အိပ်စက်ခြင်း

ကျွန်ုပ်တို့ အားလုံးဟာ ညဘက်တွေမှာ ကောင်းမွန်စွာ အိပ်စက်နိုင်ဖို့ လိုပါမယ်။ ဒါပေမယ့် ယနေ့ခေတ်ရဲ့ မနားမနေ ကြိုးပမ်းနေရတဲ့ ဘဝနေထိုင်မှုပုံစံကြောင့် ကျန်းမာစွာ နေထိုင်မှုပုံစံ နဲ့ ပြည့်ဝတဲ့ အိပ်စက်အနားယူမှုတွေက စိန်ခေါ်မှုတွေ ဖြစ်လာပါတယ်။ ဒီကဏ္ဍမှာ အိပ်စက်ခြင်းနဲ့ ပတ်သက်တဲ့ သိပ္ပံနည်းကျ အချက်အလက်တွ နဲ့ ညဘက်တွေမှာ ပြည့်ဝတဲ့ အိပ်စက်ချိန် ရရှိစေမယ့် နည်းလမ်းတွေကို ဖတ်ရှု့နိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အိပ်စက်ခြင်း

ညစဉ် အိပ်ချိန် ၆ နာရီထက် မနည်းစေဖို့ သတိပြုပါ!

အိပ်ရေးမဝတာ၊ ပြည့်ဝလုံလောက်တဲ့ အိပ်ချိန် မရှိတာက နောက်တစ်နေ့မှာ အတော်လေး ပင်ပန်းစေပြီး အလုပ်တွေထဲမှာ အာရုံစိုက်ဖို့ ခက်ပါတယ်။ အိပ်ရေးမဝတာက တစ်ရက်တလေဆိုရင် မသိသာပေမယ့် နေ့စဉ်ရက်ဆက် ဖြစ်လာမယ်။ အချိန်ကာလအတိုင်းအတာ တော်တော်လေး ကြာလာမယ်ဆိုရင်တော့ ခန္ဓာကိုယ်မှာ နာတာရှည်ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ အိပ်ရေးပျက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါသည် သွေးတိုး၊ အမျိုးအစား ၂ဆီးချို၊ နှလုံးရောဂါနဲ့ လေဖြတ်ဖူးတဲ့ လူလတ်ပိုင်းတွေက တစ်ညတာမှာ အိပ်ချိန် ၆နာရီထက် နည်းနေမယ်ဆိုရင် ကင်ဆာရောဂါနဲ့ အရွယ်မတိုင်ခင် သေဆုံးတာတွေကို ခံစားရနိုင်တယ်လို့ လေ့လာမှု တစ်ရပ်အရ သိရပါတယ်။ အထူးသဖြင့် သွေးတိုးရောဂါနဲ့ ဆီးချိုရောဂါ အခံရှိသူတွေမှာ တစ်ညကို အိပ်ချိန် ၆ နာရီထက် နည်းနေမယ်ဆိုရင် ညစဉ် အိပ်ချိန် ၆ နာရီနဲ့ အထက်ရှိသူတွေထက် နှလုံးရောဂါ နဲ့ […]

အိပ်စက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

အိပ်စက်ခြင်း ကို ရှာဖွေမည်။

အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

တစ်နေ့လုံး ခေါင်းမကြည်၊ စိတ်တိုနေတာ ညဘက်အိပ်ရေးမဝလို့လား

ညဘက်အိပ်ရေးဝတယ်၊ မဝဘူးဆိုတာ နောက်တစ်နေ့ ကိုယ့်ရဲ့ မျက်နှာအမူအရာ၊ စိတ်ခံစားချက်ပိုင်းဆိုင်ရာအပေါ် အများကြီး သက်ရောက်နိုင်ပါတယ်။ အိပ်ရေးမဝတဲ့အခါ လူက ပင်ပန်းနွမ်းနယ်ပြီး ဘာမှလုပ်ချင်၊ ကိုင်ချင်စိတ်က မရှိ၊ လုပ်သမျှအကုန်လုံး အမှားအယွင်းတွေ ဖြစ်တဲ့အခါ လူက ပိုပြီးစိတ်ဆိုးဒေါသထွက်လာတော့တာပေါ့။ ဘယ်သူတွေမှာ အဖြစ်များလဲ။ ခုခေတ်လူငယ်တော်တော်များများက ညဘက်တွေဆိုရင် မအိပ်ဘဲ အမှောင်ထဲမှာ ဖုန်းသုံးနေရင်းနဲ့ အချိန်ကုန်လို့ ကုန်မှန်းမသိ၊ အိပ်ချင်နေတာလည်း သတိမထားမိဘဲ နေတတ်ကြပါတယ်။ ကြာတာတော့ မျက်စိထိခိုက်လာမယ်၊ အိပ်ရေးပျက်မယ်၊ အိပ်ချိန်မမှန်တော့ စိတ်က ဂယောက်ဂယက်ဖြစ်လာမယ်။ ဘာကိုမှ အာရုံစိုက်လို့ မရ၊ စဉ်းစားလို့ မရဖြစ်လာမယ်။ တဖြည်းဖြည်းနဲ့ ကြာလာရင် ဒေါသကို ထိန်းချုပ်မရတော့တာ၊ စိတ်ဓါတ်ကျလာတာ၊ စိတ်ခံစားချက် အပြောင်းအလဲ အရမ်းမြန်လာတာ အစရှိတဲ့ စိတ်ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ လူငယ်တွေအပြင် ညဘက်ကောင်းစွာ အိပ်မပျော်တဲ့ ရောဂါရှိသူတွေ၊ […]


ညအိပ်မပျော်ခြင်း

အအိပ်မမှန်တာ ဒါတွေနဲ့ဆိုင်တယ်နော်

လူက ညဘက်အိပ်မပျော်တာလားဆိုတော့လည်းမဟုတ်ဘူး။ အိပ်ရေးဝတဲ့အခါ ဝတယ်၊ အိပ်မပျော်တဲ့အခါမပျော်ဘူး။ တစ်ညနဲ့တစ်ည အိပ်ပျော်လိုက်၊ မပျော်လိုက် အအိပ်မမှန်ဖြစ်နေတာ ကိုယ်တစ်ယောက်တည်းတော့မဟုတ်လောက်ပါဘူး။ ဒီလိုဖြစ်လေ့ဖြစ်ထရှိကြတာ ဘာတွေကြောင့်လဲဆိုတာ နည်းနည်းစပ်စုကြည့်ရအောင်။ ကိုယ်စားထားတဲ့အစားအသောက်တွေနဲ့သက်ဆိုင်နေပါတယ် အိပ်ချိန်မှန်ပြီး အိပ်ရေးဝဖို့က နာရီ alarmပေးထားပြီး အတင်းဝင်အိပ်ရုံနဲ့၊ အိပ်ရာထဲလှိမ့်နေရုံနဲ့မရပါဘူး။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်အောင်လို့ အစားအသောက်က အရေးပါတယ်ဆိုတာ သိရင် ပိုအဆင်ပြေပါလိမ့်မယ်။ အိပ်ရေးဝဖို့ ဘာကိုဆောင်သင့်လဲ၊ ဘာကိုရှောင်သင့်လဲ ဆိုတာ သိရအောင် ဆက်ပြီးဖတ်ကြည့်ပါဦး။ Tryptophan ကြွယ်ဝတာတွေစားပါ ညအိပ်ခါနီး နွားနို့ပူပူလေးသောက်ရင် ကောင်းကောင်း အိပ်ပျော်တယ်လို့ပြောလေ့ရှိကြတယ်။ ဘာလို့လဲသိလား။ နို့ထွက်ပစ္စည်းတွေမှာtryptophan ပါဝင်လို့ဖြစ်ပါတယ်။tryptophan ဆိုတာ အိပ်စက်ခြင်းကို အထောက်အကူပေးတဲ့ဓါတ်ပစ္စည်းဖြစ်ပြီး အစေ့အဆန်တွေ၊ ငှက်ပျောသီး၊ ပျားရည်နဲ့ ကြက်ဥတို့မှာလည်း ပါဝင်တတ်ပါတယ်။ ကာဗိုဟိုက်ဒရိတ်စားပါ (နည်းနည်းပေါ့) ကာဗိုဟိုက်ဒရိတ်ကြွယ်ဝတဲ့အစားအစာတွေကသွေးထဲမှာtryptophan ကိုတိုးစေပါတယ်။ ဒါ့ကြောင့်ကွေကာနဲ့ နို့၊ အစေ့အဆန်နဲ့ခရက်ကာ၊ပေါင်မုန့်နဲ့ချိစ် အတွဲအစပ်တွေလိုမျိုးကို ညဘက်စားသုံးရင် ပိုအိပ်ပျော်စေပါတယ်။ အိပ်ခါနီး အဆာပြေစားပါ အိပ်မပျော်တတ်ဘူးဆိုရင် အိပ်ရာဝင်ခါနီးမှာ အဆာပြေတစ်ခုခုစားခြင်းက […]


ညအိပ်မပျော်ခြင်း

အိပ်ချိန်မှန်ရဲ့သားနဲ့ ဘာလို့ အိပ်ရေးမဝသလို ခံစားနေရတာလဲ

အိပ်ချိန်ပြည့်ဝမှုဆိုတာ လူတွေရဲ့ ကျန်းမာရေးအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေပါတယ်။ အသက်အရွယ်မရွေး တစ်နေ့အိပ်ချိန် အနည်းဆုံး ၇နာရီ ရှိဖို့ လိုအပ်ပါတယ်။ အိပ်ချိန်ပြည့်ဝမှ ကျန်းမာမယ်။ တစ်နေ့တာလုံး လန်းဆန်းတက်ကြွပြီး ကိုယ့်ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို လုပ်ကိုင်နေမယ်။ အားအင်ပြည့်ဝနေမှာပါ။ ဒါဆို တချို့လူတွေက အိပ်ချိန်မှန်ရဲ့သားနဲ့ ဘာလို့ မနက်နိုးလာတဲ့အချိန်မှာ ပင်ပန်းပြီး အိပ်ရေးမဝသလို၊ ခေါင်းမူးနေသလို၊ မောပြီး အားမရှိသလို လန်းလန်းဆန်းဆန်း မဖြစ်တာ ဘာကြောင့်လဲ တွေးမိပါလား။ ဒီလို အိပ်ချိန်မှန်ရဲ့သားနဲ့ အိပ်ရေးမ၀ ဖြစ်နေတဲ့သူတွေအတွက် ဗဟုသုတ ဝေမျှပေးချင်ပါတယ်။ အိပ်ရေးမဝသလို ခံစားနေရတဲ့ အကြောင်းရင်းတွေ တစ်နေ့ကို အိပ်ချိန် ၇-၈နာရီ ပြည့်အောင်လည်း အိပ်ထားတယ်။ မနက်အိပ်ရာနိုးလို့ မလန်းဆန်းဘူး၊ ခေါင်းမူးနေတယ်၊ အိပ်ရေးမဝသလို ဖြစ်နေတာဟာ ဒီအချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။ ၁။ အိပ်ချိန်နဲ့ ၆နာရီအတွင်းမှာ ကဖင်းဓါတ်ပါဝင်တဲ့ […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

အလုပ်ခွင်မှာ ငိုက်မနေစေဖို့ ဒီအချက်လေးတွေ လုပ်ကြည့်ပေးပါ



ညအိပ်မပျော်ခြင်း

အတွေးများပြီး ညည အိပ်မပျော်ဖြစ်နေပါသလား ။ ။

အိပ်ခါနီး တောင်တွေးမြောက်တွေးနဲ့ တော်တော်နဲ့ အိပ်မရတဲ့သူတွေ ရှိပါသလား။ အိပ်ရာထဲရောက်ပြီဆိုတာနဲ့ နဖူးပေါ်လက်တင်ပြီး စဉ်းစားခန်းဖွင့်တဲ့ သူအများစုဟာ ညဘက်အိပ်မပျော်တဲ့ ဝေဒနာကို အခြားသူတွေထက်ပိုခံစားရလေ့ရှိပါတယ်။ ဒီလိုနဲ့ အိပ်မပျော်တဲ့ ဝေဒနာကို ခံစားရပြီးအိပ်ရာထဲ လူးလွန်နေရတဲ့သူတွေ အတွက် ကောင်းကောင်းအိပ်ပျော်စေမယ့် နည်းလမ်းကောင်းလေးတွေ ဝေမျှ ပေးချင်ပါတယ် ။ ။ ဒီလို အတွေးလွန်ပြီး အိပ်ချင်စိတ်တွေ ပျောက်ကုန်တဲ့အခါ အိပ်ရာထဲက ထွက်လိုက်ပါ။ ။ အိပ်ရာထဲမှာ လူးလွန့်ပြီး အတင်းအိပ်ပျော်အောင် ကြိုးစားနေမယ့်အစား အိပ်ရာထဲက ထွက်ပြီး သက်တောင့်သက်သာရှိတဲ့ ခုံတစ်ခုမှာ သီချင်း အေးအေးလေးတွေ နားထောင်လိုက်ပါ။ အိပ်ရာထဲမှာ မရှိလေ အချိန်ကြာလာတာနဲ့ အိပ်ချင်လာလေဖြစ်မှာပါ။ အိပ်ခါနီး အလုပ်အကြောင်းလုံးဝ မစဉ်းစားပါနဲ့ ။ ။ သင့်ကို စိတ်ဖိစီးစေတဲ့ အလုပ်အကြောင်၊ အကြွေးအကြောင်း ငွေရေးကြေးရေး အ ကြောင်းကို အိပ်ခါနီးလုံးဝကို မစဉ်းစားပါနဲ့။ […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

ကလေးဘဝကလို အိပ်မက်ဆိုးတွေ မက်နေတုန်းလား

အိပ်မက်....အိပ်မက်လှလှမက်ပါစေလို့သာ ဆုတောင်းကြတာ။ အိပ်မက်ဆိုးတွေက ဝေးပါစေလို့လည်း အမြဲစိတ်ထဲကတွေးကြရဲ့။ ဒါပေမယ့် အိပ်မက်ဆိုတာ ကိုယ်လိုရာစေစားလို့မှမရတာ။ စိတ်စွဲတာတွေ၊ တစ်နေ့တာမှာ မသိစိတ်အတွင်းရှိနေတာတွေ၊ ပတ်ဝန်းကျင်က သက်ရောက်မှုတွေ၊ စိတ်ဖိစီးမှုတွေ စတဲ့အရာတွေအများကြီးကြောင့် ညအိပ်ချိန်မှာ အိပ်မက်အဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ငယ်ငယ်ကဆို သရဲအိပ်မက်တွေ ခဏခဏမက်တတ်ကြတယ်။ ကလေးဆိုတော့ ကြောက်စိတ်ကများခဲ့တာလည်းပါမှာပေါ့။ အိပ်မက်တွေမက်ပြီး လန့်နိုးလာချိန်ဆို အဖေအမေတွေအလယ် ဝင်အိပ်လိုက်ရင် ကြောက်စိတ်ပြေသွားခဲ့တာပဲ။ အဲ..ကြီးတောင့်ကြီးမားအရွယ်ရောက်မှ အိပ်မက်ဆိုးကြောင့် လန့်နိုးရတာတွေကျ အတော်ဒုက္ခရောက်ရပါတယ်။ လူကြီးတွေရော အိပ်မက်ဆိုးမက်ကြတယ်လား ပေါက်ကရအိပ်မက်တွေမက်နေတာများ ဘာဖြစ်လဲ၊ ကလေးကျနေတာပဲဆိုတဲ့ ဝေဖန်မှုတွေကြောက်လို့ မပြောကြတာပဲရှိမှာ။ အိပ်မက်ဆိုးမမက်ဖူးတဲ့သူ မရှိသလောက်ပါပဲ။ အိပ်မက်ပဲ ဆိုပေမယ့် ကျန်းမာရေးမှာရော ဘယ်လိုပတ်သက်မှုရှိနေလဲဆိုတာ သိကြရင် စိတ်ဝင်စားလာကြမှာနော်။ တစ်ခါတလေမက်တာ ပြဿနာမရှိပေမယ့် ကိုယ့်ရဲ့အိပ်စက်မှုတွေကို အနှောင့်အယှက်ဖြစ်လာလောက်အောင် ဆက်တိုက်ဖြစ်နေရင်၊ မကြာမကြာဖြစ်နေရင်၊ ပုံမှန်ဖြစ်လာရင် တစ်ခုခုပါပဲ။ ဘာကြောင့်ဒီလိုဖြစ်လာရသလဲဆိုတာ အဖြေရှာသင့်ပါတယ်။ ဒါမှ ကျန်းမာရေးကိုမထိခိုက်ခင် […]


ညအိပ်မပျော်ခြင်း

နေ့နဲ့ည အိပ်ချိန် မှားနေတဲ့သူတွေ သတိပြုသင့်တဲ့ ကျန်းမာရေး အန္တရာယ် .။ ။

ခုခေတ် လူနေမှု ပုံစံအရ ညဘက်စောစော အိပ်ကြတဲ့ အလေ့အကျင့်က တော်တော်ကြီးကို ရှားသွားပါပြီ။ အရင်တုန်းကဆို ည ၉ နာရီကား ပြီးတာနဲ့ မီးပိတ် အိပ်ကြပေမယ့် ခုကတော့ ည ၉ နာရီကားဆိုပြီး သတ်သတ်မှတ်မှတ် မရှိလောက်အောင် ၂၄ နာရီ ကြိုက်တဲ့အချိန် အင်တာနက်ပေါ်မှာ ရုပ်ရှင်တွေ တက်ကြည့်ရုံပါပဲ။ ဒီလိုနဲ့ပဲ အိပ်ချိန်တွေ အကုန်လုံး ကပြောင်းကပြန်ဖြစ်ကုန်ပြီး နေနဲ့ည မှားကုန်ကြပါတယ်။ ဒီလို အိပ်ချိန် နေ့နဲ့ ည မှားနေရင် ဘယ်လို ကျန်းမာရေးပြဿာနာတွေ သင်ကြုံလာနိုင်သလဲ ။ ။ ကိုယ်အလေးချိန်တက်လာနိုင်ပါတယ်။ ။ ညဘက် အိပ်ရာဝင်တာ နောက်ကျတဲ့သူတိုင်း ညဘက် ဗိုက်ဆာတဲ့ အရသာကို သိကြမှာပါ။ ဘာကြောင့်လဲဆိုတော့ ပုံမှန်ဆို ကိုယ်ခန္ဓါက အိပ်စက်အနားယူရမယ့်အချိန်မှာ နိုးကြားနေရတဲ့အတွက် […]


ညအိပ်မပျော်ခြင်း

အိပ်ရေးပျက်တာ ကျန်းမာရေးကိုဆိုးရွားစွာထိခိုက်စေနိုင်ပါတယ်

ခန္ဓါကိုယ်ကျန်းမာဖို့အတွက်ပြည့်ဝတဲ့ အိပ်စက်အနားယူမှု၊ သင့်တင့်မျှတတဲ့ အာဟာရနဲ့ လုံလောက်တဲ့ ကိုယ်လက်လှုပ်ရှားမှုနဲ့တစ်ကိုယ်ရေသန့်ရှင်းမှုတွေ မျှတစွာလုပ်ဆောင်ဖို့လိုအပ်ပါမယ်။ အိပ်ရေးဝဝအိပ်မှာ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါကျန်းမာမှာဖြစ်ပါတယ်။ အိပ်ရေးဝဝအိပ်တဲ့အခါ တစ်နေ့တာ မှာခွန်အားပြည့်ပြည့်ဝဝနဲ့ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံးလုပ်ဆောင်နိုင်မှာပါ။ ဒီတော့ ညတိုင်းပြည့်ဝတဲ့ အိပ်စက်ချိန်ထားရှိကြဖို့ ဒီဆောင်းပါးလေးကနေတဆင့် တိုက်တွန်းလိုက်ပါရစေ။ အိပ်ရေးပျက်တော့ ဘာဖြစ်မလဲ အိပ်ရေးပျက်တာများလာတဲ့အခါ စိတ်တိုလွယ်လာပြီး အလုပ်တွေကိုလည်းကောင်းကောင်းမလုပ်နိုင်တော့ပါဘူး။ ဒါကတော့ လူတိုင်းလိုလို သိထားပြီးဖြစ်မယ့် အချက်တစ်ခုပါ။ ဒါပေမယ့် အိပ်ရေးပျက်တာကြောင့်ဖြစ်လာတဲ့ အကျိုးဆက်တွေက ဒီလောက်နဲ့ပြီးမသွားပါဘူး။ အိပ်ရေးပျက်တာကြောင့် အဝလွန်တာ၊ နှလုံးရောဂါ နဲ့ ဆီးချိုရောဂါအပါအဝင် လူ့သက်တမ်းတိုတာမျိုးအထိဖြစ်စေနိုင်ပါတယ်။ အိပ်ရေးပျက်တာကပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။ အိပ်ရေးပျက်တာကြောင့်ခံစားရနိုင်တဲ့မြင်သာတဲ့လက္ခဏာတွေက အိပ်ငိုက်မယ် သန်းမယ် အားမရှိသလို ပင်ပန်းသလို ခံစားရမယ် ခြေကုန်လက်ပန်းကျနေမယ် ဒီလက္ခဏာတွေက အိပ်ရေးပျက်တာရဲ့ မပြင်းထန်တဲ့ လက္ခဏာတွေပါ။ အရမ်းကို အိပ်ရေးပျက်လာမယ်ဆိုရင်တော့ အကျိုးဆက်ကလည်းပြင်းထန်လာမှာပါ။ ကာလရှည်ကြာအိပ်ရေးပျက်လာမယ်၊ပြည့်ဝတဲ့အိပ်စက်ချိန်မရှိဘူးဆိုရင် ခန္ဓါကိုယ်ရဲ့ ကိုယ်တွင်းစနစ်တွေကို […]


အိပ်-ဟောက်-အသက်ရှူပိတ်ရောဂါ

သင် အိပ်ရင် ဟောက်တတ်ပါသလား။ ဒါလေးတွေ စမ်းကြည့်ပါ။ သက်သာပါလိမ့်မယ်။ ။

အိပ်ရင် ဟောက်တတ် တဲ့သူတွေကို အနားမှာ ထားမအိပ်ချင်ကြတာ လူတိုင်းပါ။ သူကတော့ အိပ်မောကျပြီး ကိုယ်ကတော့ သူ့ အသံကြားပြီး တစ်ညလုံး မအိပ်နိုင်ဘဲနဲ့ လူးလိမ့်နေရရော။ ဒီလို ဟောက်တတ်တဲ့သူတစ်ယောက် ကိုယ့်အနားမှာ ရှိနေပြီ ဆိုလို့ကတော့ ခုပြောပြတဲ့ နည်းတွေနဲ့ သူ့ဟောက်တာကို ပျောက်အောင် လုပ်ရင်လုပ်။ မလုပ်ရင်တော့ အိပ်ရေးပျက်မှာက ကိုယ်ပဲ ဖြစ်နေလိမ့်မယ်။ ဟောက်တတ် တဲ့သူတွေ မဟောက်အောင် ဘယ်လိုလုပ်လို့ရလဲ။  ၁။ ကိုယ့်ရဲ့ အိပ်နေတဲ့ ပုံစံကို ပြောင်းပြီးအိပ်ပါ။  ပက်လက်လှန် အိပ်ရင် လျှာက လည်ချောင်းနားကို သွားပိတ်နေသလိုဖြစ်ပြီး လေဝင်ပေါက်ကျဉ်းသွားတတ်လို့ ဟောက်တာဖြစ်ပါတယ်။ ဒါကြောင့် စစချင်းအိပ်တဲ့အချိန်မှာတည်းက စောင်းအိပ်ရင် ဟောက်တာ သက်သာပါလိမ့်မယ်။ ဒါမှမဟုတ် အိပ်တည်းက ကိုယ့်ကျောဘက်မှာ ဖက်လုံး ခံအိပ်ရင်လည်း ဘေးကို စောင်းနေတတ်လို့ ဟောက်တာ သက်သာပါလိမ့်မယ်။ ၂ […]


အိပ်-ဟောက်-အသက်ရှူပိတ်ရောဂါ

သူများတွေ အိပ်ရင် မဟောက်ဘဲ ကိုယ့်ကျမှ ဘာလို့ ဟောက်ရတာလဲ ။ ။

အိပ်ရင် ဟောက်တတ်တဲ့သူ တွေကို တွေ့ဖူးကြမှာပါ။ အိပ်ရင် ဟောက်နေတဲ့သူကတော့ ဘာမှမသိပေမယ့် သူ့ ဟောက်သံကို ကြားနေရတဲ့သူတွေ အတွက်ကတော့ တော်တော်ကို အဆင်မပြေဖြစ်ရပါတယ်။ ကိုယ့်အိပ်ရာနားမှာ ဟောက်တတ်တဲ့သူတစ်ယောက်ရှိုလို့ကတော့ တစ်ညလုံး အိပ်လို့ ရမှာ မဟုတ်ဘူးလို့သာ မှတ်လိုက်ပေတော့။ ဒီတော့ ဘာကြောင့် ဟောက်ရတာလဲ.။ ဟောက်ရတဲ့ အကြောင်းအရင်းကို သိမှ ဘယ်လိုရပ်အောင် လုပ်လို့ရမှာလဲဆိုတာကို သိမှာဖြစ်ပါတယ်။ ဘာကြောင့် အိပ်ရင် ဟောက်ရတာလဲ ။ ။ အိပ်နေစဉ် ပါးစပ်နဲ့ အသက်ရှူလိုက်တဲ့အခါ ဝင်လာတဲ့ လေတွေက ပြေလျော့နေတဲ့ ကြွက်သားတွေ ရိုက်ခတ်သွားလို့ ကြွက်သားတွေ တုန်လှုပ်သွားပြီး အသံထွက်လာရတာ ဖြစ်ပါတယ်။ သင့်ကျန်းမာရေး၊ သင့်ကိုယ်အလေးချိန်နဲ့ သင့်ပါးစပ်ဖွဲ့စည်းပုံတို့ အားလုံးဟာ သင့်ရဲ့ အိပ်နေစဉ် ဟောက်ခြင်း အပေါ်မှာ သက်ရောက်နေတာပါ။ ကိုယ်ကဟောက်တတ်တဲ့သူတစ်ယောက် ဖြစ်ကြောင်း ဘယ်လိုသိနိုင်လဲ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း