉ်မှာ လူကသတိရှိနေတယ်။ ဒါပေမယ့် လှုပ်လို့မရဘူး ဖြစ်နေတယ်။ ဒီအချိန်မှာ စက္ကန့်အနည်းငယ်ကနေ မိနစ်အနည်းငယ်ကြာအောင် လှုပ်လို့လည်းမရဘူး။ စကားပြောလို့လည်းမရပါဘူး။ တချို့လူတွေဆိုရင် အပေါ်ကနေ တစ်ခုခုနဲ့ ဖိထားသလို၊ အသက်ရှူကြပ်လာသလို ခံစားရပါတယ်။ ဒါကြောင့် ဘီလူးစီးတယ်လို့ ပြောကြတာပါ။ Sleep paralysisက တခြားပြဿနာတွေဖြစ်တဲ့ ရုတ်တရက် အိပ်ပျော်သွားတတ်တဲ့ရောဂါ (narcolepsy)နဲ့လည်းတွဲဖြစ်နိုင်ပါတယ်။ ဘယ်အချိန်မှာဖြစ်တတ်လဲ။ Sleep paralysisက နှစ်ချိန်မှာဖြစ်တတ်ပါတယ်။ အိပ်ပျော်နေတဲ့အချိန်မှာ ဖြစ်နေရင် hypnagogic (predormital sleep paralysis)လို့ခေါ်ပြီး နိုးနေတဲ့အချိန်မှာဖြစ်ရင် hypnopompic (postdormital sleep paralysis)လို့ခေါ်ပါတယ်။ အိပ်ပျော်နေတဲ့အချိန်မှာ ခန္ဓာကိုယ်တစ်ခုလုံးက ပျော့ပျောင်းနေပါတယ်။ သတိလည်းကောင်းကောင်းမရှိတဲ့အတွက် ပြောင်းလဲနေတာကို မသိပါဘူး။ ဒါက ပုံမှန်ပါ။ ဒါပေမယ့် သင်က […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

ဖုန်းကို အိပ်ရာဘေးထားပြီး အိပ်တဲ့အကျင့်က ကျန်းမာရေးအတွက်မကောင်းဘူးနော်

ဒီဘက်ခေတ်မှာ လူငယ်တိုင်းလိုလို မိုဘိုင်းလ်ဖုန်း ကိုယ်စီသုံးစွဲနေနိုင်ပါပြီ။ ဘယ်သွားသွား လူတွေကို ကြည့်လိုက်ရင် ဖုန်းတစ်လုံး ကိုယ်စီနဲ့ အလုပ်တွေ ရှုပ်နေတတ်ကြတာ သတိထားမိမှာပါ။ ဖုန်းနဲ့ပတ်သက်ပြီး ကောင်းတဲ့အချက်တွေ၊ မကောင်းတဲ့အချက်တွေကို လူမှုရေးရှုထောင့်ကနေရော ကျန်းမာရေးရှုထောင့်ကနေပါ ပြောခဲ့ပြီးပြီဆိုတော့ ဒီနေ့ဆောင်းပါးမှာ ဖုန်းကို အိပ်ရာဘေးထားပြီး အိပ်တဲ့အကြောင်းကို ပြောပြပေးမှာ ဖြစ်ပါတယ်။ ဖုန်းကို အိပ်ရာဘေးထားပြီး အိပ်သင့်လား။ အရှင်းဆုံးအဖြေကို ပြောပါဆိုရင် မအိပ်သင့်ပါဘူး။ ဖုန်းကို ကိုယ့်အိပ်ရာဘေးထားပြီး အိပ်တာဖြစ်ဖြစ်၊ ကိုယ့်ရဲ့ အင်္ကျီ၊ ဘောင်းဘီအိတ်ကပ်တွေထဲ ထည့်ထားတာမျိုးက အစပိုင်းမှာ ဘာမှမဖြစ်ဘူးလို့ ထင်ရပေမယ့် ရေရှည်မှာတော့ ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ အိပ်စက်ခြင်းကို ကောင်းကောင်းဒုက္ခပေးနိုင်ပါတယ်။ ဘာတွေ ဒုက္ခပေးနိုင်လဲဆိုရင် • ဖုန်းရဲ့ တာဝန်က အင်တာနက်အတွက်သာမက အဝင်ဖုန်း၊ အထွက်ဖုန်းတွေကိုပါ လက်ခံပေးပါတယ်။ ဒီအတွက် ဖုန်းကနေ ရေဒီယိုလျှပ်စစ်လှိုင်းတွေ အမြဲထွက်နေတတ်ပါတယ်။ […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

အိပ်ချိန်မမှန်ရင် ဝိတ်ချဖို့ ဘယ်လောက်ကြိုးစားစား အောင်မြင်ဖို့မလွယ်

ကိုယ်အလေးချိန်ချဖို့ ကြိုးစားနေကြတဲ့သူတွေက အရင်ဆုံးတွေးမှာက အစားလျှော့မယ် ၊ ဂျင်မ်သွားမယ်၊ အဆီကျစေမယ့် ဆေး သို့မဟုတ် ကော်ဖီသောက်မယ် ဆိုတဲ့နည်းလမ်းတွေပါပဲ။ ဒီထဲက နည်းလမ်းတစ်ခုခုကိုရွေးချယ်လိုက်တယ်၊ သေချာလိုက်နာတယ်ဆိုတာတောင် ဝိတ်ကသိပ်မကျဘူး၊ ပြန်တက်တာကျ သိပ်မြန်တာပဲ ဆိုတာမျိုး ကြုံဖူးကြမှာပါ။ အဲဒါဘာ့ကြောင့်ဖြစ်မလဲ။ပြန်တွေးကြည့်ရအောင် ။ ဒီလိုဖြစ်စေတဲ့နောက်ကွယ်က တရားခံဟာ အိပ်ချိန်မမှန်ခြင်းပါပဲ။ လူကိုဝစေတဲ့ အကြောင်းရင်းတွေက အများကြီးရှိပေမယ့် အိပ်ချိန်မမှန်တာကတော့ ဝိတ်ပြန်ချလို့မလွယ်အောင် ဟန့်တားနေတာဖြစ်ပါတယ်။ အိပ်ချိန်မမှန်တာက လူ့ကျန်းမာရေးအတွက် ပြဿနာတွေအများကြီးပေးနိုင်တာ သိကြပြီးဖြစ်မှာပါ။ အမေရိကန်သုတေသနတစ်ခုအရ အိပ်ချိန်မမှန်တာ၊ အိပ်ရေးပျက်တာတွေက ကိုယ်အလေးချိန်လျှော့ချရာမှာ အနှောင့်အယှက်ပေးနိုင်တယ်လို့ သိရပါတယ်။ အရွယ်ရောက်ပြီးသူတွေက အနားယူဖို့အတွက် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တဲ့အချိန် တစ်နေ့ကို အနည်းဆုံး ၇ နာရီရှိဖို့ လိုအပ်ပါတယ်။ အများစုကတော့ ဒါကို မပြည့်ဝနိုင်တာတွေ့ရပါတယ်။ ၂၀၁၇ ခုနှစ်က အမေရိကန်အတွင်း စစ်တမ်းအရ ပါဝင်သူတွေရဲ့ ၃၆ ရာခိုင်နှုန်းက […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

တီဗီရှေ့ အိပ်ပျော်မသွားသင့်တဲ့ အကြောင်းရင်း

ညသန်းခေါင်ကျမှ တီဗီရှေ့မှာ တရေးနိုးလာတဲ့ဖီလင်က ဘယ်လိုမျိုးလဲ။ အိပ်ရာထဲလည်း မရောက်၊ တီဗီလည်းမပိတ်ဘဲ ဘယ်အချိန်ကအိပ်ပျော်သွားမှန်းမသိလိုက်တာမျိုးက သင့်ကို ဝလာစေနိုင်ပါတယ်လို့ သုတေသနကဖော်ပြလာပါတယ်။ ဘာလို့လဲ ဆိုတော့ ... National Institute of Health သုတေသီတွေက အသက် ၃၅ နှစ်ကနေ ၇၄ နှစ်အတွင်း အမေရိကန်အမျိုးသမီး ၄၃၇၂၂ ဦးအပေါ်လေ့လာမှုအချက်အလက်တွေကို ဆန်းစစ်ခဲ့ကြပါတယ်။ ညဘက်အလင်းရောင်မှိန်မှိန်ထားအိပ်တဲ့ အမျိုးသမီးတွေဟာ ကိုယ်အလေးချိန်ထိန်းနိုင်တာတွေ့ရပြီး ညဘက်အိပ်စက်ချိန်မှာ အလင်းရောင် သို့မဟုတ် တီဗီအလင်းရောင်နဲ့ထိတွေ့လေ့ရှိတဲ့ အမျိုးသမီးတွေကတော့ ၅ နှစ်တာကာလအတွင်း ၁၁ပေါင်လောက် ဝိတ်ပိုတက်လာနိုင်ခြေ ၁၇ ရာခိုင်နှုန်းပိုများတယ်လို့ သိရပါတယ်။ ဒီသုတေသနရလဒ်တွေကိုJAMA Internal Medicineမှာဖော်ပြခဲ့တာပါ။ တီဗီကနေထွက်ရှိတဲ့ အလင်းတုက အမျိုးသမီးတွေရဲ့ကိုယ်တွင်းဇီဝနာရီကို အနှောင့်အယှက်ဖြစ်စေတဲ့အခါ အိပ်စက်မှုဟော်မုန်း မယ်လာတိုနင်ထွက်ရှိမှုကို အဟန့်အတားဖြစ်စေတယ်လို့ သုတေသီတွေက တွက်ချက်ခဲ့ကြပါတယ်။ ကိုယ်အလေးချိန်တိုးလာရတာကတခြားအကြောင်းအချက်တွေကြောင့်လည်းပါဝင်နေနိုင်ပါတယ်။ သုတေသီတွေကတော့ အသက်အရွယ်၊ လူမျိုး၊ လူမှုစီးပွားရေးအနေအထား၊ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း