စိတ်ဖိစီးမှုဖြေလျှော့ခြင်း

စိတ်ဖိစီးမှုကြောင့် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေပါ ပြနိုင်ပါတယ်။ စိတ်ဖိစီးမှုကို ကိုင်တွယ်တာက ကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည်နေနိုင်ဖို့ အထောက်အကူပြုပါတယ်။ ဒီစာမျက်နှာမှာ စိတ်ဖိစီးမှု ဘယ်လိုကိုင်တွယ်ကြမလဲဆိုတာ ဖတ်ရှုလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ဖိစီးမှုဖြေလျှော့ခြင်း

အသားအရေ ထိန်းသိမ်းပြီး စိတ်ကျန်းမာရေး မြှင့်တင်စို့။

အသားအရေ ထိန်းသိမ်းပြီး စိတ်ကျန်းမာရေး မြှင့်တင်စို့ ဆိုလို့ ထူးဆန်းသွားသလား ...... နေ့စဉ်ပုံမှန် အရေပြား သန့်စင်တာ၊ ညအိပ်ရာဝင်တဲ့အခါ မျက်နှာကို sheet Mask ကပ်တာ၊ moisturizer လိမ်းတာတွေက အသားအရေ ကိုတင် ကျန်းမာကြည့်ကောင်းစေတာ မဟုတ်ဘဲ စိတ်ကျန်းမာရေးကိုပါ တိုးတက်ကောင်းမွန်စေနိုင်တယ်ဆိုတာ သိထားပြီးပြီလား ...... မသိသေးဘူးဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ အသားအရေ ထိန်းသိမ်းမှုက စိတ်ကျန်းမာရေးကို ဘယ်များ ထောက်ကူပေးနေတာလဲဆိုတာကို ဆောင်းပါးထဲမှာ ဖတ်ကြည့်လိုက်ပါ။ အသားအရေ ထိန်းသိမ်းပြီး စိတ်ကျန်းမာရေး မြှင့်တင်စို့။ အသားအရေ ထိန်းသိမ်းတာက အရေပြား ပြဿနာတွေကို ကင်းစေနိုင်သလို အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်ကြတဲ့ ဝက်ခြံ ချွေးပေါက်ပိတ်တာတွေကို သက်သာစေနိုင်ပါတယ်။ အသားအရေ ကြည်လင်လှပမှုက စိတ်ခံစားမှုကို ကောင်းစေပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးစေနိုင်ပါတယ်။ ဒါတွေအပြင် […]

စိတ်ဖိစီးမှုဖြေလျှော့ခြင်း ကို ရှာဖွေမည်။

စိတ်ဖိစီးမှုဖြေလျှော့ခြင်း

လူမှုကွန်ရက်ကို အန္တရာယ်ကင်းကင်းနဲ့ အကျိုးရှိအောင် အသုံးပြုကြမယ်

အခုတလော ဆိုရှယ်မီဒီယာကြောင့်ဖြစ်ရတဲ့ပြဿနာတွေအတော်များနေပါတယ်။ ဖရဲသီးသည်လေးကိုယ့်ဘာသာ သတ်သေတယ်။ နာမည်ကြီး ဆယ်လီတွေ ပြဿနာတွေဖြစ်နေတယ်။ ဒါတွေက လူသိများတဲ့ပြဿနာတွေပေါ့။ လူသိပ်သိမများပေမယ့် ဆိုရှယ်မီဒီယာကြောင့် အရှက်တွေကွဲ၊ အလုပ်တွေပျက်၊ ပုံစံမျိုးစုံနဲ့ ပြဿနာတက်နေတာတွေလည်းအများကြီးပါ။ နည်းပညာကတော့ တားဆီးလို့မရနိုင်ဘူး။ မြန်မာနိုင်ငံမှာ ဆိုရှယ်မီဒီယာတွေ တအားကို ခေတ်စားလာတာကလည်း မျက်မြင်ကိုယ်တွေ့ပဲလေ။ ဒီတော့ ဆိုရှယ်မီဒီယာကို ဘယ်လိုအသုံးပြုရင် ဘေးကင်းမလဲ၊ ဘယ်လိုအကျိုးရှိအောင် အသုံးပြုမလဲဆိုတာလေး အကြံပေးပါရစေ။ ဆိုရှယ်မီဒီယာသုံးရတာ အဆိုးချည်းပဲတော့မဟုတ်ပါဘူး။ ကောင်းကျိုးတွေအများကြီးပါ။ ၁။ သိချင်တာတွေကိုမြန်မြန်ဆန်ဆန်နဲ့သိရှိလာနိုင်တယ် သိချင်တဲ့ဘယ်အရာမဆို ချက်ခြင်းသိနိုင်ပါပြီ။ ကမ္ဘာရဲ့အနောက်ဘက်ခြမ်းမှာဖြစ်နေတာကို ထိုင်ရာမထ အရှေ့ဘက်ကလူတွေ သိနေနိုင်ပြီ။ နေရာတစ်ခုခုကိုရှာမလား၊ ဗဟုသုတဖြစ်စရာတစ်ခုခုကိုကြည့်မလား၊ စီးပွားရေးဈေးကွက်အနေအထားနဲ့ ပညာတစ်ခုခုကိုသင်မလား။ ဘာမဆိုရနိုင်နေပြီ။ ၂။ စိတ်ဓါတ်ကျတာတွေကိုကျော်လွှားဖို့ စိတ်ခွန်အားကိုရရှိစေနိုင်ပါတယ် စိတ်ညစ်နေတဲ့အချိန်ဖေ့ဘုတ်ခ်သုံးတဲ့အခါ စိတ်ခွန်အားဖြစ်စေနိုင်တဲ့ စာသားလေးကိုတွေ့မိတာကနေပဲဖြစ်ဖြစ် ဒါမှမဟုတ် သူငယ်ချင်းတစ်ယောက်ယောက်က အားပေးနှစ်သိမ့်တာ၊ ချီးကျူးတာကို ခံလိုက်ရတဲ့အခါမှာ စိတ်ဓါတ်ကျနေတာက နည်းနည်းလောက်ဖြစ်ဖြစ် သက်သာရသွားနိုင်ပါတယ်။ တစ်ခါတလေမှာဖေ့ဘုတ်ခ်သုံးတာက […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

ယောဂက စိတ်ကျန်းမာရေးကို ဘယ်လို အကျိုးသက်ရောက်စေသလဲ

ယောဂလို့ဆိုလိုက်ရင်ပဲ လူတွေဟာ ခန္ဓါကိုယ်ရဲ့ ကြွက်သားတွေ တိုးလာတာတို့ ပျော့ပျောင်းလာတာတို့ စတဲ့ မျက်စိနဲ့မြင်ရတဲ့ အကျိုးတွေကိုသာ ပြေးမြင်ကြတာပါ။ ဒါပေမဲ့ ဒါတွေဟာ ယောဂကပေးစွမ်းနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ ကောင်းကျိုးတွေအကြောင်း ဆွေးနွေးဖို့ မလုံလောက်သေးပါဘူး။ ဒီလိုကောင်းကျိုးတွေလည်း အများကြီးရှိနေပါသေးတယ်။ ယောဂက သင့်ရဲ့ စိတ်ကျန်းမာရေးအတွက် ပေးစွမ်းနိုင်တဲ့ ကောင်းကျိုးတွေ၊ ပျော်ရွှင်မှုတွေနဲ့ သင့်ရဲ့ ဆက်ဆံရေး တွေကို တိုးလာစေတဲ့ အချို့သော ကောင်းကျိုးတွေကို ဖော်ပြပေးလိုက်ပါတယ်။   ယောဂဟာ စိုးရိမ်ပူပန်ခြင်း၊ ဒေါသနဲ့ စိတ်ဓါတ်ကျဆင်းခြင်းတွေကို လျော့ပါးစေပါတယ်။ ယောဂဟာ စိုးရိမ်မှုတွေကို လျော့ကျစေပြီး စိတ်အေးချမ်းသာစေပါတယ်။ အသက်ပြင်းပြင်းရှူလိုက်တာနဲ့ပဲ သင့်ရဲ့ အာရုံကြောစနစ်က ချောမွေ့သွားပါတယ်။ ယောဂနဲပပေါင်းလိုက်ရင်တော့ သင်ခံစားနေရတဲ့ ကျန်းမာရေးအတွက်မကောင်းတဲ့ ခံစားချက်တွေကို ဖယ်ထုတ်လိုက်နိုင်မှာပါ။ ဖိအားတွေကို လျှော့ချလိုက်ခြင်းအားဖြင့် ယောဂီတွေရဲ့ အနေအထားနဲ့ အသက်ရှူလေ့ကျင့်ခန်းတွေဟာ ဒီလို အနုတ်လက္ခဏာဆောင်တဲ့ ကိစ္စတွေကို ဖယ်ရှားပစ်နိုင်ပါတယ်။ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

အကောင်းမြင်စိတ်စွမ်းအား

အကောင်းမြင်တတ်ဖို့က ခက်ခဲလှပါတယ်။ သင်ကျန်းမာနေစဉ်မှာ စီးပွားရေး၊ လူမှုရေး၊ မိသားစုအရေး ကိစ္စများတွင် စိတ်ဖိစီးမှုများစွာကြုံတွေ့ရမှာ ဖြစ်ပြီး ထိုအကြောင်းများကြောင့်ပဲ အရာအားလုံးကို အကောင်းဖက်က ကြည့်ပေးဖို့ ခက်ခဲနေမှာဖြစ်ပါတယ်။ သင့်မှာ အဆုတ်ကင်ဆာ ဖြစ်နေချိန်မှာတော့ အကောင်းမြင်ကြည့်ဖို့ဆိုတာ ပို၍ပင် မဖြစ်နိုင်တော့ပေ။ အဲဒီလို ခက်ခဲနေမယ့် သင့်ရဲ့အမြင်တွေကို ပြောင်းလဲပေးဖို့ နည်းလမ်းအချို့ကို ယခု ဆောင်းပါးတွင် ဖော်ပြပေးလိုက်ပါတယ်။   အကောင်းမြင်စိတ်နှင့် အဆိုးမြင်စိတ် နှစ်ခုလုံးသည် ကူးစက်တတ်ပါတယ်။ အကောင်းမြင်တတ်ခြင်း ရော အဆိုးမြင်တတ်ခြင်းပါ နှစ်ခုစလုံးသည် ကူးစက်တတ်သည်။ ထို့ကြောင့်လည်း ကျွန်ုပ်တို့သည် သဘာဝအားဖြင့် အကောင်းမြင်စိတ်ရှိသူအနားတွင် နေချင်ကြကာ ကျွန်ုပ်တို့ကို ကျွန်ုပ်တို့ အကောင်းမြင်တတ်သူများ အနီးရောက်ဖို့ ကြိုးစားမိနေတာကို သတိထားမိမှာပါ။ အကောင်းမြင်တတ်သူနှင့် အဆိုးမြင်တတ်သူကို ဘယ်လိုခွဲခြားသတ်မှတ်လည်းဆိုတာကို မေးကြသော အခါတွင် အားလုံး တစ်ခဲနက် သဘောတူကြတာကတော့ လူတစ်ဦး၏ အပြုအမူ၊ ပြောစကားနဲ့ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

နာတာရှည်နာကျင်မှုဝေနာ သောကကို ဘယ်လိုရင်ဆိုင်မလဲ

နာတာရှည်နာကျင်မှု ဝေဒနာသောကကို ဘယ်လိုရင်ဆိုင်မလဲ နာတာရှည်နာကျင်မှုဝေဒနာသည် လူနာကို ပုံမှန်လှုပ်ရှားမှုများ မလုပ်နိုင်အောင် အတားအဆီးဖြစ်စေသည်။ ထိုလူနာများသည် သူတို့၏ စွမ်းဆောင်ရည်ကျဆင်းမှုများကြောင့် စိတ်ဓါတ်ကျကာ ကူကယ်ရာမဲ့သကဲ့သို့ မကြာခဏ ခံစားရလေသည်။ ထိုသို့သောလူနာများသည် သူတို့၏နာကျင်မှုဝေဒနာကို ဘယ်လိုသက်သာအောင်လုပ်ရမလဲဆိုတဲ့ နည်းလမ်းအပြင် ထိုဝေဒနာနောက်ဆက်တွဲ စိတ်သောကတွေကိုပါ ရင်ဆိုင်နိုင်မဲ့ နည်းလမ်းကို သိရှိထားဖို့လိုအပ်ပါသည်။ နာတာရှည်နာကျင်မှု နှင့် စိတ်ခံစားချက်အကြား ဆက်နွယ်မှု နာကျင်မှုအကြောင်း စဉ်းစားလိုက်ရုံနှင့်တင် နာကျင်မှုကို ခံစားရစေပါသည်။ အဘယ်ကြောင့်ဆိုသော် ခန္ဓါကိုယ်နာကျင်မှု မှထွက်လာသော အချက်ပြ လက္ခဏာသည် ဦးနှောက်သို့ရောက်ရှိလေသည်။ ဦးနှောက်ဆိုသည်မှာလည်း စိတ်ခံစားမှုကိုဖြစ်စေသော နေရာဖြစ်သည်။ ဤသည်ပင် နာကျင်မှုနှင့် စိတ်ခံစားမှု အကြား ဆက်နွယ်စေသော သီအိုရီဖြစ်သည်။ နာကျင်မှုသည် စိတ်ဖိစီးမှုနှင့် စိတ်ဓါတ်ကျခြင်းကို ဖြစ်ပေါ်စေပြီး ထိုစိတ်ခံစားချက်များက နာကျင်မှုကို ပိုမိုဆိုးရွားစေသည်။ စိတ်ဖိစီးမှု နာကျင်မှုဝေဒနာကို ခံစားနေရသော အခြေအနေသည် စိတ်ဖိစီးမှုကို ဖြစ်စေသည်။ နာကျင်မှုသည် ခန္ဓါကိုယ်သာမက […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

အမျိုးသားများအတွက် စိတ်ဖိစီးမှုထိန်းချုပ်ခြင်း

အမျိုးသားတွေမှာ စိတ်ဖိစီးမှုထိန်းချုပ်ခြင်းဆိုတာဘာလဲ ? စိတ်ဖိစီးမှုက ဘေးရန်ရှိပြီး မျက်မှောက်ခေတ်မှာ အမျိုးသားတွေရဲ့ ကျန်းမာရေးကိုခြိမ်းခြောက်နေတဲ့အရာတစ်ခုအဖြစ်ရှိနေပါတယ်။ လေ့လာမှုတွေအရ ဒီလိုစိတ်ပိုင်းဆိုင်ရာ နောက်ဆံတင်းမှုတွေ ဖိစီးမှုတွေက နှလုံးရောဂါ၊ သွေးတိုး၊ ခေါင်းကိုက်၊ ခါးနာ၊ ဆီးချို၊ ကင်ဆာနဲ့ ကိုယ်ခံအားကျခြင်းတို့နဲ့ တိုက်ရိုက်ဆက်စပ်နေတာတွေ့ရပါတယ်။ စိတ်ဖိစီးတာဆိုးရွားတဲ့အဆင့်ကိုရောက်နေတဲ့အမျိုးသားတွေဟာ ဆေးလိပ်သောက်ခြင်း၊အရက်သောက်ခြင်း၊အပြုအမူလွန်ကခြင်းနဲ့ ဆေးစွဲခြင်းစတဲ့မကောင်းတဲ့ အကျင့်တွေဖြစ်သွားနိုင်ပါတယ်။   ကုသမှုနဲ့ ထိန်းချုပ်မှုကိုနားလည်ခြင်း အမျိုးသားတွေမှာ စိတ်ဖိစီးမှုကိုဘယ်လိုကုသလဲ ကုသမှုတွေရဲ့ပန်းတိုင်များ ကုသမှုနည်းလမ်းများ အမျိုးသားတွေမှာ စိတ်ဖိစီးမှုကို ဘယ်လိုထိန်းချုပ်ရမလဲ ? နေထိုင်မှုပုံစံပြောင်းလဲခြင်း ဖြေသိမ့်ခြင်း စိတ်ဖိစီးနိုင်ချေရှိတဲ့သူတွေအတွက် ကာကွယ်ခြင်း သတင်းကောင်းကတော့ လူ့ကိုယ်အပေါ်ဆိုးကျိုးဖြစ်စေတဲ့ စိတ်ဖိစီးမှုကိုလျှော့ချဖို့နည်းလမ်းအများကြီးရှိတယ်ဆိုတာပါဘဲ။ လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ လေ့ကျင့်ခန်းတွေက ကျန်းမာရေးတစ်ခုလုံးကိုကောင်းစေရုံသာမက စိတ်ဖိစီးမှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ဒါက စိတ်ဖိစီးမှုကို ထိန်းချုပ်ဖို့နဲ့ ပတ်သက်ရင် အကောငးဆုံး စိတ်အချရဆုံးနဲ့ အကန်အကျအသက်သာဆုံးနည်းဖြစ်ပါတယ်။ ကဖင်းဓါတ်ကိုကန့်သတ်ချက်ထားပါ ကဖင်းဓါတ် သောက်သုံးမှုများခြင်းက သင့်ရဲ့အက်ဒရီနယ်ဂလင်းကို အကြီးအကျယ်ဝန်ပိစေတဲ့အတွက် ဖရိုဖရဲတွေဖြစ်ကုန်ပါလိမ့်မယ်။ အထူးသဖြင့် စိတ်ဖိစီးတတ်တဲ့ ရာသီလာချိန်မျိုူမှာ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

နာတာရှည် နာကျင်ခြင်းဝေဒနာကို ခံစားနေရသူတို့အတွက် မိမိ၏ ကိစ္စများကို စီမံခန့်ခွဲရမည့် နည်းလမ်းများ

မိမိကိုယ်ကို စီမံခန့်ခွဲခြင်းဆိုသည်မှာ နာတာရှည်ရောဂါရှိသူများအနေဖြင့် မိမိ၏တနေ့တာဝန်များကို စီမံခန့်ခွဲခြင်းကို ဆိုလိုသည်။ သင်သည် နာတာရှည် နာကျင်မှုဝေဒနာကို ခံစားနေရလျှင် စီမံခန့်ခွဲမှုများပြုလုပ်ရန် မလွယ်ကူလှပါ။ နာကျင်ခြင်းကြောင့် သင့်နေ့စဉ်အလုပ်များနှင့် တာဝန်များ ပျက်ကွက်ရုံသာမက စိတ်ဓါတ်ကျခြင်း နှင့် ယုံကြည်မှုကျဆင်းခြင်းတို့ဖြစ်စေနိုင်ပါသည်။ သို့သော်ငြားလည်း သင်သည် ထိုသို့နာကျင်မှုကိုခံစားနေရသောကြောင့် ပျော်ရွှင်သောဘဝကိုပိုင်ဆိုင်နေနိုင်ကြောင်းသိထားပါ။ ကျွန်ုပ်တို့၏ အကြံပေးချက်နည်းလမ်းများက သင့် ကို ကူညီပေးပါလိမ့်မည်။ ဘာကြောင့် မိမိကိုယ်ကို စီမံခန့်ခွဲဖို့လိုပါသလဲ။ သင်သည် ပိုမိုကောင်းမွန်စွာ ဆောင်ရွက်လိုပါလျှင် တိကျသော အကူအညီနှင့် သတင်းအချက်အလက်များလိုအပ်ပါသည်။ · သင့်ရောဂါနှင့်ပက်သက်သော အခြေံခံ အချက်အလက်များ ၎င်းတို့ကို အင်တာနက်စာမျက်နှာများ၊ စာအုပ်များနှင့် သင့်ဆရာဝန်ထံမှရယူနိုင်ပါသည်။ · သင့်ရောဂါနှင့်စပ်လျဉ်းပြီး စိမံခန့်ခွဲမှုနည်းလမ်းများ နာတာရှည် နာကျင်ခြင်းကို ထိန်းချုပ်ပြီး နေထိုင်နိုင်ရန် နည်းလမ်းများသိရှိရန် ဝေဒနာသည်များကို အကူအညီပေးသော လူမှုအဖွဲ့အစည်းများ၊ သင်တန်းများမှ အကူအညီကိုရယူသင့်သည်။ · မိသားစု၊ မိတ်ဆွေနှင့် ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းများမှ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

မိသားစုဖိစီးမှုဒဏ်ကို ဘယ်လိုလျှော့ချမလဲ

စိတ်ဖိစီးမှုဟာ သင့်အနားက အရာတွေကြောင့် ဖြစ်တယ်ဆိုရင် ဒါကို လွတ်မြောက်ဖို့ ခဲယဉ်းပါတယ်။ သင်ဟာ သူငယ်ချင်းတွေကို ရွေးချယ်နိုင်သော်လည်း မိသားစုကို ရွေးချယ်နိုင်ခြင်း မရှိပါဘူး။ ကလေးငယ်တွေ၊ အသက်ကြီးသူတွေ၊ လာလည်တဲ့ အမျိုးတွေ အားလုံးဟာ စိတ်ဖိစီးခြင်းရဲ့ အရင်းအမြစ် ဖြစ်လာနိုင်ပါတယ်။     မိဘဖြစ်ခြင်းရဲ့ စိတ်ဖိစီးမှု ကလေးငယ်တွေဟာ သင့်ကိုပျော်ရွှင်စေသလို ခက်ခဲတဲ့အချိန်တွေကိုလည်း ဖြစ်ပေါ်စေပါတယ်။ မိဘတစ်ယောက် ဖြစ်လာခြင်းဟာ နေ့စဉ် အလုပ်လုပ်တဲ့ပုံစံ၊ အိပ်တဲ့ပုံစံမှာ ကြီးမားတဲ့ ပြောင်းလဲမှုတွေ ဖြစ်လာခြင်းပဲ ဖြစ်ပါတယ်။ ဒီထက်ခက်ခဲတဲ့ အခက်အခဲတွေ ဘဝမှာ ကြုံတွေ့ရမှာ ဖြစ်ပါတယ်။ ဒီစိတ်ဖိစီးခြင်းဟာ ဒီအတိုင်းပျောက်သွားမှာ မဟုတ်လို့ သက်သာစေတဲ့ နည်းလမ်းတွေကို ရှာဖွေသင့်ပါတယ်။ သင့်ရှေ့က မိဘအတော်များများဟာ ဒီပြဿနာတွေကို ကြုံခဲ့ပြီး ဖြစ်တာမို့ သူတို့နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ အကူအညီပေးခြင်းတွေကို လက်ခံပါ။ တကယ်လို့ သင်ဟာ တတ်နိုင်သူဆိုရင် […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

ဒေါသထိန်းချုပ်မှုဆိုင်ရာ ပြဿနာများ

ဒေါသဟာ စိတ်ရှုပ်ခြင်း၊ စိတ်ပျက်ခြင်း၊ အနှောင့်အယှက်ဖြစ်ခြင်းတွေကနေ စတင်နိုင်ပြီး ပြင်းထန်တဲ့ ခံစားမှုတစ်ခုဖြစ်ပါတယ်။ အချို့အခြေအနေတွေမှာ ဒေါသထွက်ခြင်းဟာ ခံစားချက်တွေကိုသက်သာစေတာကြောင့် ကျန်းမာရေးအတွက် ကောင်းမွန်ပါယတ်။ ဒါဟာ ပုံမှန်လူသား ခံစားမှုတစ်ခုသာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒေါသကို ဘယ်လိုဖေါ်ပြရမလဲဆိုတာ မသိရင်တော့ ဒါကို anger management problem လို့ ခေါ်ပါတယ်။ စိတ်တိုခြင်းဟာ ကောင်းခြင်း၊ ဆိုးခြင်း မရှိပါဘူး။ ဒါပေမယ့် သင်ဒေါသထွက်ပုံ၊ အခြားသူတွေကို ဆက်ဆံပုံပေါ်မူတည်ပြီး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒေါသကိုမထိန်းနိုင်သူ တစ်ယောက်ဟာ နားလည်မှုလွဲခြင်းကို ဖြစ်စေနိုင်ပြီး ဒါဟာ ထိပ်တိုက်ရင်ဆိုင်ရတဲ့ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ anger management problem ရှိသူတွေဟာ သူတို့ရဲ့ ခံစားချက်တွေကို သတိမထားမိခြင်း၊ အခြားသူတွေကို ပြဿနာ ဖြစ်စေမှန်းကိုသတိမထားမိခြင်း တွေဖြစ်နိုင်ပါတယ်။ Anger management problem […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

Stress (ကြောင့်ကြဖိစီးစိတ်)

အဓိပ္ပါယ်ဖွင့်ဆိုချက်Stress (ကြောင့်ကြဖိစီးစိတ်) ကဘာလဲ။ ကြောင့်ကြဖိစီးစိတ်ဟာ အန္တရာယ်ရှိတဲ့အခြေအနေတွေကို သဘာဝအလျောက် စိတ်ပိုင်းဆိုင်ရာအရ၊ ရုပ်ပိုင်းဆိုင်ရာအရ တုံ့ပြန်တဲ့တုံ့ပြန်မှုဖြစ်တယ်။ တနည်းဆိုရရင် မိမိကိုအန္တရာယ်ပြုနိုင်တဲ့ စိုးရိမ်စရာကောင်းတဲ့ အခြေအနေတွေကို ခန္ဓါကိုယ်ရဲ့ တုံ့ပြန်တဲ့ပုံစံလည်းဖြစ်တယ်။ စိုးထိတ်စရာအခြေအနေ ကြုံရတဲ့အခါ ခန္ဓါကိုယ်ကနေ stress hormones လို့နာမည်ပေးထားကြတဲ့ ဟော်မုန်းတွေထုတ်ပါတယ်၊ adrenaline၊ cortisol စသည်တို့ဖြစ်ပြီး ကြုံလာရမယ့် ထိခိုက်မှုကို နိုးကြားသိရှိစေပါတယ်။ နှလုံးခုန်တွေမြန်လာမယ်၊ ကြွက်သားတွေတောင့်တင်း တင်းရင်းလာမယ်၊ သွေးပေါင်ချိန်တွေတက်မယ်၊ အသက်ရှူနှုန်းတွေမြန်မယ်၊ အာရုံတွေပါးလျလာမယ်။ ထိုတုံ့ပြန်မှုအခြေအနေကို တိုက်မလား၊ ပြေးမလား လို့တင်စားခေါ်ဝေါ်ထားကြပါတယ်။ ကြောင့်ကြပူပန်စိတ်ဟာ သင့်ကိုကာကွယ်နိုင်ဖို့ စွမ်းအားတွေလည်း ပေးနိုင်ပါသေးတယ်၊ ထိခိုက်မှုမတိုင်ခင် ဘရိတ်အုတ်ဖို့သတိပေးလိုက်သလိုပေါ့။ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့လည်း ကူညီသေးတယ်။ အလုပ်ကတင်ပြမှုတွေမှာ အာရုံအပြည့်အဝင်စေတယ်၊ ကစားပွဲတစ်ခုမှာ နိုင်ဖို့အားသန်နေစဉ် စိတ်အာရုံတွေအကုန် စူးရှတက်ကြွနေစေတယ်၊ ဒါမှမဟုတ် စာမေးပွဲနီးစဉ် တီဗွီကြည့်နေတာထက် စာကျက်ဖို့အားပေးတာတွေဟာ ကြောင့်ကြစိုးရိမ်စိတ်တွေကြောင့်ဖြစ်တယ်။ ဒါပေမယ့် ထိုကဲ့သို့အကူအညီဖြစ်နိုင်တာတွေထက် ကျော်လွန်ပြီး […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

ဘောလုံးပွဲကြည့်တာက ကျန်းမာရေးအပေါ်ဘယ်လိုသက်ရောက်မှုရှိသလဲ

ဘောလုံးပွဲကြည့်တာက နေရရှိနိုင်တဲ့ ကျန်းမာရေးဆိုင်ရာကောင်းကျိုး၊ ဆိုးကျိုးများ နိုင်ငံတကာမှာ အားကစားပွဲစဉ်တွေအများအပြားကျင်းပနေကြပြီး အရင်ကနဲ့မတူဘဲ ကမ္ဘာအရပ်ရပ်မှာယှဉ်ပြိုင်ကစားနေတဲ့ အားကစားပွဲစဉ်တွေကို တီဗွီတွေ၊စမတ်ခ်ဖုန်းတွေ၊ကွန်ပျူတာနဲ့ တက်ဘလက်ခ်တွေကနေတဆင့်လည်းဖမ်းယူကြည့်နိုင်နေပြီဖြစ်ပါတယ်။ အားကစားပွဲတွေကိုကြည့်ရှုအားပေးတာက ကျွန်တော်တို့ကိုနေ့စဉ်တွေ့ကြုံနေရတဲ့ဘဝအခြေအနေတွေထဲကနေ လွတ်မြောက်ခွင့်ရစေနိုင်တဲ့အခွင့်အလမ်းတစ်ရပ်ပါ။   ဘောလုံးပွဲတွေကြည့်ရှု့မှုကနေရရှိနိုင်တဲ့ အကျိုးကျေးဇူးများ ဘောလုံးပွဲကြည့်ရှု့တာက တက်ကြွစေတယ်။ အားကစားသမားတွေက ရယ်ရင်းမောရင်းပြေးရင်းလွှားရင်းယှဉ်ပြိုင်စားနေတာကို ကြည့်ပြီး သူတို့လုပ်နိုင်သလို ငါလည်းလုပ်နိုင်ရမယ်ဆိုတဲ့အတွေးမျိုးရရှိသွားတဲ့အခါ စိတ်အားတက်ကြွမှုကိုရရှိခံစားရမှာဖြစ်ပါတယ်။   အားကစားပွဲတွေအားပေးတာကလေ့ကျင့်ခန်းလုပ်ပြီးသားဖြစ်စေတယ်။ လေ့လာမှုတစ်ရပ်အရ အားကစားပွဲတွေကို အားစားကွင်းထဲမှာပဲဖြစ်ဖြစ် တီဗွီဖန်သားပြင်ကနေပဲဖြစ်ဖြစ် အားပေးတဲ့အခါ တစေထိုင်နေတာမျိုးမဟုတ်ဘဲ ထရပ်လိုက်၊ခုန်ပေါက်လိုက်၊အော်ဟစ်အားပေးလိုက်၊လက်တွေဝှေ့ရမ်းပြီးအားပေးလိုက်လုပ်နေတာကြောင့် ခန္ဓါကိုယ်ရဲ့ ကယ်လိုရီတွေကိုလောင်ကျွမ်းစေနိုင်ပါတယ်။   အသက်ပိုရှည်စေတယ်။ ဘောလုံးပွဲကို ကွင်းထဲသွားကြည့်ရတာမကြိုက်ဘဲ ဖန်သားပြင်ကနေပဲကြည့်ချင်တဲ့သူမျိုးဆိုရင်တော့ သူငယ်ချင်းတွေနဲ့အတူချိန်းပြီးကြည့် တာက ခိုင်မာတဲ့ဆက်ဆံရေးတစ်ရပ်ကိုထိန်းသိမ်းနိုင်မှာဖြစ်သလို မိမိမိတ်ဆွေသူငယ်ချင်းတွေရော မိမိကိုယ်တိုင်ပါ အသက်ရှည်နိုင်မယ့် အခွင့်အရေး ၅၀ ရာခိုင်နှုန်းလောက်အထိတိုးလာမှာဖြစ်ပါတယ်။ ကင်ဆာရောဂါ၊နှလုံးသွေးကြောဆိုင်ရာရောဂါတွေကို တိုက်ထုတ်နိုင်စွမ်းကိုလည်း ၂ ဆတိုးစေတဲ့အပြင် တုပ်ကွေးမဖြစ်အောင်လည်းကာကွယ်ပေးနိုင်စွမ်းရှိတယ်၊လို့ Brigham Young တက္ကသိုလ်ရဲ့လေ့လာမှုတစ်ရပ်မှာပါရှိပါတယ်။   စုံတွဲတွေကြားကဆက်ဆံရေးကိုကောင်းမွန်စေတယ်။ သင့်ရဲ့ ချစ်သူကအားကစားဝါသနာပါသူတစ်ဦးဆိုရင် ကိုယ်ကအားကစားဝါသနာမပါရင်တောင်သူကြိုက်တဲ့အသင်းကို သူနဲ့အတူကြည့်ရှု အားပေးပါ။ အချိန်ကြာလာနဲ့အမျှ သင့်အနေနဲ့အားကစားပွဲတွေအကြောင်းနားလည်လာပြီး သူနဲ့ထပ်တူ အားကစားပွဲကိုစိတ်ဝင်စားလာပါလိမ့်မယ်။ မိမိနှစ်သက်တဲ့အသင်းအနိုင်ရတဲ့အခါ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း